Linn Service

Linn Service

Share

Service Provider

24/07/2024

ဒီပေ့ချ်ရဲ့အက်ဒမင်ကလေ
OS လုပ်တုန်းက နည်းနည်းငြိမ်တယ်
Delivery လုပ်တော့ ခပ်ကျဲကျဲပေါ့
ဟော စာလည်းပြန်သင်ရော
ကာလနဂါးဖြစ်သွားရော 👍👍👍

15/06/2024

အံ့သြမွင်သက်စရာ တစ်ခုခုကို ကြုံရင်
Wah !
Wow !
Amazing !
စသဖြင့် ဖြစ်ဖူးကြမယ်ထင်ပါတယ်
အဲ့အခြေအနေမျိုးမွာ သုံးလို့ရတဲ့ ဝါကျရှိတယ်
ကြီးကြီးကျယ်ကျယ်ပြောရရင်
To express sudden feeling ပေါ့
အင်္ဂလိပ်သဒ္ဒါအရ Exclamatory Sentence လို့ခေါ်တယ်

ရေးပုံက ဒီလိုလေး
👉 How + Adj + Noun + (Be) !

How brave the girl is!
(ဒီကောင်မလေး ရဲရင့်လိုက်တာ)

How cool her smile is!
(သူ့အပြုံးလေး အေးချမ်းလိုက်တာ)

How beautiful the lady is!
(ဒီအမျိုးသမီး လှလိုက်တာ)

How active the boy is!
(ဒီကောင် တက်ကြွနေတာ)
ယောက်ျားချင်းကျ လေသံက တစ်မျိုးနော် ငါလည်း :3

Adj တွေကို သိတယ်
Verb to be (is) ကို သိတယ်
ဒါဆိုရင် စိတ်ထဲရုတ်တရက်ဖြစ်လာတဲ့ခံစားချက်တွေကို
ဒီဝါကျမျိုးလေးတွေနဲ့ လွှတ်ခနဲ လွှတ်ခနဲ ပြောထွက်လိုက်လို့ရပါပြီ
ဆိုပေမယ့် သတိထားစရာလေးရှိပါတယ်
👉 Noun ကို တစ်လုံးတည်းသုံးရင် the ထည့်ရပါတယ်

မှတ်ရလွယ်အောင် Noun လို့ပြောပေမယ့် Pronoun လည်း သုံးလို့ရတယ်လေ နော်
Pronoun သုံးရင်တော့ the ဆိုတာကြီး ဘာလုပ်ဖို့ထည့်ရ :3
မလိုတော့ဘူးလေ အိုခေ 👌

နောက်ပြီး ဒီဝါကျမျိုးမှာ
Noun နဲ့ Be နဲ့ ရှေ့နောက် အဆင်ပြေသလို သုံးကြတာရှိတယ်
For example;
How cute the doll is!
How cute is the doll!
အဲ့ဒီဝါကျ(၂)ခုလုံး မှန်ပါတယ်

ဒီဝါကျမျိုးက အရေးအသားထဲမှာကျတော့
ရသမြောက်အောင်ရေးတာတွေကလွဲရင်
အတည်အခန့်တွေမှာ သိပ်သုံးလေ့မရှိပါဘူး
ဒါဆိုရင်
သူတို့ကို အတည်အတန့်ဝါကျအဖြစ် ပြန်ရေးရင်ရော ...

အဲ့ဒါကျ ဒီလိုလေး
👉 How + Adj + Noun(Sub) + Be!
👉 Sub + Be + (very) Adj.

How playful the child is!
The child is (very) playful.

တွေ့လား တွေ့လား
အင်္ဂလိပ်စာများ ဘာခက်လို့လဲ
လွယ်လွယ်လေးကို . . . နော်
(လွယ်တာ ရွေးပြောတာကိုး :3)

လွှတ်ခနဲပြောလိုက်မဟဲ့ဆိုပြီး
ကိုယ့်crushရှေ့မှာ How ugly you are! လို့ ထွက်သွားရင်တော့
ကိုယ့်ပြေးပေါက် ကိုယ်ရှာထားပေါ့လေ
အဲ့ဒါကျ အပိုင်း(၁)ဇာတ်သိမ်းပိုင်းဖြစ်သွားပါပြီ :-)

