Study Thai with SuSu

Study Thai with SuSu ထိုင်းဘာသာစကားကို လွယ်လွယ်ကူကူနဲ့​

သတ်မှတ်ဦး​ရေ ပြည့်​​​တော့မယ်​နော် 😉Page ကဖွင့်တဲ့ ဝိုင်းအတန်းက လတိုင်းမရှိလို့ အတန်းတက်ချင်သူများ အတန်းမြန်မြန်လာ​​အပ်​...
24/06/2022

သတ်မှတ်ဦး​ရေ ပြည့်​​​တော့မယ်​နော် 😉
Page ကဖွင့်တဲ့ ဝိုင်းအတန်းက လတိုင်းမရှိလို့ အတန်းတက်ချင်သူများ အတန်းမြန်မြန်လာ​​အပ်​ပေးကြပါ​ရှင်

Comment က link မှာ july 9မှာဖွင့်မယ့်
အတန်းအ​ကြောင်း အ​သေးစိတ်ကို ကြည့်နိုင်ပါတယ် 💁🏻‍♀️

สวัสดีนะ 🤓 Study Thai with SuSu ရဲ့ ရုံးချိန်လွတ် P4 Lv-1 class ဖွင့်ဖို့ရှိပါတယ်​။ အတန်းအ​ကြောင်းနဲ့ပတ်သက်ပြီး အ​သေးစိတ...
22/06/2022

สวัสดีนะ 🤓 Study Thai with SuSu ရဲ့ ရုံးချိန်လွတ် P4 Lv-1 class ဖွင့်ဖို့ရှိပါတယ်​။

အတန်းအ​ကြောင်းနဲ့ပတ်သက်ပြီး အ​သေးစိတ်​ရေး​ပေးထားတာမို့လို့ ​သေချာ​လေး ဖတ်ပြီးမှ အတန်းလာအပ်​ပေး​စေလိုပါတယ်။ အတန်းမှာ လူဦး​ပေးထားတာတို့ နာမည်ကြို​ပေးထားတာတို့ လက်မခံပါဘူးရှင်။

▪︎ဘယ်သူ​​တွေ အတွက် အဆင်​ပြေနိုင်လဲဆို​​တော့ -

- ထိုင်းဘာသာစကားကို ​ပေါ့​ပေါ့ပါးပါး​​လေး စမ်းသင်
ကြည့်ချင်တဲ့သူ​တွေ
- ထိုင်းနိုင်ငံကို မ​ရှေးမ​နှောင်းအချိန်မှာ သွားမယ့်သူ​တွေ
- ထိုင်း​ရောက်​နေပြီး communication ခက်​နေတဲ့သူ​​တွေ
- အချိန်အား​​တွေကို အကျိုးရှိ​အောင် အသုံးချချင်တဲ့သူ​​တွေ
- os လုပ်ချင်တဲ့သူ​​တွေ ပါ။

▪︎ ဒီအတန်းမှာ စာ​သာ သေချာလိုက်လုပ်မယ်ဆိုရင် -

- ဗျည်း ၊ သရ ​၊ ဗျည်းတွဲ တွေ ​သေချာကွဲကွဲပြားပြား ဖြစ်လာမယ်။
- basic grammar pattern ​တချို့ကိုသိလာမယ်။
- အသုံးများတဲ့ usage ပုံစံ​တွေသိလာမယ်။
- Verb ​တွေ vocabulary ​​​တွေ တော်​တော်များများကို သိလာမယ်။

▪︎ ခုမှအ​ရေးပိုင်းကစသင်မှာဆို​တော့ ထိုင်းလိုမ​ရေးတတ်​သေး​တဲ့အတွက် အသံထွက်တိကျဖို့ စာအုပ်ထဲမှာ​ phonetic နဲ့ မြန်မာအသံထွက်နဲ့ကိုတွဲသင်​ပေးမှာပါ။ ထိုင်းလို​လည်း​ရေး​ပေးထားမှာပါ။
သင်တန်းစာအုပ်ထဲမှာ ထိုင်း ဗျည်း ၊ သရ ​ရေးပုံ​ရေးနည်းအ​သေးစိတ် စာအုပ်လည်း ​ပါပါတယ်။

▪︎ P4 Lv 1 course ရဲ့ သင်ခန်းစာ​တွေက -

- Greeting & Making Friends
- Food & Taste
- Family
- Question words
- Colors
- Numbers
- Days
- Basic verbs
- Basic grammar patterns
- Basic usages

▪︎ အတန်းတက်တဲ့အခါ Camera အမြဲ on ထားရပါမယ်။ စာရှင်း​နေချိန်မှာ microphone ​တော့ ပိတ်ထား​ရပါမယ်။ ကိုယ်​​လေ့ကျင့်ရမယ့်အလှည့်​ရောက်မှ on ရမှာပါ။ ဒါက သင်တန်းသားတိုင်း မဖြစ်မ​​နေလိုက်နာရမယ့် စည်းကမ်းပါ။

▪︎ဘယ်သူ သင်​ပေးမှာလည်းဆို​တော့ -

အာကျန်ဆုဆုကိုယ်တိုင် သင်မှာပါ။
ဆုဆုက YUFL က​နေ BA.Thai ဘွဲ့ရပြီး လက်ရှိမှာ ထိုင်း​မေဂျာ မဟာတန်းကို YUFL မှာဆက်တက်​နေပါတယ်။ ခု​​တော့ 💿M ​ကျောင်းသူပါ။ 🤓

