Your French Teachers

Your French Teachers

Share

French Language School
Your Passport to Language Excellent!

Your French Teachers is a fully registered and certified French language school in Myanmar, offering affordable, high-quality education through professional and reliable teaching methods. In response to Myanmar’s unique challenges, we’ve created flexible solutions such as Zoom courses, a dedicated website, and a user-friendly mobile app, allowing students to download and learn French anytime, anyw

19/05/2026

🇫🇷Your French Teachers မှဖွင့်လှစ်နေတဲ့ သင်တန်းများကို တာဝန်ယူ သင်ကြားပေးနေတဲ့ ဆရာမများရဲ့ မိတ်ဆက် videos လေးများကို တင်ဆက်ပေးလိုက်ရပါတယ်ရှင်

အခုလိုမျိုး ပြင်သစ်စာကို အခြေခံကစ အသံထွက်ကောင်းကောင်းနဲ့ လေ့လာသင်ယူချင်တဲ့သူတွေအတွက် သင်ခန်းစာတွေ activities တွေနဲ့ စေ့စပ်သေချာစွာ သင်ကြားပေးနေတဲ့ ဆရာမကောင်းတွေ ရှိတဲ့ Your French Teacher Language School ကို ရွေးချယ်ဖို့ပြောကြားလိုပါတယ်ရှင်

Your French Teachers မှာ လစဉ်လတိုင်း Group အတန်းတွေ one by one အတန်းတွေ နဲ့ DELF Prep အတန်းတွေ လက်ခံသင်ကြားပေးနေတာမို့ အမြန်ဆုံး စာရင်းပေးသွင်းပြီး ကျောင်းအက်နှံလို့ရနေပါပြီနော် ✨

19/05/2026

AstĂŠrix et ObĂŠlix

Astérix et Obélix (အက်စတဲရစ်နဲ့ အိုဘဲလစ်) ဆိုတာ ပြင်သစ်ယဉ်ကျေးမှုရဲ့ ပြယုဂ်တစ်ခုလို့တောင် ပြောလို့ရတဲ့ ကမ္ဘာကျော် ကာတွန်းစီးရီးဖြစ်ပါတယ်။ စာရေးဆရာ René Goscinny နဲ့ ကာတွန်းဆရာ Albert Uderzo တို့က ၁၉၅၉ ခုနှစ်မှာ စတင်ဖန်တီးခဲ့တာပါ။

၁။ ဇာတ်လမ်းနောက်ခံ (The Setting)
ဘီစီ ၅၀ ဝန်းကျင်၊ ရောမဧကရာဇ် Julius Caesar က Gaul (ဂေါလ် - ယနေ့ခေတ် ပြင်သစ်နိုင်ငံ) တစ်ခုလုံးကို သိမ်းပိုက်ထားချိန်မှာ အရှုံးမပေးဘဲ ခုခံနေတဲ့ ရွာငယ်လေးတစ်ရွာအကြောင်း ဖြစ်ပါတယ်။ အဲ့ဒီရွာသားတွေဟာ Druid ဘုန်းကြီး Panoramix ဖော်စပ်ထားတဲ့ Magic Potion (မှော်ဆေးရည်) ကို သောက်ပြီး အင်အားတွေ ထူးကဲလာကာ ရောမစစ်တပ်တွေကို အမြဲအနိုင်ယူလေ့ရှိပါတယ်။

၂။ အဓိကဇာတ်ကောင်များ (Main Characters)
* Astérix: အရွယ်အစား သေးငယ်ပေမယ့် အလွန်ဉာဏ်ကောင်းပြီး သတ္တိရှိတဲ့ စစ်သည်တော်ပါ။ သူက ရွာရဲ့ ပြဿနာတွေကို ဉာဏ်ပညာနဲ့ ဖြေရှင်းလေ့ရှိပါတယ်။

* Obélix: Astérix ရဲ့ အချစ်ဆုံးသူငယ်ချင်းပါ။ သူကတော့ ခန္ဓာကိုယ် ထွားကြိုင်းပြီး အင်အားအလွန်ကြီးပါတယ်။ သူက ငယ်ငယ်တုန်းက မှော်ဆေးရည်အိုးထဲ ပြုတ်ကျခဲ့ဖူးလို့ ဆေးသောက်စရာမလိုဘဲ အမြဲတမ်း အင်အားကြီးနေသူပါ။ သူ့ရဲ့ အကြိုက်ဆုံးကတော့ တောဝက်ကင် စားရတာဖြစ်ပြီး သူ့မှာ Idéfix (Dogmatix) လို့ခေါ်တဲ့ ခွေးလေးတစ်ကောင် ပါရှိပါတယ်။

၃။ စာပေနဲ့ ဘာသာစကားဆိုင်ရာ ထူးခြားချက် (Humor & Wordplay)
ပြင်သစ်စာပေနဲ့ ဘာသာစကားကို စိတ်ဝင်စားသူတွေအတွက် ဒီကာတွန်းဟာ ရတနာသိုက်ပါပဲ -

* နာမည်များ: ဇာတ်ကောင်နာမည်တိုင်းက အဓိပ္ပာယ်ရှိပါတယ်။ ဥပမာ - *Astérix* က "Astérisque" (Asterisk - ကြယ်ပွင့်သင်္ကေတ) ကို ဆိုလိုပြီး၊

*Obélix* က "Obélisque" (Obelisk - ကျောက်တိုင်) ကို ဆိုလိုပါတယ်။

* Satire: ခေတ်သစ်လူ့အဖွဲ့အစည်းရဲ့ အလေ့အထတွေ၊ နိုင်ငံရေးနဲ့ လူမျိုးစုဆိုင်ရာ ပုံသေကားချပ် (Stereotypes) တွေကို ဟာသနှောပြီး သရော်ထားတာဟာ အလွန်ပညာသားပါပါတယ်။

