Learn With Us

Learn With Us

Share

To create a smart atmosphere for teaching & learning Process

17/10/2024

🌟 ဝါလကင်းလွတ် သီတင်းကျွတ်အခါသမယတွင် မြန်မာပြည်သူ/သားအားလုံး စိတ်၏ချမ်းသာခြင်း ၊ ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံကြပါစေ ။ 🪔

✨ ကိုယ်၊စိတ်၊နှလုံး အေးချမ်းသာယာပြီး တောင်းသမျှဆုများလည်းပြည့်၀ကြပါစေကြောင်းလည်း ဆုမွန်ကောင်းပို့သအပ်ပါသည် ။ 🙏

💥 ကျောင်းသူ/ကျောင်းသားများအနေဖြင့်လည်း အတန်းပိတ်ရက်များအတွင်း တည်ငြိမ်အေးချမ်းသော နေ့ရက်များကိုပိုင်ဆိုင်ပြီး ကိုယ်၊စိတ်နှစ်ပါးအေးချမ်းကြပါစေကြောင်း ထပ်မံ၍ဆုမွန်ကောင်းတောင်းခြွေအပ်ပါသည် ။ 🎊

20/07/2024

“ဝါဆိုလပြည့် ဓမ္မစကြာနေ့ ”
၂၀၂၄ခုနစ်၊ ဇူလိုင်လ (၂၀) ရက်နေ့မှာ ကျရောက်ပါသော
"ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့) " တွင် မိဘပြည်သူများ အားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် ဘေးအန္တရာယ် ကင်းဝေးကာ လိုအင် ဆန္ဒများ ပြည့်ဝပါစေကြောင်း Learn With Us မိသားစုမှ ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်။

12/05/2024

Happy Mother's Day 💕 Being a mother means something different to everyone. And we want to celebrate you all today.

11/05/2024

Today I wanna share about "the usage of possibilities".

100% >> Definitely
90% >> Almost certainly
80% >> Likely
70% >> Probably
60% >> Perhaps
50% >> Maybe
40% >> Unlikely
30% >> Improbably
20% >> Doubtfully
10% >> Almost never
0% >> Definitely not

05/05/2024

Hello Everyone! 🤗🤗

🌿 ဒီနေ့ မျှဝေပေးချင်တဲ့ အင်္ဂလိပ် Pattern လေး တစ်ခုကိုပြောပြပေးချင်ပါတယ်။
🌕 အဲ့ဒါကတော့

I can't help + Ving (မနေနိုင်အောင်ဖြစ်သည်၊ မတတ်နိုင်အောင်ဖြစ်သည်။ ) လို့အဓိပ္ပါယ်ရပါတယ်။
🫣🫣 ဒါဆိုရင် အဲ့ဒီပက်တမ်လေးနဲ့ စာကြောင်းတွေတွေမှာ ဘယ်လိုအသုံးပြုရမလဲ ပြောပြပေးပါမယ်။

I can't help working all the time.🧑‍💻😌
- ကျွန်တော်တစ်ချိန်လုံး အလုပ်မလုပ်ဘဲ မနေနိုင်ဘူး။ 😉😉

I can't help smiling when I see my crush. 🤭🙈
- ခရက်ကိုတွေ့တဲ့အခါ မပြုံးဘဲ မနေနိုင်ဘူး။ အားးး😗😛

I can't help using my phone all day. 😎🤓
- ကျွန်တော်တစ်နေကုန် ဖုန်းမသုံးဘဲ မနေနိုင်ဘူး။ 🙂‍↔️🙂‍↔️ meလိုပေါ့

ကဲ..... ဒါဆိုရင် ဒီပက်တမ်လေးကို သုံးတတ်မယ်လို့ထင်ပါတယ်။ 🥰😘 သင့်အတွက် အကျိုးရှိမယ်လို့လည်းမျှော်လင့်ပါတယ်။
ဆိုတော့ ဒါလေးနဲ့ ပတ်သက်တဲ့စာကြောင်းတစ်ကြောင်း ကောမန့်မှာရေးခဲ့ကြပါအုံးနော်😊


05/05/2024

ကျနော်အခုတင်‌ ပေးမှာကတော့ လွယ်မလိုလိုနဲ့ ခက်ပြီး ရောနေတဲ့ "3️⃣ "လုံးဘဲ ဖြစ်ပါတယ်။

Buddha-ဗုဒ္ဓ
Buddhism-ဗုဒ္ဓဘာသာ
Buddhist-ဗုဒ္ဓဘာသာဝင်

ဒါဆို Buddha နဲ့ပတ်သတ်တဲ့ အသုံးအနှုန်းလေး တွေ ဆက်လေ့လာကြည့်ရအောင်✔️

သူကဗုဒ္ဓဘာသာကို ယုံကြည်ကိုးကွယ်သူတစ်ယောက်။

He believes in Buddhism.
____

သူက ဗုဒ္ဓဘာသာဝင် တစ်ယောက်။

He is a Buddhist.
____

ဗုဒ္ဓဘာသာက အိန္ဒိယနိုင်ငံမှ စတင်ခဲ့ပါတယ်.

Buddhism originated in India.
__

ကိုးကွယ်တဲ့ ဘာသာကဘာလဲ?

What is your religion?

✅""(အဲ့လိုလဲပြောသလိုရသလို ဒီနေရာမှာ တချို့ကျ မေးတာလေးတေကအနည်းငယ်ကွာပြားနေတက်ပါတယ် အဲ့တွက် နောက်တမျိုးလေးထပ်ပြောလို့ရပါသေးတယ်)""✅

သင့်မှာ ကိုးကွယ်တဲ့ ဘာသာရှိလား?

Do you have a religion?
___

ရှိပါတယ်။ ကျနော်က ဗုဒ္ဓဘာသာပါ

Yes,I am a Buddhist.

