12/06/2025
MSc. HRM
2019 Graduation
Birkbeck University
University of London (UK)
ဘွဲ့တစ်ခုယူဖို့ တက္ကသိုလ်တက်ဖို့စဉ်းစားရင်
တက္ကသိုလ်ကိုသေချာရွေးဖို့လိုတယ်။
တချို့က နိုင်ငံကိုသိပ်ဦးစားပေးတယ်။ ဘယ်မှာသင်ခဲ့တာလည်း ဘယ်ကဘွဲ့ယူလာတာလည်းမေးရင် နိုင်ငံတွေပဲဖြေပြီး တက္ကသိုလ်နာမည်မပြောရဲတဲ့သူတွေလည်းတွေ့ရတယ်။ ရွေးချယ်မှုစံနှုန်းတွေမတူတတ်တာသဘာဝပါပဲ၊ ကျွန်တော်ကတော့ ဘွဲ့ဆိုတာနိုင်ငံကပေးတာမဟုတ်လို့၊ ဘယ်တက္ကသိုလ်ကဘွဲ့ရခဲ့လည်းကိုပိုစိတ်ဝင်စားတယ်။
တက္ကသိုလ်လည်းကောင်း၊ လူကလည်းတော်ရင်ပိုကောင်းသွားတာပေါ့။
06/01/2025
လိုရင်းတိုရှင်း
နိုင်ငံခြားမှာ ပညာသင်ကြားဖို့ စီစဉ်နေတာဆိုရင် အထူးသဖြင့် ဘဏ္ဍာရေးနဲ့ ပညာရေးအရည်အချင်းတွေကိုမိမိစိတ်ဝင်စားသည့်တက္ကသိုလ်နှင့်ဘွဲ့ လိုအပ်ချက်နှင့်အညီ အရင်ဆုံး ပြင်ဆင်ထားဖို့ အရေးကြီးပါတယ်။
မေတ္တာဖြင့်
ညီညီမောင်
EVER UP
overseas education consultant
09 444 777 901
09 693 333 807
23/04/2024
မြန်မာGrade 12 အောင်တို့၏ ရှေ့ရေး.....
မြန်မာနိုင်ငံရဲ့စနစ်သစ်Grade 12 ပညာရေးကအဆင့်မြင့်သော်လည်း နိုင်ငံတကာတက္ကသိုလ် တော်တော်များများ၏ဝင်ခွင့်မှာ Foundation ကပဲစတက်ရခွင့်ရနေသေးတယ်။
အရင်စနစ်ဟောင်း ၁၀တန်းအောင်လည်း Foundation ကပဲစတက်ရတယ်။
တကယ်တန်းဖြစ်သင့်တာက မြန်မာGrade 12အောင်ရင် International foundation year 1 ကနေစတက်ဖို့ခက်ခံလာအောင် သက်ဆိုင်ရာအစိုးရဌာနကဦးဆောင်ပြီးလုပ်သင့်တယ်။
ပြည်တွင်းမှာသာမကပြည်ပကပါအသိအမှတ်ပြုဖို့ဆောင်ရွက်သင့်ပြီ။ အနည်းဆုံးအာဆီယံလောက်က International Grade 12နှင့်ညီတယ်ဆိုတဲ့အသိအမှတ်ပြုရရင်ပိုကောင်းမယ်။
ရွင်လန်းချမ်းမြေ့ပါစေ။
ညီညီမောင်
EVER UP COLLEGE
20/04/2024
Sir Anthony Hopkins
“အင်မတန်ကောင်းတဲ့စကား”
“ကျွန်တော့်အယူအဆကတော့ သူများတွေကျွန်တော့်အကြောင်းလာပြောတာကျွန်တော့ကိစ္စမဟုတ်ဘူး။ ကျွန်တော်ကကျွန်တော်ပဲ။ ကျွန်တော့်အလုပ်ကကျွန်တော့်အလုပ်ပဲ။ အားလုံးကိုလက်ခံတယ်။ ဘာမျှမမျှော်လင့် ဘူး။ အဲဒါ ဘဝကိုပိုလွယ်ကူစေတယ်။ ကျွန်တော်တို့ဟာလူတစ်ယောက်သေဆုံးခြင်းထက် အဲဒိလူရဲ့အသုဘကိုပို အလေးထားကြတယ်။ ချစ်မြတ်နိုးမှုထက်လက်ထပ်တာကိုပိုအလေးထားကြတယ်။ စိတ်နေစိတ်ထားထက် အပြင်ပန်းအမြင်ကိုပိုအလေးထားကြတယ်။ အတွင်းအနှစ်အသားကိုမျက်ကွယ်ပြုတန်ဖိုးမထား၊ အပြင်အသွင် သဏ္ဍန်ကိုပဲအထင်ကြီးကြတဲ့ကမ္ဘာကြီးမှာကျွန်တော်တို့နေထိုင်နေကြတယ်။”
ရွှင်လန်းချမ်းမြေ့ပါစေ
Nyi Maung (EVER UP COLLEGE)
"My philosophy is: It’s none of my business what people say of me. I am what I am and I do what I do. I expect nothing and accept everything. And it makes life so much easier. We live in a world where funerals are more important than the deceased, marriage is more important than love, looks are more important than the soul. We live in a packaging culture that despises content."
