တရားတော်များ

တရားတော်များ

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from တရားတော်များ, Religious school, No. (7), Panchan Kyoung Road, (13) Block, Hlaing Township, Yangon.

19/05/2024

ဒွယဝိပဿနာရှုပွါးနည်း_အပိုင်း_၃_တရားတော်__10.4.2024
#ပါမောက္ခချုပ်ဆရာတော်ကြီးဘဒ္ဒန္တ ဒေါက်တာ နန္ဒမာလာဘိဝံသ
#ဒွယဝိပဿနာရှုပွါးနည်း_အပိုင်း_၃_တရားတော်__10.4.2024

18/05/2024

ဒွယဝိပဿနာရှုပွါးနည်း_အပိုင်း(၂)တရားတော်__9.4.2024
#ပါမောက္ခချုပ်ဆရာတော်ကြီးဘဒ္ဒန္တ ဒေါက်တာ နန္ဒမာလာဘိဝံသ
#ဒွယဝိပဿနာရှုပွါးနည်း_အပိုင်း(၂)တရားတော်__9.4.2024

18/05/2024

ဒွယဝိပဿနာရှုပွါးနည်း_အပိုင်း_၂_တရားတော်__9.4.2024
#ပါမောက္ခချုပ်ဆရာတော်ကြီးဘဒ္ဒန္တ ဒေါက်တာ နန္ဒမာလာဘိဝံသ
#ဒွယဝိပဿနာရှုပွါးနည်း_အပိုင်း_၂_တရားတော်__9.4.2024

18/05/2024

ဖဿာယတန(၆)ပါး_စောင့်စည်းမှု_တရားတော်__23.4.2024
#ပါမောက္ခချုပ်ဆရာတော်ကြီးဘဒ္ဒန္တ ဒေါက်တာ နန္ဒမာလာဘိဝံသ
#ဖဿာယတန(၆)ပါး_စောင့်စည်းမှု_တရားတော်__23.4.2024

18/05/2024
17/05/2024

ဒွယဝိပဿနာရှုပွါးနည်း_တရားတော်__5.4.2024
#ပါမောက္ခချုပ်ဆရာတော်ကြီးဘဒ္ဒန္တ ဒေါက်တာ နန္ဒမာလာဘိဝံသ
#ဒွယဝိပဿနာရှုပွါးနည်း_တရားတော်__5.4.2024

16/05/2024

#နိဗ္ဗာန်
ဘဝသံသရာမှ လွတ်မြောက်သည့် အမတနေရာ

နိဗ္ဗာန်ဟူသည် ပါဠိစာလုံး နိဗ္ဗာန ဟူသော ပုဒ်မှ နိဗ္ဗာန် ဖြစ်လာသည်။ ငြိမ်းအေးသည်ဟု ဆိုလိုသည်။ ထို့ကြောင့် လောဘ၊ ဒေါသ၊ မောဟ မီးများကို ငြိမ်းသတ်နိုင်ခြင်းသည် နိဗ္ဗာန်ဖြစ်သည်။ (ရတနသုတ်တွင် တွေ့နိုင်သည်။)

ထေရဝါဒ ဗုဒ္ဓကျမ်းဂန်အရ ၃၁ ဘုံ၌ ရှိကြသော သတ္တဝါတို့သည် သံသရာလည်ကြရာတွင် ၃၁-ဘုံမှ စိတ်၏ လုံးဝ ချမ်းသာရာဖြစ်သော ကိလေသာများမှ လွတ်ကင်းရာကို နိဗ္ဗာန်ဟု ခေါ်သည်။ နိဗ္ဗာန်တွင် သတ္တဝါတို့၏ ဒုက္ခအားလုံးမှ ကျွတ်ငြိမ်းပြီး နိဗ္ဗာန် သို့ရောက်ရှိပြီးနောက် သံသရာ အသစ်တဖန်ပြန်လည်ခြင်း မရှိတော့ပေ။

• တတိယမဂ်ဉာဏ် ရ/သိသော အနာဂါမ်သည် အနာဂါမိမဂ်ကို မြင်အပ်၊ ရအပ်သော သဥပါဒိသေသ နိဗ္ဗာန် ကိုရ၏။

