Guide for High School graduated

Guide for High School graduated Information sharing

အားလံုးပဲ ဘေးကင်းကြပါစေ 🙏🏼
28/03/2025

အားလံုးပဲ ဘေးကင်းကြပါစေ 🙏🏼

Trick or Treat everyone 👋🎃👻ဒီနေ့မှာတော့ မကြာခင်မှာ ရောက်ရှိတော့မယ့် Halloween ရဲ့ History ကို တင်ဆက်ပေးသွားမှာဖြစ်သွားမှ...
31/10/2024

Trick or Treat everyone 👋🎃👻
ဒီနေ့မှာတော့ မကြာခင်မှာ ရောက်ရှိတော့မယ့် Halloween ရဲ့ History ကို တင်ဆက်ပေးသွားမှာဖြစ်သွားမှာဖြစ်လို့ အတူတူ လေ့လာကြည့်ရအောင်နော်။

💬 Halloween ကို ဟိုးရှေ့ခေတ်အခါက Samhain လို စတင် ခေါ်ဝေါ်ခဲ့ကြတာဖြစ်ပြီး Celtic လူမျိုးစုတိုရဲ့ festival လိုသိရပြီးအဓိကအားဖြင့် Ireland, Scotland, Wales တိုတည်ရှိရာ Britain (ဗြိတိန်) နိုင်ငံတိုမှာ စတင်ကျင်းပကြတယ်လိုပြောစမှတ်ပြုကြတာဖြစ်ပါတယ်။

🗓Halloween ပွဲတော်ကို နှစ်တစ်နှစ်ရဲ့ 31st October ကနေ 1st November အထိကျင်းပလေ့ရှိကြပါတယ်။ ပွဲတော်ကိုဆင်နွှရတဲ့ရည်ရွယ်ချက်ကတော့ ကောက်သစ်စားပွဲတော် Harvest season ကိုကြိုဆိုတဲ့သဘောဖြစ်ပြီး နောက်တမျိုးကတော့ သေဆုံးပြီးသောဝိဥာဥ်များနဲ့ spirit တွေအတွက်ကျင်းပပေးတဲ့ ပွဲတော်တစ်ခုလဲဖြစ်လို အာ့ဒီနေ့ညတွေမှာ လူတွေဟာ ဝိဥာဥ်တွေနဲ့ရောပြီး ဝတ်စားဆင်ယဥ်ကြကာ cosplay များလဲပြုလုပ်လေ့ရှိပါတယ်။

ဒါ့အပြင် America 🇺🇸 နိုင်ငံတွေမှာဆိုရင်လဲ ကလေးသူငယ်များက Trick or Treat ကစားနည်းကိုကျင့်သုံးကာ နီးစပ်ရာအိမ်တွေမှာ သကြားလုံးများကိုတောင်းခံလေ့ရှိကြပါတယ်။

🥧 အထူးသဖြင့် Halloween party များကျင်းပကြကာ Pumpkin pie မုန့်များပြုလုပ်ကာ ပျော်ပျော်ရွှင်ရွှင် စားသောက်ဆင်နွှလေ့ရှိကြပါတယ်။

ဒါကတော့ Halloween ပွဲတော်ရဲ့အကြောင်းများတစိတ်တဒေပဲဖြစ်ပါတယ်။
See you at next coming post, everyone.
Have a great Halloween !!!🎃

ခုတလော စိတ်ညစ်စရာသတင်းတွေနဲ့ attention ပေးရတာများလွန်းတဲ့ ကိစ္စတွေကြောင့် စာလေ့လာတဲ့အခါမှာ productive မဖြစ်ဘူးလို့ခံစားန...
29/10/2024

ခုတလော စိတ်ညစ်စရာသတင်းတွေနဲ့ attention ပေးရတာများလွန်းတဲ့ ကိစ္စတွေကြောင့် စာလေ့လာတဲ့အခါမှာ productive မဖြစ်ဘူးလို့ခံစားနေရတဲ့သူလေးတွေရှိလား? 👀

ဒီနေ့ sharing လုပ်ပေးချင်တဲ့ ခေါင်းစဉ်လေးကတော့ ကိုယ့်ရဲ့လေ့လာမှုကို အချိန်တစ်ခုအတွင်း ထိထိရောက်ရောက်နဲ့ energy drain မဖြစ်စေပဲ တိုးတက်မှုကိုလည်းသိသာစေမယ့်အပြင် မလုပ်ဖြစ်ပဲအချိန်ဆွဲထားတဲ့အလုပ်တွေကိုပါ ပြီးသွားစေနိုင်မယ့် “Pomodoro method”လေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဒီနည်းလမ်းလေးက students တွေကြားမှာ တော်တော်လေးအသံုးဝင်ပြီး effective လို့ GHSGers တို့လည်း try ကြည့်နော်….

