TAKA Japanese Language School

TAKA Japanese Language School အထိရောက်ဆုံး လူဦးရေ အကန့်အသတ်နှင့် ဂျပန်စာ အပြင်သင်တန်း

05/03/2024

TAKA Japanese Language School မှပြန်လည်ကြိုဆိုလိုက်ပါတယ်🤭😆

"အိမ်မက်တွေ လမ်းပျောက်နေပြီလား "ကိုယ့်ရဲ့အိပ်မက် ဂျပန်မြေကိုအရောက်သွားဖို့ဘယ်ကနေဘယ်လိုစရမှန်းမသိတော့ဘူး လမ်းပျောက်နေပြီလ...
18/02/2024

"အိမ်မက်တွေ လမ်းပျောက်နေပြီလား "

ကိုယ့်ရဲ့အိပ်မက် ဂျပန်မြေကိုအရောက်သွားဖို့ဘယ်ကနေဘယ်လိုစရမှန်းမသိတော့ဘူး လမ်းပျောက်နေပြီလို့ခံစားရရင် အချိန်၁မိနစ်လောက်ပေးပြီး ခေါင်းထဲက မေးခွန်းတွေအများကြီးကို ချရေးထားကြည့်ပါ။

ပထမဆုံးအနေနဲ့ ___

အိပ်မက်တွေဆီလျှောက်ဖို့လမ်းတွေကသိပ်ဝေးလွန်းတယ်လို့ထင်ရတဲ့အခါမှာ

ဘာကြောင့်ဒီအိပ်မက်ကိုစပြီးမက်ခဲ့လဲဆိုတာကို ပြန်စဥ်းစားလိုက်ပါ။

❤မိဘတွေကိုပိုက်ဆံအများကြီးရှာပေးချင်တယ်
❤ဂျပန်ပြည်ကိုသွားချင်တယ်
❤ ငွေတွေရှာပြီးပြန်လာရင်ချစ်သူနဲ့လက်ထပ်မယ်

ဒီလိုအိမ်မက်မျိုးစုံပေါ့နော် ❤

တွေ့ဆုံချင်တဲ့သူတွေ ဖြစ်ချင်တဲ့စိတ်ကူးတွေကိုတွေးကြည့်ရုံနဲ့တင်ပျော်စရာပဲမလား😍

ဒါဆို အိပ်မက်ကိုအဆုံးထိဆက်မက်ရမှာပေါ့😉

ပျောက်နေတဲ့လမ်း ကျနေတဲ့စိတ်တွေကိုခဏလောက်အနားယူပြီးရင်ရအောင်ပြန်ထရမယ်နော်💪

✅ အချိန် နဲ့ အရွယ် ဆိုတာအစားထိုးမရတဲ့ အရာတွေပါ

ဒီတော့ လုံး၀အချိန် မ ဖြုန်းပါနဲ့ ☝️

အရွယ်ရှိတုန်းမှာ ကြိုးစားအားထုတ်ပါ 💪💪

🤔ဂျပန်စကားကိုသေချာပြောတတ်ချင်လား?
🤔ဂျပန်မှာပဲအလုပ်လုပ်ချင်တာလား ?
🤔အလုပ်အင်တာဗျူးတွေကို စိတ်ချရတဲ့ အေဂျင်စီကနေ Interviewဖြေဆိုချင်လား?
🤔သင်တန်းတက်ပြီး ဘာမှမထိရောက်ဘူးလို့ စိတ်ပူနေလား ?
🤔သင်တန်းကိုဘယ်ကနေဘယ်လို တက်ရမှန်းမသိဖြစ်နေလား?
🤔သင်တန်းကြေးကရောများလား?

အားလုံးရဲ့ ..... လား.....???? ပေါင်းများစွာသောမေးခွန်းတွေကို ဖြေကြားပေးဖို့အတွက် 😊

📞09 785556296
📞09 783336296

ဒီနံပါတ်လေးတွေကိုသာ အခုပဲ ဆက်သွယ်လိုက်တော့နော်...

စိတ်ရှည်လက်ရှည်နဲ့ရှင်းပြပေးဖို့ Minasanတို့အတွက် Takaက အသင့်ရှိနေပါတယ်❤



#ဂျပန်သွားမယ် #ဂျပန်စာသင်တန်း

ဂျပန်ကိုသွားရင် ဘယ်လိုအခက်အခဲတွေကြုံလာနိုင်လဲ ?ဒါကလည်း ကြိုပြီးတော့ တွေးထားစရာပဲလေ နော်...ကြုံတွေ့ရမှာတွေအကုန်လုံးကပန်းခ...
14/02/2024

ဂျပန်ကိုသွားရင် ဘယ်လိုအခက်အခဲတွေကြုံလာနိုင်လဲ ?

ဒါကလည်း ကြိုပြီးတော့ တွေးထားစရာပဲလေ နော်...