_____________________________________
_____________________________________

ကျောင်းသားများအတွက်အင်္ဂလိပ်စာ
_________________________________
✅မြန်မာသင်ရိုး (Grade 5 to Grade 12)
✅ နိုင်ငံတကာသင်ရိုး (Primary to Secondary)




ဘာသာစကားကို အခြေခံမှအဆင့်မြင့်အထိ
ကျွမ်းကျင်သွက်လက်စွာ လက်တွေ့အသုံးချချင်ရင်
_____________________________________
✅ English 4 Skills (Basic to Advanced)




ကွန်ပျူတာကိုအခြေခံကစပြီး ကျွမ်းကျင်တဲ့အထိ သုံးတတ်ချင်ရင်
_____________________________________
✅Computer (Basic to Professional)




အိမ်ဝိုင်းများ (in person only) သင်ပေးနေပါတယ်

👉 Why should you trust the teacher?

Teacher's Experience -
10 years of Academic Teaching in English (စာသင်သက် ၁၀နှစ်)
8 years of applying and sharing computer knowledge in practice

Teacher's Qualifucation -
B.A (English), ICT, Practical A+, DTP,
Certified at Database Development Course (MCC)

Contact Phone Number - 09957244157

17/03/2024

If you are seeing this, this is a sign.
Just try !

Photo crd

12/03/2024

Wait what?

10/03/2024

အင်းဂိတ်လိုကျွမ်းဖို့ ရက်ပိုင်းအတွင်း တတ်ချင်ပါတယ်ဘုရား

မြတ်စွာဘုရား ဘီ လိုက်ခ်

01/03/2024

တချိန်က ခေတ်စနစ်အရ အတွေးအခေါ်တွေကို သင်းသတ်ပြီး လှေနံဓါးထစ် ပုံစံသွင်းခဲ့တဲ့ parenting style ဟာ ယနေ့ခေတ်မှာ အသုံးမဝင်တော့ပါဘူး ။ မလိုအပ်ပါပဲ ခေတ်နောက်ပြန်ဆွဲနေရတဲ့ ကျွန်တော်တို့နိုင်ငံမှာတော့ ပညာရေးစနစ်သစ်ကို ပုံစံအဟောင်းတွေနဲ့ စခန်းသွားနေကြတုန်းပါပဲ (နေရာတိုင်းမဟုတ်ပါ) ။ ပုံစံဟောင်းတွေကြောင့် စာအသစ်တွေကို ငြီးငွေ့နေသူတွေအတွက် ဒီအစီအစဉ်လေးကို အကြံပြုချင်ပါတယ် ။ မိဘတို့ရဲ့သားသမီးလေးတွေကို ကျွန်တော်နဲ့အတူ ပျော်ပျော်ရွှင်ရွှင်လေး စာသင်စေရင်း ဘာသာစကားကို ကျွမ်းကျင်တဲ့အထိ လေ့လာကြရအောင် . . . . .

နွေသီးသန့် ပညာရေးအစီအစဉ်လေးပါ

Summer Special Home Schooling Program

1. Accuracy Focus (for Private and IS students)

သင်ရိုးသစ် English နဲ့ International School ကျောင်းသားများအတွက်ပါ
ဘယ်ကျောင်းကိုပဲရွေးတက်တက် အသက်(၁၀)နှစ်အထက်ဆို ရပါပြီ
မြန်မာကျောင်းတက်မယ့်ကလေးတွေက
English သင်ရိုးသစ်နဲ့ Oxford/Cambridge တွဲသင်ရပါမယ်
International School တက်မယ့်ကလေးတွေကတော့
ကျောင်းစာအုပ်နဲ့တင် လုံလောက်ပါတယ်
(လိုအပ်ရင် ပြင်ပစာအုပ် ထပ်သုံးပါမယ်)

နွေရာသီ သီးသန့် ဖြစ်တာကြောင့်
သင်ရိုးကုန်/သင်ရိုးပြတ်ဖို့ အာမ မခံပါဘူး
စာအုပ်ထဲကဟာတွေ သိသိမသိသိ အလွတ်ရဖို့ အာမ မခံပါဘူး
စာမေးပွဲမှာ A ရဖို့လည်း အာမမခံပါဘူး

