One Pacific Education

One Pacific Education

Share

Our Goal & Mission
To provide a helping hand for you or your child in accessing global education and creating a better future.

Photos from One Pacific Education's post 22/08/2022

🇨🇦ကနေဒါနိုင်ငံရှိ ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်များ အပိုင်း (၉) - University of Calgary (UCalgary)

🙋‍♂️ ဒီတစ်ပတ်မှာတင်ဆက်ပေးမယ့် တက္ကသိုလ်ကတော့ 🇨🇦 ကနေဒါနိုင်ငံ တတိယမြောက်လူဦးရေအများဆုံးမြို့နှင့် Alberta ပြည်နယ်ရဲ့ လူနေအများဆုံးမြို့ဖြစ်တဲ့ Calgary မှာတည်ရှိတဲ့ 🏛️ University of Calgary (UCalgary) အကြောင်းဘဲဖြစ်ပါတယ်။

🏆 ကနေဒါနိုင်ငံရဲ့ ထိပ်တန်းတက္ကသိုလ် (၁၀) ခုထဲဝင်တဲ့ 🏛️ University of Calgary ကို ၁၉၆၆ ခုနှစ်မှာစတင်တည်ထောင်ခဲ့ပြီးတော့ အခုဆိုရင် Qatar နိုင်ငံမှာရှိတဲ့ Campus အပါအဝင် Campus ပေါင်း (၅) ခုဖြင့် နှစ်စဉ် ကျောင်းသား၊ ကျောင်းသူပေါင်း (၃၅,၀၀၀) ကျော်တက်ရောက်နေကြတဲ့ တက္ကသိုလ်ကြီးတစ်ခုဖြစ်နေပါပြီ။

🏛️ University of Alberta မှာ Campus - ကျောင်းဝင်း (၅) ခုရှိပါတယ်။ တက္ကသိုလ်တက်ရောက်မယ့် ကျောင်းသား၊ ကျောင်းသူများအနေနဲ့ မိမိရွေးချယ်မယ့်ဘာသာရပ်နဲ့ မိမိတက်ချင်တဲ့ Campus ကို ရွေးချယ်ခွင့်လဲရှိပါတယ်။ Campus များကတော့ -
၁။ Main Campus
၂။ Downtown Campus
၃။ Foothills Campus
၄။ Spyhill Campus
၅။ Qatar နိုင်ငံမှာဖွင့်လှစ်ထားတဲ့ Qatar Campus - တို့ဖြစ်ပါတယ်။

၁။ Main Campus
၁၉၆၆ ခုနှစ်တွင် စတင်ဆောက်လုပ်ဖွင့်လှစ်ခဲ့ပြီး University of Calgary ရဲ့ အဓိက Campus လဲဖြစ်ပါတယ်။ ကမ္ဘာ့အဆင့်မှီ သုတေသနပြုစင်တာနှင့် အားကစားစင်တာကြီးများတည်ရှိတဲ့အပြင် ပညာရပ်ဆိုင်ရာဌာနများ (၁၄) ခုရှိသည့်အနက် ဌာန (၁၁) ခုကလဲ ဒီ Main Campus မှာ တည်ရှိပါတယ်။

၂။ Downtown Campus
Calgary ရဲ့ မြို့လယ်မှာတည်ရှိပြီး ဘွဲ့လွန်များနှင့် Executive ဆိုင်ရာပညာရပ်များကို သင်ကြားပို့ချ ပေးနေတဲ့ Haskayne School of Business နှင့် School of Public Policy တို့ရှိပါတယ်။ မြို့လယ်မှာတည်ရှိတဲ့အတွက် စီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲများနှင့် စီးပွားရေးနယ်ပယ်မှ ကျောင်းသား၊ကျောင်းသူများအပြင် ဘွဲ့ရပြီးသူများ (Alumni) ဆုံတွေ့နိုင်ဖို့အတွက် အချက်အချာကျတဲ့ Campus တစ်ခုဆိုရင်လဲ မမှားပါဘူး။

၃။ Foothills Campus
လူဆေးဘက်ဆိုင်ရာပညာရပ်များအပြင် တိရစ္ဆာန်ဆေးဘက်ဆိုင်ရာပညာရပ်များကို လေ့လာသင်ကြားချင်တဲ့ ကျောင်းသား၊ ကျောင်းသူများအတွက် Cu***ng School of Medicine နှင့် Faculty of Veterinary Medecine တို့က Foothills Campus မှာ တည်ရှိပါတယ်။

၄။ Spyhill Campus
Spyhill Campus မှာ တိရစ္ဆာန်ဆေးဘက်ဆိုင်ရာပညာရပ်များကို စာတွေ့ လက်တွေ့ သင်ကြားပေးတဲ့အပြင် သုတေသနပြု Research စင်တာများနှင့် တက္ကသိုလ်ရဲ့ Advanced High-Density Library storage facility လဲရှိပါတယ်။

၅။ Qatar နိုင်ငံမှာဖွင့်လှစ်ထားတဲ့ Qatar Campus
Qatar နိုင်ငံ၊ Doha မြို့မှာ ၂၀၀၇ ခုနှစ်က ဖွင့်လှစ်လိုက်တဲ့ Qatar Campus မှာဆိုရင် Canadian Association of Schools of Nursing (CASN) အသိအမှတ်ပြု Bachelor of Nursing နှင့် Master of Nursing programs တွေကိုသင်ကြားပို့ချပေးလျက်ရှိပါတယ်။

🏞️ အလွန်လှပတဲ့ Canadian Rockies တောင်တန်းကြီးတွေနဲ့ နာမည်ကြီး Banff National Park နှင့် Jasper National Park တို့နှင့် University of Calgary တည်ရှိရာ Calgary မြို့က နေ ကားမောင်းသွားရင် နာရီပိုင်းသာကြာတဲ့အတွက် အားလပ်ရက်များမှာ Hiking သွားချင်သူများ၊ အပန်းဖြေသွားချင်သူများအတွက် စိတ်ကြိုက်ဖြစ်မှာကတော့ သေချာပါတယ်။

🌏🌎 အခုလိုမျိုး နိုင်ငံတကာအဆင့်မှီ Campus နှင့် Facility များစွာရှိတာကြောင့် လက်ရှိမှာ ပြည်တွင်းပြည်ပမှ ကျောင်းသား၊ ကျောင်းသူပေါင်း (၃၅,၀၀၀) ကျော်တက်ရောက်သင်ကြားလျက်ရှိကြပါတယ်။

🙌 ဒါကတော့ ကနေဒါနိုင်ငံရဲ့ ထိပ်တန်းတက္ကသိုလ်တစ်ခုဖြစ်တဲ့ University of Calgary အကြောင်းကို အားလုံးသိရှိစေရန်မျှဝေပေးခဲ့ခြင်းဖြစ်ပါတယ်။ နောက်များမှာလဲ အလျဉ်းသင့်ရင်သင့်သလို University of Calgary ရဲ့ စိတ်ဝင်စားစရာအကြောင်းအရာများကို ဆက်လက်ပေးသွားမှာဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ရပါတယ်။

🌟🌟🌟 ကျနော်တို့ One Pacific Education မှ 🇨🇦 ကနေဒါနိုင်ငံတွင် သင့်ဘဝအတွက် နိုင်ငံတကာနှင့်ရင်ဘောင်တန်းပြီး ကမ္ဘာ့အဆင့်မှီပညာရပ်များကို ဆည်းပူးနိုင်ရန်
🔵 ကျောင်းဝင်ခွင့်လိုအပ်တဲ့အချက်အလက်များကို တစ်ဦးချင်းတိုင်ပင်ဆွေးနွေးခြင်း၊
🔵 ကျောင်းဝင်ခွင့်ရရှိပြီး ကနေဒါလာရန် Visa လျှောက်ထားပေးခြင်း၊
🔵 ကနေဒါသို့ရောက်ရှိပြီး လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခြင်း၊
🔵 ကျောင်းပြီးပါက PR ရရှိစေရန် ကူညီလျှောက်ထားပေးခြင်း၊
🤝 အစရှိတဲ့ဝန်ဆောင်မှုများကို ကူညီလုပ်ဆောင်ပေးနေတာကြောင့် အခုချက်ခြင်းဘဲ One Pacific Education ကို ဆက်သွယ်ဖို့ဖိတ်ခေါ်လိုက်ပါရစေ။

📱 +959 778494419 (Myanmar), +1 7788711408 (Canada)
Viber: +959 778494419
📧 [email protected]
🌐 www.OnePacificEducation.com





Photos from One Pacific Education's post 04/08/2022

🇨🇦ကနေဒါနိုင်ငံရှိ ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်များ အပိုင်း (၈) - University of Alberta (U of A)

One Pacific Education page မှ 🇨🇦 ကနေဒါနိုင်ငံရှိ ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်များအကြောင်းကို အပတ်စဉ်တင်ဆက်ပေးလျက်ရှိပါတယ်။