ဒီလောက်ဆို အကြမ်းဖျင်းသိလောက်ပြီလို့ထင်ပါတယ်။❤️

07/12/2023

အမျိုးသားနေ့ ဒို့မမေ့

🎉 𝐇𝐚𝐩𝐩𝐲 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐍𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐃𝐚𝐲 🎉
၁၃၈၅ ခု၊ တန်ဆောင်မုန်းလဆုတ် ၁၀ရက်

(၁၀၃)နှစ်မြောက် မြန်မာအမျိုးသားနေ့အား
မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။

မြန်မာပြည်သူအပေါင်းဘေးရန်ကင်းကွာပြီး
နောင်အနာဂတ်၏အမျိုးသား​ပညာရေး
အဆင့်တန်းမြင့်မား၍ နိုင်ငံငြိမ်းချမ်းပါစေကြောင်းဆုမွန်ကောင်းတောင်းအပ်ပါသည်။

#တန်ဆောင်မုန်းလပြည့်နေ့

28/11/2023

♥ ပံသုကူပစ်ပွဲ♥

#ပံသုကူသင်္ကန်း #

ပံသုကူပစ်ပွဲသည်လည်း တန်ဆောင်မုန်းလ၏ ပွဲတပွဲဖြစ်သည်။ပွဲတပွဲဟုဆိုရသော်လည်း အခြားပွဲများကဲ့သို့ လူစုလူဝေးများဖြင့် ထင်ထင်ရှားရှား ကျင်းပပြုလုပ်သော ပွဲမျိုးမဟုတ် လူအများကွယ်ရာတွင်ဖြစ်စေ ညမှောင်ချိန်တွင်ဖြစ်စေ သင်္ကန်းစသည့် သံဃာ့ အသုံးအဆောင် ပစ္စည်းများကို တိတ်တဆိတ် စွန့်ပစ်လှူဒါန်းကြသော ပွဲမျိုးတည်း။အခမ်းအနားဖြင့်ကျင်းပသော ပွဲမျိုးမဟုတ်စေကာမူ ရှေးအခါက ပံသုကူပစ်၍ လှူဒါန်းသူအလွန်များသဖြင့် အများပြုလုပ်သည်ကိုစွဲ၍ ပံသုကူပစ်ပွဲဟု ခေါ်ဝေါ်သုံးစွဲခြင်းဖြစ်သည်။
ပံသုကူပစ်ပွဲသည် ဗုဒ္ဓဘာသာ၏ ကျင့်စဥ်ဓမ္မများဖြစ်သော ဓုတင် -၁၃ပါးတွင် တပါးအပါအဝင်ဖြစ်သည့် ပံသုကူဓုတင်ကို အကြောင်းပြု၍ ဖြစ်ပေါ်လာသော ပွဲဖြစ်သည်။ ပံသုကူဓုတင်အကျင့်ဆိုသည်မှာ ဒကာ ဒကာမများက တိုက်ရိုက်လှူဒါန်းသည့် သင်္ကန်းကိုပယ်၍ အမှိုက်ပုံစသည်၌ လူတို့စွန်ပစ်ထားသော အဝတ်များကို ကောက်ယူစုဆောင်းပြီး ချုပ်စပ်ထားသည့် သင်္ကန်းကိုသာ ဝတ်ရုံခြင်းဖြစ်သည်။
ပံသုကူ၏ မူလအမည်မှာ ပံသုကူလဟူသော ပါဠိပုဒ်ဖြစ်၏။ယင်းပါဠိမှ ပံသုကူဟု၄င်း ပံ့သကူဟု၄င်း မြန်မာမှုဖြစ်လာပါသည်။ပံသုကူဟူသောမူလနာမည်၏ ရင်းမြစ်အဓိပ္ပါယ်မှာ မြေမှုန့် ဖုန်မှုန့်များအပေါ်၌​ မြစ်ကမ်းသဖွယ်မြင့်တက်နေသည့် အဝတ်ပိုင်းဟု ဆိုလိုပေသည်။(ပံသု=မြေမှုန့် ဖုန်မှုန့်+ကူလ=မြစ်ကမ်းသဖွယ်မြင့်တက်သည့် အဝတ်ပိုင်း)ကမ်းသည် မြစ်ရေအထက်တွင်မြင့်တက်နေသကဲ့သို့ ဤအဝတ်ပိုင်းသည်လည်းကုန်း​​​ မြေအထက်တွင် မြင့်တက်နေလေရာ မြင့်တက်ပုံချင်းတူသဖြင့် မြစ်ကမ်းနှင့် ဥပမာပြုထားခြင်းဖြစ်သည်။တနည်းအားဖြင့် မြေမှုန်ဖုံမှုန့်များ လိမ်းကပ်နေသောကြောင့် မြေမှုန့်ဖုံမှုန့်များပမာ စက်ဆုပ်ရွံရှာဖွယ်ရာအဖြစ်သို့ ရောက်နေသောအဝတ်ပိုင်းဖြစ်သည်ဟုလည်း ဖွင့်ဆိုကြပေသေးသည်။
(ပံသု=မြေမှုန့်ပမာ+ကု=စက်ဆုပ်ရွံရှာဖွယ်အဖြစ်သို့+ဥလ=ရောက်သည့်အဝတ်ပိုင်း)
ဆင့်ပွားအဓိပ္ပါယ်အားဖြင့်တစုံတခုသော ပိုင်ရှင်မဲ့ပစ္စည်းကို ဖြစ်စေ မိမိလုံ့လပယောဂမပါပဲ အလိုလျောက်ဖြစ်ပေါ်လာသည့် အမဲသားငါး စသည့်ပစ္စည်းတို့ကို ဖြစ်စေ ပံ့သကူဟု မြန်မာလူမျိုးတို့ ခေါ်ဝေါ်ကြသည်။ယင်းပံ့သကူကိုပင် ပင့်သကူဟု၄င်း ပင့်တကူဟု၄င်း ပြောဆိုရေးသားကြပေသေးသည်။
အချုပ်အားဖြင့် ပံသူကူ သင်္ကန်းဆိုသည်မှာ အမှိုက်ပုံ သုသာန် သင်္ချိုင်း
စသည်တို့၌ စွန့်ပစ်ထားသည့် မြေမှုန့် ဖုံမှုန်ပမာ စက်ဆုပ်ရွံရှာဖွယ်ကောင်းသော အဝတ်ပိုင်းများကို ကောက်ယူ လျှော်ဖွတ်ပြီး ဖာထေးချုပ်စပ်ထားသော သင်္ကန်းပင် ဖြစ်ပါသည်။
ထိုပံသုကူသင်္ကန်းသည် ဖြစ်ပေါ်လာရာဌာနကိုအကြောင်းပြု၍ ၂၃ မျိုးရှိကြောင်း အဋ္ဌကထာများ၌ ပြဆိုထားပေသည်။....................................
ပံသုကူဓူတင် ဆောင်သောရဟန်းသာမဏေများသည် ဤ ၂၃ မျိုးသောအဝတ်ပိုင်းတို့တွင် ရရာအဝတ်ပိုင်းတို့ကို ကောက်ယူ လျှော်ဖွပ်ပြီး
အသားကောင်းများကို ဆုတ်ဖြတ် ဖာစပ် ဝတ်ရုံကြရပေသည်။.................
ဘုရားရှင်ဝါတော်နှစ်ဆယ်ရသည့်အထိ ဘုရားရှင်နှင့် ဘုရား၏တပည့်သာဝက အားလုံးတို့သည် ပံသုကူသင်္ကန်းကို ဝတ်ရုံဆင်မြန်း၍ ပံသုကူဓုတင်ကို ဆောင်ခဲ့ကြရပါသည်။...........................
ဘုရားရှင်ဝါတော်နှစ်ဆယ်အတွင်း၌ ဒကာဒကာမများလှူဒါန်းသည့် သင်္ကန်းများမပေါ်ပေါက်သေးသဖြင့် ထိုစဥ်အခါက ဒကာဒကာမများ ပံသုကူပစ်သည့်အလေ့အထများ မရှိသေးဟု ဆိုရပေမည်။ဘုရားနှင့်ဘုရား၏တပည့်သာဝကများမှာ အများအားဖြင့် သုသာန်စသောအရပ်များသို့ကြွရောက်၍ ပံသုကူအဝတ်သင်္ကန်းများ ကိုသာ ရှာမှီးဝတ်ရုံတော်မူလေ့ရှိကြသည်။
လူသားများပစ်သည့် ပံသုကူသင်္ကန်းများကို ပိဋကတ်တော်၌ မတွေ့ရသော်လည်း နတ်သမီးက ပံသုကူသင်္ကန်း ပစ်၍လှူဒါန်းသည်ကိုမူ
ဓမ္မပဒအဋ္ဌကထာ အရဟန္တဝဂ် အရှင်အနုရုဒ္ဓါမထေရ်ဝတ္ထု၌ တွေ့ရပါသည်။.......................................................................................

