Wai Yan Htoon

Wai Yan Htoon

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Wai Yan Htoon, Personal coach, Yangon.

Photos from 𝗝 𝘂 𝘀 𝘁 𝗡 𝗼 𝘄's post 11/11/2024
11/11/2024

#အထင်မစောပါနဲ့

“ကြည့်စမ်းပါအုံး။ ဘုန်းကြီးတဲ့ကွာ။ ဆွမ်းစားနေတယ်။ အချိန်လဲကြည့်အုံး။ ဒါသာသနာကို ဖျက်နေတာပဲနော့” တဲ့။

ကျုပ် ရုံးက အပြန်။
ဗိုက်ဆာဆာနဲ့ ဆိုင်ထဲ အဝင်။
ကြားရတဲ့စကား။
ဆိုင်ထဲ‌ဝေ့အကြည့်။
ဆွမ်းဘုန်းနေတဲ့ ဘုန်းကြီးတစ်ပါး။ အချိန်ကြည့်တော့။

ဟုတ်သား။
နေ့လည်(၁၂:၀၀)နာရီကျော်နေပြီ။
စားပွဲထိုးလေး ခေါ်။ ချိုစိမ့်လေး တစ်ခွက်လှမ်း အမှာ။

အေးစိမ့်တဲ့ မိုးလေတစ်ချက်အဝှေ့။
ဘာမဆိုင်။ ညာမဆိုင်။
ကျုပ်ရဲ့ အတွေးထဲ
အမျိုးသမီးတစ်ယောက်ရဲ့အကြောင်း ဝင်လာတယ်။
သူက ရာဇဂြိုလ်ပြည်က ကျောင်းအမကြီး “ဝိသာခါ”။

ဒီအမျိုးသမီးကို ကျုပ်သဘောကျတာ ၃ချက် ရှိတယ်။

🤧 ကလေးအ‌တော် မွေးနိုင်လွန်းတဲ့ အမျိုးသမီးဖြစ်လို့။
သားသမီး အယောက် (၂၀) ရှိတယ်ဗျာ။
တစ်သားမွေးတစ်သွေးလှလို့ ထင်ပါရဲ့။

🤔 ဒီအမျိုးသမီး က သူတစ်ပါးပြောတိုင်း မယုံတတ်ဘူး။
ကိုယ်ပိုင်ဉာဏ်နဲ့သာ ဆုံးဖြတ်တတ်တယ်။

🙏 ဒါနရဲ့ ရပိုင်ခွင့်တိုင်းကို သာသနာအတွက်သာ ရည်စူးတတ်တယ်။ ဝါဆိုသင်္ကန်း ကပ်လှူတဲ့ ဓလေ့ဟာ
ဒီအမျိုးသမီး “ဝိသာခါ” က စခဲ့တာပဲ။

ဇေတဝန်ကျောင်းမှာ မြတ်စွာဘုရား သီတင်းသုံးချိန်။
ဝိသာခါ က ဆွမ်းစားပင့်။
အဲ့ညမှာပဲ ထစ်ချုန်းမိုးရွာ။
သင်္ကန်းအပို သုံးခွင့်မရှိတဲ့ ရဟန်းတွေ အဝတ်ဗလာနဲ့ မိုးရေချိုးချိန်။
ဆွမ်းစားပင့်ဖို့ ဝိသာခါ လွှတ်လိုက်တဲ့ အိမ်ဖော်မလေးက တွေ့။
အိမ်ကိုလှည့်ပြန်။
“ရဟန်းတွေမရှိ၊ တက္ကတွန်းတွေသာရှိတယ်” လို့
ပြောသတဲ့ဗျာ။
“ဝိသာခါ” ဆိုတဲ့ အမျိုးသမီးဟာ
ဉာဏ်ပညာရှိသူ။
လိမ္မာယဉ်ကျေးသူ။
အတွေးအခေါ် လျင်မြန်ထက်မြက်သူ။ ရဟန်းတွေ ရေချိုးနေမည်ဖြစ်ကြောင်း သိတယ်။
ဒါကြောင့်
အိမ်ဖော်မလေး ကို ပြန်လွှတ်တယ်။
ဒီအချိန် ရဟန်းတွေဟာ ဝတ်ရုံဝတ်။ ကျောင်းတွင်းမှာ ငြိမ်ငြိမ်သက်သက် သီတင်းသုံးနေပြီ။

တိတ်ဆိတ်နေတော့ အိမ်ဖော်မလေးက “တစ်ကျောင်းလုံး ရဟန်းတစ်ပါးမျှ မရှိ” ဆိုပြီး အိမ်ပြန် ပြန်တယ်။

ဝိသာခါ က ချက်ချင်းပြန်လွှတ်ပြီး ပင့်ခိုင်းတာပဲ။

ဒီတော့မှ မြတ်စွာဘုရား နဲ့ ရဟန်းတို့ ဆွမ်းစားကြွတယ်။

ထူးခြားတာက လမ်းမှာ ရေကြီးရေလျှံဖြစ်နေသော်လဲ ဘုရားရှင်အပါဝင် ဘယ်ရဟန်းကမှ ရေစိုခြင်း မရှိဘူး။

ဝိသာခါတို့
အံ့ဩစိတ်နဲ့ ကြည်ညိုသဒ္ဓါစိတ် ပွားရပြီပေါ့။

ဒါအပြင် ဝိသာခါ ဟာ ဘုရားရှင်ကို ဆွမ်းကပ်လှူ။

ပြီးတာနဲ့ ဆု (၈)ခုကို တောင်းခံတယ်။

သူ့အတွက်။ ဆွေမျိုးအတွက်။ မဟုတ်ဘူး။ ကြည့်အုံး။

ရဟန်းတွေရေလဲခံ မရှိတဲ့အတွက်
အမြင်ကြောင့် သာသနာကို အကြည်ညိုပျက်မှာစိုးလို့

👉 ရဟန်းတွေကို သက်ဆုံးထိ ဝါဆိုသင်္ကန်း(မိုးရေခံသင်္ကန်း) သုံးစွဲခွင့်။

ခရီးနှောင့်နှေးမှု အခက်ခဲရှိနိုင်တဲ့အတွက်

👉ဧည့်သည်ရဟန်းများကို အချိန်မရွေး ဆွမ်းစားခွင့်။

ဆွမ်းရှာချိန်ကြောင့် ခရီးမတွင်။ ခရီးသွားဖော်ကို ငဲ့၍
👉ခရီးသွားရဟန်းများကို အချိန်မရွေး ဆွမ်းစားခွင့်။

👉သူနာရဟန်းများကို အချိန်မရွေး ဆွမ်းစားခွင့်။

👉သူနာရဟန်းများကို အချိန်မရွေး ဆေးလှူခွင့်။

ဆွမ်းထွက်ရှာရပါက လူနာပြုစုရန် လစ်ဟင်းမည်စိုး၍

👉သူနာပြုစုရဟန်းများကို အချိန်မရွေး ဆွမ်းစားခွင့်။

ယာဂုအကျိုး(၅)မျိုးသည် ခန္ဓာအတွက် အသုံးဝင်၍

👉ရဟန်းများကို အချိန်မရွေး ယာဂု သုံးဆောင်မှီဝဲခွင့်။

👉ဘိက္ခူနီ အမျိုးသမီး ရဟန်းများကို သက်ဆုံးထိ ဝါဆိုသင်္ကန်း (မိုးရေခံသင်္ကန်း) သုံးစွဲခွင့်။

ဝိသာခါရဲ့
ကျိုးကြောင်းဆီလျော်တဲ့ တောင်းဆုမို့
ဘုရားရှင်ကလဲ ဒီ ၈ ချက်ကို ခွင့်ပြုတော်မူခဲ့ပါတယ်။

ကဲ ဘယ်လောက်ချစ်စရာကောင်းတဲ့ အမျိုးသမီးလဲ။

ဒါကို အတွင်းကျကျမသိ။ ကြားဖူးနားဝလဲ မရှိ။

ဘုမသိ ဘမသိ။တစ်ချို့လူတွေက ကဲ့ရဲ့နေကြတယ်ဗျာ။

အင်းပေါ့လေ။ လောကမှာ
မရှိတာထက် မသိတဲ့ လူတွေက အများသား။

ထင်နေ၊ မြင်နေ တာကိုပဲ အမှန်ထင်သူတွေနဲ့ ကျုပ်။

ဇွတ်အတင်းမငြင်းလို။
အမြင်မတူမှုနဲ့ ရန်သူလဲ မပွားလို။
ကျုပ် အဖို့။
ပြန်ချိန်လဲ ရောက်နေပြီ။
စားပွဲထိုးကို ခေါ်။
ကျသင့်ငွေရှင်း။
ဆိုင်က ထွက်လာလိုက်တော့တယ်။

လမ်းရောက်မှ ကျုပ် ပီတိလေးနဲ့ ပြုံးမိတယ်။
ခုချိန်ဆို ဘုန်းကြီးလဲ ဆွမ်းစားပြီးလောက်ပြီမို့
ကျသင့်ငွေ ရှင်းသွားတဲ့အလှူရှင်ကို
လိုက်ရှာနေလောက်ပြီ ဆိုတဲ့ အတွေးနဲ့ပေါ့ဗျာ.............

🙏🙏🙏🙏🙏🙏🙏🙏

Credit

Photos from Myanmar Home's post 17/10/2024
16/10/2024

🪔"သီတင်းကျွတ်လပြည့်နေ့ "🪔

🙏မြတ်စွာဘုရားရှင် ခုနှစ်ဝါမြောက် ဝါဆိုလပြည့်နေ့ အခါသမယမှာ သာဝတ္ထိပြည်၌ တိတ္တိတို့ကို ရေ,မီး အစုံ တန်ခိုး(ယမိုက်)ပြာဋိဟာကို ပြတော်မူပြီးနောက် တာဝတိံသာနတ်ပြည်သို့ ကြွချီတော်မူ၍ ထိုသတ္တမဝါကို တာဝတိံသာနတ်ပြည်မှာ မယ်တော်ဖြစ်တော်မူခဲ့သော 'သန္တုသိတ' နတ်သားအား ကျေးဇူးဆပ်သောအားဖြင့် အဘိဓမ္မာ တရားမြတ်ဒေသနာကို ဝါတွင်းသုံးလပတ်လုံး အသံမစဲဟောကြားလျက် ဝါကပ်ဝါဆိုတော်မူပြီး မယ်တော်အား သောတာပတ္တိဖိုလ်၌ တည်စေရုံမျှမက ကုဋေရှစ်သန်းမျှလောက်သော နတ်ဗြဟ္မာတို့အားလည်း သစ္စာလေးပါးတရားကို သိမြင်စေတော်မူခဲ့ပါတယ်

