YNC Education Center

YNC Education Center Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from YNC Education Center, Education, No. 198, 2nd floor, the corner of Thein Phyu Road and Bo Gyoke Road, Upper block, Bogyoke Road, Botahtaung Township, Yangon.

ကမ္ဘာပေါ်မှာရှိတဲ့ မေမေတိုင်းက ကိုယ့်ရင်သွေးငယ်ကို အကောင်းဆုံးအရာတွေပဲပေးချင်ကြတာမို့ ကလေးငယ်တွေရဲ့ ပညာရေးပိုင်းကိုလည်း ...
21/04/2023

ကမ္ဘာပေါ်မှာရှိတဲ့ မေမေတိုင်းက ကိုယ့်ရင်သွေးငယ်ကို အကောင်းဆုံးအရာတွေပဲပေးချင်ကြတာမို့ ကလေးငယ်တွေရဲ့ ပညာရေးပိုင်းကိုလည်း အမြဲအာရုံစိုက်လေ့ရှိကြပါတယ်။ ✨

ဒါပေမယ့် ပညာရေးပိုင်းကို အာရုံစိုက်ချင်ပေမယ့် ဘယ်လိုစပြီး ကလေးငယ်တွေကို လေ့ကျင့်သင်ကြားပေးရမလဲမသိ ဖြစ်တတ်ကြပါတယ်။ ဒါဆို ကလေးငယ်ရှိတဲ့ မေမေတိုင်းသိထားသင့်တဲ့ အချက် ( ၅ ) ချက်ကို ဖော်ပြပေးလိုက်ရပါတယ်နော်။ 🤗

1. မိမိရင်သွေးငယ်ရဲ့ ကျောင်းမှာ Participate ပြုလုပ်ပါ။
ကလေးငယ်ရဲ့ ကျောင်းကို အကြိုအပို့လိုက်လုပ်တာဖြစ်ဖြစ်၊ ကျောင်းရဲ့ Activity ပွဲလေးတွေမှာ ဝင်ပါတာဖြစ်ဖြစ် ပြုလုပ်ပေးပါ။ သင့်အနေနဲ့ အခုလို Participate ပြုလုပ်ဖို့ အချိန်နည်းကောင်း နည်းပါလိမ့်မယ်။ ဒါပေမယ့် အခြားမိခင်တွေလည်း သင့်နည်းတူ အချိန်မအားတဲ့ကြားက ကလေးပညာရေးအတွက် ကြိုးပမ်းနေတာမို့ ကလေးရဲ့ ကျောင်းကိစ္စတွေမှာ Participate ပြုလုပ်ခြင်းအားဖြင့် သင့်ရင်သွေးအနေနဲ့ စိတ်ထဲပျော်ရွှင်လုံခြုံမှုခံစားရပြီး ပညာရေးပိုင်းကို အကောင်းဆုံးအာရုံစိုက်နိုင်မှာပဲ ဖြစ်ပါတယ်။ 😎

2. နေ့စဉ်အိမ်စာပြီးမပြီး စစ်ပေးပါ။
သင့်ကလေးကို ကောင်းမွန်တဲ့ပညာရေးပေးချင်တယ်ဆိုရင် သင့်ကလေးရဲ့ ကျောင်းက ပြုလုပ်ဖို့ ပေးအပ်လိုက်တဲ့ အိမ်စာတွေ ပြီးမပြီး မိခင်ဖြစ်သူက စစ်ဆေးပေးဖို့ လိုအပ်ပါတယ်။ လိုအပ်ရင် အိမ်စာလုပ်ချိန် ထိုင်စောင့်ပေးတဲ့ အလေ့အကျင့်မျိုး ပြုလုပ်ပေးပါ။ 🤗

3. ကလေးရဲ့ Result က အောင်မြင်သည်ဖြစ်စေ၊ ကျရှုံးသည်ဖြစ်စေ လက်ခံပေးပါ။
မိခင်တိုင်းက ကလေးငယ်ရဲ့ ပညာရေးလမ်းခရီးကို အကောင်းဆုံးဖြစ်စေချင်ပေမယ့် တစ်ခါတစ်လေ ကလေးရဲ့ Result က Failure ဖြစ်သွားခဲ့တယ်ဆိုရင်လည်း ကလေးကို Appreciate လုပ်ပေးဖို့ လိုအပ်ပါတယ်နော်။ ဒါမှသာ ကလေးက Failure ဖြစ်မှုကို ပြန်ဆင်ခြင်သုံးသပ်နိုင်ပြီး နောက်တစ်ခေါက်ထပ်မဖြစ်အောင် ကြိုးစားချင်စိတ်ဖြစ်ပေါ်လာမှာပဲ ဖြစ်ပါတယ်။ 🤩

