English with Teacher May

English with Teacher May

Share

🎓 ESL & Inclusive Education
👩‍🏫 Private English Coaching (Adults & Kids)
📩 DM for classes
🎥 TikTok: @maymzu4

15/12/2025

🧩 အစောပိုင်းအထောက်အပံ့၏ အခန်းကဏ္ဍ (The Role of Early Intervention)

✨ “အစောပိုင်းအထောက်အပံ့က ယုံကြည်မှုတစ်ခု တည်ဆောက်ပေးတယ်။”

ကလေးတိုင်းမှာ တိုးတက်ပုံ မတူကြပါဘူး။
တချို့က စကား ပြောချင်ပေမဲ့ ခက်တတ်တယ်။
တချို့က sensory issues လေးတွေရှိတတ်တယ်။
တချို့က focus challenges တွေ ခံစားချက်ကိုထိန်းချုပိဖို့ခကိတာတွေ ရှိနေတတ်ကြတယ်. သူတို့အားလုံးကြိုးစားနေကြပါတယ်။

ဒီအရာတွေဟာ မမှားပါဘူး —
ဒါပေမယ့်သူတို့လိုအပ်တဲ့ လမ်းညွှန်မှုအနည်းငယ်ကိုထပ်မံဖြည့်စွက်ပေးနိုငိမယိသူရင် သူတို့လိုအပိတဲ့ အကူအညီကို ရတာနဲ့တူတူပါပဲ။ 🌿

⸝

🌼 အစောပိုင်းအထောက်အပံ့က ဘာလုပ်ပေးလဲ?

Early intervention ဆိုတာကလေးကို ပြင်ပေးတာ မဟုတ်ပါ။
သူတို့ရဲ့ ဉာဏ်အလုပ်လုပ်ပုံနဲ့ ကိုက်ညီအောင် လမ်းပြပေးတာပါ။

အစောပိုင်းအထောက်အပံ့က ကလေးတွေအတွက် —
✔️ ယုံကြည်မှု
✔️ စကားပြောမှု
✔️ တက်ကြွမှု
✔️ စိတ်ထိန်းချုပ်မှု
✔️ စာသင်ခန်းအဆင်သင့် ဖြစ်စေတတ်ပါတယ်။

⸝

🌷 အထောက်အပံ့ပေးနိုင်တဲ့ နည်းလမ်းများ

🗣️ Speech Therapy – စကားပြောခြင်း/နားလည်မှု တိုးတက်စေတယ်။
🎨 OT (Occupational Therapy) – အာရုံခံမှု၊ လက်အဖျားလှုပ်ရှားမှု၊ အာရုံစိုက်မှု တည်ငြိမ်စေတယ်။ sensory issues တွေ transition အတွက် ခက်တာတွေ အတွက် ကူညီပေးတယ်. Motor skills အတွက် လည်းကောင်းစေပါတယ်.
🌈 Play / Behavior Therapy – စိတ်ထိန်းချုပ်မှု၊ လူမှုဆက်ဆံမှု ၊ social skills တွေ သင်ပေးတယ်။
💞 Parent Coaching – မိဘအနေနဲ့ သင်တန်းတက်တာ မျိုးဖြစ်စေ training workshop လေးတွေတတ်တာကနေလည်း ကိုယ့်ရဲ့ အိမ်မှာ ကလေးကို ဘယ်လိုကူညီရမလဲ သင်ပေးဖို့ပိုကူညီပေးပါတယ်။

🌱 အရေးကြီးဆုံးအချက်

Early intervention ဒီအထောက်အပံ့တွေဟာ ကလေးတွေကို label တတ်တာ မဟုတိပါဘူး.
လိုအပ်တဲ့ ဖြည့်စွက်မှုကိုပေးတာပါ. ကိုယ်ကိုတိုငိက နားလည်ပြီး ကူညီပေးနိုင်မှ ကလေးအတွက် အဆငိပြေမှာပါ.

ကလေးတိုင်း သူ့နည်းနဲ့သူ တောက်ပနိုင်ဖို့ အတွက်ညွှန်ပေးတာပါ။ 🌈

Early support shows a child:
“You are not alone. You can do this. We’re here for you.” 💕
With love,
Teacher May 💕