ကြုံတွေ့ရမှာတွေအကုန်လုံးကပန်းခင်းလမ်းကြီးပဲမဟုတ်ဘူးဆိုတော့ မသွားခင်ကတည်းကစိတ်ဓာတ်ခွန်အားကို အရင်မွေးမြူထားပါ💪💪

အများဆုံးကြုံတွေ့ကြတဲ့အခက်အခဲကတော့
၁။ဘာသာစကား
သင်တန်းတွေမှာရေး၊ဖတ်၊ပြော ဒါတွေကိုသေသေချာချာလေးသင်ကြားသွားသင့်ပါတယ်နော်။ မဟုတ်ရင် တစ်ယောက်ထဲပျင်းစရာကြီးဖြစ်နေမယ်။ နောက်ပြီးနေမကောင်းဖြစ်လို့ ဆေးသောက်မယ့်အခါဆေးတွေကိုသေချာမဖတ်တတ်ဘူးဆိုရင်လည်း လွဲကုန်မယ်လေနော်။ ဘယ်လိုပဲဖြစ်ဖြစ် ဂျပန်ဘာသာစကားကိုတော့ သေချာပြောတတ်အောင်လေ့ကျင့်သွားပါနော်။

၂။အစားအသောက်
မြန်မာအစားအစာကိုပဲစားနေကြဖြစ်လို့ ဂျပန်ကအစားအစာတွေကို ချက်ခြင်းကြီးပြောင်းစားရတဲ့အခါမှာ မြန်မာပါးစပ်နဲ့ ခံတွင်းမတွေ့တာမျိုးတွေကြုံရတတ်ပါတယ်။ ဒါကြောင့် ကိုယ်ကြိုက်တတ်မယ့် သယ်ရလွယ်ကူမယ့်အခြောက်အခြမ်းလေးတွေကို ကြိုပြီးပြင်ဆင်ထားသင့်ပါတယ်။ ထမင်းဟင်းချက်တတ်အောင်လည်း သင်အုန်းနော်။ ဂျပန်မှာ မြန်မာဆိုင်လေးတွေလည်းရှိပေမယ့် ကိုယ်တိုင်ချက်စားတော့ ကုန်ကျစရိတ်သက်သာတာပေါ့။

၃။ကျန်းမာရေး
ကျန်းမာရေးပိုင်းကိုလည်းအထူးဂရုစိုက်သင့်တယ်နော်။အလုပ်တွေမှာ အလုပ်၀င်တာနဲ့ ကျန်းမာရေးအာမခံထားရှိပေးထားပေမယ့် ကိုယ်နေမကောင်းခဲ့ရင်သောက်နေကြဆေးတွေကို ထည့်သွားတာမျိုးကပိုအဆင်ပြေပါတယ်။ဂျပန်ကဆေးတွေကအရမ်းကောင်းပေမယ့် ကိုယ်ကဂျပန်ရောက်ခါစအခြေအနေမှာ ဆေးစာမဖတ်တတ်တာမျိုး...ဒီလိုတွေကြုံတွေ့နေရမှာစိုးလို့ ဆေးလေးတွေလည်းကြိုပြီးပြင်ဆင်သွားသင့်ပါတယ်နော်။

၄။ရာသီဉတု
သိတဲ့အတိုင်းပဲ ဂျပန်ဆိုတာက နှင်းတွေနဲ့ အရမ်းအေးတာလေ။ဒါမဲ့မပူပါနဲ့နော် အခန်းတိုင်းမှာ heater တွေနဲ့ ကိုယ်မှာနွေးစေမယ့် ကရိယာလေးတွေတပ်ပေးထားတော့ အဆင်ပြေပါတယ်။ အေးရင်အိပ်ယာကမထချင်ဘူးဆိုတဲ့သူတွေအတွက်တော့ အဆင်မပြေဘူးနော် 😁

၅။အိမ်လွမ်းသူ
အိမ်လွမ်းသူလေးတွေဆိုရင်တော့ ရောက်ခါစလောက်မှာ မအိပ်နိုင်မစားနိုင်လေးတွေဖြစ်တတ်ပါတယ်နော်။ ဒါပေမယ့် ဒီဘက်ခေတ်မှာက internet တွေရှိပြီး video call တွေပြောလို့ရနေတာဆိုတော့ အဲ့ဒါလေးတွေနဲ့အလွမ်းပြေပေါ့....

ကဲ... ဒါလေးတွေကတော့ ကိုယ်သွားရတော့မယ်ဆိုရင် မဖြစ်မနေကြုံတွေ့ကြရမှာဆိုတော့ စိတ်ကိုပြင်ဆင်ပြီးမှ သွားကြပါနော်...

လိုအပ်တဲ့အချက်အလက်တွေအကုန်လုံးကိုလည်း လေယာဉ်စီးတဲ့အခါမျိုးပဲဖြစ်ဖြစ် လေဆိပ်မှာပဲဖြစ်ဖြစ် မပျောက်အောင် မကျန်ခဲ့အောင်လည်းသေချာလေး ထိန်းသိမ်းကြပါနော်

အားလုံးပဲအဆင်ပြေကြပါစေရှင့်

မသိတာရှိရင်လည်းCb မှာလာမေးလို့ရပါတယ်ရှင့်😍

သင်တန်းအတွက်စုံစမ်းချင်တာဆိုရင်တော့
📞09 785556296
📞09 783336296

ဒီနံပါတ်လေးတွေကိုသာ အခုပဲ Helloလုပ်လိုက်ပါ။

စိတ်ရှည်လက်ရှည်နဲ့ရှင်းပြပေးဖို့အတွက် Minasanတို့အတွက် Takaက အသင့်ရှိနေပါတယ်ရှင့်❤



#ဂျပန်သွားမယ် #ဂျပန်စာသင်တန်း

🇯🇵 ဂျပန်နိုင်ငံသားဆရာကိုယ်တိုင်သင်ကြားပေးမယ့်အတန်းလေးကိုရှာနေပါသလား။ ဒါဆိုရင်တော့ အခုပဲ TAKA ကိုလှမ်းခဲ့လိုက်တော့နော်......
01/02/2024

🇯🇵 ဂျပန်နိုင်ငံသားဆရာကိုယ်တိုင်သင်ကြားပေးမယ့်အတန်းလေးကိုရှာနေပါသလား။ ဒါဆိုရင်တော့ အခုပဲ TAKA ကိုလှမ်းခဲ့လိုက်တော့နော်.....

