I T Pro Mobile Phone Training Center

I T Pro Mobile Phone Training Center နေ့စဉ်ပြောင်းလဲနေသော နည်းပညာများနေ

02/05/2022

တွင်တာဝန်ထမ်းဆောင်ရန် Mobile phone service အလုပ်သင်
(ကျား)၁ ဦး အလိုရှိသည် ။ နေစားငြိမ်း ခေါ်မည် ဖြစ်ပါသောကြောင့် နယ်သမားဦးစားပေးခေါ်ပါမည်.....

ဆက်သွယ်ရန် 09 456567317
Viber 09 456567317

ဒီရက်ပိုင်းတွင်အလုပ်များနေပါသောကြောင့် online တွင်အမြဲရှိမနေပါ သို့ဖြစ်ပါ၍ ဖုန်းဆက်တာပိုအဆင်ပြေပါမည်

06/01/2022

IT Pro Mobile Phone Training Center
တွင်တာဝန်ထမ်းဆောင်ရန် Mobile phone service အလုပ်သင်
(ကျား)2 ဦး အလိုရှိသည် ။ နေစားငြိမ်း ခေါ်မည် ဖြစ်ပါသောကြောင့် နယ်သမားများ ပိုအဆင်ပြေပါသည် ။

ဆက်သွယ်ရန် 09420192770
Viber 09420192770

ဒီရက်ပိုင်းတွင်အလုပ်များနေပါသောကြောင့် online တွင်အမြဲရှိမနေပါ သို့ဖြစ်ပါ၍ ဖုန်းဆက်တာပိုအဆင်ပြေပါမည်

ဒီ Tool လေး တွေ့တာနဲ့ Share ပေးလိုက်ပါတယ်။အသုံးလိုမည့်သူများအောက်လင့်မှ down ပါ။ App တင်ပုံလေး Video လည်းပါပါတယ်။down ပြ...
20/12/2021

ဒီ Tool လေး တွေ့တာနဲ့ Share ပေးလိုက်ပါတယ်။အသုံးလိုမည့်သူများ
အောက်လင့်မှ down ပါ။ App တင်ပုံလေး Video လည်းပါပါတယ်။
down ပြီးသားလေးဆိုတော့ အဆင်ပြေကြတာပေါ့ ဗျာ။ ransomware ရန်ကကင်းလွတ်ကြပါစေ....
https://u.pcloud.link/publink/show?code=XZrWkaXZAE6fAdsxG9L7QdpIB6l9sQE0Mbjy
Password : goodluck
Source: Alltips

IT Pro Mobile Phone Training Centerတွင်တာဝန်ထမ်းဆောင်ရန် Mobile phone service အလုပ်သင်(ကျား) 2  ဦး အလိုရှိသည် ။ နေစားငြ...
27/04/2021

IT Pro Mobile Phone Training Center
တွင်တာဝန်ထမ်းဆောင်ရန် Mobile phone service အလုပ်သင်

(ကျား) 2 ဦး အလိုရှိသည် ။ နေစားငြိမ်း ခေါ်မည် ဖြစ်ပါသောကြောင့် နယ်သမားများ ပိုအဆင်ပြေပါသည် ။

ဆက်သွယ်ရန် 09420192770

ဒီရက်ပိုင်းတွင်အလုပ်များနေပါသောကြောင့် online တွင်အမြဲရှိမနေပါ သို့ဖြစ်ပါ၍ ဖုန်းဆက်တာပိုအဆင်ပြေပါမည်

ခရပ်ကာ (Cracker)ခရပ်ကာများသည်ငွေကြေးပေးဝယ်ရသော Software များကို အခကြေးပေးစရာမလိုဘဲအဆင်သင့်အသုံးပြုနိုင်အောင်ဆောင်ရွက်ပေး...
24/01/2021

ခရပ်ကာ (Cracker)

ခရပ်ကာများသည်ငွေကြေးပေးဝယ်ရသော Software များကို အခကြေးပေးစရာမလိုဘဲအဆင်သင့်အသုံးပြုနိုင်အောင်ဆောင်ရွက်ပေးသော Developers များဖြစ်ကြသည်။