ဆုဆုက ဆရာမ အလုပ်မလုပ်ခင်မှာ ထိုင်း​ဆေးရုံ၊ ထိုင်းကုန်စည်ပြပွဲ​တွေမှာ translator အဖြစ်
လုပ်ကိုင်ခဲ့ဖူးပါတယ်​။ ဒါ့အပြင် ​Freelance Translator, Interpreter ပါလုပ်ဖူးတာ​ကြောင့်မို့လို့ ထိုင်းဘာသာစကားကို စာ​တွေ့အပြင် လက်​တွေ့ Language Experience ​တွေလည်းရှိပါတယ်။ ဆုဆုရဲ့ ထိုင်းဘာသာစကား ​လေ့လာမှုသက်တမ်းက ၉နှစ်​ထဲ​မှာပါ။

သင်ကြား​ရေးပိုင်းမှာဆိုရင် ဆုဆုကိုယ်တိုင်က foreign language ​ကို လေ့လာသူဖြစ်တဲ့အတွက် ကျောင်းသား၊ကျောင်းသူ​တွေကို ​စာ​ရေးပုံ​ရေးနည်းကအစ အသံထွက်အဆုံး သေချာရှင်းလင်း​အောင်၊ တတ်​မြောက်​အောင်
အ​သေးစိတ်ကျကျ သင်ပြပေးနိုင်ပါတယ်။

​သင်တန်းသား​တွေ စာတကယ် တတ် မတတ်ကိုလည်း page ရဲ့ review bar မှာလေ့လာနိုင်ပါတယ်။
https://www.facebook.com/108901377609960/posts/363802212119874/

စာအုပ်ပို့​ပေးရမှာရှိတဲ့အတွက် july2 နောက်ဆုံးထားပြီး page messenger မှာ စာရင်းလာ​​ပေးကြပါ​နော်။


ဗျည်းသရ ​တွေ အ​ခြေခံ​တွေ မသိပဲသင်​ပေးလို့က ရတယ်။ မြန်မာ အသံထွက်ရယ် phonetic ရယ်နဲ့။ မဟုတ်လည်း myanglish လို thaiglish ​ပ...
13/05/2022

ဗျည်းသရ ​တွေ အ​ခြေခံ​တွေ မသိပဲသင်​ပေးလို့က ရတယ်။ မြန်မာ အသံထွက်ရယ် phonetic ရယ်နဲ့။ မဟုတ်လည်း myanglish လို thaiglish ​ပေါ့။
ထိုင်းစာလုံးနဲ့​ရေးတတ် ဖတ်တတ်မှာ တော့ မဟုတ်ဖူး​​ပေါ့။ ထိုင်းစာလုံးမြင်ရင် ဘာမှန်းမသိ​တွေဖြစ်လာနိုင်ပါတယ်။ အချိန်​ပေး ​​သင်တန်း​ကြေး​ပေးရပြီး ​တကယ်​ရေးတတ် ဖတ်တတ်​စေချင်တာပါ။ ဗျည်း သရ အသတ်​ tone mark ​တွေ ​သေချာ သိမှ l&s class က ထိ​ရောက်ပါလိမ့်မယ်။ အဲ့​​တော့ basic ​ကျေမှ l&s သီးသန့် class က အဆင်​​​ပြေ အကျိုးရှိမယ်လို့ အာကျန်ဆုဆု မြင်ပါတယ်ရှင်။ ခဏခဏလည်း ​ပြောရတယ်။ ရှင်းရတယ်။ ထပ် share မယ်​နော် 😒

ဆဝပ်ဒီးနခ 💁🏻‍♀️ ဒီ​နေ့ ဆုဆု​ ထိုင်းစား​သောက်ဆိုင်​တွေမှာစားတဲ့အခါ အသုံးဝင်​စေမယ့် usage ​​လေး​တွေကို ​​ပြောပြပါမယ်။ပုံ​လ...
10/05/2022

ဆဝပ်ဒီးနခ 💁🏻‍♀️

ဒီ​နေ့ ဆုဆု​ ထိုင်းစား​သောက်ဆိုင်​တွေမှာစားတဲ့အခါ အသုံးဝင်​စေမယ့် usage ​​လေး​တွေကို ​​ပြောပြပါမယ်။
ပုံ​လေး​​တွေ ​အောက်မှာ ရှင်းပြထားတာ​လေး​​တွေရှိလို့ တစ်ပုံချင်းစီ ဖတ်ကြည့်ကြဦး​နော် 😉

ကိုယ်​လေ့လာကြည့်ပြီး အကျိုးရှိသွားတယ်ဆိုရင် ထိုင်းစာ​လေ့လာ​နေတဲ့ ကိုယ့်သူငယ်ချင်းတွေလည်းသိရအောင် share ပေးလိုက်ပါဦး​နော် 😉

ထိုင်းစာနဲ့ ပတ်သက်တဲ့ လေ့လာစရာအကြောင်းအရာတွေ ကို ​မပြတ်တင်ပေးသွားဖို့ အစီအစဥ်ရှိတာ​ကြောင့် Study Thai with SuSu page ကို ​​Like & Follow လုပ်ဖို့ မမေ့နဲ့ဦးနော် 😁

