NYPS - Noble Yadanar Private School

NYPS - Noble Yadanar Private School NYPS will try our best to provide quality education and safe environment that everyone hope for.

💧 Learning by Doing! 💧🌱Today, student explored how rocks in soil help water drain through the soil  a fun hands-on activ...
17/08/2026

💧 Learning by Doing! 💧🌱

Today, student explored how rocks in soil help water drain through the soil a fun hands-on activity! 🪴🪨

They observed how water passes through different types of soil — sandy, compost , clay and stony soil — and discovered which soil lets the most and least water through. 💦🔍

ယနေ့မှာတော့ NYPS - Noble Yadanar Private School Grade - 2 မှ ကျောင်းသား၊ကျောင်းသူများသည် မြေအမျိုးအစားအလိုက် ရေစိမ့်ဝင်မှုကွာခြားပုံကို Sandy, Compost, Clay နဲ့ Stony Soil တို့ဖြင့် လက်တွေ့စမ်းသပ်လေ့လာခဲ့ကြပါတယ်ရှင့်။

🌟🥰ကိုယ်တိုင်စမ်းသပ်ရင်း ပျော်ပျော်ရွှင်ရွှင်နဲ့ သင်ယူခဲ့ကြတဲ့ Hands-on Learning Activity မှ ပုံရိပ်လေးများကို မျှဝေပေးလိုက်ပါတယ်ရှင့်🌱✨




📚 ၂၀၂၆–၂၀၂၇ ပညာသင်နှစ်🏫 နိုဘယ်(လ်)ရတနာကိုယ်ပိုင်အထက်တန်းကျောင်း (သင်္ဃန်းကျွန်း)🩺 ဝမ်းပျက်ဝမ်းလျှောရောဂါဆိုင်ရာ ကျန်းမာရ...
14/08/2026

📚 ၂၀၂၆–၂၀၂၇ ပညာသင်နှစ်
🏫 နိုဘယ်(လ်)ရတနာကိုယ်ပိုင်အထက်တန်းကျောင်း (သင်္ဃန်းကျွန်း)

🩺 ဝမ်းပျက်ဝမ်းလျှောရောဂါဆိုင်ရာ ကျန်းမာရေးအသိပညာပေးဟောပြောခြင်း။

ကျောင်းသား၊ ကျောင်းသူများ၏ ကျန်းမာရေးအသိပညာများ တိုးပွားလာစေရန် ရည်ရွယ်၍ ဝမ်းပျက်ဝမ်းလျှောရောဂါ၏ လက္ခဏာများ၊ အဓိကဖြစ်ပွားရသည့် အကြောင်းအရင်းများ၊ ဂရုစိုက်သင့်သည့်အချက်များနှင့် ကာကွယ်တားဆီးနိုင်မည့် နည်းလမ်းများ ကို ကျောင်းအုပ်ဆရာကြီးနှင့်ဆရာ၊ ဆရာမများမှ ကျောင်းသား၊ ကျောင်းသူများအား အတန်းအလိုက် ခေါ်ယူ၍ အသိပညာပေး‌ဟောပြောနေပုံများကို မျှဝေပေးလိုက်ပါတယ်ရှင့်။📌📌

12/08/2026

✨🇲🇲မြန်မာ့ယဉ်ကျေးမှုဆိုသည်မှာ မြန်မာတို့၏ ရိုးရာဓလေ့ထုံးတမ်းများ၊ ဝတ်စားဆင်ယင်မှုများ၊ အမူအကျင့်များနှင့် စည်းလုံးညီညွတ်မှုတို့ကို ထင်ဟပ်စေသည့် တန်ဖိုးရှိသော အမွေအနှစ်တစ်ရပ်ဖြစ်ပါတယ်။ 🌟❤️

🥰NYPS - Noble Yadanar Private School Grade -7 အတန်း မှကျောင်းသား၊ ကျောင်းသူများသည် မြန်မာ့ရိုးရာဓလေ့များကို လေ့လာရင်း၊ ကိုယ်တိုင်ပါဝင်ခံစားရင်း ပျော်ရွှင်စရာအမှတ်တရများ ဖန်တီးခဲ့ကြပါတယ်ရှင့် 🎉❤️


#မြန်မာသင်ခန်းစာ

🙏🏻✨ဒီနေ့ကတော့ NYPS ရဲ့ ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲလေး ကျင်းပခဲ့တဲ့ထူးခြားတဲ့နေ့လေးတစ်နေ့ပါ..🪷🪷ဝါဆိုသင်္ကန်းရဲ့ မူရင်းအခ...
09/08/2026

🙏🏻✨ဒီနေ့ကတော့ NYPS ရဲ့ ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲလေး ကျင်းပခဲ့တဲ့ထူးခြားတဲ့နေ့လေးတစ်နေ့ပါ..