🙏အဘိဓမ္မာခုနစ်ကျမ်းကို ဟောတော်မူပြီး သီတင်းကျွတ်လပြည့်နေ့တွင် တာဝတိံသာ၌ ပဝါရဏာပြု၍ လူ့ပြည်သို့ သက်ဆင်းတော်မူသည်ကိုအကြောင်း ပြုလျက် ထိုနေ့ကို အဘိဓမ္မာအခါတော်နေ့ဟူ၍ သမုတ်ကာ အဘိဓမ္မာ ပူဇော်ပွဲများကျင်းပခဲ့ကြပါတယ်

🙏ဝါဆိုလပြည့်နေ့၌ မြတ်စွာဘုရားရှင်၏ ယမိုက်ပြာဋိဟာပြပွဲသို့ စည်းဝေးရောက်လာကြကုန်သော သုံးဆယ်ခြောက် ယူဇနာမျှလောက်သော လူ, ဗိုလ်ပါ ပရိတ်သတ်အပေါင်းတို့သည် ဘုရားရှင် တာဝတိံသာ၌ ဝါကပ်တော်မူ၍ သီတင်းကျွတ်လပြည့်နေ့၌ လူ့ပြည်သို့ ပြန်လည်ကြွချီမည်ကို သိရသောအခါ "ဘုရားသခင်ကို မဖူးမြင်ရသမျှ ဤပြည်ကမပြန်အံ့" ကြံကြပြီးလျှင် သာဝတ္ထိမြို့ အနီးဝယ် အသီးသီးသော သစ်ခက်တဲကို ပြု၍ စောင့်မျှော်နေကြလေ၏။

🙏ထိုပရိတ်သတ်တို့၏ တဲကား အမိုးအကာ လုံစွာမရှိ, အချို့ကား ဟင်းလင်းပြင် ဖြစ်ကုန်သော်လည်း ဘုရားရှင်၌ ခင်မင်ရိုညွှတ်သော အကျိုးဆက်ကြောင့် ကိုယ်လက်ကျင်နာ ရောဂါဘေးဘျမ်း မသန်းမငြိ, မြေအခင်းသည်လည်း သန်ရှင်းစင်ကြယ်စွာ ဖြစ်ကုန်ကြပါတယ်

🙏မြတ်စွာဘုရား သက်ဆင်းတော်မူသည်ကို ဖူးမျှော်ရန် စောင့်နေကြသော လူအပေါင်းတို့ တောင်းပန်သဖြင့် ရှင်မဟာမောဂ္ဂလာန်က ဘုရားသခင်အား မည်သည့်အခါ မည်သည့်အချိန်၌ လူ့ပြည်သို့ သက်ဆင်းမည်ကို လျှောက်ထားသော အခါ ဘုရားသခင်က "သီတင်းကျွတ်လပြည့်နေ့၌ သင်္ကဿနဂိုရ်ပြည် တောင်တံခါးရင်းဝယ် ဆင်းသက်တော်မူအံ့၊ ငါဘုရားကို ဖူးမြော်လိုသူတို့သည် ရွာဦးကျောင်းသို့ ဥပုသ်သည်များ တရားနာသွားသကဲ့သို့ လာခဲ့ကြရမည်"ဟု မိန့်ကြားတော်မူလေသည်။

🙏ထို့ကြောင့် သီးတင်းကျွတ်လပြည့်နေ့၌ လူအပေါင်းတို့သည် ဥပုသ်သီတင်းဆောက်တည်ကြ၍ မြတ်စွာဘုရား တာဝတိံသာနတ်ပြည်မှ ဆင်းသက်ကြွမြန်းလာသည်ကို ရည်ရွယ်၍ ဘုရားရှင်အား ပူဇော်သည့်အနေဖြင့် ထိုနေ့တွင် ဆီမီးများဖြင့် ထွန်းညှိပူဇော်ကာ မြင့်မိုရ်ပွဲကို ဆင်ယင်ကျင်းပခဲ့ကြပါတယ်

🙏မြတ်စွာဘုရားသခင်သည် လူ့ပြည်သို့မဆင်းမီ နတ်, ဗြဟ္မာအပေါင်းတို့၏ ပီတိ, သောမနဿ ပွားစေခြင်းငှာ တာဝတိံသာနတ်ပြည်၌ "လောကဝိဝရဏ" မည်သောတန်ခိုးပြာဋိဟာကို ပြတော်မူ၏။ မြတ်စွာဘုရား၏ တန်ခိုးတော်အားဖြင့် စကြဝဠာ တစ်ခုလုံးသည် ဟင်းလင်းပြင်ဖြစ်၍ လူ, နတ်, ဗြဟ္မာ, ငရဲသားအားလုံးတို့သည် တစ်ဦးကိုတစ်ဦးထင်ရှားစွာ တွေ့ မြင်ရလေသည်။

🙏မြတ်စွာဘုရားသည် တာဝတိံသာမှ ဆင်းသက်လာသောအခါ ကိုယ်တော်တိုင် ပတ္တမြားစောင်းတန်းဖြင့် ဆင်း၍ လက်ယာဘက် ရွှေစောင်းတန်းဖြင့် နတ်တို့ခြံရံလိုက်ပါကာ လက်ဝဲဘက် ငွေစောင်းတန်းဖြင့် ဗြဟ္မာမင်းတို့ ခြံရံလိုက်ပါ လာလေသည်။ ထိုသို့ နတ်, ဗြဟ္မာမင်းတို့ ခြံရံလိုက်ပါလျှက် ရောက်ခြည်တော် ခြောက်သွယ်ကွန့်မြူး၍ သက်ဆင်းတော်မူလာသည့် မြတ်စွာဘုရားရှင်၏ ရှု့ဖွယ်မရဲ ထူးကဲလွန်မြတ် တင့်တယ်သော အသရေတော်ကို ဖူးမြင်ကြရသောအခါ အဆအရာ ဝမ်းသာနှစ်မြို့ခြင်းရှိ၍ ချီးမွမ်းအံ့သြလျက် သုံးဆယ်ခြောက် ယူဇနာအတွင်း၌ရှိသော ပရိသတ်အားလုံးဘုရားဆုကို မတောင်းသူဟူ၍မရှိချေ။ အားလုံးပင် ဘုရားဆုကို တောင်းကြ၏။ ထို့ကြောင့် သီတင်းကျွတ်လပြည့်နေ့ကို "ဘုရားဆုပန်နေ့" ဟု တင်စားခေါ်ဝေါ် ကြလေသည်။

🙏သီတင်းကျွတ်လပြည့်နေ့သည် ဝါတွင်းသုံးလ၏ နောက်ဆုံးနေ့ ဖြစ်သဖြင့် ဝါဆိုတော်မူကြကုန်သော သံဃာတော်မြတ်တို့ လွတ်လွတ်ကျွတ်ကျွတ် သွားလာသီတင်း သုံးနိုင်သည့် အခွင့်အရေးကိုရရှိကြလေသည်။ ဤနေ့အထိ ဝါဆိုကြသည့် သံဃာများသည် အလွန်မြတ်သော ကထိန်အလှူကို ခံယူထိုက်သော အခွင့်အရေးကို ရရှိကြလေသည်။

🙏ရဟန်းတော်အချင်းချင်း အပြစ်မမြင်စေကြဘဲ ညီညွှတ်စွာ နေထိုင်ခြင်းကိုရှေးရှုသော ရဟန်း တစ်ပါးနှင့်တစ်ပါး ဖိတ်ကြားခြင်း၊ တိုက်တွန်းခြင်း၊ တောင်းပန်ခြင်း အစရှိသော သာသနာတော်သန့်ရှင်း တိုးတက်ရေးအတွက် အပြုသဘောဆောင်သည့် “ပဝါရဏာပွဲ” များကိုလဲကျင်းပကြသေးသည်။

🙏အချုပ်အားဖြင့်ဆိုသော် သီတင်းကျွတ်လပြည့်နေ့သည် မြတ်စွာဘုရားသခင် တာဝတိံသာ၌ အဘိဓမ္မာတရားတော်ကို ဝါတွင်းသုံးလပတ်လုံး ဟောကြားတော်မူသည်မှာ အောင်မြင်စွာပြီးဆုံးသောနေ့ (ဝါ) အဘိဓမ္မာအခါတော်နေ့၊ နတ်ဗြဟ္မာအပေါင်း ခြံရံလျက် တာဝတိံသာမှ သင်္ကဿနဂိုရ်ပြည်သို့ ဆင်းသက်တော်မူသောနေ့၊ "လောကဝိဝရဏ" တန်ခိုးတော်ကြောင့် စကြာဝဠာတစ်ဝှမ်းလုံးကို တိုးလျှိုပေါက် မြင်ကြရသောနေ့၊ ဗြဟ္မာ, နတ်, လူတို့ မြတ်စွာဘုရားအား အတူတကွ ကြည်ဖြူကော်ရော် ပူဇော်ကြ၍ ဘုရားဆုပန်ကြသောနေ့၊ ရဟန်းတော်များ ဝါမှထသောနေ့၊ ပဝါရဏာ ပြုကြသောနေ့ စသော ဂုဏ်ထူးဝိသေသ အထူးထူးနှင့်ပြည့်စုံသော နေ့ဖြစ်သည်။

မေတ္တာဖြင့်💞

ကျီးသဲလေးထပ် ဆရာတော်ဘုရားကြီး၏ "ဇိနတ္ထပကာသနီကျမ်း" နှင့် "Myanmar Wikipedia" တို့ကို မှီငြမ်းဖော်ပြပါသည်။

22/08/2023

ရန်ကုန်မှာ Bus ကားစီးမယ်ဆိုရင် ..

