English Upskilling Course by Sayar Nyunt Wai Moe

English Upskilling Course by Sayar Nyunt Wai Moe

Share

We offer English proficiency courses for academic reading and writing.

23/05/2026

၀4 June 2026 တွင်စတင်မည့်

Acquiring Academic Words &

Writing Academic Essays သင်တန်းတွင်

အောက်ပါစာအုပ်များဖြင့်သင်ကြားပါမည်။

1) Acquiring Academic Words

2) Writing Academic Essays

✅️ အက်ဆေးရေးသားရာတွင်အသုံးပြုရမည့် ပညာရပ်အရေးအသားဆိုင်ရာ အင်္ဂလိပ်ဝေါဟာရများထဲမှ အသုံးအများဆုံး Academic Words စကားလုံးများကိုစကားလုံးအုပ်စုအလိုက်လေ့လာမှတ်သားနိုင်မည့် ထိရောက်သောသင်ကြားနည်းများဖြင့်သင်ကြားပါမည်။

✅️ အက်ဆေးရေးဖွဲ့နည်းကို အခြေခံမှစတင်သင်ကြားပါသည်။ အက်ဆေးအမျိုးအစားခွဲခြားနည်း၊ အက်ဆေးခေါင်းစဥ်တစ်ခုကို topic နှင့် limit ခွဲခြားနည်း၊ paragraph leader ရေးနည်း၊ စာပိုဒ်ခွဲခြားရေးသားနည်း၊ နိဂုံးကောက် ချက်ဆွဲနည်းများနှင့် စိတ်ကူးများ၊ အချက်အလက်များထုတ်ယူနိုင်မည့် အချက်အလက်ရင်းမြစ်များကို ရှာဖွေအသုံးပြုနည်းများကိုပါထိထိမိမိသင်ကြားပေးပါသည်။
အက်ဆေးအမျိုးအစားအလိုက်ရေးဖွဲနည်းများကို လက်တွေ့လေ့ကျင့်ရေးသားရပါမည်။

Photos from English Upskilling Course by Sayar Nyunt Wai Moe's post 21/05/2026

Usage ရှင်းတမ်း ( ၁၁ )

Collocations

collocations ဆိုတာ အင်္ဂလိပ်ဘာသာစကားမှာအမြဲတွဲသုံးလေ့ရှိတဲ့ စကားတွဲတွေကို ရည်ညွှန်းပါတယ်။ collocations တွေကို word partners စကားလုံးမိတ်ဖက်လို့လည်းသုံး နှုန်းပါတယ်။

collocations တွေကိုသိနားလည်ထားမှ ကိုယ်ပြောတဲ့စကား၊ ကိုယ်ရေးတဲ့စာဟာ သဘာဝကျမှာဖြစ်သလို native speakers တွေအနေနဲ့လည်း ကိုယ်ပြောတာကို အလွယ် တကူနားလည်နိုင်မှာဖြစ်ပါတယ်။

ဒါ့အပြင်collocations တွေကိုမသိထားရင် ကိုယ်ပြောတာ၊ ကိုယ်ရေးတာတွေက သဘာဝမကျရုံမက မှားတောင်မှားနိုင်ပါသေးတယ်။

သာဓကအားဖြင့်
သူမဆံပင်ကအဝါရောင်လို့ ပြောချင်ရင်
She has yellow hair. / Her hair is yellow. လို့ပြောရင်မှားပါတယ်၊ yellow နဲ့ hair က collocate မဖြစ်လို့ပါ။
She has blonde hair. / Her hair is blonde. လို့ပြောမှရေးမှ မှန်ပါလိမ့်မယ်။

အင်္ဂလိပ်စကားလုံးတွေကို မြန်မာအနက်နဲ့တွဲမှတ်ရုံသက်သက်​လေ့လာရင် confused ဖြစ်နိုင်စရာများပါတယ်။