Serial Number Cracking

တကယ်တမ်း ငွေပေး၀ယ်ရတဲ့ Software တစ်ခုကို တင်ပြီးတဲ့အခါမှာ Serial Number တောင်းပါတယ်။ ကျွန်တော်တို့ Installer CD တွေ၀ယ်တဲ့အခါ CD ထဲမှာ Software အပြင် Keygen ဆိုတဲ့ Program အသေးစားလေးပါလေ့ရှိပါတယ်။ အများအားဖြင့် Crack ဆိုတဲ့ Folder အောက်မှာ ရှိတတ်ပါတယ်။ Software ကို Install လုပ်ပြီးတဲ့အခါမှာ တောင်းတဲ့ Serial Key ကိုသိချင်ရင် အဲဒီ Keygen လေးကိုနှိပ်၊ Generate ကိုနှိပ်လိုက်ရင် Serial Key ထွက်လာပါမယ်။ အဲဒီ Key ကို Copy လုပ်ပြီး Key တောင်းတဲ့နေရာမှာ Paste လုပ်လိုက်ရင် သုံးလို့ရသွားပါပြီ။

Activation Cracking Serial Key

Serial Key သည် အသုံးပြုသူ (user) များကြားတွင် ပြန့်သွားနိုင်သည်၊ ထို့ကြောင့် Activation ထပ်လုပ်ရန် Software company များမှ ကြိုးစားပြန်ပါသည်။ Activation ဆိုတာက ကျွန်တော်တို့ရဲ့ Serial Key ကိုအင်တာနက်ကတစ်ဆင့် သူတို့ဆီပို့ရမယ်။ သူတို့က အဲဒီ Serial Key ကို အစစ်ဟုတ်မဟုတ်စစ်၊ ဟုတ်တယ်ဆိုမှ Activation code ပြန်ထုတ်ပေး၊ အဲဒီ Activation Code ကိုမှကျွန်တော်တို့သုံးနေတဲ့ Software မှာ ပြန်လာထည့်၊အဲဒီဖြစ်စဉ်ကို ခေါ်ဝေါ်ခြင်းဖြစ်ပါတယ်။ သူတို့ ဘယ်လိုပဲ ထိန်းချုပ်ထိန်းချုပ် အင်တာနက်ကတစ်ဆင့် သူတို့ဆီပို့ရမယ် ဆိုတဲ့နေရာမှာအင်တာနက်မရှိတဲ့သူတွေအတွက် ဖုန်းလိုင်းမှတစ်ဆင့် ဆက်သွယ် ပြောဆိုရမယ်ဆိုပြီး ရွေးချယ်ခွင့်ပေးရသေးပါတယ်။ အဲဒါဟာ အဓိကအားနည်းချက်ပါပဲ။ ဥပမာပြောရရင် Photoshop CS2 ကို တင်တဲ့အခါမှာ Serial Key ထည့်ရတယ်။ ပြီးရင် Photoshop က Activation လုပ်ရပါတယ်။ Activation ဖို့အတွက် Photoshop က Activation Number ထုတ်ပေးပါတယ်။ တကယ်တမ်းလုပ်ရမှာက အဲဒီ Activation ID ကို သူ့တို့ဆီ အင်တာနက်၊ ဒါမှမဟုတ် ဖုန်းကတစ်ဆင့် ပြန်ပို့။ ပြီးကျမှ သူတို့က Activation Code ပြန်ပို့ပေး။ အဲဒါကို Cracker တွေက သူတို့ထုတ်ပေးတဲ့ Activation Number ပေါ်မူတည်ပြီး Activation Code ရအောင်ထုတ်ပါတယ်။Photoshop CS2 ကို Activation လုပ်တဲ့အခါမှာ Photoshop ကထုတ်ပေးတဲ့ Activation Number ကို copy ကူးရပါတယ်။ ပြီးတော့ Keygen ထဲမှာ သွား Paste လုပ်၊ Generate Activation Code ကိုနှိပ်။ထွက်လာတဲ့ Activation Code ကိုမှ ပြန် copy ကူးပြီး Photoshop မှာ ပြန်သွားထည့်ရပါတယ်။ Photoshop ကိုထုတ်တဲ့ Adobe Company ကို မဆက်သွယ်ဘဲ Keygen လေးနဲ့တင် ခိုးသုံးလိုက်တာလို့ ပြောနိုင်ပါတယ်။