19/11/2025

Positive Discipline 💛�တခါတလေ ကျွန်မတို့မိဘဆရာတွေ အနေနဲ့ ကလေးလေးတွေကို ဆုံးမတဲ့ အခါ မေ့နေတတ်တာ က သူတို့ဟာလည်း လူသားလေးတွေ ဆိုတာပါပဲ.
ကလေးတွေ ကိုဆုံးမတဲ့အခါကြောက်ရွံံ့ခြင်းကနေ သင်ယူခြင်းထက် ဆကိနွယ်မှု နဲ့ လုံခြုံမှုပေးနိုငိခြင်းဆိုတဲ့ positive discipline (အပြုသဘောဆောင်)ဆုံးမနည်းမျိုးတွေက သူတို့တွေ အတွက် ပိုပြီး effective ဖြစ်စေပါတယ်. 💛🌸
Positive discipline ဆိုတာသူတို့က လွှတ်ပေးလိုက်တာမျိုး အလိုလိုက်တာမျိုးမဟုတ်ပါဘူး.
အမှားလုပ်မိတဲ့ အခါ အပြစ်ပေးခြင်း အပြစ်တင် ပြောဆိုခြင်းကိုဘေးဖယ်ပြီး လိုအပ်တဲ့ skills စွမ်းရည်ကို သင်ပေးခြင်းပါ. 🍀
🌱အော်မယ့်အစား➡️တည်ငြိမ်မှုကိုပြပါ. ကိုယ်ကိုတိုင်က calm ဖြစ်မှ သူတို့က ဒါကို model အနေနဲ့ယူနိုင်မှာပါ.
🌱ပြစ်တင်ပြောဆိုမယ့်အစား➡️သူတို့ရဲ့ခံစားချကိကို ဖွငိ့ပြတတ်အောင် ကူညီပေးပါ.
🌱ကြောက်ရွံ့မှုအစား ➡️ structure and safety လုံခြုံမှုကိုပေးပါ.
🌱အပြစ်ပေးမဲ့အစား➡️ သူတို့လုပ်လိုကိတဲ့အရာ
နောကိမှာ ဖြစ်လာတဲ့ ယုတ္တိရှိတဲ့အကျိုးဆကိကို ပြောပြသင်ကြားပေးပါ.
🌱မကောင်းရင်တော့မချစ်ဘူး/ သူတို့လိုဖြစ်အောင်လုပ်လို့ပြောမယ့်အစား➡️Lets try again tomorrow, I believe in you ( ပြန်ကြိုးစားကြမယ်) ဆိုတဲ့ လဲကျရင် ပြန်ထလို့ရတယိ ဆိုတဲ့ အတွေးကိုပေးပါ.
ကလေးလေးတွေရဲ့ခက်ခဲတဲ့ အပြုအမူလေးတွေက သူတို့ ဆိုးသွမ်းလို့ မဟုတိပါဘူး.
သူတို့ စိတ်တွေ ပင်ပန်းနေတာ၊ overwhelm ဖြစ်နေတာ၊ fast thoughts and စိတ်မထိန်းနိုင်မှုတွေကြောင့်ဖြစ်တတ်ပါတယ်. လိုအပ်ချက်ကိုတွေ့အောင်ရှာပြီး ဖြည့်ဆည်းပေးပါ.
ကြောက်စိတ်နဲ့ ထိန်းချုပ်ရင် ကြောက်စိတ်ပဲပြန်ရမှာပါ.
ပြစ်တင်ပြောဆိုမှုကနေ နာကျင်မှုနဲ့သိမ်ငယ်စိတိကိုရစေမှာပါ.
Remember!
Positive discipline is not soft.
It is strong, steady, and effective — and it protects a child’s self-esteem while still teaching responsibility. ကလေးတွေကို စိတိခွန်အားတတ်စေပြီး တာဝန်ယူတတ်မှုကိုသင်ပေးစေပါတယိ.
And the most important message we can give our kids:
“I love you on your good days and your hard days.�Your mistakes don’t change my love.” 💛

15/11/2025

အားလုံးပဲမင်္ဂလာပါ
▪️ဒီနေ့မှာတော့ May က ကလေးလေးတွေနဲ့တူတူကစားရင်းအိမ်မှာscreen free activity လေးတခု ဖြစ်တဲ့ “sorting game “ လေးကို share ပေးချင်ပါတယ်. 🧺
▪️ဒီgame လေးကတော့ ကလေးလေးတွေ အတွက်အမျိုးအစားခွဲရတာ ဖြစ်ပြီး ကစားရတာ ပျော်စရာကောင်းတဲ့ အပြငါ အာရုံစူးစ်ုက်နိုင်စွမ်း၊ language development၊ နားလည်နိုင်စွမ်း နဲ့ အတွေးအခေါ်တိုးတကိစေပါတယ်.
👶 အသက်(၂) နှစ်မှ (၅)နှစ်ထိကလေးများအတွက်
သင့်တော်ပါတယ်.
⏰ အချိန်(၁၀-၁၅) မိနစ်လောက်ပဲယူပါတယ်.

🧸လိုအပ်သောအရာများ
ပစ်စည်းတွေအနည်းငယ် (ဥပမာ-အရောင်မျိုးစုံဘောပင်၊ပုလင်းဖုံး၊ အသီးလေးတွေ၊ အသုံးအဆောင်တွေ)
ပလတ်စတစ်ခွက်သုံးလုံး (သို့မဟုတ်) ဘူးလေးသုံးလုံး

🎯ကစားနည်း
1️⃣ ပထမအဆင့်- “အရောင်အလိုက်” ခွဲခိုင်းပါ။
👉Put all the red things here. Blue things there!

2️⃣ဒုတိယအဆင့်- “ပစ်စည်းအမျိုးအစားအလိုက်” ခွဲခိုင်းပါ။
👉 All the spoons together, all the toys together.

3️⃣တတိယအဆင့် - ၄နှစ် ၅ နှစ်ကလေးတွေ အတွက် “သုံးပုံသုံးနည်း အလိုက်” ခွဲခိုင်းနိုင်ပါတယိ။
👉 Things we wear, things we eat with, things we play with.

💡Tips for parents
ကလေး sorting လုပ်နေတဲ့ အချိန်မှာ-
စကားပြောပါ၊ ဖော်ပြပါ၊ ချီးကျူးပါ။
👉”This spoon is shiny.”
👉” The block is blue.”
ဒီလိုပြောပေးတာက ကလေးရဲ့ language development and thinking skills ၂ ခုလုံးက်ုတိုးတက်စေပါတယိ.

Hope this is useful to you in some ways!!! Take care and see you in next post!
With love,
Teacher May 💕

04/11/2025

How we speak to children shapes how they see themselves.”

▪️ကျွန်မတို့မိဘတွေ တော်တော်များများ က “ positive” and “ negative reinforcement” လို့ကြားလိုက်ရင် “ good words vs scolding” (ကောင်းတဲ့စကား vs မကောင်းတဲ့စကား၊ဆူခြင်း) လို့ထင်ကြပါတယ်.
တကယ်တော့ “negative” ဆိုတာ မကောင်းတာပြောခြင်:၊ အပြစ်ပေးခြင်း မဟုတ်ပါဘူး.
ဖိအားလျော့ပေးခြင်း၊ပျော်ရွှင်မှုတိုးပေးခြင်းပဲဖြစ်ပါတယ်. 💕

🌼 Why Words Matter
When we say:
You’re so lazy!! Why can’t you do it like your sister? (မင်းအရမ်းပျင်းတာပဲ / ကိုယ့်အမလိုဘာလို့မလုပ််နိုင်တာလဲ)
A child hears: I’m not good enough. - ငါလုပ်နေတာ မလုံလောက်ပါလား လို့ခံစားရပါမယ်.

