MOSAR KAY Japanese

MOSAR KAY Japanese

Share

Educational Consultant Japanese Speaking and Training

12/02/2026

ကျွန်မတို့ နိုင်ငံခြားသား ဂျပန်ဘာသာစကားလေ့လာနေသူတွေအတွက် Reading Comprehension အပိုင်းကို မြန်မြန်နဲ့ မှန်မှန် ဖြေဆိုအဖြေထုတ်ဖို့
သော့ချက်တွေကို ဝေမျှလိုက်ပါတယ်။
၁။ မေးခွန်းကို အရင်ဖတ်ပါ။

၂။ နောက်ဆုံးကနေ ပြန်ဖတ်တာမျိုး မလုပ်ဘဲ၊ စာပိုဒ် အစကနေ အရင်ဖတ်ကျင့်ပါ။ (ကျင့်သားရလာတော့မှ ကြားကနေ ဖောက်ဖတ်တာတို့၊ အဖြေရှိနိုင်ချေရှိတဲ့ စာကြောင်းကို ရွေးဖတ်တာတို့ လုပ်ပါ)

၃။ KW( key words) ကို တွေ့အောင်ရှာပြီး စာတစ်ပိုဒ်ချင်းစီက ပြောချင်တဲ့ အရေးကြီးအချက်ကို နားလည်အောင် သတိထား ဖတ်ပါ။

အခုလိုစာမေးပွဲ ဝေးနေချိန်ကတည်းက စာပိုဒ်တွေ ဖတ်ကျင့်တာကို မကြောက်ဘဲ စ ဖတ်ကြည့်တာမျိုး လုပ်ဖို့ တိုက်တွန်းပါရစေ။
အများစုက ခန်းဂျိမပြီးသေးလို့၊ စာ မရသေးလို့၊ ခက်လို့ စတဲ့ အကြောင်းပြချက်တွေနဲ့ စာဖတ်ဖို့ ရှောင်တတ်ကြပါတယ်။

တကယ်တော့ အပေါ်က အခြေခံ အချက် (၃)ချက်ကို သတိထားရင်း စာဖတ်ကျင့်တာကို လေ့ကျင့်ထားပြီးမှ အဆင့်မြင့်စာဖတ်အဖြေရှာအဆင့်(အချိန်တိုအတွင်း အဖြေမှန်ရှာခြင်း) ကို ဆက်သွားနိုင်မှာဖြစ်ပါတယ်။

読解好き❤️大好き ဖြစ်ဖို့ အခုကတည်းက ကျွန်မတို့အတူတူ စတင်လေ့ကျင့်ကြရအောင်လား။





#読解好き大好き

09/02/2026

❣️စကားလုံးအသစ်❣️

【頭寒足熱 (ずかんそくねつ)】

頭は冷たく、足は温かくしておきましょう。そうすれば、よく眠れて、健康によいということです。

ခေါင်းအေးအေးထား၊ ခြေနွေးနွေးထား

ဂျပန်ကျန်းမာရေးစကားပုံတစ်ခုလေး ဝေမျှပေးချင်ပါတယ်။ ‌
ခေါင်းရှုပ်စေမယ့် အကြောင်းအရာတွေကို ရှင်းအောင်လုပ်ပြီး၊စိတ်ညစ်စရာတွေမတွေးဘဲ ခေါင်းအေးအေးထားပါ။ ‌
အဲ ကိုယ်ခန္ဓာရဲ့ အရေးကြီးအစိတ်အပိုင်းဖြစ်တဲ့ ခြေထောက်ကိုတော့ နွေးနွေးထွေးထွေးထားပါ။
ဒါဆို ကျန်းမာရေးပိုကောင်းလာပါမယ်။အိပ်ပျော်စေပါမယ်။ တဲ့

ကျန်းမာအောင် ဂရုစိုက်နေကြပါနော်❣️

05/02/2026

🇯🇵ဂျပန်နိုင်ငံမှာ အလုပ်လုပ်ကိုင်တဲ့အခါ ကုမ္ပဏီထံမှ လက်ခံရရှိမယ့် စာရွက်စာတမ်း​တွေအ​ကြောင်း ​ဝေမျှပါရ​စေ။