သံသရာဆို‌သောဝေါဟာရသည် ရုပ်အာရုံများ၊ နာမ်အာရုံများ(စိတ်အာရုံ) ဆက်ခါဖြစ်နေသော ဖြစ်စဉ်တန်းကြီးကို စုပေါင်းခေါ်ဆိုခြင်းဖြစ်သည်။ ထိုအာရုံတို့ကိုမပြီးပြတ်တတ်သူသည် ဤရုပ်ခန္ဓာအဟောင်းပြီးသော် နောက်ရုပ်ခန္ဓာအသစ်ကို အလိုရှိသောစွဲလမ်းခြင်းဖြစ်ပေါ်လေသည်။ ဤနာမ်ခန္ဓာအဟောင်းပြီးသော် နောက်နာမ်ခန္ဓာအသစ်ကို အလိုရှိသောစွဲလမ်းခြင်းလည်းဖြစ်ပေါ်လေသည်။ ထိုသို့ ရုပ်နှင့်နာမ်ခန္ဓာတို့ရှိသော ဘဝတစ်ခုမှ အသစ်ဘဝတစ်ခုသို့ပြောင်းခြင်း တစ်နည်းအားဆိုသော် ရုပ်နာမ်ခန္ဓာ အသစ် အာရုံအသစ် ထပ်ကာ ထပ်ကာဖြစ်ခြင်းကိုကား ဘဝကူးခြင်းဟုခေါ်သည်။ သောတာပတ္တိမဂ်ဖိုလ်ရသူ သောတာပန်တို့သည် ဘဝကူးခြင်းရှိသေး၏။ သို့သော် ခုနှစ်ဘဝထက်ပို၍ မဖြစ်တော့ပေ။

လောကတွင် ရုပ်မဖြစ်သောဖြစ်တည်ရာဘုံဘဝရှိသည်။ နာမ်မဖြစ်သော ဖြစ်တည်ရာဘုံကားမရှိ။ ရုပ်မရှိ၊ နာမ်သာဖြစ်ရာ ထိုဘုံကား လောကတွင် လူ့ဘုံ၌မရှိ။ နတ်ဘုံ၌မရှိ။ အပါယ်ဘုံ တို့၌မရှိ။ ဗြဟ္မာဘုံတစ်ခုတည်း၌သာရှိ၏။ ထိုရုပ်မဖြစ်၊ နာမ်သာဖြစ်တည်သောသူ ဗြဟ္မာတို့သည် လောကတွင် သစ္စာလေးပါးကို သိမြင်သူ မဂ္ဂင်ရှစ်ပါးကို ပညတ်သူ ဗုဒ္ဓဘုရားရှင်တို့ပွင့်တော်မူသောအခါ၌ ရုပ်မရှိသည်ဖြစ်၍ လာရောက်ဖူးမျှော်နိုင်ခြင်း၊ ကျင့်သုံးအပ်သောတရားတို့ကို နာကြားနိုင်ခြင်းငှာ မစွမ်းကြပေ။ ကာလကြာသော် နိဗ္ဗာန်ရောက်ကြောင်းတရားကို သိ၍ နာမ်ခန္ဓာကိုချုပ်ငြိမ်းသော ဗြဟ္မာတို့သည် ထိုဗြဟ္မာဘုံ၌ပင် ပရိနိဗ္ဗာန်ပြုလေ၏။ နိဗ္ဗာန်ရောက်ကြောင်းကို မသိသူ၊ မဂ်ဉာဏ်ဖိုလ်ဉာဏ်မရကြသေးသူများကား သက်တမ်းကုန်လတ်သော် ရုပ်ခန္ဓာ၊ နာမ်ခန္ဓာ တို့ ထပ်မံဖြစ်ကြလေ၏။ ရုပ်ဖြစ်တည်သော၊ နာမ်ဖြစ်တည်သောဗြဟ္မာတို့၌ကား နိဗ္ဗာန်ရောက်ကြောင်းတရားကို ဟောကြားမည့်သူ ဗုဒ္ဓဘုရားရှင်များ ပွင့်တော်မူလတ်သော် ဗြဟ္မာသက်တမ်းရှိနေပါသေးလျှင် ဖူးမျှော်နိုင်ခြင်း၊ မဂ်တရား ဖိုလ်တရားကို နာကြားနိုင်ခြင်း စသောအခွင့်များရှိကြလေသည်။

