Online Fitness Coaching by Swan

Online Fitness Coaching by Swan

Share

အားကစားလေ့ကျင့်ရေးနှင့်ပတ်သက်တဲ့ အသိပညာတွေကို မျှဝေပေးနေတဲ့ စာမျက်နှာတစ်ခုဖြစ်ပါတယ်။

04/01/2026

78th Myanmar Independence Day✔

25/12/2025

Merry Christmas

25.12.2025(Thu)

19/07/2025

အာဇာနည်နေ့ ၁၉ရက် ၇လ ၂၀၂၅ခုနှစ် 🖤

17/04/2025

၁၃၈၇ ခုနှစ်
နှစ်ဆန်းတစ်ရက်နေ့ကစပြီး နှစ်သစ်မှာ အားလုံး
ကျန်းမာချမ်းသာကြပါစေ၊
စိတ်ချမ်းသာကြပါစေ၊ ကိုယ်ကျန်းမာကြပါစေ၊

သဘာဝဘေးအန္တရယ်များလည်း ကင်းဝေးကြပါစေ၊

ကပ်ဘေးအန္တရယ်များလည်း ကင်းရှင်းကြပါစေ၊

လက်ရှိအခက်အခဲများကိုလည်း အောင်မြင်စွာ ကျော်ဖြတ်နိုင်ပါစေ။

စီးပွားလာဘ်လာဘတွေ ပိုမိုတိုးတက်ကြပါစေ။

သက်ရှိ သတ္တဝါများအားလုံး ငြိမ်းချမ်းသာယာကြပါစေ လို့
ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ခင်ဗျာ။

Swan Ye

#နှစ်သစ်ဆုတောင်း

17/01/2025

အသားဓာတ်ဟာ
ခန္ဓာကိုယ်အတွက် အရမ်းအရေးကြီးတဲ့
အရာတစ်ခုဖြစ်ပါတယ်။

သင့်အနေနဲ့
တစ်နေ့တာမှာ အသားဓာတ် ပြည့်ပြည်​ဝဝရရှိမှုရှိမှသာ
အခြားသော အရေးကြီးတဲ့
ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာတွေကို အဆင်ပြေပြေလုပ်ဆောင်နိုင်ပြီး ကျန်းမာမှု အစစ်အမှန်ကို ရရှိမှာဖြစ်တယ်။

အသားဓာတ်ထဲမှာ ခန္ဓာကိုယ်အတွက်
အဓိက အရေးပါတဲ့ Amino acid
အုပ်စု သုံးခုအနေနဲ့

နံပါတ် 1 ....အဓိက လိုအပ်တဲ့ Amino acid

နံပါတ် 2 ...မရှိမဖြစ် မလိုအပ်တဲ့ Amino acid

နံပါတ် 3 ...အခြေအနေအရ လိုအပ်လာနိုင်တဲ့ Amino acid ဆိုပြီး
အမျိုးအစား သုံးခု ခွဲထားတယ်။

နေ့ရက်တိုင်းမှာ
အပေါ်ဆုံးက
Amino acid တွေကို ခန္ဓာကိုယ်က
ရနိုင်တဲ့ အခြေအနေမရှိဘူးဆိုရင်
အသားဓာတ် ချို့တဲ့တဲ့ ဒဏ်ကိုခံစားရမှာပါပဲ။

သင်ဟာ Bodybuilder မဟုတ်ဘူးဆိုရင်တောင်
အသားပြည့်မှီစွာ စားသုံးပေးဖို့လိုပါတယ်။

သင့်မှာ
အသားဓာတ်ကို စားသုံးမှု မလုံလောက်ဘူး။

ခန္ဓာကိုယ်က အသားဓာတ်ရရှိမှု မလုံလောက်နေဘူး စတဲ့
အသားဓာတ် ချို့တဲ့မှုရဲ့ ထင်သာမြင်သာ အချက်တွေကတော့

အသားအရေ ညစ်နွမ်းလာခြင်း၊

Brain နဲ့ ပတ်သက်တဲ့ congnitive Function ကျလာခြင်း၊

စိတ်ဖိစီးမှုပိုများလာခြင်း၊

ညဘက်အိပ်စက်မှု ပုံမမှန်တော့ခြင်း၊

အာရုံစူးစိုက်မှု အားနည်းလာပြီး၊
အာရုံကြော အားနည်းတဲ့ အခြေအနေတွေနှင့် ကြုံလာရခြင်း၊

