03/11/2024
Tampat(တန်ပတ် ) နေရာ
Kampung ( ကမ်ပုန်း ) ရွာ/ကျေးရွာ
Wad ( ဝါဒ် ) ရပ်ကွက်
Bandar ( ဘန်ဒါ ) မြို့
Perbandaran (ပန်းဘန်ဒါ ရန်) မြို့နယ်
Nergara ( နရ်ဂါရ ) နိုင်ငံ ၊ တိုင်းပြည်
luar nergara (လွား နရ်ဂါရ ) အခြားတိုင်းပြည်
asing ( အစီင် ) နိုင်ငံခြား
antarabangsa (အန်တာရာဘန်စာ) နိုင်ငံတကာနဲ့ဆိုင်သော
dunia ( ဒူနီယာ ) ကမ္ဘာကြီး
Rumah( ရူးမား ) အိမ်
Pejabat ( ပါဂျာပတ် ) ရုံး
Taman ( တမန်) ပန်ခြံ
Kedia ( ကဒိုင် ) ဆိုင် ၊ဈေးဆိုင်
Kedai kopi (ကဒိုင် ကိုပီ ) ကော်ဖီဆိုင်
Paser ( ပါဆာ ) ဈေး
Bank ( ဘန်) ဘဏ်
Hotel ( ဟိုတယ် ) ဟိုတယ်
Sekola ( စကိုလာ) ကျောင်း
Kolej ( ကိုလေ့ ) ကောလိပ်
Unversiti ( ယူနီပါစတီ ) တက္ကသိုလ်
Perpustakaan (ပရ်ပုစတာ ကအန် ) စာကြည့်တိုက်
Pawagam ( ပါဝါဂမ် ) ရုပ်ရှင်ရုံး
Wayang ( ဝါယန်း ) ရုပ်ရှင်
Muzium ( မူဇီယံ ) ပြတိုက်
Dewan ( ဒဝန်) ခန်းမ
Peti surt ( ပါတီ စူရတ် ) စာတိုက် သေတ္တာ
Pejabat pos ( ပါဂျာပတ် ပို့ ) စာတိုက်ရုံး
Kelas ( ကလစ် ) အတန်း
Bilik ( ဘီလီက်) အခန်း
Kilang ( ကီးလန်း ) စက်ရုံ
Syarikat ( ရှာရီကပ် ) ကုမ္ပဏီ
Hospital ( ဟိုစပီတင် ) ဆေးရုံး
Balai polis ( ဘာလိပ် ပိုလီ ) ရဲ စခန်း
Balai bomba ( ဘလှိုင်း ဘွမ်းဘ) မီသတ်ဌာ
Stesen keretapi ( စတေရှင်း ကရေတာ ပီး) ရထား ဘူတာ
Lapangan trebang ( လပန်းအန် တရဘွန်း) လေယဉ် ဆိတ်
Airpot ( အဲပေါ့) လေဆိတ်
Perhantian bas ( ပရန်တီအန် ဘစ်လ် ) ကားမှတ်တိုင်း
Restoran ( ရစတို ရန်း ) စားသောက်ဆိုင်
Stesen minyak(gas) ( စတင်ရှင် မေဘာ့ ) ဓာတ်ဆီဆိုင်
Masjid ( မက်ဂျစ်ဒ်) ဗလီ
Kuil ( ကွေးယ်) ဘုရားကျောင်း
Kedutaan ( ကဒူတာအန် ) သံရုံး
Parlimen ( ပါရ်လီမန် ) လွတ်တော်
Istana ( အီစ်တာနာ ) နန်းတော်
Muzium Negara ( မူဇီယံ နယ်ဂါရ ) အမျိုးသားပြတိုက်
Dating ( ဒါ့တန်း ) လာတယ် ၊ ဆိုက်သည်
Tiba ( တီဘ ) ရောက်ရှိ သည်
Sampai (စမ်ပိုင် ) ထိ ၊ တိုင် အောင်
hujung ( ဟူဂျုံ ) အဆုံး
Pergi ( ပရ်ဂီ) သွားသည်
Mari ( မာရီ ) လာ သည်( အခေါ်သုံး )
Datang ( ဒါတန်း ) လာသည် ( ခရီးသွား ၊ လမ်းသွားခြင်း
#အခြေခံမလေးစကားပြော
စကားပြော သင် တန်း ဆက်သွယ် စုံစမ်း နိုင်ပါသည်။
03/11/2024
Alam semula jadi (သဘာဝတရား)
Alam ( အလာမ) သဘာဝ
Semulu ( ဆမူလ ) တစ်ခုတည်းသော အစ
Jadi ( ဂျာဒီ ) ဖြစ်သည်၊ ဖြစ်တည်သည်
Matahari ( မာတာဟာရီ ) နေ
Bulan (ဘူလန်း ) လ
Bintang ( ဘင်တန်) ကြယ်
Angin ( အာငင်) လေ
Air ( အာယီ ) ရေ
Asap ( အာစပ် ) မီးခိုး
Kabus ( ကဘူစ်) မြူ
Tanah ( တာနာ့) မြေ ၊ စိုက်ပျိုးမြေ
Langit ( လာငီတ် ) မိုးကောင်းကင်
Awan ( အာဝမ်း ) တိန်
Pelangi ( ပလငီ) သက်တန်း
Selian ( ဆာလီရန်) ရေမြောင်း
Tasik ( တာစီ ) ရေအိုင်
Strim ( စတရီမ်) ချောင်
Anak sungai ( အနာ စူငိုင်း) မြစ် ချောင်ငယ်
Sungal ( စူငိုင်း ) မြစ်
Laut (လွာတ်) ပင်လယ်
Pamtai ( ပါမ်တွိုင်) ကမ်းခြေ
Pulau ( ပူလွား ) ကျွမ်း
Gua ( ဂွား) ဂူ
Bukit ( ဘူကီတ်) တောင်ကုန်း
Lembah ( လမ်ဘာ့) တောင်ကြား
Gunung ( ဂူနွန်း ) တောင်
Kawasan ( ကဝဆန် ) သဘာဝ ပတ်ဝန်ကျင် ၊ ဧရီယာ
Kawasan semak ( ကာဝစန် ဆမာ့က်) ခြုံတော ပေါက်ရာ ဧရီယာ
Pokok ( ပူကွက် ) အပင်
Hutan ( ဟူတန်း ) တော
Padang pasir (ပါဒန် ပါစီရ် ) သဲကန္တရ
Bumi ( ဘူမီ ) ကမ္ဘာမြေ ၊ ပထဝီ မြေ
Dunia ( ဒူနီယာ) ကမ္ဘာ ကြီး
musim ( မူစီမ် ) ရာ သီဥတု
cuaca ( ချွားချာ) မိုးလေဝါသ
musim sejuk (မူစီ ဆဂျူး) အေးသော ရာသီ
musim bunga( မူစီ ဘူငါ့ ) နွေဉီး ရာသီ
musim berbunga ( မူစီ ဘရ်ဘူငါ့ ) ပန်းပွင့်ရာသီ
musim luruh (မူစီ လူရူး ) ဆောင်ဉီး ရာ သီ
musim panas ( မူစီ ပါး နပ်) ပူသော ရာ သီ
cerah ( ချင်ရာ) နွေရာသီ
panas ( ပါး နပ်) ပူသော
kering ( ကရိန် ) ခြောက်သွေ.သည်
air peluh ( အာယစ် ပူလိုး ) ချွေး
