EduConnect_Germany

EduConnect_Germany

Share

Connect your Dots with us

07/05/2026

🩵

Hello Everyone ! 🍀

ဂျာမနီကို လူခံမရှိပဲ တစ်ယောက်တည်း လာလို့ အဆင်ပြေပါ့မလားလို့ အမေးများလာကြလို့ ပြောပေးချင်ပါတယ်..

🌱 ဂျာမနီမှ မဟုတ်ပါဘူး..ဘယ်နိုင်ငံသွားသွား လူခံမရှိရင် စိတ်ပူပန်တတ်တာ သဘာဝပါပဲ..လူခံ မရှိပဲ တစ်ယောက်တည်းလာမယ်ဆို စိတ်ထားတတ်ရင် အဆင်ပြေပါတယ်လို့ပဲ ဖြေချင်ပါတယ်..

🍃 ကျွန်မလဲ ဂျာမနီကို လူခံ လုံးဝ မရှိပဲ တစ်ယောက်တည်းပဲ try ခဲ့တာပါ..Opportunity Card Visa ကလဲ 2024 တုန်းက လူလဲ သိပ်မသိသေးတော့ မေးရမယ့်သူလဲ မရှိ..agent တွေကလဲ ဒီ Visa ကို မသိကြသေး..ကိုယ့်ဘာသာကိုယ် requirement တွေ လိုက်ဖတ်ပြီး လုပ်တတ်သလောက် ပြင်ဆင်ပေါ့လေ..Stress တော့ သိပ်မရှိလိုက်ဘူး..ဘာလို့ဆို ကျွန်မစိတ်က ဘာလုပ်လုပ် ကိုယ် အကောင်းဆုံး ပြင်ဆင်ထားတယ်..အဆင်ပြေမယ်ဆို ပြေမယ်..မပြေဘူးဆိုလဲ Plan B ကြိုစဉ်းစားထားတတ်တဲ့ အကျင့် ရှိလို့..

🌿 နောက် ဂျာမနီရောက်တော့လဲ တစ်ယောက်တည်း immigration office တွေကိုသွား..ဂျာမန်လို မတောက်တခေါက်ပြော..English လိုတွေပါ ညှပ်ပြော..နောက်ဆုံး မရရင် လက်ဟန်ခြေဟန်တွေနဲ့ပါ ပြတော့တာပဲ..🥹 ရထားတွေ Bus တွေဆို စစချင်းဆိုတော့ ခဏခဏ မှားစီးမိတာလဲ မပြောနဲ့..Part time လုပ်တော့လဲ အဲ့တုန်းက အလုပ်ရှင်တွေက OC visa ကို မသိကြသေးဘူး..Visa က အသစ်ဆိုတော့ Part time လုပ်လို့ရလား မရလားတွေ သူတို့က အရင် ရှာဖတ်နဲ့ တကယ် ဂယက်တွေ..နောက်ဆုံး website ကနေ OC visa အကြောင်းကို print ထုတ်ပြီး နေရာတိုင်း ယူသွားရတဲ့အထိပဲ..ခုတော့ OC visa နဲ့ လာတဲ့သူများလာတော့ သိလာကြပါပြီ..Part time မလုပ်ခင်လဲ trial day တွေ အရင် အကြိမ်ကြိမ်ဆင်းပြီးမှ တချို့ကပဲ ခေါ်တာ..

🕊️ တစ်ယောက်တည်း ဘယ်လို ဖြတ်သန်းခဲ့တာတွေကို ပြောရင် ကုန်မှာတောင် မဟုတ်..ဒါပေမယ့်လဲ ခေါင်းမာပြီး အကြောတင်းတင်းနဲ့ပဲ ဖြတ်သန်းနိုင်ခဲ့ပါတယ်..တစ်ယောက်တည်း အကုန် လုပ်ခဲ့လို့လဲ ခုချိန်မှာ အတွေ့အကြုံတွေ အများကြီးရပြီး လူတွေကို sharing တွေ ပြန်လုပ်ပေးနိုင်ခဲ့တယ် ပြောရမယ်.