🔊 အသံထွက်​သေချာသိရဖို့ ထိုင်းစကားလုံး​​တွေ comment မှာ​ရေးထား​ပေးပါမယ် 😉


ဘာသာစကား အတန်းတက်ဖို့ စိတ်ကူးရှိ​နေရင် ဒါကိုဖတ်ပါ။ Page ကို လတ်တ​လော လာစုံစမ်းကြတဲ့အထဲ အ​မေးများကြတာ အထင်မှား​နေကြတာတွေက...
25/04/2022

ဘာသာစကား အတန်းတက်ဖို့ စိတ်ကူးရှိ​နေရင် ဒါကိုဖတ်ပါ။

Page ကို လတ်တ​လော လာစုံစမ်းကြတဲ့အထဲ အ​မေးများကြတာ အထင်မှား​နေကြတာတွေကို စုစည်းထားပါတယ်။ 😬

- အရင်က သင်ဖူးတယ်။ Level ကျော်ပြီးတက်မယ်။

S : Study Thai with SuSu သင်တန်းရဲ့ စည်းမျဥ်းအရ proficiency test ဖြေကို ​ဖြေရပါမယ်။ အမှတ်​ပေါ်မူတည်ပြီး သင့်​​လျော်တဲ့ အတန်းကို ​တက်လို့ရပါတယ်။ ​​ဘယ်သင်တန်း​ဖြစ်ဖြစ် level test ရှိရင် ​အရင်ဖြေ​လိုက်တာ ပိုအကျိုးရှိပါလိမ့်မယ်။

- Lv 3 ခု ဆက်တက်ရင် Advanced အဆင့်​ရောက်တယ်မလား

S : ကိုယ့်ရဲ့ language level က advanced ထိ​ ရောက်ခြင်း
မ​ရောက်ခြင်းက လေ့လာသူ ရဲ့ ကြိုးစားအားထုတ်မှု၊ ဘာသာစကားအ​​ပေါ်စိတ်ဝင်စားမှု ၊ ​လေ့လာထားတာကို လက်​တွေ့အသုံးချနိုင်မှု နဲ့ ကိုယ့်ရဲ့ ဘာသာစကားပါရမီ​ပေါ် မူတည်ပါတယ်။

- ထိုင်းသွားရ​တော့မှာမို့ ရက်များများနဲ့ မြန်မြန်သင်ချင်တယ်

S : သင်သ​မျှကို အလျင်မီ​အောင် ​ကိုယ့်ဖက်က ​ပြန်မှတ်နိုင် ၊ ကျက်နိုင်တာ ​၁၀၀% ​သေချာရင် သင်ပါ။ မတားပါဖူးရှင်။ Study Thai with SuSu မှာ​တော့ ၁ပတ်ကို ၂ရက်နှုန်းနဲ့ သင်​ပေး​နေပါတယ်။

ဒီ​အောက်ကလင့်က အရင်တစ်ခါက ဘာသာစကား​လေ့လာတာနဲ့ ပတ်သက်ပြီး အရှိအတိုင်းပြောထားတာ
https://www.facebook.com/108901377609960/posts/378440100656085/

​ဟောဒါက ဘာသာစကားသင်​နေပြီဆိုတဲ့လူဖတ်ရမှာ
https://m.facebook.com/story.php?story_fbid=175245377642226&id=108901377609960

ဒါက speaking classကိုရေးထားတာ
https://m.facebook.com/story.php?story_fbid=285920256574737&id=108901377609960

ဒီဆရာမက ဘုကလန့် ဂွစာ ဆိုပြီး အတန်းမတက်​တော့ပါဖူ မလုပ်နဲ့ဦး 🤭 စာသင်တဲ့ခါ စိတ်ရှည်ရှည်နဲ့ ​သေချာ​လေး သင်​ပေးပါတယ်။ ဒါက Study Thai with SuSu ရဲ့ သင်တန်း​တွေအ​ကြောင်း​နော်။
https://www.facebook.com/108901377609960/posts/513104003856360/


ထိုင်းစာ စိတ်ဝင်စားပြီး အ​ခြေခံက​နေ စနစ်တကျ သင်ချင်သူ​တွေ အတွက် Study Thai with SuSu ထိုင်းစာသင်တန်းမှာ - -  Thai 4 skil...
21/04/2022

ထိုင်းစာ စိတ်ဝင်စားပြီး အ​ခြေခံက​နေ စနစ်တကျ သင်ချင်သူ​တွေ အတွက် Study Thai with SuSu ထိုင်းစာသင်တန်းမှာ -

- Thai 4 skills class ( Basic, Lvl 1, Lvl 2 )
- ပေါ့​ပေါ့ပါးပါး​ class ( Lvl 1 , Lvl 2 ) ဆိုပြီး ရှိပါတယ် 😉

▪️ထိုင်းမှာ ​ကျောင်းသွားတက်မယ့်သူ ၊ ထိုင်းမှာ အလုပ်လုပ်မယ့်သူ ၊ အချိန်လည်း ပေးနိုင်တဲ့သူ ဆိုရင် 4skills class ​ကိုတတ်ပါ။

- basic အ​ကြောင်းအရာ သင်ခန်းစာ​တွေနဲ့ grammar တွေအပြင် အသံမှန်​စေဖို့ ထိုင်း​မူလတန်း text book ကိုပါသုံးပြီး အသံ​လေ့ကျင့်​ပေးပါတယ်။

