19/01/2022
I'm used to နှင့် I used to
ကွာခြားချက်ကဘာပါလဲ???
..................
🅰
I'm used to + Ving
I'm used to + noun
အရင်ကလုပ်လေ့ရှိခဲ့တယ်၊ 🚨 အခုလည်းလုပ်နေဆဲပဲ၊ အဲဒီပြုလုပ်ခြင်းက သက်တောင့်သက်သာပါပဲ၊ အဲဒီလိုပြုလုပ်ခြင်းက ကျွန်တော့်အတွက်တော့ ပုံမှန်ပါပဲဆိုတဲ့ အဓိပ္ပါယ်ဖြစ်ပါတယ်။
ဥပမာ -
I'm used to spicy food.
ကျွန်တော် အစပ်တွေစားရတာကျင့်သားရနေပြီ။
I'm used to teaching.
ကျွန်တော့်အတွက် စာသင်ပေးရတာ ပုံမှန်ဖြစ်နေပြီ။
I'm used to hot weather.
ကျွန်တော် ပူအိုက်ပြင်းထန်တဲ့ရာသီဥတုနဲ့အသားကျနေပြီ။
I'm used to driving on the right.
ကျွန်တော် ညာမောင်းဓလေ့ကိုလည်း ကျင့်သားရနေပြီ။
I'm used to exercising regularly.
ကျွန်တော် လေ့ကျင့်ခန်းအချိန်မှန်လုပ်တာ ပုံမှန်လိုဖြစ်နေပြီ။
......................
🅱
I used to + verb
I used to + adj/ noun
ကျွန်တော်အဲဒီအရာကို အတိတ်တုန်းက အကြိမ်ပေါင်းများစွာ အချိန်အတော်ကြာပြုမူခဲ့တယ်၊ 🚨 ဒါပေမယ့် အဲဒါကို အခုဆက်ပြီးမလုပ်ဖြစ်တော့ဘူး။ (or) ကျွန်တော်အတိတ်တုန်းက အဲဒီအရာအဖြစ်အချိန်အကြာကြီးရှိ/ဖြစ်ခဲ့တယ်၊ ဒါပေမယ့် အခုလုံးဝမဟုတ်တော့ဘူး ဆိုတဲ့ အဓိပ္ပာယ်ရပါတယ်။
ဥပမာ -
I used to live in Thailand.
ကျွန်တော်ထိုင်းနိုင်ငံမှာအကြာကြီးနေခဲ့ဖူးပါတယ်။ (ခုထိုင်းမှာမနေတော့ပါ)
I used to work in a language centre.
ကျွန်တော်ဘာသာစကားသင်တန်းကျောင်းတစ်ခုမှာအလုပ်လုပ်ခဲ့ပါတယ်။ (ဒါပေမယ့် ခုအဲဒီမှာအလုပ်မလုပ်တော့ပါ)
I used to wear a tie everyday.
ကျွန်တော် နက်ခ်တိုင်ကိုနေ့တိုင်းဝတ်ဆင်ခဲ့ဖုးပါတယ်။ (ဒါပေမယ့် ခုမဝတ်ဖြစ်တော့ပါ)
I used to be a communication coach.
ကျွန်တော် ဆက်ဆံရေးနည်းပြဖြစ်ခဲ့ဖူးပါတယ်။ (ဒါပေမယ့် အခုမဟုတ်တော့ပါ)
I used to be 70kilos.
ကျွန်တော် ကီလိုကိုးဆယ်တောင်ရှိခဲ့ဖူးပါတယ်။ (ခုတော့ပိုပိန်သွားတာပါ or ပိုဝလာပါပြီ )
ဲ့Englishသင်ခန်းစာ
Tr Mike ရဲ့ အင်္ဂလိပ်စာသင်ခန်းစာတွေကို နေ့စဉ်လေ့လာနိုင်ပါတယ် link 👉 https://m.facebook.com/story.php?story_fbid=467240431626363&id=100050212311545
အေးချမ်းကြပါစေ 🌻🌲🍁
31/12/2021
🖤🌼🕊🦋 I Hope 2022 Will Be a BETTER YEAR!!!
