MOSAR KAY Japanese

MOSAR KAY Japanese Japanese Speaking and Training

🇯🇵 JLPT • EJU • Study in Japan
📚 N5–N1 Japanese Language Training
🎓 EJU Japanese Subject Preparation
✈️ Study in Japan Program
🎤 Interview Training
💜ဂျပန်ဘာသာစကားလေ့လာမှုမှဂျပန်နိုင်ငံတွင်သင့်အိပ်မက်များအကောင်အထည်ဖော်နိုင်သည်အထိအတူလျှောက်လှမ်းစို့💜

🌻ဂျပန်တက္ကသိုလ်သို့ဝင်ခွင့်လျှောက်ထားကြမယ့် ကျောင်းသားများသို့🌻Senior များရဲ့ စကားသံ - အပိုင်း(၁)ဂျပန်တက္ကသိုလ်ဝင်ခွင့်အ...
20/08/2026

🌻ဂျပန်တက္ကသိုလ်သို့ဝင်ခွင့်လျှောက်ထားကြမယ့် ကျောင်းသားများသို့🌻
Senior များရဲ့ စကားသံ - အပိုင်း(၁)

ဂျပန်တက္ကသိုလ်ဝင်ခွင့်အတွက်
စာရွက်စာတမ်းပြင်ဆင်မှု၊ ပညာအရည်အချင်းဆိုင်ရာအောင်လက်မှတ်ပြင်ဆင်မှု၊ ကျောင်းရွေးချယ်မှု စတဲ့ အဆင့်ဆင့်အတွက် အခက်ကြုံကြရတဲ့ ကျောင်းသားတွေ ရှိမယ်လို့ထင်ပါတယ်။

မိုဆာကေမှာ နှစ်စဉ် မြန်မာနိုင်ငံနေထိုင်သူ၊ ဂျပန်ရောက်နေသူလေးတွေရော ဂျပန်နိုင်ငံမှာရှိတဲ့ တက္ကသိုလ်တွေဆီ တိုက်ရိုက်ဝင်ခွင့်လျှောက်ထားချိန်မှာ ကူညီပံ့ပိုးလမ်းညွှန်ပေးတဲ့ Study in Japan Program( University Admission Guide Service) ကို ဆောင်ရွက်လာတာ (၃)နှစ်ရှိပြီဖြစ်ပြီး၊ အစိုးရတက္ကသိုလ်အပါအဝင် နိုင်ငံခြားသားကျောင်းသားတွေကို သေချာပျိုးထောင်ပေးတဲ့ကောင်းမွန်တဲ့ ဂျပန်တက္ကသိုလ်တွေဆီ ကျောင်းသားပေါင်း (၄၀) ကျော်ကို ပို့ဆောင်ပေးနိုင်လာပြီဖြစ်ပါတယ်။
ရှေ့တာထွက်ကောင်းတဲ့ စီနီယာအစ်ကိုအစ်မတွေနဲ့ နောင်လာမယ့် မျိုးဆက်သစ်လေးတွေ အချိတ်အဆကမိစေဖို့၊ ထိမိမြန်ဆန်ပြီး မှန်ကန်အကျိုးရှိတဲ့ သတင်းအချက်အလက်ဖလှယ်နိုင်စေဖို့ ရည်ရွယ်ပြီး အပတ်စဉ် ကျောင်းသားဟောင်းများရဲ့ စကားသံကို ပြန်လည်ဝေမျှသွားဖို့ စီစဉ်လိုက်ပါတယ်ရှင်။

ဒီတပတ်မှာတော့
လက်ရှိ✨Kyoto Tachibana University ပထမနှစ်ကျောင်းသား✨
ဂျပန်နိုင်ငံကို သတင်းစာစကော်လာနဲ့ သွားရောက်ခဲ့တဲ့
သား Win-san တစ်ယောက် 2026 April Intake တက္ကသိုလ်ဝင်ဖို့အတွက်
ပြင်ဆင်ချိန်နည်းပါးလှတဲ့ကြားထဲက ဘယ်လိုအချိန်ပေးပြင်ဆင်ခဲ့လဲ
ဘယ်လိုအခက်အခဲတွေကျော်ဖြတ်ခဲ့ရလဲ
လက်ရှိမှာ ဘယ်လိုတက္ကသိုလ်ဘဝကို ကျော်ဖြတ်နေလဲ ဆိုတာ
သားတော်မောင်ရဲ့ စကားသံအတိုင်း ပြန်လည်ဝေမျှလိုက်ပါတယ်။

👉 ဂျပန်တက္ကသိုလ်ဝင်ခွင့်အတွက် ပြင်ဆင်ခဲ့တဲ့အချိန်က ကျွန်တော့်အတွက် တော်တော်လေးခက်ခဲတဲ့ကာလတစ်ခုပါ။
အစပိုင်းမှာ ဘယ် University ကိုရွေးရမလဲ၊ ကိုယ့်အတွက် ဘယ် major ကသင့်တော်မလဲ၊ EJU နဲ့ JLPT ကို ဘယ်လိုပြင်ဆင်ရမလဲဆိုတာတွေ အများကြီးမသိခဲ့ပါဘူး။
‎👉EJU အတွက် စာလေ့လာရုံနဲ့မပြီးဘဲ University တစ်ခုချင်းစီရဲ့ admission requirements၊ application period၊ interview နဲ့ 志望理由書 တွေကိုပါ တစ်ပြိုင်နက်တည်း စီစဉ်ရတာက အခက်ခဲဆုံးအပိုင်းတွေထဲက တစ်ခုပါ။
ကိုယ်ဦးစားပေးထားတဲ့ကျောင်းက ဝင်ခွင့်မရတဲ့အချိန်တွေလည်းရှိခဲ့ပြီး တစ်ခါတလေ ဘာကိုဦးစားပေးပြီး ဘာကိုဆက်လုပ်ရမလဲ မသိဘဲ စိတ်ရှုပ်ခဲ့တာတွေလည်း ရှိပါတယ်။
‎👉ဒါပေမယ့် အဲ့ဒီအချိန်တွေကို ဖြတ်သန်းပြီးမှ University application ကို နောက်ဆုံးအချိန်မှ စလုပ်တာထက် ကိုယ်တက်ချင်တဲ့ major၊ University ရဲ့ requirements နဲ့ deadline တွေကို စောစောလေ့လာထားတာ တကယ်အရေးကြီးတယ်ဆိုတာ သိလာခဲ့ပါတယ်။
‎
University Life 🎓
‎👉အခု Architecture ကို လေ့လာနေပြီး University Life က Japan မလာခင် စိတ်ကူးထားတာထက် ပိုပြီး busy ဖြစ်ပါတယ်။
‎👉Architecture က lecture နားထောင်ပြီး စာကျက်ရုံနဲ့ မပြီးပါဘူး။ ကိုယ်တိုင် idea စဉ်းစားရတာ၊ drawing နဲ့ design လုပ်ရတာ၊ assignment တွေကို deadline အမီပြီးအောင်လုပ်ရတာတွေ အများကြီးရှိပါတယ်။ တစ်ခါတလေ assignment တွေများလာရင် တော်တော်ပင်ပန်းပါတယ်။
‎👉အပြင်မှာ သတင်းစာပို့တဲ့ part-time job ကိုလည်း လုပ်နေရတာကြောင့် ကျောင်းစာနဲ့ အလုပ်ကို balance လုပ်ရတာ မလွယ်ပါဘူး။ ဒါပေမယ့် ကိုယ်တကယ်လေ့လာချင်တဲ့ Architecture ပတ်ဝန်းကျင်မှာ ရှိနေရတာကြောင့် ပင်ပန်းပေမယ့် ကျေနပ်ပါတယ်။