But when we say
“I know it’s hard, but you’re trying your best. Let’s finish it together.” (ခက်ခဲမှန်းကို သိပါတယိ. တူတူ ကြ်ုးစားပြီးလုပ်ကြည့်ရအောင်)
A child hears: I’m learning and I can try again. -ငါထပ်ကြိုးစားကြည့်လို့ရတယ် လို့ခံစားရပါမယ်.

💛 How to Reinforce with Kind Language

🌱Use specific praise: တိကျသေချာချီးကျုးပါ.
“ You kept trying even when it was tough.” ( ခက်ခဲတာတောင်ကြ်ုးစားနေတာပဲ) သူတို့ရဲ့လုပ်ဆောင်နေတာကို အသိအမှတိပြူပါ.

🌸 Use gentle correction: ပြန်စဉ်းစားခိုင်းတဲ့ပြင်ဆင်မှုမျိုးသုံးပါ.
“Let’s try it another way- I know you can.” ( နောက်နည်းလမိးတမျိုးလုပ်ကြည့်ရအောင်) သူတို့ကို အကြံပေးတဲ့သဘောဆောင်ပါ.

🍀 Use encouraging reminders: သတိပေးတဲ့စကားလေးသုံးပါ.
“ Remember how you solved it yesterday? Let’s do it again.” ( မနေ့ကလိုလုပ်ကြည့် ကြမလား)

💭Avoid:
Shaming words( You’re bad), comparisons or sarcastic tone- they discourage rather than teach. (ဆိုးတယ် ဆိုတာမျိုးတွေ နှိုင်းယှဉ်တာမျိုးတွေ ရှောင်ပါ)

🌈 Remember
Reinforcement ဆိုတာ သင်ကြားဖို့ပါ- အပြစ်ပေးဖို့မဟုတိပါဘူး.
Confidence and trust ကို တည်ဆောက်ရင်း behaviour လေးတွေ က်ု တည့်မတ်ပေးပါ.

Children copy how we speak to them.
When they hear patience, they learn patience.
When they hear kindness, they learn kindness.
When language is calm and respectful, reinforcement becomes teaching, not training. 🌹
With love,
Teacher May

27/10/2025

အားလုံးပဲမင်္ဂလာပါ.
▪️ဒီနေ့မှာတော့ neurodiversity အကြောင်းလေးကိုပြောပြရင်း နောက် post တွေမှာလည်း early support and intervention techniques လေးတွေက်ုပြောပြပေးသွားပါအုန်းမယ်.

✨ “Different, Not Less.”
ကလေးတွေရဲ့ ဉာဏ်နှင့် ဦးနှောက် လုပ်ဆောင်ပုံဟာ တယောက်နဲ့ တယောကါမတူညီကြပါ။ 💛
တချို့က ပုံသဏ္ဍာန်နဲ့ စဉ်းစားတတ်တယ်။ တချို့က စကားနဲ့။
တချို့က တိတ်ဆိတ်ငြိမ်သက်တဲ့အချိန်တွေမှာသင်ယူနိုင်တယ်။ တချို့က လှုပ်ရှားမှ သင်ယူနိုင်တယ်။
ဒီလို ဦးနှောက်အမျိုးမျိုးကွာခြားမှုတွေကိုNeurodiversity (အာရုံနှင့် ဦးနှောက်ကွာခြားမှု) လို့ ခေါ်ပါတယ်။
Neurodiverse လို့ပြောလိုက်ရင် Autism, ADHD, Dyslexia, Dyspraxia စတဲ့ အခြေအနေတွေ ပါဝင်ပါတယ်။ 🌿

💬 Neurodiversity က ကျွန်မတို့ကို သင်ပေးနေတာတွေက
🌱 ဦးနှောက်ကွာခြားမှုတွေက သဘာဝတရားပါ။ အမှားမဟုတိပါဘူး.
🌸 ချစ်ခြင်းမေတ္တာနဲ့ နားလည်ပေးခြင်းက ကလေးတွေကို ပိုပြီးတိုးတက်စေတယ်။
💛 မိဘနဲ့ ဆရာတွေက သင်ကြားပေးပုံ ပြောင်းလဲပေးနိုင်ရင် ကလေးတွေ တောက်ပလာတယ်။

🌼 How we can support Neurodiverse kids
• Routines and visual charts, ဇယားတွေ သုံးပေးပါ။
• Sensory tools လေးတွေ သုံးခိုင်းပါ။
• အဆင့်တိုတိုနဲ့ ညွှန်ကြားပါ။
• သူတို့ရဲ့ အားသာချက်တွေကို ဂုဏ်ပြုပါ။ (ဖန်တီးမှု၊ မှတ်ဉာဏ်ကောင်းမှု စတဲ့အရာတွေ)
• ပြည့်စုံမှုမဟုတ်ပဲ ကြိုးစားမှုကို ချီးကျူးပါ။

💬 Acceptance, Not Shame
တခါတလေ ကျွန်မတို့မိဘတွေ အနေနဲ့ Autism, ADHD or dyslexia ဆိုတဲ့ စကားတွေ ကြားရင် ကြောက်ရွံ့မှုနဲ့ အပြစ်တင်ခြင်းက တွဲပါလာတတ်ပါတယ်.
တကယ်တော့ ဒီအရာတွေ က တခုခုကြောင့်တယောက်ယောက်ကြောင့်မှားယွင်းပြီး ဖြစ်လာတာလည်းမဟုတိပါဘူး. ကလေးလေးတွေ ရဲ့ မြင်တဲ့အမြင် သငိယူတဲ့ပုံစံပြောင်းလဲသွားတာပါ.
ဒီအရာတွေကိုစောစောနားလည်မယ်ဆိုရင် လိုအပ်တဲ့early support ကိုပေးနိုင်မှာပါ.
Acceptance opens doors that judgment keeps closed. 🌿