🙋‍♂️ ဒီတစ်ပတ်မှာတင်ဆက်ပေးမယ့် တက္ကသိုလ်ကတော့ 🇨🇦 ကနေဒါနိုင်ငံ စတုတ္ထမြောက်လူဦးရေအများဆုံးပြည်နယ် Alberta ရဲ့ မြို့တော်ဖြစ်တဲ့ Edmonton မှာတည်ရှိတဲ့ 🏛️ University of Alberta (U of A)အကြောင်းဘဲဖြစ်ပါတယ်။

5️⃣ ကနေဒါနိုင်ငံရဲ့ ထိပ်တန်းတက္ကသိုလ် (၅) ခုထဲဝင်တဲ့ 🏛️ University of Alberta ကိုတော့ (၁၉၀၈) ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး သုတေသနလုပ်ငန်းများအတွက် နှစ်စဉ် ဒေါ်လာ သန်း(၄၅၀) ကျော် အသုံးပြုနေတဲ့ တက္ကသိုလ်ကြီးတစ်ခုအဖြစ်ရပ်တည်နေပါတယ်။

🏆 🇨🇦 ကနေဒါမှာ နံပါတ်တစ်နေရာမှာရှိတဲ့ U of A ရဲ့ Program များကတော့ Petroleum engineering, Chemical engineering, Nursing, Environmental science & engineering နှင့် Instruments science & technology တို့ဖြစ်ပြီး ကနေဒါမှာ နံပါတ်နှစ်နေရာမှာရှိတဲ့ U of A ရဲ့ Program များကတော့ Chemistry, Food science & technology နှင့် Agriculture science တို့ဖြစ်ပါတယ်။

🤖 ကမ္ဘာပေါ်ရှိ Artificial Intelligence (AI) နယ်ပယ်မှာလဲ နံပါတ် (၂) နေရာမှာ ရှိနေတာကြောင့် နောက်ဆုံးပေါ် AI နှင့်ပတ်သက်ပြီး လေ့လာဆည်းပူးချင်တဲ့သူများအနေနဲ့ U of A က ရွေးချယ်သင့်တဲ့တက္ကသိုလ်ဖြစ်ပါတယ်။

📚 အခြားစိတ်ဝင်စားစရာကောင်းတဲ့ နည်းပညာဘာသာရပ်များကတော့ nanotechnology, energy systems, gender studies, precision health, agriculture and food production, smart buildings နှင့် transportation devices တို့ဖြစ်ပြီး Undergraduate Program (၂၀၀) ကျော်နှင့် Graduate Program (၅၀၀) ကျော်တို့ရှိတဲ့အတွက် မိမိစိတ်ဝင်စား၊ ကြိုက်နှစ်သက်တဲ့ ဘာသာရပ်ကို ရွေးချယ်သင်ယူနိုင်မှာလဲဖြစ်ပါတယ်။

🥇 University of Alberta တက္ကသိုလ်ကျောင်းပြီးသူများထဲမှ Rhodes Scholars ရရှိသူ (၇၅)ဦး၊ အားကစားဆုရရှိသူ (၇၈) ဦး၊ က နေဒါနိုင်ငံမှာ အများဆုံးဖြင့် ပညာရေးထူးချွန်ဆုရရှိသူ (၂,၉၀၇) ဦးအထိ ထူးချွန်သူများပေါ်ထွက်ခဲ့တဲ့ တက္ကသိုလ်ကြီးတစ်ခုလဲဖြစ်ပါတယ်။

🏛️ University of Alberta မှာ Campus - ကျောင်းဝင်း (၅) ခုရှိပါတယ်။ 🏫 အဓိက ကျောင်းဝန်းဖြစ်တဲ့ Main Campus မှာ အဆောက်အဦပေါင်း (၅၀) အထိရှိပြီး ကျောင်းဝင်း (၅) ခု စုပေါင်းရေတွက်ပါက အဆောက်အဦပေါင်း (၁၅၀) ကျော်ရှိတဲ့ တက္ကသိုလ်ကြီးတစ်ခုဖြစ်ပြီးတက္ကသိုလ်တက်ရောက်မယ့် ကျောင်းသား၊ ကျောင်းသူများအနေနဲ့ မိမိရွေးချယ်မယ့်ဘာသာရပ်နဲ့ မိမိတက်ချင်တဲ့ Campus ကို ရွေးချယ်ခွင့်လဲရှိပါတယ်။ Campus များကတော့ -
၁။ North Campus Edmonton
၂။ Campus Saint-Jean Edmonton
၃။ Augustana Camrose
၄။ South Campus Edmonton
၅။ Enterprise Square Edmonton - တို့ဖြစ်ပါတယ်။

🏀 South Campus Edmonton မှာတော့ ကမ္ဘာ့အဆင့် (၄)ရှိတဲ့ ကနေဒါအမျိုးသမီးလက် ရွေးစင်ဘတ်စကတ်ဘောအသင်းရဲ့ လေ့ကျင့်ကွင်းအဖြစ်အသုံးပြုတဲ့ (၃၂,၅၁၆) sqft အကျယ်ရှိ အားကစားစင်တာကြီးမှာ မိမိကြိုက်နှစ်သက်တဲ့ အားကစားတွေကို ပြုလုပ်နိုင်ပါတယ်။

🏞️ အလွန်လှပတဲ့ Canadian Rockies တောင်တန်းကြီးတွေနဲ့ နာမည်ကြီး Banff National Park နှင့် Jasper National Park တို့နှင့် University of Alberta တည်ရှိရာ Edmonton မြို့က နေ ကားမောင်းသွားရင်နာရီပိုင်းသာကြာတဲ့အတွက် အားလပ်ရက်များမှာ Hiking သွားချင်သူများ၊ အပန်းဖြေသွားချင်သူများအတွက် စိတ်ကြိုက်ဖြစ်မှာကတော့ သေချာပါတယ်။

🌏🌎 အခုလိုမျိုး နိုင်ငံတကာအဆင့်မှီ Campus နှင့် Facility များစွာရှိတာကြောင့် လက်ရှိမှာ နိုင်ငံပေါင်း (၁၅၆) နိုင်ငံမှ ကျောင်းသား၊ ကျောင်းသူပေါင်း (၄၀,၀၀၀) ကျော်တက်ရောက်နေပြီး နိုင်ငံတကာမှ ကျောင်းသား၊ ကျောင်းသူပေါင်း (၁၀,၀၀၀) ကျော်လာရောက်သင်ကြားလျက်ရှိကြပါတယ်။

🙌 ဒါကတော့ ကနေဒါနိုင်ငံရဲ့ ထိပ်တန်းတက္ကသိုလ်တစ်ခုဖြစ်တဲ့ University of Alberta အကြောင်းကို အားလုံးသိရှိစေရန်မျှဝေပေးခဲ့ခြင်းဖြစ်ပါတယ်။ နောက်များမှာလဲ အလျဉ်းသင့်ရင်သင့်သလို University of Alberta ရဲ့ စိတ်ဝင်စားစရာအကြောင်းအရာများကို ဆက်လက်ပေးသွားမှာဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ရပါတယ်။

🌟🌟🌟 ကျနော်တို့ One Pacific Education မှ 🇨🇦 ကနေဒါနိုင်ငံတွင် သင့်ဘဝအတွက် နိုင်ငံတကာနှင့်ရင်ဘောင်တန်းပြီး ကမ္ဘာ့အဆင့်မှီပညာရပ်များကို ဆည်းပူးနိုင်ရန်
🔵 ကျောင်းဝင်ခွင့်လိုအပ်တဲ့အချက်အလက်များကို တစ်ဦးချင်းတိုင်ပင်ဆွေးနွေးခြင်း၊
🔵 ကျောင်းဝင်ခွင့်ရရှိပြီး ကနေဒါလာရန် Visa လျှောက်ထားပေးခြင်း၊
🔵 ကနေဒါသို့ရောက်ရှိပြီး လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခြင်း၊
🔵 ကျောင်းပြီးပါက PR ရရှိစေရန် ကူညီလျှောက်ထားပေးခြင်း၊
🤝 အစရှိတဲ့ဝန်ဆောင်မှုများကို ကူညီလုပ်ဆောင်ပေးနေတာကြောင့် အခုချက်ခြင်းဘဲ One Pacific Education ကို ဆက်သွယ်ဖို့ဖိတ်ခေါ်လိုက်ပါရစေ။

📱 +959 778494419 (Myanmar), +1 7788711408 (Canada)
Viber: +959 778494419
📧 [email protected]
🌐 www.OnePacificEducation.com





Photos from One Pacific Education's post 29/07/2022

သင်သိပါသလား?
🇲🇲မြန်မာနိုင်ငံက တက္ကသိုလ်ပထမနှစ်ပြီးတာနဲ့ 🇨🇦ကနေဒါမှာ တက္ကသိုလ်စတက်လို့ရနိုင်တယ်ဆိုတာ...