Pomodoro ဆိုတာက Italian လိုဆိုရင် tomato လို့အဓိပ္ပာယ်ရပါတယ်။ ဒီနည်းလမ်းကို Francesco Cirillo က သူတက္ကသိုလ်ကျောင်းသားဘဝတုန်းက procrastination (အချိန်ဆွဲခြင်း) နဲ့ time management ကို ဖြေရှင်းဖို့အတွက် kitchen timer (tomato shape) ကို အသံုးပြုခဲ့ရာကနေ Pomodoro ဆိုပြီး နာမည်တွင်သွားခဲ့တာဖြစ်ပါတယ်။

Pomodoro method ကတော့…
၂၅ မိနစ် စာလေ့လာပြီး ၅ မိနစ် အနားယူတဲ့ နည်းလမ်းလေးပါ။
၂၅ မိနစ်အတွင်းမှာ လေ့လာနေတဲ့အရာတစ်ခုတည်းကိုပဲ အပြည့်အဝ အာရံုစူးရိုက်ထားတာပါ။ ပြီးတာနဲ့ ၅ မိနစ် break ယူပါတယ်။ ၅ မိနစ်အတွင်းမှာ အကြောဆန့်တာဖြစ်ဖြစ်၊ လမ်းထလျှောက်လိုက်တာဖြစ်ဖြစ်၊ သီချင်းတစ်ပုဒ်လောက်နားထောင်လိုက်တာဖြစ်ဖြစ် လုပ်လို့ရပါတယ်။ ပြီးသွားရင်တော့ ၂၅ မိနစ်အာရံုစိုက်ပြီး ဆက်လေ့လာရမှာပါ။ ၂၅ မိနစ်လေ့လာ ၅ မိနစ်အနားယူ အဲ့လိုပံုစံမျိုးနဲ့ ၄ ကြိမ် ( ကြာချိန်၂ နာရီ) ပြီးသွားရင်တော့ မိနစ် ၃၀ ထိနားချိန်ယူပြီး relax and chill လုပ်လို့ရပါပြီ။၂ နာရီဆက်တိုက်စာထိုင်လုပ်ရင် burn out ဖြစ်တယ်လို့ ခံစားရပေမယ့် Pomodoro method နဲ့လုပ်ရင် stress ပိတယ်လို့လည်းမခံစားရပဲ ကြားထဲမှာ နားချိန်လေးတွေပါတာမလို့ ဦးနှောက်ကို အနားပေးပြီးသားလည်းဖြစ်သွားတယ်။

မပြီးနိုင်လောက်ဘူးလို့ထင်တဲ့အလုပ်တွေ၊ လုပ်စရာတွေများပေမယ့် စာလုပ်ဖို့ကို စိတ်မပါလို့ အချိန်ဆွဲနေတဲ့သူလေးတွေအတွက် ဒီနည်းလမ်းလေးသံုးပြီး စာကြည့်မယ်ဆိုရင် ကိုယ့်ရဲ့ တန်ဖိုးရှိတဲ့အချိန်တွေကော energy ကောကိုပါ ခြွေတာနိုင်တာမလို့ စမ်းကြည့်လိုက်ကြတော့နော်….

စမ်းသံုးပြီးသွားရင်လည်း ကိုယ့်အတွက်အဆင်ပြေမပြေ experience လေးတွေကိုမျှဝေပေးလို့ရပါတယ်ရှင့် 🫶🏻


GHSG Is Back !----------------Hello..HelloGuide For High School Graduate ကနေ ပြန်လည်ပြီး ကြိုဆိုလိုက်ပါတယ်။ GHSGers အတွက...
21/10/2024

GHSG Is Back !
----------------
Hello..HelloGuide For High School Graduate ကနေ ပြန်လည်ပြီး ကြိုဆိုလိုက်ပါတယ်။