သာဓကအားဖြင့်
gain ရရှိသည် obtain ရရှိသည်လို့ပဲမှတ်ထားရင် အဲဒီစကားလုံး ၂ လုံးနဲ့အခြားစကားလုံးတွေနဲ့တွဲသုံးရမဲ့မေးခွန်းမျိုးဖြေရရင် မြန်မာအနက်သက်သက်သိရုံနဲ့အလုပ်မဖြစ်တော့ပါဘူး။ အဲဒီစကားလုံးတွေနဲ့တွဲသုံးတဲ့ Collocations တွေကိုသိထားမှသာမှန်မှန်ကန်ကန်ဖြေဆိုနိုင်မှာပါ။

1) We can gain knowledge by reading good books.
စာအုပ်ကောင်းတွေဖတ်ပြီးဗဟုသုတရနိုင်တယ်။

2) You can obtain further information from the
Head Office.
ရုံးချုပ်ကနောက်ထပ်အချက်အလက်တွေရနိုင်ပါတယ်။

collocations တွေဟာ chunks လို့ခေါ်တဲ့စကားအတွဲတွေဖြစ်လို့ စကားလုံးတေ့ကို အတွဲလိုက်သိထားရင် စကားပြောရာ၊ စာရေးရာမှာ သွက်လက်တဲ့ fluency ရလာမှာဖြစ်သလို natural speech ဖြစ်လာမှာမလွဲပါဘူး။
Love to all. NWMoe

19/05/2026

သင့်ဦးနှောက်ထဲမှာ အမှန်တရားကို ဘယ်သူကမှလာလောင်းထည့်ပေးမှာမဟုတ်ပါဘူး။ အမှန်တရားဆိုတာ သင်ကိုယ်တိုင်ရှာဖွေရတဲ့အရာပါ။ နုမ်း ချွမ်စကီး - ဘာသာဗေဒပညာရှင်

ဘာသာစကားဆိုတာလည်း ဆရာသင်တာလောက်နဲ့ ရောင့်ရဲတင်းတိမ်မနေပဲ ကိုယ်တိုင်ထပ်မံတိုးချဲ့လေ့လာရမဲ့အရာပါ။

Photos from English Upskilling Course by Sayar Nyunt Wai Moe's post 17/05/2026

Grammar ရှင်းတမ်း ( ၅၉ )

so ... that v. such ... that

so ... that နဲ့ such ... that ကိုယှဥ်တွဲလေ့လာရာမှာ
နောက်ထပ်လေ့လာစရာပုံစံတစ်ခုကျန်ပါသေးတယ်။
အဲဒီပုံစံကတော့ so+ adj+ a / an+ noun ပုံစံပါ။
သာဓကအားဖြင့်

1) I was not expecting so long a wait that I was
disappointed. ( formal )
ဒီလောက်ကြာအောင် စောင့်ရမယ်လို့ ကျနော်မျှော်လင့်
မထားခဲ့တော့ စိတ်ပျက်ရတယ်။

2) We do not usually so good a result that we
should celebrate our success.
ဒီလိုသိပ်ကောင်းတဲ့ရလဒ်မျိုး ကျနော်တို့အမြဲရလေ့
ရှိတာမဟုတ်တော့ ကျနော်တို့ပွဲခံသင့်တာပေါ့။

3) It was so stupid a mistake that I felt really
embarrassed.
အဲဒါက သိပ်တုံးလွန်းတဲ့ အမှားမို့ ကျနော်တကယ့်ကို
ရှက်မိပါတယ်။

4) It was so hot a day that I stayed inside.
သိပ်ပူပြင်းတဲ့နေ့မို့ ကျနော်အိမ်ထဲမှာပဲနေတယ်။

5) She is wearing so beautiful a dress that the
audiences watch her.
သူဝတ်ထားတဲ့ဝတ်စုံသိပ်လှလွန်းတော့ ပရိသတ်တွေက
သူ့ကိုဝိုင်းကြည့်ကြတယ်။