‎ Life in Japan 🇯🇵
‎👉Japan မှာနေထိုင်ရတဲ့အခါ ကျောင်းစာတစ်ခုတည်းကိုပဲ အာရုံစိုက်လို့မရပါဘူး။ ကိုယ့်နေ့စဉ်ဘဝကိုယ် စီမံရတာ၊ အချိန်ကို သေချာခွဲသုံးရတာ၊ ဂျပန်လူမျိုးတွေနဲ့ communication လုပ်ရတာနဲ့ ကိုယ့်တာဝန်ကိုယ်ယူရတာတွေကလည်း အရေးကြီးပါတယ်။
‎👉အထူးသဖြင့် University assignment တွေ၊ ကိုယ်ပိုင်လေ့လာမှုတွေနဲ့ နေ့စဉ်ဘဝကို balance လုပ်ရတာက အစပိုင်းမှာ မလွယ်ပါဘူး။
‎❌Japan မလာခင်မှာ ဂျပန် စာကောင်းကောင်းရထားရင် အဆင်ပြေမယ်လို့ ထင်ခဲ့ပါတယ်။
✅ဒါပေမယ့် တကယ်ရောက်လာပြီး နေထိုင်ကြည့်တဲ့အခါ စာအုပ်ထဲမှာလေ့လာထားတဲ့ ဂျပန်စာ နဲ့ နေ့စဉ်ဘဝမှာ တကယ်အသုံးပြုရတဲ့ ဂျပန်စာ က မတူတာကို ပိုသိလာရပါတယ်။
🛑အဲ့ဒါကြောင့် Japan ရောက်ပြီးနောက်မှာလည်း Japanese ကို ဆက်လေ့လာဖို့ လိုတယ်လို့ ခံစားရပါတယ်။

‎Before Japan vs. Now 🌱
‎👉Japan မလာခင်က ကျွန်တော်က ကိုယ့်အနာဂတ်အတွက် ဘာလုပ်ရမလဲဆိုတာကို အများကြီးစဉ်းစားပြီး စိတ်ပူတတ်တဲ့သူပါ။ ကိုယ်တကယ် ဘာကိုဝါသနာပါလဲဆိုတာလည်း အဲ့ဒီအချိန်တုန်းက သေချာမသိခဲ့ပါဘူး။
‎💛ဒါပေမယ့် မိုဆာကေ Sensei နဲ့ တိုင်ပင်ပြီး ကိုယ်သွားချင်တဲ့လမ်းကြောင်းက တဖြည်းဖြည်း ပိုရှင်းလာခဲ့ပါတယ်။ Kyoto tachibana University ကိုရောက်လာပြီးနောက်မှာလည်း ကိုယ့်အတွက် ကိုယ်တိုင်ဆုံးဖြတ်ရတာ၊ ကိုယ်ရွေးချယ်ထားတဲ့အရာအတွက် ကိုယ်တိုင်တာဝန်ယူရတာတွေကို ပိုနားလည်လာခဲ့ပါတယ်။
‎👉အခုထိလည်း အရာအားလုံးကို သေချာသိပြီး ရှေ့ဆက်နေတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် အရင်ကထက် ကိုယ့်လမ်းကိုယ် ပိုယုံကြည်လာတယ်လို့တော့ ခံစားရပါတယ်။

‎Message to Juniors 💌
‎👉အခု Japan မှာ University တက်ဖို့ ပြင်ဆင်နေတဲ့ Junior တွေကို ကျွန်တော်ပြောချင်တာက “အရာအားလုံး perfect ဖြစ်မှ စမယ်” ဆိုပြီး မစောင့်ပါနဲ့ လို့ပါ။
‎⚠️EJU score၊ JLPT၊ University ရွေးချယ်မှု၊ 志望理由書 နဲ့ Interview တွေကို ပြင်ဆင်တဲ့အချိန်မှာ စိတ်ပူတာ၊ ကိုယ့်ကိုယ်ကို မယုံကြည်တာတွေ ရှိနိုင်ပါတယ်။
👉ကျွန်တော်ကိုယ်တိုင်လည်း အဲ့ဒီလိုအချိန်တွေ ဖြတ်သန်းခဲ့ရပါတယ်။ အခုထိလည်း “ဒီဟာကို စောစောလုပ်ခဲ့ရင်ကောင်းမယ်” ဆိုပြီး နောင်တရမိတာတွေ ရှိပါတယ်။
‎👉ဒါကြောင့် မသိတာရှိရင် မေးပါ။ ကိုယ်စိတ်ဝင်စားတဲ့ University နဲ့ major တွေကို စောစောလေ့လာပါ။ Deadline တွေကို သေချာမှတ်ထားပါ။
✨ပြီးတော့ ကိုယ့်အခြေအနေကို တခြားသူတွေနဲ့ အမြဲမနှိုင်းယှဉ်ပါနဲ့။
‎🌟လူတိုင်းရဲ့ preparation period က မတူပါဘူး။ တချို့က စောစောအဆင်ပြေသွားနိုင်သလို တချို့က အချိန်ပိုယူရနိုင်ပါတယ်။
✅အရေးကြီးတာက ကိုယ့်အတွက် သင့်တော်တဲ့လမ်းကို ရှာပြီး တစ်ဆင့်ချင်း ဆက်သွားဖို့ပါ။
‎Japan ရောက်လာတာနဲ့ အရာအားလုံး အဆင်ပြေသွားမှာတော့ မဟုတ်ပါဘူး။ ခက်ခဲတဲ့အချိန်တွေလည်း ရှိမယ်၊ ကိုယ်မျှော်လင့်ထားတာနဲ့ မတူတဲ့အရာတွေလည်း ကြုံရပါလိမ့်မယ်။ ဒါပေမယ့် အဲ့ဒီအတွေ့အကြုံတွေကပဲ ကိုယ့်ကို တဖြည်းဖြည်း ပိုပြီးရင့်ကျက်လာအောင် သင်ပေးပါလိမ့်မယ်။
‎🍀ကျွန်တော်လည်း အခုထိ လေ့လာနေဆဲပါ။ Junior တွေလည်း ကိုယ့်လမ်းကိုယ် ယုံကြည်ပြီး တစ်ဆင့်ချင်း ဆက်သွားကြပါ။ 🤍

👉

💼 「よろしくお願いします」 တစ်ခုပဲသုံးနေရင် ဒီအသုံးအနှုန်းတွေကိုလည်း မဖြစ်မနေ သိထားပါ! ဂျပန်စာ လေ့လာနေသူတိုင်း 「よろしくお願いします (Yoroshik...
20/08/2026

💼 「よろしくお願いします」 တစ်ခုပဲသုံးနေရင် ဒီအသုံးအနှုန်းတွေကိုလည်း မဖြစ်မနေ သိထားပါ!

ဂျပန်စာ လေ့လာနေသူတိုင်း 「よろしくお願いします (Yoroshiku onegaishimasu)」 ကို အမြဲလိုလို အသုံးပြုလေ့ရှိကြပါတယ်။
ဒါပေမဲ့ လုပ်ငန်းခွင်မှာတော့ အခြေအနေတိုင်းမှာ ဒီအတိုင်းပဲ သုံးနေရင် နည်းနည်းရိုးရှင်းလွန်းပြီး Formal မကျတာမျိုး ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် လုပ်ငန်းခွင်မှာ အခြေအနေအလိုက် ပိုမိုယဉ်ကျေးပြီး formal ဖြစ်အောင်အခြေအနေအလိုက် ဒီလိုပြောင်းသုံးကြည့်ပါ👇