English ကို စာတွေ့လက်တွေ့ အသုံးချနိုင်ဖို့ အာမခံပါတယ်
ဖိအားမရှိဘဲ စိတ်ပါလက်ပါ သင်ရဖို့ အာမခံပါတယ်
သင်ရိုးသစ်နဲ့ English Language ကို
ရင်းနှီးကျွမ်းဝင်သွားဖို့ အာမခံပါတယ်
ကျွန်တော်ကိုယ်တိုင် အိမ်အရောက်လာသင်ပေးဖို့ အာမခံပါတယ်

သင်ကြားရေးကာလ - (၃)လ (March, April, May)
သင်ပေးမယ့်ရက် - တစ်ပတ် (၃)ရက် (တစ်ချိန် ၂နာရီ)
သင်ကြားရေးဝန်ဆောင်ခ - ၂သိန်းခွဲ (၃လစာအပြီး)

လခကို ၁သိန်းအရင်ပေးပြီး ကျန်တာ ခွဲပေးလို့ရပါတယ်
ရန်ကုန်မြို့တွင်း ဘယ်မြို့နယ်မဆို အချိန်ညှိပြီး လာသင်ပေးပါမယ်
______________________________________

2. Fluency Focus (for everyone)

ကျောင်းသင်ရိုးနဲ့မဆိုင်ပဲ ဘာသာစကားကို
လေ့လာတတ်မြောက်ချင်သူတွေအတွက်ပါ
Language ကို ဝါသနာပါလို့ဖြစ်ဖြစ်
မဖြစ်မနေလိုအပ်ချက်အရဖြစ်ဖြစ် (ဥပမာ - နိုင်ငံခြားထွက်ဖို့)
ကျွန်တော်နဲ့သင်ရင်း အခက်အခဲမရှိဖြတ်ကျော်နိုင်ပါတယ်

ဒီအပိုင်းက လပြတ်နဲ့မဟုတ်ပါဘူး
လခအနေနဲ့ တစ်လကို ၁သိန်းကျပါမယ်
သင်ကြားချိန် တစ်ပတ်ကို အနည်းဆုံး(၂)ရက် သင်ရပါမယ်
______________________________________

3. Computer (basic to advanced)

အခြေခံမရှိလို့ပဲ အစက သင်ချင်ချင်
အခြေခံနည်းနည်းရှိပြီး ကျွမ်းကျင်တဲ့အထိ လုပ်ချင်ချင်
အိမ်မှာ ကွန်ပျူတာတစ်လုံးရှိရုံနဲ့
ကျွန်တော် အိမ်အရောက်လာသင်ပေးပါတယ်

သင်ပေးမယ့်skillက (၈)ခု ရှိပါမယ်
1. Introduction to Windows
2. Typing Skills
3. Word
4. Excel
5. Powerpoint
6. DTP (basic to professional)
7. Software Installation
8. Hardware Knowledge

Fees ကတော့ အပြတ်(၂)သိန်းပါ
တစ်ပတ်(၂)ရက်သင် - (၃)လ
တစ်ပတ်(၃)ရက်သင် - (၂)လ

Graphic Design နဲ့ Editing ပိုင်းကတော့
ကိုယ်တိုင်က လုပ်တတ်ရုံအဆင့်မို့ တာဝန်ယူပြီးမသင်ပေးပါဘူး
ကွန်ပျူတာနယ်ပယ်ဟာ ကျယ်ပြန့်တာမို့
အခြေခံကစပြီး နှံ့နှံ့စပ်စပ်သုံးတတ်သွားရင်
ဘယ်အပိုင်းကိုမဆို ကျွမ်းကျင်အဆင့်ထိ ဆက်လေ့လာနိုင်ပါတယ်
______________________________________

အထက်ပါအစီအစဉ်(၃)မျိုးနဲ့ သင်တော်မယ့်ဘယ်သူမဆို
ရန်ကုန်မြို့တွင်း အိမ်အရောက်လာသင်ပေးမှာမို့
အချိန်ရတုန်းလေး ကျွန်တော့်ဆီ ဆက်သွယ်လိုက်ပါ 👌

Why should you trust the teacher?