4. ကျောင်းကဆရာ၊ဆရာမ၊ သူငယ်ချင်းအပေါင်းအသင်းတွေ၊ လူကြီးမိဘတွေနဲ့ ကိုယ့်ကိုယ်ကိုယ် Respect ထားတတ်ဖို့ သင်ကြားပေးပါ။
ကောင်းမွန်တဲ့ ပညာရေးရဖို့ဆို ကျောင်းစာတင်မဟုတ်ဘဲ Manner ကောင်းတွေကိုပါ ငယ်စဉ်ကတည်းက တခါတည်း သင်ကြားပေးဖို့ လိုအပ်ပါတယ်။ ဒါမှလည်း ကလေးငယ်တွေက သင်ကြားပေးနေတဲ့ ဆရာ၊ဆရာမတွေနဲ့ Lesson တွေအပေါ် Respect ထားနိုင်ပြီး Manner ကောင်းတွေ ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။ 😇

5. International Language ကို သင်ကြားပေးပါ။
ကျောင်းက ပေးအပ်တဲ့ Lesson တွေတင်မကဘဲ နိုင်ငံတကာမှာ အသုံးပြုနေတဲ့ ဘာသာစကားဖြစ်တဲ့ English ဘာသာစကားကိုလည်း 4 Skills ကစပြီး အခြေခံမှ ပိုင်နိုင်အောင် လေ့ကျင့်ပေးသင့်ပါတယ်နော်။ 😌

Native Language မဟုတ်တာမို့ Foundation ကအစ သေချာလေ့ကျင့်သင်ကြားပေးမှသာ သေချာကျွမ်းကျင်မှာဖြစ်ပါတယ်။ ဒါကြောင့် မေမေတို့အနေနဲ့ မိမိရင်သွေးငယ်တွေအတွက် English 4 Skills ကို သင်ကြားပေးဖို့အတွက်ဆို YNC Education Center ကို ရွေးချယ်သင့်ပါတယ်နော်။

“ အခြေခိုင်မှ အမြင့်ခိုင်မာမည်” ဆိုတဲ့စကားအတိုင်း YNC က ကလေးငယ်တွေကို အခြေခံကစပြီး သေချာပိုင်နိုင်အောင် လေ့ကျင့်သင်ကြားပေးမှာမို့ ကလေးငယ်တို့ရဲ့ အနာဂတ်သာယာလှပဖို့ YNC မှာတက်ကြစို့။ 😉

🏫 လိပ်စာ : တိုက်အမှတ် (၁၉၈)၊ ဒုတိယထပ်၊ ဗိုလ်ချုပ်လမ်းနဲ့ သိမ်ဖြူလမ်းထောင့်၊ ဗိုလ်ချုပ်လမ်း၊ ဗိုလ်တထောင် မြို့နယ်၊ ရန်ကုန်မြို့။
☎️ ဖုန်းနံပါတ် : 09979491683
အသေးစိတ် သိလိုပါက ဖုန်းဆက်ပြီး မေးမြန်းနိုင်ပါတယ်ရှင်။



🌻 ရှေ့ postမှာတုန်းက ဘယ် letter တွေက Vowel ဘယ် letter တွေက‌ consonants ဆိုတာ  လေ့လာပြီးပြီဆိုတော့ အခု vowel နဲ့ consonan...
20/04/2023

🌻 ရှေ့ postမှာတုန်းက ဘယ် letter တွေက Vowel ဘယ် letter တွေက‌ consonants ဆိုတာ လေ့လာပြီးပြီဆိုတော့ အခု vowel နဲ့ consonant အဖြစ် ရပ်တည်နိုင်တဲ့ letters ၂ လုံး အကြောင်းကို လေ့လာကြရအောင်... 🤗