ကလေးတွေ က သူတို့ကိုနားလည်ပေးတယ်လို့ခံစားရတဲ့အခါပိုကောင်းစွာ သင်ယူနိုင်ကြတယ်။
သူတို့ကို ပြောင်းလဲဖို့မလုပ်ပါနဲ့—လိုအပ်ချကိလေးတွေက်ု မြင်ပြီး လက်တွဲခေါ်ပေးပါ. သူတို့ကိုယုံကြည်ပေးပါ. စာနာပေးပါ. သူတို့နည်းနဲ့ သူတို့တိုးတက်ဖို့ပါ။ 🌷

✨ A Gentle Reminder
Your child doesn’t need to be like anyone else to be amazing.
Neurodiversity isn’t something to hide or fear — it’s something to understand and celebrate.
Every child deserves a world that sees their strengths before their struggles. 🌷
With love,
Teacher May

25/10/2025

အားလုံးပဲမင်္ဂလာပါ.
▪️ဒီနေ့မှာတော့ ကလေးလေးတွေရော မိဘဆရာဆရာမတွေရော အကြိုက်တွေ့တဲ့ “ The Very Hungry Caterpillar” ပုံပြင်လေးကို အခြေခံပြီး အိမ်မှာကလေးလေးတွေ နဲ့ပြုလုပ်လ်ု့ရမယ့် activities လေးတွေ က်ု ဝေမျှပေးချငိပါတယိ. 🌸
▪️Eric Carle ရဲ့ ဒီ စာအုပ်လေးက ကလေးလေးတွေ အတွက်ရိုးရှင်းပြီးအရောင်လှလှလေးတွေနဲ့ သင်ကြားမှု အတွက် အများကြီး အထောက်အကူဖြစ်စေပါတယ်. 🐛🍎

📖Why I love this Book
▫️လှပတဲ့ ပုံလေးတွေနဲ့ repetitive rhythm လေးတွေ က ကလေးလေးတွေ အတွက် focus, memory and language skills ကို တိုးမြှင့်ပေးပါတယိ.
▫️ပုံပြင်လေးက sequencing skills ဘာပြီးဘာလာတယ်ဆိုတဲ့ အသိကိုထည့်ပေးပါတယ်. - “first the egg, then caterpillar….”
▫️နေ့ရက်၊ food vocabulary and life cycles လေးတွေက်ု လည်း သိမြင်လာစေပါတယိ.

🌱Activities to Try
1. Story and Sensory Play - စာအုပ်ဖတိရင်းနဲ့ အသီးလေးတွေနဲ့ကစားပေးပါ. အစစ်ဖြစ်စေ၊ အရုပ်ဖြစ်ဖြစ် caterpillar လေးကို ကျွေးနေသလိုကစားပေးပါ.🍎🍉🍓
2. Counting and Sorting Game -စာဖတ်ပြီးရင် ကလေးကို အသီးလေးတွေ ရေတွကိခိုင်းတာဖြစ်စေ အရောင်လေးတွေနဲ့ ခွဲခြားတာဖြစ်စေ ဆော့ကြည့်ပါ. Maths and visual organization skills တတ်စေပါတယ်.1️⃣2️⃣☝️
3. Art and Craft- Paper circles လေးတွေ၊ poms poms လေးတွေ play dough လေးတွေသုံးပြီး စာအုပ်ထဲက ပါတဲ့ အသီးလေးတွေ caterpillar လေးတွေ လုပ်ကြည့်ပါ. Fine motor skills အတွက် ကောင်းမွန်စေပါတယ်. 🎨🖌️
4. Emotional Connection- Caterpillar လေးက ဘယ်လို ပြောင်းလဲ သွားတယိ ဆိုပြီးပြောရင်းနဲ့ သူတို့ကိုလည်း တိုးတက်မှု အကြောင်းလေးတွေစိတ်ခံစားချကိလေးတွေနဲ့ ဆက်စပ်ပြီးပြောပြပါ. ကလေးတွေအတွက် feelings and growth ကို နားလည်လာပါလိမ့်မယ်. 😊
✨ Autism,ADHD ကလေးလေးတွေ အတွက်လည်း ဒီပုံပြင်လေးက structure, repetition, and sensory engagement ပေးပါတယ်.
📚Remember every small story is a small step in learning, connection and joy. 🌹
With love,
Teacher May 💕

23/10/2025

မင်္ဂလာပါ
▪️ဒီနေ့မှာတော့ Tantrum နဲ့ Meltdown ကြားက ကွာခြားချက်ကို ပြောပြပေးချငိပါတယ်.
ကျွန်မတို့ မိဘတွေနဲ့ ဆရာဆရာမတွေ အနေနဲ့ တစ်ခါတလေ ကလေးတွေ ငိုတယ်၊ အော်တယ်၊ မလိုက်နာတာမျိုးတွေ တွေ့ရရင် သောင်းကျနိးတယိ ဆိုးတယိ လို့ ထင်တတ်ကြပါတယ်။
▪️ဒါပေမယ့် “ဒီကလေး ကtantrum ဖြစ်တာလား? Meltdown ဖြစ်တာလား?” ဆိုတာ သိရင် နားလည်မှုနဲ့ ဖြေရှင်းနိုင်ပါလိမ့်မယ်. 💛

💧 Tantrums
-ကလေးတွေအနေနဲ့မိမိလိုချင်တာမရတဲ့အခါ ဖြစ်တတ်ပါတယ် (ကစားစရာ၊ ဂရုစိုက်မှု၊ “အိုကေ” စတဲ့အရာတွေ)
-Goal driven behaviour ဖြစ်လ်ို့ထိန်းနိုင်တတ်ပြီး တစ်ခါတလေ လိုချင်တာရပြန်ရင် တိတ်သွားတတ်တယ်။
-Tantrum ဟာ သူတို့ အရွယ်နဲ့လိုကိပြီးဖြစ်တတ်တဲ့ part of learning limits and emotions ပါ.