Teacher's Experience -
10 years of Academic Teaching in English
8 years of applying and sharing computer knowledge in practice

Teacher's Qualifucation -
B.A (English), ICT, Practical A+, DTP,
Certified at Database Development Course (MCC)

Contact Phone Number - 09957244157

28/02/2024

ပထမတစ်လှမ်းနဲ့တင် ခြေကုန်လက်ပန်းကျချင် 🥴

23/02/2024

Admin နိုးလာပါပြီ ချစ်တို့ရေ :3

customer service တွေ ပြန်မလုပ်နိုင်သေးပေမယ့်
education service လေးတစ်ခု လုပ်ဖို့ရှိပါတယ်

Stay tuned
Be safe 💪

26/12/2022

25 ရက်နေ့က ဖြစ်ရပ်လေးပါ
ညနေ (၆)နာရီမတိုင်ခင်မှာ တစ်နေ့စာ way တွေ ပြီးပါတယ်
သမိုင်းလမ်းဆုံမှာ ရှိနေတုန်း urgent 2 way ကို ထပ်လက်ခံမိတယ်
စမ်းချောင်း - လှိုင် နဲ့ ပုဇွန်တောင် - မြောက်ဥက္ကလာ ပါ
အဲ့မှာ ဘာဖြစ်သလဲဆိုတော့ ကိုယ့်ဒုက္ခကိုယ်ရှာမိသွားပါတယ်
လှည်းတန်းလမ်းဆုံရဲ့ ကားကြပ်ပုံကို မတွက်မိသလို
လှိုင်ကို ပို့အပြီးမှာ မြို့ထဲပြန်တက်ဖို့ ကားရှိမရှိ မတွေးမိလိုက်ဘူး
(အရင်က bike deli မို့ စိတ်သွားတိုင်းကိုယ်ပါခဲ့တော့
YBS deli ဖြစ်သွားချိန်မှာ
traffic ကို သတိမေ့သွားတာလည်းပါတယ်)

ကိုယ့်သောကနဲ့ကိုယ် တိုင်ပတ်တော့တာပါပဲ
စမ်းချောင်းကယူပြီး လှိုင်ကိုအသွားမှာ ကားတော်တော်စောင့်လိုက်ရပါတယ်
ကားမရှိတော့ဘူးထင်လို့
cus ဆီကိုတောင် ဖုန်းဆက်မိပါသေးတယ် 😁
နောက်ဆုံး ရအောင်ပို့မယ်လို့ ဆုံးဖြတ်ပြီး
cus ကို စောင့်ပေးဖို့ပဲ တောင်းဆိုလိုက်ပါတယ်
စားစရာတွေရောက်အောင်ပို့ပြီး လှိုင်ကအထွက်မှာ
YBS တွေ မလာတော့ပါဘူး
(ပုဇွန်တောင်သွားယူပြီး မြောက်ဥက္ကလာ ပို့ရမှာပါ
ကိုယ်ကလည်း မြောက်ဥက္ကလာပြန်မယ့်သူကိုး)

ရင်းနှီးတဲ့ကားဆရာတစ်ဦးကို လှမ်းဆက်သွယ်ပြီး
Taxi နဲ့ သွားယူကာ မြောက်ဥက္ကလာကို ညတွင်းချင်း အရောက်ပို့လိုက်ရပါတယ်

တစ်နေ့စာ deli fees တွေအပြင် အိတ်ထဲကပါ ထပ်စိုက်ရလို့ ရှုံးပါတယ်
(ပျော်လိုက်တာမှ တအားပဲ 😆)

ဒီညအရောက်ပို့ပါမယ်လို့ အာမခံထားတဲ့ လက်ခံပြီးသား way ဖြစ်လို့
လာမယူတော့ဘူး ဆိုပြီး လှမ်းဖျက်ရင်
အသာအယာ အိမ်ပြန်လို့ရသွားပေမယ့်
ကိုယ်က နာမည်ပျက်ပါမယ်
(အဲ့လိုလုပ်မိရင်
ကိုယ့်ကိုယ်လည်း လေးစားနိုင်မှာမဟုတ်လို့ပါ)

