DKML Education Center

DKML Education Center Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from DKML Education Center, Education, No. 29 A, 3rd Floor , Myoethit 1st Street , Kyauk Myaung, Tarmwe Township, Yangon.

ငါးတစ်ကောင်အတွက် ကုန်းမြေဟာ မရဏခရီးဖြစ်သလို ၊ လဲမှိုပွင့်လေးတစ်ပွင့်အတွက် ရေပြင်ဟာ အဆုံးသတ်ကြေပြုန်းရာ နိဂုံးဌာနတစ်ခု ဖြ...
16/11/2021

ငါးတစ်ကောင်အတွက် ကုန်းမြေဟာ မရဏခရီးဖြစ်သလို ၊ လဲမှိုပွင့်လေးတစ်ပွင့်အတွက် ရေပြင်ဟာ အဆုံးသတ်ကြေပြုန်းရာ နိဂုံးဌာနတစ်ခု ဖြစ်တယ်။

အသွေးအမွေး ဗီဇဓလေ့ ခွန်အားရှိပုံ ခန္ဓာဖွဲ့စည်းပုံ မတူကြတဲ့ သတ္တဝါတိုင်းမှာ သူတို့အားသန်ရာ ၊ သူတို့အားနည်းရာဆိုတာ ကိုယ်စီကိုယ်ငှ ရှိကြစမြဲပဲ။

ဒါကိုပဲ 'ဒါလေးကို မလုပ်တတ်ဘူးလား'တို့
"ဒါလေးများ ငါတို့တုန်းက မှုတယ်တောင် မထင်ခဲ့ဘူး"တို့စသဖြင့် ကိုယ်နဲ့တိုင်း နှိုင်းဆ ဆုံးဖြတ်တာဟာ အတော်လွဲချော်စေသော လူ့ရှင်သန်မှုအချို့ပဲ။

ဟင်းချက်ညံ့တဲ့ အမျိုးသမီးဟာ ငွေရှာကောင်းတဲ့ အိမ်ထောင်ရှင်မ ဖြစ်နေနိုင်သလို ၊ စကားပြောမကောင်းတဲ့ အမျိုးသားဟာ ဦးစီးဦးဆောင်ကောင်းတဲ့ အိမ်ဦးနတ်တစ်ယောက်လည်း ဖြစ်နေနိုင်ပါတယ် ။

ငါလုပ်နိုင်တာတွေ သူလုပ်ကိုလုပ်နိုင်ရမယ်ဆိုတာ မှားနေသလို ၊ သူများလုပ်တတ်တာတွေ ငါ့ယောက်ျား ၊ ငါ့မိန်းမ ၊ ငါ့တူ ၊ ငါ့သား ၊ လုပ်ကိုလုပ်တတ်ရမယ်ဆိုတာလည်း မမှန်တဲ့ Norm အလွဲတစ်ခုပါပဲ။

အုန်းပင်ဟာ အုန်းပင်လို တန်ဖိုးရှိပေမယ့် စံပယ်လို မမွှေးမြတာတော့ အမှန်ပါ။ ဓားဟာ ဓားလို ထက်မြမှာပေမယ့် တူ လို ထုနှက်မရတာတော့ အမှန်ပါ။

လူဟာ အားနည်းခွင့်ရှိတယ်။
မပြည့်စုံခွင့် ရှိတယ်။
အားနည်းချက် နည်းနည်းရှိတဲ့သူနဲ့
များများရှိတဲ့သူသာကွာမယ်။
မပြည့်စုံမှု ထူထပ်သူနဲ့ ပါးလျသူသာ ကွာမယ်။စင်လုံးချော ပြစ်မျိုးမှဲ့မထင်ဆိုတာ တကယ့်လက်တွေ့ဘဝမှာ မရှိဘူး ။ ရှိလာမှာလည်း မဟုတ်ဘူး။

