With might and main အသုံးပြုပုံ။
-----------------------------------------------
ဒီဝါကျမှာပါတဲ့ "with might and main" ဆိုတဲ့ အီဒီယမ်လေးကတော့ "အားသွန်ခွန်စိုက်လုပ်တယ်"ဆိုတဲ့ အဓိပ္ပာယ်ရပါတယ်။
အင်္ဂလိပ်လို ဆိုရင်
"with as much effort as possible" ဆိုပြီး အဓိပ္ပာယ်ရပါတယ်။
ပိုပြီးသဘောပေါက်အောင် ဥပမာစာကြောင်းလေးတွေ ထပ်ကြည့်ရအောင်
✅They shouted with might and main but nobody came to rescue them.
သူတို့ အားသွန်ခွန်စိုက် အော်သော်လည်း ကယ်မယ့်သူ တစ်ယောက်မှ ရောက်မလာခဲ့ချေ။
✅ The sailors pulled the rope with might and main.
သင်္ဘောသားတွေက ကြိုးကို အားသွန်ခွန်စိုက် ဆွဲခဲ့တယ်။
✅ We will work with might and main as long as we live.
ကျွန်တော်တို့ဟာ အသက်ရှင်နေသမျှကာလပတ်လုံး အားသွန်ခွန်စိုက် အလုပ်လုပ်ရမယ်။
Crd to original uploader.
Cornerlamp Teaching English Mission, Myanmar
You are the light of the world.......It gives light to all in the house. (Matthew 5:14-15)
Pattern.145
Something leaves a lot to be desired
"---"ဟာ ထင်သလောက်မကောင်းပါ
ဥပမာ
The food of that restaurant leaves a lot to be desired.
အဲ့ဒိ စားသောက်ဆိုင်က အစားအစာတွေဟာ ထင်သလောက်မကောင်းပါ
His presentation left a lot to be desired.
သူ့ရဲ့တင်ပြချက်ဟာ ထင်သလောက်မကောင်းပါ
Yesterday, the team's play style left a lot to be desired.
အသင်းရဲ့ကစားပုံဟာ မနေ့က ထင်သလောက်မကောင်းခဲ့ပါ
The performance of the government in the last 4 years has left a lot to be desired.
ပြီးခဲ့တဲ့ ၄ နှစ်က အစိုးရ ရဲ့ လုပ်ဆောင်ချက်တွေဟာ ထင်သလောက် အားရစရာမရှိပါ
The progress of this region leaves a lot to be desired.
ဒီဒေသရဲ့တိုးတက်မှု ဟာ ထင်သလောက်အားရစရာမရှိပါ
Crd..original uploader
at the end နဲ့ in the end နဲ့ကွာခြားချက်
At the end ကိုသုံးမယ်ဆိုရင် သူ့နောက်မှာnoun လိုက်ပေးရပါမယ်။
I will go abroad at the end of this year.
ဒီနှစ်ကုန်ရင် နိုင်ငံခြားသွားမှာ။
I'm getting married at the end of this month.
ဒီလကုန်ကျရင် ငါလက်ထပ်တော့မှာ။
in the end ...ကတော့ finally,နောက်ဆုံးမှာတော့ဆိုတဲ့အဓိပ္ပါယ်ပါ။
In the end, they decided to break up.
နောက်ဆုံးမှာတော့ သူတို့လမ်းခွဲဖို့ ဆုံးဖြတ်လိုက်ကြတယ်။
In the end, he just won.
နောက်ဆုံးမှာတော့ သူပဲအနိုင်ရသွားတယ်
Crd to.. original uploader.
