04/09/2023
တရုတ်နိုင်ငံမှာ ပညာသွားရောက်သင်ယူမယ်ဆို ဒါလေးတွေလည်း သိထားဖို့လိုမယ်နော်🤔
တရုတ်စာ ဘာသာစကားတွေကို လေ့လာသင်ယူပြီး HSK ဝင်ဖြေကာ တရုတ်နိုင်ငံရဲ့ 🏫တက္ကသိုလ်တွေမှာ ပညာသွားရောက်သင်ယူမယ်ဆိုတဲ့ ရည်မှန်းချက်ပန်းတိုင်ရှိကြသူတိုင်းအတွက်
တရုတ်နိုင်ငံရဲ့ ✨High Ranking University တွေနဲ့ Popular Major တွေအကြောင်း တစေ့တစောင်းကို Chinese Plus ကမျှဝေပေးလိုက်ပါပြီရှင်💁🏻♀️
💥2023 County Rank 1 နဲ့ 2023 World Rank 213 ရရှိထားတဲ့ Tsinghua University
နိုင်ငံပေါင်း 130 ကျော်က နိုင်ငံတကာကျောင်းသားပေါင်း 5000 လောက်နှစ်စဉ်လာတက်ရောက်နေကြပြီး
Engineering, Computer Science, Materials Science, Chemistry, Physics, Nanoscience နဲ့ Nanotechnology ဘာသာရပ်တွေကို အဓိကလေ့လာသင်ယူနိုင်ပါတယ်🤗
💥2023 County Rank 2 နဲ့ 2023 World Rank 237 ရရှိထားတဲ့ Peking University
1898 ခုနှစ်က စတင်ထည်ထောင်ခဲ့တဲ့ 🏫အမျိုးသားတက္ကသိုလ်တစ်ခုဖြစ်ပြီး World Ranking အတွက် အကောင်းဆုံးမေဂျာတွေကတော့ Biology, Chemistry, Physics, Engineering, Pharmacology, Geosciences, Social Sciences, Nanoscience နဲ့ Nanotechnology တို့ပဲဖြစ်ပါတယ်💁🏻♀️
💥2023 County Rank 3 နဲ့ 2023 World Rank 244 ရရှိထားတဲ့ Zhejiang University
နိုင်ငံတကာကျောင်းသားပေါင်း 8000 ကျော်က Long-term, Short-term Program တွေနဲ့အတူတူ သင်ယူလေ့လာလျက်ရှိပြီး ✨Agricultural Sciences, Biotechnology and Applied microbiology, Chemical engineering, Chemistry, Information Technology, Energy and Fuel, Mechanical Engineering, Nanoscience and Nanotechnology ဘာသာရပ်တွေကို တက်ရောက်သင်ယူနိုင်ပါတယ်🤩
💥2023 County Rank 4 နဲ့ 2023 World Rank 317 ရရှိထားတဲ့ Shanghai Jiao Tong University
World Leading Internationalized University တစ်ခုဖြစ်တဲ့ Shanghai Jiao Tong University မှာတော့💁🏻♀️ Biotechnology, Applied Microbiology, Chemistry, Information technology, Electrical and Electronics Engineering, Engineering, Materials Science, Mechanical Engineering, Pharmacology တို့ကတော့ အကောင်းဆုံးဘာသာရပ်တွေပါပဲ😉
💥2023 County Rank 5 နဲ့ 2023 World Rank 383 ရရှိထားတဲ့ University Of Science And Technology Of China
Scientific, Technical Research, Management တွေအပေါ် အဓိကအာရုံစိုက်တဲ့ 🏫တက္ကသိုလ်ကောင်းတစ်ခုဖြစ်ပြီး Nanoscience, Nanotechnology, Chemistry, Physics, Energy and Fuel, Polymer Science, Materials Science, Mechanical Engineering နဲ့ Engineering ဘာသာရပ်တွေကို လေ့လာနိုင်ပါတယ်🤗
🏫ဒီတက္ကသိုလ်တွေကတော့ 2023 ခုနှစ်အတွက် တရုတ်နိုင်ငံရဲ့ High Ranking University တွေနဲ့ Majors တွေပဲဖြစ်ပြီး
👩🏻🎓နိုင်ငံတကာကျောင်းသူကျောင်းသားတွေကိုလည်း လက်ခံလျက်ရှိကာ Academic ရော Non-academics Facilities တွေကိုပါ ဖြည့်ဆည်းပေးနေတာမို့ ကျောင်းသူကျောင်းသားတွေအတွက် အကောင်းဆုံးရွေးချယ်မှုပဲပေါ့💯
ဒီလို တရုတ်နိုင်ငံပညာရေးခရီးလမ်းနဲ့ ပတ်သက်တဲ့ ဗဟုသုတရစရာတွေကို ဆက်ပြီးမျှဝေပေးသွားမှာမို့ Chinese Plus Page လေးကို အမြဲမပြတ်စောင့်ကြည့်နေပေးဦးနော်💁🏻♀️