basah (ဘဆဲဟ် ) စို့စွတ်သော
sejuk ( ဆဂျူး အေး) သော
salji (ဆလ်ဂျီး) နှင်း
hujan ( ဟူဂျန်) မိုး
hujan batu (ဟူဂျန် ဘာတူ ) မိုးကျောက်/သီး + ကျ
kilat ( ကီလတ် ) မိုးကြိုးပစ်သည်
berangin ( ဘရာအာငင်) လေ
rebut (ရီဘွတ် ) မုန်းတိုင်း
gempa bumi (ဂမ်ပါ့ ဘူမီ) မြေငလျင် + လှပ်
jatuh ( ဂျတိူ) လဲကျ ၊ ပြုတ်ကျ ။
goncang ( ဂို ယန်း ) လှုပ် ယန်း သည်
kuat ( ကွက် ) သန်မာသည်၊ အားကောင်း သော့ ၊ သည်းထန်းသော ၊ ကြံခိုင်သည်
Aran ( အာရတ် ) ဦးတည်ချက်
Pergi terus ( ပဂီ တရို့ ) တည့်တည့် သွား ပါ
belok Kanan ( ကာနန်း) ညာကို ကွေ့ပါ
belok Kiri ( ကီရီ) ဘယ် ကိုကွေ့ပါ
Utara (အူးတာရာ ) မြောက် အရပ်
Selatan ( ဆလတန်း ) တောင် အရပ်
Barat ( ဘရပ် ) အနောက် အရပ်
Timur ( တီမို) အရှေ့ အရပ်
Atas ( အ တ့) အပေါ်
Bawah ( ဘဝါဟ်) အောက်
Di dapan ( ဒီ ဒပန်း ) အရှေ့ မှာ
Belakang ( ဘယ်လာကန် ) အနောက်
Dalam ( ဒါလမ် ) အတွင်း
Luar ( လွား ) အပြင်
Sekitar ( ဆကီတာ့) ပတ် ပတ်လည်
Jauh ( ဂျာဟူ) ဝေးကွာသည် .
Dekat ( ဒီ ကပ် ) နီးသည်
#အခြေခံမလေးစကားပြော
စကားပြော သင်တန်း ဆက်သွယ် စုံစမ်း နိုင်ပါသည်။
01/11/2024
Warna( ဝါရ်နာ ) အရောင်
Colour ( ကာလာ ) အရောင်
warna-warni ( ဝါနာ -ဝါရနီ ) အရောင်စုံ
Pelangi (ပလငီ) သက်တန်းရောင်
Putih ( ပူတေ) အဖြူ
Hitam ( ဟီတန်း) အနက်
Biru (ဘီရူး) အပြာ
Hijau ( ဟီဂျောက်) အစိမ်း
Merah ( မေရာ့ ) အနီ
Kuning (ကူနီ ) အဝါ
Jingga (ဂျင်ဂျာ) လီမ္မော်
Mearh jambu(မေရဂျန်ဘူ) ပန်း
Ungu ( အူဂူ) ခရမ်း
Cokalt ( ချော့ကလပ်) ချောကလပ်
Emas ( အီမက်) ရွှေ ( သထ္ထုလည်း အခေါ်တူ)
Perk (ပင်ရာ့) ငွေ ( သထ္ထုလည်း အခေါ်တူ)
Kelabu ( ကလာဘူ ) မြူခိုး
asap ( အာစပ်) မီးခိုး
perang (ပရန်း) အညို
Biru muda ( ဘီရူ မူဒါ့ )ပြာနု
Hijua muda ( ဟီဂျောက် မူဒါ့) စိမ်းနု
Mearh tua ( မေရာ့ တွား ) အနီရင့်
Mearh muda ( မေရာ့ မူဒါ့ ) ပန်း
Warna lembut ( ဝါနာ လန်ဘူ ) မီးအလင်းရောင်
Warna garang ( ဝါနာ ဂင်လတ် ) အရောင် မှေး မှီ သည်
Warna terang ( ဝါနာ တရန်း ) အရောင်တောက်သည်
Muda ( မူဒါ့ ) ငယ် ရွယ် / နု နယ် ( ကာလာဆို နု )
Tua ( တွား ) အသက်ကြီး / ရင့် ( ကာလာဆို ရင့် )
Ada warna yang…. ( အာဒါ ဝါနာ ယန်း …..) ………. အရောင် ဟာ ရှိသည်
Gelap ( ဂယ်လပ် ) မှေးမှိသော ၊ မှောင် သော
terang ( တရန်း ) တောက်ပသော
ke = to (ကို / သို့ )
an= V3
Ke merah an = နီးခြင်း
Ke kuning an = ဝါခြင်း
Kuning ke hijau an = အဝါ မှ အစိမ်း
Merah ke marah jambuan = အနီ မှ ပန်းရောင်
#အခြေခံမလေးစကားပြော
စကားပြော သင်တန်း ဆက်သွယ်စုံစမ်း နိုင် ပါ သည်။
24/10/2024
Binatang (ဘီနာတန်း) တိရိစ္ဆာန်
Haiwan Kesayangan ( ချစ်စရာအိမ်မွေး သတ္တဝါ )
Haiwan ( ဟွာဝန်) သတ္တဝါ
Ikan (အီကန်း) ငါး
Burung (ဘူရုန်း) ငှက်
Burung nari (ဘူရုန်း နူရီး) ကြက်တူရွေး
Anjing (အန်ဂျင်း) ခွေး
Kuchging (ကူချင်း/ပူစီ) ကြောင်
Anak domba (အာနာ့ ဒွန်ဘာ) သိုး
Kambing (ကန်ဘင်း) ဆိတ်
Lambu (လမ်းဘူး) နွား
Kerbau (ကယ်ရ်ဘောက်) ကျွဲ
Babi (ဘာဘီ ) ဝက်
Arnab ( အာရ်နာဘ်) ယုန်
Ayam ( အာယန်း ) ကြက်
Ayam belanda ( အာယန်း ဘလန်ဒါ ) ကြက်ဆင်
Itik (အီတိ့စ်) ဘဲ
Kuda ( ကူဒါ့ ) မြင်း
Unta ( အွန်တာ) ကုလားအုပ်
Haiwan di persekitaran (ပတ်ဝန်ကျင်ရှိ သတ္တဝါ များ )
Burung ( ဘူရုန်း ) ငှက်
Burubg pipit ( ဘူရုန်း ပီပီတ်) စာကလေး
Merpati ( မရ်ပါတီ ) ခို / ဂျိုး
Gagak (ဂါဂတ်) ကျီးကန်း
Tupal ( တူပွိုင် ) ရှဉ်
Rama-rama ( ရ-မ ရမာ ) လိပ်ပြာ
Cicak (ကျီကျီးစ်) အိမ်မြောင်
burung hantu ( ဘူးရန်း ဟန်တူ ) ဇီကွက်
Tidak s**a haiwan di ruma (အိမ်နေ မနှစ်သက်ဖွယ် သတ္တဝါ များ )
Tikus ( တီကူစ်) ကြွက်
Semut (ဆာမုတ်) ပုရွက်ဆိတ်
Nyamuk (ညာမွတ်) ခြင်
Lalat (လာလတ်) ယင်