" ရွှေတိဂုံဘုရား " ကိုရောက်တဲ့နံပါတ်တွေ
8,11,77

ဗဟန်း၃လမ်းမှတ်တိုင်(ကမ္ဘာအေးဘုရားလမ်း)
YBS - 8,12,28,29,36,61,82,87,95,
108,115,116,AIRPORT-SULE

" ကမ္ဘာအေးဘုရား "

ကမ္ဘာအေးဘုရားမှတ်တိုင်(ကမ္ဘာအေးဘုရားလမ်း)
YBS - 6,10,28,30,36,43,55,79,83,88,96,96,97,99,
103,115,116,117,125,AIRPORT-SULE

" ဗိုလ်တစ်ထောင်ဘုရား "

ဗိုလ်တစ်ထောင်ဘုရားမှတ်တိုင်(ကမ်းနားလမ်း)
YBS - 13,24,26,34,43,57,58,65,70,79,82,100,114

" ဆူးလေဘုရား "

ဆူးလေ(ဆူးလေဘုရားလမ်း)
YBS - 3,12,28,29,36,37,61,72,78,82,87,
104,105,107,108,110,118,AIRPORT-SULE

ဆူးလေ(မဟာဗန္ဓုလလမ်း)
YBS - 4,7,57,89(မင်းနန္ဒာ),89(မြင်တော်သာ),111,
112,113,

" ကျောက်တော်ကြီးဘုရား "

ကျောက်တော်ကြီးဘုရားမှတ်တိုင်(မင်းဓ္ဓမလမ်း)
YBS - 76,126

ကျောက်တော်ကြီးမှတ်တိုင်(ပြည်လမ်း)
YBS - 6,15(ပြည်လမ်း),37,43,44,55,77,90,96,97,
103,104,105,106,107

စော်ဘွားကြီးကုန်းမှတ်တိုင်(အင်းစိန်ဘူတာရုံလမ်း)
YBS - 6,11,15(ပြည်လမ်း),41,55,77,91,122,123,124

Credit YBS လမ်းညွှန်

မင်္ဂလာစျေးကို ရောက်တဲ့ နံပါတ်တွေ
၃၊ ၇၊ ၈၊ ၂၅၊ ၂၇၊ ၃၃

ယုဇနပလာဇာကို ရောက်တဲ့နံပါတ်တွေ
၃၊ ၉၊ ၂၀၊ ၂၅၊ ၂၇၊ ၃၃

အောင်မင်္ဂလာအဝေးပြေးဝင်း ကိုရောက်တဲ့နံပါတ်တွေ
၂၊ ၁၇၊ ၁၈

ပါရမီလမ်းကိုရောက်တဲ့နံပါတ်တွေ
၁၀၊ ၁၂၊ ၁၈၊ ၃၂

ပါရမီကိုရောက်တဲ့နံပါတ်
၃၀

နတ်မောက်လမ်းကို ရောက်တဲ့နံပါတ်
၈

မြေနီကုန်းကိုရောက်တဲ့နံပါတ်တွေ
၁၁၊ ၂၀၊ ၂၁၊ ၃၅၊ ၃၇၊ ၃၉

လှည်းတန်းကိုရောက်တဲ့နံပါတ်တွေ
၂၁၊ ၃၅၊ ၃၇၊ ၃၉

ယာဉ်လိုင်း အမှတ် ၁ မှ ၆၀ အောက်ပါခရီးစဉ်လမ်းကြောင်းများပေါ်ရောက်ရှိနိုင်သော ယာဉ်လိုင်း အမှတ်များဖြစ်ပါတယ်။ ယာဉ်အမှတ် ဆုံပွိုင့်များဟာ ယာဉ်လိုင်းအမှတ်တစ်ခုမှအခြားတစ်ခုသို့ပြောင်းစီးနိုင်မယ့် transit point များဖြစ်ပါတယ်။

လှည်းကူးဈေးရှေ့ 1,45
တာဆုံ 1,43,44
ဒရယ်ဘို 1
ပေါက်ကုန်း 1
ရဲမွန် 1
စီအိုဒီ 1
ဇရပ်ကွင်း(တာဆုံ) 1
အင်းတိုင် 1
တလုတ်ကုန်း 1
သနပ်ပြင် 1,51
သင်္ဃန်းကျွန်း 1
ရွာသာကြီး(စီးပွားရေးတက္ကသိုလ်) 1,46
တောင်မြောက်လမ်းဆုံ 1,2,3,6,7,24,25,46,60
စံပြဈေး 1,1,3,6,7,24
ဇဝန 1,7,10,18,24,32
သုမင်္ဂလာ 1
ရတနာလမ်း(သင်္ဃန်းကျွန်း) 1,14,26,27,42,60
မြင်သာ(ကညန) 1
ယုဇန(ခိုင်ရွှေဝါလမ်း) 2
ပြည်ထောင်စုလမ်း 2,7,15,24,25,26,27,29,30
လှော်ကားလမ်း 2,6,7,42,43,44
မောင်းမကန်လမ်း 2,3,6
အမှတ်(၂)လမ်း 2,46,60
ဗိုလ်မှူးဗထူးလမ်း 2
မြောက်ဥက္ကလာပအဝိုင်း 2,10,15,16,19,28,32,36
ခေမာသီလမ်း 2,15
ဆေးတက္ကသိုလ်(၂) 2
မြောက်ဥက္ကလာပဆေးရုံ 2
သုဓမ္မာလမ်း 2,8,10,15,18,19,36,42
၆ကွေ့ 2,16,17,18,19
အောင်မင်္ဂလာအဝေးပြေးကွင်း 2
ယုဇနဥယျာဉ်မြို့တော် 3,4
ပဲခူးမြစ်လမ်း 3,4,5
ဧရာဝဏ်လမ်း 3,4,8,9,32
စည်ပင်လမ်း 3,6
လေးထောင့်ကန်လမ်း 3,18,24,32
အရှေ့မြင်းပြိုင်ကွင်းလမ်း 3,18,26,27
တာမွေအဝိုင်း 3,12,14,20,26,27,29,59
ဗညားဒလလမ်း 3,20,27,33
ယုဇနပလာဇာ 3,9,20,25,27,33
မင်္ဂလာဈေး 3,7,8,25,27,33
ကျိုက္ကဆံလမ်း 3,9,18,25,27,33
ကွေ့မ 4
ရတနာလမ်း(ဒဂုံဆိပ်ကမ်း) 4,5
တိုင်းရင်းသားကျေးရွာ 4,5
သံလျင်တံတားချဉ်းကပ်လမ်း 4,42
သာကေတအဝိုင်း 4,32,33,42
ကျောက်တိုင် 4,5,9,9,10,32,33
မင်းနန္ဒာလမ်း 4,5,8,9,10,33
မဟာဗန္ဓုလတံတား 4,31,34
အနော်ရထာလမ်း 4,5,7,31,54,58
ဆူးလေ 4,7,12,29,36
ရိုးမရိပ်သာ 5
၈၉လမ်းဆုံ 5
ယုဇနဥယျာဉ် 5
ကျွန်းရွှေဝါလမ်း 5
ရွှေလီလမ်း 5
သာကေတ(အဝိုင်း) 5,8,34
စက်ဆန်းတံတား 5
ညောင်တန်း 5
ဗိုလ်တစ်ထောင်ဘုရားလမ်း 5,24,26,31,34,56,58
ဗိုလ်ချုပ်အောင်ဆန်းလမ်း 5,56
အောင်မြင့်မိုရ် 6
သံသုမာလမ်း 6,9,14,18,24,25,26,27,29,32,38,42,60
ဘေလီ 6,12,14,18,26,27,29,30,32
ချော်တွင်းကုန်း 6,10
နဝဒေး 6,10,15,16,19,28,36
၈မိုင်လမ်းဆုံ 6,15,16,19,30,35,37
ကျိုက်ဝိုင်းဘုရားလမ်း 6
မင်းဓမ္မလမ်း 6
စော်ဘွားကြီးကုန်း 6,11,37,41
ပြည်လမ်း 6,35,37,41,43
၁၀မိုင်ကုန်း 6,37
၉မိုင် 6
တောင်ဒဂုံ(၇၀/၇၂)ရပ်ကွက် 7
ရတနာပုံလမ်း 7
ကျန်စစ်သားလမ်း 7,29,30,53,54
ဘုန်းကြီးကျောင်းကွေ့ 7
ကုန်တိုက် 7
စက်မှုဇုံ 7
တာမွေ(ဗလီ) 7,25
သိမ်ဖြူ 7,20,20
မဟာဗန္ဓုလလမ်း 7,21,34,35,37,39,42,57
အင်းဝ အိမ်ရာ 8
၇ဈေးလမျး 8
မြင်တော်သာလမ်း 8,34
ယမုံနာလမ်း 8,31
သာကတေတံတား 8,9
နတ်မောက်လမ်း 8
ဦးထောင်ဘိုလမ်း 8,11
ရွှေတိဂုံဘုရားလမ်း 8,11
ဇီဝကလမ်း 8,11
တိုင်းရင်းသား နည်းပညာတက္ကသိုလ် 9
ဒေါပုံ 9,33
ရွေဗဟို 9
သမိန်ဗရမ်းလမ်း 9,18,25,26,59
ကြက်ဘဲဈေး 9,18,24,25,26
သုဝဏ္ဏတံတား 9,10,24,32
တိုင်းရင်းသားကျေးရွာ 10
ရှုခင်းသာမြို့ပါတ်လမ်း 10,31,42
၅ကွေ့ 10
ဇင်ဂမလမ်း 10
အသင်းတိုက် 10,18,24
သုမင်္ဂလာလမ်း 10,32
ပါရမီလမ်း 10,12,18,32
ဗိုလ်မှုးဗထူးလမ်း 10,27,28
ဒဂုံတက္ကသိုလ် 10,27
ခရေရိပ်မွန်အိမ်ရာ 11
ခရေပင်လမ်းခွဲ 11,17,35,37,42,44
အင်းစိန်ပန်းခြံ 11,15,21,22,41
ဗဟိုလမ်း 11,22
ရွာမကျောင်းလမ်း 11,22
လှည်းတန်းခိုင်ရွှေဝါ 11,22
ဟံသာဝတီလမ်း 11
အထက်ကြည့်မြင့်တိုင်လမ်း 11,22,41
ဗားကရာလမ်း 11,20,59
မြေနီကုန်း 11,20,21,35,37,39
ဓမ္မစေတီလမ်း 11,59
လင့်လမ်း 11,20
အနောက်ရွှေဂုံတိုင်လမ်း 11
သွေးဆေးကန်လမ်း 11
ဦးဝိစာရလမ်း 11,27
(၅၀)ကွေ့ 12,15
၄၆လမ်းဆုံ 12
(၇/၈)လမ်းဆုံ 12,25
မဝတလမ်းဆုံ 12
နန္ဒဝန်ဈေး 12
သစ္စာလမ်း 12,29,38
မိုးကောင်းလမ်း 12,14,26,27,38
ကံဘဲ့လမ်း 12,29
ရန်ကင်းလမ်း 12,14,29,38
ဂွတ္တလစ်ဈေးကွေ့ 12
ရွှေဂုံတိုင်လမ်း 12,59
ရွှေဂုံတိုင် 12,20,29
ရန်ကုန်ဘူတာကြီး 12,28,29,36
ဒဂုံမြောက်(ဘုရင့်နောင်လမ်းဆုံ) 14
ဘုရင့်နောင်လမ်း 14,15,19,20,23,38,42
ပင်လုံလမ်း 14,26,29
ဦးချစ်မောင်လမ်း 14
ရန်ကင်းစင်တာ 14
ရန်ရှင်းလမ်း 14,38
စက်မှု(၁)လမ်း 14,38
ကမ္ဘာအေးဘုရားလမ်း 14,28,29,30,36,38
ကုက္ကိုင်း 14,38
တက္ကသိုလ်ရိပ်သာလမ်း 14,38
လှည်းတန်းလမ်း 14,30,38
ဆင်မလိုက် 14,19,20,23,38,40
ကြည့်မြင့်တိုင်ကမ်းနားလမ်း 14,59
သခင်မြပန်းခြံ 14,19,22,23,30,40,41,56,57
ရာဇာသင်္ကြန်လမ်း 15
ကြိုးတံတား 15
သမိုင်းလမ်းဆုံ 15,19,21,39
ဘုရင့်နောင်လမ်းဆုံ 15,19
ပေါက်တောဝ 15,22,40
ဘီအိုစီ 15,39
YTU 15,21,39
ရွှေပေါက်ကံ(တောင်ငူလမ်း) 16
ကျောက်လမ်း 16
ဘုရင့်နောင်တံတား 16,20,23
ပုသိမ်လမ်း 16,23,54
သမကုန်း 16,22
ဒဂုံဧရာအဝေးပြေးဝင်း 16
ရွှေပေါက်ကံ 17,19
(ဆင်ဖုံ) 17,19
အောင်မင်္ဂလာအဝေးပြေး 17,18
ဒညင်းကုန်းလမ်းဆုံ 17,40,42
ရွှေပြည်သာတံတား 17,21
ပေါက်တန်းအဝိုင်း 17
သမကုန်းအဝိုင်း 17,20,23
အနောက်ပိုင်းနည်းပညာတက္ကသိုလ် 17,23
ခရေရိပ်မွန် 18
အမှတ်(၃)လမ်းဆုံ 18,32,35,36,42
ဘုန်းကြီးလမ်း 18,32,35,37,39,42
ဝေဇယန္တာလမ်း 18,32
သီရိမင်္ဂလာဈေးသစ် 19,20,23,38,40
စံပြငါးဈေး 19,20,23,40
TBဆေးရုံ 20
ဒဂုံဧရာအဝေးပြေး 20
ဘီအိုစီအဝိုင်း 20,23
တာမွေလမ်း 20,27
မြရာကုန်းလမ်း 20
မြန်မာ့ဂုဏ်ရည်လမ်း 20
အနောက်ပိုင်းတက္ကသိုလ်(ထန်းတပင်) 21,22
ပေါက်ကုန်းအဝိုင်း 21,22
၁၄လမ်းဆုံ 21,40
ဒညင်းကုန်း 21,39,44
အောက်မင်္ဂလာဒုံလမ်း 21
ပြည်တော်သာ 21,40
မင်းကြီးလမ်း 21
လှည်းတန်း 21,35,37,39
စံပြ 21,37,39
ကမ်းနားလမ်း 21,23,24,26,34,35,37,39,40,56,57,58
မော်တင် 21,35,37,39
ရိုးကြီး/ရိုးလေး 22
မီးခွက်ဈေး 22,52
အောင်ဇေယျတံတား 22
အနောက်ကြို့ကုန်း 22
ဟံသာဝတီ 22
စလင်းကွင်း 22
ဗားကရာ 22
အနောက်ပိုင်းဆေးရုံ 22
အလုံလျှပ်စစ်ရုံး 22
ဂျမခန်နာ 22
(တူးချောင်း) 23
ကျန်စစ်သားလမ်း 24
တပင်ရွှေထီးလမ်း 24
အထက်ပုဇွန်တောင်လမ်း 24,26
ပုဇွန်တောင်ဈေး 24,26
မဟာဗန္ဓုလတံတားအောက် 24,26
ရာဇဓိရာဇ်လမ်း 24,26
ဒဂုံတက္ကသိုလ် 25,26,28,29,30
မင်းရဲကျော်စွာလမ်း 25,26,27,29,30
ငမိုးရိပ်တံတား 25
ရွှေဗဟိုရ် 25
အောင်ဇေယျလမ်း 26,60
စိတ်ကျန်းမာရေး 27
၁၃၃ရပ်ကွက် 27
ဗဟန်း(၃)လမ်း 28,36
ဆူးလေမြို့တော်ခန်းမ 28
ဂွတ္တလစ်ဈေး 29
ပါရမီ 30
ညောင်ပင် 30
ကြည့်မြင့်တိုင် 30
သန်လျင်(အရှေ့ပိုင်းတက္ကသိုလ်) 31
သန်လျင်ကျောက်တန်းလမ်း 31
သန်လျင်အမှတ်(၁)တံတား 31,32,33,34
ဗိုလ်တစ်ထောင်ဈေးလမ်း 31
ကုန်သည်လမ်း 31,56
ရေကြောင်းတက္ကသိုလ် 32
ဘုရားလမ်းဆုံ 32
သန်လျင်(မြို့မဈေး) 32
ဗိုလ်ချုပ်နေဝင်းလမ်း 32
ခရေရိပ်မွန်အိမ်ရာ 32
ကျောက်တန်း 33
ကျောက်တန်း(သန်လျင်လမ်း) 33
ခရမ်း 34
သုံးခြ 34
အရှေ့ပိုင်းတက္ကသိုလ် 34
သန်လျင်ကျောက်တန်း လမ်း 34
သိမ်ဖြူလမ်း 34
ထောက်ကြန့် 35,36,37,41
နွယ်ခွေ 35,36
အမှတ်(၃)လမ်းပုလဲမြို့သစ် 35
အမှတ်(၃)လမ်း 36
ပုလဲမြို့သစ် 36
ဘေလီ 38
တောင်ဥက္ကလာဘုရား 38
ရွှေပြည်သာ(လိန်ကုန်း) 39,40,42
အမှတ်(၄)လမ်း 39,43,44
ကွန်ပြူတာတက္ကသိုလ် 39
ပြည်တော်သာ(အောက်လမ်း) 39
ထန်းခြောက်ပင် 40,42
ပုလဲလမ်း 40
ဘုရင့်နောင်လမ်းမကြီး 40
ဘုရင့်နောင် 40
လမ်းသစ်လမ်း 41
လှည်တန်းလမ်း 41
၃ထောင်ကွေ့ 41
အောက်ကြည့်မြင့်တိုင်လမ်း 41,59
ရွှေပြည်သာကွေ့ 42
ကမာကြည်လမ်း 42
လိန်ကုန်း 43,44
မှော်ဘီဈေးရှေ့ 43
ထောက်ကြန့် 44,55
ရန်ကုန်ပဲခူးလမ်း 44
လှည်းကူးဈေးရှေ့ 44
ဖောင်ကြီးလမ်း 45
ဖောင်ကြီး 45
မင်းကုန်း 45
ဒါးပိန် 46
လှိုင်သာယာ ဘီအိုစီ 47,49
တွံတေးကြိုးတံတား 47,49
တွံတေးမြို့ 47
ဘုရားငုတ်တို 47,48,49,50
ကံဘဲ့ 47,49,50
တွံတေး 47,48
ဒလ 48,50
ကော့မှူး 49,50
ကွမ်းခြံကုန်း 49,50
ပဲခူး 51
ခရမ်း 51
ထန်းတစ်ပင် 52
ရန်ကုန်ပုသိမ်လမ်း 52
ရန်ကုန်ညောင်တုန်းလမ်း 52
ရွှေလင်ဗန်းလမ်းဆုံ 53
ညောင်တုန်းလမ်း 53,54
ဗိုလ်အောင်ကျော်လမ်း 53,54,54
ရွှေလင်ဗန်းလမ်းဆုံ 53
၈၆ဂိတ် 54
ရွှေရင်အေးလမ်း 54,54
အောက်ထိပ် 54
၈၆ဂိတ် 54
တိုက်ကြီး 55
ဥက်ကံ 55
မြောင်းတကာ 55
မှောဘီနည်းပညာတက္ကသိုလ် 55
မှော်ဘီ 55
သခင်မြပန်းခြံ 56,57
ဗိုလ်တစ်ထောင် 57
ဘုရားလမ်း 57
ဗိုလ်တစ်ထောင်ဘုရား(ကမ်းနားလမ်း) 58
ဗိုလ်တစ်ထောင်ဘုရား 58
သင်္ဃန်းကျွန်းစံပြဈေး 59
သံသုမာ 59
ကြက်ဘဲစျေး 59
အာသောကလမ်း 59
ရွှေဂုံတိုင်ဂုံးကျော်တံတား 59
ရွှေဂုံလမ်း 59
သခင်မြပန်းခြံလမ်း 59
နှင်းဆီကုန်းလမ်း 59
တောင်ဒဂုံ 60
သာကေတဧရာဝဏ် 60
ပြည်ထောင်စုလမ်းဆုံ 60
ပြည်ထောင်စုလမ်းမကြီး 60
သင်္ဃန်းကျွန်းစံပြစျေး 60
ကျောက်ကုန်း 60