- 4skills basic က ကြာချိန် ၂ လခွဲ ပါ။

▪️ထိုင်းကို urgent သွားရမယ့်သူ ၊ ထိုင်း​ရောက်​နေပြီး communication ခက်​နေတဲ့သူ ဆိုရင်​တော့ ပေါ့​ပေါ့ပါးပါး class ( P4 class ) ကိုတက်ပါ။

- ထိုင်း​ရောက်ရင် အသုံးပြုနိုင်ဖို့ လိုအပ်တဲ့ basic အ​ကြောင်းအရာ​တွေ ၊ usage ​တွေကို အဓိကထားပြီးသင်ပါတယ်။ ဒီအတန်းမှာလည်း lv2 မှာ ထိုင်း​မူလတန်း text book ကိုပါသုံးပြီးအသံ​လေ့ကျင့်​ပေးပါတယ်။

- ကြာချိန်က​တော့ P4 lv1 က ၁လ ၊ P4 lv2 က ၁လခွဲ ပါ။

အ​ပေါ်က အတန်း ၂ခုလုံးက စာကို​တော့​​သေ​သေချာချာ အချိန်​ပေးပြီး လိုက်လုပ်နိုင်ဖို့ လိုအပ်ပါတယ်။ 4skills ​ရော P4 ​ရောက basic ကစသင်တာချည်းပါပဲ။

▪️ဘယ်လို​တွေသင်​ပေးမှာလည်းဆို​တော့
https://www.facebook.com/108901377609960/posts/298909368609159/

▪️ဆုဆုရဲ့ သင်တန်းက Online class ဆိုပြီး ပြီးပြီး​ရော ဂျင်းသင်တန်း မဟုတ်ပါဖူး​။ ​သေချာ အချိန်​ပေးပြီး live ( face to face ) သင်​ပေးတာပါ။ သင်တန်းသား​ဟောင်း​တွေရဲ့ review ​တွေကိုဖတ်နိုင်ပါတယ်။
https://www.facebook.com/108901377609960/posts/363802212119874/

▪️သင်တန်းအ​သေးစိတ်နဲ့ သင်တန်း fees တွေကို page messenger က​နေ စုံစမ်း​မေးမြန်းနိုင်ပါတယ်😉

​​နောက်တစ်ခုအ​နေနဲ့ ဘာသာစကားရဲ့သ​ဘောကအမြဲမပြတ်​လေ့လာ​နေမှတိုးတက်​တာပါ။ တစ်ခါသင် တစ်သက်လုံးပြီး မဟုတ်ပါဖူး​​နော်။ ဘယ်နှလအပြတ်ဆိုတာလည်း တကယ်မပြတ်နိုင်ပါဖူး။ သင်ကြားပုံအပြင် သင်တန်းသားရဲ့ကြိုးစားမှု၊ ဘာသာစကားပါရမီ​တွေကအ​ရေးပါပါတယ်။
https://m.facebook.com/story.php?story_fbid=175245377642226&id=108901377609960


Edit : လူပြည့်သွားပါပြီရှင်ဆဝပ်ဒီးနခ ဆုဆုရဲ့ Free Class လာပါပြီ 💁🏻‍♀️ Basic အဓိကအ​ကြောင်းအရာ​တွေကို ​ကျေ​ကျေညက်ညက် ဖြစ်သ...
21/04/2022

Edit : လူပြည့်သွားပါပြီရှင်

ဆဝပ်ဒီးနခ ဆုဆုရဲ့ Free Class လာပါပြီ 💁🏻‍♀️

Basic အဓိကအ​ကြောင်းအရာ​တွေကို ​ကျေ​ကျေညက်ညက် ဖြစ်သွား​စေဖို့ ရည်ရွယ်ပြီး ဒီ class ကို သင်​ပေးတာပါ။ ဒီအ​ကြောင်းအရာ​တွေသာ ​ကျေညက်ရင် ရှေ့​​လျှောက် ကိုယ့်ပါကိုယ် ဆက်​​လေ့လာရင် ​တော်​တော်ကိုအဆင်​ပြေပါလိမ့်မယ်။ ဒီ class မှာ အသံပိုင်းဆိုင်ရာ သင်ခန်းစာတွေ​တော့ မပါ​ ပါဖူး။

ဒီ free class မှာ -
1. ဗျည်း ၄၄ လုံး
2. သရ ၃၂ လုံး
3. ဗျည်းတွဲ
4. အသတ် ၈ မျိုး
5. Basic verbs 50 words သင်​ပေးပါမယ်။

လူဦး​ရေကန့်သတ်ထားတာမို့လို့ စာတကယ်​ကျေညက်ချင်တဲ့သူ ၊ စာတကယ်လိုက်လုပ်နိုင်မယ့်သူ သာ join ဖို့ အကြံပြုပါတယ်။ စာ​မေးလို့ရ​အောင် telegram gp လုပ်​ပေးထားပါမယ်။ attendance ကောက်မှာဖြစ်သလို သတ်မှတ်ရက်မှာ အိမ်စာ မထပ်ရင်​​တော့ telegram gp ထဲက remove ပါမယ်။

zoom class ပါ။ zoom recording ​တော့ မရှိပါဖူး။ အတန်းချိန်က​တော့ အားလုံးအဆင်​ပြေ​အောင် ရုံးချိန်လွတ် အချိန် ဖယ်ထားပါတယ်။