သံသရာချဲ့တတ်သော တရားမရှိသော နိဗ္ဗာန်။ (နိပ္ပပဉ္စံ)
မဖောက်မပြန် မှန်ကန်သော နိဗ္ဗာန်။ (သစ္စံ)
သံသရာ၏ ဟိုမှာဘက်ကမ်းဖြစ်သော နိဗ္ဗာန်။ (ပါရံ)
ဉာဏ်နုံ့သူတို့ အလွန်မြင်နိုင်ခဲသော နိဗ္ဗာန်။ (သုဒုဒ္ဒသံ)
ကိလေသာကင်းဝေး ချမ်းအေးသော နိဗ္ဗာန်။ (သိဝံ)
သေခြင်းကင်းရာ နိဗ္ဗာန်။ (အမတ)
ငြိမ်းချမ်းရာ ဘေးကင်းရာ နိဗ္ဗာန်။ (ခေမံ)
သင်္ခါရကင်းဖွယ် အံ့ဖွယ်သူရဲ မဖြစ်ဖူးသော နိဗ္ဗာန်။ (အဗ္ဘုတံ)
ဘေးမရှိသော နှောင့်ယှက်ပူပန်ခြင်းကင်းရာ နိဗ္ဗာန်။ (အနီတိကံ)
ဝဋ်ဆင်းရဲမှ စောင့်ရှောက်ရာ နိဗ္ဗာန်။ (တာဏံ)
ဘေးရန်လွတ်ရှောင်း ပုန်းအောင်းရာ နိဗ္ဗာန်။ (လေဏံ)
ဩဃမလွှမ်းသော ကျွန်းတည်းဟူသော နိဗ္ဗာန်။ (ဒီပံ)
ကိလေသာမှ စင်စစ် စင်ကြယ်သော နိဗ္ဗာန်။ (ဝိသုဒ္ဓိ)
သူတော်ကောင်းတို့ တောင့်တအပ်သော နိဗ္ဗာန်။ (ဝရံ)
သိမ်မွေ့နူးညံ့သော နိဗ္ဗာန်။ (နိပုဏံ)
အကြောင်းတရား မပြုပြင်အပ်သော နိဗ္ဗာန်။ (အသင်္ခတ)
ကိလေသာမှ လွတ်သော နိဗ္ဗာန်။ (မောက္ခော)
အထူးသဖြင့် ချီးမွမ်းအပ်သော နိဗ္ဗာန်။ (သေဋ္ဌော)
အတုမရှိ အလွန်မြတ်သော နိဗ္ဗာန်။ (အနုတ္တရော)
လောကသုံးပါး၏ ဆုံးရာ နိဗ္ဗာန်။ (လောကဿန္တော)

နိဗ္ဗာန်၏ ဂုဏ်ကျေးဇူးတို့ကို သိအောင်ပြု၍ အဖန်ဖန် နှလုံးသွင်းရာ၏၊ ဆင်ခြင်အောက်မေ့ရာ၏၊ ဤသို့ နိဗ္ဗာန်၏ဂုဏ်တို့ကို အသီးသီး ဆင်ခြင် အောက်မေ့သည်ရှိသော် အလွန် စိတ်ကြည်လင်၏၊ ဉာဏ်ကြီးထွား၏၊ စိတ်အေးချမ်းတည်ကြည်၏၊ ဥပစာရ ဈာန်ကိုရ၏။[၁]