Sarang lelabah ( တာရွန် လလာဘာ့) ပင့်ကူအိမ်
Lipas ( လိပတ် ) ပိုးဟတ်
Hawan hutan (တောတွင်းတိရစ္ဆာန်)
Monyet ( မိုညက်) မျောက်
Singa ( ဆင်ဂါ ) ခြင်သေ့
Rusa (ရူစာ) သမင်
Buaya (ဘွာယာ) မိကျောင်း
Kura-kura (ကူရာ့-ကူရာ့) လိပ်
Hariman (ဟာရီမောင်း) ကျား
Hari mau bintang (ဟရီမောင်း ဘန်တင်) ကျားသစ်
Beruang ( ဘရူအန် ) ဝက်ဝံ
Labah (လဘာ့) ပျား
Gajan (ဂါဂျာ) ဆင်
Ular (အူးလ) မြွေ
Bawat (ဗျဝတ်) ဖွတ်
Kalajengking (ကလဂျင်းကင်း ) ကင်းမြီးကောက်
တိရိစ္ဆာန်ရေတွက်နည်းများ ( Cara mengira binatang )
Binataung [ ဘီနာတန်း ] = တိရိစ္ဆာန် ။
Haiwan [ဟွိုင်းဝန်း ] = သတ္တဝါ။
Ekor [အယ်ကော့] = အကောင် ။
Jantan [ ဂျာတန် ] = အထီး ။
Betina [ ဘယ်တီးနာ့ ] = အမ။
Satu ekor / seekor = တစ်ကောင် ။
Seekor jantan = အထီးတစ်ကောင် ။
Seekor betina = အမတစ်ကောင် ။
Dua ekor = နှစ်ကောင် ။
Dua ekor jantan = အထီးနှစ်ကောင် ။
Dua ekor betina = အမနှစ်ကောင် ။
Berapa ekor = အကောင် ဘယ် လောက် လဲ ?
မွေးမြူရေး
Ladang ayam ( လာဒန်း အာယန်း ) ကြက်ခြံ
Ladang itik ( လာဒန် အီတီ ) ကြက်ခြံ
Ladang lembu ( လန်ဒန် လမ်ဘူ) နွားမွေးမြူရေး
Ladang babi ( လန်ဒန် ဘာဘီ ) ဝက်မွေးမြူရေး
Ladang kambing ( လန်ဒန် ကမ်ဘင်း) ဆိတ်မွေးမြူရေး
Ladang biri-biri ( လန်ဒန် ဘီရီ-ဘီရီ) သိုးမွေးမြူရေး
Ladang ikan ( လာဒန် အီကန်း ) ငါးမွေးမြူရေး
#အခြေခံမလေးစကားပြော
21/10/2024
masakan ( မာဆာကန်း ) ( ချက်ပြုပ်ခြင်း)
masak ( မာဆ ) ချက်ပြုတ်သည်
lauk (လောက်) ဟင်း
goreng ( ဂိုရမ်း ) ကြော်သည် /လှော်သည် / အကြော် /အလှော်
rebus ( ရယ်ဘုစ် ) ပြုပ်သည်
kari ( ကာရီ ) ဟင်းရည် ( အဆီ အနစ် )
panggang ( ပန်ဂါ ) ကင်သည် / အကင်
bakar ( ဘာကာ ) မီး ကင်သည်/ မီးရှိုး
steam ( စတိင်းမ်း) ပေါင်း ( ငါးပေါင်း)
salad ( ဆလဒ် ) အသုတ်
perenuch dan rasa ( ဟင်းအမြွှေးအကြိုင်း ) အရသာ
sos cili(terbuk) (ဆော့ ချီလီ ငရုပ် ) သီးဆော့
sos tomato (ဆော့ တိုမီတို) ခရမ်းချဉ်သီး ဆော့
sos ikan ( ဆောအီကန်း ) ငါး ငံပြာရဉ်
sos siput ( ဆောစီဖူ ) ခရုဆီ
sos soya ( ဆော ဆိုယာ ) ပဲ ငံပြာရည်
belacan ( ဘလာချန် ) ငပီ
gula ( ဂူလ) သကြား
cuka ( ကျုက) ရှာလာကာရည်
minyak ( မေညာ့) ဆီ
garam ( ဂါရမ်း ) ဆား
Ajinomoto ( အာဂျီနိုမိုတို) အချိုမှုန့်
Kungit (ကူနီ ) နနွင်း
Serbuk cili ( ဆရ်ဘူက် ချီးလီ) ငရုပ်မှုန့်
Lada ( လဒ ) ငရုပ်ကောင်း
Halia ( ဟာဒီယာ ) ဂျင်း
santan ( ဆန်တန်) အုန်းနို့
pedas ( ပဒစ်) အစပ်
tidak pedas ( တီဒတ် ပဒစ် ) အစပ်မထည့် ပါ
manis ( မက်နီး ) ချို သော
masin ( မာစင်း ) ငန်းသော
asin ( အာစန်) ချဉ် သော
asan jawa ( အာစန် ဂျဝ ) မန်ကျီးသီး
pahit ( ပါတီ ) ခါးသော
berminyak ( ဘမေည) ဆီဖုန်းနေသည်
sedap ( ဆဒါ့ ) အရ ၊ အရသာရှိသည်
serai ( ဆရိုင်း ) စပါးလင်
Rasa ( ရဆ) ခံစားပါ
#အခြေခံမလေးစကားပြော
21/08/2024
ရဲဌာနထံမော်တော်ယဥ်ပြစ်မူအတွက်ပေးဆောင်ရမဲ့အခြေခံနှုန်းထားပါ(လာဘ်ပေးမရလျှင်)
၁-ယဥ်မောင်းလိုင်စင်မရှိလျှင် =ဒဏ်ကြေးမဆောင်စေပဲတရားရုံတင်ခံရခြင်း
၂-ဖုန်းပြောရင်းကားမောင်းရင်=Rm၃၀၀
၃-မီးနီဖြတ်ကျော်ရင် Rm=Rm၃၀၀
၄-အရေးပေါ်လမ်းကိုအသုံးပြုမောင်းရင်=Rm၃၀၀
၅-ယဥ်မှတ်ပုံထားခြင်းမရှိရင်=ယဥ်မှတ်ပုံထားခြင်းမရှိရင်=Rm၃၀၀
၆-သတ်မှတ်မိုင်ထက်ပိုမောင်းရင်=Rm၁၅၀
၇=မဖြတ်ကျော်ရန်တားမြစ်ထားသောပြစ်မူအတွက်=Rm၁၅၀
၈=ခါးပတ်ကြိုးမပတ်ထားခြင်းအတွက်=Rm၁၅၀
၉=အန္တရယ်များလှသောဖြတ်ကျော်တက်မူ(Q)အတွက်=Rm၁၅၀
၁၀-ဝိုင်းပတ်ပြန်ကွေ့ရန်တားမြစ်မူ(U)ကိုကျူးလွန်ပါက=Rm၁၅၀
၁၁-ဆိုင်ကယ်လိုင်စင်မရှိရင်=Rm၁၅၀
၁၂-ယဥ်မရပ်ရပြစ်မူအတွက်=Rm၁၅၀
၁၃-ဆိုင်ကယ်ဦးထုပ်မဆောင်းထားပါက=Rm၁၀၀
၁၄-ယဥ်သွားလမ်းကိုပိတ်ဆို့ခြင်းအတွက်=Rm၁၀၀
၁၅-ယဥ်အချက်ပြမီးလုံးအသုံးမပြုခြင်းအတွက်=Rm၁၀၀