​​​သင်တန်းအ​သေးစိတ်က​တော့ -
သင်တန်းရက် - ​​သောကြာ​နေ့တိုင်း ( 29.4.22 စပါမယ် )
သင်တန်းချိန် - ည ၇ - ၇:၃၀ ( မြန်မာအချိန် )
သင်တန်းကာလ - ၄ ပတ်

အ​ပေါ်မှာ ​ပြောခဲ့သလို စာတကယ်လိုက်လုပ်နိုင်မယ် ၊ သတ်မှတ်ရက်မှာ အိမ်စာ ထပ်နိုင်မယ် ဆိုရင် Study Thai with SuSu page chat box မှာ
တက်မယ့်သူရဲ့ နာမည် ၊ telegram acc name ၊ zoom user name ၊ ဖုန်းနံပါတ်​ ​တွေကို freeclass01 ဆိုပြီး တစ်ပါတည်း ပို့​ပေးထားပါ။ acc တစ်ခုတည်းက​နေ လူတွေ အများကြီး စာရင်း​ပေးတာ လက်မခံပါဖူး။

ဗျည်း၊ သရ ​ရေးပုံ​ရေးနည်း​တွေက သင်တဲ့အခါ အ​သေးစိတ်ရေးပြမှာ ဖြစ်ပါတယ်။ ဗျည်း၊သရ လက်​ရေးကျင့်စာအုပ် ( ၅၀၀၀ ကျပ် ) ကို ဝယ်ချင်တယ်ဆိုရင် စာရင်းလာ​ပေးတဲ့အခါ တစ်ခါတည်း ​ပြော​ပေးပါ။


ကိုယ့်ကိုယ်ကိုယ် ထိုင်းလို ဘယ်လို သုံးမလဲ ?- ​​" ဖုမ် " [ ผม ]  >> ယောကျာ်း​လေး​-  " ဒီချန်း " [ ดิฉัน ]  >> မိန်းက​လေး​...
30/03/2022

ကိုယ့်ကိုယ်ကိုယ် ထိုင်းလို ဘယ်လို သုံးမလဲ ?

- ​​" ဖုမ် " [ ผม ] >> ယောကျာ်း​လေး​

- " ဒီချန်း " [ ดิฉัน ] >> မိန်းက​လေး​

ဒီအသုံးနှစ်ခုက​​တော့ gender ကိုမူတည်ပြီး ခွဲသုံးတာပါ။ ဒီအသုံး​​တွေက ယဥ်​ကျေးပြီး​​တော့ ဘယ်အရွယ်နဲ့ မဆို သုံးလို့ရပါတယ်​။

- " ချန်း " [ ฉัน ]

- " ​ရောင် " [ เรา ]

ဒီအသုံးနှစ်ခုက​​တော့ gender မခွဲပါဖူး​။ ​speaker ​ရော listener ​ရောက ရွယ်တူ သူငယ်ချင်း ၊ အသိမိတ်​ဆွေ ​၊ လုပ်​​ဖော်ကိုင်ဖက်တွေဆို သုံးနိုင်ပါတယ်။
** ကိုယ့်ထက် အသက်ကြီးသူ ၊ အလုပ်ရာထူးကြီးသူ​​တွေနဲ့တော့ မသုံးသင့်ပါဖူး။ **

- " ဖိ " [ พี่ ] >> listener ထက် အသက်ကြီးရင်

- " ​နောန်းင် " [ น้อง ] >> listener ထက် အသက်ငယ်ရင်

ဒီအသုံးနှစ်ခုက​​လည်း gender မခွဲပါဖူး​။ speaker ​ရော listener ​ရောက ရင်းနှီးတဲ့ အသိမိတ်​ဆွေ ၊ လုပ်​​ဖော်ကိုင်ဖက် တွေဆို သုံးနိုင်ပါတယ်။

- ကိုယ့်နာမည်ကို ထည့်ပြီး သုံးလည်း ရပါတယ်။

- " ကူး " [ กู ]

ဒါက​​​တော့ မယဥ်​ကျေးဖူး လို့ သတ်မှတ်ကြပါတယ်။gender မခွဲပါဖူး​။ speaker ​ရော listener ​ရောက close friend ​တွေ​လောက်မှပဲ သုံးသင့်ပါတယ်။

ကိုယ်​လေ့လာကြည့်ပြီး အကျိုးရှိသွားတယ်ဆိုရင် ထိုင်းစာ​လေ့လာ​နေတဲ့ ကိုယ့်သူငယ်ချင်းတွေလည်းသိရအောင် share ပေးလိုက်ပါဦး​နော် 😉

ထိုင်းစာနဲ့ ပတ်သက်တဲ့ လေ့လာစရာအကြောင်းအရာတွေ ကို ​မပြတ်တင်ပေးသွားဖို့ အစီအစဥ်ရှိတာ​ကြောင့် Study Thai with SuSu page ကို ​​Like & Follow လုပ်ဖို့ မမေ့နဲ့ဦးနော် 😁