ဆင်တူဝေါဟာရနှင့် ပရိယာယ် အဟောများကိုပါ ဘာသာပြန်လျှင် နိဗ္ဗာန်၏ ဂုဏ်ပုဒ်များမှာ -

ကံ၊စိတ်၊ဥတု၊ အာဟာရ တို့၏ ပြုပြင်စီရင် ခြင်းမှ လွတ်သော တရား၊ အလုံးစုံငြိမ်းချမ်းခြင်း၊ ပြုပြင်ပြောင်းလဲမှု မရှိသော အေးငြိမ်းချမ်းသာမှု၊ တဏှာမရှိခြင်း၊ တဏှာမှ ကင်းလွတ်ခြင်း၊ ဒုက္ခမှ အပြီးတိုင်လွတ်မြောက်ခြင်း၊ မွေး၊အို၊နာ၊သေ မရှိခြင်း၊ စွန့်လွတ်ခြင်း၊ လွတ်မြောက်ခြင်း၊ မကပ်ငြိခြင်း၊ ဘဝ မရှိခြင်း၊ ပူဆွေးမှု မရှိခြင်း၊ ငိုကြွေးမှုမရှိခြင်း၊သောက မရှိခြင်း၊ အညစ်အကြေး ကိလေသာ မရှိခြင်း စသည်တို့ဖြစ်သည်။ ဒီဃနိကာယ် မဟာ သတိပဌာန သုတ်တော်(အဌကထာ )မှ ဂုဏ်ပုဒ်များဖြစ်သည် ။ သဠာယတန - သံယုတ်ပါဠိတော် လာ ဂုဏ်ပုဒ် များကို ပထမ ရွှေကျင်ဆရာတော်ဘုရား အနက်ပေးထားရာ နိဗ္ဗာန် ၏ ဂုဏ်ပုဒ် (၃၀) ရှိသေးသည်။

ဒုက္ခ နိရောဓ သစ္စာ၊ သုညတ၊ အမတ၊ နိဗ္ဗာန်၊ အသင်္ခတ၊ အဘူတ၊ သန္တိ၊ ခေမ စသော ဝေါဟာရ အားလုံးကို ဘာသာပြန်လျှင် လွန်စွာ များပေလိမ့်မည် ။ ထို့ကြောင့်လည်း တိုတိုရှင်းရှင်းနှင့် ထိထိမိမိ အတိအကျ နားလည်အောင် ဖော်ပြနိုင်သော ဘာသာစကားမရှိ ဟု ဆိုကြရပေသည် ။ အဂ္ဂသာဝကကြီးများ၊ ရဟန္တာကြီးများ ၏ နိဗ္ဗာန် ကို ဖွင့်ဆိုချက်များသည်လည်း တမူထူးခြားကြသေးသည်။ တင်ပြခဲ့ သမျှတွင် နိဗ္ဗာန်ဆိုတာ အသင်္ခတ ဓမ္မအစစ်အမှန်ဖြစ်ကြောင်း၊ရှိကြောင်း နှင့် နိဗ္ဗာန်ကို ရရှိရန် ပြည့်စုံသိရှိနားလည်ရန် သတိပဌာန်လေးပါးသည်သာ တစ်ကြောင်းတည်းသော လမ်းစဉ်ဖြစ်ကြောင်း ကို သတိပြုမိရင် ကိုယ်နှစ်သက်ရာ ဂုဏ်ပုဒ်များနှင့် ကြည်ညိုလို့ ရသည်။

နိဗ္ဗာန်၏ ဂုဏ်ကျေးဇူးတို့ကို သိအောင်ပြု၍ အဖန်ဖန် နှလုံးသွင်းရာ၏၊ ဆင်ခြင်အောက်မေ့ရာ၏၊ ဤသို့ နိဗ္ဗာန်၏ဂုဏ်တို့ကို အသီးသီး ဆင်ခြင် အောက်မေ့သည်ရှိသော် အလွန် စိတ်ကြည်လင်၏၊ ဉာဏ်ထက်မြက်၏၊ စိတ်အေးချမ်းတည်ကြည်၏၊ ဥပစာရ ဈာန်ကိုရပြီးသည့်နောက် မဂ်ဖိုလ် အဆင့်ဆင့်ကို လွယ်လွယ်ကူကူ ထွင်းဖောက်သိမြင်နိုင်ကာ လောကဒုက္ခအားလုံးမှ လွတ်မြောက်နိုင်၏။