credit-Khin Maung Ko

YangonBusRoute
#မိတ်ဆွေတို့အတွက်အသုံးလိုမယ်ထင်လို့ ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ အမှားပါသွားရင်တော့ခွင့်လွှတ်ပေးကြပါလို့မေတ္တာရပ်ခံပါရစေ😍

သိရှိတဲ့ခရီးသည်အချင်းချင်းကူညီပေးကြပါခင်ဗျ
Like & share ဆောင်ထားသင့်တယ်နော်

Photos from UNICEF Myanmar's post 19/06/2023
Photos from Wai Yan Htoon's post 02/05/2023

ကဆုန်လပြည့် - ဗုဒ္ဓနေ့

ကဆုန်လပြည့်နေ့အကြောင်း
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏

ဖွား ၊ ပွင့်၊ ဟော၊ စံ၊ ဗျာဒိတ်ခံ

ကဆုန်လပြည့် ရက်မြတ်များ
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏

(၁) ဗျာဒိတ်ခံယူသည့်နေ့ =
လေး အသင်္ချေကမ္ဘာတစ်သိန်း အစ
ကဆုန်လပြည့်နေ့။

(၂) ဘုရားမွေးသည့်နေ့ =
မဟာသက္ကရာဇ် (၆၈)ခု၊
ကဆုန်လပြည့် (သောကြာနေ့)။(ဘီစီ ၆၂၃)

(၃) ဘုရားဖြစ်သည့်နေ့ =
မဟာသက္ကရာဇ် (၁၀၃)ခု၊
ကဆုန်လပြည့် (ဗုဒ္ဓဟူးနေ့)။ (ဘီစီ ၅၈၈)

(၄) ဗုဒ္ဓ၀င်အကျဉ်းဟောသည့်နေ့ =
မဟာသက္ကရာဇ် (၁၀၄)ခု၊
ကဆုန်လပြည့်နေ့။ (ဘီစီ ၅၈၇)

(၅) ပရိနိဗ္ဗာန်စံသည့်နေ့ =
မဟာသက္ကရာဇ် (၁၄၈)ခု၊
ကဆုန်လပြည့် (အင်္ဂါနေ့)။ (ဘီစီ ၅၄၃)

#ဗုဒ္ဓနေ့အကြောင်းသိကောင်းစရာများ
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏

၁။ ကဆုန်လပြည့်နေ့သည်
ဗုဒ္ဓဘာသာဝင်တို့၏
နေ့ထူးနေ့မြတ်ကြီးဖြစ်ပါသည်။

#ကဆုန်လပြည့်နေ့၏
ထူးခြားချက်များမှာ !