① 🙇 「どうぞよろしくお願いいたします。」

「よろしくおねがいします」 ထက် ပိုယဉ်ကျေးပြီး Formal ဖြစ်ပါတယ်။

📌 Business Email
📌 First Meeting
📌 Customer / Business Partner နဲ့ ဆက်သွယ်တဲ့အခါ

ဥပမာ
今後とも、どうぞよろしくお願いいたします。
နောင်လည်း ဆက်လက်ပူးပေါင်းပေးပါရန် မေတ္တာရပ်ခံပါတယ်။

② 💼 「引き続きよろしくお願いいたします。」

အရင်ကတည်းက လုပ်နေတဲ့အလုပ်ကို ဆက်လက်လုပ်ဆောင်မယ့်အခြေအနေ မှာ သုံးပါတယ်။

📌 Project ဆက်လုပ်မယ်
📌 ဆက်လက်ပူးပေါင်းမယ်
📌 Email ပြန်ပို့တဲ့အခါ

ဥပမာ
引き続きよろしくお願いいたします。
ဆက်လက်ပြီး ပူးပေါင်းပေးပါရန် မေတ္တာရပ်ခံပါတယ်။

③ 🌸 「今後ともよろしくお願いいたします。」

အခုကနေစပြီးလည်း နောင်မှာ ဆက်လက်ပူးပေါင်းပေးပါ ဆိုတဲ့ Nuance ရှိပါတယ်။

📌Customer များ၊ Business Partner များနှင့် ရေရှည် လက်တွဲလုပ်ဆောင်သည့် အခါ။

ဥပမာ
今後ともよろしくお願いいたします。
နောင်အနာဂတ်အထိ ဆက်လက်ပူးပေါင်းပေးပါရန် မေတ္တာရပ်ခံပါတယ်။

④ 📩 「ご確認のほど、よろしくお願いいたします。」

📌တစ်ဖက်လူကို တစ်စုံတစ်ခု စစ်ဆေးပေးစေချင်တဲ့အခါ
📌Business Email များတွင် Document များ၊ အချက်အလက်များ ပူးတွဲပေးပို့သည့်အခါ
📌 Business Email မှာ အရမ်းအသုံးများပါတယ်။

ဥပမာ
添付資料をご確認のほど、よろしくお願いいたします。
ပူးတွဲပါစာရွက်စာတမ်းကို စစ်ဆေးပေးပါရန် မေတ္တာရပ်ခံပါတယ်။

⑤ 🙏 「お手数をおかけしますが、よろしくお願いいたします。」

📌တစ်ဖက်လူကို အလုပ်တစ်ခုခုလုပ်ပေးဖို့ တောင်းဆိုရတဲ့အခါ ပိုပြီး ယဉ်ကျေးစွာ ပြောတဲ့ပုံစံပါ
📌အကူအညီတောင်းခံသည့်အခါ

ဥပမာ
お手数をおかけしますが、ご確認をお願いいたします。
“အလုပ်ရှုပ်စေမိတာ အားနာပါတယ်၊ ဒါပေမယ့် စစ်ဆေးပေးပါရန် မေတ္တာရပ်ခံပါတယ်” ဆိုတဲ့ Nuance ရှိပါတယ်။

ဒီအသုံးအနှုန်းတွေကိုသိထားရင် လုပ်ငန်းခွင်မှာ “ဘာအတွက် よろしく လုပ်တာလဲ?” ဆိုတာကို ကြည့်ပြီး Expression ကို ရွေးသုံးနိုင်ရင် ပိုပြီး Professional ဖြစ်လာပါမယ်။ ✨

📌 ဂျပန်စာ လေ့လာနေသူများနှင့် ဂျပန်ကုမ္ပဏီတွင် အလုပ်လုပ်နေသူများအတွက် ဒီ Post လေးကို Save ထားပြီ သူငယ်ချင်းတွေကိုလည်း Share ပေးလိုက်ပါဦးနော်။

📣 2026 November EJU ဖြေဆိုမယ့်သူများအတွက်🇯🇵 Zoom online ဖွင့်ပေးဖို့ လာပူဆာထားကြသူလေးတွေ အရမ်းများလို့ 🔥 EJU JFL (ဂျပန်ဘ...
19/08/2026

📣 2026 November EJU ဖြေဆိုမယ့်သူများအတွက်

🇯🇵 Zoom online ဖွင့်ပေးဖို့ လာပူဆာထားကြသူလေးတွေ အရမ်းများလို့
🔥 EJU JFL (ဂျပန်ဘာသာရပ်) (2) လ အထူးလေ့ကျင့်ရေးအတန်း
— စာသိရုံမဟုတ်ဘဲ အမှတ်ရအောင် ကျွန်မနဲ့အတူတူလေ့ကျင့်မယ့် 実践コース — ဖွင့်လှစ်ပါမယ်ရှင်။

ဂျပန်စာလေ့လာထားပေမယ့်…

❌ EJU 読解 ကို အချိန်မီမဖြေနိုင်ဘူး
❌ စာပိုဒ်ရှည်လာရင် အဖြေဘယ်မှာရှိမှန်း မရှာတတ်ဘူး
❌ Listening မှာ နားလည်ပေမယ့် အဖြေရွေးတဲ့အခါ မှားတတ်တယ်
❌ 聴読解 မှာ အသံနားထောင်ရင်း ဇယားနဲ့ပုံတွေကို မကြည့်နိုင်ဘူး
❌ 記述 ကို ဘယ်လိုဖွဲ့စည်းရေးရမလဲ မသိဘူး

ဒီလိုပြဿနာတွေရှိနေရင် ဒီသင်တန်းက သင့်အတွက်ပါ။

EJU JFL မှာ ဂျပန်စာနားလည်ရုံနဲ့ မလုံလောက်ပါဘူး။
JLPT N2/N1 ရှိထားပေမယ့် ထင်သလောက် ခရီးမပေါက်တာ အကြောင်းရှိပါတယ်။

EJU (JFL) မှာ
✅ မေးခွန်းကို မြန်မြန်ဖတ်တတ်ရမယ်
✅ လိုအပ်တဲ့အချက်အလက်ကို အချိန်တို(၁မိနစ်ခွဲ)အတွင်း ရှာတတ်ရမယ်
✅ ရွေးချယ်စရာတွေကို ကြိုဖတ်တတ်ရမယ်
✅ Listening အတွက် မှတ်စုယူနည်းသိရမယ်
✅ သတ်မှတ်ချိန်အတွင်း အမှတ်ရအောင် ဖြေတတ်ရမယ်

ဒီသင်တန်းမှာ စာသင်ခန်းပုံစံနဲ့ ရှင်းပြရုံသာမဟုတ်ဘဲ၊ လက်တွေ့မေးခွန်းတွေကို အချိန်သတ်မှတ်ပြီး ထပ်ခါထပ်ခါ လေ့ကျင့်ပေးပါမယ်။

📚 သင်ကြားမယ့် အကြောင်းအရာ

・読解 — အဖြေရှိတဲ့နေရာကို မြန်မြန်ရှာနည်း
・聴解 — မေးခွန်းကြိုဖတ်နည်းနှင့် မှတ်စုယူနည်း
・聴読解 — အသံ၊ ဇယားနှင့် အချက်အလက်များကို တစ်ပြိုင်နက်တည်း ခွဲခြမ်းနည်း
・記述 — အကြောင်းအရာဖွဲ့စည်းပုံနှင့် ရေးသားနည်း
・တကယ့် စာမေးပွဲ အတွက် အချိန်ခွဲဝေသုံးနည်း
・မေးခွန်းဟောင်းနှင့် အားနည်းချက်စစ်ဆေးခြင်း

📌 Course Information
🗓 ကာလ — စက်တင်ဘာမှ နိုဝင်ဘာစာမေးပွဲမတိုင်မီအထိ
📆 အပတ်စဉ် တနင်္ဂနွေနေ့
💻 Zoom Online Class
📖 စုစုပေါင်း ၈ ကြိမ်
🎥 သင်ခန်းစာ Recording ပါဝင်မည်
📝 Weekly Homework & Practice Test
✍️ 記述 လေ့ကျင့်ခန်းနှင့် Feedback
📊 နောက်ဆုံး EJU Mock Test ပါဝင်မည်

💰 သင်တန်းကြေး — 200,000 ကျပ်

🍀Sep 13 ရက်နေ့ စမည်🍀

ဒီသင်တန်းက EJU (JFL)ကို အခုမှစလေ့လာမယ့် အခြေခံသင်တန်းမဟုတ်ပါဘူး။

👉November EJU မှာ လက်တွေ့အမှတ်တိုးချင်သူ၊ မေးခွန်းဖြေဆိုနည်းနဲ့ အချိန်စီမံနည်းကို အဓိကလေ့ကျင့်ချင်သူများအတွက် ဖြစ်ပါတယ်။