12/11/2021
English စာလေ့လာသူတိုင်းအတွက် BBC Learning App 💯
🚨 ဘာသာစကားလေ့လာရာမှာ အဓိကအကျဆုံးအချက်က နေ့စဉ်နေ့တိုင်း နည်းနည်းဆီသင်ယူသွားဖို့ပါပဲ။ ဒါကိုကူညီနိုင်မယ့် android, iOS application လေးတစ်ခုရှိပါတယ်။
Admin တင်ပေးခဲ့တဲ့ phonetic lessons တွေအပါအဝင်၊
⏺BBC 6 minutes English,
⏺Everyday English,
⏺Business English,
⏺Learn with the News,
⏺Learn with Drama စတာတွေအပြင်
⏺Grammar
⏺Vocabulary
⏺Phonetics Lessons တွေပါမက
⏺English for Teachers
⏺English for Children ဒါတွေကိုပါလေ့လာပြီး
⏺Quiz after lessons တွေနဲ့လည်း လေ့ကျင့်ခန်းပြန်လည်ပြုလုပ်နိုင်တဲ့ application၊ အားလုံးစုံအောင်ပါတဲ့ application လေးမို့ English စာလေ့လာရိုးမှန်ရင် ဖုန်းထဲမှာဆောင်ထားသင့်ပါတယ်။ Admin လည်း📱 ဖုန်းထဲမှာအမြဲထားထားတယ်။
🚨 application ကိုသုံးပြီး ဗီဒီယိုသင်ခန်းစာတွေကြည့်ဖို့အတွက်က Internet connection လိုအပ်ပါတယ်။ ဗီဒီယိုစာသား 'transcript' တွေကိုတော့ internet access မလိုဘဲ ကြည့်ရှုလေ့လာနိုင်တာမို့ download လုပ်ထားသင့်ပါတယ်။ ဒီ BBC Learning English application ဟာ
✅ အသုံးပြုရလွယ်ကူတယ်
✅ နေ့တိုင်းပုံမှန်ဗီဒီယိုတွေကို update တင်ပေးတယ်
✅ နောက်ဆုံးပေါ်စကားလုံးအသုံးအနှုန်းတွေကို အချိန်နဲ့တပြေးညီ သိရှိနိုင်မယ်
✅ audio lesson တွေကို အင်တာနက်ရတုန်း download လုပ်ထားပြီး၊ အင်တာနက်မရနိုင်ရင်လည်း ပြန်နားထောင်လို့ရပါတယ်
link for android users 👉 https://play.google.com/store/apps/details?id=uk.co.bbc.learningenglish
link for iOS users 👉 https://apps.apple.com/us/app/bbc-learning-english/id1416610731
About application 👉 https://www.bbc.co.uk/learningenglish/app
12/11/2021
🇬🇧 မိမိရဲ့အင်္ဂလိပ်စာအရည်အချင်းစစ်ဆေးနိုင်မယ့် JK ရဲ့ English Tests တွေတင်တဲ့ Telegram channel နဲ့ မိတ်ဆက်ပေးပါရစေ။
💯 စင်ကာပူ grammar သင်ရိုးထဲက test တွေ၊ UK, US သင်ရိုးထဲက test တွေကို တင်ပေးမှာမို့ channel ကို join ပြီး အချိန်ပေးကာ ဝင်ရောက်ဖြေဆိုနိုင်ပါတယ်။
👩🏫 အဖြေမှန်နည်းနေသေးရင် ဘာသင်ခန်းစာကိုလေ့လာသင့်တယ်ဆိုတဲ့အကြောင်းနဲ့ အင်္ဂလိပ်စာဗဟုသုတတွေကိုလည်း မပြတ်တင်ပေးသွားမှာမို့ page ကိုလည်း see first လုပ်ထားနိုင်ပါတယ်။
Channel link 👇
https://t.me/jkEnglishTests