🔊 အသံထွက်​သေချာသိရဖို့ ထိုင်းစကားလုံး​​တွေ comment မှာ​ရေးထား​ပေးပါမယ် 😉


မီးလာပြီ ! မီးပြတ်သွားပြီ ​! ဒါ​တွေကို ထိုင်းလို ဘယ်လိုသုံးမလဲ ဆုဆု ဒီ​နေ့​ပြောပြပါမယ်။ပထမဆုံးအ​နေနဲ့ " မီး " ကို  " ဖို...
10/03/2022

မီးလာပြီ ! မီးပြတ်သွားပြီ ​! ဒါ​တွေကို ထိုင်းလို ဘယ်လိုသုံးမလဲ ဆုဆု ဒီ​နေ့​ပြောပြပါမယ်။

ပထမဆုံးအ​နေနဲ့ " မီး " ကို " ဖိုင် " [ ไฟ ]
( ဖ -အစား f သံ နဲ့ ထွက်ပါ ) လို့ ​ပြောပါတယ်။

" မီးပြတ်တယ် " ကို " ဖိုင်ဒပ် " [ ไฟดับ ]

" မီးပြတ်သွားပြီ " ကို " ဖိုင်ဒပ်လဲဝို့ " [ ไฟดับแล้ว ]

" မီးထပ်/ပြန်ပြတ်တယ် " ကို " ဖိုင်ဒပ်​သော် " [ ไฟดับต่อ ]

" မီးလာတယ် " ကို " ဖိုင်မား " [ ไฟมา ]

" မီးပြန်လာပြီ " ကို " ဖိုင်မားလဲဝို့ " [ ไฟมาแล้ว] စသည်ဖြင့် သုံးနိုင်ပါတယ်​။

ကိုယ်​လေ့လာကြည့်ပြီး အကျိုးရှိသွားတယ်ဆိုရင် ထိုင်းစာ​လေ့လာ​နေတဲ့ ကိုယ့်သူငယ်ချင်းတွေလည်းသိရအောင် share ပေးလိုက်ပါဦး​နော် 😉

ထိုင်းစာနဲ့ ပတ်သက်တဲ့ လေ့လာစရာအကြောင်းအရာတွေ ကို ​မပြတ်တင်ပေးသွားဖို့ အစီအစဥ်ရှိတာ​ကြောင့် Study Thai with SuSu page ကို ​​Like & Follow လုပ်ဖို့ မမေ့နဲ့ဦးနော် 😁

🔊 အသံထွက်​သေချာသိရဖို့ ထိုင်းစကားလုံး​​တွေ comment မှာ​ရေးထား​ပေးပါမယ် 😉


အာဂျန် ? အားချန် ? အာကျန် ? ဒါ​တွေက ဆရာ ( သို့ )ဆရာမ ကို ထိုင်းလို ​ခေါ် ကြတာပါ။ ဘယ် အသံထွက်က အမှန် ဆိုတာကို ဆက်​ပြောပြမ...
02/03/2022

အာဂျန် ? အားချန် ? အာကျန် ?

ဒါ​တွေက ဆရာ ( သို့ )ဆရာမ ကို ထိုင်းလို ​ခေါ် ကြတာပါ။ ဘယ် အသံထွက်က အမှန် ဆိုတာကို ဆက်​ပြောပြမယ်​နော်။

ပထမဆုံးအ​နေနဲ့​ပြောချင်တာက ထိုင်းဘာသာစကားမှာ
" ဂျ " ဆိုတဲ့ ဗျည်းက ရှိကို မရှိပါဖူး။ ဒါ​ကြောင့်မို့လို့
" အာဂျန် " ဆိုတာ အမှားပါ။ ❌️

" ဆရာ ( သို့ ) ဆရာမ " ကို ထိုင်းလို ​" อาจารย์ " လို့​ စာလုံးပေါင်းပါတယ်။

စာလုံး​ပေါင်းထဲမှာ ဗျည်းဆိုလို့ " အ " နဲ့ " ကျ " ပဲ ပါ ပါတယ်။ ဒါ​ကြောင့်မို့လို့ " အားချန် " ဆိုတာလည်းအမှားပါ။ ❌️

ဆရာ ( သို့ )ဆရာမ [ อาจารย์ ] ကို မြန်မာစာလုံးနဲ့ ​ရေးမယ်ဆိုရင် " အားကျားန် " ပါ။ ✅️

တချို့​တွေ သုံး​​နေကြတာ " အာကျန် " ပါ။ ဒါက အဆင်​ပြေပါတယ်။ " အားကျန် ၊ အာကျာန် " ဆိုရင်လည်း အဆင်​ပြေပါ​တယ်။ 👌🏻

ခု​နောက်ပိုင်း ​ထိုင်းစာလုံး​​တွေ သုံးလာတဲ့သူ ​တော်​​တော်များများကို​တွေ့ရပါတယ်။ ထိုင်းဇာတ်လမ်း​တွေ ကြည့်တာက​နေလိုက်​ပြောကြတဲ့သူ​​တွေက အသံထွက်လွဲ​ပြောတာ ၊ အသံဆင်တာ​ပြောမိတာ ကိစ္စမရှိ​ပေမယ့် ထိုင်းစာသင်ထားတဲ့သူ​တွေက​တော့ အသံထွက်​ကို ဂရုစိုက်ပြီး အသံထွက်ဖို့လိုပါတယ်။ ခဏ ခဏ ဆိုသလို ​တွေ့​မိနေတာ​ကြောင့်မို့ အသုံးမှန်ဖြစ်​စေဖို့ ​ရေးလိုက်ရပါတယ်။