#မြန်မာတို့၏ပံသုကူပစ်ပွဲ #

မြန်မာပြည်သို့သာသနာရောက်လာချိန်တွင် ရှေးခေတ်မြန်မာကြီးတို့သည် ပိဋကတ်တော်လာ ပံသုကူပစ်သည့် အကြောင်းအရာများကို အစွဲပြု၍ ပံသုကူပစ်ပွဲကို ပြုလုပ်ခဲ့ကြပေသည်။မြန်မာနိုင်ငံတွင်ပံသုကူပစ်ပွဲသည်---

"ပုရှာလေပြီဧအ်။ပုထုပ်လေပြီဧအ်။က(ဓိ)န် ပင်္သကူလေပြီဧအ်"
(သက္ကရာဇ်၊၅၆၃ ခုထိုး ၊သင်ကြီးညောင်အုပ် ကျောက်စာ ကျော ၁-၂-၃)

ဟူသောပုဂံခေတ်ထိုးကျောက်စာကိုကြည့်လျှင် ပုဂံခေတ်ကပင်ရှိခဲ့သော ပွဲတစ်ပွဲဖြစ်ကြောင်း ထင်ရှားပေသည်။

သို့သော် မှန်နန်းမဟာရာဇဝင်တော်ကြီး (ပထမတွဲ)လာ အောက်ပါ
ပံသုကူငစွယ်ရှင်မထေရ်မြတ်အကြောင်းအရာကို ထောက်ရှုပါလျှင် ပံသုကူပစ်ပွဲသည် ပုဂံခေတ်ဦးပိုင်းတွင် ကျယ်ကျယ်ပြန့်ပြန့်မထွန်းကားသေးဟု ယူဆရပေသည်။

ပံသုကူငစွယ်ရှင် မထေရ်ကား သက္ကရာဇ် ၅၃၆ ခုနှစ်တွင် နန်းတက်သော နရပတိစည်သူမင်းကြီး လက်ထက်တွင် အကျင့်အလွန်ကောင်းသဖြင့် လူအများက ရဟန္တာဟု ဂုဏ်တင်ပြောဆိုသမုတ်ခံရသည့် မထေရ်ကျော်တစ်ပါးတည်း၊ထိုမထေရ်သည် ကထိန်သင်္ကန်းကိုမခံ တစပြင်၌ သူကောင်လွှမ်းသောပုဆိုးကိုသာကောက်ယူ၍ ထာဝစဥ်ပင် ပံသုကူဓူတင်ဆောင်လေ့ရှိ၏။တနေ့တွင် ငစွယ်ငယ်ဆိုသော သူငယ်သည်
အဖော်များနှင့် နွားကျောင်းနေစဥ် အဖော်များကို "ငါလည်းကုသိုလ်ရ၊မင်းတိုလည်းကုသိုလ်ရအောင် ငါသေယောင်ဆောင်မည်၊ငါ့ကိုယ်ပေါ်တွင် မင်းတို့ပုဆိုးကိုလွှမ်းပြီး အရှင်မြတ်အား ပံသုကူကောက်တော်မူရန်
မင်းတို့လျှောက်ထားကြ"ဟု ဆို၏ အဖော်သူငယ်ချင်းများကလည်း ငစွယ်ငယ်ဆိုသည့်အတိုင်း ပြုလုပ်ကြ၏။အရှင်မြတ်လည်း သုသာန်သို့ကြွ၍ ပံသုကူ ကောက်တော်မူ၏။
အရှင်မြတ်ပြန်ကြွသွားသောအခါ ငစွယ်ငယ်မှာ အသက်မရှုတော့ဘဲ
သူသေကဲ့သို့ဖြစ်နေ၏။ထိုအခါအဖော်များမှာ ထိတ်လန့်ပြီး ငစွယ်ငယ်၏မိဘတို့ကို အကြောင်းစုံ ပြေးပြောကြလေသည်။မိဘများသည်လည်း အရှင်မြတ်ထံသွား၍ အဖြစ်မှန်ကို လျှောက်ထားကြရာ မထေရ်မြတ်ကြွလာပြီး ပရိတ်မေတ္တာပြုမှ ငစွယ်ငယ် ထ၍ရှိခိုး၏။မိဘများသည် ငစွယ်ငယ်ကို မထေရ်မြတ်အားလှူ၏။ဤအချိန်မှစ၍ မထေရ်မြတ်အား "ငစွယ်ရှင်"ဟုခေါ်ဝေါ်ကြလေသည်။