🌻 အဲ့ဒီ letterလေး ၂လုံးကတော့ "y" နဲ့ "w" ပဲ ဖြစ်ပြီး "semi-vowels" လို့ ခေါ်ပါတယ်နော်

🌻 letter ' y ' က consonant letter လေး ဖြစ်ပေမယ့် vowel တစ်လုံးမှမပါတဲ့ စကားလုံးတွေမှာတော့ သူက vowel အ‌ဖြစ် ရပ်တည်ပေးပါတယ်
ဥပမာအနေနဲ့
"Try" ဆိုတဲ့ စကားလုံးမှာ "t" က consonant, "r" က consonant ဖြစ်ပြီး "y" ကတော့ vowel (/i/ sound) ဖြစ်ပါတယ်
တခြား ဥပမာတွေအနေနဲ့ sky, cry, spy, fly စတဲ့ စကားလုံးတွေမှာ letter "y" က vowel အဖြစ် ပြောင်းထားပါတယ်

🌻 letter "w" လေးကလဲ တချို့ words တွေမှာ vowel အဖြစ် ပြောင်းပေးထားပါသေးတယ်
"Cow" နဲ့ "how"ဆိုတဲ့ စကားလုံးမှာဆိုရင် letter "w" က vowel ow /ou/အဖြစ် ရပ်တည်ထားပါတယ်

💕 ကလေးတို့အတွက် လေ့လာမှတ်သားစရာလေး တစ်ခုခု ရသွားလိမ့်မယ်လို့ ယုံကြည်လျက် ... 🥰

YNC Education Center 💖

Vowels နဲ့ consonants အကြောင်း လေ့လာချင်တဲ့ သားသားမီးမီးတို့အတွက် 👇👇
https://m.facebook.com/story.php?story_fbid=129930486722946&id=100091179850103



ဒီနေ့တော့ အင်္ဂလိပ်စာမှာ မရှိမဖြစ်အရေးပါတဲ့ "Vowels"  အကြောင်းကို လေ့လာကြရအောင်.. 🤗🌻 အင်္ဂလိပ်စာမှာ  Alphabet 26 ရှိပါတယ...
20/04/2023

ဒီနေ့တော့ အင်္ဂလိပ်စာမှာ မရှိမဖြစ်အရေးပါတဲ့ "Vowels" အကြောင်းကို လေ့လာကြရအောင်.. 🤗

🌻 အင်္ဂလိပ်စာမှာ Alphabet 26 ရှိပါတယ်နော်။ English Alphabet 26 ကို Vowels နဲ့ Consonants ဆိုပြီး ၂ မျိုးခွဲထားပါတယ်။

🌻 Vowels ထဲမှာ a , e , i, o, u ဆိုတဲ့ letter ၅ လုံးပါဝင်ပြီးတော့ ကျန်တဲ့ letter 21 လုံးတွေကိုတော့ Consonants လို့ ခေါ်ပါတယ်နော်။

🌻 Word ဆိုတဲ့ စကားလုံးတွေ ဖြစ်လာဖို့ "Vowels" လေးတွေကို မဖြစ်မနေသုံးရပါတယ်။ Vowels လေးတွေကို consonants လေးတွေနဲ့ ပေါင်းစပ်လိုက်တော့ words လေးတွေ ဖြစ်လာတာပေါ့
🌻 ဥပမာ အနေနဲ့
"Cat" ဆိုတဲ့ word မှာ vowel က "a" ဖြစ်ပြီး consonants တွေက letter "c" နဲ့ "t" ဖြစ်ပါတယ်
🌻တခြား ဥပမာလေးတွေအနေနဲ့ "tent, hill, dog, nut" စတဲ့ wordsလေးတွေ အများကြီးရှိပါတယ်နော်
🌻စကားလုံး (word) တစ်ခုမှာ vowel တစ်ခုအနည်းဆုံးပါသလို vowel တစ်ခုထပ် ပိုပြီးလဲ ပါပါတယ်နော်
ဥပမာ - kite မှာ ဆို vowel က "i" and "e" ဆိုပြီး vowel နှစ်ခု တွေ့ရမှာပါနော်
🌻 " leaf, cake, feet, cute, rope, hide" စတဲ့ စကားလုံးတွေမှာဆို vowel တစ်ခုထပ် ပိုပါနေတာကို တွေ့ရပါလိမ့်မယ်နော်