🙋 ဒီ Post က လက်ရှိ 🇲🇲 မြန်မာနိုင်ငံမှာ တက္ကသိုလ်တက်လက်စနှင့် 🇨🇦 ကနေဒါနိုင်ငံမှာ တက္ကသိုလ်ပြောင်းတက်ချင်တဲ့ ညီငယ်၊ ညီမငယ်များအတွက် ရည်ရွယ်ပါတယ်။

📚 အခုပြောပြပေးမယ့် Program ကတော့ University Transfer Program နှင့် Associate Degree Program နှစ်ခုပါ။

🎓(၁) University Transfer Program
ဒီ Program ကတော့ Undergraduate Degree ကို (၄) နှစ်လုံး 🏛️ University မှာ မတက်ဘဲနဲ့ ပထမနှစ် (၁) နှစ် (သို့မဟုတ်) ပထမနှစ်နဲ့ ဒုတိယနှစ် (၂) နှစ်ကို 🏫 College မှာတက်ပြီး ကျန်တဲ့နှစ်တွေကို University မှာတက်ပြီးတော့ Undergraduate Degree ကိုရရှိမှာပါ။

🎓(၂) Associate Degree Program
ဒီ Program ကတော့ 🏛️ University (၄) နှစ်တက်ရတဲ့ Undergraduate Degree ရဲ့ ပထမနှစ်နဲ့ ဒုတိယနှစ် (၂) နှစ်ကို 🏫 College မှာတက်ပြီး Associate Degree ရယူပြီးမှ ကျန်တဲ့ (၂) နှစ်ကို University မှာတက်ပြီးတော့ Undergraduate Degree ကိုရရှိမှာပါ။

🇨🇦 ကနေဒါနိုင်ငံတက္ကသိုလ်မှာ လျှောက်လို့ရမဲ့ ဘာသာရပ်တွေကတော့ Arts, Business, Communication, Computer Science, Engineering, နှင့် Science အစရှိတဲ့ ဘာသာရပ်တွေဘဲဖြစ်ပါတယ်။

🤔 အခုလိုတက်ဖို့အတွက် Requirements - ဘာလိုအပ်ချပ်တွေရှိမလဲ ကြည့်ကြရအောင်။

လိုအပ်ချက်အားဖြင့်တော့
✅ (၁) အနည်းဆုံး Grade 'C' - 65% အထက်ကိုရထားတဲ့ မြန်မာနိုင်ငံက တက္ကသိုလ်တစ်ခုခုကနေ ထုတ်ပေးတဲ့အမှတ်စာရင်း မြန်မာလိုမူရင်းနှင့် ဘာသာပြန် (နိုတြီ - Notary) လုပ်ထားတဲ့ အမှတ်စာရင်း၊

✅ (၂) IELTS Overall Band 6.5 နှင့် Writing Band ကို 6.0 ရထားရင် နောက်ထပ် English course ထပ်ယူစရာမလိုအပ်တဲ့အတွက် အဲ့ဒီလောက်ရအောင် ဖြေထားဖို့လိုပါမယ်။
အနည်းဆုံးကတော့ IELTS Overall Band 5.0 နှင့် Writing Band ကို 4.5 ကတော့ မဖြစ်မနေလိုအပ်ပါတယ်။

သတိပြုရမှာကတော့ မိမိ 🇲🇲မြန်မာနိုင်ငံမှာတက်ရောက်ထားတဲ့ ဘာသာရပ်က ဥပမာ စီးပွားရေးအထူးပြုဆိုရင် ကနေဒါနိုင်ငံမှာ ဆက်တက်တဲ့အခါမှာလဲ Business or Arts တို့လို ဘာသာရပ်များကိုဘဲ လျှောက်လို့ရမှာဖြစ်ပြီး Science or Engineering ဘာသာရပ်များကိုတော့ လျှောက်လို့ရမှာမဟုတ်ပါဘူး။

🙌 ကဲဒီတော့ အခုလက်ရှိ 🇲🇲 မြန်မာနိုင်ငံမှာ တက္ကသိုလ်တက်လက်စ ဖြစ်နေတဲ့ ညီငယ်၊ ညီမငယ်များ 🇨🇦 ကနေဒါမှာ တက္ကသိုလ်ဆက်တက်ဖို့အတွက် ကျနော်တို့ One Pacific Education ကို အချိန်မရွေးဆက်သွယ်မေးမြန်းပြီးတော့ မိမိတို့အနာဂတ်ကို အမြန်ဆုံးပုံဖော်လိုက်ကြရအောင်။

🌟🌟🌟 ကျနော်တို့ One Pacific Education မှ 🇨🇦 ကနေဒါနိုင်ငံတွင် သင့်ဘဝအတွက် နိုင်ငံတကာနှင့်ရင်ဘောင်တန်းပြီး ကမ္ဘာ့အဆင့်မှီပညာရပ်များကို ဆည်းပူးနိုင်ရန်
🔵 ကျောင်းဝင်ခွင့်လိုအပ်တဲ့အချက်အလက်များကို တစ်ဦးချင်းတိုင်ပင်ဆွေးနွေးခြင်း၊
🔵 ကျောင်းဝင်ခွင့်ရရှိပြီး ကနေဒါလာရန် Visa လျှောက်ထားပေးခြင်း၊
🔵 ကနေဒါသို့ရောက်ရှိပြီး လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခြင်း၊
🔵 ကျောင်းပြီးပါက PR ရရှိစေရန် ကူညီလျှောက်ထားပေးခြင်း၊
🤝 အစရှိတဲ့ဝန်ဆောင်မှုများကို ကူညီလုပ်ဆောင်ပေးနေတာကြောင့် အခုချက်ခြင်းဘဲ One Pacific Education ကို ဆက်သွယ်ဖို့ဖိတ်ခေါ်လိုက်ပါရစေ။

📱 +959 778494419 (Myanmar), +1 7788711408 (Canada)
Viber: +959 778494419
📧 [email protected]
🌐 www.OnePacificEducation.com





Photos from One Pacific Education's post 25/07/2022

🇨🇦ကနေဒါနိုင်ငံရှိ ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်များ အပိုင်း (၇) - Queen’s University

One Pacific Education page မှ 🇨🇦 ကနေဒါနိုင်ငံရှိ ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်များ အကြောင်းကို အပတ်စဉ်တနင်္လာနေ့တိုင်း တင်ဆက်ပေးလျက်ရှိပါတယ်။

🙋‍♂️ ဒီတစ်ပတ်မှာတင်ဆက်ပေးမယ့် တက္ကသိုလ်ကတော့ ကနေဒါနိုင်ငံရဲ့ လူဦးရေအများဆုံးနေထိုင်တဲ့ပြည်နယ်ဖြစ်တဲ့ Ontario ပြည်နယ်၊ Kingston မြို့မှာတည်ရှိတဲ့ 🏛️ Queen's University အကြောင်းဘဲဖြစ်ပါတယ်။

🌆 Kingston မြို့ကဆိုရင် 🇨🇦 ကနေဒါနိုင်ငံရဲ့ မြို့တော် Ottawa နှင့် (၂၀၀) ကီလိုမီတာအကွာအဝေးမှာတည်ရှိပြီး Toronto နှင့် (၂၅၀) ကီလိုမီတာ၊ Motreal နှင့် (၃၀၀) ကီလိုမီတာတွေမှာတည်ရှိတာကြောင့် အချက်အချာကျတဲ့ မြို့တစ်မြို့လဲဖြစ်ပါတယ်။

🏛️ Queen's University ကတော့ 🇨🇦 ကနေဒါမှာရှိတဲ့ ရှေးအကျဆုံးတက္ကသိုလ်တွေထဲက တစ်ခုဖြစ်ပြီး ၁၈၄၂ ခုနှစ်မှာ Professor (၂) ယောက်၊ ကျောင်းသား (၁၃) ယောက်နဲ့ သင်ကြားမှုတွေကို စတင်ခဲ့တာ အခုဆိုရင် နှစ်ပေါင်း (၁၈၀) ကျော်လာပါပြီ။

📚 စာကြည့်တိုက် (၆) ခုပါဝင်တဲ့တက္ကသိုလ်ကျောင်းဝန်းက ဧက (၁၀၀) ကျော်ကျယ်ဝန်းပြီး အနုပညာပြတိုက်တွေနဲ့ပါ ဖွဲ့စည်းထားတဲ့အတွက် ကျောင်းသားကျောင်းသူများတင်မကပါ လာရောက်လေ့လာသူများနှင့်ပါ စည်ကားတဲ့ တက္ကသိုလ်ကျောင်းကြီးတစ်ခုပါ။ တက္ကသိုလ်ရဲ့ အဓိကအဆောက်အဦဖြစ်တဲ့ Grant Hall ကဆိုရင် (၁၉၀၅) ခုနှစ်တွင်တည်ဆောက်ခဲ့တဲ့ ရှေးဟောင်းအမွေအနှစ်တစ်ခုလဲဖြစ်ပါတယ်။