ဟုတ်ကဲ့
ကျွန်တော် ရအောင်ပို့လိုက်ပါတယ်

Way အပ်တဲ့ client က ကိုယ့်ကို စိတ်ပူပေးပါတယ်
ပြန်စရာကားရှိပါ့မလား တဲ့
ရတယ် ကျနော် ကားပါစီစဉ်လိုက်တယ် လို့ပဲ ပြောလိုက်တယ်
(Traffic ရယ် YBS မမီတာရယ်ကြောင့်
တော်တော်လည်း နောက်ကျနေပါပြီ)

အလုပ်တစ်ခုကို လက်ခံပြီးရင် risk ကို ယူပြီးသားဖြစ်သွားပါပြီ
တာဝန်ယူမှု တာဝန်ခံမှုဟာ ကိုယ့်ကိစ္စပါပဲ
လောဘတက်လို့ အိတ်စိုက်ရတာက ကိုယ့်သောကနဲ့ကိုယ်ပါ
(ကိုယ်ဖြစ်တာကို တစ်ဖက်ကိုသွားပြီး drama ခင်းလို့မရပါဘူး)

Deli အပ်ပြီးသားကိုမှ
နီးတဲ့သူအပ်လိုက်ပြီ ဆိုပြီး cancel ပြန်လုပ်တာတွေ
အချိန်ကိုတွက်ဆနိုင်ရဲ့သားနဲ့ တအားလောတာတွေ
Deli ကို ကိုယ့်အလုပ်သမားလို ပစ်စလတ်ခတ် ဆက်ဆံတာတွေဟာ
Pro မဆန်တဲ့ client လို့ သတ်မှတ်ရမှာပါ

ထို့အတူပါပဲ

Way လက်ခံပြီး အနားကပ်မှ လာမယူတာတွေ
ကြိုလည်းမပြောဘဲ cancel လုပ်တာတွေ
(ဖုန်းပိတ်တာ / ဝေးလို့မလာတော့တာ စသဖြင့်)
အဲ့ဒါတွေကတော့ pro မဆန်တဲ့ deli လို့ ခေါ်နိုင်ပါတယ်
(ဘယ်လိုမှအဆင်မပြေတော့တဲ့ကိစ္စမျိုးကတော့ ခြွင်းချက်ပါ
အရေးပေါ်အခြေအနေတစ်ခုခုပေါ့
အဲ့လိုမျိုးကတော့ deli ရဲ့ အမှားမဟုတ်ပါဘူး
client ဘက်ကလည်း နားလည်ပေးရပါမယ်)

os ပဲဖြစ်ဖြစ် deli ပဲဖြစ်ဖြစ် cus ပဲဖြစ်ဖြစ်
နားလည်မှုရှိပြီး အလုပ်ကိုလေးစားတတ်ရင်
ဈေးလည်းမနှိမ်ဘဲ တန်ရာတန်ကြေး ပေးကြရင်
ပို့ချင်တဲ့ပစ္စည်းဟာ ပို့ချင်တဲ့သူဆီကို
ချောချောမွေ့မွေ့ရောက်သွားမှာပါပဲ

Delivery အလုပ်ဟာ service provider ပါ
ကျွန်တော်ကတော့ deli ဆိုတာကို
ပို့ချင်သူနဲ့ လက်ခံမယ့်သူကြားက ပေါင်းကူးတံတား လို့ မြင်ပါတယ်

Linn service ပါ
ရန်ကုန်မြို့တွင်း နေ့ချင်းပို့ပါတယ်

Cash on deli / K Pay / Wave Pay ရ 👌

27/11/2022

မနက်ပိုင်း way က
သမိုင်းမုဒိတာယူ - မြောက်ဒဂုံပို့ (အချိန်ပါတယ်)
လမ်းမှာ စက်ဘီးပျက်ရော (ဘီးပေါက်တာ)
os နဲ့ cus နှစ်ဖက်စလုံးကို အကျိုးအကြောင်းလှမ်းပြော
(ရတယ် စောင့်ပေးမယ် ~ အိုခေ )
ပစ္စည်းယူပြီး ပြန်အထွက်
၈မိုင်မှာ ချိန်းကြိုးက နင်းနေရင်း ပြတ်ထွက်
Taxi ငှါးပြီး စက်ဘီးကို ကားပေါ်တင်လိုက်တယ်
မြောက်ဒဂုံရောက်အောင် ပို့တယ်
cus ကိုတော့ အသိပေးရင်း တောင်းပန်လိုက်တယ်
(စောင့်ပေးတဲ့အတွက်လည်း ကျေးဇူးပါ ပေါ့)
ကားငှါးလာတာ သူတွေ့တယ်လေ
ကားပေါ်မှာလည်း ကိုယ့်စက်ဘီးက အခန့်သားရယ်