၄။ ဘာကြောင့် ဒီလောက်ကျော်ကြားတာလဲ?
* National Identity: ပြင်သစ်လူမျိုးတွေအတွက်တော့ ဒါဟာ သူတို့ရဲ့ ဇာတ်မြစ်နဲ့ မာန်မာနကို ဖော်ဆောင်တဲ့ သင်္ကေတတစ်ခုပါ။

* Universal Themes: မတရားမှုကို ခုခံတာ၊ သူငယ်ချင်းအချင်းချင်း ချစ်ခင်တာနဲ့ ဟာသမြောက်တာတွေကြောင့် ဘာသာစကားပေါင်း ၁၀၀ ကျော်ကို ဘာသာပြန်ဆိုခြင်း ခံခဲ့ရပါတယ်။

Content အတွက် ထပ်ဆောင်းအကြံပြုချက်
ဒီကာတွန်းဟာ ကလေးတွေအတွက်တင်မဟုတ်ဘဲ လူကြီးတွေအတွက်ပါ ရည်ရွယ်ထားတာဖြစ်လို့ Analyse littéraire (စာပေခွဲခြမ်းစိတ်ဖြာမှု) လုပ်ရင်လည်း အရမ်းစိတ်ဝင်စားဖို့ကောင်းပါတယ်။ အထူးသဖြင့် စာသားတွေထဲမှာပါတဲ့ Latin စကားစုတွေနဲ့ သမိုင်းဝင် အချက်အလက်တွေကို ရောမခေတ်နဲ့ နှိုင်းယှဉ်လေ့လာနိုင်ပါတယ်။

18/05/2026

𝐅𝐫𝐞𝐧𝐜𝐡 𝐀𝟏 𝐋𝐞𝐯𝐞𝐥 𝐈𝐧𝐭𝐞𝐧𝐬𝐢𝐯𝐞 𝐂𝐨𝐮𝐫𝐬𝐞
{𝐀𝟏𝐘𝐅𝐓 𝐁𝐚𝐭𝐜𝐡- 34} 🇫🇷

ပြင်သစ်စာအမြန်တက်ချင်သူတွေနဲ့ France, Canada, Switzerland နိုင်ငံတွေမှာ ကျောင်းသွားတက်ဖို့ ပြင်နေကြတဲ့သူလေးတွေအတွက် ကျောင်းသားအရေအတွက် နည်းနည်းနဲ့ 𝐅𝐫𝐞𝐧𝐜𝐡 𝐀𝟏 𝐋𝐞𝐯𝐞𝐥 တစ်ခုလုံးကို 3လခွဲ ဝန်းကျင်ခန့်သာ ကြာမြင့်မဲ့ 𝐈𝐧𝐭𝐞𝐧𝐬𝐢𝐯𝐞 𝐂𝐨𝐮𝐫𝐬𝐞 လေးကို Your French Teachers မှဖွင့်လှစ်ပေးလိုက်ပါပြီ 🤩

ဒီသင်တန်းလေးကတော့ ပြင်သစ်စာနဲ့စိမ်းပြီး လုံးဝမရင်းနှီးတဲ့သူတွေအတွက် အခြေခံကနေစပြီးသင်ကြားပေးတဲ့အတန်းလေးပဲဖြစ်ပါတယ်။❤️

သင်တန်းတွင် Telegram Group Chat နှင့် Zoom ကို အသုံးပြု၍ သင်ကြားပေးသွားမှာဖြစ်ပြီး သတ်မှတ်ထားသော သင်တန်းချိန်တွင် Zoom မှတစ်ဆင့် တိုက်ရိုက်သင်ကြားပေးသွားမည့်အပြင် မအား၍ လွတ်သွားသော ရက်များအတွက်ကိုလည်း သင်တန်း Zoom Record Video files များကို Telegram group ထဲတွင်ပြန်လည်ပေးပို့ပေးသွားမှာဖြစ်လို့ သင်တန်းပြီးသွားလည်း အချိန်မရွေးပြန်ကြည့်နိုင်ပါတယ်ရှင့်။🥰

သင်တန်းတွင် Vocabulary, Listening & Speaking ကို အသားပေးလေ့ကျင့်သော ပြင်သစ်စာ Textbook with audios တို့အပြင် ကိုယ်ပိုင် Grammar စာအုပ်အား အသုံးပြုသင်ကြားပေးသွားမှာပဲဖြစ်ပါတယ်။
သင်တန်းမှာအသုံးပြုမဲ့ Textbookလေးကိုလဲ Delivery အပ်ပေးပြီး အိမ်အရောက်ပို့ဆောင်ပေးသွားမှာပါရှင့်။Textbookကြေးလေးကတော့ 15,000ကျပ် သီးသန့်ကျသင့်ပါမယ်ရှင့် 💌

သင်တန်းပြီးဆုံးရင် Attendance နဲ့ Exam result အပေါ်မူတည်ပြီး Certificate ထုတ်ပေးသွားမှာပဲဖြစ်ပါတယ်။ Attendance မပြည့်တာမျိုး Exam မအောင်တာမျိုးဆိုရင်တော့ Certificate ရမှာမဟုတ်လို့ အတန်းပုံမှန်တက်ပြီး စာသေချာလုပ်ဖို့တော့လိုမယ်နော် 💁🏼‍♀️

𝐅𝐫𝐞𝐧𝐜𝐡 𝐀𝟏 𝐋𝐞𝐯𝐞𝐥 𝐈𝐧𝐭𝐞𝐧𝐬𝐢𝐯𝐞 𝐂𝐨𝐮𝐫𝐬𝐞🇫🇷{ 𝐀𝟏𝐘𝐅𝐓 𝐁𝐚𝐭𝐜𝐡- 34}

သင်တန်းစမည့်ရက် - May 21 ရက် (ကြာသပတေးနေ့)
သင်တန်းကြေး − 200,000 ကျပ် + 15000 ကျပ် (Textbookကြေး)
သင်တန်းချိန် - Thursday/Friday (ညနေ 2နာရီ မှ 4နာရီအထိ)
သင်တန်းကာလ − 3လခွဲ
သင်တန်းသားဦးရေ − ၁၀ ဦးသာလက်ခံပါမည်