၁၆-ယဥ်ရှေ့နောက်"P"စတေကာမကပ်ထားခြင်း(လိုင်စင် ရထားကာစသူများ)အတွက်=Rm၇၀ ပါ
မူးရင်မောင်းသူများ Okuကဒ်ကိုင်ထားသူများအတွက်မပါ
၈-
Kadar asas kompaun pdrm. Pakat beringat sobat
credit:
16/07/2024
2.8.2024 နေ့ သင်တန်း အသစ်ရှိပါမယ်ဗျာ
#သင်ယူရမည်အကြောင်းအရာများမှာတော့
၁ ။ အ ခြေခံ အသံထွက် နည်း
၂။ စကားပြောရာတွင်သုံးသော့ အခြေခံ စကားလုံးများ
၃ ။ နာမ်ပတ် များ နဲ့ ဆက်စက်အသုံးအနှုန်းများ
၄။ မိသားစု အခေါ်အဝေါ် ကျားမ ရေတွက်နည်း
၅။ အသုံးများဝေါဟာရ စုစည်မှု
၆။ အခြေခံ သဒ္ဒါ
၇။ ဝါကျတည်ဆောက် ခြင်း /စကားပြောနည်း
၈။ လက်တွေကျကျ စကားပြော လေ့ကျင့်ခြင်း
အထက်ပါ အကြောင်းအရာများကို စနစ်တကျ သင်ပေးပါသည်
#သင်ယူရမည်ပုံစံ က တော့ Zoom App ကို အသုံပြီးonline မှ သင်ယူရမှာဖြစ်ပါတယ် ။
#အလုပ်အားတဲ့အချိန်လေ့လာနိုင်ဖို့အတွက်လည်း သင်ထောက်ကူ ပြုအဖြစ် video class လည်း ထားပေးထားပါတယ်။
#သင်တန်းအချိန်ကတော့
မြန်မာပြည် အချိန် ည (9:00PM to 10:00PM)
မလေးနိုင်ငံအချိန် ည (10:30PM to 11:30PM) ဖြစ်ပါတယ်။
#သင်တန်းရှိမည်ရက်တွေကတော့
friday, saturday, sunday
#သင်တန်းကာလက(2)လ
စိတ်ဝင်စားပါက page massgr (သို့)
whatapp 09 753 491537 (or)
+601121001587 ကို ဆက်သွယ် စုံစမ်း နိုင်ပါတယ် ဗျာ ။
#အခြေခံမလေးစကားပြော
Malaysia language
30/06/2024
စာဖတ်ခြင်းကပေးတဲ့ အကျိုးများ
၁-စာဖတ်များတဲ့ လူတစ်ယောက်ရဲ့ ရုပ်သွင်ဟာ တည်ငြိမ်ရင့်ကျက်တည်ငြိမ်လာတတ်ပြီး ဘယ်လောက်ပဲ အံ့ဩစရာနဲ့တွေ့တွေ့မအံ့ဩတတ်ကြတော့ဘူး။
၂-အရာရာကိုကျော်ဖြတ်လိုတဲ့ စိတ်တွေကြီးထွားလာပြီး တကယ်ပဲကျော်ဖြတ်ဖို့ အစီအစဉ်တွေချမှတ်လာနိုင်ကြတယ်။
၃-ဦးနှောက်ရဲ့ စွမ်းရည်မြင့်တက်လာပြီး ကောင်းမွန်လွန်းလှတဲ့ အတွေးတွေပေါက်ဖွားလာပါတယ်။
၄-ဆုံးဖြတ်ချက်တွေမှန်ကန်လာပြီး ချက်ချင်းဆုံးဖြတ်သင့်တဲ့အရာကို ချက်ချင်းဆုံးဖြတ်နိုင်လာတယ်။
၅-စာဖတ်ခြင်းကြောင့် လူတွေဟာ မကောင်းမှုကို ရှောင်ရှားလိုစိတ်တွေများလာပြီး စာနာစိတ်တွေ တိုးပွားလာနိုင်ပါတယ်။
၆-စာဖတ်တဲ့လူတိုင်းမအောင်မြင်နိုင် ပေမယ့် ဘယ်တော့မှ မကျရှုံးနိုင်ပါဘူး။
၇-စာဖတ်သူတွေဟာ ဘဝရဲ့အကြောင်းတွေ၊ အခက်အခဲတွေ၊
စိတ်ကူးစိတ်သန်းတွေကို တစ်ခြားလူတွေထက် ပိုသိလာကြတယ်။
၈-ဖတ်ထားတဲ့စာတွေဟာ မေ့သွားတတ်ပေမယ့် အရေးကြုံလာတဲ့အခါ ပြန်ပြီးအမှတ်ရစေပါတယ်။
ဥပမာ..ကျန်းမာရေးစာပေတွေဖတ်ထား
သူတစ်ယောက်ဟာ အရေးပေါ်ကျန်းမာရေး အခြေအနေဖြစ်လာတဲ့အခါ ဘယ်လိုလုပ်ဆောင်ရမယ်ဆိုတာ သိလာနိုင်ပါတယ်။
၉-စကားပြောကောင်းလာလိမ့်မယ်။
စကားဆိုတာ ပြောသင့်တဲ့အချိန်၊မပြောသင့်တဲ့အချိန်ရယ်လို့ ရှိပါတယ်။ လူတွေကကိုယ့်ကို အထင်ကြီးလိုတာကြောင့် နေရာတကာမှာ ဝင်ပြီးပြောနေမယ်၊ ဘယ်သူမှမပေးဘဲ ဆရာဝင်လုပ်နေမယ်၊
ပါလေရာ ငါးပိချက်လုပ်နေမယ်ဆိုရင် လူတွေက သင့်ကို "လေကြီး"လို့ ဝိုင်းပြီးခေါ်ဝေါ်သမုတ်ကြပါလိမ့်မယ်။ စကားကို ချင့်ချိန်ပြီးပြောဆိုတတ်ဖို့လိုပါလိမ့်မယ်။ စာအုပ်တွေဖတ်ပါများလာရင် သင့်ရဲ့ပြောဆိုမှုပုံစံဟာ အထင်ကြီးစရာကောင်းနေပါလိမ့်မယ်။ သင့်ပါးစပ်ကထွက်လာတဲ့ စကားလုံးတိုင်းဟာ တစ်ခြားလူတွေရဲ့ဘဝကို ပျော်ရွှင်ခြင်းနဲ့ စိတ်အားတက်ကြွခြင်းတွေကို ပေးနိုင်ပါလိမ့်မယ်။
၁၀-ကောင်းမွန်တဲ့ ပတ်ဝန်းကျင်ကို ရွေးချယ်တတ်လာပြီး၊ အပေါင်းအသင်းတွေကိုပါ ပြောင်းလဲပေးနိုင်ပါလိမ့်မယ်။
ဒါပေမယ့် စာအုပ်တစ်အုပ်လောက်ပဲ
ဖတ်ပြီး ကိုယ့်ကိုကိုယ် စာဖတ်တဲ့သူလို့
ဂုဏ်ယူနေမယ်ဆိုရင်တော့ ရင့်ကျက်တည်ငြိမ်တဲ့ လူတစ်ယောက်
မဖြစ်နိုင်သေးပါဘူး။
လက်လှမ်းမှီသမျှစာပေတွေကို ဖတ်ပါများလာမှ သင်ဟာရဲရင့်တည်ကြည်တဲ့ လူတစ်ယောက်ဖြစ်လာမှာပါ။ ဒါ့ကြောင့်များများဖတ်ပါ။ ဖတ်နိုင်သလောက်ဖတ်ပါ။ စာဖတ်ခြင်းက
သင့်ကို မယုံကြည်နိုင်လောက်တဲ့ အတွေ့အကြုံတွေပေးပါလိမ့်မယ်။
အံ့ဩစရာကောင်းပြီး လူတွေလေးစားရတဲ့ လူတစ်ယောက်
အဖြစ်သို့ ပြောင်းလဲလာစေပါလိမ့်မယ်။
ဒါဆိုရင် ဘယ်လိုစာပေမျိုးတွေဖတ်သင့်လဲ?