🪴 What helps:
စိတိကို ငြိမ်ငြိမ်ထားပါ.ကလေးတွေက မိဘတွေ anxious ဖြစ်ရင် သူတို့လည်းသိပါတယိ. သူတို့ရဲ့ eye level မှာပဲ သူတို့ကိုသေချာရှငိးပြပါ. Choice ပေးပါ၊ Boundaries ကိုသေချာ ထားပါ. ကိုယိကိုတိုငိက စိတိကို control လုပိနိုင်တယ် ဆိုတာ ပြပါ. ကလေးလေးတွေက ကိုယ့်က်ုmodel ယူလေ့ရှိပါတယိ. Stay calm but firm.

🌊 Meltdown
-ကလေးရဲ့ ဦးနှောက်နဲ့ ကိုယ်ခန္ဓာ overwhelm ဖြစ်နေတဲ့အခါဖြစ်လာတာဖြစ်တယ်။
-အသံများလွန်းခြင်း၊ အလင်းစူးခြင်း၊ အပြောင်းအလဲများခြင်းနဲ့ စိတ်ပင်ပန်းမှုတွေ ကြောင့်ဖြစ်လာတဲ့ response တွေပါ.
-Meltdown က stress response ဖြစ်ပါတယ်။ “မလိုက်နာတာ” bad behaviour မဟုတ်ပါ။
-Autism, ADHD and sensory issues, behaviour challenges လေးတွေ ရှိတဲ့ ကလေးလေးတွေမှာလည်း တွေ့ရတတိပါတယိ.

🌱What helps
သူတို့ကို အချိန်နဲ့နေရာပေးပါ. Meltdown ဖြစ်တဲ့ အချိန်မှာ အများကြီးပြောလို့မရပါဘူး.
ဘယ်အရာက သူတို့ကို trigger ဖြစ်စေလဲလေ့လာပါ. အသံကျယ်ရငိတိုးပေးပါ၊ စကားတိုးတိုးပြောတာမျိုး၊ သီချငိးလေးဖွင့်ပေးတာမျိုး၊ သူတို့စိတိကိုလုံခြုံအောင်အရင်လုပ်ပေးပါ.
စကားမပြောခင် comfort အရင်လုပ်ပါ. ပြီးမှအေးအေးဆေးပြောပြပါ.

🌼 Why this Matters
Tantrum နဲ့ Meltdown ကို ခွဲခြားမြင်တတ်တဲ့အခါ ကလေးတွေ ကို “ spoiled” “ difficult” ဆိုတာမျိုးတွေ မဖြစ်တော့ပါဘူး. သူတို့ကို မြင်ပေးတတ် နားလည်ပေးတတ်လာပါလိမ့်မယ်.
Please remember every behaviour is telling a story and communicating with us.
သူတို့ရဲ့ အပြုအမူက တကယ်တော့ စကားလုံးမပါဘဲ ပြောနေတဲ့ စကားလုံးတွေပါ။
အပြစ်မပေးပါနဲ့။ နားလည်ပေးပါ။ Connect with them. Children don’t need punishment- they need connection, regulation and understanding. 💕

With love,
Teacher May 🌷

Photos from English with Teacher May's post 21/10/2025

အားလုံးပဲမင်္ဂလာပါ.
▪️ကျွန်မတို့တော်တော်များများက ကိုယိ့ရဲ့ feeling and emotions ခံစားချက်တွေကိုပြောပြတဲ့ အခါ များသောအားဖြင့် “I’m fine””I’m happy” “I’m sad” တို့ကိုပဲသုံးပြီးပြောလေ့ရှိပါတယ်. 🗣️
▪️ဒီနေ့မှာတော့ May က feelings and emotions တွေကို ပြောပြတဲ့ အခါမှာ သုံးလို့ရတဲ့ positive and negative feelings vocabulary တွေကို ပြောပြထားပါတယ်. 💐
🌼 (Postive Feelings)
😊Excited- စိတိလှုပ်ရှားနေသည်
👏Proud - ဂုဏ်ယူသည်
😌Relieved- စိတိပူပင်မှုလျော့သွားသည်
👍Confident- ယုံကြည်မှုရှိသည်
🙏Grateful- ကျေးဇူးတင်သည်

🌧️(Negative Feelings)
😕Worried- စိတိပူသည်
☹️Upset- စိတ်မရွှင်ဖြစ်သည်
😫Frustrated- စိတ်ညစ်/စိတ်အနှောင့်အယှက်ဖြစ်သည်
☹️Disappointed- မျှော်လင့်ထားသလို မဖြစ်သောကြောင့် စိတ်ပျက်သည်
😥Anxious-စိတ်လှုပ်ရှား/စိတ်မအေးဖြစ်သည်

✨To Practice
📚ဒီလိုစာကြောင်းလေးတွေ လုပ်ကြည့်ပါ-
👉”I felt—— when——“
👉”It makes me feel—— because ——-“
E.g
I felt relieved when I finished my project.
I was excited to meet my favorite singer.

✨Don’t forget to use these in your daily conversations and ask yourself how are you feeling today also. 🌼 Take care and see you in the next post.

