06/04/2022
FYI
Korea Embassy In Myanmar
D-4 ဗီဇာ လျှောက်ထားမှုပြန်လည်လက်ခံခြင်း
တောင်ကိုရီးယားသမ္မတနိုင်ငံသံရုံးသည် ကိုရီးယား အစိုးရ၏ ကန့်သတ်ချက်အရ ရပ်ဆိုင်းထားသည့် D-4 ဗီဇာကို ၄လပိုင်း ၁၈ရက်နေ့မှ စတင်၍ ပြန်လည် ထုတ်ပေးသွားမည် ဖြစ်ပါသည်။
(1) D-4 ဗီဇာ လျှောက်လွှာ လက်ခံမည့် အချိန် : မနက် ၉နာရီမှ ၁၀နာရီ အထိ
(2) D-4 ဗီဇာ လျှောက်ထားရာတွင် သတိပြုရန်
a. ကိုယ်တိုင် လျှောက်ထားရာတွင် ကျောင်းခေါ်စာ (Admission Certificate), လျှောက်ထားလိုသူ၏ ပတ်စ်ပို့အား တင်ပြနိုင်ရမည်။ကိုယ်စားလှယ်ဖြင့် လျှောက်ထားရာတွင် ကျောင်းခေါ်စာ (Admission Certificate), လျှောက်ထားလိုသူ၏ ပတ်စ်ပို့ အပြင်, ကိုယ်စားလှယ်၏ မှတ်ပုံတင်နှင့် လျှောက်ထားသူနှင့် ကိုယ်စားလှယ်၏ တော်စပ်ပုံအား အထောက်ထားပြနိုင်သည့် စာရွက်ကို တင်ပြနိုင်ရမည်။
b. လျှောက်ထားသူနှင့် ကိုယ်စားလှယ်တို့၏ တော်စပ်ပုံအား မတင်ပြနိုင်ပါက ဗီဇာ လျှောက်ထားခြင်းကို ငြင်းပယ်ခံရမည် ဖြစ်ပြီး၊ Agency မှ တဆင့် လျှောက်ထားရာတွင် Agency ၏ လုပ်ငန်းမှတ်ပုံတင်၊ အမှုဆောင်ဒါရိုက်တာ၏ မှတ်ပုံတင်နှင့် ပတ်စ်ပို့ မိတ္တူကို တင်ပြနိုင်ရမည်။
c. ဗီဇာ လျှောက်ရာတွင် လူ တစ်ဦးလျှင် တစ်ယောက်စာသာ လျှောက်ထားနိုင်ပါသည်။