28/01/2021
Sone See Yar ကနေ မတူညီတဲ့ event တွေ၊ program တွေကို လူငယ်တွေအတွက် အပတ်စဉ်၊
လစဉ်တိုင်း ပြုလုပ်ပေးခဲ့ပြီးပါပြီ...
ဒီလို Program လေးတွေထဲက Sone See Yar နဲ့ Thit Eain တို့ ပူးပေါင်းပြီး တစ်လကြာ ကျင်းပပြုလုပ်ပေးခဲ့တဲ့ Training of Trainer (TOT) Program လေးဟာ မနေ့က ပြီးဆုံးသွားခဲ့ပါပြီ...
ဒီ Program လေးပြီးမြောက်အောင်မြင်ဖို့အဖက်ဖက်ကနေ ဝိုင်းဝန်းကူညီပေးတဲ့ Trainer ဆရာ၊ဆရာမတွေ သာမက တက်ရောက်ပေးကြတဲ့ Participants တစ်ယောက်ချင်းစီတိုင်းကို လည်း ကျေးဇူးအထူးတင်ရှိပါတယ်...
ပါဝင်တက်ရောက်ခဲ့တဲ့ သူတွေလည်း ဗဟုသုတတွေ၊ အသိပညာတွေ အများကြီးကို ယူဆောင်နိုင်ခဲ့ကြမယ်လို့ မျှော်လင့်ပါတယ်....
ဒီလိုမျိုး အကျိုးရှိမယ့် Program တွေ၊ Event တွေကို ဆက်လက်ဖန်တီးပေးဦးမှာမလို့ Sone See Yar ကို မျက်ခြေမပြတ် စောင့်ကြည့်ပေးကြပါဦးနော်...