(ဗျာဒိတ်, ဖွားမြင်, ဗောဓိပင်,
စံဝင် နိဗ္ဗာန်နန်း) ဆိုသည်နှင့်
အညီ သုံးလောက ထွဋ်ထား
သဗ္ဗညု မြတ်စွာဘုရားနှင့်စပ်၍....

#ဗျာဒိတ်ခံယူသောနေ့

#ဖွားမြင်တော်မူသောနေ့

#ဘုရားဖြစ်တော်မူသောနေ့

#ပရိနိဗ္ဗာန်စံတော်မူသောနေ့

ဤထူးခြားချက်လေးမျိုးတို့နှင့်
တိုက်ဆိုက်နေပါသည်။
ဤကဲ့သို့ ထူးခြားချက်လေးမျိုးနှင့်
ပြည့်စုံသောကြောင့်၊

#ဤကဆုန်လပြည့်နေ့ ကို -

` #ကဆုန်လပြည့်ဗုဒ္ဓနေ့ ! ဟု
အမွှန်းတင် ခေါ်ဆိုကြပါသည်။

၂။ ဤကဆုန်လပြည့်နေ့ တွင်
မာရ်နတ်ရန်ကို အောင်မြင်တော်
မူသောကြောင့် ဤနေ့ ဤရက်ကို
`ကဆုန်လပြည့် မာရ်အောင်နေ့
အဖြစ် ဗုဒ္ဓဘာသာဝင်တို့၏ စိတ်
အစဉ်တွင် စွဲမြဲ၍နေကြပါသည်။

၃။ ဝိသာခါနက္ခတ်နှင့်ယှဉ်၍
ဖွားမြင်တော်မူခြင်း၊
ပရိနိဗ္ဗာန်စံတော်မူခြင်းများကို
အကြောင်းပြု၍
ကဆုန်လပြည့်နေ့ကို
`ဝိဆခ်ဒေးဟု ခေါ်ဆိုကြပါသည်။
ဝိသာခါဒေးဟု ဆိုလိုပါသည်။

၄။ ဗုဒ္ဓဘာသာဝင်တို့သည်
ဘုရားဖြစ်သော နေ့ထူးနေ့မြတ်ကို
အာရုံပြု၍ ကဆုန်လပြည့်နေ့၌
ပရိဘောဂ စေတီ ထိုက်သော
ဗောဓိပင်ကို ရေသွန်းလောင်း
လေ့ ရှိကြပါသည်။

၅။ ဗောဓိပင်သည်
သဗ္ဗုညုတဉာဏ်တော်ကိုရ၍
ဘုရားဖြစ်တော်မူရာဌာနဖြစ်ခြင်း၊
ဖွားဖက်တော် ၇ ပါးတွင်
စာရင်းဝင်ဖြစ်ခြင်းတို့ကြောင့်
ထူးခြားသော သစ်ပင်တစ်မျိုး
ဖြစ်ပါသည်။
ဤကဲ့သို့ မြတ်စွာဘုရားနှင့်
တိုက်ရိုက်ဆက်စပ်၍
ဗောဓိပင်၌ ရေသွန်းလောင်းခြင်း
အစဉ်လာကို ခေတ်အဆက်ဆက်
ပြုလုပ်လာခဲ့ကြပါသည်။

၆။ မြန်မာ့ရိုးရာ ၁၂ လ ရာသီ
ပွဲတော်များအနက်၊
ကဆုန်လ ၌ ညောင်ရေသွန်းပွဲ
တော်ကို ရိုးရာပွဲတော်အဖြစ်
အစဉ်အလာ သတ်မှတ်ခဲ့ကြ
ပါသည်။

၇။ အသနဗောဓိယမထေရ်၏
အလောင်းသည် တိ ဿဘုရားရှင်
၏ ဗောဓိပင်ကို စိုက်ပျိုးပူဇော်ရ
သော ကုသိုလ်ကြောင့် နတ်ပြည်၌
ဖြစ်ရခြင်း၊ စကြာမင်းဖြစ်ရခြင်း၊
အပါယ်ဘေးမှလွတ်ကင်းရခြင်း
အကျိုးများကို ခံစားရကြောင်း
(ထေရာပဒါန်) ကျမ်းဂန်၌
ဟောကြားထားပါသည်။

၈။ ဂန္ဓောဒကတိ ဿမထေရ်၏
အလောင်းသည် ပဒုမုတ္တရဘုရား
ရှင်၏ ဗောဓိပင်ကို နံ့သာရေဖြင့်
သွန်းလောင်းသောကုသိုလ်ကြောင့်
နတ်ပြည်၌ဖြစ်ရခြင်း၊ အနာရောဂါ
မရှိခြင်း၊ သောကကင်းဝေးခြင်း
စသောအကျိုးများကို ခံစားရ
ပါသည်။

၉။ အထက်ပါအကြောင်းအရာများ
ကို နှလုံးသွင်း၍ ဗုဒ္ဓဘာသာဝင်
သူတော်စင်များအနေဖြင့် နှစ်စဉ်
နှစ်စဉ် ကဆုန်လပြည့်နေ့ ရောက်
တိုင်း ဗုဒ္ဓရုပ်ပွား ဥဒ္ဒိ ဿစေတီ
တော်များကို အနေကဇာတင်
ဗုဒ္ဓအဘိသေက မင်္ဂလာသဘင်
ဆင်ယင်ကျင်းပ၍ ကုသိုလ်အထူး
ကို ဆည်းပူးလေ့ ရှိကြပါသည်။

ကျောင်းကန်ဘုရားသို့သွား၍
ဒါန သီလ ဘာဝနာအမှုများကို
ပြုလုပ်၍
ကဆုန်လပြည့် ဗုဒ္ဓနေ့ကို
အမှတ်တရ ဆင်နွှဲကြပါသည်။
======================================
#မာဂဓီ (သာစည်)၏
[အခါတော်နေ့များ စာအုပ်မှ]
တစ်ဆင့်ပြန်လည်ကူးယူဖော်ပြ
ပါသည်။
#မူရင်းရေးသားသူအား လေးစားစွာဖြင့် credit ပေးပါသည်။
🌹🙏🌹🙏🌹🙏🌹🙏🌹🙏🌹

17/04/2023
Photos from Wai Yan Htoon's post 20/11/2022

"🛞၂၄ ပစ္စည်းအကြောင်း သိကောင်းစရာ...
မြန်မာ အနက်အဓိပ္ပါယ်"

