Supply Chain Management Mentor

Supply Chain Management Mentor

Share

To Contribute Supply Chain Management Knowledge

23/12/2025

Supply Chain မှာ Continuous Improvement ဆိုတာဘာလဲ?
Continuous Improvement ဆိုတာဟာ စီးပွားရေး လုပ်ငန်းတစ်ခုရဲ့ Supply Chain လုပ်ငန်းစဉ်တွေကို ပိုမိုကောင်းမွန်အောင် နေ့စဉ် ဆောင်ရွက်ရတဲ့ လုပ်ငန်းစဉ်တစ်ခုဖြစ်ပါတယ်။ ဒါဟာ စီမံကိန်းကြီးတွေ ချမှတ်ပြီး အကြီးစား ပြောင်းလဲတာမျိုးနဲ့ မတူပါဘူး။ နေ့စဉ်လုပ်ငန်းခွင် ထဲက ပြဿနာလေးတွေကို တစ်ဆင့်ပြီးတစ်ဆင့်၊ အသေးစိတ် စနစ်တကျ ဖြေရှင်းသွားတာမျိုး ဖြစ်ပါတယ်။
အဓိကရည်ရွယ်ချက်ကတော့ -
 အရည်အသွေး မြှင့်တင်ခြင်း (Quality)
 စရိတ်စက ချွေတာခြင်း (Cost Reduction)
 အချိန်ကုန်သက်သာခြင်း (Time Efficiency)
 အရင်းအမြစ်တွေကို ပိုမိုထိရောက်စွာ အသုံးချနိုင်ခြင်း (Resource Optimization) တို့ဖြစ်ပါတယ်။
Continuous Improvement ရဲ့ အရေးကြီးတဲ့ အချက်များ
၁။ ပြဿနာတွေကို အသေးစိတ် ဖြေရှင်းခြင်း (Small, Ongoing Efforts)
စီမံကိန်းကြီးတွေလို ရေတိုမှာ အရာအားလုံးကို ပြင်ဆင်လို့မရပါဘူး။ ဒါကြောင့် လက်ရှိလုပ်ငန်းစဉ်ထဲက အားနည်းချက်၊ ချို့ယွင်းချက်လေး တွေကို နေ့တိုင်းစောင့်ကြည့်ပြီး သေးငယ်တဲ့ ပြဿနာလေးတွေကို အသေးစိတ်ကျကျ ဖြေရှင်းသွားတာက ပိုထိရောက်ပါတယ်။
၂။ ရာထူးအဆင့်အားလုံးကနေ အကြံဉာဏ်နဲ့ Feedback တွေ စုဆောင်းခြင်း (Integrating Feedback from All Levels)
လုပ်ငန်းတစ်ခုမှာ အောင်မြင်မှုရဖို့ဆိုရင် မန်နေဂျာကြီးတွေရဲ့ ဆုံးဖြတ်ချက်တင်မကပဲ၊ လုပ်ငန်းလည်ပတ်မှုတွင် ရာထူးအဆင့်မျိုးစုံမှာ လုပ်ကိုင်နေသော ဝန်ထမ်းတိုင်းရဲ့ အတွေ့အကြုံနဲ့ အကြံဉာဏ်တွေကို နားထောင်ဖို့ အရမ်းအရေးကြီးပါတယ်။ သူတို့မှာ လက်တွေ့အခက်အခဲ တွေနဲ့ ဘယ်လိုဖြေရှင်းသင့်တယ် ဆိုတာကို ပိုသိကြပါတယ်။
၃။ တန်ဖိုးဖြစ်တဲ့အလုပ်တွေကို အာရုံစိုက်ခြင်း (Focus on Value-Added Work)
ဥပမာ - ဝယ်ယူမှုဌာန (Procurement) မှာ စာရွက်စာတမ်းတွေ ကိုင်တွယ်ရတဲ့အလုပ်၊ ထပ်ခါထပ်ခါ လုပ်နေရတဲ့အလုပ်တွေကို အလိုအလျောက်စနစ် (Automation) နဲ့လုပ်မယ်၊ Template တွေ သုံး မယ်ဆိုရင် ဝန်ထမ်းတွေမှာ ပိုပြီးတန်ဖိုးရှိတဲ့အလုပ်တွေ (ကုန်ကြမ်းဈေး နှုန်းနှိုင်းယှဉ်ခြင်း၊ Supplier နဲ့ ဆက်ဆံရေး ပိုမိုကောင်းမွန်အောင်လုပ် ခြင်း) ကို အချိန်ပိုပြီး လုပ်နိုင်မှာဖြစ်ပါတယ်။
Continuous Improvement ရဲ့ လုပ်ငန်းစဉ် (၄) ဆင့်
တိုးတက်မှုလုပ်ငန်းစဉ်ကို အောက်ပါအဆင့် (၄) ဆင့်နဲ့ ဆောင်ရွက် နိုင်ပါတယ်။
၁။ ဖော်ထုတ်ပါ (Identify)