# SpeakNaturally # ESLtips

Photos from English with Teacher May's post 17/10/2025

“We have overprotected children in the real world and under protected them in the virtual world.”
“ကျွန်မတို့ဟာ လက်တွေ့ဘဝမှာတော့ ကလေးတွေကို လိုတာထက်ပိုပြီးကာကွယ်ပေးနေမိပြီး virtual world မှာတော့ လိုတာထက်နည်းသောကာကွယ်မှုမျိုးကိုပေးနေမိပါတယိ.”
ဒီစာအုပ်လေးထဲကကြိုက်မိတဲ့ quotes လေးတခုပါ.
အားလုံးပဲမင်္ဂလာပါ.
◾️ဒီနေ့မှာတော့ May's Book Corner ကနေ မိဘတွေ, ဆရာဆရာမ တွေတိုငိးဖတ်သင့်တဲ့စာအုပ်လေးကိုပြောပြပေးချငိပါတယ်. စာအုပ်လေးကတော့ Jonathan Haidt ရဲ့ "The Anxious Generation" ဆိုတဲ့ nonfiction စာအုပ် လေးပဲဖြစ်ပါတယ်. ခေတိရဲ့တိုးတက်လာမှုနဲ့အညီ generation တွေရဲ့ ပြောင်းလဲမှုကလည်း အံ့မခန်းပဲဖြစ်ပါတယ်. ဒီစာအုပ်လေးမှာယနေ့ခေတ် ကလေးတွေ ရဲ့ childhood ပြောင်းလဲသွားပုံကို screen usage data and effects တွေနဲ့အတူ ဖော်ပြထားတဲ့စာအုပ်ကောင်းလေးတစ်အုပ်လည်းဖြစ်ပါတယ်.
▪️ဒီစာအုပ်လေးကိုဖတ်ပြီးကိုယ်တွေ ငယ်ငယ်က ကလေးဘဝနဲ့ ဒီဘက်ခေတ် generations တွေရဲ့ ကွာခြားသွားတဲ့ ပြောင်းလဲမှု ကိုရှငိးပြထားပါတယ်. ကလေးဘဝရဲ့ အရေးကြီးတဲ့ အရာတွေ ဖြစ်တဲ့ ကစားခြင်း၊ အပြင်သွားခြင်း သူငယ်ချငိးတွေနဲ့ လျောကိလည်ခြင်းကို screen တွေနဲ့ social media က ဖုံးလွှမ်းသွားကြောင်းကို ရှငိးပြထားပါတယ်.
▪️ဖတိနေရင်းနဲ့ကို endless scrolling ကနေ ပျောက်ဆုံးသွားနိုင်တဲ့ ကလေးလေးတွေ ရဲ့ childhood, their laughter and curiosity အကြောင်းတွေကို တွေးမိတယိ. အကြောင်းအရာတွေ ကို သေချာရှင်းပြထားတဲ့ အပြင် မိဘတွေ နဲ့ကျောင်းတွေ အတွက်လည်း ပြုပြင်ပြောင်းလဲလ်ု့ ရမယိ့ collective actions လေးတွေ ကို ပြောပြထားလို့ ဖတ်ကိုဖတိသင့်တဲ့စာအုပ်လေးဖြစ်ပါတယိ. မိဘတွေအနေနဲ့လည်း screen နဲ့ မပြတ်နေနေရတဲ့ digital age မှာ ဘယိလိုလေးတွေ လုပ်လို့ရလည်း ဆိုတာပြောပြပေးထားတဲ့ ideas ကောင်းလေးတွေပါပါတယိ.
▪️Immnune system ကောင်း ဖို့ မြေ၊ရေ၊လေ ဒဏ်တွေနဲ့ထိတွေ့ပေးရသလို ခံနိုငိရည်စွမ်းကောင်းဖို့ကလည်း အရှုံးကိုကြုံတွေ့ပြီးလဲကျဖူးမှ ဖြစ်နိုငိမှာပါ.
▪️This isn’t just a book about anxiety. It’s about remembering what makes childhood beautiful- play, friendship, nature, imagination and time to just be.
If you are a parent, teacher or just someone who wants to raise a generation that’s joyful, brave and grounded-please read this. 🌱🌱🍀🍀
With love,
Teacher May

Photos from English with Teacher May's post 12/10/2025

Board games recommendations for 6+ years old
Part I ❤️🎴🍀

▪️ဒီနေ့ခေတ်မှာ ဖုန်း၊ IPads နဲ့ မပြတ်ရှိနေတဲ့screen တွေကြားမှာ တခါတလေ ကလေးလေးတွေ လိုအပ်တာ က အချိန်ပေးခြင်း၊ နားလည်မှု၊ laughter and ကိုယ်ချစ်တဲ့သူတွေ နဲ့ တူတူအချိန်ဖြုန်းရခြင်းပဲဖြစ်ပါတယ်. Sometimes memories talk to us more than materials. 🧑‍🧑‍🧒‍🧒
▪️ဒီအပတ်မှာတော့ ကလေးတွေနဲ့ board games လေးတွေ ကစားရင်း အမှန်တကယ်အရေးကြီးတာ က အတူရှိခြင်းဆိုတာ ထပ်သိရပါတယ်.
▪️Board games ဆိုတာ flat surface or board ပေါ်မှာ ကစားရတဲ့ ဂိမ်းလေးတွေ ဖြစ်ပါတယိ. Board games တွေက များသောအားဖြင့် အံစာတုံး၊ cards and small pieces လေးတွေ ကို အသုံးပြုပြီး player ၂ယောက်နဲ့ အထက် ကစားရတာမျိုးလေးတွေ ပါ. 🪑🧩
▪️Video games တွေလိုscreen မပါဘဲ face to face and hands on ကစားရတာမျိုးပါ. ကလေးလေးတွေ အတွက် board games ကနေlanguage and vocabulary skills အပြင် လူမှုဆက်ဆံရေး၊၊ စဥိးစားဆုံးဖြတ်နီုင်စွမ်းနဲ့ စိတ်ရှည်သည်းခံမှု အရှုံးကို လက်ခံနိုငိစွမ်းတို့ကိုလည်း သင်ကြားပေးပါတယိ. မိသားစု bonding time လည်း ဖြစ်ပေါ်စေပါတယ်.
▪️အထူးသဖြင့် Autism, ADHD လို neurodivergent ကလေးလေးတွေ အတွက်ဆို board games ကပိုလိုတောင် အထောက်အကူဖြစ်စေပါတယိ. Social skills, turn taking, memory and focus တို့ကိုအများကြီး တိုးတကိစေပါတယိ.