၁-အောင်မြင်သူတွေရဲ့ အတ္ထုပ္ပတ္တိတွေကို
ဖတ်ပေးသင့်ပါတယ်။ အဲ့လိုဖတ်ပေးခြင့်
ကြောင့် အောင်မြင်သူတွေရဲ့ အမူအကျင့်တွေ၊ စိတ်ဓာတ်တွေကို သင်သိမြင်လာပါလိမ့်မယ်။
၂-ပညာရပ်ဆိုင်ရာစာပေများ
အင်္ဂလိပ်စာကိုလေ့လာချင်သူအတွက်
အင်္ဂလိပ်နဲ့ပတ်သက်တဲ့ စာအုပ်တွေအများကြီးရှိပါတယ်။
ဟင်းချက်နည်း၊ အလှပြင်နည်း၊ စီးပွားရေး၊ လူမှုဆက်ဆံရေး၊ ခေါင်းဆောင်မှုပညာရပ် ဆိုင်ရာစာပေတွေ
ဖတ်မကုန်အောင် တစ်ပုံတစ်ပင်ရှိပါတယ်။ စာရေးချင်သူတိုင်းအတွက် စာရေးနည်းနဲ့
ပတ်သတ်တဲ့ စာပေတွေ မကုန်မခမ်းပါပဲ။
၃-စိတ်အားတက်ကြွစေမယ့် စာပေ
(တက်ကျမ်း)
သင့်ရဲ့ စိတ်ကို ဒိုင်းကနဲမြင့်တက်စေတဲ့
တက်ကျမ်းခေါ် စာပေတွေဟာ မမြင်ချင်
အဆုံးပေါများလှတယ်။ တက်ကျမ်းတွေကို ဖတ်ပါများလာရင်
သင့်ရဲ့ စိတ်ဟာရဲရဲတောက် လာပါလိမ့်မယ်။
၄-ရသစာပေ
ရသစာပေဟာ အင်မတန်ရိုင်းဆိုင်းလှတဲ့
လူတစ်ယောက်ကို ချက်ချင်းနူးညံ့စေပါတယ်။
ရသစာပေရဲ့ သဘောဟာ တက်ကျမ်းတွေလို တိုတိုတုတ်တုတ်နဲ့
မဟုတ်ပဲ ဇာတ်လမ်း၊ဇာတ်အိမ်တွေဖွဲ့ကာ
လိုရာ ရည်ရွယ်ချက်ကို ဖော်ပြတဲ့စာပေမျိုးပါ။ ဇာတ်ဆောင်တွေရဲ့ ကောင်းမွန်တဲ့အကျင့်စရိုက်၊ မကောင်းတဲ့အကျင့်စရိုက်တွေကို ယှဉ်တွဲပြကာ လူတွေကို ဆုံးမတဲ့စာပေအမျိုးအစားပါ။
၅-ဟာသစာပေ
ပျော်ရွှင်မှုကိုပေးတတ်ပြီး သင့်ကို ဟာသဥာဏ်ရွှင်အောင် ပြုလုပ်ပေးတတ်ပါတယ်။
၆-ဘာသာရေးစာပေ
စိတ်နဲ့ နှလုံသားကို ငြိမ်းချမ်းစေတဲ့စာပေပါ။ လိုချင်တပ်မှုစတဲ့
တဏှာရာဂမီးတွေကို ချုပ်ငြိမ်းစေပါတယ်။
#စာအုပ်စာပေလူ့မိတ်ဆွေ 📖📚
07/05/2024
တကယ်တော့ နိုင်ငံခြားဆိုတာ...😌
တကယ်တော့ နိုင်ငံခြားဆိုတာ စထွက်လာပြီးရင် ပြန်ဖိုခက်တဲ့အမျိုး နိုင်ငံခြားကို စထွက်လာတုန်းကတော့ ၃နှစ်လောက်လေး လုပ်ပြီး အရင်းအနှီးလေးရရင် မိသားစုနဲ့ အတူပြန်နေ ပျော်ရွှင်ကြမယ်ပေါ့ ...!( မြန်မာရုပ်ရှင်ကားတွေထဲကလို စိတ်ကူးယဉ်ခဲ့ဖူးတယ် ၃နှစ် ခန့် ကြာပြီးနောက် ......, လိုပေါ့
နှစ်လေး အနည်းငယ်အကြာလုပ်သက်လေး ရင့်လာတော့ ..., မိသားစုအတွက် အိမ်လေး ပြင်ချင်လို .., ဘာလေးလိုချင်လို ၁နှစ်လောက်ထပ်လုပ်လိုက်ပါဦးမယ်လေ ....'နဲ့ နှစ်တွေကြာပြီးမပြန်ဖြစ်ဘူး
' မိုးရွာတုန်း ရေခံ " ဆိုရိုးစကားအတိုင်း ရှာနိုင်တုန်းလေးအရင်းအနှီးလေးရအောင် ရှာဦးမှဟဲ့ လို တဖုံ'တဖြည်းဖြည်း ...., ဒေါ်လာ ငွေကြေးရဲ့ ရေစီးကြောင်း နောက် စီးမျောလိုက်ပါ ရှေ့ဆက်တိုးရင်း.., နောက်ပြန်လှည့်ကြည့်တဲ့အခါ .....,
ဟိုး....., အရင်ချိန်တုန်းကလို '
မိဘ တွေ ရဲ့ နွေးထွေးတဲ့ မေတ္တာရင်ခွင် ညီ အကို မောင်နှမ တွေရဲ့ ချစ်ခင် မြတ်နိုးမှု'ဆွေမျိုးသားချင်းများရဲ့ နူးညံ့တဲ့ ကြင်နာမှု ' ငယ် သူငယ်ချင်း အပေါင်းသင်းများ နဲ့ ပျော်ရွှင်ခဲ့ကြတဲ့ အချိန် ကာလ တစ်ခု ....'