အ​ရေးအကြီးဆုံး စာရွက်စာတမ်း (2)မျိုးရှိပါတယ်။
(1) 「雇用契約書」(こようけいやくしょ) အလုပ်ခန့်အပ်မှုဆိုင်ရာ ဝန်ထမ်းစာချုပ်

(2) 「労働条件通知書」(ろうどうじょうけんつうちしょ) အလုပ်အ​ကြောင်းအရာဆိုင်ရာ အသိ​ပေးစာ

☝️အထက်ပါ
(1),(2)စာရွက်စာတမ်း​တွေကို တစ်မျိုးတည်း ​ပေါင်း​ရေးပြီး 「雇用契約書 兼 労働条件通知書」ဆိုပြီး ​ပေးတာမျိုးလည်း ရှိပါတယ်။

💛ဘယ်လိုအ​ကြောင်းအရာ​တွေ ပါဝင်သလဲ၊ ဘယ်​လောက်ထိ အ​ရေးပါသလဲ၊ ကိုယ့်ကို ​ပေးလာတဲ့ စာရွက်စာတမ်းပုံစံက မှန်ကန်ခိုင်မာမှုရှိမရှိ ဘယ်လိုစစ်​​ဆေးရမလဲ ဆိုတာ ​အောက်ပါအတိုင်း အ​သေးစိတ် စစ်​ဆေးကြည့်ရှုကြရ​အောင်။

☝️မှန်ကန်ခိုင်မာမှုရှိတဲ့ စာရွက်စာတမ်းပုံစံ (書式) မှာ ❗
၁။ (1) 「雇用契約書」(2) 「労働条件通知書」「雇用契約書 兼 労働条件通知書」စသဖြင့် စာရွက်စာတမ်းအမည်ကို ​သေချာစွာ ​ရေးထားရပါတယ်။
၂။ အလုပ်ခန့်အပ်သူရဲ့ အမည်၊ လက်မှတ်(捺印 လက်မှတ်တံဆိပ်တုံးနှိပ်ထားတာ) ပါဝင်ရပါတယ်။
၃။ အလုပ်လုပ်ကိုင်မည့်သူ (သင့်အမည်) အပြည့်အစုံ၊ လက်မှတ်(捺印 လက်မှတ်တံဆိပ်တုံးနှိပ်ရန်) ပါဝင်ရပါတယ်။
၄။ စာရွက်စာတမ်းအတည်ပြုသည့်ရက်စွဲ(အလုပ်ခန့်အပ်မှုဆိုင်ရာ ဝန်ထမ်းစာချုပ်)ရက်စွဲ ​ရေးသားထားရပါတယ်။

🔴(1) 「雇用契約書」(こようけいやくしょ) အလုပ်ခန့်အပ်မှုဆိုင်ရာ ဝန်ထမ်းစာချုပ်
ဆိုတာ...အလုပ်ရှင်နဲ့ အလုပ်သမားအကြား အလုပ်အကိုင်နဲ့ပတ်သက်ပြီး အပြန်အလှန်သိရှိလက်ခံ​ကြောင်း သက်​သေပြုနိုင်တဲ့ စာရွက်စာတမ်းဖြစ်ပါတယ်။
ဂျပန်နိုင်ငံရဲ့ ဥပ​ဒေအရ နှုတ်နဲ့ပဲ ကတိပြုသ​ဘောတူညီမှုရယူပြီး စာချုပ်ချုပ်ဆိုတာမျိုးလည်း ပြုလုပ်နိုင်​ပေမယ့်၊ ဘာသက်​သေအ​ထောက်အထားမှ မရှိ​နေရင် ​နောင်တချိန်ချိန်မှာ ပြဿနာတစုံတရာဖြစ်လာရင် အငြင်းပွားစရာ​တွေဖြစ်နိုင်ပါတယ်။ ဒါ​ကြောင့် ​သေ​သေချာချာ သ​ဘောတူညီမှုရယူထား​ကြောင်း သက်​သေပြုနိုင်တဲ့ စာချုပ်လို စာရွက်စာတမ်းမျိုး ချုပ်ဆိုထားရှိဖို့ လိုအပ်ပါတယ်။
🔴☝️​သေ​သေချာချာ စာချုပ်ပါ အ​ကြောင်းအ​ရာ​တွေကို စစ်​ဆေးသိရှိပြီးမှ လက်မှတ်ထိုးပါ။
(1) 「雇用契約書」(こようけいやくしょ) အလုပ်ခန့်အပ်မှုဆိုင်ရာ ဝန်ထမ်းစာချုပ် မှာ လက်မှတ်​ရေးထိုးထားခြင်း = စာချုပ်ပါ အ​ကြောင်းအရာ​တွေကို
နားလည်လက်ခံသ​ဘောတူပါသည် ဆိုတဲ့ သက်​သေဖြစ်တာ​ကြောင့် အ​ကြောင်းအရာ​တွေကို ​သေ​သေချာချာ စစ်​ဆေးသိရှိလက်ခံပြီးမှ လက်မှတ်​ရေးထိုးပါ။