05/11/2022

ကထိန် အဓိပ္ပါယ်
~~~~~~~~~~~
ကထိန် ဝေါဟာရသည် " ကထိန " ဟူသော ပါဠိ ကိုမြန်မာ မှု ပြုထားခြင်း ဖြစ်ပါသည် ။

"ကထိန " ဟူသည်ကား ခိုင်မြဲ ခြင်း မြဲ မြံ ခြင်း ဖြစ်ပါသည်။ အခြား တစ်ဘက် တွင် လည်းလွန်မြောက်ခြင်း ကင်းလွတ် ခြင်း ဟု ညွှန်းဆို ကြပါသည်။

ကထိန်ခင်း ခြင်း အဓိပ္ပါယ်

ကထိန်ခင်း ခြင်း ဆိုသည်မှာ လူများ က ခင်း ခြင်း မဟုတ် ဘဲ ရဟန်းတော်များ က ခင်းရ ခြင်း ဖြစ်သည်။ လူများ က ရဟန်းတော်များ ကထိန် ခင်းနိုင်ရန် ( သံဃဿ ဒေးမ ) ဟု ကထိန်သင်္ကန်း ကို လှု ဒါန်း ရသော အလှု ရှင်များ ပင် ဖြစ်ပါသည် ။ သံဃာ တော်များ ကထို ကထိန် သင်္ကန်း ကို သိမ် ထဲတွင် ကထ်ိန် သင်္ကန်း အလှု ခံမည့် ကျောင်းတွင် ရှိသော သံဃာတော် တစ်ပါး ကို အားလုံး သဘောတူညီ စွာ ရွေးချည် ပြီး ထို သံဃာတော် က မိမိ ဝါဆိုရာကျောင်း သို့ ပြန်ကြွ ပြီး ကထိန် သင်္ကန်းအား ခင်းရခြင်း ဖြစ်သည်။
ကထိန် ဖြစ်ပေါ်လာ ပုံကထိန် အလှု ကို ပွင့်ပေါ်တော် မူပြီး ကြကုန်သော မြတ် ဗုဒ္ဓ ဘုရား ရှင်များ လက်ထက် တို့ တွင် ရှိခဲ့ပါသည် ။

ဂေါတမ ဘုရား ရှင် လက် ထက် တွင် ဘဒ္ဒ၀ဂ္ဂီ မင်းသား သုံးကျိပ် ( ၃၀ဦး ) တို့ သည် အဖော် များ ဖြင့် ကပ္ပါ သိက တော အတွင်း ပုထုဇဉ်တို့ သဘော အတိုင်း မြူးထူ ပျော်ပါး နေကြစဉ် ဂေါ တမ ဘုရား ရှင် နှင့် တွေ့ ဆုံ ဖူးမြှော် ခွင့် ရပြီး တရားထူးသံဝေဂ ရကြကာ မင်းသား ( ၃၀ ဦး ) လုံး ရဟန်း ဘ၀ သို့ ရောက်ကြလေသည်။ ဘဒ္ဒ၀ဂ္ဂီရဟန်းတို့ နေထိုင်သီ တင်းသုံး သည့် ဝေယျ မြို့ မှ အလွန် ဝေးကွာသော နေရာမှ ဘုရား
ရှိရာ သာ၀တ္တိ ပြည်သို့ ဖူးမြော် ရန် ထွက်ခဲ့ ရာ ခရီးဝေးကွာ ခြင်းကြောင့် လမ်းခရီး တွင်ပင် ဝါဆိုတော် မူရပါသည် ။ ဘဒ္ဒ၀ဂ္ဂီ ရဟန်းတို့ ဘုရား ရှင်ထံ ရောက်ရှိပြီး လမ်းခရီး တွင်တွေ့ ကြံ ရသော အခြေ အနေ အခက်အခဲ များ ကို ကြား သိရသော ကြောင့် '' ရဟန်းတို့ ဝါကျွတ်ပြီးသော ရဟန်း တို့ အား ကထိန် ခင်း ခြင်း ငှာ ခွင့်ပြုတော်မူ ၏ '' ဟု မိန့်တော်မူ ကာ ကထိန် ခင်းခြင်း ကန့် သတ် ချက်နှင့် ကထိန် ခင်း ခြင်း အကျိုး တို့ ဖြင့် ခွင့် ပြုေ
တ်ာမူပါသည်။

ကထိန် အလှု ၏ ကန့်သတ် ချက်

ကထိန် အလှု တွင် ကာလ ကန့်သက်ချက် နှင့် ဓမ္မ ကန့် သက် ချက် တို့ ရှိပါသည် ။

ကာလ ကန့်သက်ချက် အနေဖြင့် -

ကထိန် အလှုတော် ကို သီတင်း ကျွတ် လပြည့် ကျော်( ၁ ) ရက် နေ့မှ စတင် ကာ တန်ဆောင်မုန်း လပြည့် နေ့ အထိ တစ်လ တာ ကာလအတွင်း ခင်း နိုင်ခြင်း ၊ ကထိန် သင်္ကန်း ကို ယနေ့ အလှု ခံပြီး ယနေ့ ကံဆောင်ကာ ခင်းရခြင်း( နေ့ကူး သွား လျင် ကထိန် ခင်း ခြင်း အထ မမြောက် ခြင်း ) တို့ ဖြစ် ပါသည်။

ဓမ္မ ကန့် သက်ချင် အနေဖြင့် -

ကထိန် ကို အလှု ရှင်မှ သဒ္ဒါ ဖြင့် လှု ဒါန်းသော သင်္ကန်းကို သာ ကထိန် ခင်း ထိုက်ခြင်း ၊ သာသနာ့ ၀န်ထမ်း ရဟန်း သည် ဥပါတွမျဉ် ဖြင့် ကထိန်သင်္ကန်းကို အလှုခံ မပြု ရခြင်း ၊ သင်္ကန်း မှ လွဲ ၍ အခြား သော ပစ္စည်း များ ဖြင့် ကထိန်မခင်း နိုင် ခြင်း ၊ ကထိန် ခင်းသော ရဟန်းတော် သည် ဝါ ဆို ဝါ ကပ်တော်မူ ပြီး ဖြစ်ရခြင်း တို့ ဖြစ် ပါသည်။ကထိန် အလှု သည် ပုဂ္ဂိုလ် ဆွဲ ဂိုဏ် ဂဏစွဲ မထား သော သံဃ ဂုဏ်ကို အာရုံ ပြု ၍ လှု ဒါန်း ရသော အလှု ဖြစ်ပါသည်။

ကထိန် နှင့် ပဒေသာပင်

ကထိန် အလှု တွင် ကထိန် ခင်းရာ ၌ သင်္ကန်းကို သာ ခင်းရ ခြင်း ဖြစ်သော် လည်း ရှေးဘိုးဘွား အလှု ရှင်များမှ သဒ္ဓါ ထက် သန်စွာ ဖြင့် သံဃာ တော်များ အလို ရှိရာ သုံးဆောင်နိုင်စေ ရန် ရည်သန် လျက် အခြားသော လှု ဘွယ် ပစ္စည်းများ ကို ကထိန် သင်္ကန်း ၏ အရုံအဖြစ် ပဒေသာပင်များ တွင် သီးပွင့် ၍ လှု ဒါန်း ကြခြင်း ဖြစ်သည်။ယခု အခါ ကထိန် သင်္ကန်း ၏ အထိမ်းအမှတ် အဖြစ် ပဒေသာပင် ပုံ များ ကို အသုံးပြု လာ ကြပါသည်။

ကထိန် အကျိုးထူးများ
ကထိန် အကျိုးထူး ကို အလှုခံ ရဟန်း သံဃာ များ နှင့် လှုဒါန်း သည့် ဒါယိကာ ဒါယိကာမ
တို့ နှစ်ဦး နှစ်ဘက် ရရှိ ပါသည်။ ကထိန် အလှုခံ ရဟန်း သံဃာ တော် တို့ သည် သီတင်း
ကျွတ် လပြည့်ကျော် ( ၁ ) ရက်နေ့မှ တပေါင်း လပြည့်နေ့ အထိ ( ၅ ) လအတွင်း ကထိ
န် သင်္ကန်း ကို အကြောင်း ပြု၍ ဝိနည်းတော်များ ထဲမှ သိက္ခာ ပုဒ် အချို့ ကိုကင်းလွတ်ခွင့်ရရှိ ပါသည်။

ကထိန်အလှူရှင်တို့ ရအပ်သော အကျိုးများမှာ

လင်္ကာ**ကထိန်ဒါန လှူကြသူမှာ ကျိုးငါးဖြာကား သွားလေရာဝယ် အန ္တရာယ်ကင်း ၊
ပစ္စည်းရင်းမှာ မီးပြင်းမဖျက်၊ ဆိပ်မတက်ဘဲ ၊ မေ့လျက်ဥစ္စာ ၊ မဆုံးပါရ ၊
ပြိုင်ရှာကြသော်၊ ကိုယ်ကဦးစွာ အရသာသည် ငါးဖြာ ကထိန်လှူကျိုးတည်း။

[အောင်တော်မူမှတ်စု]

(၁) ပထမအကျိုး

(က) ကထိန်ဒါနပြုကြသူမှာ ၊ လိုရာခရီးသွားသည့်အခါ
ပိတ်ပင်စီးတား ၊ ဘေးများကင်းကွာ၊
အန ္တရာယ်ကင်း ၊ သွားရင်းလွန်ချမ်းသာ၊
ပထမ ရအပ်အကျိုးပါ။

(၂)ဒုတိယ အကျိုး

(ခ) ကထိန်ဒါန ပြုကြသူမှာ ရပ်ဝေးနယ်ခြား၊
သိမ်းထားဥစ္စာ ဘေးမခ အေးမြလွန်ချမ်းသာ၊
ဒုတိယ - ရအပ်အကျိုးပါ၊။

(၃) တတိယအကျိုး

(ဂ) ကထိန်ဒါန ပြုကြသူမှာ
ကောင်းမွန်ဟာရ ၊ စားရပေတာ
အစာစား ဆိပ်ကား ၊ မသင့်တာ။
တတိယ ရအပ်အကျိုးပါ။

(၄) စတုတ္ထ အကျိုး

(ဃ) ကထိန်ဒါန ပြုကြသူမှာ
ရောက်ရာဘဝ ၊ ကြွယ်ဝချမ်းသာ၊
စည်းစိမ်များ ပေါများလွန်သာယာ
စတုတ္ထ ရအပ်အကျိုးပါ။

(၅) ပဉ္စမ အကျိုး

(င) ကထိန်ဒါန ပြုကြသူမှာ
ဖြစ်ပေါ်လာငြား ၊ စီးပွားဥစ္စာ၊
လက်ဝယ်ပိုင်ထ ၊ ခိုင်လှသည်သာ။
ဆုံးဘဝ ရောက်ရ နိဗ္ဗုတာ။ ပဉ္စမ ရအပ် အကျိုးဖြစ်သည်။

ကထိန် အလှု သည်ကား အလှုခံ ရဟန်း သံဃာ နှင့် အလှု ရှင်တို့၏ နှစ်ဖက် နားလည် ညီ
ညွတ်မှု ၊ သတ်မှတ် ချက် ကာလအတွင်း ခင်းမှု ၊ ကထိန် ခင်းရာကျောင်းတွင် ( ၄ ) ပါး နှင့်
အထက် ရှိသော သံဃာ အရေအတွက် ပြည့်မှု ၊ အ၀တ် သင်္ကန်း ဖြစ်မှု ပြည့် စုံ ရပါမည်။

(အရှင်ဇာဂရ၏ကထိန်အလင်းရောင်ကျမ်းမှ
ကောက်နှုတ်ဖော်ပြပါသည်။)

_____________________________________________

ကထိန် သင်္ကန်း အကြောင်း သိကောင်းစရာ.............

အလှူရေစက် လက်နှင့် မကွာ လှူဒါန်းကြသောမြန်မာ ဗုဒ္ဓဘာသာ တို့ နယ်ပယ် ၌ “ကျောင်းမှာ သိမ်၊ သင်္ကန်း မှာ ကထိန်” ဟူသော ဆိုရိုး စကားလေးကို လူတိုင်း ကြားဘူးကြမည် ထင်ပါသည်။