⚠️ ထိရောက်စွာ Practice လုပ်ပေးနိုင်ရန် သင်တန်းသားဦးရေ ကန့်သတ်ထားပါမယ်။

တက်ရောက်လိုသူများ Page Messenger သို့
“EJU JFL (Zoom) ” လို့ ပို့ပြီး စုံစမ်းနိုင်ပါတယ်။

🌻မိုဆာကေ EJU(JFL) Reading and Writing Special Video အတန်း အပ်နှံထားတဲ့ ကျောင်းသားတိုင်းအတွက် အထူးသင်တန်းကြေးရှိပါတယ်။
🧐Video အတန်းမှာ ကိုယ်ထင်သလောက် ခရီးမပေါက်ဘူးလို့ ခံစားနေရရင် ဒီအတန်းကို တစ်ပတ် တစ်ရက်သာ အချိန်လေးပေးပြီး ဂျပန်တက္ကသိုလ်ဝင်ခွင့်အတွက် ရင်းနှီးမြှုပ်နှံပါနော်။

🇯🇵 MOSARKAY JAPANESE
日本留学を目指す学生のためのEJU実践対策

🎓 Self-Analysis Seminar တက်ပြီးနောက်… အခု ဘာတွေ ပိုရှင်းလာပြီး၊ ဘာတွေ မေးချင်သေးလဲ?ဒီနေ့ Self-Analysis Seminar ကို အယောက...
16/08/2026

🎓 Self-Analysis Seminar တက်ပြီးနောက်… အခု ဘာတွေ ပိုရှင်းလာပြီး၊ ဘာတွေ မေးချင်သေးလဲ?

ဒီနေ့ Self-Analysis Seminar ကို အယောက် (၅၀)ကျော် တက်ရောက်ကြပြီးတဲ့နောက် Q&A အချိန်မှာ မေးခွန်းတွေအများကြီး မေးကြတာ အားရစရာဖြစ်ခဲ့ပါတယ်။

တချို့က—

「ကိုယ်သင်ချင်တဲ့ Major ကို ဘယ်လိုသေချာရွေးရမလဲ?」

「ကိုယ့် Experience နဲ့ Major ကို ဘယ်လိုဆက်စပ်ရမလဲ?」

「Future Goal က မရှင်းသေးရင် ဘယ်လိုလုပ်မလဲ?」

「ကိုယ်စိတ်ဝင်စားတာကို 志望理由書 ထဲ ဘယ်လိုရေးရမလဲ?」

စသဖြင့် တစ်ယောက်နဲ့တစ်ယောက် မေးခွန်းတွေ မတူကြပါဘူး။

Q&A အချိန်ပြီးသွားတော့လည်း

“မေးချင်တာရှိပေမယ့် မမေးလိုက်ရဘူး”
“သူများမေးတာနားထောင်ရင်း နောက်ထပ်မေးချင်တာပေါ်လာတယ်”

ဆိုတဲ့သူတွေလည်း ရှိမယ်လို့ထင်ပါတယ် 😊

ဒါကြောင့် ဒီ Post ရဲ့ Comment မှာ နှစ်ခုထဲက တစ်ခုဖြစ်ဖြစ် ရေးခဲ့ပါ 👇

💬 ① ဒီနေ့ Seminar တက်ပြီး ကိုယ့်အတွက် ပိုရှင်းလာခဲ့တဲ့အရာတစ်ခု

ဒါမှမဟုတ်

❓ ② Seminar မှာ မေးချင်ခဲ့ပေမယ့် မမေးလိုက်ရတဲ့ မေးခွန်းတစ်ခု

မေးခွန်းသေးသေးလေးလည်း ရပါတယ်။

တခြားသူတွေမေးပြီးသားမေးခွန်းဖြစ်လည်း ရပါတယ်။

တကယ်တော့ တစ်ယောက်မေးချင်နေတဲ့မေးခွန်းက
တခြားကျောင်းသား ၅ ယောက်၊ ၁၀ ယောက်လည်း သိချင်နေတဲ့မေးခွန်း ဖြစ်နိုင်ပါတယ်။

ဒါကြောင့် မေးဖို့ အားမနာပါနဲ့။

ပြီးတော့ ဒီနေ့ Q&A မှာ မေးခဲ့ကြတဲ့ မေးခွန်းတွေကို ကြည့်ရင်း ဆန်းဆေးလည်း တစ်ခုသတိထားမိပါတယ်။

Self-Analysis လုပ်ပြီးသွားတဲ့အခါ နောက်ထပ်မေးခွန်းတစ်ခု ပေါ်လာပါတယ်။

“ကိုယ့်အကြောင်းကို နားလည်လာပြီ။
ဒါပေမယ့် အဲဒါကို 志望理由書 ထဲမှာ ဘယ်လိုရေးမလဲ?”

ဒါက နောက်တစ်ဆင့်ပါ။

🌱 STEP 1|Self-Analysis
ကိုယ်ဘာကြောင့် သင်ချင်တာလဲ၊ ဘာကို ရည်မှန်းထားတာလဲ သိလာဖို့။

✍️ STEP 2|志望理由書
အဲဒီအတွေးတွေကို University က နားလည်ပြီး လက်ခံချင်လာအောင် စနစ်တကျ ရေးနိုင်ဖို့။

🎤 STEP 3|Interview
ကိုယ်ရေးထားတဲ့အကြောင်းကို ကိုယ့်စကားနဲ့ ယုံကြည်မှုရှိရှိ ရှင်းပြနိုင်ဖို့။

ဒါကြောင့် နောက်လာမယ့် 志望理由書 Seminar မှာတော့

Self-Analysis မှာ ရှာတွေ့ခဲ့တဲ့အရာတွေကို
ဘယ်လို 志望理由書 တစ်စောင်အဖြစ် ပြောင်းမလဲ

ဆိုတာကို ဆက်လုပ်သွားပါမယ်။

ဒီနေ့ Seminar တက်ခဲ့တဲ့သူတွေ—

👇 Comment မှာ

「ပိုရှင်းလာခဲ့တာတစ်ခု」
ဒါမှမဟုတ်
「မေးချင်ခဲ့ပေမယ့် မမေးလိုက်ရတဲ့မေးခွန်းတစ်ခု」

ချန်ခဲ့ပေးပါဦး 😊

Comment မှာရလာတဲ့ မေးခွန်းတွေကိုလည်း ကြည့်ပြီး
နောက်လာမယ့် Seminar အကြောင်းအရာထဲမှာ တတ်နိုင်သလောက် ထည့်ပေးသွားပါမယ်။

Self-Analysis က အဖြေရဖို့တင်မဟုတ်ဘူး။
ကိုယ့်အနာဂတ်အတွက် မှန်ကန်တဲ့မေးခွန်းတွေ စမေးနိုင်လာဖို့လည်း ဖြစ်ပါတယ်။ 🌱

💜MOSARKAY

"Japan University Admission ဝင်ခွင့်ရဖို့ အခုကတည်းက စတင်ရမယ့် Roadmap 6 ချက်"“တစ်နေ့ကျရင် Japan University တက်မယ်” ဆိုတဲ...
16/08/2026

"Japan University Admission ဝင်ခွင့်ရဖို့ အခုကတည်းက စတင်ရမယ့် Roadmap 6 ချက်"

“တစ်နေ့ကျရင် Japan University တက်မယ်” ဆိုတဲ့ အိပ်မက်ရှိပေမဲ့ ဘယ်ကစပြီး ပြင်ဆင်ရမလဲဆိုတာ မသိသေးဘူးဖြစ်နေလား?