Sir Anthony Hopkins
16/03/2024
ဇ ရှိလား ဇောင်းထက်လား
"Leader"
Leader ဖြစ်ချင်ရင် စွန့်လွှတ်မှု
အနစ်နာခံရင်းနီးလုပ်ကိုင်မှု ဒီနှစ်ခုလုံလုံလောက်လောက်ရှိရမယ်။
အနစ်နာဘယ်လို၊ ဘယ်လောက်ခံမလဲကြတော့....leaderရဲ့၊ leader ဖြစ်ဖို့ဇပါလာသူတွေရဲ့ မိမိနှင့်လူမှုပါတ်ဝန်းကျင်အတွက် Vision နဲ့ ယုံကြည်ခံယူချက်(Belief)နှစ်ခုပေါ်မူတည်တယ်။ အဲ့ဒီ့၂ခုအားအရမ်းကောင်ဖို့လိုတယ်။
Leader ဖြစ်ဖို့ (ဇ)ပါလာသူတွေက စာအုပ်ဖတ် စာထဲကအတိုင်းအကောင်အထည်ဖေါ် တာထက်
သူ့(ဇ)ကိုက (ဇောင်း)ထက်တာဗျ။ Visionလည်းရှိ၊ Belief ကလည်းထန်တယ်၊ တွက်ချက်ပြီး သာတယ် နာတယ်ဆိုတာထက် Autoအနစ်နာခံပြီးကိုဖိလုပ်တာ။
သင်တန်းတွေအကုန်လိုက်တက်၊စာအုပ်ဖတ်ပြီးMotiယူနေရရင် ဇဇဇ နည်းနေသေးတယ်လို့မှတ်ယူသင့်တယ်။
ကိုယ့်တစ်ဦးတည်းအယူအဆဖြစ်ပါတယ်၊ ဘယ်သူ့နဲ့မှအငြင်းပွားလိုစိတ်မရှိပါ။
စာဖတ်တာလည်းဆက်ဖတ်ပါ။ ကောင်းပါတယ်။သင်တန်းလည်းတက်ပါ ကောင်းပါတယ်။
ကိုယ့်ကိုယ်ပိုင်(ဇ)ကတော့ ကိုယ်တိုင်ထုစစ်ရမှာဖြစ်လို့၊ အများနဲ့လိုက်တူချင်နေရင်တော့ဖြင့် (ဇ)ကတော့လှမ်းလေဝေးလေဖြစ်နေရစ်တော့မယ်။
လေးစားလျက်
ညီညီမောင် UOL
09/02/2024
Goal Setting Psychology
အကြောင်း
ရေးသားသူ
ညီညီမောင် Organizational Psychologist
(Int'l member
APA, USA)
(MSc. HRM University of London, UK)
EVER UP COLLEGE
လူတော်တော်များကgoal setting ဆိုရင် Future ကိုပဲအာရုံစိုက်တယ်၊ positive point of view ကပဲသွားကြတာများတယ်။ Psychology ရှုထောင့်ကဘာပြောထားသလဲဆိုတော့ Negative point of view တွေကလည်း goal settingမှာအရေးပါတယ်လိုဆိုတယ်၊ ဥပမာအားဖြင့် လက်ရှိအခြေအ နေနှင့်သူ့၏ဆက် စပ်နေသောအပြစ်ကိုသေချာမမြင်ရင်မစိစစ်ရင် futureအတွက်လုံလောက်သောgoal ကိုတည်ဆောက်လို့မရနိုင်ဘူး။ နောက်ထပ်အရေးကြီးတာရှိသေးတယ် result oriented output ကိုလူတော်တော်များများသိပ်သဘောကြတယ်၊ဥပမာ ကျောင်းသားတစ်ယောက်ဆိုရင် စာမေးပွဲအမှတ်ရလဒ်ပေါ့၊ စီးပွားရေးသမားဆိုရင်တော့ အမြတ်ပေါ့။ ဒါပေမဲ့တော်တော်များများကျောင်းသား/သူတွေဆိုရင် အမှတ်သာကောင်းတာ subject နဲ့ contextကိုသုံးသပ်ပြီးသေချာသိခြင်းတွေဖြစ်မလာဘူး၊ အမှတ်များဖို့ပဲဂရုပြုကြတာများတယ်၊ ကိုယ်ဘာဖြစ်လာသလဲ (becoming)နှင့်ဘယ်လိုအပြုအမူတွေအတွက်ဘာတွေသင်ယူဖြစ်သွားသလဲ ဆိုတဲ့learning orientedမဖြစ်လာဘူး။ စီးပွားရေးမလည်းဒီအတိုင်းပါပဲ၊ အမြတ်တော့များလာပါရဲ့ရေရှည်အတွက် အခုအပြုအမူကိုမစိစစ်ဖြစ်တာများတယ်။ ဒါကြောင့် Future ကို positive point of viewနှင့်ကြည့်တဲ့အပြင် Brighter Future ဖြစ်ဖို့ Negative point of view နှင့်သူ၏ဆက်စပ်နေတဲ့လက်ရှိအနေအထားကိုလည်းဂရုပြုဖို့လိုတယ်။ ဒါကြောင့် မြတ်ဗုဒ္ဓကကုသိုလ်နှင့်သူ့အကျိုးကိုပိုလိုလားစေဖို့ လူသားတွေကို အကုသိုလ်နှင့်သူ့အကျိုးအပြစ်တွေကိုပါတွဲဟောပြလေ့ရှိတယ်ဆိုတာသတိမူဖို့နှင့်နှလုံးသွင်းမှန်ဖို့လို့ပါတယ်။
19/11/2023
"ဆွေးနွေးခြင်းဆိုင်ရာစိတ်သဘောထား"
အကြောင်းအရာတစ်ခုခုကိုဆွေးနွေးဝေဖန်လျှင်လူပဂ္ဂိုလ်ကိုဝေဖန်နေခြင်းမဖြစ်စေပဲ အကြောင်းအရာတို့ကိုတိုးတက်မှုရှိအောင်ဆွေးနွေးခြင်းသာဖြစ်ရမယ်။ မိမိအနိုင်ရရေး
ရှေ့ရှုဆွေးနွေးတာမဖြစ်ရ။
ဆွေးနွေတဲ့အကြောင်းအရာတိုးတက်ခြင်းသည်ဆွေးနွေးနေသူတို့၏စုပေါင်းအောင်မြင်မှုရလဒ်ကောင်းပင်ဖြစ်သည်။
လေးစားလျှက်
Nyi Nyi Maung
11/05/2022
"အစကောင်းမှအနှောင်းသေချာ Organizational Culture"
စည်းစနစ်နဲ့အလုပ်တစ်ခုကိုတာဝန်ယူရတယ်ဆိုတာ သေချာရည်ရွယ်ပြီးလေ့ကျင့်ယူရတာ။ အမှုမဲ့အမှတ်မဲ့စည်းလွတ်လုပ်ကိုင်လာတဲ့သူတွေမှာမသိမသာhabitဖြစ်သွား ရော။ အဲမှာပြသနာက ကိုယ့်ကိုယ်ကိုယ်သတိမထားမိ၊ Business norm တို့Job scope နဲ့ holistic accountability တို့ဆိုတာနာမလည်တော့ပဲ
လုပ်မိကိုင်မိပြီးသားဖြစ်တတ်တယ်။ နောက်ဆက်တွဲ ဆက်စပ်အလုပ်တွေကိုပါဆက်ဒုက္ခပေးရော။
11/05/2022
"အတွေ့အကြုံအရကြိုသိခြင်း"
အလုပ်လုပ်တယ်ဆိုတာ လုပ်မည့်သူရဲ့ပင်ကိုယ်စရိုက်(Character of origin)နဲ့အလုပ်လုပ်ရတာမဟုတ်ဘူး၊ အလုပ်ကတောင်းဆိုနေတဲ့Roleမှာperformလုပ်ရတာ။
စီပွားလုပ်ငန်းတစ်ခုမှာ
Cultureအရေးကြီးတယ်။ Business တစ်ခုရဲ့Identityနှင့်personalityကအစ၊အလယ်၊အဆုံးလုပ်ဆောင်ချက်တွေနဲ့ချိတ်နေတော့၊ Business ကို Business wayအတိုင်းလုပ်ရတယ်။
Organization ရဲ့ Vision, Value, နှင့်မညီရင် လူတော်နေပေမဲ့ မရွေးချယ်ပဲ စွန့်လွှတ်ရတာရှိတယ်။
25/11/2021
Thanks all of you!!! We had a great time.
Holistic Business Growth by Leadership
3 Days (22, 23, 24/11/2021)
Successfully Completed
Management Level training @
TCP Group (Red Bull)
Provided by Nyi Nyi Maung ( University of London)
#
#
#
20/10/2021
#သီတင်းကျွတ် အခါသမယမှာ ရောဂါကင်းဝေးပြီး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သလိုက်ပါသည်။