GHSGers အတွက် Guide For High School Graduate က ပြန်ရောက်လာခဲ့ပါပြီ..။
ပထမဆုံးအနေနဲ့ ဒီကြားထဲ Page လေးကို အကြာကြီး ရပ်နားထားလိုက်ရတဲ့အတွက် ကျွန်တော်တို့ဖက်ကနေ အနူးအညွှတ်တောင်းပန်ပါရစေ..။ ကျွန်တော်တို့ရဲ့ Guide For High School Graduate Team လေးဟာဆိုရင် တက္ကသိုလ်တက်ရောက်မယ့် ကျောင်းသားကျောင်းသူတွေအတွက် အထောက်အပံ့ဖြစ်စေဖို့ဆိုတဲ့ ရည်ရွယ်ချက်ကောင်းတွေနှင့်အတူ မြန်မာနိုင်ငံဒေသအသီးသီးမှာရှိနေတဲ့ တက္ကသိုလ်တွေနဲ့ပတ်သက်ပြီး အသေးစိတ်အချက်အလက်တွေနှင့် တခြားသိထားသင့်တဲ့ Soft Skill တွေကို မျှဝေလျက်ရှိခဲ့တဲ့ လူငယ်အဖွဲ့အစည်းလေးတစ်ခုပဲ ဖြစ်ပါတယ်။

အကြောင်းအမျိုးမျိုးကြောင့် ဒီကြားထဲမှာ GHSG ကိုရပ်ထားခဲ့ရပေမယ့်လည်း အရင်လို Knowledge Sharing Session လေးတွေနှင့် တခြားသော Activities လေးတွေကို ပြန်ပြီးလုပ်ဖို့အတွက် ကျွန်တော်တို့ရောက်ရှိလာခဲ့ပြီပဲ ဖြစ်ပါတယ်။ မကြာခင်မှာလည်း ကျွန်တော်တို့ရဲ့ GHSG အတူလက်တွဲပြီး ကျောင်းသားကျောင်းသူတွေနှင့်ပညာရေးနယ်ပယ်ထဲကသူတွေအတွက် အကျိုးဖြစ်စေမယ့် Program လေးတွေကိုအတူတူအကောင်အထည်ဖော်ဖို့အတွက် Volunteer တွေလည်းခေါ်ဖို့ရှိတဲ့အတွက်ကြောင့် Page လေးကို စောင့်ကြည့်ကြဖို့ တောင်းဆိုပါတယ်။


21/08/2022

Hello!!!
Long time no see guys...
အရင်ဆုံး Post Update မဟုတ်လို့​တောင်းပန်ပါရ​စေ..
မင်မင်တို့ page ကို အခုရက်ပိုင်း ဖုန်းတွေပါဆက်ပြီးမေးလာကြတာမလို့ page အကြောင်းလေးကိုနည်း"ရှင်းပြပေးပါမယ်နော်✌️
💁 မင်"တို့ page ကဆယ်တန်း‌ ​​အောင်ပြီးတဲ့လူ‌ငယ်တွေအတွက် uni life ဆိုတာဘာလဲ ဘယ် uni မှာဘာတွေသင်ကြားနိုင်မှာလဲ ဘယ် activities တွေမှာပါဝင်လို့ရနိုင်မလဲ စတဲ့ အထက်တန်းနဲ့မတူတော့တဲ့ uni life ကိုသိရအောင် သက်ဆိုင်ရာ uni တွေမှာရှိတဲ့ senior တွေဆီကနေ page က volunteers လေးတွေနဲ့ပေါင်းပြီး survey ကောက်ထားတာကိုမှ content ရေးပြီး page မှာရေးတင်ပေးထားတာဖြစ်ပါတယ်။

💫အဲ့တာမို့ ဘယ် uni အကြောင်းအသေးစိတ်ပြောပြပေးပါ။ ဘယ် uni ရဲ့ ဖုန်းနံပါတ်ပေးပါဆိုရင် မင်"တို့ဘက်က အဲ့ uni ကအဖွဲ့အစည်းတွေနဲ့ချိတ်ဆက်ထားတာမဟုတ်လို့ အခုချိန်ထိတော့မပေးနိုင်သေးပါဘူး။

💁မင်"တို့ page က ကျောင်းတစ်ကျောင်းမဟုတ်ပါဘူး။ (page ရဲ့ auto reply မှာလည်းပါပြီးသားဆိုပေမယ့် ကျောင်းတွေချည်းလာအပ်နေကြလို့ပါxD) အဲ့တာအပြင်မင်"တို့ page က အစိုးရ uni တွေကိုကျောင်းလျှောက်ပေးတာတွေဘာတွေလည်းမလုပ်ပေးပါဘူး။အပေါ်မှာ‌ပြောခဲ့သလို ဘယ် uni ရဲ့ ဘယ် အဖွဲ့အစည်းနဲ့မှချိတ်ဆက်ထားခြင်းမရှိသေးလို့ပါ။