ဒီတော့ တကယ်ချစ်ခင်ရင် ကွက်လပ်တွေကို ကူပံ့ပြီး ၊ အပြစ်အနာအဆာကို ဖြေဖော့တတ်ရတယ်။ သူတစ်ပါးကို လေးစားတန်ဖိုးထားမှု esteem ဆိုတာ ထူးတာကောင်းတာတွေကိုချည်း ရွေးကြည်ညိုတာမဟုတ်ဘဲ ၊ လိုတာလပ်တာတွေကိုပါ ဖြည့်မြင်ပေးတတ်တာ ဖြစ်တယ်။

လူတွေကို အရှိတရားထက် ပိုမတွက်ပါနဲ့။
အရှိတရားအောက်လည်း လျော့မတွက်ပါနဲ့။

ပကတိအတိုင်းတွက်ပါ။
ပကတိအတိုင်းပဲ ကြည့်ပါ။

အတင်းလိုက်လုပ်ယူခိုင်းရတာတွေ မရှိဘဲ
တစ်ဦးကိုတစ်ဦး အမှန်အတိုင်း
နားလည်လက်ခံတတ်တဲ့နေရာမှာ
မေတ္တာ တရားက ပိုကြာရှည်ခံပြီး
အပြုံးတွေလည်း ပို ချိုမြိန်ပါတယ်။

စိတ်ထဲထိရယ်နိုင်ကြသူများ ဖြစ်နိုင်ကြပါစေ။

ေးရိပ်-

တစ်နေ့တာနုတ်ဆက်ချိန်ရဲ့ရောင်စုံပန်းချီကား
24/08/2021

တစ်နေ့တာနုတ်ဆက်ချိန်ရဲ့ရောင်စုံပန်းချီကား

**  စနစ်သစ်ပညာရေးအကြောင်း  **Grade 10,11,12 သုံးနှစ်လုံးမှာ Grade A ရမှ ကိုယ်နှစ်သက်တဲ့တက္ကသိုလ်ကိုရွေးချယ်လို့ရမှာဖြစ်ပ...
18/01/2021

** စနစ်သစ်ပညာရေးအကြောင်း **
Grade
10,
11,
12 သုံးနှစ်လုံးမှာ
Grade
A ရမှ
ကိုယ်နှစ်သက်တဲ့တက္ကသိုလ်ကို
ရွေးချယ်လို့ရမှာဖြစ်ပြီး
Grade
B,C ရတဲ့သူက
သတ်မှတ်ထားတဲ့ တက္ကသိုလ်သာဝင်ခွင့်ရမှာပါ

#စနစ်သစ်ပညာရေးအကြောင်း
ဖတ်ဖြစ်အောင် ဖတ်ကြည့်ပါ
၂၀၂၀_၂၀၂၁ ပညာသင်နှစ်
Grade 10 (ဒသမတန်း)ကျောင်းတွင်းစစ်စာမေးပွဲ
၂၀၂၁_၂၀၂၂ ပညာသင်နှစ်
Grade 11 (ဧကဒသမတန်း)ကျောင်းတွင်းစစ်စာမေးပွဲ
၂၀၂၂_၂၀၂၃ ပညာသင်နှစ်
Grade 12 (ဒွာဒသမတန်း)ကျောင်းတွင်းစစ်စာမေးပွဲ နှင့်
နိုင်ငံတော်အစိုးရစစ်စာမေးပွဲစာမေးပွဲနှစ်ခုရှိပါသည်။