အတန်းလေးအပ်မယ်ဆိုရင်တော့ Page Chatbox မှာ လာရောက် အပ်နိုင်သလို KBZ Pay App ထဲက Quick Pay ထဲဝင်ပြီး တစ်ခါတည်း သင်တန်းအပ်ပြီး Page Chatbox မှာ လာရောက်အကြောင်းကြားလို့ရပါတယ်ရှင် 🥰

‼️ K Pay ဖြင့်သင်တန်းကြေးလွှဲမည်ဆိုပါက Kpay App ထဲက Quick Pay ထဲမှာ Your French Teachers လို့ရိုက်ရှာပြီး အောက်ပါအတိုင်းသင်တန်းကြေးလွှဲနိုင်ပါတယ်ရှင်‼️
✅ အတန်းအပ်သည့်ကျောင်းသားနာမည်
✅ အတန်းအပ်မည့် ကျောင်းသားအရေအတွက် (သင်တန်းကြေးနှစ်ယောက်စာလွဲပါက “2” ဟုထည့်ပါ)
✅ တက်ရောက်မည့် တန်းခွဲနံပါတ်အား ထည့်ပါ (ဥပမာ - B10YFT Batch 41, A1YFT Batch 22 etc.)
✅ သင်တန်းကြေးလွှဲသည့်ကျောင်းသား၏ ဖုန်းနံပါတ်အားထည့်ပါ
✅ မှတ်ချက် မထည့်ပေးလို့လည်း ရပါတယ်ရှင်

Quick Pay အသေးစိတ်ကြည့်ရန် -
https://www.facebook.com/share/p/1CMoFuWyz7/?mibextid=oFDknk

သင်တန်းကျောင်းအကြောင်းသိလိုပါက အောက်က Link လေးမှာ ဝင်ကြည့်ပေးနော်
https://fb.watch/hVZ1lAX9JB/?mibextid=cr9u03

👩‍🏫🇫🇷 Your French Teachers

For more information :
📧 [email protected]
🌐 www.yourfrenchteachers.com
☎️ 09401013010, 09401013080

18/05/2026

Course လေးက နောက်အပတ်ဆို စတော့မှာနော် register မလုပ်ရသေးရင် အမြန်ဆုံးလုပ်ထားလိုက်နော်😉

📣 ကိုယ်စိတ်ဝင်စားတဲ့ ပြင်သစ်ဘာသာစကားလေး ကို Your French Teachers ပြင်သစ်စာသင်တန်းကျောင်းမှာ အခမဲ့ ၃ ရက်တာ သင်ကြားခွင့်ရမယ်ဆိုရင် စိတ်ဝင်စားကြမလား?

🇫🇷 ပြင်သစ်စာသင်ယူရန် စိတ်ဝင်စားတဲ့သူလေးတွေအတွက် အမြဲစီစဉ်ပေးလေ့ရှိတဲ့ YFT ရဲ့ 3-Days French Foundation Short Course လေး (14) ကြိမ်မြောက်အနေဖြင့် ပြန်လာပါပြီနော်

🇫🇷 ဒီ Event လေးမှာ ပြင်သစ်စာလုံးဝအခြေခံမရှိသေးတဲ့သူတွေအတွက် ပြင်သစ်စာအခြေခံလေးကို Zoom platform မှတစ်ဆင့် ၃ ရက်တာ အခမဲ့သင်ကြားပေးသွားမှာဖြစ်ပါတယ်

➤ ၃ ရက်တာ သင်ကြားပြီးသွားတဲ့အခါမှာတော့ အခြေခံရေးတက် ဖတ်တတ်မှာ ဖြစ်ပါတယ်။ သင်တန်းတွင် သင်ကြားပေးမည့် ၃ ရက်စာ သင်ခန်းစာ PDF လေးပါ ပေးသွားမှာပါ

⚠️ Event နောက်ဆုံးနေ့ သင်ခန်းစာတွေ အားလုံးပြီးတဲ့အခါမှာ ၃ ရက်တာ သင်ယူခဲ့သည်များကို စာမေးပွဲအသေးလေးစစ်ပြီး အောင်မှတ်ရတဲ့သူတွေကို 𝐄-𝐜𝐞𝐫𝐭𝐢𝐟𝐢𝐜𝐚𝐭𝐞 လေးတွေပေးသွားမှာဖြစ်လို့ စာသေချာလေးလိုက်လုပ်ဖို့တော့လိုပါမယ်နော်

စိတ်ဝင်စားလို့ တက်ရောက်ချင်သူများ အနေနဲ့ အောက်ပါ မှ Link မှတစ်ဆင့် နာမည်စာရင်းသွင်းပေးပါ 💁🏻‍♀️

⏊Register Link - https://forms.gle/jUFz3kFKKbBcTMJ3A

နာမည်စာရင်းသွင်းထားသူများအား သင်တန်း Zoom Link ကို သင်တန်းရက်မတိုင်ခင် Email မှ တစ်ဆင့် ပြန်လည်ပေးပို့သွားမှာဖြစ်လို့ Email မှန်အောင်ထည့်ဖို့နဲ့ Email လေးစစ်ပေးဖို့လိုပါတယ်‼️

သင်တန်းရက် - 25th , 26th , 27th May 2026
သင်တန်းချိန် - 8:00 PM – 10:00 PM
Lecturers - B.A, French, YUFL

တက်ရောက်ဖို့ စိတ်ဝင်စားတဲ့သူလေးတွေလည်း Event လေးကို Interest လုပ်ထားပြီးစောင့်ကြည့်နိုင်ပါတယ်နော် 🥰