☘️ ခုဆို ဂျာမနီထဲ ရောက်နေတဲ့သူတွေကလဲ ဂျာမနီအကြောင်းတွေ ပြောပေးလာကြတော့ ခု လာမယ့်သူတွေအတွက် ပြင်ဆင်လို့ ပိုကောင်းသွားပါတယ်..ဒါပေမယ့် လူများပြီး ပွဲမစည်သလို information တွေ ဖောင်းမပွအောင်တော့ သတိပြုဖို့ လိုတယ်..ပြီးတော့ အလိမ်အညာတွေလဲ သတိထားဖို့ လိုတယ်..

🌲 နောက် ဂျာမနီမှာ ဘယ်အရာကိုမှ serious ထားပြီး ခံစားနေလို့ မရပါဘူး..neglect လုပ်သင့်တာတွေ လုပ်ပြီး ကိုယ်သွားချင်တဲ့ပန်းတိုင်ကိုပဲ ဦးတည်ပြီး ရှေ့ဆက်တက်ဖို့ လိုတယ်..ဂျာမနီမှာ အရာရာတိုင်းကို လိုက်ခံစားနေမယ်ဆို အမြဲတမ်း ကိုယ့်အိမ်ကို ပြန်ချင်စိတ်တွေပဲ ဖြစ်နေပါလိမ့်မယ်..

🍀 အဲ့ဒါကြောင့် စိတ်ထားတတ်ဖို့ရယ် အကြောတင်းဖို့ရယ်တော့ လိုတယ်..တစ်ခုခုဆိုတာနဲ့ ကလေးလို ဂျောင်မှာကပ်ပြီး ငိုနေလို့ မထူး..စိတ်ပျော့နေလို့ မရ..နိုင်ငံရပ်ခြားကို လာပြီဆိုကတည်းကတော့ ရှိသင့်ရှိထိုက်တဲ့ စိတ်ဓာတ်ခိုင်မာမှုတွေ Positive mindset တွေ ရှိဖို့ လိုတယ်..

🍃 နောက် မိတ်ဆွေကောင်း ဖွဲ့တတ်ဖို့လဲ လိုပါတယ်..လူ ဖြစ်တဲ့အတွက် အကူအညီဆိုတာ အနည်းနဲ့ အများ လိုမှာပါပဲ.. အဲ့အတွက် ကိုယ့်ဘက်ကလဲ တစ်ဖက်လူတွေကို စိတ်ရင်းအမှန် ပေးဖို့လိုတယ်..အပြန်အလှန် ကူညီဖို့ လိုတယ်..မဟုတ်ရင်တော့ တစ်ယောက်တည်း ရပ်တည်ဖို့ ခက်ပါတယ်..ကိုယ်က အယူကြီးပဲ ရှိပြီး ချေမိုးကုဋေဆိုး နေမယ်ဆိုရင်တော့ ဂျာမနီက သင်နဲ့ ကိုက်ချင်မှ ကိုက်မှာပါ..

🕊️ အကူအညီတွေ လိုတတ်တယ်ဆိုပေမယ့် တတ်နိုင်သမျှ သူများ အကူအညီ မယူပဲ ကိုယ့်ဘာသာကိုယ် အစစအရာရာ လုပ်တတ်အောင် ရပ်တည်နိုင်အောင် အရင် အားထုတ်တာ ပိုကောင်းတယ်..IT ခေတ်ကြီးမှာ ရှာဖတ် မေးလို့ရတဲ့ platform တွေလဲ အများကြီးပါပဲ..ဒါပေမယ့် ChatGPT တို့ Gemini တို့ကို 100% အားမကိုးပါနဲ့..သူတို့ ဖြေတာ အမှားတွေလဲ ရှိပါတယ်..သူတို့ ဖြေပေးတဲ့အဖြေနဲ့ ကိုယ့်မှာ ရှိတဲ့ knowledge နဲ့ ပြန်ပေါင်းစပ်ပြီးမှ ပြန်ဆုံးဖြတ်ပါ..တချို့ အလုပ်ရှင်တွေဆို ChatGPT တွေဆီက 100% direct ကူးတာလား or ကိုယ့်ဘာသာကိုယ် ရေးတာလားဆိုတာတွေ သိပါတယ်..ဆိုတော့ social platform တွေကို အလွန်အကျွံ မယုံမိဖို့လဲ လိုပါတယ်..