မြန်မာနိုင်ငံတွင် ပံသုကူပစ်ပွဲ ပြန်ပွားထွန်းကားလာသော အချိန်၌ မြန်မာလူမျိုးတို့သည် ဒွိစုံ(အပေါ်ရုံ+ခါးဝတ်)ကိုဖြစ်စေ၊နှစ်ထပ်(ဒုကုဋ်=ဒုဂုဏ်)သင်္ကန်းကြီးကိုဖြစ်စေ အပေါ်ရုံ ဧကသီသင်္ကန်းကိုဖြစ်စေ၊ခါးဝတ်သင်းပိုင်ကိုဖြစ်စေ မိမိတို့စွမ်းအားရှိသလောက် ပံသုကူပစ်၍ လှူဒါန်းလေ့ရှိကြသည်။ပံသုကူ ကုသိုလ်ရှင်တို့သည် ကျောင်းတိုက်အတွင်း သံဃာများသွားလာလေ့ရှိသော (ဝါ)သံဃာများ မြင်နိုင် ​ေတွ့နိုင်လောက်သော သိမ်၊ဘုရားကျောင်း၊ကုဋီ၊နတ်လမ်းနှင့်ကျောင်းဝင်ဝ စသော နေရာတို့၌သော်လည်းကောင်း ကျောင်းတိုက် အပြင်ဘက်၌သော်လည်းကောင်း ညမှောင်ချိန်တွင် စွန့်ပစ်ထားလေ့ ရှိကြသည်။
ထိုစွန့်ပစ်လှူဒါန်းထားသည့် သင်္ကန်းစသည်ကို ပထမဆုံးတွေ့ရှိသည့်သံဃာက ပံသုကူအဖြစ် ကောက်ယူတော်မူသည်။ပထမတွင် ပံသုကူဆောင်သံဃာများအတွက် စွန့်ပစ်လှူဒါန်းလေ့ရှိကြသော်လည်း ပံသုကူဓူတင်ဆောင်သံဃာများ မရှိသလောက်ရှားပါးလာသော နောက်ပိုင်းခေတ်တွင် ပံသုကူဆောင်-မဆောင် မရွှေးချယ်တော့ပဲ "ဦးစွာတွေ့ရှိသည့်သံဃာ ကောက်ပါစေ"ဟူသော ရည်မှန်းချက်စေတနာမွန်ဖြင့် စွန့်ပစ်လှူဒါန်းလာကြသည်ကို တွေ့ရသည်။
နောက်ပိုင်းခေတ်၌မူ ပံသုကူ ကုသိုလ်ရှင်တို့သည် သင်္ကန်းကိုသာမဟုတ်ဘဲ ထီး၊ဘိနပ်၊သပိတ်၊သေတ္တာ၊ကောဇော၊အိပ်ရာခင်း၊လက်ကိုင်ပုဝါ၊မျက်နှာသုတ်ပဝါစသည့် သံဃာ့အသုံးအဆောင် ပစ္စည်းများကိုလည်း ပံသုကူပစ်ကာတိုးချဲ့ လှူဒါန်းလာကြသည်။အချို့က သပိတ်ချည်းသက်သက်မပစ်ပဲ သပိတ်ထဲတွင်မွန်မြတ်သော ဆွမ်းနှင့် ဟင်းတို့ကို အပြည်ထည့်ကာ ပံသုကူပစ်ကြသည်ကိုလည်း တွေ့ရ၏။
မြန်မာလူမျိုးတို့ ပံသုကူပစ်ကြသည့်အချိန်ကား အများအားဖြင့် တန်ဆောင်မုန်းလ ဆောင်းဥတုကာလပင် ဖြစ်သည်။တန်ဆောင်မုန်းလကား မိုးလွတ်လေလွတ် ရာသီဖြစ်၍ ရာသီဥတုအားဖြင့် အလွန်သာယာပေသည်။ကထိန်သင်္ကန်း မသိုးသင်္ကန်းစသည့် သင်္ကန်းများကိုလှူဒါန်းကြသည့် သင်္ကန်းကာလအခါသမယလည်းဖြစ်သည်။ဘုရားရှင်လက်ထက်က အချို့ရဟန်းများသည် ကထိန်ခေတ်(သီတင်းကျွတ် လပြည့်ကျော်တရက်မှ တန်ဆောင်မုန်းလပြည့်နေ့ကာလ)အတွင်း၌ ပံသုကူသင်္ကန်း ရှာဖွေကောက်ယူသည်ဟု ပိဋကတ်စာပေများ၌ လာရှိသည်။ဘုရားရှင်ကိုယ်တော်တိုင် ဥရုဝေလတောမှ သေနာနိဂုံး သုသာန်သို့ကြွ၍ ပံသုကူသင်္ကန်း ကောက်ယူသည့်အချိန်မှာလည်း
ဆောင်းတွင်းကာလ တန်ဆောင်မုန်းလ သို့မဟုတ် တန်ဆောင်မုန်းလ ပန်ဝန်းကျင်ပင် ဖြစ်သည်။ဤအခြင်းအရာများကို အကြောင်းပြု၍ ရှေးမြန်မာကြီးတို့သည် တန်ဆောင်မုန်းလတွင် ပံသုကူပစ်ပွဲကို ပြုလုပ်ခဲ့ဟန်ရှိပါသည်။
သို့ရာတွင် မည်သည့်ဥတု မည်သည့်ကာလ၌ ပံသုကူကောက်ရမည်ဟု ပိဋကတ်တော်များတွင် တိတိကျကျ သတ်မှတ်ဖော်ပြချက်များကို မတွေ့ရချေ။သဘာဝအားဖြင့်လည်း ဘုရားအမှူးရှိသော သံဃာတော်တို့သည် တန်ဆောင်မုန်းလ တလထဲ၌သာ ပံသုကူကောက်တော်မူကြမည် မဟုတ်၊မိမိတို့အလိုရှိသောလများတွင် အလျင်းသင့်သလို ပံသုကူကောက်ကြမည်သာဖြစ်၏။ထို့ကြောင့် ရာသီဥတုသာယာသည့်အချိန် မည်သည့်လ၌မဆို ပံသုကူပစ်ကောင်းပေသည်။
ယခုခေတ်၌ မြန်မာနိုင်ငံတော်တွင် ပံသုကူပစ်၍ လှူဒါန်းခြင်းများ တဖြည်းဖြည်းနည်းပါးလာလေပြီ။သို့ရာတွင် လုံးဝကွယ်ပျောက်သွား ခြင်းကား မရှိသေးပေ။အချို့မြို့ရွှာဒေသများ၌
ပံသုကူပစ်မှုများရှိနေပေသေးသည်။

{ဆရာကြီးဓမ္မာစရိယဦးအေးနိုင်၏ ဆယ့်နှစ်ရာသီ မြန်မာ့ရိုးရာ ရာသီပွဲတော်များစာအုပ်မှ
ထုတ်ယူ မျှဝေပါသည်}

♥မူရင်းသတ်ပုံ♥

27/11/2023

***သာမည ဖလ အခါတော်နေ့***
••••••••••••••••••

တန်ဆောင်မုန်း လပြည့်နေ့တွင် မြတ်စွာဘုရားက အဇာတသတ်မင်းအား သာမည ဖလသုတ္တန်ကို ဟောကြားတော် မူသောကြောင့် ဤနေ့တိုင်းတွင်"သာမည ဖလ" အခါတော်နေ့ အထိမ်းအမှတ်ကိုကျင်းပ ပြုလုပ်ရခြင်းဖြစ်ပါသည်။

၁။ သာမည ဖလ ဆိုသည်မှာ ရဟန်းပြုရခြင်း၏ အကျိုးဟုအဓိပ္ပာယ် ရပါသည်။

၂။ ရဟန်း ပြုရခြင်း၏ အကျိုးကို ဟောကြားသောနေ့ဖြစ်၍ ဤနေ့ကိုသံဃာတော်များ၏နေ့ဟု ခေါ်ဆိုနိုင်ပါသည်။