TAKA ရဲ့ ပထမဆုံး ဂျပန်နိုင်ငံသားဆရာကိုယ်တိုင်သင်ကြားပေးမည့် class လေးကို မ​​ကြာခင်စတင်ဖွင့်လှစ်ပေးသွားမှာပဲဖြစ်ပါတယ်။

ဆရာက အရမ်းစိတ်ရှည်ပြီး အသင်အပြကောင်းတဲ့အပြင် ဂျပန်စာတင်သာမက ဂျပန်နိုင်ငံရဲ့အကြောင်းတွေကိုပါ ဗဟုသုတအဖြစ် ပြောပြပေးတတ်တာကြောင့် ဂျပန်ကိုသွားမယ့်လူတွေအတွက် အရမ်းကိုအထောက်အကူဖြစ်စေပါတယ်ရှင်✨

အတန်းချိန်လေးကတော့—

🗓 Saturday & Sunday

⏰ N5 Class - 10 to 12AM
N4 Class - 1 to 3PM ပဲဖြစ်ပါတယ်။

အတန်းတစ်တန်းကို လူ (၁၀)ဦးအထိသာလက်ခံပေးသွားမှာဖြစ်တဲ့အပြင် ရုံးချိန်လွတ်အတန်းလေးလဲဖြစ်တာကြောင့် အလုပ်တဖက်နဲ့ ဂျပန်အိမ်မက်တွေကိုအကောင်အထည်ဖော်ဖို့ TAKA ကိုသာလှမ်းခဲ့တော့နော်။

သင်တန်းစုံစမ်းချင်တယ်ဆိုရင်တော့_

☎ ဆက်သွယ်ရန်ဖုန်း – 09 785556296 /
09 783336296 သို့ဖြစ်စေ chat box သို့ဖြစ်စေ ​အသေးစိတ်ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်။


🌸ဂျပန်လို့ပြောလိုက်တာနဲ့ ကိုယ်တွေအတွေးထဲ ပထမဆုံးရောက်လာတာက အမြန်ဆုံးကျည်ဆံရထားတွေ ၊ နည်းပညာတွေ နဲ့ ဘေးကင်းလုံခြုံပြီးတော...
30/03/2023

🌸ဂျပန်လို့ပြောလိုက်တာနဲ့ ကိုယ်တွေအတွေးထဲ ပထမဆုံးရောက်လာတာက အမြန်ဆုံးကျည်ဆံရထားတွေ ၊ နည်းပညာတွေ နဲ့ ဘေးကင်းလုံခြုံပြီးတော့ သန့်ရှင်းသပ်ရပ်နေတဲ့ ပတ်၀န်းကျင်ပါ။

🌸ဆာကူရာပန်းတွေအများကြီးရှိတဲ့ ဂျပန်နိုင်ငံကို သွားချင်တယ် အဲ့ဒီမှာအလုပ်လုပ်ချင်တဲ့စိတ်ကူးရှိနေရင်တော့ နိုင်ငံတွေအများကြီးထဲကနေမှ ဘာကြောင့် ဂျပန်နိုင်ငံကိုရွေးသင့်လဲဆိုတဲ့ အကြောင်းပြချက် (၅)ချက်ကို ပြောပြပေးသွားမယ်နော်။

🌸1. သန့်ရှင်းပြီးဘေးကင်းတဲ့ ပတ်၀န်းကျင်
ဂျပန်နိုင်ငံက သန့်ရှင်းပြီး စနစ်တကျဖွဲ့စည်းထားတဲ့ ပတ်၀န်းကျင်တစ်ခုကိုရရှိစေနိုင်ပါတယ်။ဒါတွေက ဘ၀တိုးတက်ရေးထဲမှာလည်း တစ်စိတ်တစ်ပိုင်းပါ၀င်တယ်နော်။နောက်ပြီး ဂျပန်နိုင်ငံသားတွေက သဟဇာတရှိပြီးတော့ ခိုက်ရန်ဖြစ်ပွားတာမျိုးကို တတ်နိုင်သရွေ့ရှောင်ကြပါတယ်။တစ်စုံတရာ ဖြစ်တာနဲ့ အကူညီပေးမယ့် ရဲ၀န်ထမ်းတွေကလည်း အမြဲတမ်းရှိတဲ့အတွက်ကြောင့်လုံခြုံပါတယ်။

🌸2. Job Security
ကုမ္ပဏီတွေမှာ အလုပ်ထုတ်ပစ်ဖို့ အကြောင်းပြချက် ရှင်းရှင်းလင်းလင်းမရှိဘဲ ဝန်ထမ်းတွေကို အလုပ်ထုတ်ဖို့ အလွန်ခက်ခဲပါတယ်။ကိုယ်နဲ့အဆင်ပြေရင်ပြေသလောက် နှစ်ရှည်လက်တွဲကြတာများပါတယ်။

🌸3. ကျန်းမာရေးအာမခံ
ဂျပန်ကုမ္ပဏီအများအပြားက လုပ်ငန်းခွင်စာချုပ်နဲ့ ကျန်းမာရေးအာမခံကို ပေးဆောင်တတ်ကြပါတယ်။အာမခံ ကုမ္ပဏီကို မူတည်ပြီးတော့ အကျိုးခံစားခွင့်ကတော့ အနည်းနဲ့အများတော့ ပြောင်းလဲနိုင်တာပေါ့နော်။