🔬 Queen's University ရဲ့ ဆေးကျောင်းကဆိုရင် နိုင်ငံရဲ့ ထိပ်တန်းစာရင်းဝင်ဖြစ်ပြီးတော့ သုတေသနနှင့် သိပ္ပံနည်းပညာနယ်ပယ်တွင် ရှာဖွေစူးစမ်းမှုတွေကို အစဉ်တစိုက်ပြုလုပ်နေတဲ့ Research Institute ကြီးတစ်ခုဆိုရင်လဲမမှားပါဘူး။ ထင်ရှားတဲ့သုတေသနများက တော့ Physics, Geoengineering, Data analytics, Survelliance studies, Social science, Mental health နှင့် Cancer research တွေဘဲဖြစ်ပါတယ်။

💼 Queen's University လက်အောက်မှာရှိတဲ့ Smith School of Business ကဆိုရင်လဲ နိုင်ငံရဲ့ ရှေးအကျဆုံး စီးပွားရေးတက္ကသိုလ်များထဲမှ တစ်ခုဖြစ်ပြီး သူ့ရဲ့ MBA Program ကလဲ တက္ကသိုလ်ရဲ့ ထင်ရှားတဲ့ program တစ်ခုပါ။

🥇 Queen's University ကနေ ထူးချွန်တဲ့ ပညာရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များကို အစဉ်တစိုက်မွေးထုတ်ပေးလျက်ရှိရာ ထိုသူများအနက်မှ ထင်ရှားသူတစ်ဦးဖြစ်တဲ့ လက်ရှိရောင်းအားအကောင်းဆုံး 🚙 လျှပ်စစ်ကားများကိုထုတ်လုပ်တဲ့ Tesla နှင့် အာကာသစူးစမ်းတီထွင်မှုတွေကို ဆောင်ရွက်နေတဲ့ 🚀 SpaceX တို့ရဲ့ CEO ဖြစ်တဲ့ Elon Musk ကလဲ 🏛️ Queen's University မှာ Physics နှင့် Economics ဘာသာများကိုတက်ရောက်ခဲ့ပြီး Bachelor of Science (BSc) ဘွဲ့ကိုရရှိခဲ့သူတစ်ဦးဖြစ်ပါတယ်။

🌏🌎 အခုလိုမျိုး နိုင်ငံတကာအဆင့်မှီ Campus နှင့် Facility များစွာရှိတာကြောင့် နှစ်စဉ်ပြည်တွင်းရှိ ကျောင်းသား၊ ကျောင်းသူပေါင်း (၂၇,၀၀၀) ကျော်တက်ရောက်နေပြီး နိုင်ငံတကာမှ ကျောင်းသား၊ ကျောင်းသူပေါင်း (၅,၀၀၀) ကျော်လာရောက်သင်ကြားလျက်ရှိကြပါတယ်။

🙌 ဒါကတော့ 🇨🇦 ကနေဒါနိုင်ငံရဲ့ ထိပ်တန်းတက္ကသိုလ်တစ်ခုဖြစ်တဲ့ Queen's University အကြောင်းကို အားလုံးသိရှိစေရန်မျှဝေပေးခဲ့ခြင်းဖြစ်ပါတယ်။ နောက်များမှာလဲ အလျဉ်းသင့်ရင်သင့်သလို Queen's University ရဲ့ စိတ်ဝင်စားစရာအကြောင်းအရာများကို ဆက်လက်ပေးသွားမှာဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ရပါတယ်။

🌟🌟🌟 ကျနော်တို့ One Pacific Education မှ 🇨🇦 ကနေဒါနိုင်ငံတွင် သင့်ဘဝအတွက် နိုင်ငံတကာနှင့်ရင်ဘောင်တန်းပြီး ကမ္ဘာ့အဆင့်မှီပညာရပ်များကို ဆည်းပူးနိုင်ရန်
🔵 ကျောင်းဝင်ခွင့်လိုအပ်တဲ့အချက်အလက်များကို တစ်ဦးချင်းတိုင်ပင်ဆွေးနွေးခြင်း၊
🔵 ကျောင်းဝင်ခွင့်ရရှိပြီး ကနေဒါလာရန် Visa လျှောက်ထားပေးခြင်း၊
🔵 ကနေဒါသို့ရောက်ရှိပြီး လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခြင်း၊
🔵 ကျောင်းပြီးပါက PR ရရှိစေရန် ကူညီလျှောက်ထားပေးခြင်း၊
🤝 အစရှိတဲ့ဝန်ဆောင်မှုများကို ကူညီလုပ်ဆောင်ပေးနေတာကြောင့် အခုချက်ခြင်းဘဲ One Pacific Education ကို ဆက်သွယ်ဖို့ဖိတ်ခေါ်လိုက်ပါရစေ။

📱 +959 778494419 (Myanmar), +1 7788711408 (Canada)
Viber: +959 778494419
📧 [email protected]
🌐 www.OnePacificEducation.com





Photos from One Pacific Education's post 18/07/2022

🇨🇦ကနေဒါနိုင်ငံရှိ ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်များ အပိုင်း (၆) - University of Montreal (Université de Montréal - UdeM)

One Pacific Education page မှ 🇨🇦 ကနေဒါနိုင်ငံရှိ ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်များ အကြောင်းကို အပတ်စဉ်တနင်္လာနေ့တိုင်း တင်ဆက်ပေးလျက်ရှိပါတယ်။

🙋‍♂️ ဒီတစ်ပတ်မှာတင်ဆက်ပေးမယ့် တက္ကသိုလ်ကတော့ ကနေဒါနိုင်ငံရဲ့ အရှေ့ဘက်ခြမ်း၊ ပြင်သစ်ဘာသာစကားအပြောများတဲ့ပြည်နယ်ဖြစ်တဲ့ Quebec ပြည်နယ်၊ Montreal မြို့ရဲ့ တက္ကသိုလ်၊ 🏛️ University of Montreal (Université de Montréal - UdeM) (မွန်ထရီရဲလ်တက္ကသိုလ်) အကြောင်းဘဲဖြစ်ပါတယ်။

🏛️ University of Montreal ကို (၁၈၇၈) ခုနှစ်တွင် Theology, Law and Medicine အစရှိတဲ့ ဌာန သုံးခုဖြင့်စတင်တည်ထောင်ခဲ့တာ အခုဆိုရင် နှစ်ပေါင်း (၁၄၀) ကျော်ပြီဖြစ်ပါတယ်။ အစပိုင်းမှာ the Université Laval de Québec ရဲ့ တစိတ်တပိုင်းဖြစ်ခဲ့ပေမယ့် (၁၉၁၉) ခုနှစ်မှာတော့ သီးခြားတက္ကသိုလ်အဖြစ်ရပ်တည်ဖြစ်ခဲ့ပါတယ်။

6️⃣ ကနေဒါနိုင်ငံရဲ့ No.6 အကောင်းဆုံးတက္ကသိုလ်ကြီးတစ်ခုလဲဖြစ်ပြီး ဆေးပညာပိုင်းမှာလဲ ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်တစ်ခုဖြစ်ပါတယ်။

🇫🇷 ပြင်သစ်ဘာသာစကားပြောဆိုတဲ့ တက္ကသိုလ်တစ်ခုဖြစ်ပေမယ့် Bilingual - ဘာသာစကားနှစ်ခုနဲ့လဲ သင်ကြားပေးတဲ့ Program တွေရှိတဲ့အတွက် ကျောင်းဝင်ခွင့် မလျှောက်ခင် ကြိုတင်စုံစမ်းဖို့တော့လိုအပ်ပါမယ်။

🏛️ University of Montreal ရဲ့ Main Campus က Montreal မြို့ရဲ့ Mount Royal - တော်ဝင် တောင်ပေါ်မှာတည်ရှိပြီး ဧက (၁၆၀) ခန့်ရှိတဲ့နေရာမှာ တည်ဆောက်ထားတဲ့အတွက် ရာသီမရွေးလှပတဲ့ရှုခင်းတွေကိုလဲ ကျောင်းတက်ရင်း တဝကြီးခံစားရမှာဖြစ်ပါတယ်။

🏰 ကျောင်းရဲ့ရှုခင်းတင်မကဘဲ Montreal မြို့က 🇫🇷 ပြင်သစ်စတိုင်မျိုး ဥရောပယဉ်ကျေးမှုလွှမ်းမိုးတာကြောင့် လှပတဲ့မြို့အခင်းအကျင်းကိုလဲ လည်ပတ်ခံစားနိုင်မှာကတော့ သေချာပါတယ်။

💡 အင်ဂျင်နီယာကျောင်းဖြစ်တဲ့ Polytechnique Montréal နှင့် 💼 စီးပွားရေးကျောင်းဖြစ်တဲ့ HEC Montréal တို့နှင့်လဲ တွဲဖက်ကာ Undergraduate နှင့် Postgraduate programs ပေါင်း (၆၀၀) ကျော်ကို 🏛️ University of Montreal မှာ တက် ရောက်သင်ကြားနိုင်မှာပါ။