၃။ သာမည ဖလသုတ်သည် ဒီဃနိကာယ် သီလခန္ဓ၀ဂ္ဂ ပါဠိတော်၌ လာရှိပါသည်။

၄။ သာမည ဖလသုတ်သည် ရဟန်းသံဃာတော်များအဖို့ ကြေးမုံမှန်ချပ်ကြီးသဖွယ်ဖြစ်၍ ကိုယ်ကျင့်သီလရှိသည် မရှိသည်ကို ဤသုတ်ဖြင့် ထင်ဟပ်စေနိုင်ပါသည်။

၅။ သာမည ဖလသုတ်သည် လူဒါယကာများအဖို့ ပြဒါးချိန်ကြီးသဖွယ်ဖြစ်၍ မိမိတို့ကိုးကွယ်နေသော ဆရာသမားများ၏ ကျင့်ကြံမှု ဟုတ်မဟုတ်၊ မှန်မမှန်ကို ဤ သုတ္တန်ဖြင့် ချိန်ကိုက် ကြည့်နိုင်ပါသည်။

၆။ အဇာတသတ်မင်းသားသည် ဒေ၀ဒတ်ကိုဆရာတင်မိ၍ အပေါင်းမှားပြီး ဖခင်ဖြစ်သူဗိမ္မိသာရမင်းကြီးကို သတ်မိသောကြောင့် ကံကြီးထိုက်ပြီး အိပ်မပျော်သောဝေဒနာစွဲကပ်ခဲ့ပါသည်။

၇။ ယင်းဝေဒနာကိုကုစားရင်း အမတ်များ၏အကြံပြုချက်အရ တိတ္ထိဆရာကြီး ၆ယောက်တို့ထံ သွားရောက်ပြီး ရဟန်းပြုခြင်း (သာမညဖလ) ၏အကျိုးကို စုံစမ်းမေးမြန်းရာ ကျေနပ်လောက်သောအဖြေကို မရရှိခဲ့ပါ။

၈။ နောက်ဆုံး သမားတော်ကြီးဇီ၀က၏ အကြံပေးချက်အရ ရာဇဂြိုဟ်မြို့အနီး ဇီ၀ကလှူထားသော သရက်ဥယျာဉ်တော်၌ သီတင်းသုံးလျက်ရှိသော မြတ်စွာဘုရားထံ သွားရောက်လျှောက်ထားသောအခါမှ သူသိလိုသော ရဟန်း ပြုခြင်းအကျိုး (သာမညဖလ)ကို သိရှိရပါတော့သည်။

၉။ အဇာတသတ်မင်းသည် သာမညဖလသုတ်တော်ကို ကြားနာရသည့်အချိန်မှ စပြီး ဗုဒ္ဓသာသနာတော်ကို သက်၀င်ယုံကြည်လာပြီး ပုထုဇဉ်များထဲမှ ရတနာသုံးပါးကို အကြည်ညိုဆုံး ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာပါသည်။

၁၀။ အဇာတသတ်မင်းသည် သာမညဖလသုတ် တရားတော်ကို ကြားနာရ၍ သူ့အပြစ်ကို ကုစားခဲ့သောကြောင့် အပြစ်ကြီးလေးသော မဟာအဝီစိငရဲတွင် မကျရောက်တော့ဘဲ အပြစ်ဒဏ်ပေါ့သော လောဟကုမ္ဘီ ငရဲ၌သာကျရောက်ပြီးနောင်သောအခါ ဝိဇိတာဝီမည်သော ပစ်စကေဗုဒ်ဓါဖွဈ၍ ကျွတ်တမ်း၀င်ရပါလိမ့်မည်။

၁၁။ ဤနေ့တွင်ဟောကြားသော သာမညဖလသုတ်တော်ကြောင့် အဇာတသတ်မင်းတရားသည် ပထမသင်္ဂါယနာတင်မင်းတရား အဖြစ်ခံယူခဲ့ခြင်း၊ မြတ်စွာဘုရား၏ ဓာတ်တော်များကို စုဆောင်းသိမ်းဆည်း၍ ဓာတ်တော်တိုက်ကြီး တည်ထားခဲ့ခြင်း၊ ဗုဒ္ဓသာသနာနှစ်ကို အတိအကျသတ်မှတ်ခဲ့ခြင်း၊ သာသနာပြု လုပ်ငန်းကြီးသုံးရပ်ကိုလည်း လုပ်ဆောင်သွားခဲ့ခြင်းတို့မှာ ဗုဒ္ဓဘာသာ၀င်များအတွက် ကျေးဇူး ကြီးလှပါသည်။

၁၂။ ပိဋကတ်တော်များ မပျက်စီးရအောင် သင်္ဂါယနာ အဆက်ဆက်တင်၍ ယနေ့ထက်တိုင် ထိန်းသိမ်းထားနိုင်ခြင်းမှာအဇာတသတ်မင်း၏ ကျေးဇူးဟု ဆိုထိုက်ပါသည်။

၁၃။ အဇာတသတ်မင်း စုဆောင်းထားသော ဓာတ်တော်များကို ရှာဖွေ၍ သီရိဓမ္မာသောကမင်းကြီးက စေတီပေါင်းရှစ်သောင်းလေးထောင် တည်ထား၍ သာသနာ ပြုခဲ့သောကြောင့် နှောင်းခေတ် ဗုဒ္ဓဘာသာ၀င်တို့ ဖူးမြော်ခွင့် ရရှိနေကြခြင်း ဖြစ်ပါသည်။

၁၄။ ဗုဒ္ဓဘာသာ၀င်တို့ သာသနာနှစ်ကို အတိအကျ သုံးစွဲခွင့် ရရှိနေသည်မှာ အဇာတသတ်မင်း၏ ကျေးဇူးနှင့်သာမညဖလသုတ်တော်တို့ ၏ အကျိုးဆက်ဟု ဆိုနိုင်ပါသည်။

သာသနာရေး ၀နျကွီးဌာန၊ သာသနာရေးဦးစီးဌာန၊ နိုင်ငံတော် ပိဋကတ်တိုက်စာကြည့်တိုက်မှူး ဘဒန္တ ပညာသာမိ
(မာဂဓီ- သာစည်) ဆရာတော်ရေးသားပြုစုတော်မူသော အခါတော်နေ့များ စာအုပ်မှ ကူးယူဖော်ပြ ပါသည်။
.................................................