ဒါ့အပြင် English, TOEFL, IELTS, stories အစရှိတဲ့ စာအုပ်ကောင်းတွေ၊ အခွင့်အလမ်းတွေကို အခမဲ့မျှဝေပေးနေတဲ့ JK ရဲ့ telegram channel ကိုလည်း ဝင်ရောက် join ထားနိုင်ကြောင်း link 👉
https://t.me/jksharing
11/11/2021
📑💲 နာမည်ကြီး online learning platform ဖြစ်တဲ့ Coursera ရဲ့ Financial Aid (ပညာသင်ငွေကြေးအထောက်အပံ့) အကြောင်း
👨💻👩💻 နှစ်စဉ် ကျောင်းသားပေါင်း -100000/- လောက်ကို Coursera ကနေ financial aid ပေးကာ paid course သင်ခန်းစာတွေကို လေ့လာသင်ယူစေခဲ့ပြီးဖြစ်ပါတယ်။
👨🎓👩🎓 တရားဝင် နာမည်ကြီးတက္ကသိုလ်၊ကောလိပ်တွေနဲ့ပဲချိတ်ဆက်ထားတဲ့ online learning platform Coursera မှာ
◻ Free course (100% အခမဲ့သင်ခန်းစာတွေ)
◻ Paid course (အခကြေးငွေပေးရတဲ့သင်ခန်းစာတွေ)
◻ Online degree တွေ (online degree အတွက် စကော်လာလည်းသီးသန့်ရှိ၊ နောက်ထပ် post တင်ပေးပါမယ်)
◻ အလုပ်ခွင်ဝင်ဖို့ စသည်ဖြင့် ရှိပြီး မိမိနဲ့သင့်လျော်မယ့်ဘာသာရပ်ကို ရွေးချယ်လို့ တက်ရောက်နိုင်တာပဲဖြစ်ပါတယ်။
💁 အခုပေးတဲ့ financial aid က အခမဲ့လေ့လာဖို့ပေးမထားတဲ့ paid course တွေအတွက် ငွေကြေးအထောက်အပံ့ လျှောက်ထားလိုသူတွေကိုပေးပါတယ်။ fanancial aid ရပါက သင်တန်းကို 💯အခမဲ့တက်ရောက်နိုင်မှာပြီး၊ assignment, project တွေ ပါဝင်ဆောင်ရွက်ကာ၊ သင်တန်းပြီးဆုံးရင်လည်း certificate ယူနိုင်မှာဖြစ်ပါတယ်။
🌷 ပညာသင်ငွေကြေးအထောက်အပံ့ကို တိကျစွာရွေးချယ်ထားတဲ့ course တစ်ခုစာအတွက်ပဲ လျောက်ထားနိုင်မှာဖြစ်ပြီး၊ ဖွံ့ဖြိုးဆဲနိုင်ငံတွေကို အဓိကထားပေးပါတယ်။ လျှောက်လွှာစီစစ်ချိန် (၁၅) ရက်ခန့်ကြာမြင့်မှာဖြစ်ပြီး၊ ဝင်ငွေနည်းပါးတဲ့သူတွေကို ဦးစားပေးပါတယ်။
✅ လျှောက်ထားပုံကလည်း လွယ်ကူပါတယ်။ မိမိတက်ရောက်လိုတဲ့ course ရဲ့ title နားမှာ “financial aid available” ဆိုတဲ့စာတန်းလေးကို click ပြီး “continue to application” ကိုနှိပ်ကာ၊ application form ဖြည့်ရုံပါပဲ။
⏺မိမိရဲ့အချက်အလက်တွေအမှန်ကိုသာဖြည့်ပေးရပါမယ်
⏺သင်တန်းကိုပြီးမြောက်အောင်တက်ရပါမယ်
⏺I agree to the terms above လို့ ရိုက်ပြီး ကတိပေးရပါမယ်
⏺ပညာအရည်အချင်း၊ အလုပ်အကိုင်၊ လစာအခြေအနေ ဖြည့်ပေးရပါမယ်
⏺ပညာသင်ငွေကြေးအထောက်အပံ့ယူလိုတဲ့အကြောင်းရင်းကို စကားလုံး (၁၅၀) စာ ရေးပေးရပါမယ်
⏺ပညာသင်ငွေကြေးအထောက်အပံ့ယူပြီးတက်တဲ့ course နဲ့ပတ်သတ်ပြီး သင်တန်းပြီးဆုံးတဲ့အခါ ဘယ်လိုရည်ရွယ်ချက်တွေ၊ ဆောင်ရွက်မှုတွေပြုလုပ်မလဲဆိုတဲ့ အကြောင်းအရာကို စာလုံးရေ (၁၅၀) ခန့်ရေးပေးရပါမယ်
