02/06/2026
💬 "ဒီပုံထဲမှာ ဘယ်သူလဲ?"
ဆရာမရဲ့ မေးခွန်းလေးတစ်ခုကနေ ကလေးလေးတွေရဲ့ စိတ်ကူးစိတ်သန်းတွေ ပွင့်လန်းလာခဲ့ပါတယ်။ 🌼
ပြောရဲလာတယ်…�တွေးရဲလာတယ်…�ယုံကြည်မှုရှိလာတယ်… 💕
သင်ယူမှုက ပျော်ရွှင်မှုနဲ့ စတင်တဲ့နေ့လေး 💖
✨👧👦📚
01/04/2026
"April Special!
သားသားမီးမီးတို့အတွက် အင်္ဂလိပ်စာ အခြေခံအုတ်မြစ်ချပေးမယ့် Free Special Class" 🌸✨
နွေရာသီရဲ့ April လမှာ ကလေးတို့ရဲ့ အချိန်တွေကို အကျိုးရှိရှိ အသုံးချနိုင်ဖို့ ကျွန်မတို့ရဲ့ C&Sကျောင်း မှ April အထူး အခမဲ့ စမ်းသပ်တက်ရောက်ခွင့် ကို ဖိတ်ခေါ်လိုက်ပါတယ်ရှင်။
ဘယ်ရက်တွေမှာ သင်ကြားပေးမှာလဲ? 📅
ဧပြီလရဲ့ အားလပ်ရက် စနေ၊ တနင်္ဂနွေတွေဖြစ်တဲ့ -
🗓️ April 4, 5 (စနေ၊ တနင်္ဂနွေ)
🗓️ April 25, 26 (စနေ၊ တနင်္ဂနွေ)
(စုစုပေါင်း ၄ ရက်တာ အထူးသင်တန်းဖြစ်ပါတယ်)
ဒီ Free Class ကနေ ဘာတွေ ရရှိမလဲ? ✅
Speaking Confidence: အင်္ဂလိပ်စာကို မကြောက်တော့ဘဲ စတင်ပြောရဲလာခြင်း။
Grammar Foundation: ဝါကျမှန်ကန်စွာ တည်ဆောက်တတ်ခြင်း။
Active Learning: သီချင်း၊ ဂိမ်း၊ ပုံပြင်များဖြင့် သင်ယူမှုကို စိတ်ဝင်စားလာခြင်း။
Teacher's Feedback: သင်တန်းအပြီးတွင် ကလေး၏ အားသာချက်၊အားနည်းချက်များ ကို မိဘများ သိရှိခွင့်ရခြင်း။
"Fun to learn,easy to grow " ဆောင်ပုဒ်အတိုင်း ကလေးတို့ရဲ့ အခြေခံကို စနစ်တကျ အုတ်မြစ်ချပေးမှာမို့ အခုပဲ စာရင်းပေးသွင်းလိုက်ပါနော်။ ✨
🎟️ Registration Fee: ၁၀,၀၀၀ ကျပ် (သင်ထောက်ကူပစ္စည်းနှင့် စာရွက်စာတန်းကြေးအတွက်သာ)
(သင်တန်းကြေး လုံးဝ (အခမဲ့) ဖြစ်ပါသည်)
📍 Class Timing: [9:00 AM - 10:00 AM]
📍 Register Now
"လူဦးရေ ကန့်သတ်ထားတာမို့လို့ သားသားမီးမီးတို့အတွက် နေရာဦးထားဖို့ အောက်ပါ Google Form Link မှာ ခုပဲ စာရင်းသွင်းလိုက်ရအောင်နော်။"
👇 စာရင်းပေးသွင်းရန် Link:
https://docs.google.com/forms/d/17yCI8uVMJpQ4r0MkgmHEllM5f4yR9u-tF7bAKgkiXsk/viewform
သင်တန်းကျောင်းတည်နေရာ
Yangon >>အမှတ်1099/ 6 ရပ်ကွက်/ပင်းယ 1 လမ်း /ဒဂုံမြို့သစ်အရှေ့ပိုင်း/ရန်ကုန်မြို့။
03/03/2026
🌟We are hiring 🌟
ကလေးချစ်တတ်တဲ့ တီချယ်များနှင့် Assistant များ အမြန်အလိုရှိသည် 🤗