🌱 ကျွန်မမှာ ခုဆို မိတ်ဆွေကောင်းတွေ အများကြီး ရလာတယ်.. ဂျာမနီနဲ့ ပတ်သက်ပြီး ကျွန်မကို အသေးစိတ် သေချာ ရှင်းပြ ပြောပြပေးခဲ့တဲ့ EduConnect_Germany က မောင်လေးရယ် နောက် အကိုတစ်ယောက်ရယ် ခုချိန်ထိ တကယ် ကျေးဇူးတင်ရပါတယ်..နောက် နှုတ်အရဖြစ်စေ လူကိုယ်တိုင်ဖြစ်စေ သေးသေးကြီးကြီး ကူညီပြောပေးခဲ့တဲ့ တစ်ယောက်ချင်းစီကိုလဲ ကျေးဇူးတင်တယ်..ကိုယ် ဘာမှ မသိတဲ့အချိန် အချိန်ပေးပြီး ကူညီ ပြောပေးတဲ့သူတွေဆိုတာတကယ် တန်ဖိုးထားထိုက်ပါတယ်..

💛 ဆိုတော့ စာလဲ တော်တော်ရှည်သွားပြီမို့ ပြန်ပြောရရင် ဂျာမနီကို လူခံ မရှိပဲ တစ်ယောက်တည်း လာလို့ ရပါတယ်..အရမ်း စိတ်မပူကြပါနဲ့.. ကျွန်မ အပေါ်မှာ ပြောခဲ့သလို စိတ်ထားတတ်ရင် အဆင်ပြေပါတယ်.. အခက်အခဲကတော့ ရှိမှာပါပဲ..အခက်အခဲရှိမှပဲ ပိုတိုးတက်တာပါ..ကျွန်မဆို အခက်အခဲတွေနဲ့ သူငယ်ချင်းလိုတောင် ဖြစ်နေပြီ..သူ့ဟာနဲ့သူ ရုန်းရင်းကန်ရင်း ငိုရင်းပြုရင်းနဲ့ပဲ အဆင်ပြေသွားပါလိမ့်မယ်နော်..

ဂျာမနီလာဖို့ ကြိုးစားနေတဲ့သူ အားလုံးလဲ အဆင်ပြေကြပါစေ..❤️

Vielen Dank ! 🍀

ှိသူတိုင်းGermanyကိုအမြန်ဆုံးရောက်ရှိနိုင်ကြပါစေ

25/04/2026

Germany🇩🇪 နိုင်ငံမှာ ကျောင်းတက်ချင်တာလား?

ဒါဆိုရင်တော့ အခုချိန်ဟာ Germany ကို ကျောင်းဝင်ခွင့် လျှောက်ထားလို့ရတဲ့အချိန်ကာလဖြစ်တာမို့ ကျောင်းလျှောက်ထားချင်တဲ့သူများအတွက် အခွင့်အရေးကောင်းတစ်ခုပဲဖြစ်ပါတယ် 🇩🇪✨

Germany မှာ ကျောင်းတက်ချင်တဲ့သူလေးတွေဆိုရင် Educonnect_Germany မှာ မိမိစိတ်ဝင်စားတဲ့ major အလိုက် ကျောင်းမလျှောက်ခင်မှာ မိမိနဲ့သင့်တော်တဲ့ကျောင်းတွေ လျှောက်လို့ရမယ့်ကျောင်းတွေကို လက်ရှိ Germany မှာနေတဲ့အကိုနဲ့ အသေးစိတ်တိုင်ပင်ဆွေးနွေးပေးတယ် 💬📚

ဒါ့အပြင်….
📄 လိုအပ်တဲ့ စာရွက်စာတန်းတွေပြင်ဆင်ပေးတာကစပြီး
🏫 ကျောင်းလျှောက်ပေးခြင်း
🛂 Visa ရတဲ့အထိ Full Service ကို
စျေးနှုန်းသက်သက်သာသာနဲ့ အပြည့်အဝ service ပေးသွားမှာပါနော် ✨

နောက်ပြီး ကိုယ်လျှောက်ချင်တဲ့ university တွေကိုလည်း အကန့်အသတ်မရှိ လျှောက်ပေးမယ်ဆိုတော့ အရမ်းတန်ပါတယ် 🙌

