29/11/2021
FYI
Switzerland မှာ Free Bachelor degree ယူကြမယ်...
*************************************
🇨🇭 Switzerland လိုနိုင်ငံမျိုးမှာ Business degree တစ်ခု အလကားတက်ရောက်နိုင်ဖို့အတွက် University of St.Gallen အကြောင်းလေး ပြောပြပေးပါရစေ။ 🤗
✨ Switzerland St.Gallen မြို့မှာ တည်ရှိပြီး Europe ရဲ့ အကောင်းဆုံးကျောင်းတွေထဲက တစ်ကျောင်းအပါအဝင်ဖြစ်တဲ့ St.Gallen University မှာ Bachelor and master degree တွေအတွက် scholarship တွေ ၂၀၁၈ မှ စတင်ပြီး နှစ်စဥ် စီစဥ်ပေးလျက်ရှိပါတယ်။
✨ QS World university ranking of management major မှာ 16th place အထိရှိတဲ့ နာမည်ကြီး University of St.Gallen ကျောင်းက Undergraduate Int'l students တွေအတွက် ပေးအပ်လေ့ရှိတဲ့ Scholarship program ကို ဒီနေ့မှာ မျှဝေပေးသွားမှာဖြစ်ပါတယ်။
ပထမဦးဆုံး ဘယ်လို scholarship မျိုးလဲ ??
- School funded scholarship ဖြစ်ပါတယ်
- Bachelor degree အတွက် Excellence Scholarships of the University of St.Gallen နဲ့
- Master degree အတွက်ဆို Starr International Foundation Scholarship Fund ဆိုပြီး Int'l students တွေကို ပေးအပ်လေ့ရှိပါတယ်။
ဘယ်လိုမေဂျာတွေ တက်ရောက်နိုင်မလဲ ?
Bachelor degree အတွက်
👩🎓 Business administration
👩🎓 Law
👩🎓 Economics
👩🎓 Computer science
👩🎓 International affairs
👩🎓 Law and economics အစရှိတဲ့ University of St.Gallen မှာရှိတဲ့ courses တိုင်းကို scholarship လျှောက်ထားနိုင်မှာပါ 🎉
Scholarship value အနေနဲ့ကကော?
💸 Tuition waiver နှင့်ညီမျှတဲ့ နှစ်စဥ်ထောက်ပံကြေး CHF 6,252 ကို
💸 စာသင်နှစ်ပြီးမြောက်သည်အထိ ကျောင်းလခ စုစုပေါင်း CHF 18,756 ပေးအပ်သွားမယ့်အပြင်
💸 Local transport တွေလည်း ထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်။
ဘယ်သူတွေ လျှောက်ထားနိုင်လဲ?
💁 သက်ဆိုင်ရာ Degree အတွက်လိုအပ်တဲ့ school ပြီးမြောက်ထားတဲ့ မည်သည့် Int'l students မဆို လျှောက်ထားနိုင်ပါတယ်။
💁 International students တွေဆိုရင်တော့ ကျောင်းကပြုလုပ်တဲ့ Internal admission test ဖြေဆိုအောင်မြင်ရပါမယ်
*ထူးခြားချက်ကတော့ သင့်လျော်တဲ့ English proficiency level ရှိနေတဲ့သူတွေဆိုရင် IELTS/ TOEFL result တွေ ပြစရာမလိုပါဘူး * 😉
လျှောက်ထားဖို့ ဘာတွေလိုအပ်မလဲ?
📝 German Abitur သို့မဟုတ် British A-level နဲ့ ညီမျှတဲ့ upper secondary school leaving certificate
📝 Personal statement letter
📝 Two reference letters
📝 ကိုယ်ဘာကြောင့် ဒီကျောင်းကိုရွေးချယ်ပြီး တက်ချင်ရတဲ့အကြောင်းရင်းကို 2 minutes self- recording video file တို့နဲ့ တင်ပြပေးရမှာပါ။
📝 Int'l students တွေဆိုရင် internal admission test လည်း ဖြေဆိုဖို့ လိုအပ်တာမို့ admission အသေးစိတ်ကို အောက်ပါ link မှာ ဖတ်ရှုနိုင်ပါတယ်
🔗 https://www.unisg.ch/en/studium/zulassungundanmeldung/zulbachelorstufe
စိတ်ဝင်စားလို့ လျှောက်ထားလိုသူတွေအတွက် online apllication form ဖြစ်တဲ့
🔗 Application form: https://www.unisg.ch/en/studium/informationsangebote/studiumfinanzieren/darlehenundstipendien/hsg-fonds/exzellenzstipendien/exzellenzstipendien-bachelor-stufe
ကိုလည်း တစ်ပါတည်း မျှဝေပေးလိုက်ပါတယ်။
⏰ Application Deadline အနေနဲ့ဆိုလည်း 1st March, 2022 မှဖြစ်လို့ spring semester ကနေ စတင်တက်ရောက်နိုင်ဖို့ ခုချိန်တည်းက ပြင်ဆင်လို့ရပါပြီ။
🍀 အသေးစိတ်အချက်အလက်ပြည့်ပြည့်စုံစုံကို ကျောင်းရဲ့ Official link ဖြစ်တဲ့
🔗https://www.unisg.ch/en မှာ လေ့လာနိုင်တာကြောင့် အမြဲဝင်ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်။ 🍀
ဆက်လက်လို့ ဗဟုသုတရစရာတွေ နောက်ပြီး လူငယ်တွေနဲ့ပတ်သတ်တဲ့ အချက်အလက်လေးတွေ scholarship နဲ့ ပတ်သတ်တဲ့အကြောင်းအရာလေးတွေကို အမြဲဝေမျှပေးနေလို့ Ctrl List channel လေးကို joinပေးကြပါဦးနော် 🥳
🔗 https://t.me/ctrllist
Content by Mushuu
Graphic by Aiden