ကိုယ့်​ကျောင်းသား​​​တချို့ရဲ့ organic review ​အသစ်လေး​​တွေ 😁 ​Study Thai with SuSu သင်တန်းမှာသင်တန်းသား​တွေအတွက် နားလည်လ...
11/02/2022

ကိုယ့်​ကျောင်းသား​​​တချို့ရဲ့ organic review ​အသစ်လေး​​တွေ 😁 ​Study Thai with SuSu သင်တန်းမှာသင်တန်းသား​တွေအတွက် နားလည်လွယ်ပြီး လက်​တွေ့ အသုံးချနိုင်မယ့် သင်ခန်းစာ​​တွေကို အာကျန်ဆုဆု ကိုယ်တိုင် သေချာ​​လေး အချိန်​ပေးပြီး သင်​ပေး​နေပါတယ်။ ​

အာကျန့်ဖက်ကလည်း အတန်းတိုင်းကို ​သေချာသင်​ပေး​ပါမယ်။ ကျောင်းသား​တွေ အ​နေနဲ့ကလည်း စာကို အချိန်​ပေး ​သေချာလိုက်လုပ်၊ အိမ်စာထပ်ရပါမယ်​။
အဲ့ဒါမှပဲ တကယ် အကျိုးရှိနိုင်မှာပါ​နော်။

Study Thai with SuSu မှာတက်နိုင်တဲ့ အတန်း​​တွေ
အ​ကြောင်းပါ။ https://www.facebook.com/108901377609960/posts/278972810602815/

page messenger မှာ ကိုယ်နဲ့ အဆင်​ပြေနိုင်မယ့် သင်တန်းအ​ကြောင်းကို လာ​ဆွေး​​နွေးချင်လည်းရပါတယ်။ page admin နဲ့မဟုတ်ပဲ အာကျန်ကိုယ်တိုင် ​​​သေချာ အကြံ​ပေးမှာပါ။ 🤓

ဒါက​​တော့ Study Thai with SuSu ရဲ့ organic review ​ပေါင်းချုပ်ပါ 😁
https://m.facebook.com/story.php?story_fbid=363802212119874&id=108901377609960


ဒီအတန်းမှာ special discount offer ရှိပါတယ်။  ဒီအတန်းပြီးရင် p4 lv 1 ဝိုင်းအတန်းကို june လ​​လောက်မှ အ​စောဆုံးပြန်ဖွင့်ဖြစ...
18/01/2022

ဒီအတန်းမှာ special discount offer ရှိပါတယ်။
ဒီအတန်းပြီးရင် p4 lv 1 ဝိုင်းအတန်းကို june လ​​လောက်မှ အ​စောဆုံးပြန်ဖွင့်ဖြစ်မှာပါ။ ဝိုင်းသင်တန်း​ကြေးနဲ့တက်ချင်ရင် ဒီအတန်းကို join ကြပါရှင်။
Promo offer က​တော့ ဒီအတန်းကို သူငယ်ချင်း ၂​ယောက်အတူတူလာအပ်မယ်ဆိုရင်​ ၂​ယောက်​ပေါင်းသင်တန်း​ကြေးရဲ့ 10% off discount ကို ရပါမယ်။

Jan လကုန်မှာ P4 Lv-1 class ဖွင့်ဖို့ရှိပါတယ်​နော် 😁
ဒီတစ်​ခေါက်အတန်းမှာ special offer တစ်ခု​ပေးထားပါတယ်။ဘာလို့ဆို​​တော့ ဒီတစ်ခါဝိုင်းအတန်းပြီးရင် ​နောက် ၅လ​​လောက်​နေမှ ဒီလိုဝိုင်းအတန်းကိုထပ်ဖွင့်ဖြစ်မှာမို့ပါ။

Promo offer က​တော့ -
ဒီအတန်းကို သူငယ်ချင်း ၂​ယောက်အတူတူလာအပ်မယ်ဆိုရင်​ ၂​ယောက်​ပေါင်းသင်တန်း​ကြေးရဲ့ 10% off discount ကို ရပါမယ်။

ဒီ P4 lv - 1 class က အဓိက အ​ရေးကြီးတာ​တွေကိုပဲ ဦးစား​ပေးပြီး သင်မယ့် course ပါ။ ဘာ​​တွေသင်​ပေးမှာလဲဆို​တော့ -

- Greeting & Making Friends
( ဒီအပိုင်း​​သေချာ​ပြောတတ်ရင် လူသစ်​တွေနဲ့​​တွေ့တဲ့အခါ ​ကြောင်မသွားပဲ wow ဖြစ်​သွားနိုင်တယ်၊ fan meeting ​တွေမှာဆိုလည်း idol ကို အပြတ်ကြူးလို့ရတယ် x) )

- နာမ်စား​
( ဒါလည်းအ​ရေးပါတယ်​ရယ်။ တချို့ဆို ​ယောကျာ်း​လေး၊ ​မိန်းက​လေး အသုံး​​တွေလွဲ​နေတာ​​တွေ ​တွေ့မိတယ် )

- Food & Taste
( အ​ရေးအပါဆုံးပဲ 😆 စားချင်တာ​လေး မ​ပြောတတ်လိုက်လို့တို့ ​၊ မှာတာ လွဲသွားတာတို့ ၊ မစားတာ မကြိုက်တာ​တွေ ပါမလာ​​အောင်တို့ ​ပေါ့ )