💫ဆိုတော့ မင်"တို့page က knowledge sharing page သက်သက်သာဖြစ်ပါတယ်။ မည်သည့် service ကိုမှမပေးဆောင်ထားသေးပါဘူး။

💁 ဒီနှစ်အမှတ်‌စာရင်းသတ်မှတ်ချက်တွေကိုလည်း page ကမပြောပြပေးနိုင်​သေးပါဘူး။ စီနီယာတွေဆီကပဲ information ယူရတာဖြစ်တဲ့အတွက် လော​လောဆယ်အ​ခြေအ​​နေနဲ့ information check up လုပ်ဖို့အဆင်မ‌ပြေ​သေးလို့ပါ။

💁page မှာတင်ထားတဲ့ content တွေတစ်ချို့ဖတ်မရတာတွေရှိတယ်လို့ပြောလာကြပါတယ်။မင်"တို့ဘက်က ကိုယ်ပိုင် content နဲ့တင်ထားပေမယ့် လိုက်မမှီနိုင်တော့တဲ့ ဇူဇူ ရဲ့facebook security တွေကြောင့်မင်"တို့လည်းစိတ်ပျက်မိပါတယ်။
*အကုန်အေးဆေးပြန်ဖြစ်သွားတဲ့အချိန်ကျရင်တော့ content တွေကို စနစ်တကျသေချာလေးစီစဉ်ပေးဖို့စဉ်းစားထားပါတယ်။ ဆိုတော့....

💫 မင်"တို့ page က ထိုကဲ့သို့သော အကြောင်းအမျိုးမျိုး‌​​ကြောင့်ယာယီရပ်နားထားပါတယ်။ Page ကိုယာယီရပ်ထားတာဖြစ်တဲ့အတွက် page reply ကလည်းအချိန်မှီပြန်နိုင်မှာမဟုတ်သေးပါဘူး😞။ Phone ဆက်မေးလည်းဘာမှ​သေ"ချာ" ​ပြောနိုင်မှာ မဟုတ်သေးတဲ့​အ​ကြောင်းပြောပါရ​စေ။

*အခုတလော ဖုန်းတွေအရမ်းဆက်နေကြ message တွေပို့ပြီးမေး"နေကြလို့ မင်"တို့ဘက်ကအခုချိန်မှာ စိတ်ဝင်စားတဲ့သူ​တွေကို ယာယီရပ်နားထားကြောင်းကိုလာပြောပြတာဖြစ်ပါတယ်။ Page ကိုအ​သေအချာပြင်ဆင်ပြီး အဆင်သင့်ဖြစ်တဲ့အချိန်ကျ ပြန်လာခဲ့ပါမယ် အားလုံးကို​ကျေးဇူးတင်ပါတယ်။

🎄We wish you a very Merry Christmas and a happy holiday season from our home to yours! 💚Warmest thoughts and best wishes...
25/12/2021

🎄We wish you a very Merry Christmas and a happy holiday season from our home to yours!

💚Warmest thoughts and best wishes for this Merry Christmas and a Happy New Year.
Stay safe and take care.


#해피크리스마스

15/11/2021

တက္ကသိုလ်၀င်တန်းစာမေးပွဲ ဖြေဆိုရန် ကိစ္စနှင့်စပ်လျဉ်း၍ မိဘပြည်သူ၊ ကျောင်းသူ၊ကျောင်းသားများသို့ အသိပေး သတင်းထုတ်ပြန်ခြင်း

• အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေး၀န်ကြီးဌာနသည် တိုင်းရင်းသားပြည်သူတစ်ရပ်လုံး လိုလားတောင့်တနေသည့် ဖက်ဒရယ်ဒီမိုကရေစီ ပညာရေးစနစ် တည်ဆောက်ရန် ခိုင်မာစွာ သန္နိဋ္ဌာန် ချမှတ်ထားပြီး ဖြစ်သည့်အလျောက် ကြားကာလအတွင်း ပညာရည်ဆန်းစစ်မှု စာမေးပွဲစနစ်များကိုလည်း ဖက်ဒရယ်ပညာရေး သဘောတရားများ၊ နိုင်ငံတကာစံနှုန်းများနှင့်အညီ အများပြည်သူ နစ်နာမှုမရှိစေရေးကို အထူးဦးစားပေး၍ အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