⏺🚨 Help us improve မှာက “ပညာသင်ချေးငွေလိုချင်သလား” ဆိုတဲ့ စစ်တမ်းကောက်ရုံမေးခွန်းမို့ အဆင်ပြေသလိုဖြေခဲ့လို့ရပါတယ်။ ပညာသင်ချေးငွေ မလိုချင်ဘူးလို့သာဖြေတာအကောင်းဆုံးပါ။ နိုင်ငံတကာမှာ ပညာသင်ချေးငွေယူပြီး ဘွဲ့အကောင်းစားရခဲ့သည့်တိုင်အောင် လုပ်ငန်းခွင်ဝင်ပြီး အကြွေးနွံကိုကြေအောင်ရုန်းကန်နေရတဲ့ ကျောင်းသားတွေ အများကြီးရှိပါတယ်။ But it's up to you 🤷
🚨 (*Coursera ရဲ့ course တွေက enroll for free လို့ရေးထားတတ်ပါတယ်။ သူကစာရင်းသွင်းခအခမဲ့လို့ဆိုလိုပါတယ်။ course fee ကတော့ သတ်မှတ်ငွေကြေးအတိုင်းကျသင့်မှာပါ။ ဒါကြောင့် finiancial aid လျှောက်မယ့်သူက financial aid available ကိုသာတွေ့အောင်ရှာပြီး click ရမှာပါ။ *free trail ဆိုတာကတော့ မိမိရဲ့ဘဏ်ကဒ်အချက်အလက်ကို ထည့်သွင်းပြီး course ကျသင့်ငွေအဖြတ်မခံရသေးဘဲ free trail 7 days ပေးထားရင် (၇) ရက်အခမဲ့လေ့လာနိုင်မှာဖြစ်ပါတယ်။ (၇) ရက်မပြည့်ခင်လေ့လာပြီးလို့ course cancel လုပ်မယ်ဆိုရင် မိမိငွေတစ်ပြားတစ်ချပ်မှ အဖြတ်မခံရပါဘူး၊ certificate မရပါ။ ဆက်လက်လေ့လာချင်ရင်လည်း တစ်လကို 49$ ပဲကျသင့်မှာမို့ အဆင်ပြေရာရွေးချယ်လို့ရပါတယ်။)
ဒီမှာ Financial Aid ပေးတဲ့ course တွေရဲ့ link ပါ 👉 https://www.coursera.org/search?query=financial%20aid&index=prod_all_launched_products_term_optimization&topic=Language%20Learning&languages=en&tab=all
ဘယ်လိုလူတွေ ပညာသင်ငွေကြေးအထောက်အပံ့ယူပြီး ဘာလုပ်ကြလဲသိချင်ရင် ဒီမှာနမူနာကြည့်ပါ။ 👉 https://blog.coursera.org/courseras-financial-aid-what-it-is-and-who-is/
အားလုံးပဲ ချမ်းသာကိုယ်စိတ်မြဲလို့ ဘေးဘယာဝေးကွာကြပါစေ 🌻
10/11/2021
ဒီစကားလုံးတွေရဲ့ အသံထွက်နဲ့ အဓိပ္ပါယ်ကို ကွဲကွဲပြားပြားသိတဲ့သူဆိုရင် 🦋 အင်္ဂလိပ်စာကို သေချာလေ့ကျင့်ခဲ့ဖူးသူဖြစ်ပါလိမ့်မယ် 👏👏👏
မသိသေးရင် လေ့လာကြည့်ပါ 🎃 စိတ်ဝင်စားစရာကောင်းပါတယ်
09/11/2021
🚨 ဦးရာလူယူစနစ် free လေ့လာရမယ့် course link တွေပါပါတယ်။ လူဦးရေသတ်မှတ်ထားလို့ စိတ်ဝင်စားရင် မြန်မြန်ကြည့်ကြည့်ပါ။
Udemy ရဲ့ certificate တွေက တန်ဖိုးကြီးလား 🤔 ဒီမေးခွန်းကို Admin ကို လာမေးရင် “No” လို့ဖြေမိမယ်၊ ဒါပေမယ့် ဒီလိုလည်းဆက်ရှင်းပြဦးမယ်။ ဖတ်ပါ၊ သေချာ။
Udemy မှာ ဘယ်လိုလူတွေ လေ့လာသင့်တာလဲဆိုရင်???