🌸4.ပျော်စရာကောင်းပါတယ်
သေချာတာ တစ်ခုကတော့ ဂျပန်နိုင်ငံမှာ လည်ပတ်စရာကောင်းတဲ့ ပျော်စရာနေရာတွေအများကြီးရှိပါတယ်။

🌸5.အခွင့်အလမ်း
နောက်ဆုံးအနေနဲ့ ဂျပန်မှာအလုပ်သွားလုပ်သင့်တဲ့ အကြောင်းပြချက်တစ်ခုကတော့ နိုင်ငံရပ်ခြားအလုပ်သမားတွေကိုပေးအပ်တဲ့ အခွင့်အလမ်းတွေပါ။လစာလည်းကောင်းကြပါတယ်။ အဓိကက ရွေးချယ်ပေးလိုက်တဲ့လမ်းကြောင်းကမှန်နေဖို့က အဓိကပါ ။ဒါ​ကြောင့်ရွေးချယ်တဲ့ ကျောင်း နဲ့ အေဂျင်စီ မမှားဖို့ကလည်း အရေးကြီးပါတယ်။

ဒါတွေကတော့ ဂျပန်နိုင်ငံမှာ ဘာကြောင့် အလုပ်သွားလုပ်သင့်တယ်ဆိုတဲ့ အချက်(၅)ချက်ပါ။

သင်တန်းအတွက်စုံစမ်းချင်တာဆိုရင်တော့
📞09 785556296
📞09 783336296

ဒီနံပါတ်လေးတွေကိုသာ အခုပဲ Helloလုပ်လိုက်ပါ။

စိတ်ရှည်လက်ရှည်နဲ့ရှင်းပြပေးဖို့အတွက် Minasanတို့အတွက် Takaက အသင့်ရှိနေပါတယ်ရှင့်❤

လိပ်စာ🏠 - တိုက်အမှတ် 14/17, အခန်းအမှတ် B2, ကမာကြည်လမ်း, သင်္ကန်းကျွန်း။



#ဂျပန်သွားမယ် #ဂျပန်စာသင်တန်း

𝐓𝐫𝐚𝐢𝐧𝐢𝐧𝐠 𝐕𝐢𝐬𝐚 🆚 𝐓𝐨𝐤𝐮𝐭𝐞𝐢 𝐆𝐢𝐧𝐨𝐮 𝐕𝐢𝐬𝐚Sakura မြေမှာအလုပ်လုပ်မယ့်အိမ်မက်အတွက် ဘယ်လို Visa ကိုရွေးချယ်ရမလဲစဉ်းစားရခက်နေတုန်းလာ...
28/03/2023

𝐓𝐫𝐚𝐢𝐧𝐢𝐧𝐠 𝐕𝐢𝐬𝐚 🆚 𝐓𝐨𝐤𝐮𝐭𝐞𝐢 𝐆𝐢𝐧𝐨𝐮 𝐕𝐢𝐬𝐚

Sakura မြေမှာအလုပ်လုပ်မယ့်အိမ်မက်အတွက် ဘယ်လို Visa ကိုရွေးချယ်ရမလဲစဉ်းစားရခက်နေတုန်းလား ❓

Visa နဲ့ပတ်သတ်လာရင် လေ့လာပြီး အဆင်ပြေမယ့်အရာကို ကိုယ်တိုင်ရွေးချယ်တာထက် ပိုကောင်းတဲ့ဆုံးဖြတ်ချက်မရှိပါဘူးနော်… 🙌🏻

ဒါကြောင့် ဒီနေ့မှာတော့ Training Visa နဲ့ Tokutei Visa နှစ်ခုဘယ်လိုကွာသလဲဆိုတာကို ထင်ထင်ရှားရှားမြင်သာအောင် နှိုင်းယှဉ်ပြောပြပေးသွားမှာပဲဖြစ်ပါတယ်။

▪️အတန်းပညာနဲ့ ဂျပန်စာအရည်အချင်း

Visa နှစ်မျိုးလုံးအတွက် အတန်းပညာမှာ အလယ်တန်း/ အထက်တန်းအဆင့်အောင်မြင်ထားရမှာဖြစ်ပြီး Training Visa အတွက်လိုအပ်တဲ့ ဂျပန်စာအရည်အချင်းကတော့ N4 အဆင့်အထိဆိုပေမယ့် အောင်လက်မှတ်အတိအကျတောင်းတာမျိုးမရှိပါဘူး။

ဒါပေမယ့် Tokutei မှာတော့ အနိမ့်ဆုံးအနေနဲ့ JLPT N4 သို့မဟုတ် JFT (A2) အောင်လက်မှတ်လိုကိုလိုမှာပါနော်။

▪️အသက်အရွယ်ကန့်သတ်မှုနဲ့ လိုအပ်ချက်

Training Visa အတွက် အသက်အရွယ်အပိုင်းအခြား 20 ကနေ 35 နှစ်အတွင်းရှိတဲ့ ကျန်းမာတဲ့လူငယ်၊လူလတ်ပိုင်းဖြစ်ရင်ရပြီဆိုပေမယ့်

Tokutei မှာတော့ အသက် 20 ကနေ 35 နှစ်အတွင်းဖြစ်ဖို့လိုအပ်တဲ့အပြင် ကိုယ်ရွေးချယ်မယ့်အလုပ်နဲ့ပတ်သတ်ပြီး လုပ်ငန်းခွင်ကျွမ်းကျင်မှုအောင်လက်မှတ်လိုတာကိုတော့ သတိချပ်စေချင်ပါတယ်။