🔴(2) 「労働条件通知書」(ろうどうじょうけんつうちしょ) အလုပ်အ​ကြောင်းအရာဆိုင်ရာ အသိ​ပေးစာ
ဆိုတာ... အလုပ်ရှင်မှ အလုပ်သမားထံ အသိ​ပေးရမယ့် အလုပ်အကိုင်ဆိုင်ရာ အ​သေးစိတ်အချက်အလက်၊ စည်းကမ်းချက် စသည်တို့ ပါဝင်တဲ့ စာရွက်စာတမ်းဖြစ်ပါတယ်။
အလုပ်သမားက ဂျပန်လူမျိုးဖြစ်​စေ၊ နိုင်ငံခြားသားဖြစ်​စေ မလွဲမ​သွေ ​အသိပေးရတဲ့ စာရွက်စာတမ်းဖြစ်ပါတယ်။ အလုပ်ရှင်က သက်ဆိုင်ရာ အလုပ်သမား(ဝန်ထမ်း)ဆီ မ​ပေးထားဘူးဆိုရင် ပြစ်ဒဏ်​ငွေ​ပေး​ဆောင်ကြရပါတယ်။
ပြီးရင် အလုပ်သမားအ​နေနဲ့ အကြိမ်ကြိမ်ပြန်လည်ဖတ်ရှုနိုင်​စေဖို့အတွက် အလုပ်ရှင်ဘက်က​နေ (2) 「労働条件通知書」(ろうどうじょうけんつうちしょ) အလုပ်အ​ကြောင်းအရာဆိုင်ရာ အသိ​ပေးစာကို စာရွက်စာတမ်း၊ အီး​မေးလ် တို့နဲ့ ​သေချာစွာ ​ပေးပို့ထားရပါတယ်။

🔴(1) 「雇用契約書」(こようけいやくしょ) အလုပ်ခန့်အပ်မှုဆိုင်ရာ ဝန်ထမ်းစာချုပ်မှာ လက်မှတ်မထိုးခင်
🔴(2) 「労働条件通知書」(ろうどうじょうけんつうちしょ) အလုပ်အ​ကြောင်းအရာဆိုင်ရာ အသိ​ပေးစာ ကို ​သေချာစွာ ဖတ်ရှုပြီး မိမိလုပ်ကိုင်ရမယ့် အလုပ်အ​ကြောင်းအရာကို နားလည်ဖို့ လိုအပ်ပါတယ်။

🔴☝️(2) 「労働条件通知書」(ろうどうじょうけんつうちしょ) မှာ အလုပ်ရှင်ဘက်မှ မလွဲမ​သွေ ​ရေးထည့်​ပေးရတဲ့ အ​ကြောင်းအရာ​တွေရှိပါတယ်။ အဲ့ဒါ​တွေက​တော့...☆၁၀ချက်🔴
☆契約期間 (けいやくきかん) စာချုပ်သက်တမ်း။
ဘယ်​နှစ်လရက်​နေ့က​နေ ဘယ်​နှစ်လရက်နေ့အထိ အလုပ်လုပ်ကိုင်မယ်ဆိုတဲ့ သက်တမ်းဖြစ်ပါတယ်။
ဘယ်​အ​ခြေအ​နေဆိုရင် သက်တမ်းဆက်တိုးမယ်ဆိုတာ ​ရေးသားထားပါတယ်။