ပျောက်ဆုံးမှန်း မသိ ပျောက်ဆုံး ခဲ့ကြလေပြီ ' ဆုတောင်းတိုင်းသာပြည့်မယ်ဆိုရင် အခုလို အချိန် အမေ့အိမ်ပြန်ဖို ခက်ခဲနေတဲ့ ကပ်ဘေးဆိုး ကာလ တစ်ခု ကျော်လွန် ပြီးဆုံးချိန်အထိတော့ ....,
" မိသားစု လက်ဆုံ ထမင်းဝိုင်းလေး " ပြန်စားခွင့်ရအောင် ချစ်သူ ခင်သူ အပေါင်း နေကောင်း ကျန်းမာစွာ နေပေးကြပါလို .., တိတ်တဆိတ်ဆုတောင်းလေးပြုနေရုံ မှတပါး ...
#နိုင်ငံခြားဆိုတာ
#𝘾𝙧𝙚𝙙𝙞𝙩
#မှတ်သားစရာစာစုများ
02/05/2024
စာဖတ်ပါ
ဘာသာစကားသစ်တွေသင်ယူပါ
ကွန်ပျူတာသင်တန်းတွေတက်ပါ
ဂီတာတီးရတာသဘောကျရင် ဂီတာတီးသင်ပါ
ပန်းကလေးတွေကိုချစ်ရင် မခူးဆွတ်ခြင်းဖြင့်
မြတ်နိုးပေးပါ။
ခရီးသွားရတာကြိုက်နှစ်သက်ရင်
ငယ်ရွယ်တုန်းလေးခရီးတွေသွားပါ။
အလုပ်တွေကြိုးစားပြီး အိမ်မက်တွေကိုအကောင်အထည်ဖော်ပါ။
ပြည့်စုံလာတဲ့တစ်နေ့
လိုအပ်နေတဲ့လူတချို့ရဲ့ဘဝကို
ဖေးမကူညီပါ။
လဲကျရင်ပြန်ထ
ပင်ပန်းရင်အနားယူပါ
ဝမ်းနည်းစရာရှိရင် ပျော်ရွှင်ဖူးတဲ့
နေ့ရက်တွေကိုသတိရပါ။
မအောင်မြင်သေးခင်မှာ ကိုယ့်ကိုစွန့်ခွာသွားတဲ့သူနဲ့
ကိုယ့်အနားရှိနေပေးတဲ့သူကို ကောင်းကောင်းမှတ်ထားပါ။
စိတ်ကိုဖြူစင်အောင်ထား
ကိုယ့်စိတ်ကိုအရောင်ဆိုးမယ့်သူတွေကို
ဝေးဝေးကရှောင်ပါ။
မှားမှား မှန်မှန်
ဖြေရှင်းချက်တွေ မပေးနဲ့
အချိန်ကစကားပြောလိမ့်မယ်
ကိုယ်လျှောက်မယ့် လမ်းကိုသာ
အေးအေးဆေးဆေး ဆက်လျှောက်ပါ။
ဘယ်သူ့ကိုမှ ဂရုစိုက်စရာမလိုဘူး။
တစ်ခုခုဆိုမလုပ်နိုင်ပါဘူးဆိုပြီး စိတ်ဓာတ်ကျမနေနဲ့။
မင်းလောက်ထက်မြတ်တဲ့သူဆိုတာမရှိဘူး။
ဒီကမ္ဘာကြီးမှာ
လိုအင်ဆန္ဒတွေ အားလုံးတော့ပြည့်ဝမှာမဟုတ်ဘူး။
ဒါပေမဲ့ ကိုယ်ကြိုးစားသလောက်တော့
ကိုယ်အကျိုးခံစားခွင့်ရမှာပါ။
လှပတဲ့နေထွက်ချိန်ကိုမြင်နိုင်ဖို့
နည်းနည်းတော့ စောစောထရမှာပေါ့။
Credit
ပြန်လည်မျှဝေသည်
29/04/2024
အရမ်းကောင်းတဲ့ စာသားလေးပါ
ဖတ်ရင်းနဲ့ တွေးပါ
အရသာက တမူထူးခြားနေပါလိမ့်မယ်
(၁) စိတ်ဓာတ်ကို မာမာထားပါ။
အပြင်ပန်းသဏ္ဍာန်ကို ပျော့ပျော့ပျောင်းပျောင်းထားပါ။
(၂) ကိုယ့်ပစ္စည်း မဟုတ်ရင် မယူပါနဲ့။
ဘယ်လောက်ပဲ နှစ်သက် နှစ်သက် လက်လွှတ်တတ်ဖို့ နားလည်ပါ။
(၃) ကိုယ့်ကိုယ်ကို လေးစားပါ။
သူတစ်ပါးကို လေးစားပါ။ လေးစားမှုကို ထိန်းပါ။
အဲဒီလေးစားမှု သုံးခုကို မှတ်ထားပါ။
(၄) ငွေဆိုတာ ရေလိုပဲ။
ငွေခမ်းရင် ငတ်သေတတ်တယ်။
ငွေမက်လွန်းရင် နစ်သေတတ်တယ်။
(၅) အရာဝတ္ထုတစ်ခုတိုင်းကို
ရှုထောင့်ပေါင်းစုံ ဘက်ပေါင်းစုံကနေ ခံစားပါ။
(၆) သူတစ်ပါးကို ထိခိုက်နာကျင်မှုမျိုးနဲ့
ကိုယ့်အပြစ် ကိုယ့်ဆိုးကျိုးကို ဖုံးကွယ်တတ်တဲ့
လူလောက် ရှက်ဖို့ကောင်းတာ မရှိဘူး။
(၇) လောဘမကြီးနဲ့။
မကောင်းတဲ့အရာတွေက ဘယ်တော့မှ တာရှည်မခံဘူး။
(၈) သူငယ်ချင်းအတွက် အနစ်နာခံတဲ့ အလုပ်က ခက်ခဲတဲ့အလုပ်တော့ မဟုတ်ဘူး။ ခက်တာက အနစ်နာခံရလောက်တဲ့ သူငယ်ချင်းမျိုး ရှိဖို့ပဲလိုတယ်။
(၉) ကိုယ့်အတွက်လို့ စဉ်းစားမိတာနဲ့ တစ်ပြိုက်နက် တစ်ဖက်လူရဲ့ ခံစားချက်ကိုလည်း ထည့်တွက်သင့်တယ်။ သူ့အတွက် ပိုစဉ်းစားသင့်တယ်။ ဒါတွေက အကြင်နာ ယဉ်ကျေးတဲ့အပြင် တစ်ဖက်လူကို လေးစားရာလည်း ရောက်တယ်။
(၁၀) လူတွေ သိနိုင်တဲ့အမှားမျိုးက တကယ့်အမှား မဟုတ်သေးဘူး။ တခြားလူ လုသွားနိုင်တဲ့ ချစ်သူမျိုးက တကယ့်ချစ်သူ မဟုတ်သေးဘူး။