 ဘယ်လုပ်ငန်းစဉ်တွေက ကုန်ကျစရိတ်များနေလား၊ ဝင်ငွေကို ထိခိုက်နေလား ဆိုတာကို ရှာဖွေပါ။
 စက်ရုံကအလုပ်သမားတွေ၊ IT ဝန်ထမ်းတွေ၊ Operations Team တွေအပါအဝင် သက်ဆိုင်သူ အားလုံးနဲ့ တိုင်ပင်ပါ။
 ဘာတွေပြောင်းလဲဖို့လိုလဲ၊ဘာကြောင့်ပြောင်းလဲရမှာလဲဆိုတာကို လူတိုင်းသိအောင်လုပ်ပါ။
၂။ စီမံချက်ချပါ (Plan)
 ဘယ်အလုပ်ကို အရင်လုပ်မလဲဆိုတာကို ဦးစားပေးစာရင်း လုပ်ပါ။
 ရင်းနှီးမြုပ်နှံမှုအတွက် အကျိုးအမြတ် (ROI) ရှိမယ့် အလုပ်တွေ ကို ရွေးချယ်ပါ။
 Cause-and-Effect Matrix လိုမျိုး (tool) တွေသုံးပြီး ဘယ်နေရာ ကို အရင်ပြင်ဆင် ရမလဲဆိုတာ ဆုံးဖြတ်နိုင်ပါတယ်။
၃။ အကောင်အထည်ဖော်ပါ (Execute)
 ဒီအဆင့်ဟာ အခက်ခဲဆုံးဖြစ်နိုင်ပါတယ်။
 လိုအပ်တဲ့အရင်းအမြစ်တွေ (လူ၊ ငွေ၊ ပစ္စည်း) အစရှိသည်တို့ကို ကြိုတင်စီမံထားပါ။
 ဝန်ထမ်းတွေအတွက် လိုအပ်တဲ့ သင်တန်းများ စီစဉ်ပေးပါ။
 ဥပမာ - ပြုပြင်ပြောင်းလဲမှုတွေကို စတင်အကောင်အထည်ဖော် တဲ့အခါ ကိုယ့်ရဲ့ Support Staff တွေနဲ့ နီးစပ်တဲ့ Distribution Center ကနေ စတင်လုပ်ဆောင်တာမျိုးဖြစ်ပါတယ်။
၄။ ပြန်လည်သုံးသပ်ပါ (Review)
 ပြောင်းလဲမှုရဲ့ ရလဒ်ကို စောင့်ကြည့်အကဲဖြတ်ပါ။
 လက်တွေ့အသုံးပြုနေရတဲ့ ဝန်ထမ်းတွေဆီက Feedback တွေ ကို များများစားစားရယူပါ။
 သူတို့ရဲ့အမြင်ဟာ နောက်ထပ် တိုးတက်မှုလုပ်ငန်းစဉ်အတွက် အခြေခံအချက်အလက် ဖြစ်ပါတယ်။
DMAIC Framework - သိပ္ပံနည်းကျ လုပ်ငန်းစဉ် တိုးတက်မှုနည်းလမ်း
Continuous Improvement အတွက် အသုံးပြုတဲ့ DMAIC ဆိုတဲ့ နည်းလမ်းရှိပါတယ်။
D - Define (သတ်မှတ်ခြင်း) - ပရောဂျက်ရည်မှန်းချက်နဲ့ စားသုံးသူ တွေရဲ့လိုအပ်ချက်ကို သတ်မှတ်ပါ။
M - Measure (တိုင်းတာခြင်း) - လက်ရှိလုပ်ငန်းစဉ်ရဲ့ Performance ကို Data အချက်အလက် တွေနဲ့ တိုင်းတာပါ။
A - Analyze (ဆန်းစစ်ခြင်း) - ရရှိလာတဲ့ Data တွေကို ဆန်းစစ်ပြီး ပြဿနာရဲ့ အရင်းအမြစ်ကို ရှာဖွေပါ။
I - Improve (မြှင့်တင်ခြင်း) - အကြံပြုချက်တွေကို အကောင် အထည်ဖော်ပြီး လုပ်ငန်းစဉ်ကို မြှင့်တင်ပါ။
C - Control (ထိန်းချုပ်ခြင်း) - မြှင့်တင်ပြင်ဆင်ထားတဲ့ လုပ်ငန်းစဉ် ကို စနစ်တကျ စောင့်ကြည့်ထိန်းချုပ်ပါ။ လိုအပ်ရင် ထပ်မံပြင်ဆင်ပါ။
အနှစ်ချုပ်။ Supply Chain မှာ Continuous Improvement ဆိုတာ တစ်ခါတည်း အကြီးစားပြောင်းလဲတာ မဟုတ်ဘဲ၊ ဝန်ထမ်းအားလုံး ပါဝင်ပြီး နေ့စဉ်လုပ်ငန်းခွင်ထဲက ပြဿနာလေးတွေကို စနစ်တကျ ဖြေရှင်းသွားတဲ့ ချဉ်းကပ်နည်းတစ်ခုဖြစ်ပါတယ်။ ဒီလိုလုပ်ဆောင် ခြင်းအားဖြင့် ကုန်ကျစရိတ် သက်သာခြင်း၊ အရည်အသွေးမြင့်မားခြင်း၊ ဝန်ထမ်းများ စိတ်ဓာတ် မြင့်မားခြင်းနဲ့ စားသုံးသူတွေရဲ့ စိတ်ကျေနပ်မှုကို ရရှိစေမှာဖြစ်ပါတယ်။

