マナボウ 日本語学校 / Manabou Japanese Language School

  • Home
  • Myanmar
  • Yangon
  • マナボウ 日本語学校 / Manabou Japanese Language School

マナボウ 日本語学校 / Manabou Japanese Language School Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from マナボウ 日本語学校 / Manabou Japanese Language School, Language school, Yangon.

04/04/2025

【 ဂျပန်ကုမ္ပဏီများတွင် အလုပ်လုပ်ကိုင်ရန် သို့မဟုတ် လေ့ကျင့်ရေးသင်တန်းသားအဖြစ် လုပ်ကိုင်ရန် စီစဉ်ထားပြီး OWIC ကတ်ထုတ်‌ပေးမှု ဆိုင်းငံ့ထားသည့်အတွက် အခက်အခဲ ကြုံတွေ့နေရသူ မြန်မာနိုင်ငံသားများအတွက် ဆွေးနွေးအကြံပေးရေးစင်တာဖွင့်လှစ်ခြင်း 】
【日本企業での勤務・研修を予定している(予定していた)が、OWICの発給停止により困っているミャンマー人に対する相談窓口の設置】

 မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးသည် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA)၊ မြန်မာ-ဂျပန်စင်တာ (MJC) တို့နှင့် ပူးပေါင်း၍ ဂျပန်ကုမ္ပဏီများတွင် အလုပ်လုပ်ကိုင်ရန် သို့မဟုတ် လေ့ကျင့်ရေးသင်တန်းသားအဖြစ် လုပ်ကိုင်ရန်စီစဉ်ထားပြီး Overseas Worker Identification Card (OWIC) ကတ်ထုတ်‌ပေးမှု ဆိုင်းငံ့ထားသည့်အတွက် အခက်အခဲနှင့် စိုးရိမ်ပူပန်မှုများကြုံတွေ့နေရသူ မြန်မာနိုင်ငံသားများအတွက် ဆွေးနွေးအကြံပေးရေးစင်တာကို ဖွင့်လှစ်ရန် ဆုံးဖြတ်လိုက်ပါသည်။
 အဆိုပါစင်တာကို ဧပြီလ ၇ ရက်နေ့မှစတင်၍ မြန်မာ-ဂျပန်စင်တာတွင် အချိန်ကာလအကန့်အသတ်ဖြင့် ဖွင့်လှစ်သွားမည် ဖြစ်ပါသည်။
 အလုပ်သမားစေလွှတ်ရေးအေဂျင်စီ၊ ပညာသင်ကြားရေး၊ စိတ်ပိုင်းဆိုင်ရာစောင့်ရှောက်ရေး၊ ဥပဒေရေးရာ စသဖြင့် ဆိုင်ရာကဏ္ဍများစွာအလိုက် ကျွမ်းကျင်ပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်နိုင်ရန် စီစဉ်ထားသည့်အတွက် ဆက်ဆက်လာရောက်၍ ဝန်ဆောင်မှုများရယူနိုင်ပါသည်။
 စင်တာသို့မလာရောက်မီ အောက်ပါကြိုတင်စာရင်းသွင်း Link တွင် ဦးစွာ ကြိုတင်စာရင်းသွင်းရမည် ဖြစ်ပါသည်။
 ပထမအကြိမ်တွင် စင်တာတည်ရှိရာ MJC သို့ အတတ်နိုင်ဆုံး ကိုယ်တိုင်လာရောက်ဆွေးနွေးစေလိုပါသည်။ ကိုယ်တိုင်လာရောက်ရန် အခက်အခဲရှိပါက အွန်လိုင်းဖြင့် ဆက်သွယ်ဆွေးနွေးပေးမည် ဖြစ်ပါသည်။

<အသေးစိတ်အချက်အလက်>
စင်တာဖွင့်လှစ်မည့်ကာလ :၂၀၂၅ ခုနှစ် ဧပြီလ ၇ ရက် (တနင်္လာနေ့) မှ ဇွန်လ ၆ ရက် (သောကြာနေ့) အထိ
(※ သင်္ကြန်ကာလများဖြစ်သည့် ဧပြီလ ၁၄ ရက် (တနင်္လာနေ့) မှ ဧပြီလ ၂၁ ရက် (တနင်္လာနေ့) အထိ ကာလအတွင်းတွင် စင်တာကိုပိတ်ထားမည်ဖြစ်ပါသည်။)

စင်တာဖွင့်ချိန် :နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ
ကြိုတင်စာရင်းသွင်းရန် Link: https://ee.kobotoolbox.org/vqupCdxP