☆就業場所 (しゅうぎょうばしょ) အလုပ် ​နေရာ ။
မိမိအလုပ်လုပ်ရမယ့် ကုမ္ပဏီအမည်၊ လိပ်စာ စသည်တို့ကို ​ရေးသားထားပါတယ်။

☆業務内容 (ぎょうむないよう) အလုပ်အ​ကြောင်းအရာ။
လုပ်ရမယ့် အလုပ်အမျိုးအစား အကြမ်းဖျင်း​ရေးသားထားပါတယ်။

☆就業時間 (しゅうぎょうじかん) ဘယ်နှနာရီမှ ဘယ်နှနာရီထိ အလုပ်လုပ်ရမလဲဆိုတာ ​ရေးသားထားပါတယ်။ သတ်မှတ်ထားတဲ့ အလုပ်ပြီးချိန်​ကျော်သွားတာက စပြီး အချိန်ပို အလုပ်ချိန်ဖြစ်ပါတယ်။

☆休憩時間 (きゅうけいじかん) အလုပ်ချိန်အတွင်း အနားယူချိန်ဖြစ်ပါတယ်။
များ​​သောအားဖြင့် ​နေ့လည်ထမင်းစားချိန် တစ်နာရီကို ​ရေးသားထားတတ်ပါတယ်။

☆休日 (きゅうじつ) အလုပ်ပိတ်ရက်ကို ရည်ညွှန်း​ဖော်ပြထားပါတယ်။

☆休暇 (きゅうか) အလုပ်ပိတ်ရက်အပြင် အလုပ်မှ ခွင့်ယူနိုင်တဲ့ ရက်​၊ ခွင့်ယူနိုင်တဲ့ အ​ခြေအ​နေအ​​ကြောင်း ​ရေးသားထားပါတယ်။

☆賃金 (ちんぎん) အလုပ်လစာကို ဘယ်လိုသတ်မှတ်​သလဲ၊ လစာ​ပေးတဲ့ ​နေ့ရက်၊ လစာ​ပေးတဲ့နည်းလမ်း(cash or bank transfer)တို့ကို ​ရေးသားထားပါတယ်။

☆退職 (たいしょく) အလုပ်ထွက်မယ့်အခါ၊ အလုပ်ထုတ်ခံရတဲ့အခါ ဘယ်လိုအ​ခြေအ​နေမျိုး​တွေဆိုရင် လက်ခံသလဲ စတာ​တွေကို ​ရေးသားထားပါတယ်။

☆昇給 (しょうきゅう) ဘယ်​လိုအ​ခြေအ​နေမျိုးဆိုရင် လစာတိုး​ပေးသလဲ ဆိုတာ​တွေ ​ရေးသားထားပါတယ်။

အထက်ပါ ☆ ၁၀ချက်ဟာ မဖြစ်မ​နေ ​ရေးသား​ဖော်ပြထားရတာဖြစ်လို့ 「絶対的明示事項」(ぜったいてきめいじじこう) လို့ ​ခေါ်ပါတယ်။

🔴「絶対的明示事項」(ぜったいてきめいじじこう) အပြင် အလုပ်ရှင်ဘက်က​နေ အလုပ်သမားထံ နှုတ်နဲ့ ​နားလည်​အောင် ကြိုတင်ရှင်းပြထားသင့်တဲ့ အချက်အလက်​တွေ ရှိပါ​သေးတယ်။
အဲဒီအချက်အလက် ၈ချက်ကို​တော့ 「相対的明示事項」(そうたいてきめいじじこう) လို့​ခေါ်ပြီး၊ ဝန်ထမ်း ၁၀ ​ယောက်နဲ့အထက် ရှိတဲ့ ကုမ္ပဏီ​တွေမှာ​တော့ ဒီအချက်အလက် ၈ချက်ကို 「就業規則」(しゅうぎょうきそく) အလုပ်အကိုင်ဆိုင်ရာ စည်းကမ်းချက်များ ထဲမှာ ထည့်သွင်း​ဖော်ပြထားတတ်ပါတယ်။
ဘယ်ထဲမှာ ​ဖော်ပြထားတာဖြစ်ပါ​စေ ပါဝင်တဲ့ အချက်အလက် အ​ကြောင်းအရာ ၈ချက်က​တော့ အတူတူပါပဲ။ ○ ၈ချက်🔴
○退職手当 (たいしょくてあて)အလုပ်ထွက်သွားတဲ့အခါ ​​ထောက်ပံ့​ကြေးပေး​ချေ​ပေးနိုင်တဲ့ အ​ခြေအ​နေ၊ ကာလ စသည်တို့ကို ​ရေးသားထားပါတယ်။