⏺ကိုယ့်မှာရှိတဲ့စွမ်းရည်တွေကို တိုးတက်ချင်တဲ့ professional တွေ
⏺လုပ်ငန်းနယ်ပယ်ပြောင်းချင်သူတွေ၊ ကိုယ်မသိတဲ့အလုပ်အကိုင်နယ်ပယ်ကို စတင်(စမ်းတိစမ်းတမ်း) လေ့လာမယ့်သူတွေ (တီးခေါက်ကြည့်မယ့်သူတွေ)
⏺စာလုပ်ရင်း(လည်ထွက်နေလို့) သဘောတရားနားလည်ဖို့ အကူအညီလိုနေတဲ့ ကျောင်းသားတွေ
⏺ပညာရပ်တစ်ခုခုကိုတတ်မြောက်ထားကြောင်း သေချာတဲ့အနေနဲ့ ပြသဖို့ရာ certificate လိုချင်တဲ့သူတွေ
⏺ ကိုယ်ကိုယ်ပိုင် စာသင်ကြားတဲ့ဗီဒီယိုဖန်တီးမှုလေးတွေလုပ်ပြီး ဒေါ်လာဝင်ချင်တဲ့ဆရာတွေ၊လူငယ်တွေ
💁♀️ နောက်ဆုံးအချက်ကြောင့်ပဲ Udemy က certificate တွေက အရမ်းကြီးတန်ဖိုးမြင့်မနေဘူးဆိုတာကို အကဲခတ်လို့ရပါတယ်။ Udemy မှာ လူတိုင်းသင်ကြားသူဖြစ်နိုင်လို့ပါ။ ဒါပေမယ့် course တွေဖန်တီးတဲ့သူ၊ သင်ကြားပေးသူ ဆရာကောင်းရင်ကောင်းသလို တန်ဖိုးရှိတယ်၊ အကျိုးအမြတ်ကြီးပါတယ်။ တစ်ချို့ course တွေကအရမ်းကောင်းပြီး၊ တစ်ချို့ကလည်း စမ်းတဝါးဝါးဆရာပေါက်ခါစရဲ့ တော်ရိလျော်ရိသင်ကြားမှုပါပဲ (အနည်းနဲ့အများကြုံရတတ်ပါတယ်)။ ငွေရော၊ အချိန်ရော မဆုံးရှုံးချင်ရင် “သေချာလေ့လာပါ”၊ အရင်ဆုံးသေချာလေ့လာပါလို့အကြုံပြုပါတယ်။
🌲 Udemy ရဲ့အကောင်းဆုံးအချက်က ကိုယ်သင်ယူရမယ့်ဆရာနဲ့ course ကိုလေ့လာလို့ရမယ့် video တစ်ခု (or more) ကို course register မလုပ်ခင် ကြည့်ရှုလေ့လာနိုင်တာပါ။ instructor မိတ်ဆက်ကိုသေချာလေ့လာပါ။ ဗီဒီယိုသေသပ်မှုနဲ့၊ သင်ကြားပုံရှင်းလင်းမှုကို သေချာကြည့်ပါ။ စျေးကြီးတဲ့ course ကိုရွေးချယ်လေ၊ သေချာလေ့လာသင့်လေပါပဲ။ နောက်ထပ်ကောင်းတာက Udemy မှာ 19$ တန်ကနေစပြီး $89, $99, $109 စသည်ဖြင့် စျေးကြီးတဲ့ course တွေအပြင် free course တွေအင်မတန်ပေါပါတယ်၊ discount လည်းအမြဲပေးပြီး၊ course များများဝယ်ရင် များများတန်တဲ့လျှော့စျေးအစီအစဉ်တွေကလည်းမပြတ်ပါ။
🚨 Udemy ရဲ့ ကောင်းမွန်တဲ့အချက်တွေအများကြီးထဲကမှ paid course တွေအတွက် free cupon ပေးတဲ့အချက်ကတော့ အကောင်းဆုံးနဲ့စိတ်အကျေနပ်ရဆုံးပါ။ လေ့လာစရာပညာရပ်ပေါင်းစုံ အစုံအလင်ထဲကမှ ကိုယ်ကြိုက်နှစ်သက်ရာကို free cupon ရှာပြီး 100% free 👌 အခမဲ့လေ့လာနိုင်ပါတယ်။ သတိပြုစရာတစ်ခုကတော့ ကူပွန်သက်တမ်းပါ။
👉 အရင်ကဆိုရင် Udemy က free cupon (၃) ရက်ပေးတယ်၊ လူ (၄၀၀၀၀) လောက်က ကူပွန်ယူသုံးပြီး အခမဲ့စာလေ့နိုင်တယ်။ Oct 28 ကစပြီး အခုဆိုရင်တော့ (၅) ရက်သက်တမ်းပေးထားတဲ့ကူပွန်ကို လူဦးရေ (၁၀၀၀) ပဲယူပြီးသုံးလို့ရမှာပါ။ ဦးရာလူစနစ်ပါ။