💡 Service Fees ကိုလည်း ကျောင်းခေါ်စာ (Offer Letter) ရရှိမှသာ ပေးဆောင်ရမှာဆိုတော့ စိတ်ချလက်ချ လျှောက်ထားလို့ရတယ်နော်

ဒါကြောင့် အခုပဲ လာပြီး ဆွေးနွေးအပ်ထားလိုက်နော်💙






20/03/2026

Hallo… Hallo…!! 🇩🇪

Germany University တွေရဲ့ Application Form တွေ မကြာခင်ဖွင့်တော့မယ်ဆိုတော့ကာ… 🎓

နောက်လမှာ ကျောင်းလျှောက်မယ့်သူလေးတွေ EduConnect_Germany Page ကနေတစ်ဆင့်

✨ ကိုယ်တက်ချင်တဲ့ University
✨ ကိုယ်စိတ်ဝင်စားတဲ့ Major
✨ ကိုယ်နဲ့ကိုက်ညီမယ့် ဘာသာရပ်ရွေးချယ်မှုတွေ
ကို လက်ရှိ Germany မှာ ကျောင်းတက်နေတဲ့ အကိုနဲ့ တိုက်ရိုက် အားမနာတမ်း ဆွေးနွေးတိုင်ပင်နိုင်ပြီ..!!

ဒါ့အပြင် 🇩🇪 Germany နိုင်ငံမှာ ကျောင်းတက်တဲ့ Real Experience တွေကို Sharing လုပ်ပေးဦးမှာနော်😉

📌 Consultation ပြုလုပ်ထားတဲ့သူလေးတွေအနေနဲ့ EduConnect_Germany မှာပဲ University Application Service အပ်ချင်တယ်ဆို…

✔️ စျေးနှုန်းသက်သာစွာနဲ့
✔️ ကျောင်းလျှောက်ရန်လိုအပ်တဲ့ Documents Preparation
✔️ Personal Details စစ်ဆေးပြင်ဆင်ပေးခြင်း
✔️ University Application ကနေ Visa တင်တဲ့အဆင့်အထိ
Step by Step ကူညီလျှောက်ထားပေးနေပြီမို့

✨ Germany မှာ ကျောင်းသွားတက်ချင်တယ်ဆိုရင် EduConnecter လေးတွေအနေနဲ့ စျေးနှုန်းသက်သာစွာနဲ့ Consultation လာရောက်ဆွေးနွေးနိုင်ပါပြီရှင်

📩 Page Chat Box ကနေ အသေးစိတ် လာရောက်မေးမြန်းလိုက်နော်…🤗

07/03/2026

OC နဲ့ ပတ်သတ်ရင် ဒီအမကိုမေးလို့ရပါတယ် ဗျ🤩

Edit : Post တင်ပြီး 38 minutes အတွင်း 5 ယောက် ပြည့်သွားပါပြီရှင့်..နောက် ပိုပြီး လုပ်ပေးနိုင်အောင် ကြိုးစားပေးပါ့မယ်..ကျေးဇူးပါ..

Hello Everyone ! 🍀🍀

လတိုင်း လုပ်ပေးနေကြ ဂျာမနီအကြောင်း အမေးအဖြေ March လအတွက် free consultation ၅ ယောက် လုပ်ပေးပါမယ်ရှင့်..

မနက်ဖန် 8.3.2026 (Sunday)
Germany time - 2:30 PM
Myanmar time - 8 PM

၅ ယောက် သတ်မှတ်တာ လူနည်းနည်းနဲ့ သေချာ​လေး ပြောပေးချင်လို့ပါ..ပြီးတော့ မြန်မာမှာ VPN အခက်အခဲတွေ ရှိလို့ လူများရင် အချိန်ပိုကြာပြီး effective မဖြစ်မှာဆိုးလို့ပါ..

ဆိုတော့ join ချင်သူများ comment လေး ပေးပေးနော်..comment ပေးပြီးရင်လဲ ပြန်မဖျက်ပါနဲ့နော်..ပြန်ရှာရ ခက်လို့ပါ..

Join တဲ့ အခါ Video Call လေး ဖွင့်ပေးဖို့ လိုပါမယ်..တကယ်လို့ ပြောထားပြီး လာ မ join ဖြစ်ရင် နောက်တစ်ခေါက် အဲ့လူကို ကျွန်မ မထည့်ပေးတော့ပါဘူး..သေချာ Join ဖြစ်မှ comment ပေးပေးပါနော်..