▪️လုပ်ငန်းခွင်အမျိုးအစား

Training Visa မှာဆိုရင် လုပ်ငန်းခွင်အမျိုးအစားပေါင်း 144 မျိုးကျော်ရှိပေမယ့် Tokutei မှာတော့ အဆင့်လေးဆင့်ခွဲခြားထားပြီး လုပ်ငန်းအမျိုးအစား 14 ခုသာရှိပါတယ်။

▪️Visa သက်တမ်း

Training Visa နဲ့ Japan မှာအလုပ်လုပ်ရပြီဆိုရင် တရားဝင်အလုပ်လုပ်ခွင့်ကာလအနေနဲ့ 3 နှစ်သာရရှိမှာဖြစ်ပြီးတော့ လုပ်ငန်းရှင်သဘောအတိုင်း ထပ်တိုး 2နှစ်။ စုစုပေါင်း အများဆုံး 5 နှစ်ရရှိမှာဖြစ်ပါတယ်။

Tokutei နဲ့ရောက်ရှိလာပြီဆိုရင် (အဆင့် 1 အလုပ်များအနေနဲ့) တရားဝင်အလုပ်လုပ်ခွင့်ကာလ 5 နှစ်ဖြစ်ပြီး အဆင့် 2 လုပ်ငန်းခွင်များအတွက် ထပ်တိုးကာလ 5 နှစ် ထပ်မံရရှိနိုင်ဦးမှာပါ။

▪️အခြေခံလစာနဲ့ အကျိုးခံစားခွင့်

အခြေခံလစာအနေနဲ့ကတော့ Training Visa မှာဆိုရင် ယန်းငွေ 14 သောင်းကနေ 20 သောင်းဝန်းကျင်ဖြစ်ပြီး Bonus ထပ်မံပေးတာမျိုးမရှိဘဲ 3 နှစ်အတွင်း အဆင်မပြေဖြစ်ခဲ့ရင်လည်း ကုမ္ပဏီပြောင်းတာမျိုး လုံးဝလုပ်ခွင့်မရှိပါဘူး

Tokutei မှာတော့ အခြေခံလစာ ယန်းငွေ 17 သောင်းကနေ 22 သောင်းထိရရှိနိုင်ပြီးတော့ Bonus ထပ်မံရရှိခြင်း၊ ဂျပန်နိုင်ငံသားများနီးတူ အကျိုးခံစားခွင့်ရရှိခြင်းများအပြင် အလုပ်လုပ်နေတဲ့ကာလအတွင်း အဆင်မပြေမှုတစ်ခုခုကြောင့် ကုမ္ပဏီပြောင်းလဲလုပ်ကိုင်ချင်ရင်လည်း လွတ်လပ်စွာပြောင်းနိုင်မှာပါ 🙌🏻

▪️Agent ဝန်ဆောင်ခအပါအဝင် ကုန်ကျစရိတ်

Training Visa နဲ့သွားမယ်ဆိုရင် $2800 ဝန်းကျင်ကုန်ကျနိုင်ပြီး Tokutei ကတော့ $1500 ဝန်းကျင်သာ ကုန်ကျနိုင်ပါတယ်။

▪️ဘယ်လိုလူတွေက ဘယ် Visa ကိုရွေးချယ်သင့်လဲ

တကယ်လို့ ကိုယ်က ဂျပန်သွားဖို့အလျင်လိုတယ်ဆိုရင် လိုအပ်ချက်တွေသိပ်မများတဲ့ Training Visa ကိုရွေးချယ်နိုင်ပြီး အချိန်ပေးနိုင်တယ်ဆိုရင်တော့ Tokutei ကိုရွေးချယ်တာ ပိုသင့်တော်ပါလိမ့်မယ် ✨

ကဲ … ဒါဆို အမြဲရွေးချယ်ရခက်နေတဲ့ ဒီ Visa နှစ်ခုအကြောင်း ကွဲကွဲပြားပြားသိလောက်ပြီပေါ့နော်👀

👉🏻ဂျပန်မြေကိုအရောက်သွားဖို့အတွက် ထိရောက်စွာသင်ကြားပေးနိုင်မယ့် ဂျပန်စာသင်တန်းကျောင်းကိုရှာဖွေနေတယ်ဆိုရင်တော့ Taka က သင့်အတွက် အသင့်ရှိနေပါပြီ…

ဆက်သွယ်ရန်

📞09 785556296
📞09 783336296

လိပ်စာ🏠 - တိုက်အမှတ် 14/17, အခန်းအမှတ် B2, ကမာကြည်လမ်း, သင်္ကန်းကျွန်း။

"Training Visa နဲ့သွားရင်ဘာအလုပ်တွေရှိလဲ "❓👉အလုပ်အကိုင်ပေါင်း ၁၄၄မျိုးလောက်ရှိပါတယ်။Visa သက်တမ်းကရော ❓👉၃နှစ်ပါ။ပညာအရည်အခ...
27/03/2023

"Training Visa နဲ့သွားရင်ဘာအလုပ်တွေရှိလဲ "❓

👉အလုပ်အကိုင်ပေါင်း ၁၄၄မျိုးလောက်ရှိပါတယ်။

Visa သက်တမ်းကရော ❓

👉၃နှစ်ပါ။

ပညာအရည်အချင်း ❓

👉 ပညာအရည်အချင်းကန့်သတ်ချက်မရှိပါဘူး။
ဂျပန်စာN5 ကိုသင်ယူပြီးရင် ကိုယ်နဲ့ကိုက်ညီတဲ့အလုပ်ကို လျှောက်ထားလို့ရပါတယ်။