 在ミャンマー日本国大使館は、JICA、MJC(Myanmar Japan Center)と協力して、日本企業での勤務・研修を予定している(予定していた)が、OWICの発給停止により困っている、心配しているミャンマー人に対する相談窓口の設置をすることにしました。
 具体的には、4月7日(月)から、期間限定でMJCに相談窓口を設置します。
 送出機関、留学、メンタルケア、法律といった幅広い専門家を用意していますので、是非ともご活用ください。
 以下の予約フォームリンクから、まずは予約をお願いします。
 初回は、可能であればMJCに是非ともお越し下さい。お越しになるのが難しい場合は、オンラインで対応させていただきます。

<詳細情報>
期間:2025年4月7日(月)から6月6日(金)まで
※ティンジャン期間中の4月14日(月)から4月21日(月)までは、お休みになります

相談時間:平日9時から17時まで
予約フォームリンク:https://ee.kobotoolbox.org/vqupCdxP

02/04/2025
        N2 Goi မှာ အရင်က (၅) ပုဒ်၊ ခုနောက်ပိုင်း (၃) ပုဒ်ဖြေရတဲ့ Gokeisei ကို တစ်စုတစ်စည်းတည်း လေ့လာလို့ရအောင် မေးခွန်းဟ...
01/03/2025



N2 Goi မှာ အရင်က (၅) ပုဒ်၊ ခုနောက်ပိုင်း (၃) ပုဒ်ဖြေရတဲ့ Gokeisei ကို တစ်စုတစ်စည်းတည်း လေ့လာလို့ရအောင် မေးခွန်းဟောင်း ခုနှစ်အစဉ်အတိုင်း စုပေးထားပါတယ်.

Kanji လေးတွေကို တစ်လုံးချင်းစီ 訓読み(くんよみ)ရော 音読み(おんよみ)ရော အဓိပ္ပါယ်ရော အလွတ်ဆိုကြည့်ကြရအောင်လား.. “kanji တွေကို မြင်လိုက်...
28/02/2025

Kanji လေးတွေကို တစ်လုံးချင်းစီ
訓読み(くんよみ)ရော 音読み(おんよみ)ရော အဓိပ္ပါယ်ရော အလွတ်ဆိုကြည့်ကြရအောင်လား..

“kanji တွေကို မြင်လိုက်ရင်သိတယ် ဘာမှန်းမသိတော့ဘူးတို့. အလုံးတွဲနဲ့မှ မှတ်မိတယ် တစ်ခုတည်းမြင်ရင် မသိဘူး. အသံတွေလဲ အကုန်မရဘူး” ဆိုတာတွေက kanji သေချာမရသေးလို့ပါ.

အဲလိုမဖြစ်ရအောင် တစ်လုံးချင်းစီကိုလဲ ခဏခဏ ဖတ်ပေး အလွတ်ပြန်ဆိုကြည့်ပေးတာ ကောင်းပါတယ်.

အောက်က ပုံလေးတွေက Kanji Master က kanji တွေကို စုရေးပေးထားတာပါ. (N5 အတွက်ကတော့ Kanji master ထဲကထက် နည်းနည်းပိုများပါတယ်).



01/02/2025
04/07/2024

private online 1-on-1 class လေးတွေမှာ သင်တန်းကြေးလေးတွေ အပြောင်းလဲရှိသွားတာမို့ တစ်ဦးတည်းမဟုတ်ဘဲ နည်းနည်းလေး ပိုသက်သာအောင် ၂ ယောက်လောက် ပေါင်းတက်ချင်ရင် cb မှာ လာပြောထားလို့ ရပါတယ်. အချိန် ညှိပေးပါတယ်.

🔺 လောလောဆယ်မှာတော့ N2 private class ကို Mon, Wed, Sun ညနေနဲ့ ညဖက်တွေမှာ တက်ချင်လို့ တူတူတက်ချင်မယ့် နောက်တစ်ယောက်ရှာနေတဲ့သူရှိပါတယ်.

အချိန်ကတော့ အကြမ်းဖျင်း ဒီအချိန်တွေပါ.
Mon 6-8 pm
Wed 8-9 pm
Sun 6-8 pm

private class လေးတွေရဲ့ အားသာချက်က
- အဆင်ပြေတဲ့အချိန်ညှိလို့ရတယ်.
- ဖတ်စာအုပ်ဆိုလဲ ကိုယ်ကိုင်ချင်တာရှိရင် sensei နဲ့ဆွေးနွေးပြီး ကိုင်လို့ရတယ်.
- ကိုယ်အားနည်းတာကိုပဲ ဖိလုပ်လို့ ရတယ်.
- speaking အတွက် ထပ်ဖြည့်လဲရတာတွေပဲ ဖြစ်ပါတယ်.