သာမည ဖလ = ရဟန်းပြုခြင်း၏ အကျိုးကျေးဇူးတွေကတော့
********************************************

၁။ မင်းခစားဘဝနှင့် မင်းပြစ် မင်းဒဏ်မှ လွတ်ကင်းခြင်း အကျိုး။

၂။ အခွန်ထမ်းဆောင်မှု မှ လွတ်ကင်းခြင်း အကျိုး။

၃။ ပါတိမောက္ခ သံဝရသီလ နှင့် ပြည့်စုံသဖြင့် အပါယ်ဘေးမှ ကင်းဝေးခြင်း အကျိုး။

၄။ ဒုစရိုက်ကို ရှောင်သဖြင့် ဒုစရိုက် ဒုက္ခ မှ ကင်းလွတ်၍ စူဠ သီလ နှင့်ပြည့်စုံ ခြင်း အကျိုး။

၅။ ပွဲသဘင် အမျိုးမျိုး၊ ကစားပွဲ အမျိုးမျိုး မကောင်းသောစကားအမျိုးမျိုး တို့မှ ရှောင်ကြဉ် သဖြင့် ထိုဒုက္ခများမှ ကင်းလွတ်၍ မဇ္စျိမ သီလနှင့်ပြည့်စုံခြင်း အကျိုး ။

၆။ နက္ခတ်ဗေဒင် ၊ယတြာ လက္ခဏာ ဆေးကုခြင်း စသည်တို့မှ ရှောင်ကြဉ်သဖြင့် အာဇီဝ ပါရိသုဒ္ဓိ သီလ နှင့် ညီညွတ်၍ မဟာသီလနှင့် ပြည့်စုံခြင်းအကျိုး ။

၇။ ဣနြေ္ဒ ၆ပါး ၌ အကုသိုလ် မဖြစ်အောင် စောင့်စည်းနိုင်ခြင်း အကျိုး။ (ဤ သည်တို့ကား အခြေခံ သီလများဖြစ်ပါသည်)။

၈။ သတိ နှင့် ပြည့်စုံခြင်း အကျိုး။

၉။ သမ္ပဇဉ် (ဆင်ခြင်တုံ ) တရားနှင့်ပြည့်စုံခြင်း အကျိုး။

၁၀။ သန္တောသ ( ရောင့်ရဲခြင်း) အကျိုး။

အခြေခံသီလ ၊သတိ သမ္ပဇဉ် ၊ သန္တုဋ္ဌီ တရားများနှင့် ပြည့်စုံသော ရဟန်းသည် သမထ ဝိပဿနာ တရားကို ဆက်လက်အားထုတ်ပါက အေက်ပါ အကျိုး များကို လက်တွေ့ ခံစားရရှိနိုင်ပါသေးတယ်။