အခုဖော်ပြခဲ့တဲ့ so + adj + a / an + noun ဝါကျတွေကို
such + a / an + adj + noun + that ပုံစံပြောင်းလို့ရပါတယ်။ အနက်မခြားနားပေမဲ့ style တော့ကွာသွားတာပေါ့။

so + adj + a / an + noun က formal style

such + a / an + adj + noun က informal style ပါ။

စာရေးတဲ့အခါ style နဲ့ register ကိုလည်းဂရုဓမ္မပြုသင့်ပါတယ်။ Love to all. NWMoe

Photos from English Upskilling Course by Sayar Nyunt Wai Moe's post 16/05/2026

Academic Words v. Specialist Words

Academic Vocabulary ဆိုတဲ့စကားလုံးကို အဓိပ္ပါယ်မပြတ်သားဘူး vague ဖြစ်တယ်လို့ကဲ့ရဲ့နိုင်သလို အဓိပ္ပါယ်ခြုံငုံမိတယ် comprehensive ဖြစ်တယ်လို့လည်းချီးမွမ်းနိုင်ပါတယ် အ​ကြောင်းက​တော့ academic vocabulary ဆိုတဲ့ စကားလုံးမှာ ပညာရပ်​ဝေါဟာရ technical terms ​တွေ​ရော ပညာရပ်အ​ရေးအသားသုံးစကားလုံး academic words ​တွေပါ ​ရော​နှော​နေတဲ့အနက်ကိုညွှန်းလို့ပါ

တကယ်​တော့ technical terms/ specialist words ဆိုတာ discilpline ပညာရပ်နယ်ပယ်တစ်ခုမှာပါဝင်တဲ့ပညာရပ်​ဝေါဟာရ​တွေကိုရည်ညွှန်းပါတယ် သာဓကအားဖြင့် physics ဘာသာရပ်မှာ ရူပ​​​ဗေဒ ဘာသာရပ်အ​ခေါ်အ​ဝေါ်အသုံးအနှုန်း chemistry ဘာသာရပ်မှာ ဓါတု​ဗေဒ ဘာသာရပ်အ​ခေါ်အ​ဝေါ်အသုံးအနှုန်း history မှာသမိုင်းဘာသာရပ်အ​ခေါ်အ​ဝေါ်အသုံးအနှုန်း စသည်ဖြင့်သက်ဆိုင်ရာပညာရပ်​ဝေါဟာရ​တွေအဖြစ်အနက်ဖွင့်ပါတယ်

academic words က​တော့ ဘွဲ့ယူစာတမ်း ပညာရပ်စာတမ်း သု​တေသနစာတမ်း​တွေ​ရေးရာမှာအသုံးများတဲ့ selected words ​တွေကိုရည်ညွှန်းပါတယ် ဒါ့​ကြောင့် စာတမ်း​ရေးမဲ့စာသင်သားတစ်​ယောက်ဟာ ​ဝေါဟာရအမျိုးအစားနှစ်မျိုးသိဖို့လိုပါတယ်

၁) မိမိ​လေ့လာဆည်းပူးတဲ့ဘာသာရပ်မှာပါဝင်တဲ့ပညာရပ်​ဝေါဟာရ specialist words/ technical terms ​တွေကိုပထမဦးစွာသိနားလည်ရပါမယ်

၂) မိမိ​ကပညာရပ်စာတမ်း သို့မဟုတ် သု​တေသနစာတမ်းရေးသားမယ်ဆိုရင် စာတမ်း​ရေးသားရာမှာအသုံးပြုတဲ့ စာအ​ရေးအသားပုံစံ (format) ၊ အ​ရေအတွက်၅၇၀ရှိတဲ့ပညာရပ်အ​ရေးအသားသုံးစကားလုံး academic words ​​တွေနဲ့​ပညာရပ်အ​ရေးဘာသာစကား academic language ကိုသိနားလည်ထားရပါမယ်

Academic English ဆိုတာ academic words ​တွေနဲ့ academic language ​တွေကိုသင်ကြား​ပေးတဲ့အင်္ဂလိပ်စာအမျိုးအစားပါ လေ့လာဆည်းပူးတဲ့ပညာရပ်​တွေဘယ်လိုမတူကွဲပြားပါ​စေ စာတမ်း​ရေးရာမှာသုံးရတဲ့ပညာရပ်အ​ရေးအသားသုံးစကားလုံး​တွေနဲ့ပညာရပ်အ​ရေးဘာသာစကားက​တော့ ဘုံတူညီမှုရှိတယ်လို့ဆိုရမှာပါ။