ဒါ့အပြင် Your French Teachers မှာ လစဉ် Free Workshops & Webinars လေးတွေ Join နိုင်သလို သင်တန်းလေးတွေတက်ချင်ရင်လည်း နောက်လအတွက် သင်တန်းအပ်လေးတွေ Your French Teachers ပြင်သစ်ဘာသာစကား သင်တန်းကျောင်းမှာ လက်ခံနေပါပြီနော်

အောက်က Post Link လေးမှာ ဝင်ကြည့်ပြီး Your French Teachers ရဲ့ Page Chatbox မှာ သင်တန်းအပ်လို့ရပါတယ်နော်

➡️ https://m.facebook.com/story.php?story_fbid=1009063021456324&id=100070579050057

Your French Teachers🇨🇵👩‍🏫

📧 [email protected]

🌐 www.yourfrenchteachers.com

☎️ 09401013010, 09401013080

17/05/2026

🇫🇷 𝐅𝐫𝐞𝐧𝐜𝐡/ 𝐄𝐧𝐠𝐥𝐢𝐬𝐡 🇬🇧 𝐎𝐧𝐥𝐢𝐧𝐞 𝐍𝐨𝐭𝐚𝐫𝐲 𝐒𝐞𝐫𝐯𝐢𝐜𝐞 🤩

Your French Teachers မှာ နိုင်ငံခြားသွားဖို့ပြင်နေတဲ့သူတွေအတွက် လိုအပ်တဲ့စာရွက်စာတမ်းတွေကို ပြင်သစ်ဘာသာ 🇫🇷 နဲ့ အင်္ဂလိပ်ဘာသာ 🇬🇧 သို့ နိုတြီပြန်ပေးတဲ့ ဝန်ဆောင်မှုလေး ရနေပြီနော် 📣

ရနိုင်သော ဘာသာပြန်ဆိုမှုများ …
🇬🇧 အင်္ဂလိပ်
🇫🇷 ပြင်သစ် ဘာသာစကား
များသို့ တိကျသော ဘာသာပြန်ဆိုမှုများဖြင့် နိုတြီပြန်ဆိုပေးပါတယ်ရှင်

ဘယ်လို ဝန်ဆောင်မှုတွေ ရနိုင်မလဲ ? 🕊️
✔︎ Online Service ဖြစ်တာကြောင့် လူကိုယ်တိုင်လာစရာမလိုခြင်း
✔︎ နိုတြီအပ်ပြီး 24 hours အတွင်း ရနိုင်ခြင်း
✔︎ လူကိုယ်တိုင်လာရောက် မယူနိုင်ပါက ရန်ကုန်တွင်း နှင့် နယ်မြို့ပါ မကျန် Delivery အပ်ပေးခြင်း
✔︎ အချိန်ကုန် လူပင်ပန်းသက်သာစေသည့် အပြင် အမည်ပျက် Blacklist လုံးဝ မရှိသော Notary Public ဆရာကြီးများဖြင့် လက်မှတ်ရေးထိုးပေးခြင်း
စသဖြင့် အကောင်းဆုံး ဝန်ဆောင်မှုများပေးလျက်ရှိပါတယ်ရှင်

Notary ပြန်ဆိုနိုင်သော စာရွက်စာတမ်းများ
📝 မှတ်ပုံတင်
📝 အိမ်ထောင်စုစာရင်း
📝 ဘွဲ့လက်မှတ်အမျိုးမျိုး
📝 အောင်လက်မှတ်များ
📝 မွေးစာရင်း
📝 အမှတ်စာရင်း
📝 ကုမ္ပဏီလုပ်ငန်းဆိုင်ရာ စာရွက်စာတမ်းများ
📝 ထောက်ခံစာအမျိုးမျိုး
📝 ကျန်းမာရေးဆိုင်ရာ မှတ်တမ်းကဒ် အမျိုးမျိုး
📝 ပိုင်ဆိုင်မှု အထောက်အထားများ
📝 လက်ထပ်စာချုပ်
📝 ကျမ်းကျိန်လွှာ အမျိုးမျိုး
📝 Certify True Copy အမျိုးမျိုး
📝 ဂုဏ်ပြုမှတ်တမ်းလွှာများ
📝 ဘာသာပြန်ဆိုမှုအမျိုးမျိုး

ဘာသာပြန်ဆိုမှုအမျိုးမျိုးအတွက် မှန်ကန်တိကျသော ဝန်ဆောင်မှု နှင့် စိတ်ချမ်းသာမှုအပြည့်အဝပေးနိုင်သော Customer Service၊ ချိုသာသောစျေးနှုန်းများဖြင့် နိုတြီပြန်ဆိုပေးနေပြီ ဖြစ်လို့ အမြန်ဆုံးလာအပ်လိုက်တော့နော် 🤩

𝐌𝐎𝐅𝐀 𝐒𝐞𝐫𝐯𝐢𝐜𝐞 နဲ့ (ကျမ်းကျိန်လွှာ) 𝐀𝐟𝐟𝐢𝐝𝐚𝐯𝐢𝐭 𝐒𝐞𝐫𝐯𝐢𝐜𝐞 တွေအတွက်ပါ စုံစမ်းလိုပါက Page Chat box (သို့) ဖုန်းမှ တဆင့်ဆက်သွယ် စုံစမ်းနိုင်ပါတယ်ရှင် 🥰

For more information :
📧[email protected]
🌐www.yourfrenchteachers.com
☎️09401013010, 09401013080



17/05/2026

✨ Les Signes du Zodiaque (ရာသီခွင်များ) ✨

"Quel est votre signe ?" (သင်က ဘယ်ရာသီခွင်လဲ?)