Executable File & Others File Adding Cracking

တစ်ချို့ Software တွေကျတော့ Serial လည်းမတောင်းပါ။ Activation လည်းမတောင်းပါ။ ဒါပေမဲ့ သုံးပြီး တစ်ပတ်လောက်နေမှ register လုပ်ခိုင်းပါသည်။အင်တာနက်နှင့်သာ လုပ်ခိုင်းပါသည်။ ထိုကဲ့သို့ software မျိုးဆိုလျှင် exe file ကိုအစားထိုးလုပ်ခြင်းဖြင့် Crack လုပ်ရပါသည်။ ဥပမာပြရလျှင် Photoshop CS3 ဆိုလျှင် Installer CD အတွင်းရှိ Crack Folder ထဲတွင်ရှိသော Photoshop.exe File ကို Copy ကူးပြီး C:\Program Files\Adobe\Photoshop CS3 Folder ထဲသို့ replace လုပ်ရခြင်းမျိုးကို ခေါ်ပါသည်။တခါတရံတွင်တော့ .exe File မဟုတ်ဘဲ .dll ဖိုင်များကို သွားထည့်ရခြင်းမျိုးလည်းရှိတတ်ပါသည်။

Registration File Cracking

တစ်ချို့ Company တွေကထုတ်တဲ့ Software တွေကျတော့ သူတို့ software ကို သုံးနိုင်ရန် registration file လေးတစ်ခုကို ထည့်ပေးရခြင်းမျိုးလည်း ရှိပါသည်။ ဥပမာ Kaspersky Antivirus 7.0 ဆိုလျှင် ထိုကဲ့သို့ ဖြစ်ပါသည်။ Kaspersky ကို သုံးနိုင်ရန်အတွက် License Key ဆိုသော ဖိုင်တစ်ဖိုင်ကို ထည့်ပေးရပါသည်။တစ်နှစ်သုံးနိုင်သော License key၊ နှစ်နှစ်ခံသော License Key စသည်ဖြင့် များစွာရှိပါသည်။ ကွန်ပျူတာတစ်လုံးနှင့်တစ်လုံး License Key တူ၍မရပါ။ Kaspersky ကို Crack လုပ်ရန်ထို License key ကို အင်တာနက်ထဲရှာရပါသည်။ တွေ့တဲ့အခါမှာ ကောက်ထည့်။ ပြီးတော့မှ Automatic Updates ကို disable လုပ်ရပါသည်။မဟုတ်လျှင် Automatic Updates လုပ်တဲ့အခါ ကိုယ့် Kaspersky ရဲ့ License Key ကို လှမ်းကြည့်တဲ့အတွက် ခိုးသုံးထားမှန်း သိသွားနိုင်ပါသည်။

Crack လုပ်ခြင်း၏ အကျိုးရလဒ်များ

Crack ပြုလုပ်ခြင်းဖြင့် Software ကို Free သုံးရနိုင်သည်။ သို့သော်လည်း မသမာသူလူတစ်ချို့ Crack File များတွင် Virus များ၊ Spyware များပါတွဲထည့်ပေးတတ်သည်။ ထို့ကြောင့် crack ဖိုင်အသုံးပြုသူများအနေနဖြင့် ဗိုင်းရပ်စ်အကိုက်ခံရခြင်း၊ အချက်အလက်များ အခိုးခံရခြင်းမျိုးများ ဖြစ်နိုင်ပါသည်။

(Crd to original writer)

ဖုန်းအသုံးပြုသူတိုင်းလေ့လာဖတ်ရှု့သင့်ပါတယ်😍တယ်လီဖုန်းသမိုင်းကြောင်းဟာတကယ့်ကိုပြိုင်ဆိုင်မှုတွေကြားကပေါ်ထွက်ခဲ့တာပါနှစ်ပေ...
17/11/2020

ဖုန်းအသုံးပြုသူတိုင်းလေ့လာဖတ်ရှု့သင့်ပါတယ်😍
တယ်လီဖုန်းသမိုင်းကြောင်းဟာ
တကယ့်ကိုပြိုင်ဆိုင်မှုတွေကြားကပေါ်ထွက်ခဲ့တာပါ
နှစ်ပေါင်း ၁၀၀နီးပါးအတွင်းမှာ
ငြင်းခုံမှုများစွာ တရားစွဲဆိုမှုများစွာနဲ့ပါ
ဒါကတော့ ဘယ်သူဟာ ဖုန်းတီထွင်သူလဲ? ဆိုတဲ့အဖြေပါ
ခေတ်ပြိုင်လည်းဖြစ် ပြိုင်ဖက်လည်းဖြစ်တဲ့
Alexandar Graham Bell (1847-1922 ) နှင့်
Elisha Gray ( 1836-1901 ) တို့ပဲဖြစ်ကြပါသည်။