Send a message to learn more

Photos from Supply Chain Management Mentor's post 22/11/2025

SCMM Training Center မှ Short Course Certificate သင်တန်း (၂) ခုကို ဖွင့်လှစ်သွားဖို့ ရှိပါတယ်။ သင်တန်း (၂) ခုလုံးကို တပြိုင်တည်း တက်ရောက်လိုသူများ အတွက်လည်း တက်ရောက်နိုင်ရန် အချိန်ကိုအဆင်ပြေအောင် စီစဉ်ထားပါတယ်။ ကြိုက်နှစ်သက်ရာ သင်တန်း တစ်ခုခြင်းစီကိုလည်း ရွေးချယ်တက်ရောက်နိုင်ပါတယ်။

1. Certificate in Warehouse Management သင်တန်း
Warehouse Management ဆိုသည်မှာ သိုလှောင်ရုံ သို့မဟုတ် ဖြန့်ဖြူးရေးစင်တာအတွင်း လုပ်ငန်းဆောင်ရွက်မှုအားလုံးကို ထိထိရောက်ရောက် ဖြစ်အောင်ဖွဲ့စည်းခြင်း၊ ထိန်းချုပ်ခြင်းနှင့် ကြီးကြပ်ခြင်းတို့ကို စနစ်တကျ ပြုလုပ်သော လုပ်ငန်းစဉ်ကို ရည်ညွှန်းပါသည်။ Warehouse စီမံခန့်ခွဲမှု၏ အဓိကပန်းတိုင်မှာ ကုန်ပစ္စည်းများကို လက်ခံခြင်းနှင့် သိမ်းဆည်းခြင်း၊ ကုန်ပစ္စည်းများ ကောက်ယူခြင်း၊ ထုပ်ပိုးခြင်းနှင့် Customer များထံ ပို့ဆောင်ခြင်းအထိ ကုန်ပစ္စည်းများ ချောမွေ့စွာစီးဆင်းမှုကို သေချာစေရန်ဖြစ်ပါသည်။ Warehouse Management သင်တန်းလေးကို တက်ရောက်ရန် စိတ်ဝင်စားသူများအတွက် တက်ရောက်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ သင်တန်းတွင် Warehouse Management နှင့်ပတ်သတ်၍ သင်သိလိုသမျှကို မေးမြန်းနိုင်သည့် အပြင် သင့်ကုမ္ပဏီ၏ ပြသနာများအတွက်လည်း မေးမြန်းနိုင်ပြီး ဆရာမှ အကြံပေးဆွေးနွေးပေးမည့် အခွင့်အရေးကိုလည်း ရရှိနိုင်မှာ ဖြစ်ပါတယ်။

2. Certificate in Inventory Management သင်တန်း
Inventory Management ဆိုသည်မှာ ကုမ္ပဏီတစ်ခု၏ ကုန်ပစ္စည်း မှာယူမှု၊ သိုလှောင်မှုနှင့် အသုံးပြုမှုကို ကြီးကြပ်ကွပ်ကဲသည့် လုပ်ငန်းစဉ်ဖြစ်ပါသည်။ ၎င်းတွင် ကုန်ကြမ်းများ၊ အစိတ်အပိုင်းများနှင့် ကုန်ချောပစ္စည်းများကို စီမံခန့်ခွဲခြင်းအပြင် အဆိုပါပစ္စည်းများကို သိုလှောင်ခြင်းနှင့် စီမံဆောင်ရွက်ခြင်းတို့ ပါဝင်ပါသည်။ အဓိက ရည်ရွယ်ချက်မှာ မှန်ကန်သော ကုန်ပစ္စည်း အရေအတွက်ကို အချိန်မှန်၊ နေရာမှန်နှင့် အနိမ့်ဆုံးကုန်ကျစရိတ်ဖြင့် ရရှိနိုင်စေရန်ဖြစ်ပြီး Customer များ၏စိတ်ကျေနပ်မှုနှင့် လုပ်ငန်းလည်ပတ်မှု စွမ်းဆောင်ရည် မြင့်မားမှုကို ထိန်းသိမ်းထားရန်ဖြစ်ပါသည်။ Inventory Management ကို အဆင့်မြင့်မြင့် သင်ကြားရပြီး ကျွမ်းကျင်စွာ တက်မြောက်လိုလျှင် ဒီသင်တန်းလေးကို တက်ရောက်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ သင်တန်းတွင် Inventory Management နှင့်ပတ်သတ်၍ သင်သိလိုသမျှကို မေးမြန်းနိုင်သည့် အပြင် သင့်ကုမ္ပဏီ၏ ပြသနာများအတွက်လည်း မေးမြန်းနိုင်ပြီး ဆရာမှ အကြံပေးဆွေးနွေးပေးမည့် အခွင့်အရေးကိုလည်း ရရှိနိုင်မှာ ဖြစ်ပါတယ်။

သင်တန်း (၂) မျိုး လုံးအတွက်
=> သင်ကြားပေးမည့်သူ - Dr. Aung Myo Lwin, M.Eng, Ph.D, (Supply Chain Expert)
=> သင်တန်းကာလ - 3 Weeks (December 5 – December 20)
=> သင်ကြားမည့်နည်းစနစ် - Zoom Online Class
=> အချိန်ဇယား - အပတ်စဉ် (7:30 PM - 9:30 PM)
=> သင်တန်းကြေး - 60000 Kyats for Each Course
*** သင်တန်းပြီးဆုံးပါက Certificate ပေးအပ်သွားမည် ဖြစ်ပါသည်။
*** Lecture pdf format နှင့် Video Record ပါပေးမည် ဖြစ်ပါသည်။
****သင်တန်းတစ်ခုစီအတွက် သင်တန်းသား အရေအတွက် (၁၀) ဉီးသာလက်ခံ သင်ကြားမည်ဖြစ်ပါသည်။ သင်တန်းသား ဉီးရေ ကျော်လွန်သွားလျှင် နောက်အပတ်စဉ်တွင်မှ တက်ရောက်နိုင်မည် ဖြစ်ပါသည်။
**** အသေးစိတ်စုံစမ်းရန်
=> Supply Chain Management Mentor Training Center, Parami Road, Hlaing Township, Yangon
=> ဖုန်းနံပါတ် - 09-262605225 / 09-756971515
=> Viber - 09-262605225 သို့ ကြိုတင်နာမည်စာရင်းပေးသွင်းနိုင်ပါသည်။
=> KPay (09-262605225) or AYA Pay (09-262605225) သို့ သင်တန်းကြေး ပေးသွင်းနိုင်ပါသည်။
=> Chat Box မှ နာမည် ၊ ဖုန်းနံပါတ် များပေး၍လည်း စာရင်းပေးသွင်းအပ်နှံနိုင်ပါသည်။