ကျောင်းလှူ တာခြင်း အတူတူ “သိမ်ကျောင်း” လှူတာ က ပိုမြတ်သည် ဟု ဆိုလိုရင်းဖြစ်ပေသည်၊
အဘယ့်ကြောင့် ဆိုသော် သိမ် ကျောင်း သည် ရဟန်းပြုခြင်း၊ ဥပုသ် ပြုခြင်း၊ အခြားသော သံဃာ့ ကိစ္စ တို့ကိုပြု လုပ်ခြင်း တို့၌ အကျိုးပြုသောကြောင့် ဖြစ်ပေသည်။

ထို့အတူ သင်္ကန်း လှူတာခြင်း အတူတူ “ကထိန် သင်္ကန်း” လှူ ဒါန်းခွင့် ရခြင်းက ပိုမြတ်သည် ဟု ဆို လိုခြင်းဖြစ်ပေ သည်၊ အဘယ့်ကြောင့် ဆိုသော် ကထိန် သင်္ကန်း လှူဒါန်း ရာ၌ ထူးခြားချက် များစွာ
(စည်းကမ်း များစွာ) ရှိနေသောကြောင့်ဖြစ်ပေသည်။

ကထိန် သင်္ကန်း အလှူ ၏ ထူးခြားချက် (စည်းကမ်း တို့ ) ကို အနည်း ငယ်မျှ ရှင်းပြပါဦးမည်၊
ကထိန် သည် လှူဒါန်းမှု ဖြစ်ပေါ် လာပုံ အားဖြင့် လည်းကောင်း၊ အချိန် ကာလ အားဖြင့် လည်းကောင်း၊
အလှူခံ အားဖြင့်လည်းကောင်း ၊ လှူဒါန်း ဖွယ်ရာ ပစ္စည်း အားဖြင့်လည်းကောင်း၊ လှူနည်းအားဖြင့် လည်းကောင်း၊ (ဝိနည်း သိက္ခာပုဒ် ကင်းလွတ်ခွင့် ရခြင်း )အကျိုး အားဖြင့် လည်းကောင်း၊ တစ်ခြားသော ဒါနတို့နှင့် မတူ “ မူ” များစွာ ထူးခြားနေ သည် ကို တွေ့ရှိနိုင်ပေသည်။

၁။ တခြားသော ပစ္စည်းတို့ ကို လိုအပ်လျှင် မိဘ ကိုသော်လည်းကောင်း၊ ၊ဆွေမျိုး ကိုသော်လည်း ကောင်း၊ ဖိတ်မာန် ထားသူ (ရဟန်း ဒကာ ရဟန်း အမ စသူ) တို့ကိုသော်လည်းကောင်း နှုတ်မြွက်၍ အလှူခံ ကောင်း (တောင်းကောင်း )၏ ၊

ကထိန် သင်္ကန်း ကိုကား မိဘ ကို သော်မှလည်း နှုတ်မြွက် ၍ သိစေခြင်းငှာ (အလှူခံခြင်းငှာ) မအပ်ပေ၊ တစ်ခြား သူတို့ကို ကား အဘယ်မှာ ဆိုဘွယ်ရာ ရှိပါတော့အံ့နည်း၊ သူ့ အလိုလို သဒ္ဓါ တရားဖြစ်ပေါ်၍ လှူသော ကထိန် သင်္ကန်း ကိုသာ အလှူခံခွင့် ရှိ၏၊ အလှူ ခံကောင်း၏ ၊


( ကောင်းကင် မှ ကျလာသော သန့်ရှင်း ကြည်လင်သော မိုးရေ မိုးပေါက် ကဲ့သို့သဒ္ဓါ တရား သန့် သန့် လေးဖြင့် လှူသော “ကထိန် သင်္ကန်း” ဖြစ်ရပေမည်။ ယင်း ကဲ့သို့သော ကထိန်သင်္ကန်း ကိုပင် “မိုးကျ ကထိန်” ဟုပြောဆိုကြခြင်း ဖြစ်ပေသည်။
(ကထိနံနာမ အတိဥက္ကဋ္ဌံ ၀ဋ္ဋတိ ၊ မာတရမ္ပိဝိညာပေတုံ န၀ဋ္ဋတိ၊အာကာသတော သြတိဏ္ဏသဒိသမေ၀ ၀ဋ္ဋတိ၊)

၂။ ကထိန်သင်္ကန်း သည် တစ်ခြားသော လှူဖွယ် တို့ကဲ့သို့ လှူချင်သည့် အချိန် လှူခွင့် မရပေ၊
သတ်မှတ် ထားသော သီတင်းကျွတ် လပြည့်ကျော် (၁) ရက်နေ့ မှ တန်ဆောင်မုန်း လပြည့်နေ့ ထိ
တစ်လ တိတိ အချိန် ကာလ အတွင်းသာ လှူခွင့်ရှိ၏။ ( ကထိန်ခင်းခွင့် ရှိ၏ )

ကျန်သော အချိန် များ၌ ကား လှူခွင့် လုံး၀ မရှိပေ၊ ထို့ပြင် ကထိန်သင်္ကန်း သည် တစ်နှစ် မှ တစ်လ၊ တစ်လ မှ တစ်ရက်၊ တစ်ရက် မှ (တစ်ကျောင်း ) တစ်ကြိမ် သာ လှူခွင့် ရှိလေသည်။

၃။ လှူဖွယ် ပစ္စည်း အားဖြင့် ကထိန် ခင်းရန် အတွက် သင်းပိုင်၊ ဧကသီ ၊ ဒုကုဋ် ( နှစ်ထပ် ) သင်္ကန်း တို့တွင် တစ်မျိုးမျို း ဖြစ်ရပေမည်။ ( တခြားသော လှူဖွယ် ပစ္စည်းများ ကို အခြံအရံ အဖြစ် လှူဒါန်းနိုင်ပါသည် )

၄။ လှူနည်း အားဖြင့်သံဃိက ဒါန အဖြ စ် သံဃာ အားသာ လှူဒါန်းရမည်ဖြစ်ပေသည်။
(ပုဂ္ဂိုလ် စွဲဖြင့် ပုဂ္ဂလိက ဒါန အဖြစ် လုံး၀ မလှူကောင်းပေ)၊

သံဃာတော်များ က ထို သင်္ကန်း ကို အလှူခံ ယူပြီး သိမ် အတွင်း၌ ဉတ်ကမ္မဝါ ရွတ်ဖတ် ၍ သင့်တော် သည့် ရဟန်းတော် တစ်ပါး ပါးအား လှူဒါန်း ရ၏ /။ ဉတ်ကမ္မဝါ ရွတ်ဖတ်၍ လှူဒါန်း ရသောကြောင့် ကထိန်ခင်းမည့် သင်္ကန်း ကို “ ဉတ်သင်္ကန်း” ဟု ခေါ်ဆိုကြလေသည်။

၅။ အလှူခံသော ရဟန်းသည် လည်း ပုရိမဝါ ကပ်၍ (ဝါမကျိုး မပျက်သော ) သီတင်းကျွတ် လပြည့် နေ့၌
၀ါမှ ကျွတ်သော ရဟန်းတော် များသည်သာ အလှူခံ ခွင့် ရှိလေသည်။
(ထိုရဟန်း တို့တွင်လည်း ဆင်းရဲနွမ်းပါး ဆုံးဖြစ်သော ရဟန်း ကို ပထမ ဦးစားပေး၍ လှူဒါန်းရမည်ဖြစ်ပေ သည်၊ ထိုရဟန်း မရှိမှ မထေရ်ကြီး စသည့် ရဟန်း တစ်ပါးပါး အား လှူဒါန်း ရမည် ဖြစ်ပေသည်။)

၆။ အကျိုး အားဖြင့် ကထိန်အာနိသင် ရသော (ကထိန် ခံသော ရဟန်းနှင့် အနုမောဒနာပြုသော) ရဟန်းတော် များသည် ဝိနည်း သိက္ခာပုဒ် နှင့်သက် ဆိုင်သည့် ကင်းလွတ်ခွင့် (၅) မျိုး ကို သီတင်းကျွတ် လပြည့်ကျော် - ၁ -ရက်နေမှ စ၍ တပေါင်းလပြည့် နေ့ထိ ၅ - လ တိုင်တိုင် ရရှိကြလေသည်။

ရဟန်းတော်များ ရနိုင်သော အကျိုး (၅) ပါး
၁။ မပန် မကြား ၊ လိုရာသွား ၊ ပြစ်များ မသင့်ပြီ။
ဒကာ ဒကာမ တို့၏ အိမ်သို့( မြို့တွင်း ရွာတွင်း သို့ ) သွားလို သည့် အခါ ထင်ရှားရှိသောရဟန်း ကို ခွင့်မပန် ပဲ သွားနိုင် ပါသည် ။
(အကယ် ၍ ကထိန် အာနိသင် မရမူ ခွင့်မပန် ပဲ သွားလျှင် အာပတ်သင့်၏ )

၂။ သုံးထည် ထဲမှာ ၊ ထားလိုရာ ၊ ထားကာ သွားနိုင်သည်။
တိစီ၀ရိတ် ဓုတင်ဆောင် ရဟန်းတော် ဖြစ်လျှင် သင်္ကန်း သုံးထည် တို့တွင်(သင်းပိုင် ဧကသီ ဒုကုဋ် )တစ် ထည် ထည်ကို ထားခဲ့ပြီး ၍ သွားလိုရာ သွားနိုင်ပါသည်။
(အကယ်၍ ကထိန် အာနိသင် မရပဲ သင်္ကန်းတစ် ထည်ထည် ကို ထားခဲ့ပြီး ၍ သွားလိုရာ သွားလျှင် အာပါတ် သင့်၏ )

၃။ လေးပါး တူပင် ၊ ဂိုဏ်းဘောဇဉ် ၊ စားလျှင် စားနိုင်သည်။
ပင့်ဖိတ်သူ ဒကာ၊ ဒကာမ တို့က အပင့်အဖိတ် မတတ်၍ အရှင်ဘုရား၊ တပည့်တော်တို့ အိမ် ထမင်းစားကြွပါ ဘုရား၊မုန့်ဟန်းခါး စား ကြွပါ ဘုရား၊ စသည်ဖြင့် မအပ်သော အသုံး အနှုံးဖြင့် ပင့် ဖိတ်သော်လည်း ဘုဉ်းပေး ခွင့် ရှိ၏၊
(အကယ် ၍ ကထိန် အာနိသင် မရပဲ ဘုဉ်းပေးလျှင် အာပါတ် သင့်၏)

၄။ သင်္ကန်းများစွာ ၊ ငါးလ မှာ ၊ သိမ်းကာ ထားနိုင်သည်။
မိမိ ရရှိသော သင်္ကန်း ကို အဓိဋ္ဌာန် ဝိကပ္ပနာ မပြုပဲ (သင်္ကန်း ကာလ- ၅ -လ အတွင်း ) ထားပိုင်ခွင့် ရှိသည်၊
( အကယ် ၍ ကထိန် အာနိသင် မရရှိပဲ မိမိ ပိုင် သင်္ကန်းကို အဓိဋ္ဌာန် ဝိကပ္ပနာ မပြုပဲ ထားရှိ ပါက - ၁၀ - ရက်ကျော်လျှင် အာပါတ်သင့်၏)။

၅။ သံဃာ လှူငြား ၊ သင်္ကန်း များ ၊ သူအား သာ ဖြစ်သည်။
ကထိန်ခင်းသောကျောင်း ၌ သင်္ကန်းဖြစ်ပေါ်လာတိုင်း ကထိန် ခင်းသော(ကထိန် အာနိသင်ရသော) ရဟန်း တို့ပိုင်ဆိုင်ခွင့် စိတ်ကြိုက် ဝေဘန်ခွင့် ရှိသည်။
(အကယ်၍ ကထိန် အာနိသင် မရပဲ ထိုကဲ့သို့စိတ်ကြိုက် ဝေဘန် လျှင် အာပါတ်သင့်နိုင်၏ )။


ကထိန်နှင့် ပတ်သက် ၍ ရဟန်းတော်များ ထူးခြားသော အကျိုး တို့ကို့ ရရှိနိုင် သကဲ့သို့ ကထိန် သင်္ကန်း လှူဒါန်းကြသော အလှူရှင်များ မှာလည်း အကျိုးထူး များ ရရှိနိုင်ပါသည်။

လှူသူမှာ လဲ ၊ နည်းတူပဲ ၊ ရမြဲကျိုးငါးမည် ။