Graham Bell ဆိုတဲ့နာမည်တော့လူတိုင်းမသိတောင်
ကြားဖူးကြလိမ့်မယ်ထင်ပါတယ်
သူဟာ ကျွန်တော်တို့ ၉တန်း ရူပဗေဒမှာ
ဖုန်းတီထွင်သူအဖြစ်သင်ကြားခဲ့ရသူပါပဲ
မြောက်များစွာသောစာရေးသူတွေဟာလည်း
ဖုန်းစွန့်ဦးတီထွင်သူအဖြစ်နဲ့ပဲရေးခဲ့တာပါ
တကယ်လည်းသူဟာ သူသေဆုံးတဲ့အထိ
ငွေကြေးချမ်းသာမှု ဆုတံဆိပ်တွေနဲ့
အိုဇာတာကောင်းမွန်ခဲ့ပါတယ်
2015 မှာတော့ Harvard Universityရဲ့
သင်ရိုးမှာတော့ ဂရေဟမ်ဘဲရဲ့ မူပိုင်ခွင့်ကိုပြောင်းလဲလိုက်ပြီး
အီလက်ရှာ ဂရေးအဖြစ် အသိမှတ်ပြုခဲ့ပါသည်။

Elisha Gray ဟာ အမေရိကန်လျှပ်စစ်အင်ဂျင်နီယာပါ
အမေရိကန်မှာမွေးပြီး အမေရိကန်မှာပဲခေါင်းချခဲ့သူပါ
Oberlin College မှာကျောင်းပြီးခဲ့ပြီး
အသံနဲ့ကြေးနန်းပို့ခြင်းမှတဆင့်လေ့လာကာ
အသံဖြင့် တိုက်ရိုက်ပြောနိုင်တဲ့ဖုန်းကို
February 11.1876 မှာစမ်းသပ်ခဲ့ပြီး
February 14.1876 မှာမှတ်စုအနေနဲ့
ပုံပါဆွဲပြီးပြုစုခဲ့ပါသည်။

February 24.1876 မှာတော့
ဂရေဟမ်ဘဲဟာ ဂရေးရှိတဲ့မြို့ကို
လာလည်ခဲ့ပါတယ်
ဂရေးရဲ့ ဖုန်းတီထွင်မှုပုံစံကို
မသင့်လျော်တဲ့ ချောင်းကြည့်ခြင်းမျိုးရှိခဲ့တယ်လို့
ပညာရှင်တွေသုံးသပ်ခဲ့သလို
သူများကိုခိုးခိုင်းပြီး ဒေါ်လာ100 ပေးခဲ့တယ်လို့
နောက်ပိုင်းအမှုခင်းတွေမှာ
ဂရေးရဲ့ ရှေ့နေဖက်ကစွတ်စွဲခဲ့ပါသည်။

March 7. 1876 မှာတော့ဂရေဟမ်ဘဲဟာ
ဖုန်းတီထွင်မှုကို မှတ်ပုံတင်ရုံးမှာ
မူပိုင်ခွင့်တင်ခဲ့ပြီး မူပိုင်ခွင့်ရရှိခဲ့ပါတယ်
ကြေးနန်းကုမ္မဏီတစ်ခုက
ဒေါ်လာတစ်သိန်းနဲ့ကမ်းလှမ်းခဲ့ပေမဲ့ လက်မခံခဲ့ပေ
သူ့ကိုယ်ပိုင် Bill ကုမ္မဏီထောင်ကာ
ဖုန်းနဲ့ဆက်သွယ်ရေးလုပ်ငန်းတွေလုပ်ခဲ့ပါတယ်
1882 မှာတော့ စကော့တလန်သားဖြစ်တဲ့သူ့ကို
အမေရိကန်နိုင်ငံသားအဖြစ်လက်ခံခဲ့ပါတယ်
1935 မှာတော့ New York မြို့ကနေ
ကမ္ဘာတစ်ခုလုံးကိုဖုန်းခေါ်ဆိုနိုင်ခဲ့ပါတော့သည်။