🏛️ University of Montreal ရဲ့ နာမည်ကြီးတဲ့ဘာသာရပ်များကတော့ Data Science, Business Administration နှင့် Public Health ဘာသာရပ်များဘဲဖြစ်ပါတယ်။

🥇 University of Montreal တက္ကသိုလ်ကျောင်းပြီးသူများထဲမှ နိုင်ငံအုပ်ချုပ်သူအကြီးအကဲများ၊ ရုပ်ရှင်ဒါရိုက်တာများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ပညာရှင်များစွာလဲပေါ်ထွက်ခဲ့တဲ့ တက္ကသိုလ်ကြီးတစ်ခုလဲဖြစ်ပါတယ်။

🌏🌎 အခုလိုမျိုး နိုင်ငံတကာအဆင့်မှီ Campus နှင့် Facility များစွာရှိတာကြောင့် နှစ်စဉ်ပြည်တွင်းရှိ ကျောင်းသား၊ ကျောင်းသူပေါင်း (၆၇,၀၀၀) ကျော်တက်ရောက်နေပြီး နိုင်ငံတကာမှ ကျောင်းသား၊ ကျောင်းသူပေါင်း (၁၀,၀၀၀) ကျော်လာရောက်သင်ကြားလျက်ရှိကြပါတယ်။

🙌 ဒါကတော့ ကနေဒါနိုင်ငံရဲ့ ထိပ်တန်းတက္ကသိုလ်တစ်ခုဖြစ်တဲ့ University of Montreal အကြောင်းကို အားလုံးသိရှိစေရန်မျှဝေပေးခဲ့ခြင်းဖြစ်ပါတယ်။ နောက်များမှာလဲ အလျဉ်းသင့်ရင်သင့်သလို University of Montreal ရဲ့ စိတ်ဝင်စားစရာအကြောင်းအရာများကို ဆက်လက်ပေးသွားမှာဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ရပါတယ်။

🌟🌟🌟 ကျနော်တို့ One Pacific Education မှ 🇨🇦 ကနေဒါနိုင်ငံတွင် သင့်ဘဝအတွက် နိုင်ငံတကာနှင့်ရင်ဘောင်တန်းပြီး ကမ္ဘာ့အဆင့်မှီပညာရပ်များကို ဆည်းပူးနိုင်ရန်
🔵 ကျောင်းဝင်ခွင့်လိုအပ်တဲ့အချက်အလက်များကို တစ်ဦးချင်းတိုင်ပင်ဆွေးနွေးခြင်း၊
🔵 ကျောင်းဝင်ခွင့်ရရှိပြီး ကနေဒါလာရန် Visa လျှောက်ထားပေးခြင်း၊
🔵 ကနေဒါသို့ရောက်ရှိပြီး လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခြင်း၊
🔵 ကျောင်းပြီးပါက PR ရရှိစေရန် ကူညီလျှောက်ထားပေးခြင်း၊
🤝 အစရှိတဲ့ဝန်ဆောင်မှုများကို ကူညီလုပ်ဆောင်ပေးနေတာကြောင့် အခုချက်ခြင်းဘဲ One Pacific Education ကို ဆက်သွယ်ဖို့ဖိတ်ခေါ်လိုက်ပါရစေ။

📱 +959 778494419 (Myanmar), +1 7788711408 (Canada)
Viber: +959 778494419
📧 [email protected]
🌐 www.OnePacificEducation.com





Photos from One Pacific Education's post 14/07/2022

🇨🇦 ကနေဒါနိုင်ငံမှာ ကျောင်းတက်ရင်းအလုပ်လုပ်လို့ရမလား?

ဒီမေးခွန်းကတော့ မြန်မာနိုင်ငံကနေ 🇨🇦 ကနေဒါကို ကျောင်းလာတက်ကြမယ့်သူများ သိချင်ကြတဲ့ မေးခွန်းတစ်ခုပါ။

🤩 သတင်းကောင်းကတော့ 🇨🇦 ကနေဒါမှာ ပြည်ပမှ Full-time/အချိန်ပြည့် ကျောင်းတက်နေတဲ့ ကျောင်းသား၊ ကျောင်းသူများ တစ်ပတ်ကို အများဆုံးနာရီ (၂၀) အထိ Part-time/ အချိန်ပိုင်း တရားဝင်အလုပ်လုပ်ခွင့်ရှိပါတယ်။

🏫 မိမိကျောင်းတက်တဲ့ ပြည်နယ်ပေါ်မူတည်ပြီး အခြေခံလစာ (၁) နာရီပေါ်အခြေခံပြီး ပြောင်းလဲပါတယ်။ ဥပမာ - Vancouver - ဗန်ကူးဗားမြို့ရှိတဲ့ British Columbia ပြည်နယ်မှာ (၁) နာရီကို အနည်းဆုံး CA$15.65 (without tax) ရရှိမှာဖြစ်ပြီး တစ်ပတ်နာရီ (၂၀) လုပ်ပါက CA$313 (without tax), တစ်လဆိုပါက CA$1,252 (without tax) အထိရရှိနိုင်ပါတယ်။
(💁 ပြည်နယ်အလိုက်ရရှိတဲ့ အခြေခံလစာများကို ပုံတွင်ပြသထားပါသည်။)

💰 အချိန်ပိုင်းလုပ်ခွင့်ရဖို့အတွက် Valid Study Permit/တရားဝင်စာသင်ကြားခွင့်ပါမစ် ကိုင်ဆောင်ထားရမှာဖြစ်ပြီး အခြားလိုအပ်ချက်များနှင့် ကိုက်ညီရမှာဖြစ်ပါတယ်။

အခြားလိုအပ်ချက်များကတော့
📌 Social Insurance Number (SIN) - အတိုကောက် SIN card လို့ ခေါ်တဲ့ ကနေဒါမှာ ဝင်ငွေခွန်ဆောင်ဖို့အတွက် အလုပ်လုပ်တဲ့သူတိုင်းရှိရမယ့် ဂဏန်း (၉) လုံးပါတဲ့ ကဒ်ပြား (ဒီကဒ်ပြားက မိမိလျှို့ဝှက်ထားရမယ့် ကိုယ်ရေးကိုယ်တာ အချက်အလက်လဲဖြစ်တာကြောင့် လူတိုင်းကို ပေးမသိသင့်ပါဘူး)
📌 အနဲဆုံးပညာသင်ကြားမှုကာလ (၆) လ ရှိပြီး မိမိတက်တဲ့ ပညာရေးက Certificate, Diploma, Degree တစ်ခုခုရရှိအောင် သင်ကြားနေတဲ့ လမ်းကြောင်းဖြစ်ဖို့လိုအပ်ပါတယ်။

⚠️ English as a Second Language (ESL) - အင်္ဂလိပ်စာကို ဒုတိယဘာသာအဖြစ်သင်တဲ့သင်တန်းနှင့် French as a Second Language (FSL) - ပြင်သစ်စာကို ဒုတိယဘာသာအဖြစ်သင်တဲ့ program တွေတက်မည့်သူများ၊ အလည်အပတ်လာရောက်သူများနှင့် Exchange student များ အလုပ်လုပ်ကိုင်ခွင့်မရှိပါ။

🛑 အချိန်ပိုင်းလုပ်တဲ့အခါမှာ သတိပြုရမယ့်အချက် (၂)ချက်ရှိပါတယ်။

၁။ ပြည်ပမှ ကျောင်းသားအနေနဲ့ မိမိတက်မဲ့ ကျောင်းစတက်ပြီးမှဘဲ အချိန်ပိုင်းစလုပ်ခွင့်ရမှာဖြစ်ပါတယ်။ ဆိုလိုတာကတော့ ကျောင်းတက်ဖို့အတွက် 🇨🇦ကနေဒါ စရောက်ရောက်ခြင်း အလုပ်လုပ်ခွင့်ရမှာမဟုတ်ဘဲ ကျောင်းဖွင့်ပြီး အတန်းတွေစတက်ရတဲ့ အချိန်မှသာ အလုပ်လုပ်ခွင့်စတင်ရရှိမှာပါ။ ဒါပေမယ့် ကျောင်းစမတက်ခင် SIN card လျှောက်ထားတာနှင့် အလုပ်ကြိုရှာထားခွင့်တော့ရှိပါတယ်။

၂။ ကျောင်းပိတ်ထားချိန် ဥပမာ- မိမိတက်ရောက်နေတဲ့ Program က နွေရာသီကာလမျိုးမှာ ကျောင်းပိတ်ထား၍ မတက်ရောက်ရဘူးဆိုပါက အချိန်ပြည့် တစ်ပတ်ကို နာရီ (၄၀) အထိ အလုပ်လုပ်ကိုင်ခွင့်ရှိပါတယ်။ ဒါပေမယ့် ကျောင်းပြန်ဖွင့်ပြီဆိုပါက ယခင်အတိုင်း တစ်ပတ်ကို အများဆုံးနာရီ (၂၀) အထိသာလုပ်ကိုင်နိုင်မှာဖြစ်ပါတယ်။