ကြွက်သားအရွယ်အစားနှင့်
ကြွက်သားခွန်အားတွေ ဆုတ်ယုတ်လာခြင်း၊

စတဲ့အချက်တွေကို သိသိသာသာဖြစ်လာစေပါတယ်။

သင့်အနေနဲ့ လှုပ်ရှားမှုနည်းတဲ့လူဖြစ်တယ်ဆိုရင်
အသားဓာတ် ချို့တဲ့မှုကို မခံရအောင် အရေးအကြီးဆုံးအနေနဲ့
ခန္ဓာကိုယ်အလေးချိန်နဲ့ တွက်ပြီး
ခန္ဓာကိုယ် အလေးချိန်တစ်ပေါင်လျှင်
အနည်းဆုံး တစ်နေ့ကို Lean ဖြစ်တဲ့
အသားဓာတ် 0.6 g နှုန်းနဲ့ စားသုံးပေးဖို့လိုပါတယ်။

တနေ့တာမှာ
လှုပ်ရှားမှုများတဲ့လူတွေကတော့ 0.8g အနည်းဆုံး နှင့်
အားကစားသမားများက 2.2g လောက်အထိ တိုး​ပြီး
စားသုံးပေးဖို့လိုပါတယ်။

ပိုပြီး Effective ဖြစ်စေဖို့
နောက်ထပ်အကြံပေးချင်တာကတော့
ခန္ဓာကိုယ်က Protein စုပ်ယူမှု အကောင်းဆုံးဖြစ်တဲ့
မနက်ခင်းအချိန်တွေမှာ အာဟာရပြည့်ဝတဲ့ အသားဓာတ်ကို ရွေးချယ်
စားသုံးမယ်ဆိုရင် တနေ့တာ အတွက် အသားဓာတ်ရရှိမှုပိုကောင်းစေမှာဖြစ်ပါတယ်။

SwanYe










30/12/2024

Happy Karen New year
30.12.2024(Monday)❤

ယနေ့ကျရောက်တဲ့
ကရင်နှစ်သစ်ကူးမှ စ၍ မြန်မာနိုင်ငံသားအားလုံး
စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေလို့
ဆုမွန်ကောင်း တောင်းပေးပါတယ်ခင်ဗျ။😊🙏

25/12/2024

Merry Christmas to you.😊
May Santa bring you happiness
and peace.❤

Photos from Online Fitness Coaching by Swan's post 17/10/2024

17.10.2024(ကြာသပတေးနေ့) ဖြစ်တဲ့

သီတင်းကျွတ် လပြည့်နေ့ မှာ မိတ်ဆွေများအားလုံး

စိတ်၏ ချမ်းသာခြင်း နှင့် ကိုယ်၏ ကျန်းမာခြင်း

ပြည့်စုံကြပြီး၊ စီးပွားလာဘ်လာဘ
တွေလည်းအရင်ထက် များစွာ❤

တိုးတက်ကြပါစေလို့ ဆုတောင်းပေးပါတယ်ခင်ဗျာ။🙏🙏🙏

17/09/2024

ဒီကိစ္စလေးက အရေးမကြီးပါဘူးကွာ။
ဒါလေးက နောက်မှပဲ။
ဒါလေးက ကိစ္စ သေးသေးလေး။
ဒီလိုတွေပဲ စဥ်းစားတယ်။

တကယ်တော့ ဒီလိုလည်းမဟုတ်သေးဘူး။

အသက်အရွယ်တစ်ခုရောက်မှ
ဘယ်အရာမှ အရေးမကြီးဘူးဆိုတာမရှိမှန်း
အတွေ့အကြုံအရသိလာတယ်။

ကောင်းမွန်မှုနဲ့
သွေဖယ်တဲ့အရာတိုင်းကို နည်းနည်းလေးသွေဖယ်ရင်တောင် အရေးမကြီးဆိုပြီး လွတ်မထားသင့်မှန်း
နားလည်လာတယ်။