၅ ယောက် ပြည့်သွားရင် Edit လုပ်ပြီး ပြောပေးပါမယ်..

Vielen Dank ! 🍀

02/03/2026

Germany/ Deutschland🇩🇪

Hallo!!
“2026 ထဲ Germany နိုင်ငံမှာကျောင်းတက်ချင်တဲ့သူလေးတွေအတွက်”

ကဲ ဘာလိုလိုနဲ့ ၂၀၂၆ မတ်လထဲရောက်လာပြီ…. 💁‍♀️

နောက်လမှာ Germany နိုင်ငံရဲ့ Universities Application Period တွေစပြီးဖွင့်တော့မှာမို့ ကိုယ်က Germany မှာကျောင်းသွားတက်ချင်တယ်ဆို EduConnecter လေးတွေအနေနဲ့ စျေးနှုန်းသက်သာစွာဖြင့် လာရောက်ဆွေးနွေးလို့ရပါပြီရှင့်

Consultation အတွက် chat box မှာလာရောက်ဆက်သွယ်ပေးနော်🤗





14/09/2025

FYI

22/06/2025

Hello Everyone
နောက်လမှာ ကျွန်တော် စာမေးပွဲဖြေစရာရှိလို့ နောက်လ 22 ရက်နေ့အထိ လက်ရှိ service ပေးနေဆဲလူများမှလွဲ၍ service အကုန်လုံးကို ခေတ္တရပ်ထားပါမယ်ခင်ဗျ။ နောက်လ 23 ရက်ကစပြီး အရင်လို service တွေပြန်ပေးပါ့မယ်ဗျ☺️☺️ကျေးဇူးတင်ပါတယ်ဗျ

18/03/2025

Hallo….👋
Guten Tag!!!
ဒီနေ့မှာတော့ ကျွန်တော့်ကို မိဘနဲ့
ကျောင်းသားတော်တော်များများ လာပြီး အမေးများတဲ့ “Germany မှာ ကျောင်းတက်ဖို့ ခန့်မှန်းခြေကုန်ကျစားရိတ် ဘယ်လောက်ရှိလဲ” ဆိုတာကို ပြောပြပေးသွားမှာပဲ ဖြစ်ပါတယ်ဗျ

ဂျာမနီမှာ Public University ကို join ဖို့ လိုအပ်တဲ့ ကုန်ကျစားရိတ်ဆိုရင်တော့
👉 Blocked Account Amount
👉 Application fee for Uni assist
👉 Visa Application fee
👉 Accommodation
👉 Flight Ticket
👉 Semester fee
👉 Travel Insurance
👉 Living expenses for two months