• သင်ရိုးညွှန်းတမ်းစနစ် ပြောင်းလဲရေးတွင် ဆောင်ရွက်ရန် ကျန်ရှိနေသည့် တက္ကသိုလ်၀င်တန်း၌ တက်ရောက်နေဆဲ ကျောင်းသူ၊ကျောင်းသားများ အတွက် ပညာရေး အရည်အသွေးရှိကာ အများပြည်သူ လက်ခံနိုင်သော ဆန်းစစ်ဖြေဆိုမှုစာမေးပွဲတစ်ခု ကျင်းပပြုလုပ်ပေးနိုင်ရန် သက်ဆိုင်ရာ ပညာရှင်များ၊ နည်းပညာရှင်များနှင့် တိုင်ပင် ဆွေးနွေးလျက်ရှိပါသည်။

• ထို စာမေးပွဲကို တက္ကသိုလ်၀င်တန်းကျောင်းသူ၊ကျောင်းသားအားလုံး လက်လှမ်းမီ ပါ၀င်ဖြေဆို နိုင်မည့် အစီအစဉ် ဖြစ်စေရန် သက်ဆိုင်ရာ ကျောင်းသားအဖွဲ့အစည်းများ/သမဂ္ဂများ၊ ပညာရေးအဖွဲ့ အစည်းများ၊ ကိုယ်ပိုင်ကျောင်းများ၊ မြို့နယ်ပညာရေးဘုတ်အဖွဲ့များ၊ တက္ကသိုလ်ကောင်စီများ၊ ဆရာ သမဂ္ဂများ၊ ပြည်တွင်းပြည်ပ ပညာရှင်များ၊ နည်းပညာရှင်များ၊ အဖွဲ့အစည်းများနှင့် တိုင်ပင်ဆွေးနွေးကာ အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

• လက်ရှိအချိန်တွင် ကျောင်းသူ၊ကျောင်းသားများ၊ မိဘပြည်သူများ အနေဖြင့် မိမိဆန္ဒမပါ၀င်ပဲ တက္ကသိုလ်၀င်တန်း စာမေးပွဲဖြေဆိုရန် စစ်ကောင်စီ၏ ဖိအားပေး ခြိမ်းခြောက်ခံရ ခြင်းများ၊ ယခုနှစ် စာမေးပွဲဖြေဆိုရန် အမည်စာရင်း မတင်သွင်းလျှင် နောက်နှစ်များတွင် ဖြေဆိုခွင့်မပြုဟူသော အာဏာရှင် ဆန်သည့် ဖိအားပေးမှုများသည် အနာဂတ်လူငယ်များအား ပညာရည်နိမ့်ပါးအောင် လုပ်ဆောင်နေခြင်း ဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနသည် အားလုံးပါဝင်နိုင်မည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲစနစ်ကို အများဆန္ဒနှင့်အညီ ညှိနှိုင်းဆောင်ရွက်မည်ဖြစ်ပါသဖြင့် အဆိုပါ မတရား ဖိအားပေး ခြိမ်းခြောက်မှုများကို စိုးရိမ်ပူပန်ရန် မလိုအပ်ပါ။

• ပြည်တွင်းပြည်ပ နိုင်ငံတကာမှလုံးဝအသိအမှတ်မပြုသော တရားမ၀င် စစ်ကောင်စီ၏ ပညာရေးလုပ်ဆောင်မှုများအားလုံးသည် အလိုအလျောက် တရားမ၀င်ကြောင်း ကြေညာထားပြီးဖြစ်သဖြင့် စစ်ကောင်စီမှ ခိုင်းစေကျင်းပသည့် တက္ကသိုလ်၀င်တန်း စာမေးပွဲရလဒ်များကိုလည်း ဖက်ဒရယ်စနစ်ဖြင့် အကောင်အထည်ဖော်သွားမည့် အဆင့်မြင့်ပညာ တက္ကသိုလ်/ကောလိပ်/ သိပ္ပံများက အသိအမှတ်ပြု လက်ခံမည် မဟုတ်ပါကြောင်း အသိပေး သတင်းထုတ်ပြန်အပ်ပါသည်။

ပညာရေး၀န်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ

ယနေ့မှာ ကျရောက်တဲ့ သီတင်းကျွတ်လပြည့်နေ့ အခါသမယမှာ မြန်မာပြည်သူပြည်သားများနှင့်တကွ ဝေ​နေယျသတ္တဝါအားလုံး  စိတ်၏ချမ်းသာခြင်...
20/10/2021