University Application ဖွင့်မှ စပြီး ပြင်ဆင်တာထက် အခုကတည်းက Plan ချထားတာက အိမ်မက်ကို အကောင်အထည်ဖော်နိုင်မယ့် အဓိက သော့ချက် ပါပဲ။

ဂျပန်မှာ တက္ကသိုလ် တက်ရောက်ချင်သူတွေ အခုကတည်းက ကြိုတင် ပြင်ဆင်ထားရမယ့် အဓိက အချက် (၆) ချက်ကို စုစည်းဖော်ပြပေးလိုက်ပါတယ်။ 👇

①🎯 ကိုယ်တက်ချင်တဲ့ University နဲ့ Major ကို အရင်ရွေးပါ

"တက္ကသိုလ် တက်ချင်တယ်" ဆိုတာထက် တိကျတဲ့ ပန်းတိုင် ရှိရပါမယ်။

*ဘယ် University နဲ့ ဘယ် Major (မေဂျာ) ကို တက်မှာလဲ?
*ဘယ်မြို့မှာ နေထိုင်ချင်တာလဲ?
*ကုန်ကျစရိတ်ရော ဘယ်လောက်အထိ စီမံနိုင်မလဲ?

တက္ကသိုလ်တစ်ခုနဲ့တစ်ခု Admission Requirement တွေ မတူတာကြောင့် ကိုယ်တက်ချင်တဲ့ Faculty ရဲ့ Admission Guidelines ကို သေချာ အရင်စစ်ပါ။

②📚 Academic Japanese Level ကို အခုကတည်းက မြှင့်ထားပါ

ဂျပန်ဘာသာနဲ့ သင်ကြားမယ့် Program တွေအတွက် ရိုးရိုးစကားပြောရုံနဲ့ မရဘဲ Academic Japanese က အလွန်အရေးကြီးပါတယ်။ Official Guide တွေအရ JLPT N2 သို့မဟုတ် EJU Japanese 250 points ဝန်းကျင်ရှိဖို့ အကြံပြုထားကြပါတယ်။ ဒါကြောင့် JLPT, EJU Japanese နဲ့ Reading/Writing တွေကို အခုကတည်းက လေ့ကျင့်ထားပါ။

③📝 ကိုယ်လျှောက်မယ့် မေဂျာအတွက် EJU ဘာသာရပ်များကို စစ်ပါ

EJU ဆိုတာ ဂျပန်တက္ကသိုလ် ဝင်ခွင့်အတွက် ဖြေဆိုရတဲ့ စာမေးပွဲဖြစ်ပြီး ဂျပန်စာအပြင် Science၊ Japan and the World သို့မဟုတ် Mathematics တွေ ပါဝင်ပါတယ်။

⚠️: EJU ဖြေပြီးမှ တက္ကသိုလ် လိုက်ရှာတာထက် တက္ကသိုလ် အရင်ရွေးပြီးမှ EJU ဘယ်ဘာသာရပ်ဖြေရမလဲ သတ်မှတ်တာက ပိုမို ထိရောက်ပါတယ်။

④🌎 English Requirement (အင်္ဂလိပ်စာ လိုအပ်ချက်) ကို မမေ့ပါနဲ့

ဂျပန်တက္ကသိုလ် တချို့မှာ TOEFL၊ IELTS သို့မဟုတ် TOEIC Score တွေ တောင်းလေ့ရှိပါတယ်။ အထူးသဖြင့် English-taught degree program တွေဆိုရင် English Score က မဖြစ်မနေ လိုအပ်တာကြောင့် ကိုယ်လျှောက်မယ့် ကျောင်းရဲ့ လိုအပ်ချက်ကို ကြိုစစ်ထားပါ။

⑤📄 Documents တွေကို ကြိုတင်ပြင်ဆင်ပါ

Application နောက်ဆုံးရက် နီးမှ စာရွက်စာတမ်း စုတာမျိုး လုံးဝ မလုပ်ပါနဲ့။ ပုံမှန်အားဖြင့် Graduation Certificate, Academic Transcript, Recommendation Letter, Language Certificates နဲ့ Essay (Statement of Purpose) တွေ လိုအပ်တာကြောင့် ကြိုတင် ပြင်ဆင်ထားပါ။

⑥💰 Budget နဲ့ Timeline ကို ကြိုတင်စီမံပါ

ကျောင်းလခ (Tuition Fee) အပြင် နေထိုင်စရိတ်၊ အစားအသောက်၊ သွားလာစရိတ်နှင့် ဗီဇာ လျှောက်ထားစရိတ် စတဲ့ ကုန်ကျစရိတ် အားလုံးကို တွက်ချက်ထားပါ။ Application Timeline ကိုလည်း Official Guide တွေအတိုင်း ကျောင်းမတက်မီ လအတော်ကြာ ကတည်းက လမ်းပြမြေပုံ (Roadmap) ဆွဲပြီး ပြင်ဆင်ပါ။

🌸 အတိုချုပ် ပြောရရင်...

ဂျပန်တက္ကသိုလ် တက်ချင်တယ်ဆိုရင် "ဂျပန်စာ ကျက်ထားမယ်" တစ်ခုတည်းနဲ့ မလုံလောက်ပါဘူး။

🎯 University ရွေး ➔ 📚 Japanese Level မြှင့် ➔ 📝 EJU စစ် ➔ 🌎 English Requirement စစ် ➔ 📄 Document ပြင် ➔ 💰 Budget & Timeline ဆွဲ ဆိုတဲ့ အချက် (၆) ချက်ကို ဒီနေ့ကစပြီး စတင်ပြင်ဆင်လိုက်ပါ။

📌 Japan University တက်ဖို့ ပြင်ဆင်နေတဲ့ သူငယ်ချင်းတွေအတွက် ဒီ Post လေးကို Save ထားပြီး Share ပေးလိုက်ပါဦးနော်။

အားလုံးဆီ zoom meeting link ကို ပေးပို့ထားပြီးပါပြီမမေ့မလျော့ ဆက်ဆက် လာတက်ကြပါနော်မကြာခင်ဆုံပါမယ်
16/08/2026

အားလုံးဆီ zoom meeting link ကို ပေးပို့ထားပြီးပါပြီ

မမေ့မလျော့ ဆက်ဆက် လာတက်ကြပါနော်

မကြာခင်ဆုံပါမယ်

အနာဂတ်အတွက်

တက်ကိုတက်ရမယ့် Self-analysis Workshop

自己分析 with MOSAR KAY

Part-3 လာပါပြီ👋

🔴တက္ကသိုလ်တက်ချင်ပေမယ့် ဘာစိတ်ဝင်စားမှန်းမသိဘူး

🔴အနာဂတ် ဘာအလုပ်လုပ်ချင်မှန်း မသိဘူး

🔴ကိုယ့် အားသာချက် အားနည်းချက် ဘာမှန်း မသိဘူး

🔴သိအောင်လုပ်ချင်ပေမယ့် ဘယ်ကစရမှန်း မသိဘူး

ဆိုတဲ့ ‼️မသိဘူး‼️ တွေကို

ကျွန်မနဲ့အတူ အဖြေရှာကြည့်ကြရအောင်လား။

Self-analysis Workshop

自己分析 with MOSAR KAY

2026 Aug 16 (Sun)

7:00 pm MMT

9:30 pm JPT

❤️ FREE Seminar and Workshop ❤️

အမှန်တကယ်တက်ရောက်နိုင်သူလေးတွေ☘️
ယခု post ကို love and share ပြီး၊ comment မှာ screen shot လေးနဲ့အတူ တက်ရောက်မယ့်အကြောင်းလေး ရေးပေးပါရှင်။

Part-1 , Par-2 တုန်းက အယောက်100 ကျော်သွားလို့၊
မတက်လိုက်ရသူလေးတွေ ဆက်ဆက်လာတက်နိုင်စေရန် comment ပြီးရင်တော့ ဆက်ဆက်လာတက်ပေးကြပါနော်‼️

ကျေးဇူးတင်ပါတယ်💛💚❤️

🎓 Dream University ကို “အိပ်မက်” အဖြစ်ပဲ မထားချင်ရင် ဒီနေ့ကစပြီး ဒီ (၃) ချက်ကိုစလုပ်ပါ “ဂျပန်မှာ ကိုယ်တက်ချင်တဲ့ အိပ်မက်...
15/08/2026