ခုအချိန်လေးကို စိတ်ဝင်စားရင် cb ကနေဖြစ်ဖြစ် telegram ကနေဖြစ်ဖြစ် လာပြောလို့ရပါတယ်.

feedback လေးတွေအတွက် ကျေးဇူးတင်ပါတယ်. timetable ကြီးပြပြီး အိမ်စာတွေ များကြီးထပ်ခိုင်းတာလဲ အမြဲ တက်တက်ကြွကြွလိုက်လုပ်ပေး...
26/06/2024

feedback လေးတွေအတွက် ကျေးဇူးတင်ပါတယ်. timetable ကြီးပြပြီး အိမ်စာတွေ များကြီးထပ်ခိုင်းတာလဲ အမြဲ တက်တက်ကြွကြွလိုက်လုပ်ပေး၊ mock test တွေလဲ မငြီးမငြူ ဖြေပေးကြတဲ့ တအားချစ်စရာကောင်းတဲ့ ကလေးတွေပါ. 💛🫶

UFL ဆင်း/ N1 အောင် စာသင်သက်ရှိဆရာမတွေပဲ သင်ကြားမယ့် July အတန်းသစ်လေးတွေ တင်ထားပြီးပါပြီ. အတန်းတစ်တန်းကို ၁၀ ယောက်အောက်ပဲ...
20/06/2024

UFL ဆင်း/ N1 အောင် စာသင်သက်ရှိဆရာမတွေပဲ သင်ကြားမယ့် July အတန်းသစ်လေးတွေ တင်ထားပြီးပါပြီ.

အတန်းတစ်တန်းကို ၁၀ ယောက်အောက်ပဲ လက်ခံမှာမို့ လူနည်းနည်းနဲ့ ထိထိရောက်ရောက် တက်ချင်သူတွေအတွက် အရမ်းသင့်တော်ပါတယ်.

🔹 N2 Class

သုံးမယ့် စာအုပ်တွေက
📍SKZ vocab (Part 1+2)
📍Kanji Master
📍Grammar : shiken ni deru N2 bunpou
📍 SKZ reading
📍 SKZ + Speedmaster Listening
📍OQ

https://www.facebook.com/100090031754735/posts/428759766801745/?mibextid=WC7FNe

🔹𝗡3 𝗢𝗻𝗹𝗶𝗻𝗲 𝗖𝗹𝗮𝘀𝘀

သုံးမယ့် စာအုပ်တွေက

📍SKZ vocab
📍Kanji Master
📍Grammar : mimikara oboeru + others
📍 SKZ reading
📍 SKZ + Speedmaster Listening
📍Exam practice books
📍OQ

https://www.facebook.com/share/MevaS8Vbpbkazcoz/?mibextid=WC7FNe

🔹Culture Class

https://www.facebook.com/share/CM1s9kesKbbGnKSB/?mibextid=WC7FNe

🔹Private 1-on-1 classတွေကတော့ အချိန်မရွေး လာရောက် ညှိနှိုင်းနိုင်ပါတယ်.

ဆက်သွယ်စုံစမ်းဖို့
Page messenger (or)
Telegram

~~ N2 ~~ N2 ~~ N2 ~~ 𝗡𝟮 𝗢𝗻𝗹𝗶𝗻𝗲 𝗖𝗹𝗮𝘀𝘀လာလာမေးနေကြတဲ့ N2 တန်းလေးကို ဖွင့်ပေးလိုက်ပါပြီ.(dec Jlpt မမှီပါ) ❗️ (၆) ဦးဝန်းကျင်သ...
20/06/2024

~~ N2 ~~ N2 ~~ N2 ~~
𝗡𝟮 𝗢𝗻𝗹𝗶𝗻𝗲 𝗖𝗹𝗮𝘀𝘀

လာလာမေးနေကြတဲ့ N2 တန်းလေးကို ဖွင့်ပေးလိုက်ပါပြီ.
(dec Jlpt မမှီပါ)

❗️ (၆) ဦးဝန်းကျင်သာ လက်ခံမှာဖြစ်လို့ လူနည်းနည်းနဲ့ ထိထိရောက်ရောက်သွားချင်တဲ့သူတွေအတွက် အထူးသင့်တော်ပါတယ်.