13/10/2022
မနေ့က ဝါကျအဖြေလေးတင်ပေးလိုက်ပါတယ်။
ဒီဝါကျမှာပါတဲ့ "cut (someone) to the quick" ဆိုတဲ့ အီဒီယမ်လေးကတော့ "အထိနာစေတယ်"ဆိုတဲ့ အဓိပ္ပာယ်ရပါတယ်။
အင်္ဂလိပ်လို ဆိုရင်
to hurt someone's feelings a lot ဆိုပြီး အဓိပ္ပာယ်ရပါတယ်။
ပိုပြီးသဘောပေါက်အောင် ဥပမာစာကြောင်းလေးတွေ ထပ်ကြည့်ရအောင်
✅Her thoughtless remark cut him to the quick.
သူမရဲ့ မညှာမတာဝေဖန်ချက်တွေက သူ့ကို အထိနာစေတယ်။
✅Her harsh words cut him to the quick.
သူမရဲ့ ရက်စက်တဲ့စကားလုံးတွေက သူ့ကို အထိနာစေတယ်။
✅I can't even look at her right now—that hurtful remark cut me right to the quick.
စိတ်ထိခိုက်စေတဲ့ ဝေဖန်ချက်က ကျွန်တော့်ကို အထိနာစေလို့ ကျွန်တော် သူမကို ကြည့်တောင်မကြည့်နိုင်ပါဘူးဗျာ။
Crd...original poster
Pattern.144
Subj+bores me to death/tears/stiff
(OR)
Subj+ be+ bored to death/tear/stiff+ doing something
"----"ဟာ ငါ့ကိုအလွန်အမင်းပျင်းရိစေတယ်
ဥပမာ
Listening to the orchestra bored me to death
I was bored to death listening to the orchestra.
သံစုံတီးဝိုင်း ကိုနားထောင်ရတာဟာငါ့ကိုအလွန်ပျင်းရိစေတယ်
Waiting for something for a long time bored me to tears.
I was bored to tears waiting for something for a long time.
တစ်ခုခုအတွက်အချိန်အကြာကြီးစောင့်ရတာဟာ ငါ့ကိုအလွန်ပျင်းရိစေတယ်
Watching this historical drama series bored me stiff.
I was bored stiff watching this historical drama series.
ဒီသမိုင်းဆိုင်ရာ ဇာတ်လမ်းတွဲကိုကြည့်ရတာဟာ ငါ့ကိုအလွန်ပျင်းရိစေတယ်
Crd..original post.😍
Pattern.143
On the grounds that= Because
On the grounds of = Because of
ဥပမာ
Susan always goes to the gym on the grounds of her boyfriend's will.
သူမ ရည်းစားရဲ့ ဆန္ဒကြောင့် ဆူဇန်ဟာ Gym ကိုအမြဲသွားတယ်
He gave up smoking on the grounds that he suffered from dyspnoea.
သူဟာ မောပန်းသလိုခံစားရလို့ ဆေးလိပ်ဖြတ်ခဲ့တယ်
Many youths left the country on the grounds of internal conflict.
ပြည်တွင်းစစ်ကြောင့် လူငယ်အများအပြားတိုင်းပြည်ကနေထွက်ခွာခဲ့ကြတယ်
Most of the voters cast votes on the grounds that they hoped for a change.
အပြောင်းအလဲကို မျှော်လင့် သောကြောင့် မဲပေးခွင့်ရှိသူ အများစုဟာ မဲပေးခဲ့ကြတယ်
The government left a lot to be desired on the grounds of old bureaucrats, hypocrites and the hard-liners.
စနစ်ဟောင်းနဲ့အသားကျနေသူတွေ သူတော်ကောင်းယောင်ဆောင်သူများ နဲ့ ခေါင်းမာတဲ့လူတစ်ချို့ကြောင့်အစိုးရ ဟာ ထင်သလောက်အားရစရာမရှိဘူး
We don't have any choice on the grounds that the 2008 constitution can't be amended.
2008 ဖွဲ့စည်းပုံကိုမပြင်နိုင်လို့ ကျတော်တို့မှာရွေးချယ်စရာ မရှိပါ
Crd...to..original post.😍
Click here to claim your Sponsored Listing.
Location
Category
Website
Address
Yangon