ကလေးငယ်တွေရဲ့ ကမ္ဘာလေးထဲမှာ ချစ်ခြင်းမေတ္တာနဲ့ သင်ကြားပြသပေးရင်း ဘဝအတွက် အတွေ့အကြုံသစ်တွေ ရယူချင်ပါသလား? သင်က စိတ်ရှည်တယ်၊ ကလေးတွေကို ဂရုစိုက်ရတာ ဝါသနာပါတယ်ဆိုရင် ကျွန်မတို့ကျောင်းမှ နွေးထွေးစွာ ကြိုဆိုနေပါတယ်ရှင့်။ ❤️
အရှေ့ဒဂုံနှင့် မြောက်ဒဂုံတွင် နေထိုင်သူများကို ဦးစားပေး ခေါ်ယူသွားပါမည်။
📋 ခေါ်ယူမည့် ရာထူးများ
၁။ Preschool Main Teacher (ECCD)
• တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူ ဖြစ်ရမည်။
• လူမှုဝန်ထမ်း၏ ECCD လက်မှတ် ရှိရမည်။ (Dip in ECCD/ECCE ရရှိထားသူ ဦးစားပေးမည်)
• English (Intermediate Level) ကောင်းမွန်စွာ ပြောဆိုနိုင်ရမည်။
• Microsoft Office နှင့် Internet ကျွမ်းကျင်စွာ အသုံးပြုနိုင်ရမည်။
• Lesson Plan ရေးဆွဲခြင်းနှင့် Teaching Aids များ တီထွင်ဖန်တီးနိုင်ရမည်။
• အတွေ့အကြုံ (၂) နှစ်နှင့်အထက် ရှိသူဖြစ်ရမည်။
၂။ Assistant Teachers
• ဘွဲ့ရ (သို့မဟုတ်) အဝေးသင်တက်ရောက်နေသူများ လျှောက်ထားနိုင်သည်။
• လူမှုဝန်ထမ်း၏ ECCD လက်မှတ်ရှိသူ ဦးစားပေးမည်။
• ကလေးချစ်တတ်သူ၊ စိတ်ရှည်ပြီး လေ့လာသင်ယူလိုစိတ်ရှိသူ ဖြစ်ရမည်။
• အသက် (၃၅) နှစ်အောက် ဖြစ်ရမည်။
၃။ Class Assistant
• (၁၀) တန်းဖြေဆိုထားသူ (သို့မဟုတ်) အောင်မြင်ပြီးသူ ဖြစ်ရမည်။
• အသက် (၃၅) နှစ်အောက် ဖြစ်ရမည်။
• ကလေးငယ်များ၏ ဝေယျာဝစ္စများကို မိဘသဖွယ် နွေးထွေးကြင်နာစွာ လုပ်ကိုင်ပေးနိုင်ရမည်။
💰 ခံစားခွင့်နှင့် အလုပ်ချိန်
• လစာ: မျှော်မှန်းလစာ (သို့မဟုတ်) သတ်မှတ်လစာအပြင် လုပ်ငန်းခွင်အတွင်း On-job training များ ပေးသွားမည်။
• အလုပ်ချိန်: 8:30 AM - 4:30 PM (Monday to Friday)
• ပိတ်ရက်: စနေ၊ တနင်္ဂနွေ နှင့် ရုံးပိတ်ရက်များ။
📩 လျှောက်ထားရန်
စိတ်ပါဝင်စားသူများအနေဖြင့် အောက်ပါစာရွက်စာတမ်းများကို Viber - 09 5039293သို့ ပေးပို့လျှောက်ထားနိုင်ပါသည်။
၁။ ကိုယ်ရေးရာဇဝင် (CV Form) နှင့် မျှော်မှန်းလစာ
၂။ ပညာအရည်အချင်း အထောက်အထား မိတ္တူများ
၃။ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်း မိတ္တူ
📍 တည်နေရာ: (၆) ရပ်ကွက်၊ ၈သမမှတ်တိုင်အနီး ၊ အရှေ့ဒဂုံမြို့နယ်။