အနှစ်ချုပ်ရင် academic vocabulary = specialist words and/or academic words ဖြစ်ပြီး
academic words = selected words for writingacademic essays, academic papers such as theses, dissertations and research papers လို့ခွဲခွဲခြားခြားမှတ်သားသင့်ပါ​ကြောင်းအသိ​ပေး​ရေးသားလိုက်ပါတယ်။ Love to all. NWMoe

Photos from English Upskilling Course by Sayar Nyunt Wai Moe's post 10/05/2026

Usage ရှင်းတမ်း ( ၁၀ )

Shades of Meanin

စကားလုံးတွေအသုံးပြုဆက်သွယ်ရာမှာ
ပြောဆိုရေးသားသူရဲ့စိတ်ခံစားမှုအလိုက်အနက်ကွဲပြားမှုရှိပါတယ်။
မြန်မာဘာသာစကားမှာ
"မျက်နှာ"လို့ပြောတာက ပုံမှန်အသုံးဖြစ်ပါတယ်။
"သူ့မျက်နှာလေးက"လို့ဆိုရင် နှစ်သက်တဲ့သဘောဆောင်ပါတယ်။
"အခွက်ကိုက"လို့များပြောတာက မကြည်ဖြူကြောင်းဖော်ပြ
ရာရောက်ပါတယ်။

အင်္ဂလိပ်ဝေါဟာရတွေမှာလည်း အဓိပ္ပာယ်အနု အရင့်ရှိပါတယ်။ nuances , shades of meaning လို့ခေါ်ပါတယ်။

လူတစ်ယောက်ဝတာကိုပြောရင်
overweight ကပုံမှန်အသုံးဖြစ်ပြီး
plump ( beautifully fat ) က positive အသုံး
obese , fat က negative အသုံးဖြစ်ပါတယ်။

အသက်ကြီးသူတွေကိုပြောရင်
elderly people က neutral
old people က negative
senior citizens က positive သဘောဆောင်ပါတယ်။

အင်္ဂလိပ်ဝေါဟာတွေရဲ့အဓိပ္ပာယ်အနု အရင့်ကိုခွဲခွဲခြားခြားသိနားလည်ပါမှ ပြောဆိုရေးသားဆက်သွယ်ရာမှာ ထိထိရောက်ရောက်ရှိပါမယ်။ အင်္ဂလိပ်စကားလုံးတွေကိုအသုံးပြုတိုင်း
shades of meaning အလိုက်အသုံးပြုနိုင်အောင်လေ့လာထားသင့်ပါတယ်။ Love to all. NWMoe

09/05/2026

Acquiring Academic Words & Writing Academic Essays

✅️ အက်ဆေးရေးသားရာတွင်အသုံးပြုရမည့် ပညာရပ်အရေးအသားဆိုင်ရာ အင်္ဂလိပ်ဝေါဟာရများထဲမှ အသုံးအများဆုံး Academic Words စကားလုံး ၂၀၀ ကိုစကားလုံးအုပ်စုအလိုက်လေ့လာမှတ်သားနိုင်မည့် ထိရောက်သောသင်ကြားနည်းများဖြင့်သင်ကြားပါမည်။

✅️ အက်ဆေးရေးဖွဲ့နည်းကို အခြေခံမှစတင်သင်ကြားပါသည်။ အက်ဆေးအမျိုးအစားခွဲခြားနည်း၊ အက်ဆေးခေါင်းစဥ်တစ်ခုကို topic နှင့် limit ခွဲခြားနည်း၊ paragraph leader ရေးနည်း၊ စာပိုဒ်ခွဲခြားရေးသားနည်း၊ နိဂုံးကောက်ချက်ဆွဲနည်းများနှင့် စိတ်ကူးများ၊ အချက်အလက်များထုတ်ယူရမည့် အချက်အလက်ရင်းမြစ်များကို ရှာဖွေအသုံးပြုနည်းများကိုပါထိထိမိမိသင်ကြားပေးပါသည်။ အက်ဆေးအမျိုးအလိုက်ရေးဖွဲနည်းများကို လက်တွေ့လေ့ကျင့်ရေးသားရပါမည်။