▪️ဒီနေ့မှာတော့ screen တွေ ကြားကရုနိးထွက်ပြီး မိသားစုတွေ သူငယ်ချငိးတွေနဲ့တူတူ သငိယူရင်း ပျော်ရွှင်တဲ့ အချိန်တွေကိုဖန်တီးလို့ ရတဲ့ board games လေးတွေကို ပြောပြပေးချငိပါတယ်. 🎲
Screen တွေကြားကခဏတာ ရုန်းထွက်ပြီး ဒီ games လေးတွေ ကနေ မိသားစုနဲ့ပျော်ရွှငိစရာ အခိုက်အတန့်လေးတွေ ဖန်တီးနိုငိကြပါစေ.
Part II မှာလည်း နောက်ထပ် games လေးတွေ recommend ပေးသွားပါအုန်းမယိ. ❤️❤️

09/10/2025

✨ “It’s not about fixing the child, it’s about giving them the right support to thrive.” 🌿

▪️မိခင်နဲ့ဆရာမ ဖြစ်ပြီးတဲ့နောက်မှာ early support ကဘယ်လောက် အရေးကြီးကြောင်းသိမြင်လာရပါတယ် ဒီနေ့မှာတော့ both Neurodivergent and Neurotypical children တွေ အတွက် အသုံးဝင်မယ့် techniques လေးတွေ က်ုပြောပြပေးချငိပါတယိ
▪️ကျွန်မတို့တော်တော်များများက ကလေးလေးတွေ က သူများနဲ့ မတူ ဘူးဆိုရင် ပြုပြင်ချင်ကြပါတယ်. ကလေးလေးတွေက ပြင်စရာမလိုပါဘူး. သူတို့က ပျက်စီးနေတဲ့ အရာလေးတွေ မဟုတိပါဘူး.သူတို့လို အပ်နေတဲ့ အရာက နားလည်မှု, စိတိရှည်မှု နဲ့ သူတို့ လေ့လာပုံနဲ့ကိုက်ညီမယ့် သင်ယူမှုမျိုးတွေပါ. ကလေးလေးတွေ တယောက်နဲ့ တယောက်က မတူညီပါဘူး. 💙
အောက်မှာ ပြောပြထားတာလေးတွေ က တော့ အသုံးပြုလို့ရတဲ့ techniques တချို့ဖြစ်ပါတယ်.

1. Visual schedules to give structure.
ကလေးလေးတွေ အတွက် visual က အရမ်း effective ဖြစ်ပါတယ်. အထူးသဖြင့် autism, ADHD or anxiety ရှိတဲ့ special needs ကလေးတွေ အတွက် ဘာပြီးရင် ဘာလာမှာလဲ ဆိုတာ ကြိုသိခြင်းအားဖြင့် သူတို့အတွက် calm and in control ဖြစ်စေပါတယိ. 📚👉🚙
💡Tip for parents:
Drawings လေးတွေ, flash cards လေးတွေ or ဓာတ်ပုံလေးတွေသုံးပြီးပြလို့ရပါတယိ. Activity တခုချငိးဆီကို point ပြီးပြောပြပါ. 🖼️
“ First we read, then we go outside.”
“အရင်စာဖတ်မယ် ပြီးရင် အပြင်သွားမယ်နောိ”
ဒါကသူတို့အတွက် routine and language understanding ကို ဖြစ်ပေါ်စေပါတယ်.

2. Gentle Sensory Breaks- Helping Emotions Settle 🍀
ကလေးတွေမှာလည်း စိတိရှုပ်တဲ့ အချိန်ရှိပါတယိ. အဲ့လို အချိန်မျိုးကျရင် သူတို့ရဲ့ bodies and brains က short reset (ခဏတာ နားခြင်း) ကိုလို အပ်ပါတယ်.
E.g ▪️Jumping or stretching
▪️ Hugging a pillow or squeezing a ball
▪️ Listening to a calm music or deep breathing
ဒီလို short breaks လေးတွေ က meltdowns တွေကို တားဆီးပေးပြီး ကိုယ့်စိတိကို ထိန်းချုပိတတ်တဲ့ self regulation skills တွေကို သငိပေးပါတယ်.
💡Tip for parents
ကိုယ့်ကလေးရဲ့ overwhelm ဖြစ်တော့မယ် အချိန်ဆိုရင် early signs လေးတွေ ကို ကြည့်ပါ. နားပိတိထားတာမျိုး၊ အာရုံလွင့်သွားတာ မျိုး တွေပေါ့.
“ Would you like a quiet break or squeeze ball?”
ဒီဟာလေးက ကလေးကို ပိုပြီး နားလည်သဘောပေါက်တယ်လို့ ဖြစ်စေပါတယိ.

3. Step by step Guidance🌱
ကလေးတော်တော်များများဟာ task က အရမ်း ကြီးလွန်းရင် struggle ဖြစ်တတ်ပါတယိ. လုပ်ရမယ့် အရာလေးတွေ ကို smaller steps လေးတွေ နဲ့ကူညီပေးခြင်းက ပိုပြီး ထိရောက်စေပါတယိ.
For example: Clean your room (အခန်းရှင်းပါ)လို့ပြောမယိ့အစား
▪️Lets put the books on the shelf.(စာအုပ်လေးတွေ စငိပေါ်တငိရအောင်)
▪️Now we pick the toys. (အရုပ်လေးတွေ ကောကိရအောင်)
▪️ Great job! let’s fix the blanket. ( စောင်သိမ်းရအောင်)
ဒီလိုတဆငိ့ချငိးကနေ ကလေးတွေ ဟာ independently လုပ်နိုင်တတ်မြောက်လာပါလိမ့်မယ်.
💡Tip for parents - ကိုယ်ကိုတိုင် အရင်လုပ်ပြပါ. မြန်မြနိပြီးဖို့ထက် သူတို့ရဲ့ effort ကို ဦးစားပေးပါ.