ယနေ့မှာ ကျရောက်တဲ့ သီတင်းကျွတ်လပြည့်နေ့ အခါသမယမှာ မြန်မာပြည်သူပြည်သားများနှင့်တကွ ဝေ​နေယျသတ္တဝါအားလုံး စိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံပြီး ကောင်းမွန်​သော​နေ့ရက်​လေးဖြစ်ပါစေလို့ Guide for High School graduated family မှ ဆု‌မွန်ကောင်း တောင်းအပ်လိုက်ပါတယ်။🙏

Knock knock!👀🙋🏻‍♀️Hello GHSGer လေးတို့ရေ...ဒီနေ့မှာတော့ GHSGကနေ ညီငယ်၊ ညီမငယ်​လေးတို့ အတွက်သတင်းကောင်းလေးတစ်ခုသယ်ဆောင်လာ...
09/10/2021

Knock knock!👀

🙋🏻‍♀️Hello GHSGer လေးတို့ရေ...ဒီနေ့မှာတော့ GHSGကနေ ညီငယ်၊ ညီမငယ်​လေးတို့ အတွက်သတင်းကောင်းလေးတစ်ခုသယ်ဆောင်လာပါတယ်💌

💁🏻‍♀️အဲ့တာကတော့ AYO Myanmar's Virtual Youth Camp (100% free camp)လေးပဲဖြစ်ပါတယ်။

ဒီCampလေးထဲမှာတော့ -

☘️Scholarship preparation and sharing session , University life and culture.

☘️Importance of digital skill for students.

☘️Branding yourself as a Multipotentialite.

☘️ How to learn English effectively.

☘️ Research introduction, Research skill for University students.

စတဲ့ စိတ်ဝင်စားဖွယ် အကြောင်းအရာများစွာကိုလူငယ်တွေအတွက် impact ဖြစ်စေရန်ရည်ရွယ်ပြီးအတွေ့အကြုံရှိကျွမ်းကျင် speakerတွေကနေ sharingလုပ်ပေးသွားမှာပဲဖြစ်ပါတယ်။

ဒါပြင့်ဒီcampလေးထဲမှာGHSG ကလည်းcollab အနေနဲ့လက်တွဲပါဝင်သွားမှာဖြစ်လို့ မောင်လေးညီမလေးတို့ GHSGက ကိုကိုတို့ မမတို့နဲ့လည်းဆုံတွေ့ရမှာပါနော်😉

Programလေးရဲ့အသေးစိတ်နဲ့ Formကိုတော့ အောက်ကlinkမှာဝင်ရောက်ကြည့်ရှုပြီး Register လုပ်နိုင်ပါတယ်နော်။
https://www.facebook.com/142444775966783/posts/1881803665364210/

Deadlineက‌တော့13.10.2021ဖြစ်တာ‌ကြောင့် 100%free campလေးမှာပါဝင်ဖို့အတွက် Form လေးမြန်မြန်ဖြည့်ဖို့မမေ့ကြပါနဲ့နော်🙆🏻‍♀️ See u all💗


ဒီ​က​နေ့ October 5 ရက်​နေ့က​တော့ ကမ္ဘာ့ဆရာများ​နေ့ World Happy Teacher's Day ပဲဖြစ်ပါတယ်။“အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊ သိပ...
05/10/2021

ဒီ​က​နေ့ October 5 ရက်​နေ့က​တော့ ကမ္ဘာ့ဆရာများ​နေ့ World Happy Teacher's Day ပဲဖြစ်ပါတယ်။

“အတတ်လည်းသင်၊
ပဲ့ပြင်ဆုံးမ၊ သိပ္ပမချန်၊
ဘေးရန်ဆီး ကာ၊ သင့်ရာအပ်ပို့” ဟူသော ဆရာကျင့်ဝတ်ငါးသွယ်ကို ကျေပွန်စွာ ထမ်းဆောင်နေသော အနန္တောအနန္တဂိုဏ်းဝင် ဆရာ၊ဆရာမများ အားလုံးကို Guide for High School graduated မှ​ လေးစားစွာ ဂါရဝပြုရင်း ကမ္ဘာ့ဆရာများ​နေ့အား ဂုဏ်ပြုကြိုဆိုလိုက်ပါတယ်။

ဘဝတ​ကွေ့မှာ ဖြတ်သန်း​တွေ့ကြုံခဲ့ရ​သော ၊ပညာ​တွေသင်ကြား​ပေးခဲ့ကြ​သော ဆရာ၊ဆရာများအားလုံးကို ဝဏာမိ ပြုခဲ့မိ​သောအမှားများအားဝန်ချ​တောင်းပန်ကန်​တော့အပ်ပါသည်။


အဆုံးသတ်တိုက်ပွဲနောင်အနာဂါတ် တိုင်းပြည်အတွက်ရောင်နီဟာ လင်းလက်လို့​နေပြီးပဲ.....10M project လေးပါ ပါဝင်​ပေးကြပါအုံး❤https...
23/09/2021

အဆုံးသတ်တိုက်ပွဲ
နောင်အနာဂါတ် တိုင်းပြည်အတွက်
ရောင်နီဟာ လင်းလက်လို့​နေပြီးပဲ.....