○ボーナス အလုပ်လစာ အပြင် ​ဘောနပ်စ်ချီးမြှင့်​ငွေ​ပေးတဲ့ အချိန်၊ ပမာဏတို့ကိို ​ရေးသားထားပါတယ်။ ဂျပန်ကုမ္ပဏီအများစုက​တော့ တစ်နှစ်ကို ၂ကြိမ် ကုမ္ပဏီရဲ့ စီးပွား​ရေးအ​ခြေအ​နေနဲ့ ဝန်ထမ်းရဲ့ ကြိုးစားအားထုတ်မှုတို့အ​ပေါ် ကြည့်ပြီး သတ်မှတ်​ပေး​ချေပါတယ်။

○食費 (しょくひ) 制服代(せいふくだい) စားစရိတ်၊ ယူနီ​ဖောင်း​ကြေး စတာ​တွေကို ကုမ္ပဏီက ကျခံ​ပေးမှာလား၊ ကိုယ်တိုင်ကျခံရမှာလား ​ရေးသားထားပါတယ်။

○安全 . 衛生 (あんぜん . えいせい) ဝန်ထမ်း​တွေရဲ့ ကျန်းမာ​ရေး၊ ​ဘေးကင်းလုံခြုံမှုတို့နဲ့ပတ်သက်ပြီး အလုပ်ရှင်မှ တာဝန်ယူ​ဆောင်ရွက်​ပေးမယ့်အ​ကြောင်းအရာ​တွေ ​ရေးသားထားပါတယ်။

○就業訓練 (しゅうぎょうくんれん) အလုပ်ဆိုင်ရာ ​လေ့ကျင့်​ရေး၊ ​လေ့လာ​ရေးတို့နဲ့ ပတ်သက်ပြီး ​ရေးသားထားပါတယ်။

○災害補償 (さいがいほしょう) ဝန်ထမ်းက အလုပ်လုပ်ကိုင်​နေစဥ် သို့မဟုတ် အလုပ်သွားအလုပ်ပြန်မှာ ကြုံ​တွေ့ရမယ့် မ​တော်တဆဖြစ်ပွားမှုအ​ပေါ် အလုပ်ရှင်ဘက်မှ တာဝန်ယူ​​ဆောင်ရွက်​ပေးမယ့်အရာများ ​ရေးသားထားပါတယ်။

○表彰 (ひょうしょう) ဆု​ပေး၊ ဒဏ်​ပေးစနစ်အမျိုးမျိုးနဲ့ အ​ကြောင်းရင်းတို့ ​ရေးသားထားပါတယ်။

○休職 (きゅうしょく) ဝန်ထမ်းမှ စာချုပ်သက်တမ်းအတွင်း မကျန်းမမာဖြစ်ခြင်း၊ ဒဏ်ရာရရှိခြင်းတို့​ကြောင့် ကြာရှည်ခွင့်ရက်ယူရမယ့်အ​ခြေအ​နေမျိုးမှာ အလုပ်ရှင်ဘက်မှ တာဝန်ယူ​ဆောင်ရွက်​ပေးမယ့်အရာများ ​ရေးသားထားပါတယ်။

❣️စာချုပ်ချုပ်ဆို လက်မှတ်​ရေးထိုး​တော့မယ်ဆိုရင် အချိန်ယူပြီး ​သေ​သေချာချာနားလည်​အောင် ​လေ့လာဖတ်ရှုပါ။ နားမလည်တာမျိုးရှိလာရင် အားမနာတမ်း အလုပ်ရှင်ဘက်နဲ့ ​ဆက်သွယ်မေးမြန်းပါ။
​သေချာနားလည်လက်ခံ​သ​ဘောတူပြီဆိုမှ လက်မှတ်​ရေးထိုး စာချုပ်ချုပ်ဆိုပါ။ ဒီလိုမှ စိတ်​အေးလက်​အေး အလုပ်မှာ အာရုံစိုက် အလုပ်လုပ်ကိုင်နိုင်ပါမယ် အလုပ်မှာ ​ပျော်ရွှင်နိုင်ပါမယ်။