4. Praise for Effort, Not only Results🌸
လူတိုငိးကချီးကျုးမှုကို ကြိုက်နှစ်သက်ကြပါတယ်. Praise တခုက စိတိကို အများကြီးတွနိးအားပေးစေတယ်. ပြီးသွားမှ “Good Job” ပြောတာထက် သူတို့ရဲ့ လုပ်နေတဲ့ချိန်ထုတ်နေတဲ့effort ကိုလည်း အသိအမှတိပြုပေးပါ. Autism , ADHD ကလေးလေးအတွက်ဆို အသိအမှတိပြုမှုက ပိုလိုအပ်ပါတယ်.
“ You tried really hard to put your shoes on.”
“ I like how you kept practicing even when it’s hard”.
ဒီလို ချီးကျူးမှု မျိုးက growth mindset ကိုပေးစေပါတယ်. ကလေးတွေအတွက်လည်း trying ,learning and improving တွေက perfect ဖြစ်ဖို့ထက် အရေးကြီးကြောင်းကို သငိပြပေးစေပါတယိ.
အမှားလုပ်မိလို့ အပြစ်ပေးမယ့်အစား နောက်တကြိမ် ထပ် try လို့ ရတယ် ဆိုတဲ့ mindset ကိုပေးပါ.
💡Tip for parents
-Small wins လေးတွေ ကို လည်း အသိအမှတိပြုချီးကျူးပေးပါ. သူတို့ရဲ့စိတ်ခွန်အားနဲ့ စိတိလုံခြုံမှုကိုတိုးမြှငိ့ပေးပါလိမ့်မယိ.

Let’s remember: the goal is not perfection, but progress. And every small step forward is worth celebrating. 🌱
With love
Teacher May

07/10/2025

အားလုံ:ပဲမင်္ဂလာပါ.
◾️ဒီနေ့မှာတော့ May's Book Corner ကနေ လတ်တလောမှာ May ဖတ်ထားတဲ့ စာအုပ်လေးကိုrecommend ပေးချင်ပါတယ်. စာအုပ်လေးကတော့ Freida McFadden ရဲ့ "The Housemaid " ဆိုတဲ့ novel လေးပဲဖြစ်ပါတယ်. ဒီစာအုပ်လေးဟာဆိုရင်psychological thriller genre လေးဖြစ်ပြီးစာအုပ်ကောင်းလေးတစ်အုပ်လည်းဖြစ်ပါတယ်.
စဖတ်ထဲက မချနိိုင်လောက်ကောင်းပြီး ၂ ရက်နဲ့ အပြီးဖတ်ခဲ့တဲ့ စာအုပ်လေးဖြစ်ပါတယ်.📖
◾️Millie လ်ု့ခေါ်တဲ့ မိန်းကလေးဟာ အတိတ်မှာ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်တခုကြောင့် အလုပ်ရှာရတာခက်နေတာပဲ ဖြစ်ပါတယ်. အဲ့အချိန်မှာပဲ အားလုံးရဲ့အမြင်မှာ perfect ဖြစ်ပြီး လူတိုငိး အားကျရတဲ့ Nina Wi******er ကသူ့အိမ်ရဲ့ live in housemaid အဖြစ်နေဖို့ ကမ််းလှမ်းလာပါတယ်. Andrew နဲ့ Nina တို့က သိပ်ချစ်ကြတဲ့ couple ဖြစ်ပြီး သမီးလေးတယောက်လည်းရှိပါတယ်. အလုပ်အရမ်းလိုနေတဲ့ Millie တယောက် အဲ့အိမ်မှာ housemaid အနေနဲ့ရောက်ပြီးနောက်မှာတော့ မထင်မှတ်ထားတွေကြုံတွေ့ရတဲ့ အခါ ဘာတွေ ဖြစ်မလဲ. Andrew and Nina ကရော တကယ့်က်ု perfect couple လား? အိမ်ကြီးရဲ့နောက်ကွယ်မှာ ဘာလျှို့ဝှကိချက်တွေရှိနေမလဲ. 🚪🚪
◾️ဒီစာအုပ်မှာဆိုရင် parts တွေခွဲပြီးရေးဖွဲ့ထားပြီးတကယ့်ကိုစိတ်ဝင်စားစရာကောင်းတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်. Characters တွေကလည်းတကယ့်ကို well thought out ဖြစ်ပြီး မတူညီတဲ့ backgrounds တွေကိုပေါင်းစပ်ပြီးယုံကြည်စရာကောင်းတဲ့ဇာတ်လမ်းတပုဒ်ဖြစ်အောင်ဖန်တီးထားတာကိုလည်းတွေ့ရမှာပါ. Ending and storyline ကို မှန်းလို့မရနိုင်ပဲ တကယ့်က်ု jaw dropping ဖြစ်စေပါတယ်. 📚📚
▪️ဒီစာအုပ်ကMay ကို thriller တွေပြန်ဖတ်ဖြစ်အောင်လုပ်ပေးခဲ့တဲ့ စာအုပ်လေးလည်းဖြစ်ပါတယ်. Freida ရဲ့အရေးအသားကလည်းအရမ်းကြီး ရှုပ်ထွေးမနေဘဲ ဖတိရတာ တော်တော် အဆငိပြေပါတယ်. သူ့ရဲ့နောက်ထပ်စာအုပ်လေးတွေ ကိုလည်း ထပ်ပြီးဖတ်ချငိစိတ်ဖြစ်ပေါ်စေတဲ့စာအုပ်မျိုးပေါ့. 🖤
Hope you all enjoy the book! Thank you and stay safe. Will be back with another review soon.
With love,
Teacher May

#

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Website

Address


Yangon