Grade 12
ကျောင်းတွင်းစစ်စာမေးပွဲဖြေဆိုအောင်မြင်ပါက
သင်ယူပြီးမြောက်ကြောင်းလက်မှတ် ရရှိမည်ဖြစ်ပါသည်။
ထိုလက်မှတ်ဖြင့်
ကောလိပ်များ၊
Instituteများ
(ပညာရေးကောလိပ်၊GTI အစရှိသဖြင့်)
ဝင်ခွင့်ဖြေဆိုခွင့်ရမည်ဖြစ်ပါသည်။
သို့သော်
၂၀၂၃ ခုနှစ် မတ်လတွင်ကျင်းပပြုလုပ်သည့်
နိုင်ငံတော်အဆင့် အစိုးရစစ်စာမေးပွဲသည်သာ
University များတက်ရောက်ခွင့်ရရှိမည့်
Grade အဆင့်သတ်မှတ်ချက်ရလဒ်စာမေးပွဲဖြစ်ပါသည်။
ထိုရလဒ် Grade အနေအထားအပေါ်မူတည်ပြီးမှသာ
တက္ကသိုလ်များကို ဝင်ခွင့်ဖြေဆိုခွင့်ရမည်ဖြစ်ပါသည်။
ထိုစာမေးပွဲတွင်
Grade A ရထားသောကလေးသည်
နှစ်သက်သလို
တက္ကသိုလ်များကို ရွေးချယ်ဖြေဆိုခွင့်ရမည်ဖြစ်သော်လည်း၊
Grade B,C အစရှိသဖြင့် ရသောကလေးများသည်
ထို Grade များကိုလက်ခံဖြေဆိုခွင့်ပြုသော
တက္ကသိုလ်များ၌သာ ဖြေခွင့်ရှိမည်ဖြစ်ပါသည်။
Grade များသည်လည်း
ဘာသာရပ် တိုင်းအတွက်ကောင်းရန်မလိုပါ။
မိမိ အဓိက ရွေးချယ်မည့်
တက္ကသိုလ်တစ်ခုကိုတော့ ကို
G10တည်းက သေချာ ဆုံးဖြတ်ထားရန် လိုအပ်ပါသည်။
ဥပမာ။ ။ဆေးတက္ကသိုလ် ဝင်ခွင့်အတွက်ဆိုလျှင်
English၊
Physics၊
Chemistry၊
Biology
လေးဘာသာ၏ Grade ကိုသာကြည့်၍
ဝင်ခွင့်ဖြေဆိုခွင့်ပြုမပြု ဆုံးဖြတ်မည်ဖြစ်ပြီး၊
Engineering နှင့်
IT တက္ကသိုလ်များအတွက်ဆိုလျှင်
English၊
Math၊
Physics၊
Chemistry လေးဘာသာ၏
Grade များကိုသာ ကြည့်မည်ဖြစ်ပါသည်။
ဘာသာစုံ Grade အမြင့်ဆုံးတွေ ရထားရင်တော့
တက္ကသိုလ် ရွေးချယ်နိုင်ခွင့်ပိုများပါလိမ့်မည်။
၁၂ တန်း အစိုးရစစ် စာမေးပွဲကြီးတွင်
(၆)ဘာသာ သာဖြေဆိုရပါမည်။
General Science ၊
Social Science ဘာသာရပ်များ ဖြေရန်မလိုပါ။
ရှင်းအောင်ပြောရရင်
(၂ဘာသာ/၃ဘာသာ)ပေါင်းစည်းထားသော ဘာသာရပ်များ
စာမေးပွဲဖြေဆိုရန်မလိုအပ်ပါ။
မှတ်ချက်။ ။၁၂တန်းမှာ Grade လည်း
ကောင်းဖို့လိုသလို တက္ကသိုလ်ဝင်ခွင့်ဖြေရာမှာ
အဆင်ပြေ အောင်မြင်စေဖို့
G(10,11,12 )သုံးနှစ်စာသင်ခန်းစာတွေကိုလည်း
ကျွမ်းကျင်ခဲ့ဖို့လိုပါတယ်။
* Grade ကောင်းရုံနဲ့လည်း
တက္ကသိုလ်တက်ခွင့်ရမှာမဟုတ်ပါဘူး
ဝင်ခွင့်ဖြေဆိုခွင့်ပဲ ရမှာဖြစ်ပြီး
ဝင်ခွင့်ပါမှသာ တက္ကသိုလ်တက်ခွင့်ရမှာပါ။

:to original writer

18/01/2021
18/01/2021

၂၀၂၀ ပြည့်နှစ်တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ အမှတ်စာရင်းကို Online မှကြည့်ရှုခြင်း။

