11/08/2025
여러분 안녕하세요🩵
တခြားKorean Scholarshipတွေအပါအဝင် GKS scholarship နဲ့ပါတ်သကိပီး tips လေးတစ်ချို့ကိုဝေမျှပေးမယ်နော်
တစ်ချို့တွေရှိကြတယ် scholarship တော့လျှောက်ချင်
တယ် ဘယ်ကစလုပ်ရမှန်းမသိဘူးဆိုတဲ့သူများအတွက်ပါ
ကဲအဲ့ တော့ scholar စလျှောက်မယ်လို့စဉ်းစားတာနဲ့ အခြေခံအကျဆုံးပြင်ဆင်ရမဲ့ tip လေးတွေကြည့်လိုက်ကြရအောင်💁♀️
Here are 3 things I learned while applying for GKS
🔹အရင်ဦးဆုံးလုပ်ရမဲ့ အရာကတော့ documents collection စာရွက်စာတမ်းစုဆောင်း ရမှာပဲဖြစ်ပါတယ်
ဘာစာရွက်တွေလဲဆိုတော့ scholarship application အတွက်လိုအပ်တဲ့ recommendation letter,educational documents စတာတွေပြင်ဆင်ရမှာဖြစ်ပါတယ်
စာရွက်စာတမ်း ပြင်ဆင်တဲ့အချိန်က ကိုယ်မျှော်မှန်းထားတာထက်ပိုကြာနိုင်တဲ့အတွက် တက်နိုင်သမျှစောစောလေးပြင်သင့်ပါတယ်
🔹ဒုတိယတစ်ခုကတော့ language ပြင်ဆင်ရမှာပါ scholar လျှောက်တဲ့အခါမှာ language requirementက optional သာဖြစ်ပေမဲ့ Korean or english proficiency certificate ရှိခြင်းက scholar ရွေးချယ်ခံရဖို့ အထောက်အကူများစွာပြုတဲ့အတွက်ကြောင့်ပါ but language မရှိလည်း Personal Statement နဲ့ Study plan ကိုသေချာလေးရေးနိုင် ချပြနိုင်ရင်လည်း ရွေးချယ်ခံရနိုင်ပါတယ်နော်
🔹နောက်ဆုံးတစ်ခုကတော့ ကိုယ်လျှောက်မဲ့ကျောင်းရော major ရောနဲ့ပါတ်သက်ပီး well research လုပ်ဖို့ပါ Scholarship requirement, selection process, နိုင်ငံအလိုက် quota စတာတွေကို ကြိုစုံစမ်းလေ့လာထားခြင်းက Application လျှောက်တဲ့အခါမှာ အားသာချက်တစ်ခုဖြစ်စေနိုင်မှာပါနော်
အပေါ်မှာပြောထားတဲ့အချက်လေးတွေက မင်မင့်အတွေ့အကြုံပေါ်မှာအခြေခံပီးရေးထားတဲ့အချက်လေးတွေပါ လိုအပ်တဲ့여러분တို့အတွက် အထောက်အကူဖြစ်ဖို့ရည်ရွယ်ပါတယ်ရှင်🩵
ကဲ ဒီနေ့တော့ဒီလောက်ပါပဲနော်
Kအမြန်ဆုံးရောက်ချင်တဲ့여러분တို့ 화이팅နော်💪