(၁၁) ကိုယ့်ဆုံးဖြတ်ချက် ကိုယ်ချပါ။ ဖြစ်လာသမျှ ခံယူဖို့ပြင်ဆင်ပါ။
စမလုပ်ခင် လောကကြီးမှာ နောင်တကုဆေးဆိုတာ မရှိကြောင်း
ကိုယ့်ကိုယ်ကိုယ် သတိပေးပါ
(၁၂) သင်ယူခြင်းက တခဏအတွက် မဟုတ်ဘူး။
တစ်ဘဝအတွက် ဖြစ်တယ်။ ဒါကြောင့် သင်ယူခြင်းမှာ မငြီးငွေ့ပါနဲ့။
(၁၃) ဘယ်အချိန်မှာ စတင်ခဲ့တာဖြစ်ဖြစ် အရေးကြီးတာက စတင်ပြီးနောက် မရပ်နားဖို့ပါပဲ။ ဘယ်အချိန်မှာ အဆုံးသတ်တာပဲဖြစ်ဖြစ် အရေးကြီးတာက အဆုံးသတ်ပြီးနောက် နောင်တမရဖို့ပါပဲ။
(၁၄) ကံမကောင်းခြင်းဆိုတာ စာရင်းသွင်းစရာ မလိုဘဲ
လူတိုင်းတက်ရတဲ့ ကျောင်းဖြစ်တယ်။ ဒီကျောင်းကို အောင်နိုင်သူက သန်မာထက်မြက်သူဖြစ်တယ်။
(၁၅) အချစ်ခံချင်ရင် အချစ်ခံထိုက်တဲ့ လူတစ်ယောက်ဖြစ်အောင် အရင်လုပ်ပါ။ လူတွေကို ချစ်ချင်ရင် ချစ်တတ်တဲ့ အရည်အချင်းရှိအောင် အရင်လုပ်ပါ။ ကောင်းကွက်ကိုလည်း လက်မခံ ဆိုးကွက်ကိုလည်း နားလည်မှုမပေးရင် ဒီသံယောဇဉ် ဘယ်လောက်တာရှည်နိုင်မလဲ။
(၁၆) အပြစ်ရှာ ညည်းတွားတတ်တဲ့ လူတွေဟာ စိတ်သဘောထား မကောင်းသူတွေ မဟုတ်ပေမယ့် လူတွေ အမြဲနှစ်သက်သူတော့ မဟုတ်ခဲ့ဘူး။
(၁၇) ဦးနှောက်ခြောက် စိတ်ရှုပ်တာတွေက မနက်ဖြန်ရဲ့ဝန်ကို ပေါ့သွားစေမှာ မဟုတ်ဘူး။ ဒါပေမယ့် ဒီကနေ့ရဲ့ ပျော်ရွှင်ခြင်းကိုတော့
ဆုံးရှုံးသွားစေမှာ။
နည်းနည်းသည်းခံလိုက်
နည်းနည်းတောင့်ခံလိုက် …
တစ်နေ့နေ့မှာ သင်သည်းခံခဲ့တဲ့ နာကျင်မှုက
သင့်ကို ပြန်အထောက်အကူ ပြုလိမ့်မယ်။
(၁၈) ဘဝမှာ ပျော်ရွှင်စရာတွေက အများကြီး သင့်ရဲ့အာရုံနဲ့အကြည့်ကို အဲဒီမပျော်ရွှင်တဲ့ အရာတွေပေါ်မှာပဲ စူးစိုက်မထားပါနဲ့။
(၁၉) တစ်ယောက်ထဲ နေတဲ့အခါ တစ်ယောက်ထဲ နေတတ်အောင် သင်ယူတယ်။ နှစ်ယောက်ဖြစ်သွားတဲ့အခါ ချစ်ခင်ပေါင်းသင်းတတ်အောင် သင်ယူတယ်။ သုံးယောက်ဖြစ်သွားတဲ့အခါ နောက်ဆုတ်
နှုတ်ထွက်တတ်အောင် သင်ယူပါတယ်။
(၂၀) တစ်ကိုယ်တည်းသမားလို့ ဆိုတိုင်း အချစ်ကို နားမလည်သူလို့ မထင်လိုက်ပါနဲ့။ တကယ်တော့ တစ်ကိုယ်တည်းသမားဆိုတာ
ချစ်သူရည်းစားရှိလျက်နဲ့ နာကျင်ဝမ်းနည်း နေရသူတွေထက် စာရင် ပိုအမြော်အမြင်ရှိတယ်လို့ ဆိုရမယ်။
#𝘾𝙧𝙚𝙙𝙞𝙩 #𝑠𝑎𝑖𝑝𝑜𝑛𝑒𝑙𝑜𝑎𝑛𝑤𝑛
27/12/2023
#စာဖတ်ခြင်းရဲ့ အကျိုးကျေးဇူးများ
_______________________
၁-စာဖတ်များတဲ့ လူတစ်ယောက်ရဲ့ ရုပ်သွင်ဟာ တည်ငြိမ်ရင့်ကျက်တည်ငြိမ်လာတတ်ပြီး ဘယ်လောက်ပဲ အံ့ဩစရာနဲ့တွေ့တွေ့
မအံ့ဩတတ်ကြတော့ဘူး။
၂-အရာရာကိုကျော်ဖြတ်လိုတဲ့ စိတ်တွေကြီးထွားလာပြီး တကယ်ပဲကျော်ဖြတ်ဖို့ အစီအစဉ်တွေချမှတ်လာနိုင်ကြတယ်။
၃-ဦးနှောက်ရဲ့ စွမ်းရည်မြင့်တက်လာပြီး ကောင်းမွန်လွန်းလှတဲ့ အတွေးတွေပေါက်ဖွားလာပါတယ်။
၄-ဆုံးဖြတ်ချက်တွေမှန်ကန်လာပြီး ချက်ချင်းဆုံးဖြတ်သင့်တဲ့အရာကို ချက်ချင်းဆုံးဖြတ်နိုင်လာတယ်။
၅-စာဖတ်ခြင်းကြောင့် လူတွေဟာ မကောင်းမှုကို ရှောင်ရှားလိုစိတ်တွေများလာပြီး စာနာစိတ်တွေ တိုးပွားလာနိုင်ပါတယ်။
၆-စာဖတ်တဲ့လူတိုင်းမအောင်မြင်နိုင် ပေမယ့် ဘယ်တော့မှ မကျရှုံးနိုင်ပါဘူး။
၇-စာဖတ်သူတွေဟာ ဘဝရဲ့အကြောင်းတွေ၊ အခက်အခဲတွေ၊
စိတ်ကူးစိတ်သန်းတွေကို တစ်ခြားလူတွေထက် ပိုသိလာကြတယ်။
၈-ဖတ်ထားတဲ့စာတွေဟာ မေ့သွားတတ်ပေမယ့် အရေးကြုံလာတဲ့အခါ ပြန်ပြီးအမှတ်ရစေပါတယ်။