၁၁။ နီဝရဏ ငါးပါးမှ လွတ်ကင်းခြင်း အကျိုး

၁၂။ စျာန်တရား ရနိုင်ခြင်း အကျိုး

၁၃။ ဝိဇ္ဇာ ရှစ်ပါး နှင့် ပြည့်စုံ၍ မဂ် ဖိုလ် ရနိုင်ခြင်း အကျိုး။
~~~~~~~~~~~~~~~~~

*သောတုဇန*
🙏🙏🙏🙏🙏

🪴🙏🙏🙏🙏🙏🪴

16/11/2023

Passion မရှိသေးရင် Passion ရှာ

ဘဝမှာ အဓိပ္ပာယ်ရှိရှိ၊ ပျော်ပျော်ရွှင်ရွှင် ရှင်သန်နိုင်ဖို့အတွက် လိုအပ်တဲ့ အရာတစ်ခုက Passion လို့ ခေါ်တဲ့ စိတ်အားထက်သန်မှုပဲ ဖြစ်ပါတယ်။ Passion ရှိနေသရွေ့ ကျွန်မတို ဘဝမှာ ဘယ်တော့မှ အဓိပ္ပာယ်မဲ့တယ်ဆိုတဲ့ ခံစားချက်၊ လမ်းပျောက်တယ်ဆိုတဲ့ ခံစားချက်တွေကို ခံစားရမှာ မဟုတ်ဘူး။ Passion ရှိနေသရွေ့ ဘဝရဲ့ အခက်အခဲတွေ ကြားမှာ တော်ရုံတန်ရုံ လက်လျှော့ဖြစ်မှာ မဟုတ်သလို ကိုယ့်ရဲ့ Passion ကသာလျှင် ဘဝကို ရှေ့ဆက်သွားဖို့ အကြောင်းပြချက်တွေ ဖြစ်လာနိုင်ပါတယ်။

လူတချို့က ကိုယ့်ရဲ့ Passion က ဘာလဲဆိုတာကို သိပြီးသား။ Career နဲ့ ပတ်သက်လို့ passion ရှိတယ်၊ စာရေးရတာ၊ ဟင်းချက်ရတာ၊ စွန့်စားခရီးတွေ ထွက်ရတာ၊ လူတွေကို ကူညီရတာ၊ စာပေ လေ့လာရတာ စသဖြင့် သူတို့ရဲ့ passion ဟာ ဘာလဲ ဆိုတာကို သိကြပါတယ်။

လူတချို့ကတော့ ကိုယ့်ရဲ့ passion က ဘာလဲ၊ ကိုယ် ဘယ်အရာကို ဝါသနာပါပြီး ဘယ်အရာကို စိတ်အားထက်သန်တာလဲ ဆိုတာကို မသိကြဘူး။ တချို့ကျတော့လဲ ကိုယ် လုပ်နေရတဲ့ အလုပ်အပေါ် passion မရှိဘူး။ စိတ်မဝင်စားဘူး၊ အဓိကကတော့ စိတ်အား ထက်သန်မှု မရှိတဲ့အတွက် အလုပ်လုပ်ရတာ မပျော်ဘူး၊ ဘဝမှာ ဉီးတည်ချက်ရယ်လို့ သတ်သတ်မှတ်မှတ် မရှိဘူး၊ ခြေဉီးတည့်ရာ ဆက်လျှောက်ရင်းပဲ ဘယ်ရောက်လို့ ရောက်မှန်းမသိ ဘဝမှာ လမ်းပျောက်တယ်၊ ဘဝမှာ နေရတာ မပျော်တော့ဘူး၊ အဓိပ္ပာယ်မဲ့တယ် ဆိုတာမျိုးတွေ ဖြစ်လာတာပါ။

ဘယ်သူကမှ Passion ကို မွေးကတည်းက ပါမလာပါဘူး။ Passion ဆိုတာ မွေးမြူလို့ရတဲ့အရာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို ဘဝရဲ့ ငယ်ရွယ်တုန်း အချိန်တွေမှာ တခြားအရာတွေထက် Passion မရှိသေးရင် Passion ကို အရင် ရှာစေချင်ပါတယ်။

တစ်ယောက်နဲ့ တစ်ယောက်တော့ စိတ်အားထက်သန်တဲ့ နယ်ပယ်တွေ တူမှာ မဟုတ်ပါဘူး။ Passion ဆိုတိုင်း အလုပ်ကိစ္စ၊ ငွေရှာတာ တစ်ခုတည်းတင် မဟုတ်ပါဘူး။ ဟင်းချက်တာ၊ တောင်တက်တာ၊ အားကစားလုပ်တာ၊ ပန်းချီဆွဲတာ၊ စာရေးတာ၊ စီးပွားရေး လုပ်တာ၊ လူတွေနဲ့ စကားပြောရတာ၊ လူတွေကို ကူညီရတာ၊ အတတ်ပညာ အသစ်တွေ၊ ဘာသာစကား အသစ်တွေ လေ့လာသင်ယူတာ စသဖြင့် အမျိုးမျိုး ရှိပါတယ်။

လူတစ်ယောက်ကလေ Passion ရှိနေရင်ကို ဘဝကို နေရတာ ပျော်စရာ ကောင်းတယ်။ သေချင်လောက်အောင် ပင်ပန်းနေသည့်တိုင် ဘဝကို အရှုံးမပေးဖြစ်ဘူး။ ဘဝမှာ တိုးတက် အောင်မြင်ဖို့၊ ပျော်ရွှင်ဖို့အတွက် Motivation တွေ တကူးတက လိုက်ရှာစရာ မလိုပါဘူး။ Passion ကို အရင်ရှာပါ။ Passion ရှိတဲ့ အလုပ်တွေအတွက် ဘယ်လို Motivation တွေမှ တကူးတက မလိုအပ်ပါဘူး။ ဘဝမှာ လမ်းပျောက်တယ်၊ စိတ်ဓာတ်ကျတယ် လို့ ခံစားရတိုင်း ‘ငါ့မှာ Passion တစ်ခုခု ရှာဖို့ အကောင်းဆုံးအချိန်ပဲ’ လို့ တွေးပြီး Passion ကို စပြီး ရှာကြည့်ပါ။ Passion ရှိလာတဲ့အခါ ဘဝက နေပျော်လာတယ်၊ အဓိပ္ပာယ်ရှိလာတယ်၊ ပိုပြီး အာရုံ စုစည်းနိုင်လာတယ်၊ တီထွင် ကြံဆနိုင်မှုတွေ အားကောင်းလာတယ်။ ကိုယ့်ဘဝအတါက် စစ်မှန်တဲ့သူတွေ၊ သင့်တော်တဲ့သူတွေကို passion ရှာရင်းနဲ့ တွေ့လာလိမ့်မယ်။ ကိုယ်နဲ့ passion တူတဲ့သူတွေ၊ စိတ်တူကိုယ်တူ ရှိသူတွေ၊ ပတ်ဝန်းကျင်တူ၊ နယ်ပယ်တူသူတွေ အများကြီးကို ပိုင်ဆိုင်လာရလိမ့်မယ်။ အခက်အခဲတွေနဲ့ ရင်ဆိုင်ရချိန်မှာတောင် ဘဝကို အရှုံးမပေးဘဲ ရင်ဆိုင်ရဲတဲ့ သတ္တိတွေ ရလာပါလိမ့်မယ်။

ဒါကြောင့်မို့လို့ ရှင်သန်ခြင်းမှာ အဓိပ္ပာယ်တွေ ရှိစေဖို့ Passion ကို ရှာပါ။ ဘဝမှာ ငယ်တုန်းရွယ်တုန်း Passion ကို အရင်ရှာပါ။ ကိုယ်ဖြစ်ချင်တဲ့ ကိုယ့်ရဲ့ ပုံစံ၊ ကိုယ် ချစ်မြတ်နိုးတဲ့ အရာတွေ၊ ကိုယ် ရူးသွပ်တဲ့ အရာတွေ၊ စိတ်အားထက်သန်တဲ့ အရာတွေကို သေချာသိထားမှသာ ကျွန်မတို့က ဘဝမှာ ရှင်သန်ရတာ အဓိပ္ပာယ် မမဲ့မှာ။ အောင်မြင်တာ၊ မအောင်မြင်တာတွေက ခဏထား။ အနည်းဆုံးတော့ ဘဝမှာ ရှင်သန်ရတာ အဓိပ္ပာယ်မမဲ့ဖို့ လိုတယ်။ အနည်းဆုံးတော့ ဘဝမှာ ရှင်သန်ရတာ ပျော်ရွှင်ဖို့ လိုအပ်ပါတယ်။

#ရှင်သန်ခြင်းရဲ့အဓိပ္ပာယ် စာအုပ်မှ

29/10/2023

သန်တူလ (သီတင်းကျွတ်လ)