💕 သားသားမီးမီးတို့ သိတဲ့ စာလုံးလေးတွေကိုလဲ မန့်ခဲ့ကြပါဦးနော်
💖 ကလေးတို့အတွက် လေ့လာမှတ်သားစရာလေး တစ်ခု ရသွားလိမ့်မယ်လို့ ယုံကြည်လျက်... 🥰

ကလေးများကိုမဆူပါနဲ့ ၊ မရိုက်ပါနဲ့==========================ကမ္ဘာအကြီးကျယ်ဆုံးသိပ္ပံပညာရှင် အိုင်းစတိုင်းဟာ ငယ်ငယ်က စကားမ...
14/04/2023

ကလေးများကိုမဆူပါနဲ့ ၊ မရိုက်ပါနဲ့
==========================

ကမ္ဘာအကြီးကျယ်ဆုံးသိပ္ပံပညာရှင် အိုင်းစတိုင်းဟာ ငယ်ငယ်က စကားမပြောတတ်ခဲ့ပါဘူး။
အသက် ၅ နှစ်ကျော်မှသာ စကားစပြီးပြောတာပါ။

နိုဘယ်ဆုရရှိခဲ့တဲ့ ဆေးဘက်ဆိုင်ရာ ပညာရှင်ကြီးတစ်ဦးဟာလည်း ငယ်ငယ်က အတန်းထဲမှာ အသုံးမကျဆုံးသူလို့ ဆရာ၊ ဆရာမတွေရဲ့ သတ်မှတ်ခြင်းကို ခံခဲ့ရသူပါ။

ကလေးများရဲ့ဥာဏ်ဟာ လူကြီးတွေအတွေးနဲ့ မရပါဘူး။
တခါတရံမှာ အတိတ်အကြောင်းကြောင့် ဆိုတာကိုလည်း ထည့်တွက်ကြရမှာပါ။

ကိုယ်အလိုမကျတိုင်း ရိုက်ပုတ်နေရင်တော့ဖြင့် အဲဒီကလေးရဲ့ဘဝဟာ ဆုံးရှုံးသွားနိင်ပါတယ်။

၅ နှစ်မပြည့်တဲ့ကလေးတစ်ဦးကို ကိုယ်က နောင်ပြင်အောင် ရိုက်ပုတ်ဆုံးမပေမဲ့ သူ့ရဲ့ဥာဏ်ရည်ဟာ ရိုက်လို့နာတယ်ဆိုတဲ့ အသိကလွဲလို့ ပြင်မယ်ဆိုတဲ့အသိမရှိသေးပါဘူး။
သူ့မှာကြောက်စိတ်ကလွဲလို့ဘာမှရရှိမှာမဟုတ်ပါဘူး…။

💁‍♀️ ၁ နှစ်မှ ၅ နှစ် ချော့သင်ပါ။

💁‍♀️ ၅ နှစ်မှ ၁၀ နှစ် ခြောက်ပြီးသင်ပါ။

💁‍♀️ ၁၀ နှစ်မှ ၁၃ နှစ်ချော့တစ်ခါခြောက်တစ်လှည့်
သင်ပါ။

💁‍♀️ ၁၃ နှစ်ကျော်လျှင် သူငယ်ချင်းလိုသင်ပါ။

မိဘများ ကိုယ့်သားသမီးလေးများကို အောင်မြင်စေချင်တယ်ဆိုရင်‌တော့ စနစ်တကျပုံသွင်းနိုင်ကြပါစေ ☺️

🌲 သစ်ပင်ဟာ……
ငယ်ငယ်က အပွေးမရှိပေမဲ့…
ကြီးလာတာနဲ့အမျှ…
နည်းနည်းခြင်းစီ
အပွေးတတ်လာပါလိမ့်မယ်…

🧒 ကလေးများကိုလည်း အဲဒီလိုပဲမြင်ကြပါ…
ကလေးလွတ်လပ်ခွင့် ကလေးအခွင့်အရေး…
ကလေးသဘာဝတွေကို
မိဘတွေကလည်း
ကလေးတယောက်စိတ်နဲ့ပဲ
မြင်ပေးနိင်ကြပါစေ....