ကုန်ကျစရိတ် ❓

👉ဂျပန်စာသင်ဖို့အတွက် သင်တန်းခကုန်ကျစရိတ်

👉အစိုးရကသတ်မှတ်ထားတဲ့
$2800 +(5%)Taxကုန်ကျမှာပါ

အလုပ်အကိုင်တွေကတော့ ၁၄၄မျိုးလောက်ရှိပါတယ်။အဲ့ဒီအထဲမှာမှ အများဆုံးသွားကြတာကတော့

💥ဘိုးဘွားစောင့်ရှောက်ရေး
💥ကားပစ္စည်းထုပ်ပိုးရေး
💥အဆောက်အအုံသန့်ရှင်းရေး
💥စိုက်ပျိုးရေး
💥ဆောက်လုပ်ရေး
💥ကားWorkshop
💥ငါးမွေးမြူရေး
💥ပုံနှိပ်လုပ်ငန်း
💥စားသောက်ကုန်ထုတ်လုပ်ငန်း
💥အထည်ချုပ်
💥ပေါင်မုန့်လုပ်ငန်း

ဒီအလုပ်တွေနဲ့အများဆုံးသွားကြပါတယ်။

Blue Collor အလုပ်တွေဖြစ်တဲ့အတွက် ကျန်းမာကြံ့ခိုင်နေဖို့ကအဓိကပါ။

ဂျပန်မှာသွားရောက်အလုပ်လုပ်ကိုင်လိုသူများအနေနဲ့

▫အသက်၁၈နှစ်မှ အသက်၃၀ဝန်းကျင်
▫တက်တူးဆေးမှင်ကြောင်လုံးဝမရှိရပါ
▫ကျန်းမာသန်စွမ်းသူဖြစ်ရပါမယ်
▫အလုပ်မှာအမှန်တကယ်စိတ်ဝင်စားသူဖြစ်ရပါမယ်။

လစာတွေအနေနဲ့ကတော့ ပျှမ်းမျှ

▫ဘိုးဘွားစောင့်ရှောက်ရေး ယန်း ၂၀၀၀၀ ဝန်းကျင်

▫ဆောက်လုပ်ရေးလုပ်ငန်း ယန်း ၁၆၀၀၀ ဝန်းကျင်

၃နှစ်စာချုပ်နဲ့အလုပ်လုပ်ကိုင်ရမှာပဲဖြစ်ပါတယ်။

ဆက်သွယ်ရန်

📞09 785556296
📞09 783336296

လိပ်စာ🏠 - တိုက်အမှတ် 14/17, အခန်းအမှတ် B2, ကမာကြည်လမ်း, သင်္ကန်းကျွန်း။



#ဂျပန်သွားမယ် #ဂျပန်စာသင်တန်း

"အသက် (30)ကျော်ရင် ဂျပန်သွားလို့ရလား ?"ဒီမေးခွန်းလေးက အမေးများကြတဲ့မေးခွန်းလေးပါ။🤔ပထမဆုံးအချက်အနေနဲ့ Japan Visa မှာ ဥပဒေ...
24/03/2023

"အသက် (30)ကျော်ရင် ဂျပန်သွားလို့ရလား ?"

ဒီမေးခွန်းလေးက အမေးများကြတဲ့မေးခွန်းလေးပါ။🤔

ပထမဆုံးအချက်အနေနဲ့ Japan Visa မှာ ဥပဒေအရအသက်အရွယ် ကန့်သတ်ထားတာမျိုးမရှိပါဘူး။

ဒါပေမယ့် ကျောင်းတက်ဖို့ သွားရောက်မယ့် Student Visa သမားတွေအတွက်ကတော့ အသက် 30 ကျော်သူတွေက ဂျပန်ဝင်ခွင့် Visa လျှောက်သည့်အခါနှင့် ကျောင်းပြီးလို့ အလုပ်ရှာတဲ့အခါမှာ အနည်းငယ်အခက်အခဲရှိနိုင်ပါတယ်။

အနည်းဆုံး တက္ကသိုလ်ဝင်တန်းအောင်မြင်ထားသူ၊ တက္ကသိုလ် တက်ရောက်လျှက်ရှိသူ စသည့် အသက် 20 နှစ်ဝန်းကျင်/နှင့် ဘွဲ့ရပြီးခါစ လူတွေအတွက် ဂျပန်စာလည်းရတယ်၊ ကျောင်းစရိတ်တွေလည်း ကုန်ကျခံနိုင်တယ်ဆိုရင်တော့ ကျောင်းသား Visaက အသင့်တော်ဆုံးပါပဲ

အလုပ်သင် သင်တန်းသားVisa/ ကျွမ်းကျင် သင်တန်းသားVisa နဲ့သွားမယ်ဆိုရင်တော့ အလုပ်ရှင်ရဲ့ ရွေးချယ်ခန့်အပ်ခြင်းအပေါ်မူတည်ပြီးတော့ လုပ်ငန်းနဲ့ကိုက်ညီတဲ့အနေအထားရှိသူတွေကို ပိုပြီးရွေးချယ်ကြပါတယ်

🌸ဘိုးဘွားစောင့်ရှောက်ရေး
🌸ကားပစ္စည်းထုပ်ပိုးရေး
🌸စိုက်ပျိုးရေး
🌸အဆောက်အအုံသန့်ရှင်းရေး