04/11/2025

Supply Chain Management Mentor (SCMM) Training Center မှ အပတ်စဉ် (၂၅) Applied Logistics and Supply Chain Management သင်တန်းကို နိုဝင်ဘာ (၁၀) ရက်နေ့တွင် စတင်ဖွင့်လှစ်မှာ ဖြစ်ပါတယ်။ ဒီသင်တန်း တက်ရောက်သူများအတွက် အထူးအခွင့်အရေးတစ်ခုကတော့ ဒေါက်တာအောင်မျိုးလွင် ကိုယ်တိုင် မြန်မာဘာသာဖြင့် ရေးသားထားသော စာမျက်နာ (၃၀၀) ဝန်းကျင်ရှိသည့် Supply Chain Management စာအုပ်ကို လက်ဆောင်ပေးမှာ ဖြစ်ပါတယ်။

#သင်ကြားရမည့်အကြောင်းအရာများ
 Introduction to Supply Chain Management
 Supply Chain Strategy
 Eight Core Supply Chain Management Processes
 Competing Through Logistics
 Role of Time in Competitive Advantage
 Role of Information Technology in Supply Chain Management
 Enterprise Resources Planning (ERP)
 Logistics Management
 Procurement Management
 Demand Forecasting
 Inventory Management
 Warehouse Management

#သင်တန်းကိုဘယ်သူသင်ကြားပေးမှာလဲ?
ယခုသင်တန်းကို သင်ကြားမည့် Dr. Aung Myo Lwin သည် Supply Chain Expert တစ်ဉီးဖြစ်ပြီး Supply Chain Management နယ်ပယ်တွင် လုပ်ငန်းနှင့်သင်ကြားရေး အတွေ့အကြုံ (၁၀) နှစ်ကျော်ရှိသည့် Trainer တစ်ဉီးဖြစ်ပါသည်။ Logistics & Supply Chain Management ဘာသာရပ်ကို ITS Indonesia တွင် အခြေခံမှစပြီး စာတွေ့လက်တွေ့ သင်ယူခဲ့ပြီး M.Eng. (Logistics & Supply Chain Management) ဘွဲ့ကို ရရှိခဲ့ပြီး Ph.D. (Industrial & Manufacturing Engineering) ဘွဲ့ကိုလည်း YTU မှရရှိထားပါသည်။ International & Local Company ကြီးများတွင်လည်း Corporate Training များပို့ချခြင်း၊ International Project များ၊ International MBA Program များနှင့် UK Diploma သင်တန်းများတွင်လည်း Logistics & Supply Chain Management ဘာသာရပ်ကို သင်ကြားပို့ချပေးနေသူ တစ်ဉီးလည်းဖြစ်ပါသည်။

#သင်တန်းကာလသင်ကြားမည့်နည်းစနစ်နှင့်သင်တန်းအချိန်ဇယား
သင်တန်းကာလ - 5 Weeks (3.11.2025 to 2.12.2025)
သင်ကြားမည့်နည်းစနစ် - Zoom (Face to Face) Online Class
အချိန်ဇယား - Monday & Tuesday (7:30 PM to 9:30 PM)
သင်တန်းစမည့်နေ့ - (3 November, 2025) Monday
သင်တန်းကြေး - ၁၆၀,၀၀၀ ကျပ်
သင်တန်းတွင် သင်ကြားသော Lecture PowerPoint များနှင့် Video Record များကိုလည်း email မှတဆင့် ပေးပို့သွားပါမည်။ သင်တန်းပြီးဆုံးပါက Certificate ရရှိမည် ဖြစ်ပါသည်။
သင်တန်းသားဉီးရေ ကန့်သတ်ထားပါသဖြင့် စောလျှင်စွာ စာရင်းသွင်း အပ်နှံထားဖို့ လိုပါသည်။

#အသေးစိတ်စုံစမ်းရန်
Supply Chain Management Mentor (SCMM) Training Center, Parami Road, Hlaing Tsp, Yangon
ဖုန်းနံပါတ် - 09-262605225 / 09-756971515
Viber - 09-262605225 သို့မဟုတ် Facebook Messenger
သင်တန်းအပ်မည်ဆိုလျှင် Certificate မှာထည့်မည့်နာမည်၊ Viber သုံးတဲ့ဖုန်းနံပတ်၊ E-mail address ပေးပြီး စာရင်းသွင်းပါ။ သင်တန်းကြေးကို KPay or AYA Pay 09-262605225 ဉီးအောင်မျိုးလွင် ဆီသို့ သင်တန်း‌ကြေး ပေးသွင်းပြီး သင်တန်းကြေးသွင်းထားသော Screen Shot ကို Facebook Messenger သို့မဟုတ် Viber မှပို့ထားပေးပါ။ သင်တန်းမှ ပြန်လည်ဆက်သွယ်ပါမည်။
“SCMM Training Center မှ Company များ Organization အတွက် Logistics & Supply Chain Management နှင့်ပတ်သတ်သော Corporate Training များကို online or in person ဖြင့် အဆင်ပြေအောင် လက်ခံဆောင်ရွက်ပေး လျှက်ရှိပါသည်"

