18/10/2022
With might and main အသုံးပြုပုံ။
-----------------------------------------------
ဒီဝါကျမှာပါတဲ့ "with might and main" ဆိုတဲ့ အီဒီယမ်လေးကတော့ "အားသွန်ခွန်စိုက်လုပ်တယ်"ဆိုတဲ့ အဓိပ္ပာယ်ရပါတယ်။
အင်္ဂလိပ်လို ဆိုရင်
"with as much effort as possible" ဆိုပြီး အဓိပ္ပာယ်ရပါတယ်။
ပိုပြီးသဘောပေါက်အောင် ဥပမာစာကြောင်းလေးတွေ ထပ်ကြည့်ရအောင်
✅They shouted with might and main but nobody came to rescue them.
သူတို့ အားသွန်ခွန်စိုက် အော်သော်လည်း ကယ်မယ့်သူ တစ်ယောက်မှ ရောက်မလာခဲ့ချေ။
✅ The sailors pulled the rope with might and main.
သင်္ဘောသားတွေက ကြိုးကို အားသွန်ခွန်စိုက် ဆွဲခဲ့တယ်။
✅ We will work with might and main as long as we live.
ကျွန်တော်တို့ဟာ အသက်ရှင်နေသမျှကာလပတ်လုံး အားသွန်ခွန်စိုက် အလုပ်လုပ်ရမယ်။
Crd to original uploader.