ကိုယ်က ငွေကြိုရှင်းမလုပ်တာမို့
os ဆီကို K Pay နဲ့ ပြန်ထည့်ပေးရမှာ
ကောက်လာတဲ့ပစ္စည်းဖိုးထဲကနေ
လောလောဆယ် taxi ခ အရင်ပေးရမယ်
စက်ဘီးကလည်း ချိန်းကြိုးပြတ်တာဆိုတော့
မဖြစ်မနေကို ဆိုင်ပို့ရတော့မှာ
os ကို ဖုန်းလှမ်းဆက်ထားလိုက်တယ်
ငွေကောက်ပြီးပြီ အစ်ကို
ဒီနေ့လယ် K Pay နဲ့ ဆက်ဆက်လွှဲလိုက်မယ် ပေါ့

Taxi နဲ့ပဲ စက်ဘီးပြင်ဆိုင်အထိ သွားလိုက်တယ်
Taxi ခ ရှင်းတယ်
(ကိုယ်ချင်းစာစိတ်နဲ့ လျှော့ယူပေးတယ်
ကျေးဇူးပါ ကားဆရာ )
စက်ဘီးပြင်ဆိုင်မယ် မေးလိုက်တယ်
အပြီးအစီး ဘယ်လောက်ကျမယ် ဘာညာ
(အဲ့ဆိုင်ကလည်း ကိုယ်နဲ့ရင်းနှီးတယ်
တော်ရုံလောက်ဆို ပိုက်ဆံတောင်မယူဘူး
ပါသလောက်ပဲပေးခဲ့ပြီး
ကျန်တာကို နောက်ရက်မှ ဝင်ပေးလည်း ရတယ်)

Taxi ခ နဲ့ စက်ဘီးပြင်ခ တွက်အပြီးမှာ လက်ထဲ ပိုက်ဆံမကျန်တော့ဘူး
ဘော်ဒါတစ်ယောက်ဆီ အကူအညီလှမ်းတောင်းလိုက်တယ်
၃ရက်လောက် ငွေခဏလှည့်ဖို့
ခဏနေတော့ wave acc ထဲ ပိုက်ဆံဝင်လာတယ်
os ဆီ ငွေပြန်လွှဲဖို့ရပြီ
အပ်နေကျ os တစ်ယောက်ဆီ ဖုန်းဆက်ပြီး
Wave နဲ့ K-Pay အလွှဲအပြောင်းလုပ်တယ်
Wave ထဲက ပိုက်ဆံ K-Pay ထဲ ရောက်သွားတယ်
ပေးစရာရှိတဲ့ os ကို ငွေလှမ်းလွှဲလိုက်တယ်
Parcel delivered ~ Transaction done

ညနေပိုင်းကျ way ခွဲတစ်ခု ထပ်ရတယ်
တာမွေယူ - ပန်းဘဲတန်းပို့
Way ခွဲပေးတဲ့ အစ်မ ကျေးဇူးပါ
(အမှန်က ရွယ်တူပဲ ... အကျင့်ပါနေလို့ :3 )
ဆိုင်ကို သူက ငွေကြိုရှင်းပေးထားတယ်
ကိုယ့်မယ် မရှိမှန်းသိလို့လေ
ယုံယုံကြည်ကြည်ကို way ခွဲအပ်ပေးတာ
ဒုတိယမိ ကျေးဇူးပါ အစ်မရေ
(ဟယ် လုပ်ပြန်ပြီ ဒီ အစ်မ ... ရွယ်တူပါဆိုမှ :3)