🎓 Dream University ကို “အိပ်မက်” အဖြစ်ပဲ မထားချင်ရင် ဒီနေ့ကစပြီး ဒီ (၃) ချက်ကိုစလုပ်ပါ

“ဂျပန်မှာ ကိုယ်တက်ချင်တဲ့ အိပ်မက် တက္ကသိုလ်ကြီး ရှိတယ်…”

ဒါပေမယ့် ဘယ်ကနေ စပြီး ပြင်ဆင်ရမလဲ မသိဘဲ ဝေခွဲမရ ဖြစ်နေပါသလား?
အိပ်မက်ကို အကောင်အထည်ဖော်ဖို့ဆိုရင် အောက်ပါ (၃) ချက်ကို အရင်ဆုံး လုပ်ကြည့်ဖို့ အကြံပြုပါရစေ။ 👇

① 🏫 University Requirement (တက္ကသိုလ်ဝင်ခွင့် သတ်မှတ်ချက်) ကို အရင်စစ်ပါ

Dream University ရှိပြီဆိုရင် တက္ကသိုလ်နာမည် သိရုံနဲ့ မလုံလောက်ပါဘူး။
"ဒီ University ကို တက်ချင်တယ်" ဆိုတဲ့ အိပ်မက် (Dream) ကို "ဒီ University ကို တက်ဖို့ ဘာတွေလိုလဲ" ဆိုတဲ့ စီမံကိန်း (Plan) အဖြစ် ပြောင်းလဲပစ်ရပါမယ်။
တက္ကသိုလ်ရဲ့ Official Website မှာ အောက်ပါအချက်အလက်တွေကို တစ်ခုချင်းစီ အသေးစိတ် လိုက်စစ်ထားပါ။

📌 Faculty / Major (ကိုယ်တက်ချင်တဲ့ မေဂျာ ရှိ၊ မရှိ)
📌 Admission Requirement (အထွေထွေ ဝင်ခွင့် သတ်မှတ်ချက်များ)
📌 EJU Requirement (EJU စာမေးပွဲ ဖြေဆိုရန် လိုအပ်ချက်)
📌 JLPT / English Requirement (ဂျပန်စာ သို့မဟုတ် အင်္ဂလိပ်စာ အရည်အချင်း သတ်မှတ်ချက် - ဥပမာ - TOEFL/IELTS)
📌 Entrance Examination (တက္ကသိုလ် ကိုယ်ပိုင် ဝင်ခွင့်စာမေးပွဲ)
📌 Interview / Essay (အင်တာဗျူး သို့မဟုတ် Essay ရေးရ၊ မရေးရ)
📌 Application Period (လျှောက်လွှာတင်ရမယ့် ကာလ)

② 📚 EJU / Japanese Score Target (ရမှတ်) တိတိကျကျ သတ်မှတ်ပါ

University Requirement တွေကို သိပြီဆိုရင် ကိုယ်ရအောင် ယူရမယ့် Target Score တွေကို သတ်မှတ်ပါ။
Target မရှိဘဲ စာကျက်နေရင် "စာတော့ ကျက်နေတယ်... ဒါပေမယ့် ဘယ်လောက် တိုးတက်လာလဲ?" ဆိုတာ သိနိုင်မှာ မဟုတ်ပါဘူး။

ဥပမာ-
🎯 EJU Japanese → Target Score [###]
🎯 Mathematics → Target Score [###]
🎯 Science / Japan and the World → Target Score [###]
🎯 English (TOEFL / IELTS) → Target Score [###]

Target Score သတ်မှတ်ပြီးရင် လက်ရှိ ကိုယ့်ရဲ့ အရည်အချင်း (Score) နဲ့ Target Score ကြားမှာ ဘယ်လောက် ကွာဟနေသလဲ (Gap Check) ကို အမြဲတမ်း စစ်ဆေးပါ။

③ 🗓 University Admission (တက္ကသိုလ်ဝင်ခွင့်) ရသည်အထိ Roadmapတစ်ခုရေးဆွဲကြည့်ပါ

နောက်ဆုံး ရလဒ်ဖြစ်တဲ့ "တက္ကသိုလ်ဝင်ခွင့်" ကိုပဲ မကြည့်ဘဲ၊ နောက်ပြန်တွက်ပြီး အချိန်ဇယား (Plan) ဆွဲပါ။
ဥပမာ -

University Admission (တက္ကသိုလ်ဝင်ခွင့်ရခြင်း)
⬇️
University Application (လျှောက်လွှာတင်ခြင်း)
⬇️
EJU / Entrance Exam (စာမေးပွဲဖြေဆိုခြင်း)
⬇️
EJU Preparation / Essay writing (ပြင်ဆင်ခြင်း)
⬇️
Japanese + Academic Japanese Study (ဂျပန်စာ လေ့လာခြင်း)
⬇️
အခုကစပြီး Daily Study Plan (နေ့စဉ် စာကျက်မယ့် အစီအစဉ်)

ဒီ Roadmap အတိုင်း လစဉ် Goal → အပတ်စဉ် Goal → နေ့စဉ် Goal အထိ အသေးစိတ် ခွဲရေးထားပါ။

🌸 မှတ်ထားရမယ့် အချက်

Dream University ရှိတာက ပထမဆုံး ခြေလှမ်းပါ။ အဲ့ဒီ တက္ကသိုလ်ကို ဘယ်လို ရောက်အောင်သွားမလဲဆိုတဲ့ 'နည်းလမ်း' ကို သိထားဖို့က ပိုပြီး အရေးကြီးပါတယ်။

🎯 Dream University → 📋 Requirement → 📚 Target Score → 🗓 Study Plan → University Admission

✨ အိပ်မက်ကို Target အဖြစ် ပြောင်းပါ။
✨ Target ကို Plan အဖြစ် ပြောင်းပါ။
✨ ပြီးရင် ဒီနေ့ကစပြီး တစ်ဆင့်ချင်းစီ လုပ်ဆောင်သွားပါ။

💾 ဒီ Post လေးကို Save ထားပြီး သူငယ်ချင်းတွေကိုလည်း Share ပေးလိုက်ပါဦးနော်။

🎓 University မတက်ခင် Japanese Language School အရင်တက်သင့်လား?"sensei... ဂျပန်မှာ တက္ကသိုလ် တက်ချင်တာ၊ ဘာသာစကားကျောင်း (L...
14/08/2026

🎓 University မတက်ခင် Japanese Language School အရင်တက်သင့်လား?

"sensei... ဂျပန်မှာ တက္ကသိုလ် တက်ချင်တာ၊ ဘာသာစကားကျောင်း (Language School) အရင်တက်ဖို့ လိုမလားဟင်"
ဂျပန်မှာ ကျောင်းဆက်တက်ဖို့ ပြင်ဆင်နေကြတဲ့ သူလေးတွေဆီက မကြာခဏ ကြားရလေ့ရှိတဲ့ မေးခွန်းတစ်ခုပါ။

အဖြေကို အတိုချုပ် ပြောရရင်တော့ "လူတိုင်းအတွက် မဖြစ်မနေ တက်ရမယ်လို့ မဆိုလိုပါဘူး"
ကိုယ့်ရဲ့ လက်ရှိ ဂျပန်စာ Level၊ EJU အမှတ်၊ လျှောက်ချင်တဲ့ တက္ကသိုလ်ရဲ့ သတ်မှတ်ချက်နဲ့ Study Plan ပေါ်မူတည်ပြီး ဆုံးဖြတ်ရတာပါ။
ဘယ်လိုလူတွေ ဘာကြောင့် တက်သင့်သလဲဆိုတာကို အသေးစိတ် ရှင်းပြပေးပါမယ်။