သင်တန်းစရက် - 4 June 2026 (two-month course)

သင်တန်းချိန် - 7 pm to 9 pm (Thurs, Sat, Sun)

သင်တန်းကြေး - 180,000 MMK for the whole course

စုံစမ်းအပ်နှံရန် - EUC Page CB
https://www.facebook.com/EnglishUpskillingCourse/

03/05/2026

Usage ရှင်းတမ်း ( ၉ )

Backronyms

backronym ဆိုတာ back + acronym ပေါင်းစပ်ထားတဲ့ portmanteau / blend word ပေါင်းစပ်စကားလုံးဖြစ်ပါတယ်။ backronym ရဲ့သဘောက အသုံးရှိပြီးသား အင်္ဂလိပ်စကားလုံးအချို့ကို acronym ပုံစံမျိုးနဲ့စကားလုံးတွေဖြည့်စွက်ပြီးအနက်အသစ်နဲ့အသုံးပြုတာဖြစ်ပါတယ်။
သာဓကအားဖြင့် -

BASIC / ဘေ့ဆစ် / Beginner's All- purpose Symbolic Instruction Code စတင်လေ့လာသူများအတွက် ကွန်ပျူတာ ပရိုဂရမ်ဘာသာစကား

CASE / ကေ့စ် / computer-aided software
engineering

အသင်းအဖွဲ့တွေ ဌာနအမည်တွေနဲ့ အက်ဥပဒေအချို့ဟာ
backronym ပုံစံရှိပါတယ်။

CARE / ကဲရ် / Co-operation for American Relief
Everywhere
DAD / ဒဲ့ဒ် / Diplomatic Affairs Department

DREAM Act / ဒရီးမ် အက်တ် / Development, Relief,
Education for Alien Minors Act

MOM / မမ် / Ministry Of Manpower

RED / ရက်ဒ် / Research and Experimental
Department

နာမည်ကျော်အားကစားဖိနပ် Adidas ဟာလည်း All day I dream about sport ဆိုတဲ့ဝါကျကို backronym လုပ်ထားတာလို့ဆိုပါတယ်။

ချစ်သူရည်းစားတွေကတော့ သူတို့ရဲ့ပေးစာတွေထဲမှာ backronym တွေသုံးကြောင်းလေ့လာတွေ့ရှိရပါတယ်။

DIARY / ဒိုင်ယာရီ / Darling, I Always Remember
You.

ITALY / အီတလီ / I Trust And Love You.

ကိုယ်မသိသေးတဲ့ backronym တွေအများကြီးရှိဦးမှာပါ။
အင်္ဂလိပ်စကားလုံးတွေကို ဘယ်လို backronym ပြောင်းမလဲစဥ်းစားကြည့်ရတာပျော်စရာကောင်းပါတယ်။ စာသင်တဲ့အခါ quiz လို Vocab activity လုပ်တာလိုမျိုးနဲ့ backronym တွေကိုသင်ကြည့်ရင်လည်းပျော်စရာကောင်းမှာပါပဲ။
Love to all. NWMoe

Photos from English Upskilling Course by Sayar Nyunt Wai Moe's post 02/05/2026

Usage ရှင်းတမ်း ( ၈ )

Acronyms

acronym ဆိုတာ စကားစုတစ်ခုမှာပါတဲ့စကားလုံးတွေရဲ့အစအက္ခရာတွေကို အသံထွက်ပြီးရွတ်ဆိုလို့ရတဲ့ အတို ကောက်ဝေါဟာရတွေကိုရည်ညွှန်းပါတယ်။
သာဓကအားဖြင့် -

BOGO / ဘိုဂို / buy one, get one တစ်ခုဝယ် တစ်ခု
အခမဲ့ရ

FOBO / ဖိုဘို / fear of better options သူများတွေထက်
ပိုကောင်းတဲ့ရွေးချယ်စရာမရမှာစိုးရိမ်ခြင်း

FOMO / ဖိုမို / fear of missing out ဆိုရှယ်မီဒီယာပေါ်မှာ
သူများတွေစားသောက်ပျော်ပါးနေသလိုမျိုး မလုပ်
ရမှာစိုးရိမ်ခြင်း

