28/05/2025
Beginner, Intermediate နဲ့ Advanced level 3ခုလုံးအတွက် video သင်ခန်းစာတွေ အများကြီးရှိပြီး freeလေ့လာလို့ရတဲ့ English Central ဆိုတဲ့ website ကို sharing လုပ်ပေးချင်ပါတယ်။
ဒီ websiteထဲမှာဆိုရင် video သင်ခန်းစာတွေကို level အလိုက်ခွဲပေးထားပါတယ်။ လေ့လာတဲ့အခါမှာလဲ အောက်ပါအတိုင်း အဆင့်လေးဆင့်နဲ့လေ့လာရပါတယ်။
1. Watch the video
2. Learn the words
3. Speak the lines
4. Chat about the video
အရမ်းသဘောကျတဲ့အချက်က videoတွေက အရှည်ကြီးမဟုတ်ဘဲ 1-2 minutes ဝန်းကျင်ပဲ ကြာတာကြောင့် ပျင်းစရာမကောင်းဘဲ vdထဲက အကြောင်းအရာကို ပိုပြီး အာရုံစိုက်စေပါတယ်။ ပြီးရင် step by step စနစ်တကျ လေ့လာရတာကြောင့်မို့လို့ ပိုပြီးထိရောက်မှုရှိစေပါတယ်။ ကိုယ်ဘယ်လောက်လေ့လာပြီးပြီလဲဆိုတဲ့ weekly နဲ့ overall progress တွေလဲ ကြည့်လို့ရပါတယ်။
Websiteထဲမှာ English Tutor တွေနဲ့ 1-on-1 lessons တွေ သင်ယူချင်တဲ့သူတွေအတွက်လဲ premium version ရှိပါတယ်။
website link - https://www.englishcentral.com/myenglish