📚 Language School အရင်တက်ဖို့ လိုအပ်တဲ့သူများ

၁။ ဂျပန်စာ အရည်အချင်း မလုံလောက်သေးသူများ
တက္ကသိုလ်မှာ ဂျပန်ဘာသာစကားနဲ့ သင်ကြားမယ့် Program ကို တက်ရောက်မယ်ဆိုရင် ရိုးရိုးစကားပြောတတ်ရုံနဲ့ မလုံလောက်ပါဘူး။
Academic Japanese ကို စနစ်တကျ နားလည်ထားဖို့လိုအပ်ပြီး Language School က University Preparation Course တွေ တက်ရောက်ထားတာ ပိုစိတ်ချရပါတယ်။

၂။ EJU စာမေးပွဲအတွက် ပြင်ဆင်ဖို့ လိုသူများ
Language School တချို့မှာ ဂျပန်စာအပြင် EJU (Examination for Japanese University Admission) စာမေးပွဲအတွက် သီးသန့် လေ့ကျင့်ပေးတဲ့ သင်တန်းတွေရှိပါတယ်။
ဒါကြောင့် EJU အမှတ်ကောင်းကောင်းလိုချင်သူတွေအတွက် အထောက်အကူအများကြီး ဖြစ်ပါတယ်။

၃။ Entrance Process ကို မရင်းနှီးသေးသူများ
တက္ကသိုလ် ရွေးချယ်တာ၊ လျှောက်လွှာ စာရွက်စာတမ်း ပြင်ဆင်တာ၊ EJU/JLPT စာမေးပွဲနဲ့ အင်တာဗျူး ပြင်ဆင်တာတွေကို တစ်ယောက်တည်း လုပ်ရမှာ စိုးရိမ်ရင် သင့်တော်ပြီးစိတ်ချရတဲ့ Language School ကို ရွေးချယ်သင့်ပါတယ်။


🚀 Language School မတက်ဘဲ University တိုက်ရိုက် တက်လို့ရလား?
⇒ ရပါတယ်။
ကိုယ့်မှာ တက္ကသိုလ်က သတ်မှတ်ထားတဲ့ ပညာအရည်အချင်း၊ ဂျပန်စာ/အင်္ဂလိပ်စာ ကျွမ်းကျင်မှုနဲ့ လိုအပ်တဲ့ EJU/ဝင်ခွင့်စာမေးပွဲ အမှတ်တွေ ပြည့်စုံပြီး Admission ရထားရင် တိုက်ရိုက် လျှောက်ထားနိုင်ပါတယ်။ (တက္ကသိုလ်တစ်ခုနဲ့တစ်ခု Requirement မတူလို့ ကိုယ်လျှောက်မယ့် University ရဲ့ နောက်ဆုံးထုတ်ပြန်ချက်ကို သေချာစစ်ဆေးပါ)


💡 ကိုယ့်အတွက် အသင့်တော်ဆုံးလမ်းကြောင်းကို ဘယ်လိုဆုံးဖြတ်မလဲ?

📚ဂျပန်စာ Level နည်းသေးတယ်
➔ Language School ➔ EJU/JLPT ➔ University

📚 ဂျပန်စာရော EJU ရော အဆင်သင့်ဖြစ်နေပြီ
➔ University တိုက်ရိုက် လျှောက်နိုင်ပါပြီ။

🌎 English-taught Degree (အင်္ဂလိပ်လို) တက်မယ်
➔ ဂျပန်စာ Requirement မလိုတဲ့ Program တွေကို တိုက်ရိုက် လျှောက်လို့ရပါတယ်။


⚠️ Language School ရွေးချယ်တော့မယ်ဆိုရင် ဘာတွေ စစ်ရမလဲ?

Language School တိုင်းက တက္ကသိုလ်ဝင်ခွင့်အတွက် အားကောင်းတာ မဟုတ်ပါဘူး။ ဒါကြောင့် မလျှောက်ခင် အောက်ပါအချက်တွေကို ကြိုတင်စစ်ဆေးပါ -
🔎 EJU / JLPT Preparation Course ရှိမရှိ?
🔎 Graduates Pass Rate: အရင်ကျောင်းသားတွေ ဘယ်တက္ကသိုလ်တွေ ဝင်သွားကြသလဲ?
🔎 Counseling: ကျောင်းလျှောက်လွှာနဲ့ Career Counseling စနစ်တကျပေးမပေး?
🔎 Class Level: အတန်းတွေကို Level အလိုက် စနစ်တကျ ခွဲခြားပေးသလား?
(Study in Japan ရဲ့ Official Guidance မှာလည်း ဒီအချက်တွေကို သေချာစစ်ဆေးပြီးမှ ကျောင်းရွေးဖို့ အကြံပြုထားပါတယ်)

🌸 အရေးကြီးဆုံး မှာချင်တာကတော့—
"Language School တက်ရမလား၊ မတက်ရဘူးလား" ဆိုတာထက်
"ကိုယ့်ရဲ့ လက်ရှိ အရည်အချင်းနဲ့ တက္ကသိုလ် ပန်းတိုင်" ကိုက်ညီတဲ့ လမ်းကြောင်းကို စောစောစီးစီး ရွေးချယ်ပြင်ဆင်ဖို့ပါပဲ။
ဂျပန်မှာ တက္ကသိုလ်တက်ဖို့ ရည်မှန်းထားရင် Japanese Language + EJU + University Requirement သုံးခုလုံးကို အချိန်ဇယားဆွဲပြီး သေချာ ပြင်ဆင်ကြပါနော်။

📌 ဒီ Post ကို Save ထားပြီး Japan Study Plan ဆွဲတဲ့အခါ ပြန်ကြည့်ပါ။



“နောက်ဆုံးမှာ အနိုင်ရတာ 「ဆက်လုပ်နိုင်တဲ့သူ」 ပါ။”🇯🇵 Study in Japan Programအတွက်ဂျပန်တက္ကသိုလ်တက်ဖို့ ပြင်ဆင်တဲ့အခါအစပိုင်...
13/08/2026

“နောက်ဆုံးမှာ အနိုင်ရတာ 「ဆက်လုပ်နိုင်တဲ့သူ」 ပါ။”

🇯🇵 Study in Japan Programအတွက်

ဂျပန်တက္ကသိုလ်တက်ဖို့ ပြင်ဆင်တဲ့အခါ

အစပိုင်းမှာ လူတိုင်း Motivation ရှိကြပါတယ်။

「ဒီနှစ်တော့ သေချာကြိုးစားမယ်!」
「EJU Score ကောင်းကောင်းရအောင် လုပ်မယ်!」
「လိုချင်တဲ့ University ကို ဝင်အောင်လုပ်မယ်!」

လို့ စိတ်အားထက်သန်ကြတယ်။

ဒါပေမယ့်—

တစ်လ၊ နှစ်လ၊ သုံးလကြာလာတဲ့အခါ…

ပင်ပန်းလာတယ်။
စာလုပ်ချင်စိတ်မရှိတဲ့နေ့တွေ ရှိလာတယ်။
EJU Score က ထင်သလောက်မတက်ဘူး။
ဂျပန်စာကလည်း ကိုယ်မျှော်လင့်ထားသလောက် မတိုးတက်ဘူး။

တခြားကျောင်းသားကို ကြည့်လိုက်တော့

「သူက ငါ့ထက် Japanese ကောင်းတယ်」
「သူက EJU Score ပိုမြင့်တယ်」
「သူက ကိုယ်သွားချင်တဲ့ University ကိုတောင် လျှောက်နိုင်နေပြီ」