ပြင်သစ်လို ရာသီခွင်တွေကို ဘယ်လိုခေါ်လဲဆိုတာ သိပြီးပြီလား? မိမိရဲ့ ရာသီခွင်လေးတွေကို ရှာကြည့်ပြီး အောက်မှာ Tag ခဲ့လို့ရတယ်နော်။ 🇫🇷🇲🇲

♈ Bélier (မိဿရာသီ)
* Dates: 21 mars – 19 avril
* Caractère: Énergique et courageux (တက်ကြွပြီး သတ္တိရှိသူ)

♉ Taureau (ပြိဿရာသီ)
* Dates: 20 avril – 20 mai
* Caractère: Patient et fiable (စိတ်ရှည်ပြီး အားကိုးထိုက်သူ)

♊ Gémeaux (မေထုန်ရာသီ)
* Dates: 21 mai – 20 juin
* Caractère: Curieux et sociable (စူးစမ်းလိုစိတ်ရှိပြီး ပေါင်းသင်းဆက်ဆံရေးကောင်းသူ)

♋ Cancer (ကရကဋ်ရာသီ)
* Dates: 21 juin – 22 juillet
* Caractère: Sensible et protecteur (စိတ်ခံစားမှုနုနယ်ပြီး မိသားစုအပေါ် ကာကွယ်စောင့်ရှောက်လိုသူ)

♌ Lion (သိဟ်ရာသီ)
* Dates: 23 juillet – 22 août
* Caractère: Généreux et fier (ရက်ရောပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိသူ)

♍ Vierge (ကန်ရာသီ)
* Dates: 23 août – 22 septembre
* Caractère: Organisé et analytique (စနစ်ကျပြီး ဝေဖန်ပိုင်းခြားနိုင်သူ)

♎ Balance (တူရာသီ)
* Dates: 23 septembre – 22 octobre
* Caractère: Diplomate et charmant (ညှိနှိုင်းတတ်ပြီး ဆွဲဆောင်မှုရှိသူ)

♏ Scorpion (ဗြိစ္ဆာရာသီ)
* Dates: 23 octobre – 21 novembre
* Caractère: Passionné et mystérieux (ပြင်းပြတဲ့စိတ်ရှိပြီး လျှို့ဝှက်ချက်များသူ)

♐ Sagittaire (ဓနုရာသီ)
* Dates: 22 novembre – 21 décembre
* Caractère: Optimiste et aventureux (အကောင်းမြင်တတ်ပြီး စွန့်စားရတာကို နှစ်သက်သူ)

♑ Capricorne (မကာရရာသီ)
* Dates: 22 décembre – 19 janvier
* Caractère: Ambitieux et discipliné (ရည်မှန်းချက်ကြီးပြီး စည်းကမ်းရှိသူ)

♒ Verseau (ကုမ်ရာသီ)
* Dates: 20 janvier – 18 février
* Caractère: Original et indépendant (တစ်မူထူးခြားပြီး လွတ်လပ်မှုကို မြတ်နိုးသူ)

♓ Poissons (မိန်ရာသီ)
* Dates: 19 février – 20 mars
* Caractère: Imaginatif et gentil (စိတ်ကူးယဉ်ဆန်ပြီး ကြင်နာတတ်သူ)

💡 Petit Conseil (အကြံပြုချက်):
"Quel est votre signe ?" (သင်က ဘယ်ရာသီခွင်လဲ?) ဆိုတာ 💫Comment မှာ ရေးပေးခဲ့ပါအုံးနော်

Photos from Your French Teachers's post 15/05/2026

🇫🇷ပြင်သစ်ဘာသာစကား သင်ယူချင်တဲ့သူလေးတွေအတွက် 𝐘𝐨𝐮𝐫 𝐅𝐫𝐞𝐧𝐜𝐡 𝐓𝐞𝐚𝐜𝐡𝐞𝐫𝐬 မှဖွင့်တဲ့ New Batch မှာ အတန်းလေးတွေအမြန်ဆုံးလာအပ်လိုက်တော့နော် 🥳

သင်တန်းပြီးဆုံးရင် Attendance နဲ့ Exam result အပေါ်မူတည်ပြီး Certificate ထုတ်ပေးသွားမှာပဲဖြစ်ပါတယ်။ Attendanceမပြည့်တာမျိုး Examမအောင်တာမျိုးဆိုရင်တော့ Certificate ရမှာမဟုတ်လို့ အတန်းပုံမှန်တက်ပြီး စာသေချာလုပ်ဖို့တော့လိုမယ်နော် 💁🏼‍♀️

ဓာတ်ပုံတစ်ပုံချင်းစီရဲ့အောက်မှာလည်း အတန်းနှင့်ပတ်သက်တဲ့အချက်အလက်များ အသေးစိတ်ရေးထားပေးတာကြောင့် ကိုယ်စိတ်ဝင်စားတဲ့အတန်းကို စိတ်ကြိုက်ရွေးချယ်ပြီး သင်တန်းအပ်လို့ရပါပြီနော် 🫶🏻

အတန်းလေးအပ်မယ်ဆိုရင်တော့ Page Chatbox မှာ လာရောက် အပ်နိုင်သလို KBZ Pay App ထဲက Quick Pay ထဲဝင်ပြီး တစ်ခါတည်း သင်တန်းအပ်ပြီး Page Chatbox မှာ လာရောက်အကြောင်းကြားလို့ရပါတယ်ရှင် 🥰

‼️ K Pay ဖြင့်သင်တန်းကြေးလွှဲမည်ဆိုပါက Kpay App ထဲက Quick Pay ထဲမှာ Your French Teachers လို့ရိုက်ရှာပြီး အောက်ပါအတိုင်းသင်တန်းကြေးလွှဲနိုင်ပါတယ်ရှင်‼️
✅ အတန်းအပ်သည့်ကျောင်းသားနာမည်
✅ အတန်းအပ်မည့် ကျောင်းသားအရေအတွက် (သင်တန်းကြေးနှစ်ယောက်စာလွဲပါက “2” ဟုထည့်ပါ)
✅ တက်ရောက်မည့် တန်းခွဲနံပါတ်အား ထည့်ပါ (ဥပမာ - B10YFT Batch 41, A1YFT Batch 22 etc.)
✅ သင်တန်းကြေးလွှဲသည့်ကျောင်းသား၏ ဖုန်းနံပါတ်အားထည့်ပါ
✅ မှတ်ချက် မထည့်ပေးလို့လည်း ရပါတယ်ရှင်