JOMO / ဂျိုမို / the joy of missing out သူတစ်ပါးဘဝ
နှင့် မနှိုင်းယှဥ်ပဲ မိမိ၏လက်ရှိဘဝကိုကျေနပ်မှု

laser / လေဆာ / light amplification by simulated
emission of radiation လေဆာရောင်ခြည်

radar / ရေဒါ / radio detection and ranging လေယာဥ်
များ၊သင်္ဘောများကိုရေဒီယိုလှိုင်းများဖြင့်ရှာဖွေခြင်း

အဖွဲ့အစည်းအချို့ရဲ့အမည်အစအက္ခရာတွေကိုအသံထွက်ရွတ်ဆိုနိုင်လို့ သူတို့ဟာလည်း acronym စာရင်းဝင်ပါတယ်။ သာဓကအားဖြင့် -

ASEAN / အာဆီယံ / Association of South-East
Asian Countries အရှေ့တောင်အာရှနိုင်ငံများအဖွဲ့

NASA / နာဆာ / National Aeronautics and Space
Agency အမျိုးသားလေကြောင်းနှင့် အာကာသအုပ်
ချုပ်ရေးအဖွဲ့

OPEC / အိုပက် / Organisation Of Petroleum
Exporting Countries ရေနံတင်ပို့သောနိုင်ငံများ
အဖွဲ့

အချို့သော acronym တွေကို noun တွေရဲ့ရှေ့မှာ adjective လိုသုံးပြီး compound noun ပေါင်းစပ်နာမ်တွေကိုဖန်တီးနိုင်ပါတယ်။သာဓကအားဖြင့် -

scuba / စကူဘာ / self-contained underwater
breathing apparatus အောက်ဆီဂျင်ဘူးနဲ့တွဲထား
သည့် ရေအောက်အသက်ရှူကိရိယာ

scuba diving ရေအောက်အသက်ရှူကိရိယာဖြင့်ရေ
ငုတ်ခြင်း

ATM / အေတီအမ် / automatic telling machine
အလိုအလျောက်ငွေထုတ်စက်လို တစ်လုံးချင်းအသံထွက်ရတဲ့အတိုကောက်ဝေါဟာရတွေကိုတော့ initialism လို့ခေါ်ပါတယ်။

အချို့အတိုကောက်ဝေါဟာရတွေဟာ ရွတ်ဆိုပုံအလိုက်
acronym ဖြစ်နိုင်သလို initialism လည်းဖြစ်နိုင်ပါတယ်။
သာဓကအားဖြင့် -

ASAP = as soon as possible ကို / အေ ဆဲ့ပ် / လို့ရွတ်ဆိုရင် acronym ဖြစ်ပြီး / အေ အက်စ် အေ ပီ / လို့ တစ်လုံးချင်းရွတ်ဆိုရင် initialism ဖြစ်ပါတယ်။

abbreviations က ယေဘုယျဝေါဟာရဖြစ်ပြီး ဘယ်အတိုကောက်ဝေါဟာရကိုမဆိုရည်ညွှန်းနိုင်ပါတယ်။

ad = advertisement
bra = brassiere
C = Celsius
CE= Common Era
gym = gymnasium
lab = laboratory
memo = memorandum
para = paragraph
photo = photograph စတဲ့စကားလုံးတွေကို abbreviations အတိုကောက်ဝေါဟာရလို့ခေါ်ဆိုနိုင်ပါတယ်။

အတိုကောက်ဝေါဟာရတွေရဲ့သဘောသဘာဝကိုသိနားလည်ထားရင် ကျောင်းစာ လက်ချာလိုက်ရာမှာဖြစ်စေ၊ လုပ်ငန်းခွင်အစည်းအဝေးမှာ မှတ်စုမှတ်တမ်းလိုက်ရေးရာမှာဖြစ်စေ အထောက်အကူကြီးကြီးမားမားရပါတယ်။
Love to all. NWMoe

Photos from English Upskilling Course by Sayar Nyunt Wai Moe's post 29/04/2026

Usage ရှင်းတမ်း ( ၇ )