ဥပမာ - မီးသည် ထင်ရှားရှိ၏ ။ ထိုမီး၏ အမြဲအစွဲတည်နေရာ အရပ်သည် မရှိသကဲ့သို့ ဖြစ်၏။ ကျောက်ခဲ နှစ်လုံး ခတ်မှ၊ ဝါးနှစ်လုံးပွတ်မှ မီးဖြစ်လာ၊ ရလာသကဲ့သို့ ဖြစ်၏။

စကြဝတေးမင်းတို့ ရရှိအပ်သော စကြာရတနာ၊ မိဖုရားရတနာ၊ သူကြွယ် ရတနာ၊ ဆင်ရတနာ၊မြင်းရတနာ စသော ရတနာ (၇)ပါးတို့ သည်လည်း တည်နေရာ မထင်ရှားပေ ။ မင်းကျင့်တရားကောင်းမွန်သူထံသို့ ကပ်ရောက်လာကြကုန်၏ ။ ထို့အတူ သင့်တော်သော နှလုံးသွင်းမှုဖြင့် ကျင့်ကြံအားထုတ်သူတို့ သာ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ကြကုန်၏ ။

မင်း - လက်ခံပါပြီ ဘုရား ။ ။

ဟူ၍ဖြစ်လေသည်။

#ကျမ်းကိုး

လယ်တီဆရာတော် ကမ္မဋ္ဌာန်းကျမ်း။ စာ-၁၉၃။

16/05/2024

#ပါမောက္ခချုပ်ဆရာတော်ကြီးဘဒ္ဒန္တ ဒေါက်တာ နန္ဒမာလာဘိဝံသ
#အရိယသစ္စာကိုလေ့လာသုံးသပ်ခြင်း အပိုင်း(၃)

11/05/2024

#ပါမောက္ခချုပ်ဆရာတော်ကြီးဘဒ္ဒန္တ ဒေါက်တာ နန္ဒမာလာဘိဝံသ
#ဘဝခရီးဝယ်ရွေးချယ်ရမည့်လမ်း တရားတော်

10/05/2024

#ပါမောက္ခချုပ်ဆရာတော်ကြီးဘဒ္ဒန္တ ဒေါက်တာ နန္ဒမာလာဘိဝံသ
#ကမ္ဘာပျက်ပုံ နှင့် ကမ္ဘာစတည်ပုံ တရားတော် 21

09/05/2024

ပဌ္ဌာန်းပစ္စယုဒ္ဒေသပါဠိ နှင့် မြန်မာပြန်

ဟေတုပစ္စယော
အာရမ္မဏပစ္စယော
အဓိပတိပစ္စယော
အနန္တရပစ္စယော
သမနန္တရပစ္စယော
သဟဇာတပစ္စယော
အညမညပစ္စယော
နိဿယပစ္စယော
ဥပနိဿယပစ္စယော
ပုရေဇာတပစ္စယော
ပစ္ဆာဇာတပစ္စယော
အာသေဝနပစ္စယော
ကမ္မပစ္စယော
ဝိပါကပစ္စယော
အာဟာရပစ္စယော
ဣန္ဒြိယပစ္စယော
ဈာနပစ္စယော
မဂ္ဂပစ္စယော
သမ္ပယုတ္တပစ္စယော
ဝိပ္ပယုတ္တပစ္စယော
အတ္ထိပစ္စယော
နတ္ထိပစ္စယော
ဝိဂတပစ္စယော
အဝိဂတပစ္စယောတိ

အဓိပ္ပာယ်များမြန်မာပြန် အကျဉ်း

၁။ ဟေတုပစ္စယော- အရင်းခံအကြောင်းဖြစ်၍ ကျေးဇူးပြုတတ်သော တရား (လောဘ၊ ဒေါသ၊ မောဟ၊ အလောဘ၊ အဒေါသ၊ အမောဟ)

၂။ အာရမ္မဏပစ္စယော- အာရုံဖြစ်၍ ကျေးဇူးပြုတတ်သော တရား (ရူပါရုံ၊ သဒ္ဒါရုံ၊ ဂန္ဓာရုံ၊ ရသာရုံ၊ ဖောဋ္ဌဗ္ဗာရုံ၊ ဓမ္မာရုံ)