ဆိုပြီး ကိုယ့်ကိုယ်ကို စပြီး သံသယဝင်လာတတ်ပါတယ်။

ဒါပေမယ့် ဒီနေရာမှာ မှတ်ထားစေချင်တာ တစ်ခုရှိပါတယ်။

တက္ကသိုလ်ဝင်ခွင့်ပြင်ဆင်တာက
👉Sprint မဟုတ်ပါဘူး။ Marathon ပါ။

အစမှာ ဘယ်သူအမြန်ဆုံးပြေးလဲဆိုတာထက်

နောက်ဆုံးအထိ ဘယ်သူဆက်သွားနိုင်လဲ

ဆိုတာက ပိုအရေးကြီးပါတယ်။

⸝

🌱 တစ်နေ့ကို နည်းနည်းပဲဖြစ်ဖြစ် ဆက်လုပ်ပါ

နေ့တိုင်း ၅ နာရီ၊ ၆ နာရီ စာလုပ်ဖို့ မလိုပါဘူး။

အရေးကြီးတာက—

「မလုပ်တဲ့နေ့တွေ များမသွားဖို့」

ပါ။

ဒီနေ့ အရမ်းအလုပ်များနေရင်

📚 Vocabulary 20 လုံးပဲ လုပ်ပါ။

EJU အတွက် အချိန်မရရင်

📝 Problem တစ်ပုဒ်ပဲ ဖြေပါ။

University Research လုပ်ဖို့ အချိန်မရရင်

🏫 University တစ်ခုရဲ့ Website ကို 15 မိနစ်ပဲ ကြည့်ပါ။

志望理由書 အကုန်မရေးနိုင်ရင်

✏️ တစ်ပိုဒ်ပဲ ပြန်ပြင်ပါ။

0 ထက် 1 က အမြဲပိုကောင်းပါတယ်။

⸝

📈 တိုးတက်မှုက နေ့တိုင်း မမြင်ရပါဘူး

စာလုပ်နေပေမယ့်

「ဘာမှ မတိုးတက်သလိုပဲ」

လို့ ခံစားရတဲ့အချိန် ရှိပါတယ်။

ဒါက ပုံမှန်ပါပဲ။

Vocabulary 100 လုံးလေ့လာပြီး နောက်နေ့မှာ Japanese ရုတ်တရက်ကောင်းမလာပါဘူး။

Reading 10 ပုဒ်လုပ်ပြီး EJU Score ရုတ်တရက် 50 မှတ်တက်လာမှာ မဟုတ်ပါဘူး။

ဒါပေမယ့်—

၃ လ၊ ၆ လ၊ ၁ နှစ် ဆက်လုပ်ထားတဲ့ Result က မတူတော့ပါဘူး။

နေ့တိုင်း တိုးတက်မှုက သေးသေးလေးဖြစ်နေလို့ ကိုယ်မမြင်ရတာပါ။

⸝

❌ တခြားသူရဲ့ Speed နဲ့ ကိုယ့်ကိုယ်ကို မတိုင်းပါနဲ့

Study in Japan Program မှာ ကျောင်းသားတိုင်း Start Line မတူပါဘူး။

တစ်ယောက်က N1 ရှိပြီးသား ဖြစ်နိုင်တယ်။

တစ်ယောက်က N2 ပြင်ဆင်နေဆဲ ဖြစ်နိုင်တယ်။

တစ်ယောက်က EJU စလုပ်နေပြီ။

တစ်ယောက်က ကိုယ်ဘာလေ့လာချင်မှန်း ရှာနေဆဲဖြစ်နိုင်တယ်။

ဒါကြောင့်—

တခြားသူ ဘယ်လောက်ရှေ့ရောက်နေလဲကို ကြည့်ပြီး စိတ်မပူပါနဲ့။

ကြည့်ရမယ့်သူက

မနေ့က မိမိကိုယ်တိုင်ပါ။

မနေ့ကထက် Vocabulary 10 လုံးပိုသိလာတယ်။

မနေ့ကထက် Reading တစ်ပုဒ်ပိုနားလည်လာတယ်။

မနေ့ကထက် ကိုယ်သွားချင်တဲ့ University အကြောင်း ပိုသိလာတယ်။

ဒါဆို တိုးတက်နေတာပါ။

⸝

🎯 先生 က ဖြစ်စေချင်တာ 「Perfect Student」 မဟုတ်ပါဘူး

အရာအားလုံးကို တစ်ခါတည်း ကောင်းကောင်းလုပ်နိုင်တဲ့ ကျောင်းသားကို မမျှော်လင့်ပါဘူး။

先生 ဖြစ်စေချင်တာက—

ပြောလိုက်တာကို တစ်ရက်နှစ်ရက်ပဲ လုပ်ပြီး ရပ်သွားတဲ့သူမဟုတ်ဘဲ၊
နှေးရင်လည်း နှေးနှေးနဲ့ ဆက်လုပ်နေတဲ့သူပါ။

မသိတာရှိရင် မေးပါ။

မှားရင် ပြင်ပါ။

Score ကျရင် ဘာကြောင့်ကျလဲ ပြန်စဉ်းစားပါ။

ပင်ပန်းရင် ခဏနားပါ။

ဒါပေမယ့် လုံးဝမရပ်လိုက်ပါနဲ့။

⸝

တစ်နှစ်ကြာပြီးနောက်

Result ထွက်လာတဲ့အခါ

「ငါက တော်လို့ ဒီအထိရောက်လာတာ」

ထက်

「အဲဒီအချိန်တွေမှာ လက်မလျှော့ဘဲ ဆက်လုပ်ခဲ့လို့ ဒီနေ့ဒီနေရာကို ရောက်လာတာ」

လို့ ကိုယ့်ကိုယ်ကို ပြောနိုင်စေချင်ပါတယ်။

ဂျပန်တက္ကသိုလ်တက်ဖို့ လမ်းက တိုတိုလေး မဟုတ်ပါဘူး။

ဒါပေမယ့်—

နေ့တိုင်း တစ်လှမ်းချင်း သွားနေတဲ့သူက
နောက်ဆုံးမှာ သွားချင်တဲ့နေရာနဲ့ ပိုနီးလာမှာပါ။ 🇯🇵

🌱 今日の1歩が、未来を変える。

မြန်ဖို့မလိုဘူး။
မရပ်ဖို့ပဲလိုတယ်။

🇯🇵 Study in Japan Program
Keep Going. Your effort will become your future.





JLPTစာမေးပွဲအတွက်သာမကဘဲ နားလည်ပြီး တစ်သက်လုံးနားထဲစွဲထင် သုံးနှုန်းတတ်စေမယ့် ဝေါဟာရများ Tango(Vocabularies) video တန်းမျ...
13/08/2026

JLPTစာမေးပွဲအတွက်သာမကဘဲ နားလည်ပြီး တစ်သက်လုံးနားထဲစွဲထင် သုံးနှုန်းတတ်စေမယ့် ဝေါဟာရများ Tango
(Vocabularies) video တန်းများ 🙋 တက်နိုင်ပါပြီ။

N1 Tango 3000
💙85,000ks

N2 Tango 2500
❤65,000ks

N3 Tango 2000
💚45,000ks

Telegram Channel
🆓 Free သင်ယူလေ့လာခွင့်
N4 Tango 1500💜
https://t.me/+ZHs4D5qjWkQxYTU1

N5 Tango 1000💛
https://t.me/+qso6emOvAb9lNWQ1


❣️📌 သင်ကြားစနစ်
Telegram Group မှာ
ဝေါဟာရရှင်းပြချက်များ၊ အသုံးအနှုန်းဆင်တူတာတွေကို ခွဲခြားမှတ်နည်းများနဲ့အတူ တင်ထားပြီီး ဖြစ်ပါတယ်။
မိမိတို့ အဆင်ပြေချိန်မှာ
ကျက်မှတ်ထားနိုင်ပါပြီ။

ခုထိ မြန်မာပြန်အားကိုးကျက်မိပြီး၊ အသုံးအနှုန်းတွေ ခွဲခြားမသုံးတတ်သေးရင် မိုဆာကေရဲ့ Tango Series ကို လာတက်ကြည့်ပါ။

စာမေးပွဲအတွက်သာမကဘဲ နားလည်ပြီး တစ်သက်လုံးနားထဲစွဲထင် သုံးနှုန်းတတ်စေပါမယ်။

🌝 🙋ဝေါဟာရ ပိုင်နိုင်မှ Grammar, Reading, Listening အပိုင်ကိုင်နိုင်မှာနော်။


Address

Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 11:45

Website

Alerts

Be the first to know and let us send you an email when MOSAR KAY Japanese posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to MOSAR KAY Japanese:

Shortcuts

Share