အဲ့ way က စားစရာမို့ ဂရုစိုက်သယ်ရမယ်
(ယူပြီးတန်းပို့တာက ကိုယ့်အတွက်အဆန်းမဟုတ်
ပစ္စည်းသိမ်းမထားချင်လို့
ဘာအပ်အပ် ယူပြီးတန်းပို့တာချည်းပဲ)
ကိုယ့်နေရာနဲ့အကွာအဝေးရယ်
စက်ဘီးပါတိုးမရတဲ့ traffic ရယ်ကြောင့်
4:00 pick up က 4:00 ကျော်သွားတယ်
လမ်းမှာတော့
ကိုယ်အဆင်ပြေတဲ့နေရာရောက်တိုင်း
စက်ဘီးရပ်ပြီး အကျိုးအကြောင်းကို ဖုန်းဆက်ပြောထားတယ်
(Traffic အရမ်းကြပ်တာရယ်
စက်ဘီးအမြန်နင်းနေတာရယ်ကြောင့်
မကိုင်လိုက်နိုင်တဲ့ ဖုန်းတွေလည်း ရှိတယ်)

ဆိုင်ရောက်တော့ စားစရာတွေယူပြီးအထွက်မှာ
cus ဆီ ဖုန်းဆက်လိုက်တယ်
(တပ်ဆင်ထားခြင်းမရှိသေးပါရှင် တဲ့ ... လှပြီဟေ့)
ဖုန်းနံပါတ်ပြန်စစ်တော့ နံပါတ်က တစ်လုံးပိုနေတာ
ဆိုင်ထဲပြန်ဝင်ပြီး order လက်ခံတဲ့နေရာကို ပြောပြတယ်
သူတို့လည်း ကိုယ့်ကို မရှင်းပြတတ်ဘူး
(ဒီနံပါတ်အတိုင်းပဲ ပေးခဲ့တာ တဲ့ )
ဆိုင်ဝန်ထမ်းက
လိပ်စာအတိုင်း သွားလိုက်လို့ မရဘူးလား အစ်ကို တဲ့
မရဘူးခင်ဗျ သူ့လိပ်စာက လမ်းအတိအကျမပါဘူး
ဖုန်းဆက်မေးပြီးမှ သွားလို့ရမှာ
ရတယ် ကျနော် ဖုန်းနံပါတ်ကို တစ်လုံးလျှော့ပြီး ဆက်ကြည့်လိုက်မယ်
သူတို့လည်း စောင့်ပေးတယ်
09 50 နောက်က ရှေ့ဆုံးတစ်လုံးဖြုတ်ပြီး ခေါ်ကြည့်တယ်
ဖုန်းမှားဝင်သွားတယ်
နောက်ဆုံးတစ်လုံးဖြုတ်ပြီး ထပ်ခေါ်ကြည့်တယ်
ကွက်တိပဲ တန်းနေရော
လမ်းဘာညာ သေချာမေးပြီး ဖုန်းချလိုက်တယ်
(cus ကိုတော့ I'm on my way ပေါ့လေ :3)
ဖုန်းနံပါတ်က နောက်ဆုံးတစ်လုံး ပိုနေတာဗျ
ရပြီ ကျနော်သွားပို့တော့မယ် ပေါ့

ပန်းဘဲတန်းအရောက် (ဗိုလ်ဆွန်ပက်လမ်းကို ပို့ရတာ)
၅ လွှာကို တက်တယ်
(တိုက်ရှေ့ကွမ်းယာဆိုင်က
ရတယ် စက်ဘီးထားခဲ့ အစ်ကို ကြည့်ထားပေးမယ် တဲ့
ကျေးဇူးတင်ရပါတယ်)
၅လွှာအရောက် စားစရာတွေ သေချာပေး
အထဲဝင်ထိုင်ခိုင်းပြီး ရေလည်းတိုက်တယ်
ပိုငွေ ၅၀၀ မအမ်းနဲ့တော့ တဲ့
(ကျေးဇူးပါ အဘိုင်ရေ
အစ္စလာမ်တွေနှုတ်ဆက်စကား ကိုယ်သိပေမယ့်
အသံထွက်မှားမှာစိုးလို့ ဗမာလိုပဲ ကျေးဇူးတင်လိုက်ပါတယ် 😁)