🪷🪷ဝါဆိုသင်္ကန်းရဲ့ မူရင်းအခေါ်က မိုးရေခံသင်္ကန်း တဲ့.. ပါဠိလို တော့ "ဝဿာ ဝါသိက စီဝရ" လို့မှတ်သားရပါတယ်
ဘယ်လိုခေါ်ခေါ် ရည်ရွယ်ချက်ကတော့ ဝါဆိုဝါကပ်ကြတဲ့ရဟန်းသံဃာများ ဝါတွင်း(မိုးရာသီ)ကာလမှာ သင်္ကန်းနဲ့ ပတ်သက်ပြီးချမ်းသာစေချင်လို့ပါ...,
ဝိသာခါကျောင်းအမကြီးရဲ့ တောင်းဆိုမှုကြောင့် ဖြစ်ပေါ်လာရတဲ့ ဒီကုသိုလ်ဟာ ကာလဒါန အလှူလဲဖြစ်တာကြောင့် အကျိုးတရား ပိုထူးခြားပါတယ်...
အဝတ်သင်္ကန်း ကိုလှူဒါန်းခြင်းဟာ
အဆင်းကိုလှူဒါန်းရာရောက်လို့ စုပေါင်းအားဖြည့် ကူညီလှူဒါန်းပေးကြသော မိဘများ ကျောင်းသူကျောင်းသားများ ဆရာ ဆရာမများ ဝန်ထမ်းများအားလုံး ကုသိုလ်အကျိုးထူးများ ဆတက် ထပ်ပိုးတိုးပွားကြမှာအမှန်ပါရှင်...✨🙏🏻

(2026~2027) academic year parents and teachers meetings will help parents to understand the difference types of children...
08/08/2026

(2026~2027) academic year parents and teachers meetings will help parents to understand the difference types of children and sharing parenting knowledge. What your child is learning at school, their academic and social-emotional progress, and what you can do to support them. If your child is having particular difficulties, parent-teacher conferences also give you and the teacher time to plan how you can both help them best.

These photos are from our parents teachers meeting from today.
(2026~2027) အတန်းများ ၏မိဘ၊ဆရာ အစည်းအဝေးပွဲလုပ်ရခြင်း၏ ရည်ရွယ်ချက်သည် မိမိတို့ရဲ့ကလေး ကျောင်းတွင် သင်ယူနေသည့်အရာများ၊သင်ခန်းစာများ၊ကလေး တို့၏ ပညာရေးနှင့် လူမှုဆက်ဆံရေးဆိုင်ရာ တိုးတက်မှုကို မိဘများအနေဖြင့် ပံ့ပိုးကူညီနိုင်ရန် ယခု ကဲ့သို့ အစည်းအဝေးပွဲ များကကူညီပေးပါသည်။ မိမိကလေးတွင် စာသင်ကြားခြင်းနှင့်ပက်သက်ပြီး အခက်အခဲများရှိနေပါက၊ မိဘနှင့် ဆရာတို့က အတူတူ ပူပေါင်းပြီး ကလေးအတွက် အကောင်းဆုံး အချိန်ပေးကူညီနိုင်ပါသည်။ NYPS မှလည်း ကလေးများအတွက်အကောင်းဆုံး ကြိုးစားသင်ကြားပျိုးထောင်ပေးသွားမှာ ဖြစ်ပါတယ်ရှင့်။ 💙💕🩷
အချိန်ပေးပြီး တက်ရောက်ပေးကြပါသော NYPS
မှမိဘများအား အထူးကျေးဇူးတင်ရှိပါတယ်ရှင့် 😊😊😊


👩🏻‍🏫ဆရာ၊ဆရာမများ  continuing professional development (CPD) ရရှိစေရန် အတွက် Cognitive teaching skills များသာမက ကလေးများအ...
05/08/2026

👩🏻‍🏫ဆရာ၊ဆရာမများ continuing professional development (CPD) ရရှိစေရန် အတွက် Cognitive teaching skills များသာမက ကလေးများအတွက် Safety environment & Trusty atmosphere ဖန်တီးပေးနိုင်ရန် Psychological developing training များကိုပါ ထည့်သွင်း ပေးခဲ့ပါတယ်။💁🏻‍♀️
ကလေးများ ဘက်စုံဖွံ့ဖြိုးမှု့ (Holistic development )ရှိစေရန်နှင့် ဆရာ၊ဆရာမများ Personal rewarding🌟 ရရှိစေရန် ရည်ရွယ်ပြီး NYPS မှ ဆရာ၊ဆရာမများအား သင်တန်း ပို့ချနေပုံလေးများအား တင်ပြလိုက်ပါတယ်ရှင့်။🥰