Free cupon ဘယ်လိုရှာမလဲ❔
💯 ဒီအောက်မှာ Udemy ကတင်ထားတဲ့ link ထည့်ထားပါတယ်။ ကိုယ်နဲ့ဆိုင်မယ့်၊ စိတ်ဝင်စားတဲ့ဘာသာရပ်ကိုရွေးချယ်ပြီးတက်ရောက်ပါ။ Google မှာ surf လို့လည်းရပါတယ်၊ Udemy free cupon တင်ပေးတဲ့ site တွေပေါပါတယ်။ ***ဟင်းဟုံပြီး ဟိုယောင်ယောင်ဒီယောင်ယောင်နဲ့ ဟို course စိတ်ဝင်စားသလိုလို၊ ဒီ course ပဲဇောက်ချတော့မှာလိုလိုနဲ့တော့ အချိန်တွေအကုန်မခံပါနဲ့လို့ ထပ်မံအကြံပြုပါမယ်။ နောက်ပြီး certificate ဆိုတာထက်၊ နယ်ပယ်အများကြီးသိတယ်ဆိုတာထက် ကိုယ့်ရဲ့တတ်ကျွမ်းမှုက ပိုမိုအရေးပါပါတယ်။ ကိုယ်မလိုတဲ့ cupon ကိုလည်း မယူဘဲ တစ်ခြားလိုအပ်သူအတွက်ချန်ထားပေးပါ။ စည်းကမ်းရှိရှိနဲ့ ကြိုးစားတိုးတက်ကြပါ။
https://www.udemy.com/course/earned-value-management-technique-with-examples/?couponCode=EVM4NOV
https://www.udemy.com/course/the-complete-introduction-to-the-deep-web/?couponCode=4F129CF316461F00E91
https://www.udemy.com/course/english-grammar-tenses-made-easy/?couponCode=DE5F9C08BEE7029A9E7C
https://www.udemy.com/course/self-discipline-build-habits/?couponCode=C743D5F7A7A20E3576E2
https://www.udemy.com/course/aviation-logistics-in-import-export-supply-chain-of-cargo/?couponCode=ADARSH_AIRFREE
https://www.udemy.com/course/creating-your-first-udemy-course-unofficial-free/
https://www.udemy.com/course/become-a-professional-poet/?couponCode=POETRYISAFREETHING
https://www.udemy.com/course/interviewing-for-a-technical-role/?couponCode=RELAUNCH01
https://www.udemy.com/course/first-steps-into-public-speaking-u/?couponCode=NOV-2021
https://www.udemy.com/course/how-to-manage-any-project-with-amazing-trello-platform/?couponCode=100OFF
https://www.udemy.com/course/gatsbyjs-graphql-build-a-personal-blog-using-gatsbyjs-graphql/?couponCode=NOV_2021
***ဘေးနားက course တန်ဖိုး $ ကိုဖျက်ထားပြီး Enroll Free ဆိုမှ free ရမှာနော်။ မဟုတ်ဘဲစျေးနှုန်းရေးထားတယ်ဆိုရင် free မရတော့လို့ပါ၊ ကူပွန်ကုန်သွားတာပါ။ အဆင်ပြေကြပါစေ။
ကမ္ဘာသူကမ္ဘာသားအားလုံး ဘေးဘယာဝေးကွာပြီး အန္တရာယ်ကင်းဝေးကြပါစေ 🌻