သီတင်းကျွတ် သည် မြန်မာပြက္ခဒိန်၏ ခုနစ်လမြောက် သန်တူ (သီတင်းကျွတ်)မှာ စက်တင်ဘာလ- အောက်တိုဘာလတွင် ကျရောက်ပါသည်။

သီတင်းကျွတ်လတွင် ၂၉ ရက်ရှိသည်။ ရက်မစုံသောလ ဖြစ်သည်။ 'သန်' သည် 'စပါးပင်' ကို ရည်ညွှန်းကာ 'တူ' သည် 'ထူ' ဖြစ်ပြီး “စပါးပင်များ ထူထူထောင်ထောင် ပေါက်ရောက်လျက် ရှိပြီ ”ဟုဆိုလိုသည်။

ထိုကဲ့သို့ အပင်များ အောင်မြင်သည့်အနေဖြင့် ပျော်ပွဲရွှင်ပွဲများ ကျင်းပပြန်သည်။ ယခု သီတင်းကျွတ် ဟူသည့်အခေါ်အဝေါ်မှာ “ရဟန်းသံဃာများ ဝါဆိုကြခြင်းမှ ပြီးဆုံးပြီ” ဟူသောအဓိပ္ပာယ်ဖြင့် ပြောင်းလဲခေါ်ဝေါ်လာကြခြင်းဖြစ်သည်။

အထိမ်းအမှတ် ပန်းမှာ ကြာဖြူပန်း (Nymphaea lotus) ဖြစ်သည်။

သီတင်းကျွတ်လ

သီတင်းကျွတ်လသည် မြန်မာလများတွင် သတ္တမလဖြစ်၏။ မိုးဥတုတွင်ပါဝင်သည်။ ရှေးအခါကသီတင်းကျွတ်လဟူ၍ မခေါ်ကြဘဲ သန်တူလဟု ခေါ်ဆိုရေးသားကြသည်ကို တွေ့ရသည်။ သန်တူလအဓိပ္ပာယ်မှာ ဝဿာနမိုးဥတုရာသီကို သန်ဟူ၍ ရှေးသူဟောင်းတို့ ခေါ်ကြသည်ဟု ဝေါဟာရလီနတ္ထဒီပနီကျမ်း၌ဆိုသည်။ သီတင်း ကျွတ်လသည်မိုးဥတု၏ နောက်ပိုင်းချိန် လတစ်ခုဖြစ်လေသည်။

အချို့ပညာရှင်တို့ကမူ သန်ဟူသောပုဒ်သည် ကောက်·စပါးဟော·တိဗက်· မြန်မာ·တရုတ်· ထိုင်း·မွန်ခမာ ဘာသာအပေါင်းတို့လာ မြန်မာစကားဟုဆိုသည်။ တူပုဒ် သည်လည်း အသံချင်းအနီးစပ်ဆုံးဖြစ်သောထူပုဒ်နှင့် တွဲယူရပေမည်။ ထူသည်တစ်စုံတစ်ရာကိုထောင်သည်၊ စိုက်သည်၊ မတ်စေသည်၊ ဟောဖြစ်သဖြင့်သန်တူလသည် ကောက်စပါးပင်များပေါက်ဖွား၊ ထွက်ထ၊ ထောင်မတ် လာသောလဟု အဓိပ္ပာယ်ရသည်ယူဆကြသည်။

ပုဂံခေတ် ထိုးကျောက် စာတို့တွင် သီတင်းကျွတ် ဟူသောစကားကို အလျှင်းမတွေ့ရသလောက်ပင်ရှိ၍ သက္ကရာဇ် ၅၇၄ ခုနှစ်ထိုး တုရွင်း တောင်စောရဟန်း သိမ်ကျောက်စာအတွင်း စာသား တစ်နေရာ၌သာ သတင်းချွတ်ဟူသောအသုံးကို ရှေးဦးဆုံး တွေ့ရလေသည်။ သတင်းချွတ်ဟူသောစကားသည် သတင်းသီလစောင့်ထိမ်းသူတို့က ချွတ်လွှတ်ကုန်ဆုံးအောင် ပြုသည်ဟု အနက်ထွက်လေသည်။ သတင်းချွတ်နှင့် ဝါကျွတ် ဟူသော စကားကိုဖက်တွဲ၍ သတင်းကျွတ်ဟူသော စကားဖြစ်ပေါ်လာသည် ဟုတွေးထင်ဖွယ်ရှိသည်။

လှေသင်းအတွင်းဝန်ရေး ဝေါဟာရလီနတ္ထဒီပနီကျမ်း၌ သီတင်းကျွတ်လခေါ်ဆိုသည်မှာ ဝါဆိုလပြည့်နေ့မှ စ၍ ဝါတွင်းသုံးလ၊ ရက်ပေါင်း၉ဝ၊ သီတင်းကျွတ်လပြည့်ကျော် တစ်ရက်နေ့ သီတင်းကျွတ်သောကြောင့် သီတင်းကျွတ်လဟူ၍ သာသနာကျမ်းအလိုခေါ်ဆိုကြောင်းသိသာသည် ဟုပါရှိသည်။

ဗေဒင်အခေါ်အားဖြင့် သီတင်းကျွတ်လကို တူရာသီဟုခေါ်သည်။ တူရာသီ၏အရုပ်သည် ချိန်ကိုင်စွဲသော ယောက်ျား သဏ္ဌာန် ဖြစ်သည်။ ထိုရာသီကား အဿဝဏီနက္ခတ်နှင့်ယှဉ်၍ လပြည့်သောကြောင့် အဿယုဇဟူ၍ဆိုသည်။

ကြာပန်းကို ရာသီပန်းဟူ၍ အသိအမှတ်ပြုကြ၏။

ကျီးတာရာထွန်းပသည့် သီတင်းကျွတ်လရာသီတွင် နံနက် စက်နာရီ ၅ နာရီ ၅၅ မိနစ်ခန့်တွင်နေထွက်၍ ညနေ စက်နာရီ ၅ နာရီ ၃၇ မိနစ်ခန့်တွင်နေဝင်သည်။ မြန်မာနာရီအားဖြင့် နေ့ညဉ့်နာရီ ၃ဝစီ အညီအမျှ ရှိလေသည်။

သီတင်းကျွတ်လတွင် မြတ်စွာဘုရားသခင် နတ်ပြည်မှ ဆင်းသက်ခဲ့ဖူးသည်ကို အကြောင်းပြု၍ မီးစောင်းတန်း၊ မီးမြင်းမိုရ်များထွန်းညှိကာ မီးပွဲသဘင်ကို ဆင်ယင်ကျင်းပကြရိုးဖြစ်လေသည်။

ဆယ့်နှစ်ရာသီပွဲတော်များ

မြန်မာမင်းများလက်ထက် ခေတ်အခါကမူ သီတင်းကျွတ်လတွင် မင်းသားမင်းမြေးမှူးတော်မတ်တော်တို့၏ အဆင်တန်ဆာများကို အသစ်လဲလှယ်ပေးတော်မူခြင်း၊ လက်ဆောင်တော်များကို ကြည့်ရှုတိုင်းထွာစေခြင်း၊ ဆီမီးမြင်းမိုရ်ထွန်းခြင်း၊ ဘုရား စေတီများတွင်ဆီမီးပူဇော်ခြင်း၊ ဝါကျွတ်အကန်တော့ ခံခြင်းတို့ကိုပြုသည်။

ထိုကြောင့်ဖိုးသူတော်ဦးမင်း၏ ဆယ့်နှစ်ရာသီ ဘွဲ့သဖြန်၌ ·· ကြာငါးမည်ကြိုင်သင်းလို့၊ လျှံဝင်းတဲ့ပြောင်ထိန်။ ရွှေနန်းတောင်တော်ဦးမှာလ၊ ကွန့်မြူးမြင့်မိုမီးညီးတဲ့ခါချိန်။ ရှိခိုးငယ်နှိမ်၊ သုံးကြိမ်ရိုပြောင်း။ သက္ကစ္စဂါရဝါနှင့်စဉ်အလာပူဇော်ပွဲကို၊ခဲ့ကြပေတောင်း ဟုစပ်ဆိုထား ခြင်းဖြစ်လေသည်။

သီတင်းကျွတ်လတွင် တနင်္ဂနွေနေ့ တနင်္လာနေ့ များသည် ပြဿဒါးရက်များဖြစ်ကြ၍ အင်္ဂါနှင့်ကြာသပတေး နေ့များသည် ရက်ရာဇာနေ့များဖြစ်ကြသည်။ သီတင်းကျွတ်လတွင် ရက်မစုံကွယ်သဖြင့် ရက်ပေါင်း ၂၉ ရက်သာရှိ၏။

ပွဲတော်

သီတင်းကျွတ်မီးထွန်းပွဲတော်မှာ သီတင်းကျွတ်လ၏ ထင်ရှားသောပွဲတော်ပင်ဖြစ်သည်။သီတင်းကျွတ်လ၏ လပြည့်နေ့မှာ အဘိဓမ္မာအခါတော်နေ့ဖြစ်သည်။

Credit : Wikipidia

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


Yangon