Photos from Supply Chain Management Mentor's post 02/11/2025

Value Stream Mapping ဖြင့် ထုတ်လုပ်မှုစွမ်းဆောင်ရည် မြှင့်တင်ခြင်း အကြောင်း

ခေတ်မီထုတ်လုပ်မှုလုပ်ငန်းများတွင် စွမ်းဆောင်ရည်မြင့်မားရေးသည် အဓိကနေရာမှ ပါဝင်နေပါတယ်။ ထို့အတွက်ကြောင့် ကျွန်ုပ်တို့၏ Corporate Training Service များအနေဖြင့် Colgate Factory ၌ "Enhancing Manufacturing Efficiency Through Value Stream Mapping" ခေါင်းစဉ်ဖြင့် နှစ်ရက်တာ သင်တန်းတစ်ခုကို အောင်မြင်စွာ ပို့ချဆောင်ရွက်နိုင်ခဲ့ပါတယ်။

ဤသင်တန်းကို ဦးဆောင်သင်ကြားပေးသူ အဖြစ် ဒေါက်တာအောင်မျိုးလွင် မှ ဆောင်ရွက်ခဲ့ပြီး ဒေါ်ယဉ်မျိုးသန့်၊ ဦးထက်အောင်လှိုင်မြင့် နှင့် ဉီးဝင့်ခန့် တို့ကအကူသင်တန်းဆရာများအဖြစ် ပါဝင်ကူညီခဲ့ကြပါတယ်။

ပထမနေ့တွင် သင်တန်းသား/သူများအား ထုတ်လုပ်မှုစနစ်အတွက် အခြေခံကျသော နည်းလမ်းများဖြစ်သည့် Lean Principles၊ Operation Excellence, 8 Wastes၊ 5S၊ Process Mapping နှင့် Value Stream Mapping (VSM) ဆိုင်ရာ အခြေခံများကို ရှင်းလင်းသင်ကြားပေးခဲ့ပါတယ်။ ဆက်လက်၍ သင်တန်းသား/သူများသည် လက်တွေ့ထုတ်လုပ်မှုလိုင်းပေါ်တွင် လက်ရှိအခြေအနေ VSM ကို ရေးဆွဲခြင်း၊ ထို့နောက် ၎င်းတွင် ပါဝင်သော တန်ဖိုးမြှင့်လုပ်ငန်းဆောင်တာများ (Value Added Activities) နှင့် တန်ဖိုးမမြှင့်သည့် လုပ်ငန်းဆောင်တာများ (Non-Value Added Activities) ကို ဆန်းစစ်လေ့လာခဲ့ကြပါတယ်။

ဒုတိယနေ့၌ ပိုမိုနက်ရှိုင်းသော ခွဲခြမ်းစိတ်ဖြာမှုများကို ဆက်လက်သင်ကြားခဲ့ရာ Root Cause Analysis (အကြောင်းရင်းခံ ရှာဖွေသုံးသပ်ခြင်း)၊ Process Improvement (လုပ်ငန်းစဉ်များ မြှင့်တင်ခြင်း)၊ Problem Solving Procedure (ပြဿနာဖြေရှင်းခြင်း နည်းလမ်းများ) နှင့် Action Plan (လုပ်ဆောင်ချက် အစီအစဉ်) ရေးဆွဲခြင်း စသည့် အကြောင်းအရာများ ပါဝင်ခဲ့ပါတယ်။ ထိုသင်ခန်းစာများအပြီးတွင် သင်တန်းသား/သူများသည် ၎င်းတို့၏ သင်ယူတတ်မြောက်မှုများအပေါ် အခြေခံကာ အနာဂတ်အခြေအနေ VSM ကို ပူးပေါင်းရေးဆွဲခဲ့ကြပြီး၊ ၎င်းတို့၏ တိုးတက်အောင်မြင်ရေး ဆောင်ရွက်ချက်များကို Presentation များဖြင့် တင်ဆက်ခဲ့ကြပါတယ်။

ဤသင်တန်းသည် သင်တန်းသား/သူများ၏ စိတ်ဝင်စားမှုနှင့် တက်ကြွစွာပါဝင်ဆောင်ရွက်မှုတို့ကြောင့် အောင်မြင်ပြည့်စုံသော သင်တန်းတစ်ခုအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။

ကျွန်ုပ်တို့၏ Corporate Training Services များအကြောင်းကို ပိုမိုသိရှိလိုပါက ဆက်သွယ်မေးမြန်းနိုင်ပါကြောင်း ဖိတ်ခေါ်အသိပေးအပ်ပါတယ်။