Credit to owner

11/04/2023

💖 သားသားရဲ့ picture storytelling လေးပါ 💖

ပေးထားတဲ့ ပုံလေး တွေကိုကြည့်ပြီး သူ့ရဲ့ အတွေးလေးနဲ့ story လေးတစ်ခုကို လက်တန်း ပြောထားတာပါ
တီချယ်တောင် ဘာမှ မကူပေးလိုက်ရ 🥰

အခုလို own story လေးတွေကို ဖန်တီးပြီး လက်တန်းပြောတက်ချင်တယ်ဆိုရင်တော့ ကျွန်မတို့ YNC Education Center ကိုသာ လာခဲ့ပါနော်

Cambridge English 4 skills အတန်းတွေလဲ ဖွင့်ထားတာမို့ အခုပဲ လာရောက် စုံစမ်း အပ်နှံပါတယ်ရှင့်

သင်တန်း post 👇👇

https://m.facebook.com/story.php?story_fbid=120971770952151&id=100091179850103&mibextid=Nif5oz

မြန်မာနှစ်သစ်ကူးအတာသင်္ကြန် အခါသမယကို ‌ရောက်ရှိလာပြီဆိုတော့ ယခုကစလို့  မြန်မာပြည်သူ၊ ပြည်သားအားလုံး စိတ်ချမ်းသာ၊ ကိုယ်ကျ...
11/04/2023

မြန်မာနှစ်သစ်ကူးအတာသင်္ကြန် အခါသမယကို ‌ရောက်ရှိလာပြီဆိုတော့ ယခုကစလို့ မြန်မာပြည်သူ၊ ပြည်သားအားလုံး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာဖြင့် စီးပွါးလာဘ်လာဘများ ဒီရေအလားတိုးတက်ကြီးပွါးကြပါစေလို့ YNC Education Center မိသားစုမှ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်ခင်ဗျာ။ 🙏🏻


ပုံလေးတွေကို ကြည့်ပြီး ဘေဘီလေး ကိုယ်တိုင် ရေးထားတဲ့ own story လေးပါ 😍ကိုက ရှင်းပြပါဦးမယ်ဆိုတာကို တီချယ်မရှင်းပြနဲ့ သားသာ...
10/04/2023

ပုံလေးတွေကို ကြည့်ပြီး ဘေဘီလေး ကိုယ်တိုင် ရေးထားတဲ့ own story လေးပါ 😍

ကိုက ရှင်းပြပါဦးမယ်ဆိုတာကို
တီချယ်မရှင်းပြနဲ့ သားသားဘာသာရေးပါမယ်တဲ့လေ 🥰
Story topic လေးကလဲ ကလေးဘာသာ ပေးထားတာပါ💖

ကလေးက ရေးထားတာမို့ simple လေး ဖြစ်နေပေမဲ့ သူ့အတွေးလေးတွေကို ပုံဖော်ရေးထားတာမလို့ ဒီတီချယ် ပျော်ပြီပေါ့နော် 💖

ကျွန်မတို့ YCN Education Center ကနေ
Cambridge English class များလဲ ဖွင့်လှစ်ထားပါတယ်ရှင် လူမပြည့်ခင် မြန်မြန်လေး လာရောက် စုံစမ်း အပ်နှံလိုက်ပါနော်
သင်တန်းလေး အကြောင်း သိချင်ရင် အောက်က link ထဲ ၀င်ပေးနော် 👇👇

https://m.facebook.com/story.php?story_fbid=120971770952151&id=100091179850103&mibextid=Nif5oz

Cambridge exam ကို ဖြေဖို့ စီစဉ်နေကြတဲ့ သားသား မီးမီး တို့အတွက် အင်္ဂလိပ်စာ အတန်းအသစ်လေးတွေ ဖွင့်လှစ်လိုက်ပါပြီ 💁‍♀️ဒီအတ...
07/04/2023

Cambridge exam ကို ဖြေဖို့ စီစဉ်နေကြတဲ့ သားသား မီးမီး တို့အတွက် အင်္ဂလိပ်စာ အတန်းအသစ်လေးတွေ ဖွင့်လှစ်လိုက်ပါပြီ 💁‍♀️