အပြန်ကျ ဆူးလေတစ်ကြောမယ် K Pay agent ရှာမရ
(ရှိတဲ့ဆိုင်တွေက အချိန်အရ ပိတ်ကုန်တာလည်း ပါမှာပေါ့)
ငွေကြိုရှင်းပေးထားတဲ့အစ်မကို လှမ်းပြောတယ်
Wave နဲ့ယူမလား အစ်မ
ကျနော်လည်း လမ္းသင့္တာမို့ cash ဝင်ပေးလို့လည်းရတယ် လို့
(cash ပဲ ဝင်ပေးလိုက်လေ တဲ့)

ကန်ရိပ်သာလမ်းမှာ အလုခံရတယ် ကြားထားလို့
ဆူးလေကနေ ကမ္ဘာအေးဘုရားလမ်းအတိုင်းပဲ
တန်းတန်းမတ်မတ် အေးဆေးနင်းပြန်လာခဲ့ပါတယ်
Way ခွဲပေးတဲ့ အစ်မဆီ ဝင်တယ်
ဆိုင်ကို ကြိုရှင်းထားတဲ့ သူ့ငွေပမာဏအတိုင်း
ငွေသားအတိအကျဝင်ပေးပြီး အိမ်ပြန်တယ်
Food delivered ~ Cash back completed

ဟုတ်ကဲ့
Linn Delivery ပါ
ရန်ကုန်မြို့တွင်း နေ့ချင်းပို့ပြီး ငွေပြန်ရှင်းပါတယ် ✌



delivery service ကို
os နဲ့ cus ကြားက ပေါင်းကူးတံတားလို့ ခေါ်နိုင်ပါတယ်
တစ်နည်းပြောရရင်
deli တွေဟာ service provider ပေါ့

ဒီကာလမယ် လူတွေဟာ ခက်ခဲကြပ်တည်းမှုတွေ ကိုယ်စီရှိနေကြတာမို့
ကိုယ်ပိုင်ဒုက္ခတွေနဲ့တင် တိုင်ပတ်နေကြတာပါ
အဲ့တော့ ပြင်ပက ထပ်ဝင်လာမယ့် အဆိုးတွေ
တစ်နည်း
Negative vibes တွေကို ထပ်မထည့်နိုင်ကြပါဘူး
ဘယ်လိုပဲ သနားတတ် စာနာတတ်တယ် ပြောပြော
စိတ်ညစ်စရာအခြေအနေတွေများလာရင်
အဆိုပါအခြေအနေတွေကို ရှောင်မိတော့တာပါပဲ
အခက်အခဲကို အသိပေးသင့်တာမှန်ပေမယ့်
အဆင်မပြေကြောင်း ခဏခဏ ထုတျ,ထုတျပွနရေငျ
ကြာတော့ စိတ်ပျက်စရာကြီးဖြစ်သွားတတ်ပါတယ်
Dramatic words are useless in business field.

ကိုယ့်အခက်အခဲကို လိုအပ်မှသာ ချပြပြီး
Professional ဆန္ဆန္ အလုပ်လုပ်တတ်ရင်
တာဝန်ယူမှု ၊ တာဝန်ခံမှုနဲ့အညီ
ယုံကြည်မှုဆိုတာကို မတောင်းဆိုရပဲ ရလာတတ်ပါတယ်
Professional သမားကို တစ်နပ်စားသမားတွေလည်း ရှိန်တာမို့
စျေးနှိမ်တာတွေ မစာနာတတ်တဲ့လူစားတွေနဲ့လည်း
မတွေ့ရတတ္ေတာ့ပါဘူး

30/10/2022

စျေးမရောင်းချင်လို့ အိပ်နေပါတယ်ဆို
ပင်ကိုဟောလိုးဝင်းရုပ်ခံတွေက
ထပ်ပြီးဟောလိုးဝင်းအောင် ပြင်ပြနေကြတော့
ဟော
ငါက လန့်ပြီးနိုးလာရရော

:3

23/08/2022

ဘယ်သူမှလည်းလာမဝယ်ကြပါလား လို့ တွေးနေတာ
နောက်မှသတိရတယ်
ကိုယ်ကဖြင့် ဘာမှလည်းမရောင်းဘဲနဲ့

:3

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address


Yangon