သုံးမယ့် စာအုပ်တွေက

📍SKZ vocab (Part 1+2)
📍Kanji Master
📍Grammar : shiken ni deru N2 bunpou
📍 SKZ reading
📍 SKZ + Speedmaster Listening
📍OQ

📌 စဖွင့်မယ့်နေ့ : 11.07.2024 (Thurs)

📌 အတန်းချိန်
Tues, Thurs, Sat
8:00 am ~ 10:00 am

📌 သင်တန်းကြေး : 300,000 mmk
(၂ ကြိမ် ခွဲသွင်းလို့ရပါတယ်)

သတ်မှတ်ထားတဲ့ သင်ခန်းစာ တစ်ဖြတ်ပြီးဆုံးတိုင်း test ဖြေရပါမယ်။ (Textbookအပြင် တခြား exam practice book များမှ လေ့ကျင့်ခန်းများပါပါမယ်)

📌 အတန်းအတွက် အသုံးပြုရမယ့် app များ
- Google meet
- Telegram

သင်တန်းစုံစမ်းလိုပါက
page messenger
Telegram: ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်.
(reply မြန်မြန်ရချင်ရင်တော့
telegram ကဆက်သွယ်ပေးနော်)

🌼 Culture Class (N3 နဲ့ N2 ကို ပေါင်းကူးပေးမယ့် အတန်း) ▪️ N3 ကိုအမှတ်အများကြီးနဲ့ မအောင်ထားလို့ N2 သွားဖို့လဲ လန့်နေသေးတ...
20/06/2024

🌼 Culture Class
(N3 နဲ့ N2 ကို ပေါင်းကူးပေးမယ့် အတန်း)

▪️ N3 ကိုအမှတ်အများကြီးနဲ့ မအောင်ထားလို့ N2 သွားဖို့လဲ လန့်နေသေးတယ်ဆိုရင်….

▪️ ဂျပန်နဲ့ပတ်သက်ပြီး အလေ့အထတွေ ပွဲတွေ ယဉ်ကျေးမှုဆိုင်ရာ ဗဟုသုတတွေ ရချင်တယ်ဆိုရင်…..

▪️ JLPT ပုံစံထဲပဲ မဝင်ချင်တော့ဘဲ စာပိုဒ်လေးတွေ ဖတ်လိုက်၊ Listening လုပ်လိုက်၊ အပြန်အလှန်စကားပြောလေးတွေ လိုက်ပြောလိုက်နဲ့ လုပ်ချင်တယ်ဆိုရင်တော့

ဒီအတန်းလာတက်ပါ. ပျော်ပျော်ပါးပါးနဲ့ level မြှင့်ဖို့ စာမေးပွဲကင်းမဲ့ဇုံလေးက ကြိုဆိုပါတယ်.

📌 လက်ရှိရှိရောက်နေဖို့ လိုတဲ့ level : N3 အောင် (N3 တန်းတက်ပြီးသားသူ) / N2

📌 ကိုင်မယ့်စာအုပ်
上級への扉 (jokyuu eno tobira) + other presentations

📌 အတန်းချိန် :
Tues, Thurs : 8:00 ~ 10:00 pm

📌 သင်တန်းသားဦးရေ : ၁~ ၄ ဦးသာ
(အပြန်အလှန် စကားပြောပုံစံတွေ ပါတာမို့ ၄ဦးထက်ပိုလို့ အဆင်မပြေပါ)

📌 သင်တန်းကြေး :
130,000 mmk (ခွဲသွင်းနိုင်ပါတယ်)

🔹 ကျောင်းသားဟောင်း : 10% discount
🔹 ကျောင်းသားဟောင်းက ထောက်ခံပေးတဲ့သူ : 5% discount
🔹Manabou မှာ free class တက်ဖူးတဲ့သူ : 5% discount
🔹သူငယ်ချင်း ၂ ယောက်တူတူအပ်ရင် 5% discount

📌 အတန်းအတွက် အသုံးပြုရမယ့် app များ
- Google meet
- Telegram

သင်တန်းစုံစမ်းလိုပါက
fb messenger
Telegram: ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်.

(reply မြန်မြန်ရချင်ရင်တော့
telegram ကဆက်သွယ်ယ်ပေးနော်)

Address

Yangon

Telephone

+959976498098

Website

Alerts

Be the first to know and let us send you an email when マナボウ 日本語学校 / Manabou Japanese Language School posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share