Homographs

homograph ဆိုတာစာလုံးပေါင်းတူပေမဲ့ အသံထွက်နဲ့ အနက်ကွဲပြားတဲ့ အင်္ဂလိပ်စကားလုံးတွေကိုရည်ညွှန်းပါတယ်။ သာဓကအားဖြင့်
1) bow ( n ) / ဘိုး / လေး၊ ( v ) / ဘောင်း / ဦးညွှတ်သည်

✅️ Primitive men used bows and arrows to
hunt animals.
ရှေးလူတွေက တိရစ္ဆာန်ေတွကိုအမဲလိုက်ရာမှာ လေးနဲ့
မြားကိုသုံးကြတယ်။

✅️ The Japanese bow to show respect to their
elders.
ဂျပန်လူမျိုးတွေက သူတို့ရဲ့သက်ကြီးဝါကြီးသူတွေကို
ဦးညွှတ်အရိုအသေပေးကြတယ်။

2) desert ( n ) / ဒက်ဇာ့တ် / သဲကန္တာရ ( v ) / ဒဇာ့တ်/
စွန့်ခွာထွက်ပြေးသည်

✅️ You need to learn survival skills before going
through the desert.
သဲကန္တာရကိုဖြတ်မသွားခင် အသက်ရှင်သန်ရေးစွမ်းရည်
တွေကို လေ့လာထားဖို့လိုအပ်တယ်။

✅️ You shouldn't desert your friend in time of
need.
အကူအညီလိုနေတဲ့ သူငယ်ချင်းကိုမင်းစွန့်ခွာမသွားသင့်
ပါဘူး။

3) present ( n ) / ပရက်ဆန့် / လက်ဆောင် ( adj ) တက်
ရောက်သော ( v ) / ပရီဇန့် / တင်ဆက်သည်

✅️ I'm going to buy a present for Myo Myo's
birthday.
မျိုးမျိုးရဲ့မွေးနေ့အတွက် လက်ဆောင်တစ်ခုဝယ်ပေး
မလို့။

✅️ Many friends of Myo Myo are present at her
birthday party.
မျိုးမျိုးရဲ့သူငယ်ချင်းများစွာ သူ့မွေးနေ့ပွဲကိုလာကြ
တယ်။

✅️ You must know information structure well
so that you can present your ideas clearly.
မင်းရဲ့စိတ်ကူးတွေကိုရှင်းရှင်းတင်ပြနိုင်ဖို့ အချက်
အလက်ဖွဲ့စည်းပုံကိုမင်းကောင်းကောင်းနားလည်ထား
ရမယ်။

ရုတ်တရက်ကြည့်ရင် homonym နဲ့ homograph ကတူတယ်လို့ထင်ရပေမဲ့ တကယ်တော့ မတူပါဘူး။
homonym က စာလုံးပေါင်းတူ အသံထွက်တူပေမဲ့ အနက်ကွဲတဲ့စကားလုံးတွေကိုဆိုလိုတာပါ။
သာဓကအားဖြင့် left ( n ) / လက်ဖ် / လက်ဝဲဘက်
( v ) / လက်ဖ် / ထားခဲ့သည်

homograph ကျတော့ စာလုံးပေါင်းတူပေမဲ့ အသံထွက်ရော အနက်ပါ ကွဲပါတယ်။
သာဓကအားဖြင့် sow ( v ) / ဆိုး / စိုက်ပျိုးသည်
( n ) / ဆောင်း / ဝက်မ

homograph တွေကိုလေ့လာတာက အင်္ဂလိပ်စကားလုံးတွေကို သူ့ word class ( n, v, adj, adv ) အလိုက် အသံထွက်မှန်မှန်ပြောဆိုနားလည်နိုင်ဖို့ အထောက်အကူကောင်းရပါတယ်။ Love to all. NWMoe

Photos from English Upskilling Course by Sayar Nyunt Wai Moe's post 28/04/2026

Usage ရှင်းတမ်း ( ၆ )