🔹ပထမဆုံး ကျွန်တော်ပြောချင်တာကတော့
Blocked Account ပါဗျ။ ဒါကတော့ Visa လျှောက်တဲ့အခါမှာ
မဖြစ်မနေလိုအပ်တဲ့အကြောင်းအရာထဲက တစ်ခုပါဗျ။
Student Visa လျှောက်တဲ့အခါမှာ German Embassy က
Blocked Account Confirmation ကို မဖြစ်မနေတောင်းပါတယ်ဗျ။
Germany ကို Student Visa လျှောက်တဲ့အခါမှာ
ကိုယ်က ဟိုဘက်နိုင်ငံမှာ International Student အနေနဲ့
ကိုယ်တိုင် တစ်နှစ်စာ နေထိုင်သုံးစွဲမှုစားရိတ် ပံ့ပိုးနိုင်ကြောင်း
သက်သေအထောက်အထားပြရပါတယ်။ သူတို့က ဘာလို့ အဲ့လို
အထောက်အထားပြခိုင်းတာလဲဆိုတော့ International Student အနေနဲ့
ကျောင်းတက်နေစဉ်ကာလအတွင်း နေထိုင်စားသောက်မှုစားရိတ်ကို
မပူပန်ပဲ ပညာရေးမှာ ပိုပြီး အာရုံစိုက်နိုင်စေချင်လို့ပါ။
Blocked Account အတွက် တစ်နှစ်စာကတော့ ခန့်မှန်းခြေ €12,000 ~ €13,000 ရှိပါတယ်။
ကျွန်တော့်ကို လူတော်တော်များများမေးကြတယ်
Blocked Account ထဲ ထည့်ထားတဲ့ ငွေပမာဏက ပြန်ရမှာလား ပေါ့၊
ဟုတ်ပါတယ် Blocked Account ထဲကို ထည့်ထားတဲ့ ငွေပမာဏက
တစ်လကို 900€ ကျော်နဲ့ တစ်လချင်း ပြန်ရမှာပါ ပြန်ရမှာပါ။
ဒီ Blocked Account မှာ ထည့်ထားတဲ့ ပမာဏကတော့
တစ်နှစ်စာ အိမ်ငှားခ၊ စားစားရိတ်၊ ကျန်းမာရေးအာမခံ၊
Transportation ခ နဲ့ semester fee အတွက် လုံလောက်ပါတယ်။
Blocked Account ကိုတော့ ပုံမှန် တစ်နှစ်တစ်ခါပြရပါတယ်။
တချို့မြို့တွေကတော့ နှစ်နှစ် တစ်ခါပြရပါတယ်။
ကိုယ်နေတဲ့ မြို့အပေါ်မူတည်ပြီးတော့ Visa ထပ်ဝင်တဲ့အခါမှာ
Blocked Account ပြန်ပြရသလို၊ တချို့မြို့တွေမှာတော့
Blocked Account မပြဘဲ ၆လ နှင့်အထက် သက်တမ်းရှိတဲ့
part-time စာချုပ်နဲ့ အရင်က ရထားတဲ့ pay slip တွေကိုပြရုံနဲ့
အဆင်ပြေပါတယ်။ ဒါကတော့ Blocked Account ပါအကြောင်းပါဗျ။

🔹 နောက်တစ်ခုကတော့ Application fee for Uni-assist ပါ။
ဒါကတော့ ကိုယ်တက်မယ့် Universityကို တိုက်ရိုက်လျှောက်လို့မရတဲ့သူတွေအတွက်ပါ။ Germany က Public University တော်တော်များများ Uni-assist နဲ့ချိတ်ဆက်ထားတာဖြစ်ပြီး University ကို application form မတင်ခင်မှာ Uni-assist နဲ့
Documentation process ကို အရင်လုပ်ရပါတယ်။
ပထဆုံးတစ်ကျောင်း စ လျှောက်မယ်ဆိုရင် 75€ ကျသင့်ပြီး
နောက်ထပ်ကျောင်းတွေ ထပ်လျှောက်ရင်တော့ 30€ ကျသင့်မှာ ဖြစ်ပါတယ်။

🔹 ကျောင်းကနေ Admission Letter ရရင်တော့ Semester fee အရင်လွှဲဖို့ လိုအပ်ပါတယ်ဗျ။ Semester fee ကတော့ ကျောင်းအပေါ်မူတည်ပြီးတော့ 300€ ~ 500€ ကြားရှိပါတယ်။
ပြီးရင်တော့ နေဖို့အတွက် အခန်းငှားခပါ၊ အခန်းငှားခကလည်း ကိုယ်နေမယ့်မြို့၊ ကိုယ်ငှားမယ့်အခန်းအကျယ်အဝန်း နဲ့ Facilities ပေါ်မူတည်ပြီး 300€ ~ 550€ ကြားရှိပါတယ်။ အဆောင်အတွက် စာချုပ်ချုပ်ဖြစ်တယ်ဆိုရင်တော့ Deposit နှစ်လစာ နဲ့ ပထမဆုံးလ ငှားခ အရင်သွင်းရမှာ ဖြစ်ပါတယ်ဗျ။

🔹Visa application fee ကတော့ 75€ သံရုံးကို ပေးရမှာ ဖြစ်ပါတယ်။
ဒါကတော့ German Embassy Yangon Website မှာ ကြည့်လို့ရပါတယ်။ ဒါကတော့ German Embassy Yangon Website ပါ
https://rangun.diplo.de/mm-en/service/2296512-2296512?openAccordionId=item-1555268-1-panel