- Family
( မိသားစု အ​ခေါ်​အ​ဝေါ်​တွေအပြင် ဘယ်အရွယ် ဘယ်သူ​တွေကို​တော့ ဘယ်လို​ခေါ်သင့်တယ် သုံးတတ်​အောင်လို့ )

- Question words
( ​သူတို့​ပြောတာ မြန််တယ်မလား ဒါ​လေး​တွေနဲ့ ပြန်​မေးပြိုက် 🤭 )

- Colors
( ဟိုအ​ရောင်​လေးလိုချင်တာ ဒီအ​ရောင်​လေးကြိုက်တာ 🤪 )

- Numbers
( ​စျေးဝယ်ရင် ​​​အတွက်အချက်မမှား​တော့ဘူး )

- Days
( ဆိုင်က ဘယ်​နေ့ပိတ်တယ် ဖွင့်တယ် အပြင် အလုပ်နဲ့ ပတ်သက်ပြီး date ​တွေ မလွဲဖို့ )

- Basic verbs
( verb ​တွေသိရင် ​အ​တော်ခရီး​ပေါက်ပါတယ်​နော် လက်ဟန်​ခြေဟန် ​တွေမပါနဲ့ မပါနဲ့ 😁 )

- Basic grammar patterns
( ​နောက်ပိုင်းဆက်​လေ့လာရင် အသုံးချနိုင်ဖို့ )

- Basic usages
( ​စကား​ပြောရင် စာအတိုင်းကြီးပဲ ​ပြောရင် ​ထောင့်​ထောင့်ကြီး​လေ သူတို့​သုံးသလို လိုက်သုံးမယ် 😎 )

ပြီး​​တော့ -
အ​ရေးပိုင်း အ​​ခြေခံဖြစ်တဲ့ ဗျည်း ၊ သရ ၊ ဗျည်းတွဲ ​တွေကို သင်​ပေးမှာပါ။

ဒီအတန်းက အ​​ပြော​တွေ​တော့များလိမ့်မယ်။ ခုမှအ​ရေးပိုင်းကစသင်​​တာဆို​တော့​လေ။ အသံထွက်တိကျဖို့ စာအုပ်ထဲမှာ​ phonetic ရော မြန်မာအသံထွက်ကို​​​ရော​ ​​ရေး​ပေးထားပါတယ်။ ဆရာမက အခါခါ အသံချ​ပေးပြီး ​ကျောင်းသားမှန်တဲ့ထိ အသံချ​ပေးမှာဆို​တော့ မမှန်မှာ မပူပါနဲ့ 😇

အ​ရေးပိုင်းအတွက်​တော့ သင်တန်းစာအုပ်ထဲမှာ ထိုင်း ဗျည်း ၊ သရ ​ရေးပုံ​ရေးနည်းအ​သေးစိတ် စာအုပ်​လေး ​ပါပါတယ်။ မ​ရေးတတ်လည်း ဆရာမက ​ရေးပြတာကို
ကြည့်လို့ရ​သေးတယ်။

လိုက်နာရမှာ​တော့ရှိပါတယ်။
အတန်းတက်တဲ့အခါ Camera အမြဲ on ထားရပါမယ်။ စာရှင်း​နေချိန်မှာ microphone ​တော့ ပိတ်ထား​ရပါမယ်။ ကိုယ်​​လေ့ကျင့်ရမယ့်အလှည့်​ရောက်မှ on ရမှာပါ။ ဒါက သင်တန်းသားတိုင်း မဖြစ်မ​​နေလိုက်နာရမယ့် စည်းကမ်းပါ။

သင်မယ့်ဆရာမက အာကျန်ဆုဆုပါ။ ​ကျောင်းသား​တွေနဲ့ပတ်သက်ရင် ​တော်​တော်ကို စိတ်ရှည်ပါတယ် 🤓 ​အချိန်တိကျပါတယ်။ ကျောင်းသား​တွေအ​နေနဲ့ ရှိန်​နေမှာမဟုတ်ပဲ ရင်းရင်းနှီးနှီးနဲ့ စာသင်ရင်းအချိန်က ကုန်မှန်းမသိ ကုန်သွားမှာပါ။ ဆရာမက တစ်ခု​တော့ရှိပါတယ်။
စာ အရမ်း (အရမ်း) မေးပါတယ်။ 😆

​သင်တန်းသား​တွေ စာတကယ် တတ် မတတ်ကိုလည်း page ရဲ့ review bar မှာလေ့လာနိုင်ပါတယ်။
https://www.facebook.com/108901377609960/posts/363802212119874/

ဒီအထိဖတ်ပြီးသွားလို့ စိတ်ဝင်စားသွားပြီဆိုရင် သင်တန်းအ​သေးစိတ်က ဒီ link မှာပါ
https://www.facebook.com/108901377609960/posts/450850646748363/


Address

Yangon

Opening Hours

Monday 09:30 - 19:00
Tuesday 09:30 - 19:00
Wednesday 09:30 - 19:00
Thursday 09:30 - 19:00
Friday 09:30 - 19:00
Saturday 09:30 - 19:00

Website

Alerts

Be the first to know and let us send you an email when Study Thai with SuSu posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Study Thai with SuSu:

Shortcuts

Share