17/10/2025

Supply Chain Management Mentor (SCMM) Training Center မှ အပတ်စဉ် (၂၅) Applied Logistics and Supply Chain Management သင်တန်းကို နိုဝင်ဘာ (၃) ရက်နေ့တွင် စတင်ဖွင့်လှစ်မှာ ဖြစ်ပါတယ်။ ဒီသင်တန်း တက်ရောက်သူများအတွက် အထူးအခွင့်အရေးတစ်ခုကတော့ ဒေါက်တာအောင်မျိုးလွင် ကိုယ်တိုင် မြန်မာဘာသာဖြင့် ရေးသားထားသော စာမျက်နာ (၃၀၀) ဝန်းကျင်ရှိသည့် Supply Chain Management စာအုပ်ကို လက်ဆောင်ပေးမှာ ဖြစ်ပါတယ်။ SCM စာအုပ်ဟာ သင်တန်းသားသီးသန့် အတွက်ဖြစ်ပြီး SCM ၏ အခြေခံသဘောတရားမှသည် နည်းပညာ၊ ဗျူဟာ၊ စီမံခန့်ခွဲမှုဆိုင်ရာများကို အသေးစိတ် ရေးသားထားသော စာအုပ်ဖြစ်ပါတယ်။

#သင်ကြားရမည့်အကြောင်းအရာများ
 Introduction to Supply Chain Management
 Supply Chain Strategy
 Eight Core Supply Chain Management Processes
 Competing Through Logistics
 Role of Time in Competitive Advantage
 Role of Information Technology in Supply Chain Management
 Enterprise Resources Planning (ERP)
 Logistics Management
 Procurement Management
 Demand Forecasting
 Inventory Management
 Warehouse Management

#သင်တန်းကိုဘယ်သူသင်ကြားပေးမှာလဲ?
ယခုသင်တန်းကို သင်ကြားမည့် Dr. Aung Myo Lwin သည် Supply Chain Expert တစ်ဉီးဖြစ်ပြီး Supply Chain Management နယ်ပယ်တွင် လုပ်ငန်းနှင့်သင်ကြားရေး အတွေ့အကြုံ (၁၀) နှစ်ကျော်ရှိသည့် Trainer တစ်ဉီးဖြစ်ပါသည်။ Logistics & Supply Chain Management ဘာသာရပ်ကို ITS Indonesia တွင် အခြေခံမှစပြီး စာတွေ့လက်တွေ့ သင်ယူခဲ့ပြီး M.Eng. (Logistics & Supply Chain Management) ဘွဲ့ကို ရရှိခဲ့ပြီး Ph.D. (Industrial & Manufacturing Engineering) ဘွဲ့ကိုလည်း YTU မှရရှိထားပါသည်။ International & Local Company ကြီးများတွင်လည်း Corporate Training များပို့ချခြင်း၊ International Project များ၊ International MBA Program များနှင့် UK Diploma သင်တန်းများတွင်လည်း Logistics & Supply Chain Management ဘာသာရပ်ကို သင်ကြားပို့ချပေးနေသူ တစ်ဉီးလည်းဖြစ်ပါသည်။

#သင်တန်းကာလသင်ကြားမည့်နည်းစနစ်နှင့်သင်တန်းအချိန်ဇယား
သင်တန်းကာလ - 5 Weeks (3.11.2025 to 2.12.2025)
သင်ကြားမည့်နည်းစနစ် - Zoom (Face to Face) Online Class
အချိန်ဇယား - Monday & Tuesday (7:30 PM to 9:30 PM)
သင်တန်းစမည့်နေ့ - (3 November, 2025) Monday
သင်တန်းကြေး - ၁၆၀,၀၀၀ ကျပ်
သင်တန်းတွင် သင်ကြားသော Lecture PowerPoint များနှင့် Video Record များကိုလည်း email မှတဆင့် ပေးပို့သွားပါမည်။ သင်တန်းပြီးဆုံးပါက Certificate ရရှိမည် ဖြစ်ပါသည်။
သင်တန်းသားဉီးရေ ကန့်သတ်ထားပါသဖြင့် စောလျှင်စွာ စာရင်းသွင်း အပ်နှံထားဖို့ လိုပါသည်။

#အသေးစိတ်စုံစမ်းရန်
Supply Chain Management Mentor (SCMM) Training Center, Parami Road, Hlaing Tsp, Yangon
ဖုန်းနံပါတ် - 09-262605225 / 09-756971515
Viber - 09-262605225 သို့မဟုတ် Facebook Messenger

သင်တန်းအပ်မည်ဆိုလျှင် Certificate မှာထည့်မည့်နာမည်၊ Viber သုံးတဲ့ဖုန်းနံပတ်၊ E-mail address ပေးပြီး စာရင်းသွင်းပါ။ သင်တန်းကြေးကို KPay or AYA Pay 09-262605225 ဉီးအောင်မျိုးလွင် ဆီသို့ သင်တန်း‌ကြေး ပေးသွင်းပြီး သင်တန်းကြေးသွင်းထားသော Screen Shot ကို Facebook Messenger သို့မဟုတ် Viber မှပို့ထားပေးပါ။ သင်တန်းမှ ပြန်လည်ဆက်သွယ်ပါမည်။

“SCMM Training Center မှ Company များ Organization အတွက် Logistics & Supply Chain Management နှင့်ပတ်သတ်သော Corporate Training များကို online or in person ဖြင့် အဆင်ပြေအောင် လက်ခံဆောင်ရွက်ပေး လျှက်ရှိပါသည်"