ဥပမာ..ကျန်းမာရေးစာပေတွေဖတ်ထား
သူတစ်ယောက်ဟာ အရေးပေါ်ကျန်းမာရေး အခြေအနေဖြစ်လာတဲ့အခါ ဘယ်လိုလုပ်ဆောင်ရမယ်ဆိုတာ သိလာနိုင်ပါတယ်။
၉-စကားပြောကောင်းလာလိမ့်မယ်။
စကားဆိုတာ ပြောသင့်တဲ့အချိန်၊မပြောသင့်တဲ့အချိန်ရယ်လို့ ရှိပါတယ်။ လူတွေကကိုယ့်ကို အထင်ကြီးလိုတာကြောင့် နေရာတကာမှာ ဝင်ပြီးပြောနေမယ်၊ ဘယ်သူမှမပေးဘဲ ဆရာဝင်လုပ်နေမယ်၊
ပါလေရာ ငါးပိချက်လုပ်နေမယ်ဆိုရင် လူတွေက သင့်ကို "လေကြီး"လို့ ဝိုင်းပြီးခေါ်ဝေါ်သမုတ်ကြပါလိမ့်မယ်။ စကားကို ချင့်ချိန်ပြီးပြောဆိုတတ်ဖို့လိုပါလိမ့်မယ်။ စာအုပ်တွေဖတ်ပါများလာရင် သင့်ရဲ့ပြောဆိုမှုပုံစံဟာ အထင်ကြီးစရာကောင်းနေပါလိမ့်မယ်။ သင့်ပါးစပ်ကထွက်လာတဲ့ စကားလုံးတိုင်းဟာ တစ်ခြားလူတွေရဲ့ဘဝကို ပျော်ရွှင်ခြင်းနဲ့ စိတ်အားတက်ကြွခြင်းတွေကို ပေးနိုင်ပါလိမ့်မယ်။
၁၀-ကောင်းမွန်တဲ့ ပတ်ဝန်းကျင်ကို ရွေးချယ်တတ်လာပြီး၊ အပေါင်းအသင်းတွေကိုပါ ပြောင်းလဲပေးနိုင်ပါလိမ့်မယ်။
ဒါပေမယ့် စာအုပ်တစ်အုပ်လောက်ပဲ
ဖတ်ပြီး ကိုယ့်ကိုကိုယ် စာဖတ်တဲ့သူလို့
ဂုဏ်ယူနေမယ်ဆိုရင်တော့ ရင့်ကျက်တည်ငြိမ်တဲ့ လူတစ်ယောက်
မဖြစ်နိုင်သေးပါဘူး။
လက်လှမ်းမှီသမျှစာပေတွေကို ဖတ်ပါများလာမှ သင်ဟာရဲရင့်တည်ကြည်တဲ့ လူတစ်ယောက်ဖြစ်လာမှာပါ။ ဒါ့ကြောင့်များများဖတ်ပါ။ ဖတ်နိုင်သလောက်ဖတ်ပါ။ စာဖတ်ခြင်းက
သင့်ကို မယုံကြည်နိုင်လောက်တဲ့ အတွေ့အကြုံတွေပေးပါလိမ့်မယ်။
အံ့ဩစရာကောင်းပြီး လူတွေလေးစားရတဲ့ လူတစ်ယောက်
အဖြစ်သို့ ပြောင်းလဲလာစေပါလိမ့်မယ်။
ဒါဆိုရင် ဘယ်လိုစာပေမျိုးတွေဖတ်သင့်လဲ?
၁-အောင်မြင်သူတွေရဲ့ အတ္ထုပ္ပတ္တိတွေကို
ဖတ်ပေးသင့်ပါတယ်။ အဲ့လိုဖတ်ပေးခြင့်
ကြောင့် အောင်မြင်သူတွေရဲ့ အမူအကျင့်တွေ၊ စိတ်ဓာတ်တွေကို သင်သိမြင်လာပါလိမ့်မယ်။
၂-ပညာရပ်ဆိုင်ရာစာပေများ
အင်္ဂလိပ်စာကိုလေ့လာချင်သူအတွက်
အင်္ဂလိပ်နဲ့ပတ်သက်တဲ့ စာအုပ်တွေအများကြီးရှိပါတယ်။
ဟင်းချက်နည်း၊ အလှပြင်နည်း၊ စီးပွားရေး၊ လူမှုဆက်ဆံရေး၊ ခေါင်းဆောင်မှုပညာရပ် ဆိုင်ရာစာပေတွေ
ဖတ်မကုန်အောင် တစ်ပုံတစ်ပင်ရှိပါတယ်။ စာရေးချင်သူတိုင်းအတွက် စာရေးနည်းနဲ့
ပတ်သတ်တဲ့ စာပေတွေ မကုန်မခမ်းပါပဲ။
၃-စိတ်အားတက်ကြွစေမယ့် စာပေ
(တက်ကျမ်း)
သင့်ရဲ့ စိတ်ကို ဒိုင်းကနဲမြင့်တက်စေတဲ့
တက်ကျမ်းခေါ် စာပေတွေဟာ မမြင်ချင်
အဆုံးပေါများလှတယ်။ တက်ကျမ်းတွေကို ဖတ်ပါများလာရင်
သင့်ရဲ့ စိတ်ဟာရဲရဲတောက် လာပါလိမ့်မယ်။
၄-ရသစာပေ
ရသစာပေဟာ အင်မတန်ရိုင်းဆိုင်းလှတဲ့
လူတစ်ယောက်ကို ချက်ချင်းနူးညံ့စေပါတယ်။
ရသစာပေရဲ့ သဘောဟာ တက်ကျမ်းတွေလို တိုတိုတုတ်တုတ်နဲ့
မဟုတ်ပဲ ဇာတ်လမ်း၊ဇာတ်အိမ်တွေဖွဲ့ကာ
လိုရာ ရည်ရွယ်ချက်ကို ဖော်ပြတဲ့စာပေမျိုးပါ။ ဇာတ်ဆောင်တွေရဲ့ ကောင်းမွန်တဲ့အကျင့်စရိုက်၊ မကောင်းတဲ့အကျင့်စရိုက်တွေကို ယှဉ်တွဲပြကာ လူတွေကို ဆုံးမတဲ့စာပေအမျိုးအစားပါ။
၅-ဟာသစာပေ
ပျော်ရွှင်မှုကိုပေးတတ်ပြီး သင့်ကို ဟာသဥာဏ်ရွှင်အောင် ပြုလုပ်ပေးတတ်ပါတယ်။
၆-ဘာသာရေးစာပေ
စိတ်နဲ့ နှလုံသားကို ငြိမ်းချမ်းစေတဲ့စာပေပါ။ လိုချင်တပ်မှုစတဲ့
တဏှာရာဂမီးတွေကို ချုပ်ငြိမ်းစေပါတယ်။
---------
အလုပ်အကိုင် လုပ်ငန်းများ အောင်မြင်တိုးတက်ကြပါစေ။
Jobs4U
Seize The Opportunities!
---------
Credit