ဒီအတန်းလေးတွေကို အသက် ၆နှစ်အထက်နဲ့ အသက် ၉ နှစ် အထက် သားသားမီးမီး လေးများ တက်ရောက်နိုင်ပါတယ် 🥳

Cambridge University က ရေးဆွဲထားတဲ့ စာအုပ်များကို သုံးပြီးသင်ကြားပေးမှာဖြစ်ပြီး Online နဲ့ In-person Classကြိုက်နှစ်သက်ရာ တက်နိုင်ပါတယ် 🥰

ကလေးတစ်ဦးချင်းစီကို ထိထိရောက်ရောက်သင်ကြားပေးချင်တဲ့အတွက် အတန်းတစ်တန်းမှာ အတန်းသား ၁၀ ဦးသာလက်ခံပေးတာဖြစ်လို့ အခုပဲ လာရောက် စုံစမ်းမေးမြန်းပြီး အပ်နှံနိုင်ပါပြီရှင်

ဒီအတန်းကလေးတွေမှာ
English 4 skills ဖြစ်တဲ့
🔹Speaking
🔹Listening
🔹Reading
🔹Writing အပြင်
🔹Grammar နဲ့ Phonics practice တို့ပါ ထည့်သွင်းသင်ကြားပေးမှာပါ

အတန်းထဲမှာ စာပဲသင်လို့ ငြီးငွေ့မသွားစေဖို့ ပျော်ပျော်ရွှင်ရွှင် ပေါ့ပေါ့ပါးပါးနဲ့
🔸Individual work,
🔸Group work,
🔸Pair work စတဲ့ Activities တွေနဲ့အတူ သင်ကြားပေးသွားမှာပါ

အင်္ဂလိပ်လိုသင်ကြားပေးမှာဖြစ်တဲ့အတွက် listening ပိုင်း တိုးတက်စေပြီး အသံထွက်မှန်မှန်နဲ့ သဘာ၀ကျကျ ပြန်လည်ပြောဆိုနိုင်မှာပါ

သားသားမီးမီးတို့ရဲ့ လိုအပ်ချက်အလိုက် မြန်မာလိုပါ ပြောဆိုလေ့ကျင့်သင်ကြားပေးဦးမှာပါ။

အတန်းအားလုံးအတွက် စာအုပ်စာတမ်းကြေးက 6000 (၆ထောင်ကျပ်) သာ ကျသင့်မှာဖြစ်ပြီး
အထူးအစီအစဉ်အနေနဲ့ April 12 အတွင်း အတန်းလာရောက်အပ်နှံပါက စာအုပ်စာတမ်းကြေး အခမဲ့ရရှိမှာပါ😍

အတန်းလေးကို 20.4.2023 မှာ စတင်ဖွင့်လှစ်မှာဖြစ်လို့ ခုပဲ လာရောက်စာရင်းပေးသွင်းလိုက်တော့နော်💁‍♀️

📌 Cambridge English for starters
(Age - above 6 years)
Online class နဲ့ In-person class

Online class
𝗗𝗮𝘆 - Thursday and Friday
Time- 7:00𝗽𝗺 𝘁𝗼 8:30𝗽𝗺
Fees- 30000 ks
Duration - 7 months (ခုနှစ်လ)

In-person class
Day - Saturday and Sunday
Time - 9:00am to 10:30 am
Fees - 35000 ks
Duration - 7 months (ခုနှစ်လ)

📌 Cambridge English for movers
( Age - above 9 years)
Online class
𝗗𝗮𝘆 - Monday and Tuesday
Time- 7:00𝗽𝗺 𝘁𝗼 8:30𝗽𝗺
Fees- 35000 ks
Duration - 7 months (ခုနစ်လ)

🏫 နေရပ်လိပ်စာ : တိုက်အမှတ် (၁၉၈)၊ ဒုတိယထပ်၊ ဗိုလ်ချုပ်လမ်းနဲ့ သိမ်ဖြူလမ်းထောင့်၊ ဗိုလ်ချုပ်လမ်း၊ ဗိုလ်တထောင် မြို့နယ်၊ ရန်ကုန်မြို့။
☎️ ဖုန်းနံပါတ် : 09979491683
အသေးစိတ် သိလိုပါက ဖုန်းဆက်ပြီး မေးမြန်းနိုင်ပါတယ်ရှင်