❤️၁နှစ်ပတ်လုံး ကြိုးစားခဲ့တဲ့မောင်ဇွဲသန့်❤️စေတနာအပြည့်နဲ့သင်ကြားပေးခဲ့ကြတဲ့ဆရာ/ဆရာမ များ နှင့် ❣️ယုံကြည်စွာပုံဖော်ခွင့်ပ...
18/01/2021

❤️၁နှစ်ပတ်လုံး ကြိုးစားခဲ့တဲ့မောင်ဇွဲသန့်

❤️စေတနာအပြည့်နဲ့သင်ကြားပေးခဲ့ကြတဲ့ဆရာ/ဆရာမ များ နှင့်

❣️ယုံကြည်စွာပုံဖော်ခွင့်ပေးတဲ့မိဘများကို
အထူးကျေးဇူးတင်ပါတယ်။

မှ /
ဆရာမ ဒေါ်ခင်မာလွင်

❤️၁နှစ်ပတ်လုံး ကြိုးစားခဲ့တဲ့ မချမ်းမြေ့လှိုင်❤️စေတနာအပြည့်နဲ့သင်ကြားပေးခဲ့ကြတဲ့ဆရာ/ဆရာမ များ နှင့် ❣️ယုံကြည်စွာပုံဖော်ခ...
18/01/2021

❤️၁နှစ်ပတ်လုံး ကြိုးစားခဲ့တဲ့ မချမ်းမြေ့လှိုင်

❤️စေတနာအပြည့်နဲ့သင်ကြားပေးခဲ့ကြတဲ့ဆရာ/ဆရာမ များ နှင့်

❣️ယုံကြည်စွာပုံဖော်ခွင့်ပေးတဲ့မိဘများကို
အထူးကျေးဇူးတင်ပါတယ်။

မှ /
ဆရာမ ဒေါ်ခင်မာလွင်

❤️၁နှစ်ပတ်လုံး ကြိုးစားခဲ့တဲ့ မနော်မိုးပွင့်ဖြူ❤️စေတနာအပြည့်နဲ့သင်ကြားပေးခဲ့ကြတဲ့ဆရာ/ဆရာမ များ နှင့် ❣️ယုံကြည်စွာပုံဖော်...
18/01/2021

❤️၁နှစ်ပတ်လုံး ကြိုးစားခဲ့တဲ့ မနော်မိုးပွင့်ဖြူ

❤️စေတနာအပြည့်နဲ့သင်ကြားပေးခဲ့ကြတဲ့ဆရာ/ဆရာမ များ နှင့်

❣️ယုံကြည်စွာပုံဖော်ခွင့်ပေးတဲ့မိဘများကို
အထူးကျေးဇူးတင်ပါတယ်။

မှ /
ဆရာမ ဒေါ်ခင်မာလွင်

❤️၁နှစ်ပတ်လုံး ကြိုးစားခဲ့တဲ့မနွေးနဒီသွန်းဖြိုး❤️စေတနာအပြည့်နဲ့သင်ကြားပေးခဲ့ကြတဲ့ဆရာ/ဆရာမ များ နှင့် ❣️ယုံကြည်စွာပုံဖော်...
18/01/2021

❤️၁နှစ်ပတ်လုံး ကြိုးစားခဲ့တဲ့မနွေးနဒီသွန်းဖြိုး

❤️စေတနာအပြည့်နဲ့သင်ကြားပေးခဲ့ကြတဲ့ဆရာ/ဆရာမ များ နှင့်

❣️ယုံကြည်စွာပုံဖော်ခွင့်ပေးတဲ့မိဘများကို
အထူးကျေးဇူးတင်ပါတယ်။

မှ /
ဆရာမ ဒေါ်ခင်မာလွင်

Address

No. 29 A, 3rd Floor , Myoethit 1st Street , Kyauk Myaung, Tarmwe Township
Yangon

Telephone

+959420004913

Website

Alerts

Be the first to know and let us send you an email when DKML Education Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category