Quick Pay အသေးစိတ်ကြည့်ရန် -
https://www.facebook.com/share/p/1CMoFuWyz7/?mibextid=oFDknk

သင်တန်းကျောင်းအကြောင်းသိလိုပါက အောက်က Link လေးမှာ ဝင်ကြည့်ပေးနော်
https://fb.watch/hVZ1lAX9JB/?mibextid=cr9u03

👩‍🏫🇫🇷 Your French Teachers
📧 [email protected]
📞09-401013010

15/05/2026

မေး: ပြင်သစ်စာဘာကြောင့် လေ့လာသင့်လဲ။

ဖြေ: ပြင်သစ်စကားသည် ဥရောပတစ်ခွင်တွင် အသုံးများဆုံးဘာသာစကားဖြစ်သလို ပြင်သစ်စကားပြောတတ်သူတွေကိုလည်း ဥရောပလူမျိုးတွေက အထင်ကြီးကြပါတယ်။ ပြင်သစ်စကားပြောတတ်ထားရင် ဥရောပတစ်ခွင် သွားရောက်လည်ပတ်ရတာ ဆင်ပြေချောမွတ်တယ်။ပြင်သစ်နိုင်ငံဟာ ယဉ်ကျေးမှူကို ချစ်မြတ်နိုး တန်ဖိုးထားတဲ့နိုင်ငံဖြစ်တာမို့ ခရီးသွားဧည့်သည်များအဆက်မပြတ်ရှိနေခြင်းဟာလည်း မထူးဆန်းတော့ပါဘူး။ အရေးကြီးဆုံးကတော့ ပြင်သစ်နိုင်ငံကို ပညာသင်ဖို့ဘဲ့ဖြစ်ဖြစ် ၊နေထိုင်လိုသူဘဲ့ဖြစ်ဖြစ်၊ အလုပ်အတွက် သွားရောက်ခြင်းဘဲ့ဖြစ်ဖြစ် ပြင်သစ်ဘာသာစကားကို ထမင်းစားရေသောက်တတ်ဖို့အတွက် အနည်းဆုံး levelA1 အထိ သင်ယူပိးမှာ သွားရောက်ခြင်းဟာ အကောင်းဆုံးဖြစ်တယ်လို့ အကြံပေးချင်ပါတယ်။

Your French Teacher မှာ beginner ကအစ စနစ်တကျ သင်ကြားပေးတဲ့ စီနီယာတီချယ်တွေနှင့်အတူတူ ပျော်ပျော်ပါးပါး ဖို့အတွက် ဖိတ်ခေါ်လိုက်ပါတယ်။

📧 [email protected]

🌐 www.yourfrenchteachers.com

☎️ 09401013010, 09401013080

14/05/2026

"𝙇𝙚 𝙨𝙤𝙡𝙚𝙞𝙡 𝙫𝙞𝙚𝙣𝙩 𝙖𝙥𝙧è𝙨 𝙡𝙖 𝙥𝙡𝙪𝙞𝙚 𝙚𝙩 𝙩𝙤𝙪𝙩 𝙣𝙤𝙪𝙨 𝙨𝙤𝙪𝙧𝙞𝙩."🇫🇷

မိုးရွာပြီးရင် နေသာလာသလိုပဲ၊ အရာအားလုံးက ပြန်လည်ပြုံးပျော်နိုင်တဲ့ နေ့ရက်တွေ ရောက်လာမှာပါ။ ဘဝရဲ့ အမှောင်ထုဆိုတာ ခဏတာပါပဲ။

13/05/2026

📣 သင်တန်းတက်ဖို့အချိန်မပေးနိုင်တဲ့သူတွေအတွက် French Video Course လေးနဲ့ မြန်မာလိုရှင်းပြချက်ပါဝင်သော ပြင်သစ်စာအုပ်လေးတွေ A1 Level အတွက် ဝယ်လို့ရပါပြီနော် … 🇫🇷

Video Course မှာ ဘာတွေပါလဲ ဘယ်လိုမျိုးလဲ? 🤔
➤ Video Course လေး ကတော့ ပြင်သစ်စာ ခုမှ စလေ့လာချင်တဲ့ သူတွေအတွက် လုံးဝအခြေခံကနေ စပြီး YUFL ပြင်သစ်ဘာသာအထူးပြု BA ဘွဲ့ရ စာသင်နှစ် ၆ နှစ်အတွေ့အကြုံရှိသော တီချယ်ကိုယ်တိုင် ရှင်းပြထားသော Lecture Videos များ
➤ Video နှင့်တကွ လေ့လာရန် Lecture Pdf file
➤ မြန်မာလို အဓိပ္ပါယ်များပါဝင် သော Vocabulary PDF file
➤ လေ့လာပြီးသမျှကို တကယ်ပိုင်နိုင်မှုရှိမရှိ အချိန်မရွေး မိမိဖုန်း (သို့) ကွန်ပျူတာမှ အလွယ်တကူ လေ့ကျင့်စစ်ဆေးနိုင်ရန် သင်ခန်းစာတစ်ခုချင်းစီတိုင်းအတွက် သီးသန့် ပြင်ဆင်ပေးထားသော Exercises များ
➤ Your French Teachers မှ တီချယ်များအား အချိန်မရွေးစာမေးနိုင်သော Telegram Group [ WhatsApp, telegram မှ သီးသန့်တစ်ယောက်ချင်းစီလာမေးလို့လည်းရပါတယ်။ ]
➤ Beginner Level တွက် လက်ဆောင်အနေနဲ့ကတော့ Reading & Listening လေ့ကျင့်ရန်အတွက် တီချယ့်ရဲ့ Zoom သင်တန်းမှ Textbook ဖြင့်သင်ကြားပေးထားသော Video Records များအားလေ့လာခွင့်ရမှာဖြစ်ပါတယ်။
➤ Elementary Level အတွက်ကတော့ Reading, Listening, Vocabulary တွက် တီချယ်ကိုယ်တိုင်ထပ်မံရိုက်ကူးထားသော ထပ်ပေါင်း Lecture Videos 14 ခုကို ရရှိမှာဖြစ်ပါတယ်

ဒီ Video Course သင်တန်းလေးရဲ့ Feedback လေးတွေ ဒီအောက်က Link မှာဝင်ကြည့်လို့ရပါတယ်။
https://www.facebook.com/media/set/...