ဒီလိုအလုပ်တွေနဲ့အများဆုံးသွားကြပါတယ်။ အသက် 30 ပတ်ဝန်းကျင်ဆိုတာက အသက်အရွယ်အရရော ခန္ဓာကိုယ် ကြံခိုင်မှုအပိုင်းမှာရော အကောင်းဆုံးအရွယ်မို့ ဂျပန်စာလည်းရမယ်၊ လုပ်ငန်းအတွေ့အကြုံလည်းရှိမယ်၊ ခိုင်မာတဲ့ ရည်မှန်းချက်တွေလည်း ရှိတယ်ဆိုရင် အသက်30ဝန်းကျင်တွေကို လုပ်ငန်းရှင်တွေက ပိုပြီးသဘောကျ ရွေးချယ်ကြတာများပါတယ်။

စက်ရုံ အလုပ်ရုံ ဆောက်လုပ်ရေးလုပ်ငန်းတွေမှာတော့ များသောအားဖြင့် လုပ်ငန်းရှင်များအနေနှင့် အသက်အရွယ် ကန့်သတ်ထားတာမျိုး မရှိပဲ ဂျပန်စကား ကျွမ်းကျင်စွာ တတ်မြောက်မယ် ၊ ခန္ဓာကိုယ် အချိုးအစားက မိမိလုပ်ငန်းနှင့်ကိုက်ညီမယ်၊ ချမှတ်ထားတဲ့ စည်းကမ်းတွေလိုက်နာနိုင်လောက်မယ်၊ ပေါင်းသင်းဆက်ဆံရေးကောင်းမွန်မယ်၊မိမိလုပ်ငန်းခွင်မှာ ရည်ရှည် လုပ်ကိုင်နိုင်မယ်သက်ဆိုင်ရာလုပ်ငန်းမှာ အတွေ့အကြုံရှိတဲ့သူဆို ရွေးချယ်ကြလေ့ရှိပါတယ်။

ချွင်းချက် အနေနဲ့ကတော့ အရည်အချင်းတူ ဂျပန်စာ တတ်မြောက်မှု အဆင့်ခြင်းလဲ တူညီပြီး တခြားသော ကိုယ်ရည်ကိုယ်သွေးလဲ တူညီတယ် ဆိုရင်တော့ အများအားဖြင့် ဂျပန်အလုပ်ရှင်တွေဘက်က အသက်ငယ်သူကို ပိုမိုရွေးချယ်ပါတယ်။
ဒါကြောင့် အသက် 30 ကျော်သူတွေအနေနဲ့ ဂျပန်သွားဖို့ အခွင့်အရေးတွေ ရှိနေတာမို့ စိတ်ဓါတ်မကျပဲ မိမိရဲ့လိုအပ်နေတာတွေကို အစွမ်းကုန် ကြိုးစား ပြင်ဆင်သင့်ပါတယ်။

ဒီတော့ ဆာကူရာမြေကိုအရောက်သွားဖို့က သင့်ရဲ့အိပ်မက်ပန်းတိုင်ပါဆိုရင်တော့

✅ ဂျပန်စာကိုသေချာတတ်မြောက်အောင်သင်ပေးနိုင်ပြီး

✅စိတ်ချရတဲ့Agencyနဲ့ချိတ်ဆက်ပေးထားတဲ့ကျောင်းမျိုးမှာ
အိပ်မက်တွေကိုအခုပဲအကောင်အထည်ဖော်လိုက်ပါ🌸🌸🌸

ဆက်သွယ်ရန်

📞09 785556296
📞09 783336296

လိပ်စာ🏠 - တိုက်အမှတ် 14/17, အခန်းအမှတ် B2, ကမာကြည်လမ်း, သင်္ကန်းကျွန်း။



#ဂျပန်သွားမယ် #ဂျပန်စာသင်တန်း

"ဂျပန်မှာ Scholar လျှောက်ရင်ဘာတွေအရေးကြီးလဲ"ဂျပန်တက္ကသိုလ်တွေမှာ✅Undergraduate School👉ပုံမှန်(၄နှစ်)တက်ပြီးဘွဲ့ရ✅Graduat...
22/03/2023

"ဂျပန်မှာ Scholar လျှောက်ရင်ဘာတွေအရေးကြီးလဲ"

ဂျပန်တက္ကသိုလ်တွေမှာ
✅Undergraduate School
👉ပုံမှန်(၄နှစ်)တက်ပြီးဘွဲ့ရ

✅Graduate School
👉Master Degree (2years)
👉Doctor's Degree(3years) ဆိုပြီးရှိပါတယ်။

ဂျပန်နိုင်ငံမှာ Scholarပေးတဲ့တက္ကသိုလ်မှာဝင်ခွင့်လျှောက်ဖို့အတွက် လိုအပ်ချက်၂ချက်ရှိပါတယ်ရှင့်။

✅EJU
✅TOFEL (or) IELTS

👉EJUကတော့ (Examination of Japan University Admission for International Student) ဂျပန်တက္ကသိုလ်ဝင်ခွင့်အတွက်ဖြေရတဲ့စာမေးပွဲပါ။

👉TOFEL (or) IELTSကတော့ English စာအရည်အချင်းစစ်စာမေးပွဲတွေပါ။

EJU စာမေးပွဲတွေကိုဂျပန်နိုင်ငံကဖြေဆိုလို့ရသလို မြန်မာနိုင်ငံကနေလည်းဖြေဆိုလို့ရပါတယ်နော်။