တစ်ဦးပဲဖြစ်ဖြစ် အကျိုးရှိသွားမယ်ဆိုရင် ဝမ်းသာပါတယ်။

မိုဆာကေ⚘️

#就職
#日本で働く

29/01/2026

ချစ်သောမိနစံ
JLPT results လာအသိပေးကြပါဦး🤩
ထိုက်တန်တဲ့အကောင်းဆုံး ရလာဒ်ရကြပါစေ🍀㊗️

25BJLPT

Photos from MOSAR KAY Japanese's post 27/01/2026

မွေးနေ့တိုင်းကို ချစ်ရတဲ့ ကလေးတွေနဲ့ အတူဖြတ်သန်းခွင့်ရခဲ့တာ
ကျွန်မအတွက် အင်မတန် ကံကောင်းလှပြီး
တန်ဖိုးမဖြတ်နိုင်တဲ့ အမှတ်တရနေ့လေးတွေပါ။

အခုဆို ဂျပန်မြေ နဲ့ အမေရိကန်မြေမှာ အသီးသီး နေရာတစ်ခုစီ ပိုင်ဆိုင်ရပ်တည်နိုင်နေကြတာလေး
တွေးကြည့်ရုံနဲ့ ဝမ်းသာပီတိဖြစ်ရပါတယ်။

မကြာခင် ဂျပန်မြေကို ထွက်ခွါကြမယ့်သူလေးတွေလည်း ဖြောင့်ဖြူးချောမွေ့ပါစေ။

အားလုံးကို အရမ်း ချစ်ပါတယ် ❤️🌸💝

27/01/2026

မအိပ်ခင်လေး စာလုပ်ဖို့💝


Photos from Myanmar Association of Japan Alumni (MAJA)'s post 23/01/2026

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ JLPT စာမေးပွဲ ရလဒ် ကြည့်ရှုနိုင်မည့်ရက် ကြေငြာခြင်း။

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၇) ရက်နေ့တွင် ကျင်းပခဲ့သော JLPT စာမေးပွဲ၏ Online Result များအား ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ၊ ၃၀ ရက်နေ့ (သောကြာနေ့) မြန်မာစံတော်ချိန် နံနက် ၇:၃၀ နာရီ မှ စတင်၍ ၂၀၂၆ ခုနှစ် မတ်လ၊ ၃၁ရက်‌နေ့ (အင်္ဂါနေ့) မြန်မာစံတော်ချိန် နေ့လည်၂:၃၀ နာရီ အထိ ကြည့်ရှုနိုင်မည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Certificateများရောက်ရှိပါက ထုတ်ယူနိုင်ရန် ထပ်မံကြေငြာပေးပါမည်။

Result ကြည့်ရှုရမည့် link - https://www.jlpt-overseas.jp/onlineresults/

(ဖော်ပြပါလင့်မှတဆင့် > other countries သို့ဝင်ရောက်၍ > Test Result ကိုနှိပ်ကာ > မိမိ ခုံနံပါတ် နှင့် Passcode 8 လုံး ရိုက်ထည့်ကြည့်ရှုရပါမည်။)

Passcode 8 လုံး မပြည့်သူများ၊ လုံး၀ မဖြည့်သွင်းခဲ့သူများ၊ သတ်မှတ်ထားသည့် ဂဏန်းများမဟုတ်ပဲ Alphabet များပါ၀င်နေသည့် Passcode များ ဖြစ်ပါက Online Result ကြည့်ရှုနိုင်မည် မဟုတ်ပါ။
Passcode မေ့လျော့သော စာဖြေသူများအနေဖြင့် အောက်ပါLinkသို့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

https://drive.google.com/file/d/18I73H_HLJvjdA1FTyKQdllW1JeiubLUT/view?usp=sharing

ဆက်သွယ်ရန်
01-757 10 15 (Ext 1)
JLPT စာမေးပွဲကျင်းပရေးကော်မတီ
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း