Elisha Gray က ဂရေဟမ်ဘဲ
မူပိုင်ခွင့်တင်တဲ့အကြောင်းကြားတော့
ဒေါသပေါက်ကွဲခဲ့သလို
စမ်းသပ်ထုတ်လုပ်သောဖုန်းရဲ့
တည်ဆောက်ပုံမှာ
သူ့ဖော်မြူလာအ​ခြေခံအတိုင်းဖြစ်နေတော့
မခံမရပ်နိုင်ဖြစ်ကာရှေ့နေငှားပြီးတရားစွဲဆိုခဲ့သည်
Bill ဖက်ကရှေ့နေကလည်းလုံးဝအချက်ကျကျ
ရှောင်တိန်းငြင်းချက်ထုတ်နိုင်ခဲ့လို့
ဖုန်းတီထွင်သူအဖြစ်ဂရေဟမ်ဘဲကသာ
နှစ်ပေါင်းများစွာရပ်တည်ခဲ့ပါသည်။

November 23.1936 မှာတော့
တီထွင်မှုဆိုင်ရာ မူပိုင်ခွင့်ဥပဒေများတဖန်ရေးဆွဲပြီး
ဖုန်းတီထွင်မှုဆိုင်ရာ မူပိုင်ခွင့်ဟာ
တဖန်ကျယ်လောင်လာခဲ့ပြီး
Bill ကုမ္မဏီနဲ့ Gray ရဲ့ မိသားစုတွေဟာအမှုကို
ထပ်ရင်ဆိုင်ကြပြန်သည်

ဒီဖုန်းတီထွင်မှုနဲ့ပတ်သတ်ပြီး
စာအုပ်တွေထွက်ခဲ့တဲ့အနက်ထင်ရှားတဲ့စာအုပ်တွေက

Burton H.Baker 2000 ခုနှစ်မှာရေးတဲ့
The Gray Matter
" The forgotten story of the Telephone "

A.Edward Evenson 2000 ခုနှစ်မှာရေးတဲ့
Controversy
" The telephone patent conspiracy of 1876 "

စာရေးဆရာ ဂျာနယ်လစ် သတင်းထောက်
အယ်ဒီတာလည်းဖြစ်တဲ့
သိပ္ပံနဲ့နည်းပညာအကြောင်းတွေရေးလေ့ရှိတဲ့
Seth Shulmon ဆိုသူက 2008 ခုနှစ်မှာတော့
" Chasing Alexander Graham Bell`s Secret "
(ဂရေဟမ်ဘဲ၏လျှို့ဝှက်ချက်ကိုလိုက်ခြင်း)
ဆိုတဲ့စာအုပ်မှာဂရေဟမ်ဘဲရဲ့ တီထွင်မှုမှတ်တမ်းကို
လွဲမှားစွာအသိအမှတ်ပြုခဲ့ခြင်းလို့
Elisha Gray ရဲ့ထုတ်ဖော်ပုံအချက်အလက်တွေနဲ့
တူညီနေမှုများကိုအသေးစိတ်ရေးပြခဲ့သည်
ဘာပဲဖြစ်ဖြစ်
နောက်ဆုံးမှာတော့ Elisha Gray ဟာ
ကိုယ်တိုင်မစားသုံးခဲ့ရပေမဲ့
လူသာသေပြီး နာမည်မသေပဲ
ဖုန်းတီထွင်သူအဖြစ် ကမ္ဘာ့သမိုင်းမှတ်တမ်းမှာ
တောက်ပစွာတည်ရှိနေမှာပဲဖြစ်ပါတော့သည်။

All Crd

"ဟယ်လို ဟာ ဂရေဟမ်ဘဲရဲ့ ချစ်သူ မဟုတ်ပါ"_____________________________________တယ်လီဖုန်းတီထွင်သူ ဂရေဟမ်ဘဲရဲ့ ချစ်သူဟာ မာဂရက...
17/11/2020

"ဟယ်လို ဟာ ဂရေဟမ်ဘဲရဲ့ ချစ်သူ မဟုတ်ပါ"
_____________________________________

တယ်လီဖုန်းတီထွင်သူ ဂရေဟမ်ဘဲရဲ့ ချစ်သူဟာ မာဂရက် ဟယ်လို ဖြစ်တဲ့အတွက် ဖုန်းဆက်တဲ့အခါ Hello လို့ပြောရတယ် ဆိုတဲ့အကြောင်းအရာဟာ တကယ်တော့ ဂျင်းပါ။