✨ဝါဆိုလပြည့်နေ့ (ဓမ္မစကြာ အခါတော်နေ့)🙏🏻🌕🌟 (29.7.2026) နေ့တွင်ကျရောက်သော ဝါဆိုလပြည့်နေ့၏ ကောင်းမြတ်သောအခါသမယတွင် ကိုယ်စိတ...
28/07/2026

✨ဝါဆိုလပြည့်နေ့ (ဓမ္မစကြာ အခါတော်နေ့)🙏🏻

🌕🌟 (29.7.2026) နေ့တွင်ကျရောက်သော ဝါဆိုလပြည့်နေ့၏ ကောင်းမြတ်သောအခါသမယတွင် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ၍ ကုသိုလ်တရားများ တိုးပွားကာ ငြိမ်းချမ်းပျော်ရွှင်သော နေ့ရက်များကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း NYPS - Noble Yadanar Private School မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင့်။🙏🏻🙏🏻🙏🏻



#ဝါဆိုလပြည့်နေ့
#ဓမ္မစကြာအခါတော်နေ့

23/07/2026

🧪Chemistry Practical Time✨
Class - Grade 11

👩🏻‍🔬Titration (Volume analysis), Gas preparation, Change in colour of an indicator and PH paper test .⚗️

👩🏻‍🏫✨Students will be able to develop the basic knowledge and skills which will help to understand more about the lessons and to apply in their daily life.
They can participate in group activities to develop skills in scientific methods based on the concepts, laws and principle related to main themes.🌟🌈

⭐ယနေ့မှာတော့ Grade 11 မှ ကျောင်းသားကျောင်းသူများသည် Chemistry ဘာသာရပ်နှင့်ပတ်သတ်ပြီးလက်တွေ့စမ်းသပ်လေ့လာခဲ့ကြတဲ့ ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်ရှင့်။

💁🏼‍♀️ထိုသင်ခန်းစာမှတစ်ဆင့် ဆရာ၊ ဆရာမများ၏ အနီးကပ်လမ်းညွှန်မှုနှင့်အတူ သီအိုရီများကို လက်တွေ့နှင့်ချိတ်ဆက်သင်ယူခြင်းဖြင့် စူးစမ်းလေ့လာနိုင်စွမ်း၊ တိကျမှန်ကန်စွာ စမ်းသပ်နိုင်စွမ်းနှင့် သိပ္ပံနည်းကျ တွေးခေါ်နိုင်စွမ်းများကို ဖွံ့ဖြိုးတိုးတက်စေခဲ့ပါတယ်ရှင့်။🥰🥰


✨Little hands, Big discoveries!🔎Class - KG Classes 🌈‎Learning about "Inside Body Parts"..Lungs🫁 , Heart🫀, Stomach🫃,Bones...
21/07/2026

✨Little hands, Big discoveries!🔎

Class - KG Classes 🌈

‎Learning about "Inside Body Parts"..Lungs🫁 , Heart🫀, Stomach🫃,Bones 🦴 .
‎They discovered where diferent organs belong and learned how each one helps keep us healthy.They strengthened their knowledge while building curiosity, confidence and teamwork through hand-on learning.✨📚

NYPS - Noble Yadanar Private School KG Classes မှ သားသားမီးမီးလေးများသည် လူ့ခန္ဓာကိုယ်အတွင်းရှိ အစိတ်အပိုင်းများ ဖြစ်သော အဆုတ်၊ နှလုံး၊ အစာအိမ်နှင့် အရိုးများ အကြောင်းကို လက်တွေ့လေ့လာသင်ယူနေကြတဲ့ပုံရိပ်များကိုမျှဝေပေးလိုက်ပါတယ်ရှင့်။



🇲🇲 "အာဇာနည်နေ့ တို့မမေ့" 🇲🇲"အာဇာနည်နေ့" တွင် ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား ရိုသေစွာဂါရဝပြုအပ်ပါသည်။ #အာဇ...
19/07/2026

🇲🇲 "အာဇာနည်နေ့ တို့မမေ့" 🇲🇲

"အာဇာနည်နေ့" တွင် ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား ရိုသေစွာဂါရဝပြုအပ်ပါသည်။

#အာဇာနည်နေ့

Address

No. 268(B), Thanthumar Road, Thingangyun Tsp
Yangon

Telephone

+959793702834

Website

Alerts

Be the first to know and let us send you an email when NYPS - Noble Yadanar Private School posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category