Photos from Supply Chain Management Mentor's post 16/10/2025

Supply Chain Management Mentor (SCMM) Training Center မှ Zoom Application သုံးပြီး online မှ တိုက်ရိုက်သင်ကြားပေးသော အပတ်စဉ် (၂၅) Applied Logistics and Supply Chain Management သင်တန်းကို နိုဝင်ဘာ (၃) ရက်နေ့တွင် စတင်ဖွင့်လှစ်မှာ ဖြစ်ပါတယ်။ ဒီသင်တန်း တက်ရောက်သူများအတွက် အထူးအခွင့်အရေးတစ်ခုကတော့ ဒေါက်တာအောင်မျိုးလွင် ကိုယ်တိုင် မြန်မာလို ရေးသားထားသော စာမျက်နာ (၃၀၀) ဝန်းကျင်ရှိသည့် Supply Chain Management စာအုပ်ကို လက်ဆောင်ပေးမှာ ဖြစ်ပါတယ်။ SCM စာအုပ်ဟာ သင်တန်းသားသီးသန့် အတွက်ဖြစ်ပြီး SCM ၏ အခြေခံသဘောတရားမှသည် နည်းပညာ၊ ဗျူဟာ၊ စီမံခန့်ခွဲမှုဆိုင်ရာများကို အသေးစိတ် နားလည်လွယ်အောင် ‌ရေးသားထားသော စာအုပ်ဖြစ်ပါတယ်။
ယခု သင်တန်းသည် Supply Chain ဘာသာရပ်ကို ဂဃနဏ နားလည်ပြီး လက်တွေ့လုပ်ငန်းခွင်တွင် အသုံးချနိုင်အောင် ရည်ရွယ်၍ သင်ရိုးညွှန်းတမ်းကို ဒီဇိုင်းထုတ်ထားပြီး အဓိက အကြောင်းအရာများကို ကျယ်ကျယ် ပြန့်ပြန့်နဲ့ အသေးစိတ် သင်ကြားပေးမည် ဖြစ်ပါသည်။ သင်ကြားပေးမည့် Trainer များသည် လုပ်ငန်းအတွေ့အကြုံ နှင့် သင်ကြားရေးအတွေ့အကြုံ နှစ်ပေါင်းများစွာရှိပြီး သင့်အား သင့်လုပ်ငန်းခွင် အတွက် ချက်ချင်းအသုံးချနိုင်သည့် လက်တွေ့ကျသော အသိပညာများကို နားလည်လွယ်သော နည်းလမ်းများဖြင့် သင်ကြားပေးမည် ဖြစ်ပါသည်။ သင်သည် Logistics and Supply Chain Management နယ်ပယ်သို့ စတင်လေ့လာလို၍ဖြစ်စေ၊ ကိုယ်ပိုင်လုပ်ငန်းတွင် အသုံးချရန်အတွက်ဖြစ်စေ၊ သို့မဟုတ် သင့်အရည်အချင်း များကို မြှင့်တင်လို၍ဖြစ်စေ ၊ ကျွန်ုပ်တို့၏ အွန်လိုင်းသင်တန်းသည် တက်ရောက်သူ တိုင်းအတွက် အကျိုးရှိမည့် သင်တန်းတစ်ခု ဖြစ်ပါသည်။

သင်ကြားရမည့်အကြောင်းအရာများ
Introduction to Supply Chain Management
 What is Supply Chain
 Simple Supply Chain Structure
 Six Key Components of Supply Chain Management
 Supply Chain Operation References Model
Supply Chain Strategy
 Supply Chain Management Function
 Different Focus of Supply Chain
 The Four Supply Chain Strategies
 Decision Phases in a Supply Chain
 Push/ Pull views of Supply Chain
Eight Core Supply Chain Management Processes
 Customer Relationship Management
 Supplier Relationship Management
 Customer Service Management
 Demand Management
 Order Fulfillment
 Manufacturing Flow Management
 Product Development and Commercialization
 Returns Management
Competing Through Logistics
 Order Winner / Order Qualifier
 Logistics Hard Objectives: Time, Cost, Quality advantage
 Logistics Soft Objectives: Confidence, Security
 Supportive Capabilities: Variability, Uncertainty, Sustainability
 Aligning Strategies, Differentiating Strategies
Role of Time in Competitive Advantage
 What is Time Based Competition?
 What Does Time Based Competition Link to Other initatives?
 What is the Purpose of Time-Based Competition?
Role of Information Technology in Supply Chain Management
 Supply Chain IT Frame Work
 Supply Chain Macro Processes
 Transation Management Foundation (TMF)
 Future of IT in Supply Chain
 Risk Management in IT
 Supply Chain IT in Practice
 Enterprise Resources Planning (ERP)
Logistics Management
 Important of Logistics Management
 Characteristics of Logistics Management
 Challenges in Logistics Management
 Roles and Functions of Logistics Management
 Basic Modes of Transportation (Rail, Motor Carrier, Water Carrier, Pipeline, Air Carrier)
 Transportation and Distribution Network Design
 Incoterm 2020
Procurement Management
 Steps in Procurement
 Purchasing Cycle
 Supplier Selection Criteria
 Quantitative Technique for Supplier Selection
 Supplier Performance Measurement
Demand Forecasting
 Elements of a Good Forecase
 Steps in the Forecasting Process
 Qualitative Forecast
 Quantatitive Forecast
 Time Series Forecasting
 Moving average
 Weighted moving average
 Exponential smoothing
 Forecast Error (MFE, MAD, MAPE, MSE)
Inventory Management
 Introduction to Inventory Management
 Types of Inventory
 Inventory Control Techniques
 Item Inventory Management (ABC Inventory Analysis),
 Inventory Holding Cost, Carrying Cost, Ordering Cost/ Shortage Cost
 Economic Order Quantity (EOQ) Model
Warehouse Management
 Warehouse Activities
 Standard Procedures for Warehousing
 Good Receipt Note, Stock Card, Bin Card, Waybill