Homonyms

ငယ်ငယ်ကကိုယ့်ဆရာရဲ့ ကျောင်းမှာစာလာသင်တဲ့အင်္ဂလိပ်စာဆရာကြီးတစ်ဦးစာသင်တာက်ု နောက်ကနေ နားထောင်ဖူးတယ်။ အဲဆရာကြီးက အရယ်အရွှန်းတွေပြောသင်တတ်တယ်။ ဆရာကအင်္ဂလိပ်စကားလုံးအချို့ဟာ noun နဲ့ verb ပုံစံတူတတ်ကြောင်းကို ပြောချင်လို့ ကျောင်းသားတွေကိုအခုလိုမေးပါတယ်။ "လွှစင်ပေါ်မှာလွှတစ်ချောင်းကိုငါတွေ့တယ်" ဆိုတာကို အင်္ဂလိပ်လိုဘယ်လိုပြောမလဲ။
ကျောင်းသားတွေထဲကဘယ်သူမှမဖြေနိုင်တော့ ဆရာကအခုလိုပြောပါတယ်။
" I saw a saw on the saw." တဲ့။

ကိုယ်လည်းကျောင်းသားတွေနဲ့ရောရယ်မိပါတယ်။
အိမ်ပြန်ရောက်လို့ ဦးထွန်းငြိမ်းအဘိဓါန်မှာ ရှာကြည့်တော့
လွှစင်၊ လွှစက်ကို sawmill လို့ခေါ်ကြောင်းတွေ့ရသလို
an old saw ဆိုတာဆိုရိုးစကားဟောင်းဆိုတာပါသိလိုက်ရ ပါတယ်။ အဘိဓါန်ကြည့်ရင်ကိုယ်ရှာတဲ့စကားလုံးနဲ့ဆက်စပ်တဲ့စကားလုံးတွေကိုပါသိရတာ အဘိဓါန်ရဲ့အကျိုးကျေးဇူးများစွာထဲကတစ်ခုပါ။

1) saw မှာလွှအနက်ရှိသလို see ရဲ့ past tense ဖြစ်တဲ့
saw နဲ့လည်းစာလုံးပေါင်းတူ အသံထွက်တူပါတယ်။

✅️ I saw Noe Noe in the market yesterday. ( past)
မနေ့ကစျေးထဲမှာ နိုနို့ကို တွေ့လိုက်တယ်။
✅️ The carpenter is cutting the wood with a saw.
( noun )
လက်သမားက သစ်သားကိုလွှနဲ့ဖြတ်နေတယ်။

2) bank မှာဘဏ်တိုက်အနက်ရှိသလို မြစ်ကမ်းပါးဆိုတဲ့
အနက်လည်းရှိပါတယ်။ စကားလုံးတွေအသင့်စုပေးထား
ရင် Word Bank, စွန့်ပစ်ပစ္စည်းတွေစုပေးတဲ့နေရာကို
Recycling Bank, Bottle Bank စသည်ဖြင့်သုံးတာ
တွေလည်း ရှိပါတယ်။

✅️ We save our money at Zay Bank.
ဇေဘဏ်မှာ ငွေစုထားတယ်။

✅️ I strolled along the river bank.
မြစ်ကမ်းပါးတစ်လျှောက်မှာ အေးအေးလူလူ
လမ်းလျှောက်တယ်။

စာလုံးပေါင်းမတူ အသံထွက်တူ အနက်ကွဲတဲ့ Homophome ကို သံတူနက်ကွဲဝေါဟာရလို့အမည်ပေးရင် Homonym ကိုဘယ်လိုနာမည်ပေးရင်ကောင်းမလဲတွေး
ကြည့်တော့ စာလုံးပေါင်းတူ အသံထွက်တူ အနက်ကွဲတဲ့ Homonym ကို လုံးတူ သံတူ နက်ကွဲဝေါဟာရလို့အမည်ပေးရင်ကောင်းမလားစဥ်းစားမိပါတယ်။
အင်္ဂလိပ်စကားလုံးတွေကိုလေ့လာရာမှာ အသွင်တူတာ အသံတူတာ အနက်တူတာတွေကိုအုပ်စုဖွဲ့ပြီးနည်းလမ်းအမျိုးမျိုးနဲ့လေ့လာ
ကြည့်လို့ရပါတယ်။ Love to all. NWMoe

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Website

Address


Yangon