ဘယ်ကိစ္စမဆို၊
အရင်တုန်းက မပြောဘူး၊ လွတ်ထားပေးဦးမယ်ဆိုတာတွေတောင် သွေဖယ်တာနဲ့ ချက်ချင်း
ဂရုပြုသင့်မှန်းစဥ်းစားလာတာပေါ့။

"အရာတိုင်းက အရေးကြီးတယ်။

လူတွေအနေနဲ့ အရေးကြီးတာချင်း
ယှဥ်လာတဲ့အခါမှသာ ROI(ရင်းနှီးတဲ့အပေါ်မှာပြန်ရတာအရ) တွက်ချက်ကြတာသာ ရှိတယ်။

အရေးမကြီးပါဘူး။
အရေးမကြီးပါဘူးဆိုပြီး ကိစ္စအသေးလေးတွေ လျစ်လျူရှုမိတဲ့အခါ ၊
ဒီကိစ္စအသေးလေးတွေ စုမိလာတော့ အရေးကြီးလာတယ်။

အရေးကြီးလာတဲ့အချိန်ရောက်မှ လုပ်ရင် အချို့အရာတွေက မမှီတော့ဘူး။
အချို့အရာတွေက ပြန်တည်ဆောက်ရတာခက်သွားတယ်။
အားစိုက်ထုတ်ရတာ အလွန်အမင်းပင်ပန်းလာတယ်။
မလိုအပ်ပဲနဲ့ အရေးမကြီးပါဘူးဆိုတဲ့ အချိန်ဆွဲထားခြင်းရဲ့ ပင်ပန်းခြင်းရလဒ်တွေပါပဲ။

"ယနေ့ နည်းနည်းလေးနောက်ကျမှအိပ်မယ်။
အရေးမကြီးဘူး။ဆိုရင်

အရေးမကြီးတာလေးတွေ ရက်ဆက်သွားတဲ့အခါ
အအိပ်ပျက်လာတယ်။
အိပ်ချိန် မမှန်တာတွေဖြစ်လာတယ်။
အိပ်တာအဆင်မပြေတော့ရင် စားတဲ့ အပိုင်းကိုပါ ထိခိုက်လာတယ်။
ဒီလိုနဲ့ အအိပ်ပျက် အစားပျက်ဆိုတဲ့ အခြေအနေကို ဆိုက်ရောက်လာတယ်။

ဒါလေးတွေစားလိုက်လည်း ကိစ္စမရှိဘူး။
အရေးမကြီးဘူး။
ဒါမျိုးစဥ်းစားတယ်။
ဒါပေမဲ့ ဒီလိုအရေးမကြီးတာတွေ စုသွားရင်
ရောဂါပေါင်းစုံ ဖြစ်ဖို့အတွက် လုံလောက်တဲ့ အရေးတကြီး အကြောင်းပြချက်တစ်ခုဖြစ်သွားတယ်။

ဒီနေ့ လေ့ကျင့်ခန်းပျက်လိုက်မယ်။
အရေးမကြီးဘူး။

ဒီအရေးမကြီးတာ များလာရင် လေ့ကျင့်ခန်းမလုပ်ဖြစ်တော့ဘူး။
ကိုယ့်ကိုယ်ကို ကျန်းမာဖို့
စည်းကမ်းတွေ မချဖြစ်တော့ဘူး။
လေ့ကျင့်ခန်းလုပ်နေတဲ့အခါ ဒါလေးတွေတော့
ရှောင်ပါမယ်လေ။
ဒါလေးတွေ မကောင်းလို့မလုပ်တာမျိုးရှိပေမဲ့၊
ကိုယ်တိုင် လုပ်မယ်လို့ ကတိပေးထားတဲ့
လေ့ကျင့်ခန်း တွေ ကျော်ခွတာများလာရင်
ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်စွမ်းနဲ့ ယုံကြည်မှုတွေနည်းလာမယ်။
နေထိုင်စားသောက်မှု အရင်လိုမထိန်းဖြစ်တော့ဘူး။
ကျန်းမာရေးနှင့် အလှအပကို ထိခိုက်လာမယ် စတဲ့အခြေအနေတွေရှိလာစေနိုင်တာဟာ အရေးမကြီးတာတွေရဲ့ နောက်ဆက်တွဲတွေ ဆိုတာ
စနစ်တကျစဥ်းစားတဲ့အခါမှာ
ထင်ရှားတယ် မဟုတ်လား။