🔹 နောက်ဆုံးကတော့ လေယာဉ်လက်မှတ် နဲ့ Travel Insurance ပါ။
လေယာဉ်လက်မှတ်ကတော့ Season and Airline ပေါ်မူတည်ပြီး
600€ ~ 1200€ ထိ ရှိပါတယ်ဗျ။
Travel Insurance ကတော့ ခန့်မှန်းခြေ 150€ ရှိပါတယ်။

✨ကျွန်တော်အကြံပေးချင်တာကတော့ လာတဲ့အခါမှာ
လက်ထဲမှာ နှစ်လစာ စားသောက်စားရိတ် နဲ့ အခန်းခ
အပိုဆောင်ခဲ့ဖို့ အကြံပြုပါတယ်။ ဘာလို့ဆိုတော့
ဒီကြားထဲမှာ Blocked Account Activate လုပ်လို့မရသေးခင်
အရေးပေါ်သုံးဖို့အတွက်ပါ။ အခုနောက်ပိုင်း
မြန်မာကျောင်းသားတချို့ Blocked Account Activate တဲ့နေရာမှာ
ကြန့်ကြာမှုတွေရှိတာတွေ ဖြစ်နေလို့ပါဗျ။

✅ အားလုံးကို ခြုံငုံပြောရမယ်ဆိုရင် Public University တက်ဖို့အတွက်
ခန့်မှန်းခြေ တစ်နှစ်ကုန်ကျငွေကတော့ € 12,500 ~ € 15,000 လောက် ကုန်ကျပါတယ်ဗျ။
ဒါကတော့ ခန့်မှန်းခြေကုန်ကျငွေပါ။
ကိုယ်ရွေးတဲ့ မြို့၊ ကျောင်း၊ အခန်း ပေါ်မူတည်ပြီးတော့
ဒီ့ထက်ပိုပြီးကုန်ကျတာလည်း ရှိနိုင်သလို
ဒီ့ထက်လျော့ပြီးကုန်ကျတာလည်း ဖြစ်နိုင်ပါတယ်ဗျ။

နောက်နေ့တွေမှာလည်း ဂျာမနီမှာ ကျောင်းလာတက်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး
ကျွန်တော်သိတဲ့ အကြောင်းအရာလေးတွေ
Sharing လုပ်ပေးသွားမှာ ဖြစ်လို့ စိတ်ဝင်စားတယ်ဆိုရင်
Page ကို Like and Follow လေး လုပ်ဖို့ အကြံပြုပါတယ်ဗျ ☺️🤗

ဂျာမနီမှာ Public University ရဲ့ School fee အကြောင်းကို
သိချင်တယ်ဆိုရင်တော့ အောက်က link လေးမှာ ဖတ်လို့ရပါတယ်ဗျ

https://www.facebook.com/permalink.php?story_fbid=pfbid0Gjynz9oYZpjCyvAgStxVk6xUMjpHdykN1tyBGzuNxCCXaQAyRkwVzKPypEveaCAWl&id=100094583985226&__cft__[0]=AZX2KZNabktsv_1EUvK8krjo7fSkEUK-qA4Dia7u6tjfMcWd11ZfheCauNeQ0ufRf1zAdTFKShaEnqsoqDrDH6_onTSYAnO6C3JgC41I_2No-5-WXCXNfDfhPEbnE9_zAMMsqE934qQOz0HlqN39YFzjKu98YAZHTPIoqt2KbrVW0N8iyd7ypUEILIUhI7Lt-l4&__tn__=%2CO%2CP-R

တစ်ဦးတစ်ယောက်ချင်းဆီ ကိုယ့်ရဲ့ အကြောင်းအရာကို
ကျွန်တော် Heiner နဲ့ သီးသန့်ဆွေးနွေးချင်ရင်တော့
Page ရဲ့ Chat Box မှာ လာရောက်ဆက်သွယ်လိုက်ပါဗျ 🤗

ဒီနေ့ကတော့ ဒီလောက်ပါပဲ နောက်နေ့တွေမှာလဲ
ကျွန်တော့်ကို လူတွေ အမေးများတဲ့ မေးခွန်းလေးတွေ
ပြောပြပေးသွားပါမယ်ဗျ