Myanmar Association of Japan Alumni (MAJA)ကနေတာဝန်ယူပြီးကျင်းပပေးပါတယ်။

EJUစာမေးပွဲက JLPT level2အဆင့်လောက်ရှိပါတယ်။ဂျပန်တက္ကသိုလ်မှာစာသင်ကြားနိုင်လောက်တဲ့အဆင့်ထိမေးပါတယ်။ Listening နဲ့ Reading ကိုအဓိကထားပြီးမေးပါတယ်ရှင့်။

တကယ်လို့ဂျပန်မှာကျောင်းတက်ချင်တဲ့စိတ်ကူးရှိတယ်ဆိုရင်တော့ ဂျပန်စာကို N2 Levelအထက်ထိသေချာစွာတတ်မြောက်ထားမှပိုပြီးအဆင်ပြေမှာပါ။

ကိုယ့်ဘက်ကအရည်အချင်းစစ်စာမေးပွဲတွေမှာအမှတ်တွေများထားမှ ကိုယ်တက်ချင်တဲ့တက္ကသိုလ်ဝင်ခွင့်ကို လျှောက်ထားလို့ရမှာပါရှင့်။

အားလုံးပဲအဆင်ပြေကြပါစေနော်။❤

သင်တန်းစုံစမ်းရန်
👇👇👇
📞09 785556296
📞09 783336296

ဒီနံပါတ်လေးတွေကိုသာ အခုပဲ Helloလုပ်လိုက်ပါ။
စိတ်ရှည်လက်ရှည်နဲ့ရှင်းပြပေးဖို့အတွက် Minasanတို့အတွက် Takaက အသင့်ရှိနေပါတယ်ရှင့်❤

လိပ်စာ🏠 - တိုက်အမှတ် 14/17, အခန်းအမှတ် B2, ကမာကြည်လမ်း, သင်္ကန်းကျွန်း။



#ဂျပန်သွားမယ် #ဂျပန်စာသင်တန်း

TAKA မှာ ဂျပန်စာဘာကြောင့်တက်သင့်တာလဲ?ဂျပန်နိုင်ငံကို အလုပ်နဲ့ဖြစ်ဖြစ် ကျောင်းတက်ဖို့ပဲ ဖြစ်ဖြစ် သွားရောက်ဖို့ စိတ်ကူးအိမ...
20/03/2023

TAKA မှာ ဂျပန်စာဘာကြောင့်တက်သင့်တာလဲ?
ဂျပန်နိုင်ငံကို အလုပ်နဲ့ဖြစ်ဖြစ် ကျောင်းတက်ဖို့ပဲ ဖြစ်ဖြစ် သွားရောက်ဖို့ စိတ်ကူးအိမ်မက်ရှိသူတွေအတွက်...
ဂျပန်စာကို အခြေခံကနေစပြီး ပိုင်နိုင်ကျွမ်းကျင်အောင် တတ်မြောက်ထားဖို့လိုအပ်ပါတယ်။

TAKA Japanese Language School မှာတော့ အတန်းတစ်တန်းကို လူဦးရေ (၁၀ ဦး) သာလက်ခံပြီး Online Class မဟုတ်ပဲ အပြင်သင်တန်းဖြစ်တာကြောင့် သင်ကြားသူများအတွက် ပိုမိုကောင်းမွန်တဲ့ သင်ကြားရေးကို အထိရောက်ဆုံး သင်ယူနိုင်မှာဖြစ်ပါတယ်။

ဒါ့အပြင် သင်ကြားရေး သီးသန့်မဟုတ်ပဲ ဂျပန်နိုင်ငံကိုသွားရောက်ဖို့ လိုအပ်တဲ့ ဆွေးနွေးတိုင်ပင်မှုတွေလဲ ပြုလုပ်ပေးနေပြီးတော့ .. ဂျပန်နိုင်ငံရဲ့ နေထိုင်စားသောက်မှု ဓလေ့ထုံးစံများ၊ သိထားသင့်တဲ့ ဥပဒေများ၊ ရိုးရာယဉ်ကျေးမှုများကိုပါ ဂျပန်နိုင်ငံတွင် လက်ရှိနေထိုင်နေသူများနှင့်တိုက်ရိုက်ချိတ်ဆက်ပြီး ဗဟုသုတအဖြစ်ပြန်လည်ဝေမျှပေးနေပါတယ်။

အကောင်းဆုံးအချက်အနေနဲ့ကတော့ ဂျပန်စာ N4 ထိသင်တန်းပြီးဆုံးပြီး အရည်အချင်းပြည့်မှီသော သင်တန်းသားများ အလုပ်လုပ်ကိုင်လိုပါက တရားဝင်လိုင်စင်ရ အေဂျင်စီများနှင့်ချိတ်ဆက်ကာ အလုပ်အကိုင်ရှာဖွေပေးခြင်း၊ ကျောင်းတက်ရောက်လိုသူများအတွက်လဲ ဂျပန်နိုင်ငံမြို့ကြီးများရှိ တက္ကသိုလ်ကြီးများတွင် ဝင်ခွင့်လျှောက်ထားပေးခြင်းများ ဆောင်ရွက်ပေးနေပါသည်။

ဆက်သွယ်ရန်

ဖုန်းနံပါတ် - 09785556296, 09783336296
လိပ်စာ - တိုက်အမှတ် 14/17, အခန်းအမှတ် B2, ကမာကြည်လမ်း, သင်္ကန်းကျွန်း။

Address

202/4, MaHawGaNi Street, 25Ward, Thuwunna
Yangon
11072

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00

Telephone

+959785556296

Alerts

Be the first to know and let us send you an email when TAKA Japanese Language School posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to TAKA Japanese Language School:

Shortcuts

Share