10M project လေးပါ ပါဝင်​ပေးကြပါအုံး❤

https://youtu.be/fkTXRtqUZZo

https://youtu.be/8aFFZxr1SqQ

https://youtu.be/l1hsSRRLUIg

https://youtu.be/DwsDarsQ2u0

https://youtu.be/n9Qk3OcO2_4

Original Link
https://m.facebook.com/story.php?story_fbid=145721141099551&id=100355732302759

Hello အားလုံးပဲမင်္ဂလာပါ🙋🏻‍♀️ဒီနေ့မှာတော့ GHSGကနေပြီး နိုင်ငံခြားမှာ scholarship နဲ့ကျောင်းတက်ချင်တယ်၊ဘယ်ကနေစလုပ်ရမလဲမသိ...
20/09/2021

Hello အားလုံးပဲမင်္ဂလာပါ🙋🏻‍♀️
ဒီနေ့မှာတော့ GHSGကနေပြီး နိုင်ငံခြားမှာ scholarship နဲ့ကျောင်းတက်ချင်တယ်၊ဘယ်ကနေစလုပ်ရမလဲမသိတဲ့ မောင်လေးညီမလေးတွေအတွက် knowledge sharingလုပ်ပေးသွားမှာပဲဖြစ်ပါတယ်💕

အရင်ဆုံး နိုင်ငံခြားတက္ကသိုလ်တွေမှာ scholarshipနဲ့ကျောင်းတက်ချင်တယ်ဆိုရင်တော့ -

1️⃣သွားချင်တဲ့နိုင်ငံကိုရွေးချယ်ပါ။

လူဆိုတာပြင်းပြတဲ့ရည်မှန်းချက်တစ်ခုခုထားရှိရမှာဖြစ်ပြီး ဖြစ်ချင်တာကိုလက်မ​​လျှော့ဘဲ မဖြစ်ဖြစ်အောင်လုပ်ကြတာမျိုးပါ။ ဒီတော့အရင်ဆုံးကိုယ်က US,UK ဘက်သွားချင်တာလား။ Japan, Korea, etc သွားချင်တာလား စတဲ့ကိုယ်တကယ်သွားချင်တဲ့နိုင်ငံကိုအရင်ဆုံးရွေးချယ်ဖို့လိုအပ်ပါတယ်။

2️⃣တက်ချင်တဲ့မေဂျာကို ​သေချာရွေးပါ။

နိုင်ငံခြားမှာကျောင်းသွားတက်မယ်ဆိုရင်ကိုယ်သင်ယူလေ့လာချင်တဲ့မေဂျာကိုသိဖို့ကလည်းအရေးကြီးပါတယ်။ ကိုယ်ကဘာစိတ်ဝင်စားတာလဲ ဘယ်ပညာကိုဆည်းပူးချင်တာလဲ စသဖြင့် ကိုယ်စိတ်ဝင်စားတဲ့မေဂျာကို သေချာသိထားရမှ လိုချင်တဲ့​မေဂျာ နဲ့Scholarshipရဖို့ကနီးစပ်မှာဖြစ်ပါတယ်။

3️⃣ Universityရှာပါ။

သွားချင်တဲ့နိုင်ငံလည်းရွေးပြီးပြီ မေဂျာလည်းစဉ်းစားပြီးပြီဆိုရင် ဥပမာ google လိုမျိုးမှာ "Universities in UK" စတဲ့ ကိုယ်သိချင်၊သွားချင်တဲ့နိုင်ငံမှာရှိတဲ့ Universityတွေရှာ​ဖွေ​လေ့လာပါ။ ပြီးရင် တစ်ခါတည်း QS rankingပါတစ်ခါထဲစစ်ပါ။ (University Rankingကလည်းအသင့်အတင့်မြင့်မှ အဆင်​ပြေမှာဖြစ်ပါတယ်)