🧑‍🎓 မိမိအနေနဲ့ ပညာသင်ကြားပြီးစီးလို့ ကနေဒါမှာ ဆက်လက်နေထိုင်ပြီး အလုပ်လုပ်ကိုင်ဖို့အတွက် လိုအပ်တဲ့အချက်များနှင့် ပြည့်စုံတယ်ဆိုပါက ကျောင်းပြီးပြီး ရက် ပေါင်း (၉၀) အတွင်း Post-Graduation Work Permit (PGWP) လျှောက်ထားဖို့လိုအပ်ပါတယ်။ PGWP ရရှိပြီးမှ ကျောင်းသားအ နေနဲ့ Full-Time/Part-time အလုပ်လုပ်ကိုင်နိုင်မှာဖြစ်ကြောင်းသိရှိဖို့လိုအပ်ပါတယ်။

‼️ အထူးသတိပြုရမယ့်အချက်ကတော့ 🇨🇦 ကနေဒါမှာ ကျောင်းတက်ရင်း အချိန်ပိုင်းအလုပ်လုပ်မယ်လို့ စဉ်းစားထားသည့်တိုင် Study Permit Visa လျှောက်ထားတဲ့အခါမှာ 🇨🇦 ကနေဒါမှာ အလုပ်မလုပ်ဘဲနှင့် ကျောင်းတက်ရင်းနေထိုင် စားသောက်ဖို့အတွက် ငွေကြေးအလုံအလောက်ရှိကြောင်းတော့ ပြသနိုင်ဖို့လိုအပ်ပါတယ်။

🙌 ဒါကတော့ 🇨🇦 ကနေဒါနိုင်ငံမှာ ပညာသင်ကြားရင်းအလုပ်လုပ်ကိုင်ခွင့်ရ၊ မရ သိချင်သူများအတွက်မျှဝေပေးခဲ့ခြင်းဖြစ်ပါတယ်။ နောက်များမှာလဲ အလျဉ်းသင့်ရင်သင့်သလို 🇨🇦 ကနေဒါနိုင်ငံနှင့်ပတ်သက်တဲ့ စိတ်ဝင်စားစရာအကြောင်းအရာများကို ဆက်လက်ပေးသွားမှာဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ရပါတယ်။

🌟🌟🌟 ကျနော်တို့ One Pacific Education မှ 🇨🇦 ကနေဒါနိုင်ငံတွင် သင့်ဘဝအတွက် နိုင်ငံတကာနှင့်ရင်ဘောင်တန်းပြီး ကမ္ဘာ့အဆင့်မှီပညာရပ်များကို ဆည်းပူးနိုင်ရန်
🔵 ကျောင်းဝင်ခွင့်လိုအပ်တဲ့အချက်အလက်များကို တစ်ဦးချင်းတိုင်ပင်ဆွေးနွေးခြင်း၊
🔵 ကျောင်းဝင်ခွင့်ရရှိပြီး ကနေဒါလာရန် Visa လျှောက်ထားပေးခြင်း၊
🔵 ကနေဒါသို့ရောက်ရှိပြီး လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခြင်း၊
🔵 ကျောင်းပြီးပါက PR ရရှိစေရန် ကူညီလျှောက်ထားပေးခြင်း၊
🤝 အစရှိတဲ့ဝန်ဆောင်မှုများကို ကူညီလုပ်ဆောင်ပေးနေတာကြောင့် အခုချက်ခြင်းဘဲ One Pacific Education ကို ဆက်သွယ်ဖို့ဖိတ်ခေါ်လိုက်ပါရစေ။

📱 +959 778494419 (Myanmar), +1 7788711408 (Canada)
Viber: +959 778494419
📧 [email protected]
🌐 www.OnePacificEducation.com




12/07/2022

🙏🙏🙏 “ဝါဆိုလပြည့်နေ့” ဓမ္မစင်္ကြာအခါတော်နေ့ 🙏🙏🙏

၁၂၊ ၀၇၊ ၂၀၂၂ မှာ ကျရောက်သော “ဝါဆိုလပြည့်နေ့” တွင်
၇ ရက်သားသမီးများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနဲ့ ပြည့်စုံကြပါစေကြောင်း “One Pacific Education” မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။ 🙏🙏🙏

#ဝါဆိုလပြည့်နေ့

Photos from One Pacific Education's post 11/07/2022

🇨🇦ကနေဒါနိုင်ငံရှိ ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်များ အပိုင်း (၅) - Western University

One Pacific Education page မှ 🇨🇦 ကနေဒါနိုင်ငံရှိ ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်များ အကြောင်းကို အပတ်စဉ်တနင်္လာနေ့တိုင်း တင်ဆက်ပေးလျက်ရှိပါတယ်။

🙋‍♂️ ဒီတစ်ပတ်မှာတင်ဆက်ပေးမယ့် တက္ကသိုလ်ကတော့ 🇨🇦 ကနေဒါနိုင်ငံရဲ့ အရှေ့ဘက်ခြမ်းမှာရှိတဲ့ Ontario ပြည်နယ်၊ London မြို့မှာတည်ရှိပြီး Business School တွေထဲမှာ နာမည်ကြီးတဲ့ Ivey Business School (အိုင်ဗီစီးပွားရေးတက္ကသိုလ်)ရှိတဲ့ Western University (ယခင် University of Western Ontario) အကြောင်းဘဲဖြစ်ပါတယ်။

🏛️ Western University ကို (၁၈၇၈) ခုနှစ်တွင် ဘုန်းတော်ကြီး Bishop Isaac Hellmuth မှ စတင်တည်ထောင်ခဲ့တာဖြစ်ပြီး ယခုဆိုလျင် နှစ်စဉ် ဒေါ်လာသန်း (၂၄၀) ကျော်အသုံးပြုတဲ့ သုတေသနနှင့် စူးစမ်းမှုတွေရှာဖွေတဲ့ 🇨🇦 ကနေဒါနိုင်ငံရဲ့ထိပ်တန်းတက္ကသိုလ်ကြီးတစ်ခုဖြစ်နေပါပြီ။

(၁၉၄၈) ခုနှစ်မှာ 🇨🇦 ကနေဒါနိုင်ငံရဲ့ ပထမဦးဆုံး 👔 Master of Business Administration (MBA) program ကို နိုင်ငံရှိ ထိပ်တန်း CEO များနှင့် လုပ်ငန်းရှင်များ၏ ဆွေးနွေးဆုံးဖြတ်ချက်များဖြင့် 🏛️ Western University မှာ စတင်သင်ကြားပို့ချပေးခဲ့ပြီး (၁၉၆၁) မှာလဲ 🇨🇦 ကနေဒါနိုင်ငံရဲ့ ပထမဦးဆုံး PhD program in Business ကိုလဲ ဖွင့်လှစ်သင်ကြားခဲ့ပါတယ်။

🏛️ Western University ရဲ့ School of Business Administration ကျောင်းဆောင်အသစ်ကို (၁၉၅၇) ခုနှစ်မှာ Richard G. Ivey ဦးဆောင်ပြီး တည်ဆောက်ခဲ့ရာမှ Ivey Business School ဆိုပြီးအမည်ပေးခဲ့ပါတယ်။

လက်ရှိ 🏫 Ivey Business School က 🇨🇦 ကနေဒါရှိ MBA program တွင် ၂၀၁၉ အထိ (၆) နှစ်ဆက် ပထမဖြစ်ခဲ့ပြီး လက်ရှိတွင်လည်း University of Toronto ရဲ့ Rotman School of Management နှင့် McGill University ရဲ့ Faculty of Management တို့နှင့် အပြိုင်ထိပ်ပြေးလျက်ရှိပါတယ်။

🏛️ Western University ကနေ စီးပွားရေးနယ်ပယ်မှာတင်မကဘဲ Western Engineering က ဆိုရင် နာမည်ကြီး 🏙️ New York, USA ရှိ ယခင် World Trade Center နှင့် Toronto မြို့ရှိ CN Tower တို့တည်ဆောက်ရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့ပြီး ဆေးပညာပိုင်းတွင်လည်း (၂၀၁၂) ခုနှစ်တွင် အမေရိကန်နိုင်ငံ FDA အသိအမှတ်ပြု 💉 HIV vaccine ကိုလည်းတီထွင်နိုင်ခဲ့တဲ့ သမိုင်းကြောင်းများရှိတဲ့ တက္ကသိုလ်ဖြစ်ပါတယ်။

🥳 ကျောင်းပညာပိုင်းတင်မကဘဲ "Study Hard, Party Harder" လို့ခေါ်ရလောက်အောင် Party ပွဲများဖြင့်လည်း နာမည်ကျော်ကြားတဲ့တွက် Party ကြိုက်နှစ်သက်တဲ့သူများအတွက် 🏛️ Western University ကနေ ကြိုဆိုနေမှာပါ။