မိမိကိုယ်ကို ပြန်ပြီးသုံးသပ်ကြည့်လိုက်၊
ယခု သင်ဆီမှာ သင့်ကိုထိခိုက်စေတဲ့အရာတွေဟာ
အရင်က သင်ထင်တဲ့
အရေးမကြီးပါဘူးဆိုတဲ့ အရာလေးကနေစခဲ့တာ။

စီးကရက်တစ်လိပ်၊ အရက်တစ်ခွက်၊
အရေးမကြီးဘူးတွေကနေစတာပါ။

ဒီကနေ တဖြည်းဖြည်း အရေးတွေကြီးလာတာ၊ ပြုပြင်ပြောင်းလဲဖို့ခက်တာမျိုးတွေတောင်ရှိနေစေတာ
မဟုတ်လား။

အရေးမကြီးဆိုတာဟာ အမြင်တစ်ခုသာ ဖြစ်ပြီးတော့
လုပ်ကိုလုပ်ရမည့် အရာတွေတိုင်းဟာ
အရေးမကြီးဘူး ဆိုတာမျိုးမရှိဘူး။

ယနေ့ လက်တွေ့လုပ်ရမှာက
အရေးမကြီးဘူးဆိုတဲ့အရာတွေ အရေးကြီးလာတဲ့အထိ လွတ်မထားဖို့ သင့်အနေနဲ့ ဂရုစိုက်ဖို့လိုတယ်။

မဖြစ်မနေ
လုပ်ရမည့်အရာတွေကို အရေးမကြီးဘူးဆိုတဲ့စဥ်းစားမှုကို ဆန့်ကျင်ပြောင်းလဲပါ။

"လုပ်ရမှာဆိုရင် အခြားလုပ်စရာမရှိရင်
ချက်ချင်းထလုပ်ဗျာ။

"အရေးပါတဲ့အရာတွေ
အကောင်အထည်ဖြစ်လာတာဟာ
လုပ်ကိုလုပ်ရမည့် အရေးမကြီးဘူးဆိုတဲ့အရာတွေကို
အချိန်မဆိုင်းပဲ၊
ချက်ခြင်းလုပ်ခြင်းကနေ
ရလဒ်ကောင်းတွေရရှိစေတာသာ ဖြစ်တယ်။

Swan Ye
Fitness Coach

#အရေးမကြီးသောအရာတွေကနေအရေးကြီးသော အရာတွေဆီသို့

1:35AM
18.9.2024(Tue)

28/07/2024

ကျန်းမာသန်စွမ်းဖို့အတွက် အခြေခံအကျဆုံး လိုက်နာဖို့ကတော့၊
လွန်ခဲ့သော နှစ်ပေါင်းများစွာ၊
BC 30000 လောက်က လူသားတွေဖြစ်တဲ့
ကျွန်တော်တို့ ဘိုးဘေးတွေ ဘယ်လိုနေထိုင်ခဲ့လဲ၊
ဘယ်လို စားသောက်ခဲ့လဲ။

"သူတို့ရဲ့နေထိုင်မှုအတိုင်း အနီးစပ်ဆုံး နေထိုင် စားသောက်ရမယ်
ဆိုတဲ့ အခြေခံအကျဆုံး စဥ်းစားမှုလေး
ခေါင်းထဲမှာ စွဲမြဲနေအောင်မှတ်ထားပါ။

အရမ်းအလုပ်ဖြစ်ပါတယ်။

Swan Ye
Fitness and Bodybuilding Coach

4:30PM
28.7.2024(Sun)

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Website

Address


Yangon

Opening Hours

Monday 10:00 - 22:00
Tuesday 10:00 - 22:00
Wednesday 10:00 - 22:00
Thursday 10:00 - 22:00
Friday 10:00 - 22:00
Saturday 10:00 - 22:00
Sunday 10:00 - 22:00