ဂရေဟမ်ဘဲရဲ့ ချစ်သူနာမည်က Mabel Gardiner Hubbard ဖြစ်ပါတယ်။ မာဂရက်ဟယ်လို နဲ့ ဘာမှ မဆိုင်ပါ။

ပြီးတော့ ဂရေဟမ်ဘဲ အနေနဲ့ ပထမဆုံး ဖုန်းခေါ်ဆိုခဲ့တာကလည်း သူ့ချစ်သူကို မဟုတ်ပါ။ သူ့ရဲ့လက်ထောက်ဖြစ်သူ Mr Watson ဆီကို ဖြစ်ပါတယ်။ အဲဒီတုန်းက (March 10, 1876) ပြောခဲ့တဲ့ စကားက "မစ္စတာဝက်ဆန် ၊ မင်းကိုတွေ့ချင်လို့ ငါ့ဆီကို လာပါဦး" 'Mr Watson, come here. I want to see you.' ဆိုတဲ့ စကားသာဖြစ်ပါတယ်။

Hello ဆိုတဲ့စကားကတော့ ဂရေဟမ်ဘဲတယ်လီဖုန်းမတီထွင်ခင် ၁၀စုနှစ်ပေါင်းများစွာကတည်းက ရှိနေခဲ့တဲ့ နှုတ်ခွန်းဆက် စကားဖြစ်ပြီး hallo, hollo တို့ကနေ ဆင်းသက်လာတာဖြစ်ပါတယ်။

ဂရေဟမ်ဘဲအနေနဲ့ တယ်လီဖုန်းဖြေဆိုရာဝယ် "Ahoy" ဆိုတဲ့ စကားကို စအသုံးပြုခဲ့ပေမယ့် သောမတ်အက်ဒီဆင် ကတော့ "Hello" ဆိုတဲ့နှုတ်ခွန်းဆက်စကားကိုသာ အသုံးပြုဖို့ ၁၈၇၇ ခုနှစ်မှာ ထောက်ခံခဲ့ပါတယ်။

ဘာရယ်တော့ မဟုတ်ပါဘူး။ မသိသေးတဲ့ မိတ်ဆွေတွေအတွက် ဗဟုသုတပေါ့

( Credit - Thutazone )
Peace & RASTA

ပုံမှန်လုပ်ရိုးလုပ်စဉ်တစ်ခုကို ပြုလုပ်နေရင်းနဲ့ဘဲ ခရီးတစ်ချို့ရောက်ခဲ့တယ်................ February /1 / 2020 ရက်နေ့တွင်ထ...
28/01/2020

ပုံမှန်လုပ်ရိုးလုပ်စဉ်တစ်ခုကို ပြုလုပ်နေရင်းနဲ့ဘဲ ခရီးတစ်ချို့ရောက်ခဲ့တယ်................

February /1 / 2020 ရက်နေ့တွင်ထွက်ရှိမည့် Net Guide Journal နှင့်ခဏတာတွေ့ဆုံခြင်း

သင်တန်းအကြောင်း ဖတ်ချင်ရင်တော့ အောက်က link လေးမှာ ဖတ်ကြည့်ပေးပါဗျာ
👇

https://www.facebook.com/108708013953628/posts/128548675302895/

20/01/2020

လွန်ခဲ့​သော 13 နှစ်​လောက်ကစပြီး ဘာမှမသိ​ ယောင်ချာချာ နဲ့ လမ်းပျောက်နေတဲ့ ကောင်လေးတစ်ယောက်ကို သင်တန်းဆရာ တစ်​ယောက် ဖြစ်အောင်သင်ကြား ပြသပေးသောဆရာများ နှင့် ယခုအချိန်ထိ သင်ကြား ပို့ချပေးနေသော ဆရာများအားယခုပိုစ်ဖြင့်ကန်တော့ပါတယ် ဆရာများခင်ဗျာ။

ကာယကံ ဝစီကံများဖြင့် ပြစ်မှားမိခဲ့သည်ရှိသော်
တပည့်မိုက်လေးကိုခွင့်လွတ်ပေးပါ ဆရာ နှင့်ဆရာမများခင်ဗျာ