မြန်မာလိုရှင်းပြချက်ပါဝင်သော ပြင်သစ်စာအုပ်ကရော ဘယ်လိုမျိုးလဲ? 🧐
ဒီစာအုပ်လေးကတော့ ပြင်သစ်စာ အခြေခံနှင့် A1 Level အတွက် သင်ခန်းစာတစ်ခုချင်းစီကို မြန်မာလိုရှင်းပြထားတာ ဖြစ်ပါတယ်။ ပြင်သစ်စာခုမှ စသင်မဲ့သူလေးတွေလည်း ဒီစာအုပ်လေးနဲ့ ပြင်သစ်စာကို အခြေခံမှစ လေ့လာသင်ယူနိုင်မှာ ဖြစ်ပါတယ်။ အခြေခံအတွက် လေ့လာရမဲ့ Vocabulary လေးတွေကိုပါ ထည့်ပေးထားပါတယ်နော်။ (Video Course နဲ့ တွဲကြည့်ဖို့ကို Recommend ပေးပါတယ်)

ဘယ်လိုလူမျိုးတွေအတွက် အသင့်တော်ဆုံးလဲ? 🤩
➪ ပြင်သစ်စာကို အခြေခံကစသင်ချင်ပေမဲ့ အချိန်မပေးနိုင်တဲ့သူတွေ
➪ စာနဲ့ဝေးသွားလို့ A1 Level စာပြန်နွေးချင်သူတွေ အခြေခံသဒ္ဒါ ပိုင်ချင်တဲ့သူတွေ
➪ Videos ကြည့်ပြီး Self-learning လုပ်ချင်တဲ့သူတွေ
➪ သင်ခန်းစာ Video များအား စာမမေ့သွားအောင် အချိန်မရွေး ပြန်လေ့လာချင်သူတွေ
➪ သင်တန်းကြေး ချွေတာချင်သူတွေ ဝယ်ယူလေ့လာသင့်ပါတယ်

ဝယ်ယူရနိုင်မဲ့ စျေးနှုန်းလေးတွေ ပြောပြပေးမယ်နော်

𝐅𝐫𝐞𝐧𝐜𝐡 𝐀𝟏 𝐋𝐞𝐯𝐞𝐥 𝐁𝐨𝐨𝐤 𝐰𝐢𝐭𝐡 𝐁𝐮𝐫𝐦𝐞𝐬𝐞 𝐄𝐱𝐩𝐥𝐚𝐧𝐚𝐭𝐢𝐨𝐧𝐬 - 𝟐𝟎,𝟎𝟎𝟎 𝐤𝐬
𝐁𝐞𝐠𝐢𝐧𝐧𝐞𝐫 𝐋𝐞𝐯𝐞𝐥 𝐕𝐢𝐝𝐞𝐨 𝐂𝐨𝐮𝐫𝐬𝐞 - 𝟐𝟓,𝟎𝟎𝟎 𝐤𝐬
𝐄𝐥𝐞𝐦𝐞𝐧𝐭𝐚𝐫𝐲 𝐋𝐞𝐯𝐞𝐥 𝐕𝐢𝐝𝐞𝐨 𝐂𝐨𝐮𝐫𝐬𝐞 - 𝟑𝟓,𝟎𝟎𝟎 𝐤𝐬

𝐀𝟏 𝐋𝐞𝐯𝐞𝐥 (𝐁𝐞𝐠𝐢𝐧𝐧𝐞𝐫+𝐄𝐥𝐞𝐦𝐞𝐧𝐭𝐚𝐫𝐲) 𝐕𝐢𝐝𝐞𝐨 𝐂𝐨𝐮𝐫𝐬𝐞 :𝟔𝟎,𝟎𝟎𝟎 𝐤𝐬 ✰

𝐁𝐞𝐠𝐢𝐧𝐧𝐞𝐫 𝐋𝐞𝐯𝐞𝐥 𝐕𝐢𝐝𝐞𝐨 𝐂𝐨𝐮𝐫𝐬𝐞 + 𝐁𝐞𝐠𝐢𝐧𝐧𝐞𝐫 𝐁𝐨𝐨𝐤 :𝟑𝟓,𝟎𝟎𝟎 𝐤𝐬✰

𝐄𝐥𝐞𝐦𝐞𝐧𝐭𝐚𝐫𝐲 𝐋𝐞𝐯𝐞𝐥 𝐕𝐢𝐝𝐞𝐨 𝐂𝐨𝐮𝐫𝐬𝐞 + 𝐄𝐥𝐞𝐦𝐞𝐧𝐭𝐚𝐫𝐲 𝐁𝐨𝐨𝐤 : 𝟒𝟓,𝟎𝟎𝟎 𝐤𝐬 ✰

𝐅𝐫𝐞𝐧𝐜𝐡 𝐀𝟏 𝐕𝐢𝐝𝐞𝐨 𝐂𝐨𝐮𝐫𝐬𝐞 + 𝐀𝟏 𝐁𝐨𝐨𝐤 :𝟖𝟎,𝟎𝟎𝟎 𝐤𝐬 ✰

သင်ကြားမည့်ဆရာမ၏ Profile အား အောက်တွင်ကြည့်နိုင်ပါတယ်
https://m.facebook.com/story.php?story_fbid=584612143681713&id=100063987972106&mibextid=qC1gEa