၃။ အဓိပတိပစ္စယော- အကြီးအမှူးခေါင်းဆောင်ဖြစ်၍ ကျေးဇူးပြုတတ်သော တရား (ဆန္ဒ၊ ဝီရိယ၊ စိတ္တ၊ ဝီမံသ(ပညာ))

၄။ အနန္တရပစ္စယော- အခြားမဲ့ဆက်တိုက်ဖြစ်၍ ကျေးဇူးပြုတတ်သော တရား

၅။ သမနန္တရပစ္စယော-ကောင်းစွာအခြားမဲ့ဆက်တိုက်ဖြစ်၍ ကျေးဇူးပြုတတ်သော တရား

၆။ သဟဇာတပစ္စယော- အတူတကွဖြစ်၍ ကျေးဇူးပြုတတ်သော တရား

၇။ အညမညပစ္စယော- အချင်းချင်း အပြန်အလှန် ကျေးဇူးပြုတတ်သော တရား

၈။ နိဿယပစ္စယော- မှီရာဖြစ်၍ ကျေးဇူးပြုတတ်သော တရား

၉။ ဥပနိဿယပစ္စယော- အားကြီးသော မှီရာဖြစ်၍ ကျေးဇူးပြုတတ်သော တရား

၁၀။ ပုရေဇာတပစ္စယော- ရှေ့မှဖြစ်၍ ကျေးဇူးပြုတတ်သော တရား

၁၁။ ပစ္ဆာဇာတပစ္စယော- နောက်မှဖြစ်၍ ကျေးဇူးပြုတတ်သော တရား

၁၂။ အာသေ၀နပစ္စယော- မှီဝဲထုံရာဖြစ်၍ ကျေးဇူးပြုတတ်သော တရား

၁၃။ ကမ္မပစ္စယော- ကုသိုလ်ကံ၊ အကုသိုလ်ကံ စေတနာဖြစ်၍ ကျေးဇူးပြုတတ်သော တရား

၁၄။ ဝိပါကပစ္စယော- အကျိုးဖြစ်၍ ကျေးဇူးပြုတတ်သော တရား

၁၅။ အာဟာရပစ္စယော- ရုပ်နာမ်အာဟာရအဖြစ် ထောက်ပံ့၍ ကျေးဇူးပြုတတ်သော တရား

၁၆။ ဣန္ဒြိယပစ္စယော- ဆိုင်ရာကိစ္စများ၌ အစိုးရခြင်းဖြင့် ကျေးဇူးပြုတတ်သော တရား

၁၇။ ဈာနပစ္စယော- စူးစူးစိုက်စိုက်နှင့် ဆန့်ကျင်ဘက်ကို ဖျက်ဆီး၍ ကျေးဇူးပြုတတ်သော တရား

၁၈။ မဂ္ဂပစ္စယော- လမ်းဖြစ်၍ ကျေးဇူးပြုတတ်သော တရား

၁၉။ သမ္ပယုတ္တပစ္စယော- တသားတည်း ယှဉ်ဘက်ဖြစ်၍ ကျေးဇူးပြုတတ်သော တရား

၂၀။ ဝိပ္ပယုတ္တပစ္စယော- မယှဉ်ဘဲ ကျေးဇူးပြုတတ်သော တရား

၂၁။ အတ္ထိပစ္စယော- ရှိပြီးဖြစ်၍ ကျေးဇူးပြုတတ်သော တရား

၂၂။ နတ္ထိပစ္စယော- မရှိဘဲ ကျေးဇူးပြုတတ်သော တရား

၂၃။ ဝိဂတပစ္စယော- ကင်း၍ ကျေးဇူးပြုတတ်သော တရား

၂၄။ အဝိဂတပစ္စယော- မကင်းဘဲ ကျေးဇူးပြုတတ်သော တရား

09/05/2024

#ပါမောက္ခချုပ်ဆရာတော်ကြီးဘဒ္ဒန္တ ဒေါက်တာ နန္ဒမာလာဘိဝံသ
#ဒုက္ခကို ဖန်တီးသူ တရားဒေသနာတော် 8.2.2023

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Address


No. (7), Panchan Kyoung Road, (13) Block, Hlaing Township
Yangon
11051