🏛️ Western University ရဲ့ တက္ကသိုလ်ကျောင်းဝန်းအကျယ် ဧက (၄၀၀) အထိ ကျယ်ဝန်းပြီး ရှေးဟောင်းလက်ရာအဆောက်အဦများ၊ ခေတ်သစ် Modern အဆောက်အဦများအပြင် သဘာဝသစ်ပင်၊ ပန်းဥယျာဉ်များဖြင့် လှပသာယာတာကြောင့် 🇨🇦 ကနေဒါနိုင်ငံရဲ့ အလှဆုံးတက္ကသိုလ်များထဲက တစ်ခုဆိုရင်လဲမမှားပါဘူး။

🌏🌎 အခုလိုမျိုး နိုင်ငံတကာအဆင့်မှီ Campus နှင့် Facility များစွာရှိတာကြောင့် နှစ်စဉ်ပြည်တွင်းရှိ ကျောင်းသား၊ ကျောင်းသူပေါင်း (၃၂,၀၀၀) ကျော်တက်ရောက်နေပြီး နိုင်ငံတကာမှ ကျောင်းသား၊ ကျောင်းသူပေါင်း (၅,၀၀၀) ကျော်လာရောက်သင်ကြားလျက်ရှိကြပါတယ်။

🙌 ဒါကတော့ ကနေဒါနိုင်ငံရဲ့ ထိပ်တန်းတက္ကသိုလ်တစ်ခုလည်းဖြစ် MBA Program မှာ နာမည်ကြီးတဲ့ Western University အကြောင်းကို အားလုံးသိရှိစေရန်မျှဝေပေးခဲ့ခြင်းဖြစ်ပါတယ်။ နောက်များမှာလဲ အလျဉ်းသင့်ရင်သင့်သလို Western University ရဲ့ စိတ်ဝင်စားစရာအကြောင်းအရာများကို ဆက်လက်ပေးသွားမှာဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ရပါတယ်။

🌟🌟🌟 ကျနော်တို့ One Pacific Education မှ 🇨🇦 ကနေဒါနိုင်ငံတွင် သင့်ဘဝအတွက် နိုင်ငံတကာနှင့်ရင်ဘောင်တန်းပြီး ကမ္ဘာ့အဆင့်မှီပညာရပ်များကို ဆည်းပူးနိုင်ရန်
🔵 ကျောင်းဝင်ခွင့်လိုအပ်တဲ့အချက်အလက်များကို တစ်ဦးချင်းတိုင်ပင်ဆွေးနွေးခြင်း၊
🔵 ကျောင်းဝင်ခွင့်ရရှိပြီး ကနေဒါလာရန် Visa လျှောက်ထားပေးခြင်း၊
🔵 ကျောင်းပြီးပါက PR ရရှိစေရန် ကူညီလျှောက်ထားပေးခြင်း၊
🤝 အစရှိတဲ့ဝန်ဆောင်မှုများကို ကူညီလုပ်ဆောင်ပေးနေတာကြောင့် အခုချက်ခြင်းဘဲ One Pacific Education ကို ဆက်သွယ်ဖို့ဖိတ်ခေါ်လိုက်ပါရစေ။

📱 +959 778494419 (Myanmar), +1 7788711408 (Canada)
Viber: +959 778494419
📧 [email protected]





Photos from One Pacific Education's post 08/07/2022

🇨🇦 ကနေဒါနိုင်ငံမှာ ဈေးအသက်သာဆုံးနဲ့ Undergraduate Degree (၄) နှစ်ကိုဘယ်လိုတက်ရမလဲ?

🙋 ဒီမေးခွန်းကတော့ One Pacific Education page မှာ အမေးများကြတဲ့ မေးခွန်းတွေထဲက တစ်ခုပါ။

💰 အခု Post မှာတော့ 🇨🇦 ကနေဒါနိုင်ငံမှာ Undergraduate Degree(Bachelor) - ဘွဲ့ကြိုဒီဂရီ တက်တဲ့ ကျောင်းစရိတ်အကြောင်းကိုဘဲ အဓိကထားပြီးပြောပြပေးသွားပါမယ်။

🎓 Bachelor Degree ပုံမှန်အတိုင်း 🇨🇦 ကနေဒါနိုင်ငံ 🏛️ University တစ်ခုခုမှာ တိုက်ရိုက်ကျောင်းတက်မယ်ဆိုရင် ကျောင်းလခအနေနဲ့ -

📗 Business, Management, Public Administration (law, economics, sociology, philosophy and political science) ဘာသာရပ်များအတွက် တစ်နှစ်ပျှမ်းမျှ ကနေဒီယန် ဒေါ်လာ - CA$32,460 (ကျပ်သိန်း ၅၃၀ ဝန်းကျင်) ကျသင့်မှာဖြစ်ပြီး

📓 Engineering, Science ဘာသာရပ်များအတွက် တစ်နှစ်ပျှမ်းမျှ ကနေဒီယန် ဒေါ်လာ - CA$37,377 (ကျပ်သိန်း ၆၁၀ ဝန်းကျင်) ကျသင့်မှာဖြစ်ပါတယ်။

ဒါပေမယ့် Undergraduate Degree ကို (၄) နှစ်လုံး 🏛️ University မှာမတက်ဘဲနဲ့ ပထမနှစ်နဲ့ ဒုတိယနှစ်ကို 🏫 College မှာတက်ပြီး တတိယနှစ်နဲ့ နောက်ဆုံးနှစ်ကို University မှာတက်ပြီးတော့ Undergraduate Degree ကိုရရှိမှာပါ။

✅ အခုလို College မှာ (၂) နှစ်အရင်တက်တာကို University Transfer Program လို့ခေါ်ပါတယ်။

🫰 ဒီတော့ College မှာ ပထမနှစ်နဲ့ ဒုတိယနှစ်ကိုတက်ချင်းအားဖြင့် ကျောင်းလခအနေနဲ့ တစ်နှစ်ပျှမ်းမျှ CA$16,050 (ကျပ်သိန်း ၂၆၀ ဝန်းကျင်) သာကျသင့်တော့မှာဖြစ်တဲ့အတွက် University တက်တာနှင့်ယှဉ်ရင် တစ်နှစ်ကို CA$16,950 (ကျပ်သိန်း ၂၈၀ ဝန်းကျင်) သက်သာမှာပါ။

🔔 အဓိပ္ပါယ်ကတော့ College မှာတက်တဲ့ (၂) နှစ်စာက University မှာ တက်တဲ့ (၁) နှစ်စာနှင့် ညီသွားတဲ့အတွက် Undergraduate Degree (၁) နှစ်စာကျောင်းလခ CA$32,460 (ကျပ်သိန်း ၅၃၀ ဝန်းကျင်) သက်သာသွားမှာဖြစ်ပါတယ်။

🤩 ဒီတော့ Undergradate Degree အတွက် (၄) နှစ်စာကျောင်းစရိတ် စုစုပေါင်း ကျပ်သိန်း ၂၀၀၀ ခန့်ကုန်ကျမည့်အစား ကျပ်သိန်း ၁၅၀၀ သာကုန်ကျမှာပါ။

☺️ ဒါကြောင့် ကနေဒါနိုင်ငံမှာ Undergradate Degree လာတက်ဖို့စဉ်းစားနေကြတဲ့ ညီငယ်၊ ညီမငယ်များကို College မှာ အရင်တက်ပြီးမှာ University ကို ပြောင်းရွှေ့ရင် ကျောင်းစရိတ်သက်သာမှာဖြစ် ကြောင်းမျှဝေပေးလိုက်ပါတယ်။ မိမိရွေးချယ်တဲ့ Undergradate Program, College & University ပေါ် မူတည်ပြီး ကျောင်းစရိတ်ကွဲပြားသွားနိုင်တာကိုတော့ သတိချပ်စေချင်ပါတယ်။

🌟🌟🌟 ကျနော်တို့ One Pacific Education မှ Undergraduate Degree(Bachelor) တက်ရောက်လိုတဲ့ ညီငယ်၊ ညီမငယ်များကို တစ်ဦးချင်း
🔵 မိမိစိတ်ဝင်စားတဲ့ ကနေဒါနိုင်ငံမှာရှိတဲ့ Program များကို လမ်းညွှန်ဆွေးနွေးခြင်း၊
🔵 ကျောင်းဝင်ခွင့်လိုအပ်တဲ့အချက်အလက်များကို တစ်ဦးချင်းတိုင်ပင်ဆွေးနွေးခြင်း၊
🔵 ကျောင်းဝင်ခွင့်ရရှိပြီး ကနေဒါလာရန် Visa လျှောက်ထားပေးခြင်း၊
🔵 ကျောင်းပြီးပါက PR ရရှိစေရန် ကူညီလျှောက်ထားပေးခြင်း၊
🤝 အစရှိတဲ့ဝန်ဆောင်မှုများကို ကူညီလုပ်ဆောင်ပေးနေတာကြောင့် အခုချက်ခြင်းဘဲ One Pacific Education ကို ဆက်သွယ်ဖို့ဖိတ်ခေါ်လိုက်ပါရစေ။