🙏🙏🙏

ကျွန်တော့ ဘဝရဲ့ ဆရာများ

U Thaw Zin (ဘုရားကြီး)

U Nyein Chan (Nyein Chan Electronic Training Center)

U Zaw Lin (Youth Computer Training Center)

KMD ( KMD မှ တာဝန်ကျ ဆရာဆရာမများ)

Y - Max (ဆရာ ဖြိုးအာကာ)

မြန်မာနိုင်ငံကွန်ပျူတာ ပညာရှင်အသင်း (MCPA မှ ဆရာများအားလုံး)

NS (Computer & Mobile Phone Training Center )

Sayar Moe (My Mobile)

U Pai Phyo (One Network)

စာအုပ်တွေကနေ့ လေ့လာခွင့်ရခဲ့ရတဲ့ဆရာ၊ဆရာမများ

ဆရာဇော်လင်း (Youth Computer Training Center)
ဆရာ သန်းထိုက် (ရွှေရိပ်)
ဆရာ ဒေါက်တာမျိုးသူရ
ဆရာမ Daw Htar Htar Saw Lwin
ဆရာ မောင်ထူးချွန်
ဆရာပိုင်ဖြိုး (one network)
ဦးကိုကိုအောင် (ဖိုးစပ်စု)
ဆရာ Mr. Sai. (U sai p*e )
ဆရာ U Han Zaw Oo (OTA Mobile)
ဆရာ U Aung Phyo (Ar Kar Mobile)

Oline ကနေ ရှင်းပြပေးတဲ့ဆရာများ

ဆရာမိုး (My Mobile)
ဆရာဖြိုးလေး (One Network)
ဆရာ ဦး ကိုကိုအောင် (ဖိုးစပ်စု)
ဆရာ ရဲသူရလင်း (ငရဲ)
ဆရာ Myo Thu Ko
ဆရာ Thet Paing

ကိုယ် ထက်အရင် Mobile ​လောကထဲ ရောက်နေတဲ့ စီနီယာ ဆရာများထံမှ တင်ထားသောပို့စ်များကို ဖတ်ပြီး အသိကြွယ်ခဲ့ရသော ပိုစ့်ပိုင်ရှင်ဆရာများ

ကို မိုက်နည်းပညာ
ကို နိုင်းနိုင်းထွန်း
ဦး မောင်မောင်နိုင် (မာမိုဘိုင်း)
ဦးပီး
ကို မျိုးမီတူး
U Zaw Win Htut
U Than Toe Aung (TTA)
U Thet Paing
U Kyaw swar thwin
Miko force

နှင့် အခြားသော စီနီယာပေါင်းများစွာ ဆရာများအားဦးထိပ်တင်လျှက်

လူကိုယ်တိုင်ဖြစ်​စေ၊ စာအုပ်များဖြင့်ဖြစ်စေ ၊ Online မှဖြစ်စေ၊ ပိုစ့်များမှဖြစ်စေ သင်ကြားပြသပေးပါသော ဆရာများ အားလုံးကို ဦးထိပ်တင် ၍ ကန်တော့ပါတယ် ဆရာများခင်ဗျာ။

အထူးကျေးဇူးတင်ရှိခြင်း
သင်တန်းဖွင့်ရင်လိုအပ်သော သင်တန်း Course များကိုကူညီရေဆွဲပေးပါသောဆရာများ နှင့် လူရောစိတ် ပါကူညီ လုပ်ကိုင်ပေးသော ဆရာပိုင်ဖြိုး (one network) ၊ကျွန်​တော် Course ​ရေး​နေ​သောအချိန်တွင် ကျွန်​တော့ ဆိုင်များအား ထိန်း​ပေးထားနိုင်​သော အငယ်ဆုံးညီ ဖြစ်သူ သီဟနိုင် ၊ သားတပည့် ထီလာမိုးနှင့် ပါရမီ ဖြည့်ဖက် ချစ်ဇနီး ​မေသူ​အောင် အားအထူးကျေးဇူးတင်ရှိပါသည်။

Address

Minyekyawswar Road
Yangon

Telephone

+959420192770

Website

Alerts

Be the first to know and let us send you an email when I T Pro Mobile Phone Training Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to I T Pro Mobile Phone Training Center:

Shortcuts

Share

Category