ပြင်သစ်နိုင်ငံသားဆရာနှင့် အတူတွဲ၍ သင်ကြားခဲ့သည့်အပြင် စာသင်နှစ် ၆ နှစ် အတွေ့အကြုံရှိတာကြောင့် ကျောင်းသားများ မှားတတ်သော အမှားများနှင့် သတိထားရမည့် အချက်အလက်များကို သေချာစီစစ်သင်ကြားပေးပြီး အခြေခံကို ကျွမ်းကျင်ပိုင်နိုင်စေရန် သဒ္ဒါနည်းလမ်းမှန်ကန်စွာ သင်ကြားပေးရုံမက ပြင်သစ်အသံထွက်အား ကျွမ်းကျင်ပိုင်နိုင်အောင်ထွက်တတ်စေရန် လေ့ကျင့်ပေးသည့်အပြင် အရေး အဖတ် အပြော နှင့် အကြားပါ လေ့ကျင့်သင်ကြားပေးသောကြောင့် သင်တန်းပြီးလျှင် စာတတ်မြောက်ဖို့အတွက်ကတော့ လုံးဝ အာမခံပါတယ်။

ဆရာမ၏ သင်ကြားပုံအားလေ့လာလိုပါက အောက်ပါ Youtube Channel တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။
https://youtube.com/channel/UCecCG_0Ma1-VDdfXB3mNz2Q

Individual Class နဲ့ Group Zoom Class လေးတွေ စုံစမ်းလိုပါက 09 4010 1 3010 သို့ ဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင့်🇫🇷❤️

13/05/2026

🇫🇷 မေလမှာ ပြင်သစ်နိုင်ငံရဲ့ ဘယ်နေရာတွေက အလှဆုံးလဲ? 🌹

မေလမှာ ပြင်သစ်ကို သွားဖို့ စိတ်ကူးရှိနေလား? ရာသီဥတုက အေးအေးလူလူနဲ့ သဘာဝအလှတရားတွေ အပွင့်လန်းဆုံးအချိန်မို့ ခရီးသွားဖို့ အသင့်တော်ဆုံးပါပဲ။ မဖြစ်မနေ သွားသင့်တဲ့ နေရာ (၃) ခုကို မျှဝေပေးလိုက်ပါတယ်။

၁။ Paris (ပါရီမြို့) 🗼
"Spring in Paris" ဆိုတဲ့အတိုင်း မေလရဲ့ ပါရီဟာ ရုပ်ရှင်ထဲကအတိုင်းပါပဲ။
ဘာကြောင့်သွားသင့်လဲ: ပန်းခြံတွေထဲမှာ ပန်းစုံပွင့်နေပြီး Tuileries Garden ဒါမှမဟုတ် Luxembourg Gardens ထဲမှာ လမ်းလျှောက်ရတာ အရမ်းကို စိတ်ချမ်းသာဖို့ကောင်းပါတယ်။ နေသာတဲ့နေ့တွေမှာ Seine မြစ်ဘေး လမ်းလျှောက်ရင်း ကော်ဖီသောက်ရတာက တကယ့် အရသာပါပဲ။

၂။ Provence (ပရိုဗန့်စ်ဒေသ) 🌿
မေလဟာ လူသိပ်မများသေးဘဲ သဘာဝအလှကို အေးအေးဆေးဆေး ခံစားနိုင်တဲ့ အချိန်ပါ။
ဘာကြောင့်သွားသင့်လဲ: နာမည်ကျော် Lavender ခင်းတွေက ဇွန်လမှ ပွင့်မှာဖြစ်ပေမယ့် မေလမှာတော့ Poppies (ဘိန်းပန်းနီနီလေးတွေ) နဲ့ တောပန်းလေးတွေ တောင်ကုန်းတစ်ခွင် ပွင့်နေတာကို မြင်တွေ့ရမှာပါ။ ကျေးလက်ဒေသရဲ့ လတ်ဆတ်တဲ့ လေပြေကို ခံစားဖို့ အကောင်းဆုံးပါ။

၃။ The French Riviera (ပြင်သစ် ရီဗီယာရာ ကမ်းခြေ) 🌊
Cannes နဲ့ Nice မြို့လေးတွေရှိတဲ့ တောင်ပိုင်းကမ်းခြေဒေသပါ။
ဘာကြောင့်သွားသင့်လဲ: မေလမှာ နာမည်ကြီး Cannes Film Festival ရှိတာကြောင့် ကမ္ဘာကျော် အနုပညာရှင်တွေကို မြင်တွေ့ရနိုင်သလို၊ ရာသီဥတုကလည်း အရမ်းမပူဘဲ ပင်လယ်လေညင်း ခံလို့အကောင်းဆုံး အပန်းဖြေနိုင်မယ့် အချိန်ဖြစ်ပါတယ်။

💡 ခရီးသွားအကြံပြုချက် (Travel Tips):
အဝတ်အစား: နေ့ခင်းဘက်မှာ နေသာပေမယ့် မနက်ပိုင်းနဲ့ ညဘက်တွေမှာ အေးတတ်တာမို့ အပေါ်ထပ် အပါးလေး (Light Jacket) တစ်ထည်တော့ ဆောင်ထားသင့်ပါတယ်။

ကြိုတင်ပြင်ဆင်မှု: Cannes Film Festival ကာလအတွင်း သွားမယ်ဆိုရင်တော့ ဟိုတယ်တွေကို ကြိုတင် Booking တင်ထားဖို့ လိုအပ်ပါလိမ့်မယ်။
ဒီနှစ် မေလမှာ ပြင်သစ်နိုင်ငံရဲ့ အလှတရားတွေကို ခံစားဖို့ အခုပဲ Plan ဆွဲလိုက်ရအောင်! ✈️🥐

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address


Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00