Bis später
Tschüss👋






23/02/2025

အားလုံးပဲ မင်္ဂလာပါဗျ 😊
ကျွန်တော်ရဲ့ စာမေးပွဲလည်း ပြီးသွားပြီဆိုတော့
ကျွန်တော့်ကို လူတွေအမေးများတဲ့
“ဂျာမနီမှာ University Education က Free ဆိုတာ တကယ်လား?”
ဆိုတာကို ဒီနေ့ sharing လုပ်ပေးပါမယ်ဗျ

ဟုတ်ပါတယ် ဂျာမနီမှာ Public University တော်တော်များများ
ကျောင်းလခ မပေးရပါဘူး School fees free ပါ။
တချို့သော State (for example: Baden-Württemberg ), တချို့သော Program များမှ လွဲလို့ University တော်တော်များများ ကျောင်းလခ/သင်တန်းကြေး မပေးရပါဘူးဗျ။
(Private University တွေကတော့ University/Program အလိုက် ကျောင်းလခပေးရပါတယ်။ )
ဒါပေမယ့် Semester Contribution/Semester fee တော့
semester တဖြတ်ချင်း သွင်းရပါတယ်ဗျ
Semester ကြေးကတော့ University အလိုက်
semester တဖြတ်ကို Euro 350-400 ပတ်ဝန်းကျင် ရှိပါတယ်။

Semester Fee ထဲမှာ ဘာတွေပါလဲဆိုရင်
👉Administrative Cost,
👉Student Service fee,
👉Student Union fee and
👉Public Transport Ticket(Semester ticket) ပါ ပါတယ်။

Semester ticket နဲ့ Bus, U-Bahn, S-Bahn နဲ့
တချို့ Regional Train တွေ စီးလို့ရပါတယ်။ (ICE, IC and EC train မပါ)
အဲ့တော့ ကျွန်တော်တို့ ကျောင်းသွား၊ အလုပ်သွား၊ အလည်သွား Transportation ခ သက်သာပါတယ်ဗျ။
"ပညာသင်ကြားခြင်းက လူတိုင်းရတဲ့ အခွင့်အရေး"ဖြစ်သင့်တဲ့အတွက်ကြောင့်မလို့ ဂျာမန်အစိုးရက တက္ကသိုလ်တွေကို အစိုးရဘက်က ပံ့ပိုးပေးတာပါ

အချုပ်အားဖြင့် ပြောရမယ်ဆိုရင်
Public University တော်တော်များများ
ကျောင်းလခ မရှိပါဘူးဗျ

ဒီနေ့ကတော့ ဒီလောက်ပါပဲ
နောက်နေ့တွေမှာလဲ ကျွန်တော့်ကို လူတွေ အမေးများတဲ့
မေးခွန်းလေးတွေ ပြောပြပေးသွားပါမယ်ဗျ ☺️

Tschüss👋






20/01/2025

လတ်တလောအနေနဲ့ Admin exams preparation လုပ်နေရလို့ Consultation services များခေတ္တ ရပ်ဆိုင်းထားပါတယ်ဗျ February 13 ကနေစပြီးအရင် လိုConsultation ပြန်ယူလို့ရပါမယ်ဗျ😊😊😊
Sorry for the inconvenience...


10/11/2024

🎉Congratulations prrr nyi ma ly Nu San Ra !!!🥳🎉

Rheinisches Studienkolleg မှာ ဝင်ခွင့်ရလို့ ဝမ်းမြောက်ဂုဏ်ယူမိပါတယ်ဗျ 😊
Studienkolleg မှာ ချောချောမွေ့မွေ့နဲ့ ပညာသင်ယူနိုင်ရုံသာမက ညီမလေး မျှော်မှန်းထားတဲ့ University ကိုလည်း အဆင်ပြေပြေချောချောမွေ့မွေ့နဲ့ ဝင်ခွင့်ရပြီး ညီမလေးရဲ့ Academic pathway မှာ အောင်မြင်မှုတွေရပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ဗျ 🤗🍀
အစ်ကိုတို့ EduConnect ကို ရွေးချယ်ပေးလို့လည်း ကျေးဇူးအများကြီးတင်ပါတယ်ဗျ 🤩




Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Website

Address


Yangon

Opening Hours

Monday 09:00 - 17:30
Tuesday 09:00 - 17:30
Wednesday 09:00 - 17:30
Thursday 09:00 - 17:30
Friday 09:00 - 17:30
Saturday 09:00 - 17:30
Sunday 09:00 - 17:30