Universityရွေးပြီးသွားရင်တော့ ကျောင်းရဲ့ပင်မ websiteထဲသွားပြီးကိုယ်တက်ချင်တဲ့မေဂျာရဲ့ department Linkကနေ informationတွေ admission requirementsတွေ scholarshipပေးမပေးစတာတွေရှာဖတ်လို့ရပါပြီ။

Googleကနေကျောင်း‌မရွေးချင်လည်း fbပေါ်မှာ scholarship informationတွေများစွာsharingလုပ်ပေး​နေတဲ့ pageတွေ group ​တွေကနေလဲ ရှာဖွေနိုင်ပါတယ်။မင်မင်က​တော့ Guide With Mahuyar ဆိုတဲ့ page လေးကိုညွှန်းချင်ပါတယ်။ သူ့ထဲမှာ တော်​တော်စုံစုံလင်လင် ပြောပြထားတာ​တွေ့ရပါတယ်။

🥳ဒါတွေရွေးချယ်ပြီးပြီဆို scholarshipအတွက်ပြင်ဆင်လို့ရပါပြီ။ ပုံမှန်အားဖြင့် စ​​ကော်လာ​လျှောက်ရာမှာ အခြေခံလိုအပ်တဲ့ Requirementsတွေကတော့ -

📍 IELTSသတ်မှတ်ထားတဲ့ Brand scores ရှိရပါမယ်။တစ်ချို့ကျောင်းတွေကတော့ SATလိုကျောင်းဝင်ခွင့်အတွက်လိုအပ်တဲ့စာမေးပွဲဖြေရပါတယ်။

📍သူတို့တောင်းတဲ့အချက်အလက်တွေကိုယ်မှာအစုံရှိဖို့ပြင်ဆင်ထားဖို့လိုအပ်ပါတယ်။
◽ဆယ်တန်းအောင်လက်မှတ် (နိုတြီ)
◽Recommendation letter
◽Cover letter စတာတွေအပြင် တစ်ချို့ scholarshipတွေကကိုယ်နောက်ဆုံးပြီးခဲ့တဲ့ academic result,GPA စတာတွေပါလိုအပ်ပါတယ်။

ဆက်လက်ပြီး
📍 Volunteer(ပရဟိတ) ၊ ကျောင်းပြင်ပလှုပ်ရှားမှုဖြစ်တဲ့ အားကစား/အနုပညာ စတာတွေထဲကအနည်းဆုံးတစ်ခုခုလုပ်ထားဖို့လိုပါတယ်။

📍 Scholarship Infoထဲမှာပါတဲ့ rulesတွေကို​သေချာသိထား မှတ်ထားရပါမယ်။

📍Eassyရေးရပါတယ်။ ဘာလို့ဒီမေဂျာကိုစိတ်ဝင်စားလဲ။ကျောင်းပြီးသွားရင်ဒီဘွဲ့နဲ့ဘာလုပ်ဖို့စဉ်းစားထားလဲ စတဲ့အကြောင်းအရာတွေမေးလေ့ရှိပါတယ်။ကိုယ်ရေးတဲ့ Eassyပေါ်မူတည်ပြီး scholarshipပေးမပေးဆုံးဖြတ်တာမို့ Application Eassy ကအရေးအကြီးဆုံးအပိုင်းပါပဲ။

📍နောက်ဆုံးအဆင့်မှာတော့ interviewဖြေရပါတယ်။ application process အောင်မှဖြေရတာမို့ interviewဖြေရပြီဆိုရင် scholarshipရဖို့အခွင့်အရေးများသွားပြီပဲဖြစ်ပါတယ်🤩

*ပြင်ဆင်ရ​တွေများတဲ့အတွက် စ​ကော်လာရဖို့ဆို အရင်ကြိုပြီးပြင်ဆင်ထားသင့်ပါတယ်။ အခု​လျှောက် အခုရတာမျိုးမဟုတ်တဲ့အတွက် သေချာ​လေ့လာပြင်ဆင်ပြီးမှ လျှောက်ထားသင့်ပါတယ်။

ဒါကတော့ scholarshipနဲ့ပတ်သတ်တဲ့ general tipsလေးတွေပဲဖြစ်ပါတယ်။ မောင်လေး၊ညီမလေးတွေလည်း ကိုယ်သွားချင်တဲ့နိုင်ငံနဲ့ကိုယ်တက်ချင်တဲ့မေဂျာကိုသေချာရွေးချယ်ပြင်ဆင်ပြီး scholarship တွေရရှိကြပါ​စေ​နော်❤️

For more updates ,kindly like and follow our page.Thank you.

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Guide for High School graduated posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Guide for High School graduated:

Shortcuts

Share

Category