05/11/2021
🌻 USA Learns ရဲ့ အင်္ဂလိပ်စာစကားပြောသင်တန်းကို အခမဲ့ လေ့လာမယ်
👩💻 English စာကို အခြေခံကစပြီးပိုင်နိုင်အောင်လေ့လာချင်ပေမယ့် ဘာသင်တန်းတက်ရမယ်မှန်းမသိရင် အခုပြောမယ့် course ကိုအရင်တက်ကြည့်ဖို့ ညွှန်းပါမယ်။
🇺🇸 USA Learns က သင်ခန်းစာကို video lesson အတိုလေးတွေ၊ စက္ကန့်ပိုင်းစာလေးတွေနဲ့ပို့ချမှာဖြစ်ပြီး မပျင်းဘဲ click ရင်း၊ လေ့လာရင်း၊ မှတ်သားရင်း၊ ပြန်လည်လေ့ကျင့်ဖြေကြားရင်းနဲ့ သင်ယူရမှာပါ။
⏺စာသင်ကြားရာမှာ တကယ့်စာသင်ခန်းထဲမှာသင်ယူနေရသလို sense ရရှိနိုင်တဲ့ course တစ်ခုဆိုရင် မမှားပါဘူး။
⏺ဗီဒီယိုထဲက character တွေက ကိုယ့်ရဲ့အတန်းဖော်တွေလိုပါပဲ၊ သူတို့နဲ့တူတူ လေ့ကျင့်နေရသလိုခံစားရမှာ။
⏺ US ရဲ့လူနေမှုဘဝပုံစံတွေ (old but gold video တွေ) ကိုလည်း စာသင်ယူရင်းနဲ့သိရှိနိုင်မှာဖြစ်လို့ ဒေသန္တရဗဟုသုတလည်းတိုးလာပါဦးမယ်။
⏺ကိုယ့်ကိုယ်ကို ဘယ်လိုမိတ်ဆက်ရမလဲ၊ လမ်းမေးချင်တဲ့အခါ၊ ဖုန်းပြောမယ်/ဖုန်းဖြေကြားမယ်ဆိုရင်၊ နေ့စဉ်ဘဝအကြောင်းပြောမယ်၊ ဖောင်ဘယ်လိုဖြည့်မလဲ စတဲ့ အရာတွေကိုသင်ယူနိုင်မှာပါ။
💁♀️🇺🇸 free course တွေကိုမိတ်ဆက်ပေးတဲ့နေရာမှာ ပိုမိုတိကျမှန်ကန်ပြီး ယုံကြည်ရမယ့် platform တွေကိုပဲ Admin ကရွေးချယ်မိတ်ဆက်ပေးပါတယ်။ Admin ကိုယ်တိုင်လည်း join ပြီး course ရဲ့ teaching, learning style ကိုအရင်လေ့လာပြီးမှ post တင်ပေးပါတယ်။ တန်ဖိုးထား၊ အလေးထားပြီး သေချာလေ့သင်ယူလို့ တိုးတက်သွားစေချင်ပါတယ်။ အချိန်တွေမဖြုန်းမိပါစေနဲ့။
🔸 ပေးထားတဲ့အင်တာနက်လိပ်စာအတိုင်းသွားပြီး register လုပ်ပါ၊ စာရင်းပေးသွင်းပြီးရင် ကြိုက်နှစ်သက်ရာ course ကိုလေ့လာနိုင်ပါတယ်။ အဆင်ပြေတာမပြေတာတွေရှိရင် Admin ကို feedback ပေးသွားနိုင်ပါတယ်။
Link ပါ 👉 https://www.usalearns.org/1st-free-online-english-course
🚨 phonetic lessons တွေတော့ ရေးထားပြီးမှ delete နှိပ်မိသွားပြန်တယ်။ schdule ထားထားတယ်ထင်ပြီးကြည့်မှ all delete ဖြစ်နေတာသိတယ်။ Admin လည်း အများကြီးနေမကောင်းသေးတာမို့ phonetic lessons တွေတင်တာနားထားပါမယ်။ အဆင်ပြေတဲ့ post တွေကို အဆင်ပြေသလိုတင်သွားပါမယ်။
အားလုံးပဲဘေးဘယာဝေးကွာပြီးကျန်းမာချမ်းသာအဆင်ပြေကြပါစေ 🌷