📱 +959 778494419 (Myanmar), +1778 8711408 (Canada)
Viber: +959 778494419
📧 [email protected]





Photos from One Pacific Education's post 04/07/2022

🇨🇦ကနေဒါနိုင်ငံရှိ ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်များ အပိုင်း (၄) - University of Waterloo

One Pacific Education page မှ 🇨🇦 ကနေဒါနိုင်ငံရှိ ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်များ အကြောင်းကို အပတ်စဉ်တနင်္လာနေ့တိုင်း တင်ဆက်ပေးလျက်ရှိပါတယ်။

🙋‍♂️ ဒီတစ်ပတ်မှာတင်ဆက်ပေးမယ့် တက္ကသိုလ်ကတော့ 🇨🇦 ကနေဒါနိုင်ငံရဲ့ နံပါတ်တစ် Engineering School ရှိပြီး Toronto - တိုရန်တိုမြို့အနောက်ဘက် (၁၁၀) ကီလိုမီတာမှာ တည်ရှိတဲ့ Waterloo မြို့ရဲ့ University of Waterloo (ဝါတာလူး တက္ကသိုလ်) အကြောင်းဘဲဖြစ်ပါတယ်။

🏛️ University of Waterloo မှ (၁၉၅၇) ခုနှစ်တွင် အင်ဂျင်နီယာကျောင်းသား (၇၄) ယောက်အား ဦးစွာပညာသင်ကြားပို့ချပေးရာမှ Waterloo တက္ကသိုလ်အား စတင်ဖွင့်လှစ်ခဲ့ပါတယ်။

🎓 University of Waterloo ရဲ့ Engineering School က 🇨🇦 ကနေဒါနိုင်ငံရဲ့ နံပါတ်တစ်ဖြစ်တဲ့အလျောက်နှစ်စဉ် အင်ဂျင်နီယာကျောင်းသားပေါင်း (၁၀,၅၀၀) ကျော်ခန့် တက်ရောက်လျက်ရှိတာဖြစ်ပြီး ကနေဒါနိုင်ငံရဲ့ အကြီးဆုံး Engineering School ကြီးလဲဖြစ်ပါတယ်။

🙌 အင်ဂျင်နီယာကျောင်းသားများတယ်ဆိုလို့ ကျောင်းဝင်ခွင့်ကိုလွယ်တယ်လို့မထင်လိုက်ပါနဲ့။ မိမိ ရွေးချယ်တဲ့ Engineering Major ပေါ်မူတည်ပြီး သတ်မှတ်ထားတဲ့ ကျောင်းဝင်ခွင့် Subjects တွေမှာ အနည်းဆုံးရမှတ် ၈၈% ကျော်ရရှိမှ ဝင်ခွင့်ရနိုင်မှာဖြစ်ပါတယ်။

🖥️ လက်ရှိမှာ Engineering တင်မကဘဲ Computer Science ဘာသာရပ်မှာလဲ University of Waterloo က 🇨🇦 နံပါတ် (၁) ဖြစ်တာကြောင့် Engineering နှင့် Computer Science မှာ ထိပ်တန်းဖြစ်ဖို့ ရည်မှန်းချက်ရှိတဲ့ ကျောင်းသားများရဲ့ ဦးစားပေးတက္ကသိုလ်ကြီးလဲဖြစ်ပါတယ်။

📚 University of Waterloo ကနေ Art, Engineering, Environment, Health, Mathematics, Science အစရှိတဲ့ ဌာနများကနေ ဘာသာရပ် ပေါင်း (၁၀၀) ကျော်ကို သင်ကြားပို့ချပေးလျက်ရှိပါတယ်။

💼 နောက်ပြီးတော့ University of Waterloo ရဲ့ Co-op Program က North America မှာ အကြီးဆုံးဖြစ်ပြီး 🇨🇦 ကနေဒါနိုင်ငံတင်မကဘဲ ကမ္ဘာတဝန်းရှိကုမ္ပဏီများမှာ အလုပ်သင်လုပ်ကိုင်ဖို့ အခွင့်အရေးများရရှိမှာဖြစ်တဲ့အတွက် ကျောင်းပြီးရင် အလုပ်ရရှိဖို့ သေချာသလောက်ရှိပါတယ်။
(Co-op Program - ကျောင်းတက်လက်စနှင့် အများဆုံး (၂) နှစ်အထိ အလုပ်သင်ဝင်လုပ်လို့ရနိုင်တဲ့ Program ဖြစ်ပြီး Co-op term တစ်ခုကို အချိန်ကာလ (၄) လ လို့သတ်မှတ်ပါတယ်)

💡 နောက်ပြီး တက္ကသိုလ်တက်ရင်း မိမိကြံစည်ထားတဲ့ Project တွေ Idea တွေကို စိတ်ကြိုက်ဖန်တီး လုပ်ဆောင်နိုင်စေရန် ရည်ရွယ်တဲ့ Velocity's experiental innovation hub မှာလဲ လိုအပ်တဲ့ facilities များကို ထားရှိပေးထားတာကြောင့် မိမိ idea ရတာနဲ့ လက်တွေ့မှာ ချက်ချင်းအကောင်အထည်ဖော်နိုင်မှာဖြစ်ပါတယ်။

🏛️ University of Waterloo မှာ Main University of Waterloo Campus က Waterloo မြို့ထဲမှာတည်ရှိပြီး အခြားအထူးပြုဘာသာရပ်များကိုသင်ကြားပေးတတဲ့ Specialized Campuses - ကျောင်းဝင်း (၃) ခုရှိပါတယ်။ အဆိုပါ Campuses များကတော့ -
၁။ Cambridge Campus (Architecture)
၂။ Kitchener Campus (Health Sciences)
၃။ Stratford Campus (Digital Media) တို့ဖြစ်ပါတယ်။

🌏🌎 အခုလိုမျိုး ထူးချွန်တဲ့ လူတော်ပေါင်းများစွာကို မွေးထုတ်ပေးနိုင်တဲ့ နိုင်ငံတကာအဆင့်မှီ Campus များ၊ Facility များစွာရှိတာကြောင့် နှစ်စဉ် ကျောင်းသား၊ ကျောင်းသူပေါင်း (၄၀,၀၀၀) ခန့် တက်ရောက်နေပြီး နိုင်ငံပေါင်း (၈၄) နိုင်ငံမှ ကျောင်းသား၊ ကျောင်းသူများက ၄၀% ကျော်ခန့် ပညာသင်ကြားလျက်ရှိကြပါတယ်။

🙌 ဒါကတော့ 🇨🇦 ကနေဒါနိုင်ငံရဲ့ Engineering နှင့် Computer Science မှာ နံပါတ်တစ် ဖြစ်ပြီး Co-op Program မှာ နာမည်ကြီးတဲ့ University of Waterloo အကြောင်းကို အားလုံးသိရှိစေရန်မျှဝေပေးခဲ့ခြင်းဖြစ်ပါတယ်။ နောက်များမှာလဲ အလျဉ်းသင့်ရင်သင့်သလို University of Waterloo ရဲ့ စိတ်ဝင်စားစရာအကြောင်းအရာများကို ဆက်လက်ပေးသွားမှာဖြစ်ကြောင်း သတင်းကောင်းပါလိုက်ရပါတယ်။

🌟🌟🌟 ကျနော်တို့ One Pacific Education မှ သင့်ဘဝအတွက် နိုင်ငံတကာနှင့်ရင်ဘောင်တန်းပြီး 🇨🇦 ကနေဒါနိုင်ငံတွင် ကမ္ဘာ့အဆင့်မှီပညာရပ်များကို ဆည်းပူးနိုင်ရန်
🔵 ကျောင်းဝင်ခွင့်လိုအပ်တဲ့အချက်အလက်များကို တစ်ဦးချင်းတိုင်ပင်ဆွေးနွေးခြင်း၊
🔵 ကျောင်းဝင်ခွင့်ရရှိပြီး ကနေဒါလာရန် Visa လျှောက်ထားပေးခြင်း၊
🔵 ကျောင်းပြီးပါက PR ရရှိစေရန် ကူညီလျှောက်ထားပေးခြင်း၊
🤝 အစရှိတဲ့ဝန်ဆောင်မှုများကို ကူညီလုပ်ဆောင်ပေးနေတာကြောင့် အခုချက်ခြင်းဘဲ One Pacific Education ကို ဆက်သွယ်ဖို့ဖိတ်ခေါ်လိုက်ပါရစေ။

📱 +959 778494419 (Myanmar), +1778 8711408 (Canada)
Viber: +959 778494419
📧 [email protected]





Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Telephone

Address


Yangon

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00
Saturday 10:00 - 16:00