English စကားအနည်းနဲ့အများ မတတ်ထားလို့ မရတဲ့ ခေတ်ကြီးမှာ  ငယ်ငယ်ထဲက English Language ကို  သင်ထားမယ်ဆိုရင် ကလေးတွေအတွက် ဘယ...
01/04/2023

English စကားအနည်းနဲ့အများ မတတ်ထားလို့ မရတဲ့ ခေတ်ကြီးမှာ ငယ်ငယ်ထဲက English Language ကို သင်ထားမယ်ဆိုရင် ကလေးတွေအတွက် ဘယ်လိုအကျိုးရှိနိုင်မလဲ ? 🙆

👉 ပထမဆုံးထိတွေ့ပေးတဲ့ Language က English စာဖြစ်တာကြောင့်
ဦးနှောက် ရဲ့ မှတ်ညဏ်စွမ်းအားက ပိုမိုကောင်းမွန်လာပြီး တစ်ခြား Language တွေသင်တဲ့အခါမှာလဲ အခက်အခဲမဖြစ်တော့ပါဘူး 💁

👉English Accent ကို Foreigner တွေရဲ့ Accent အတိုင်း Effortlessly ပြောနိုင်လာမယ်။
10-12 age မှ English စာနဲ့စထိတွေ့မဲ့ ကလေးတွေအနေနဲ့ ဆိုရင် Accent ပေါ်လွင်အောင်ပြောဖို့အခက်အခဲ လေးတော့ရှိလာပါမယ်။

👉 ကမ္ဘာမှာအသုံးအများဆုံးဘာသာစကား ဖြစ်တာကြောင့် International နဲ့ ယဉ်ဘောင်တန်းပြီးပြောဆိုနိုင်မယ်။

👉 Textbook တွေ၊ ကမ္ဘာအနှံ့က University တွေမှာ English ကို Main language အဖြစ်နဲ့ အသုံးပြုတာကြောင့် မေမေ၊ဖေဖေတို့အတွက်လဲ ကျောင်းစာ‌တွေမလိုက်နိုင်မှာမစိုးရိမ်ရတော့ဘူး 🤗

👉 Aboard မှာကျောင်းထားဖို့ စီစဉ်ထားတဲ့
ကလေးတွေအနေနဲ့ General English ကို အခြေခံကျကျ သင်ယူထားရင် tourist တွေနဲ့ ကောင်းစွာ Communicate လုပ်နိုင်မယ် 💯
Local မှာလဲ များစွာသော အခွင့်ရေးကောင်းတွေ ရရှိလာပါမယ်။ 💯

📖English စာစွမ်းရည်ကိုအရှိန်အဟုန်နဲ့တိုးတက်ဖို့ဆိုတာလဲ Reading, Writing, Listening, Speaking ဆိုတဲ့ General 4 skills Foundation ကို ငယ်ငယ်လေးထဲက အခြေခံပိုင်နိုင်ဖို့အတွက်ဆိုရင်

YNC Education Center မှာ အသက်၅နှစ် ဘေဘီလေးတွေကနေ စတင်တက်ရောက်နိုင်တဲ့ ☀️Summer English Class လေးတွေကို အသေးစိတ် စုံစမ်း မေးမြန်းလို့ရပါတယ်။

🏫 နေရပ်လိပ်စာ : တိုက်အမှတ် (၁၉၈)၊ ဒုတိယထပ်၊ ဗိုလ်ချုပ်လမ်းနဲ့ သိမ်ဖြူလမ်းထောင့်၊ ဗိုလ်ချုပ်လမ်း၊ ဗိုလ်တထောင် မြို့နယ်၊ ရန်ကုန်မြို့။
☎️ ဖုန်းနံပါတ် : 09979491683
အသေးစိတ် သိလိုပါက ဖုန်းဆက်ပြီး မေးမြန်းနိုင်ပါတယ်ရှင်



Address

No. 198, 2nd Floor, The Corner Of Thein Phyu Road And Bo Gyoke Road, Upper Block, Bogyoke Road, Botahtaung Township
Yangon

Telephone

+959979491683

Website

Alerts

Be the first to know and let us send you an email when YNC Education Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to YNC Education Center:

Shortcuts

Share

Category