21/01/2026

JLPT vs JFL

JLPT အောင်လက်မှတ် ရှိပါတယ်၊ JFL ဖြေဖို့လိုအပ်လား❓
ဂျပန်စာ Level ဘယ်လောက်ရှိမှ JFL တက်လို့ရမှာလဲ❓
စတဲ့ စတဲ့ မေးခွန်းတွေအတွက် MAJA Education Centre က အဖြေလေး လာပေးတာပါ။

အားလုံးသိထားကြတဲ့ ဂျပန်ဘာသာစကား အရည်အချင်းစစ်စာမေးပွဲ (JLPT) နဲ့ ဂျပန်တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ (EJU) မှာဖြေဆိုရတဲ့ (JFL) ဆိုတာကို ကျောင်းသား/သူများရော၊ ကျောင်းသားမိဘများပါ ရောထွေးနေတတ်ကြပါတယ်။

⭕ JLPT (Japanese Language Proficiency Test) ဆိုတာ ဂျပန်ဘာသာစကားဆိုင်ရာ နားလည်မှု၊ တတ်ကျွမ်းမှုအပေါ်စစ်ဆေးတဲ့စာမေးပွဲဖြစ်ပြီး level အလိုက်ဝင်ရောက်ဖြေဆိုကာ ဂျပန်စာအရည်အချင်းအသိအမှတ်ပြုလက်မှတ် ရယူနိုင်တာဖြစ်ပြီး

⭕ EJU စာမေးပွဲမှာ ဖြေဆိုရတဲ့ JFL (Japanese as a Foreign Language) ဘာသာရပ်ကတော့ တက္ကသိုလ်ဝင်ခွင့်အတွက် အဓိကထားပြင်ဆင်ရတာမျိုးဖြစ်ပြီး ဂျပန်စာ Level အနည်းဆုံး N3 အောင်မြင်ထားမှသာ လေ့လာနိုင်မှာဖြစ်ပါတယ်။

အလွယ်မှတ်ရရင်တော့ JLPT က Language Comprehension (ဘာသာစကားနားလည်တတ်ကျွမ်းမှုစွမ်းရည်) အတွက် ပြင်ဆင်ရတာမျိုးဖြစ်ကာ EJU စာမေးပွဲမှ JFL က Academic (ပညာရေး) မှာ လိုအပ်တဲ့ဂျပန်ဘာသာအရည်အသွေးအတွက် ဖြေဆိုရတာမျိုးပါ။

မေးခွန်းပုံစံအနေနဲ့ဆိုရင်လည်း -
➡️ JLPT မှာ Vocabulary, Grammar, Reading, Listening အပိုင်းများကို ဖြေဆိုရပါတယ်။
➡️ JFL ဘာသာရပ်ကတော့ Reading, Reading-Listening, Listening, Writing အပိုင်းများကိုဖြေဆိုရပါတယ်။

အခုလောက်ဆိုရင် JLPT နဲ့ JFL မတူညီဘူးဆိုတာကို သိသွားကြမယ်လို့ မျှော်လင့်ပါတယ်။
ကိုယ်က ဂျပန်မှာ တက္ကသိုလ်တက်ဖို့ ပြင်ဆင်နေတာဆိုရင်တော့ JLPT လက်မှတ်ယူထားရုံနဲ့ မလုံလောက်သေးပါဘူး။ EJU စာမေးပွဲအတွက်ကိုပါ တစ်ပါတည်း ပြင်ဆင်ထားဖို့ MAJA Education Centre မှ အကြုံပြုလိုက်ပါတယ်နော် . . .။

EJU အကြောင်းနှင့် အတန်းများအား စုံစမ်းရန် - 09 428 613 848
🏡 Campus Address : အမှတ် (၄၄၀/ဘီ)၊ ဇေယျ (၁၄) လမ်း၊ (၁၀) ရပ်ကွက်၊ သစ္စာလမ်းမအနီး၊ တောင်ဥက္ကလာပမြိုနယ်၊ ရန်ကုန်မြို။ (ဂိတ်ဟောင်းမှတ်တိုင်အနီး၊ တောင်ဥက္ကလာတရားရုံးဘေးလမ်း)



Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Website

Address


Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 11:45