၁။ တားဆီးကင်းကွာ ၊ လွတ်လပ်စွာ ၊ လိုရာသွားနိုင်သည် ။
မိမိ သွားလိုရာ အရပ်သို့ အဆီး အတား အပိတ်အပင် အနှောင့် အရှက် မရှိ လွတ်လွတ် လပ်လပ် သွားလာ နိုင်သည်။

၂။ တာ၀န် ကိစ္စ၊ မလေးရ၊ ပေါ့လှလေတော့သည် ။
မည်သည့် ကိစ္စပဲ ဆောင်ရွက်ဆောင်ရွက် တာ၀န်ကြီး လေးသည်ဟု မရှိ ၊ပေါ့ပေါ့ ပါးပါးဖြင့် အောင်မြင်အောင်ဆောင် ရွက်နို င်သည်။

၃။ စားလိုရာ များ ၊ စားသော်ငြား ၊ ဘေးကား မဖြစ်ပြီ။
မည့်သည့် အစားအစာ ကိုပဲ စားစား အစား အသောက် ကြောင့် ဘေးဖြစ်ခြင်း ၊ အစာ အဆိပ် သင့်ခြင်း မဖြစ်နိုင်။
(အစာကို ကြေညက် အောင် ချေဖျက်နိုင်သော ပါစက ၀မ်းမီးနှင့် ပြည့်စုံသည် )။

၄။ ပစ္စည်း အများ ၊ သိမ်းပိုက်ထား ၊ ဘေးကား မရှိပြီ။
မိမိ ပိုင်ဆိုင်သော ပစ္စည်းမျာ း ပျက်စီးအောင် ဖျက်ဆီး တတ်သော ဘေးရန် များ မကျရောက်နိုင်။

၅။ ကိုယ့် ပစ္စည်းများ ၊ သူတစ်ပါး ၊ ယူသွား ကင်းပသည် ။
မိမိ ပိုင်ဆိုင်သော ပစ္စည်းဥစ္စာ များကို မိမိ က မပေးပဲ မည်သူ တစ်ဦးတစ်ယောက်မျှ မယူနိုင် ၊ မသိမ်းပိုက်နိုင်။
ကထိန် ဒကာ၊ ကျိုးငါးဖြာ၊ ကောင်းစွာ ရနိုင်သည်။

ထို့ပြင် ကထိန်သင်္ကန်း လှူဒါန်းသော အလှူ ရှင်များမှာ
၁။ ရွှေ အဆင်းကဲ့သို့ ဝါ၀င်းသော အသား အရေရှိခြင်း၊
၂။ ခန္ဓာကိုယ် ၌ ( မြူ စသော ) အညစ် အကြေး ကင်းစင်ခြင်း၊ ( အလှဖျက် အနာ အဆာ မရှိခြင်း ) ၊
၃။ ခန္ဓာကိုယ်နူးညံ့ပြေပြစ်ခြင် း၊
၄။ ကိုယ်ရောင် ကိုယ်ဝါ တောက်ပခြင်း၊
၅။ ညိုရွှေဖြူနီစသော ခေတ်ပေါ် အ၀တ် အထည် အမျိုးမျိူးကို ဆင်မြန်းခွင့် ၀တ်ဆင်ခွင့်ရခြင်း၊
၆။ ကျောင်းအမကြီး ဝိသာခါ စသူတို့ကဲ့သို့ မဟလ္လတာ တန်ဆာ ကို ဆင်မြန်းခွင့် ရရှိ ခြင်းတို့နှင့်
၇။ အရဟတ္တ ဖိုလ်ပေါက် နိဗ္ဗာန် မျက်မှောက် ပြုနိုင်ခြင်း

ဟူသော သင်္ကန်း လှူရခြင်း အကျိုးတရား များစွာ တို့ကိုလည်း ရရှိနိုင် ပေသည်။


ကထိန် သင်္ကန်းဖြစ်ပေါ်လာပုံ သမိုင်းအကျဉ်း
သုံးလောက ထွဋ်ထား ရှင်တော်မြတ်ဘုရား သည် သာသနာပြုရာ ၌ ဗဟိုဌာနချုပ် သဖွယ်ဖြစ်သော
သာ၀တ္ထိပြည် အနာထပိဏ် သူဌေး (သူဌေးကတော် ပုညလက္ခဏဒေဝီ) ဆောက်လုပ် လှူဒါန်းအပ်သော
ဇေတ၀န် ကျောင်းတော်ကြီး ၌ သီတင်းသုံးနေတော်မူ၏။

ထိုစဉ် အခါ တောရကျောင်း၌ သီတင်းသုံး နေထိုင်ခြင်း ၊
*အာရည က ဓုတင်၊ ဆွမ်း ခံ၍ဘုဉ်းပေးခြင်း ၊
*ပိဏ္ဍပါတ် ဓုတင်၊ လူတို့က မသုံး လို၍ အမှိုက်ပုံ စသည်၌ စွန့်ပစ် ထားသော မြေမှုန့် အလိမ်း လိမ်း ကပ်ငြိနေသော အ၀တ်စုတ် ကို သင်္ကန်းချုပ် ဆိုးကာ၀တ်ရုံ သုံး ဆောင်ခြင်း ၊
*ပံသူကူ ဓုတင်၊ သင်းပိုင် ဧကသီ ဒုကုဋ်ဟူ သော သင်္ကန်း သုံးထည် ကို အမြဲဆောင်ခြင်း ၊
*တိစီ၀ရိက် ဓုတင်၊ ယင်း ဓုတင် အကျင့်မြတ် တို့ကို ကျင့် သုံးကြသော ဘဒ္ဒ၀ဂ္ဂီ ညီနောင် သုံးကျိပ် တို့သည် ရှင်တော်မြတ် ဘုရား ကို ဖူးမြင်ရန် သာ၀တ္တိပြည် ဇေတ၀န်ကျောင်းတော် သို့လာကြ ရာ ဝါဆိုရက် နီးကပ်နေ ၍ သာ၀တ္ထိ ပြည် သို့လည်း ဝါဆိုရန် မမှီတော့သည့်အတွက် လမ်းခရီးအကြား
သာ၀တ္တိ ပြည်နှင့် ခြောက် ယူဇနာ ဝေးသော (တစ်ယူဇနာ- ၈ -မိုင်နှုန်း ) သာကေတမြို့၌သာ ဝါဆိုကြရရှာလေသည်။


ထို ရဟန်းတော် သုံးကျိပ် တို့ သည် ရှင်တော်မြတ် ဘုရားနှင့် “နီးလျှက် နဲ့ဝေး” ဖြစ်နေကြသောကြောင့်
မပျော် ပိုက်ပဲ တစ်ဝါတွင်း လုံ၊ နေကြရလေသည်။

၀ါကား ကျွတ်လေပြီ၊ သို့သော် မိုးကား မလွတ် သေးပေ၊ မိုးလွတ်သည် ထိလည်း အချိန်ကုန် ခံ၍ စောင့် မနေနိုင်တော့ပေ၊ ထို့ကြောင့် ဝါကျွတ် ၍ ပဝါရဏာပြုပြီး သည်နှင့် တပြိုင်နက် မိမိတို့ ဝါဆို ရာ သာကေတ မှ ဘုရားရှင် သီတင်းသုံးရာ သာ၀တ္ထိ သို့ မိုးထဲရေထဲ ရွှံထဲ ဗွက်ထဲ မှာပင် ဘုရားရှင် ကို ဖူးမြင်ရန် ဆန္ဒ ပြင်းပြ ကြ သဖြင့် မိုးရေ စိုရွှဲ ပင်ပန်း ဆင်းရဲစွာကြွတော်မူ ကြရလေသည်။

ဘုရားရှင် ထံမှောက် ရောက်ကြ၍ လက်အုပ် ချီမိုး ရှိခိုးကြပြီး သင့်တော်ရာ ၌ ထိုင်နေကြသော
ထို ဘဒ္ဒ ၀ဂ္ဂီ ညီနောင် သုံးကျိပ် တို့အား ဘုရားရှင် က“ရဟန်းတို့ အသို့နည်း၊ ကျန်းမာကြကုန်၏လော၊ မျှတကြကုန် ၏လော၊ အညီ အညွတ် ၀မ်းမြောက် ၀မ်းသာ မငြင်း ခုံဘဲ ချမ်းသာစွာ ဝါကပ် ခဲ့ကြပါကုန် ၏လော၊ ဆွမ်း အတွက် မပင်ပမ်း ပဲ ရှိကြပါကုန် ၏လော”ဟု မေးမြန်းတော်မူရာ၊

ရဟန်းတော်များက........
“ ကျန်းကျန်း မာမာ မျှမျှ တတ ညီညီ ညွတ်ညွတ် နှင့် နေခဲ့ကြရပါသည် ၊ ဆွမ်း အတွက် လည်း မပင်ပမ်းပဲ ရှိကြပါသည်။ သို့သော် သာ၀တ္ထိ သို့ ဝါဆို မှီရန် လာကြပါသော်လည်း ဝါဆိုရက် နီးကပ်လွန်း သဖြင့် လမ်း ခရီးအကြား သာကေတ ၌သာ ဝါဆို ခဲ့ကြရ ပါသည်၊ ဝါကျွတ် ၍ ပဝါရဏာပြုပြီး သည် ဆိုရင်ပဲ မိုးထဲ ရေထဲ ရွှဲ့ထဲ ဗွက်ထဲ စိုရွှဲသော သင်္ကန်း များဖြင့် ပင်ပင် ပမ်းပမ်း လာခဲ့ကြရပါသည်ဘုရားဟု” အကြောင်းစုံ ကို ရှင်တော်မြတ်ဘုရား အား လျှောက်ထားကြလေသည်။

ထိုပါဝေယျက တိုင်းသား ရဟန်းတော် တို့၏ နှစ်ထပ် သင်္ကန်း ကိုယ်စီ ဆောင်ထားကြလျှက် မိုးထဲရေထဲ ရွှံ့ထဲ ဗွက်ထဲ ၌ မိုးရေများ စိုရွှဲကာ ပင်ပမ်း ဆင်းရဲကြီးစွာဖြင့် -လာကြရသည် ကို အကြောင်းပြု၍
“ အနုဇာနာမိ ဘိက္ခဝေ ၀ဿံ ဝုဋ္ဌာနံ ဘိက္ခူနံ ကထိနံ အတ္ထရိတုံ၊

ရဟန်း တို့ ဝါကျွတ်သော ရဟန်း တို့အား ကထိန်ခင်းခြင်းငှာ ခွင့်ပြု၏ ”
ဟု အစရှိ သည်ဖြင့် ကထိန် ခင်းခြင်း (ကထိန် သင်္ကန်း) ကို ရှင်တော် မြတ်ဘုရား ခွင့်ပြုတော်မူပါသည်။

၁။ ဥစ္စာဓန၊ ပေါကြွယ်၀လည်း၊ လောဘ စုံမက်၊ မလှူရက်က၊ တသက်လျှာ လူဖြစ်နာ၏။
၂။ ဘုရား သာသနာ၊ ကြုံတွေ့ပါလည်း၊ ကောင်းစွာသီလ၊ မတည်ကြလျှင်၊ ဘ၀တွက်တာ လူဖြစ်နာ၏။
၃။ သူတော် တရား၊ နာရငြားလည်း၊ လေးစားကြိုးကုတ်၊ အားမထုတ်က၊ ဆုတ်ယုတ်သင့်မှာ လူဖြစ်နာ၏။
၄။ ဗုဒ္ဓ တရား၊ ရှိနေငြားလည်း၊ အမှားနှစ်ခြိုက် လမ်းလွဲလိုက်က၊ အမိုက် ထိပ်ဆုံး လူဖြစ်ရှုံး၏။
၅။ လက်ရှိ ဘ၀၊ မရှုံးရအောင်၊ ဒါန သီလာ၊ ဘာ၀နာ ကို၊ မကွာနေ့ည၊ ကြိုးစားကြလော့…. ။

အရှင်ကိတ္တိဇယ(ညောင်ကန်အေး)

_____________________________________________

ကထိန် အကြောင်းအရာ သိကောင်းစရာ စာအုပ်ကို အောက်ပါ လင့်တွင့် download ရယူနိုင်ပါသည်။
https://drive.google.com/file/d/0B1dPMyICBvLnTUhVOEFNYWRnalU/view

Credit _original

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Website

Address


Yangon