သင်တန်းကို ဘယ်သူသင်ကြားပေးမှာလဲ?
ယခုသင်တန်းကို သင်ကြားမည့် Dr. Aung Myo Lwin သည် Supply Chain Expert တစ်ဉီးဖြစ်ပြီး Supply Chain Management နယ်ပယ်တွင် လုပ်ငန်းနှင့်သင်ကြားရေး အတွေ့အကြုံ (၁၀) နှစ်ကျော်ရှိသည့် Trainer တစ်ဉီးဖြစ်ပါသည်။ Logistics & Supply Chain Management ဘာသာရပ်ကို ITS Indonesia တွင် အခြေခံမှစပြီး စာတွေ့လက်တွေ့ သင်ယူခဲ့ပြီး M.Eng. (Logistics & Supply Chain Management) ဘွဲ့ကို ရရှိခဲ့ပြီး Ph.D. (Industrial & Manufacturing Engineering) ဘွဲ့ကိုလည်း YTU မှရရှိထားပါသည်။ International & Local Company ကြီးများတွင်လည်း Corporate Training များပို့ချခြင်း၊ International Project များ၊ International MBA Program များနှင့် UK Diploma သင်တန်းများတွင်လည်း Logistics & Supply Chain Management ဘာသာရပ်ကို သင်ကြားပို့ချပေးနေသူ တစ်ဉီးလည်းဖြစ်ပါသည်။

သင်တန်းကာလ သင်ကြားမည့်နည်းစနစ် နှင့် သင်တန်းအချိန်ဇယား
သင်တန်းကာလ - 5 Weeks (3.11.2025 to 2.12.2025)
သင်ကြားမည့်နည်းစနစ် - Zoom (Face to Face) Online Class
အချိန်ဇယား - Monday & Tuesday (7:30 PM to 9:30 PM)
သင်တန်းစမည့်နေ့ - (3 November, 2025) Monday
သင်တန်းကြေး - ၁၆၀,၀၀၀ ကျပ်

သင်တန်းတွင် သင်ကြားသော Lecture PowerPoint များနှင့် Video Record များကိုလည်း email မှတဆင့် ပေးပို့သွားပါမည်။ သင်တန်းပြီးဆုံးပါက Certificate ရရှိမည် ဖြစ်ပါသည်။
သင်တန်းသားဉီးရေ ကန့်သတ်ထားပါသဖြင့် စောလျှင်စွာ စာရင်းသွင်း အပ်နှံထားဖို့ လိုပါသည်။

အသေးစိတ်စုံစမ်းရန်
Supply Chain Management Mentor (SCMM) Training Center, Parami Road, Hlaing Tsp, Yangon
ဖုန်းနံပါတ် - 09-262605225 / 09-756971515
Viber - 09-262605225 သို့မဟုတ် Facebook Messenger

သင်တန်းအပ်မည်ဆိုလျှင် Certificate မှာထည့်မည့်နာမည်၊ Viber သုံးတဲ့ဖုန်းနံပတ်၊ E-mail address ပေးပြီး စာရင်းသွင်းပါ။ သင်တန်းကြေးကို KPay or AYA Pay 09-262605225 ဉီးအောင်မျိုးလွင် ဆီသို့ သင်တန်း‌ကြေး ပေးသွင်းပြီး သင်တန်းကြေးသွင်းထားသော Screen Shot ကို Facebook Messenger သို့မဟုတ် Viber မှပို့ထားပေးပါ။ သင်တန်းမှ ပြန်လည်ဆက်သွယ်ပါမည်။

“SCMM Training Center မှ Company များ Organization အတွက် Logistics & Supply Chain Management နှင့်ပတ်သတ်သော Corporate Training များကို online or in person ဖြင့် အဆင်ပြေအောင် လက်ခံဆောင်ရွက်ပေး လျှက်ရှိပါသည်"

Photos from Supply Chain Management Mentor's post 11/10/2025

အောက်တိုဘာလ 13, 14, 15 ရက် နေ့ များတွင် စတင်ဖွင့်လှစ်မည့် Warehouse Management, Inventory Management နှင့် Procurement Management သင်တန်းများကို စာရင်းသွင်း အပ်နှံထားသူများအား Zoom meeting ID နှင့် Passcode များကို Viber (or) Facebook Messenger မှတဆင့် ပေးပို့ထားပါတယ်ခင်ဗျာ။

Photos from Supply Chain Management Mentor's post 04/10/2025

Supply Chain Professional တစ်ယောက်ဖြစ်ဖို့ ဒီစာအုပ်တွေ ကို ဖတ်သင့်ပါတယ်။ ဒါတွေ ဖတ်ဖို့ အရမ်းများနေရင် Sunil Chopra ရဲ့ Supply Chain Management ဆိုတဲ့ စာအုပ်ကို ဖတ်ဖို့ Recommand ပေးပါတယ်။ Supply Chain စာအုပ်တွေဖတ်ဖို့ Language အခက်အခဲရှိရင်တော့ Supply Chain Management အကြောင်းကို လေ့လာလိုသူများအတွက် အလွယ်တကူ လေ့လာနိုင်အောင် မြန်မာလို ရှင်းရှင်းလင်းလင်းဖြင့် နားလည်လွယ်အောင် ရေးသားထားသော Supply Chain Management စာအုပ်တစ်အုပ် ထုတ်ဝေသွားဖို့ ရှိပါတယ်ခင်ဗျာ။

Photos from Supply Chain Management Mentor's post 27/09/2025

SCMM Training Center မှ Short Course Certificate သင်တန်း (၃) ခုကို ဖွင့်လှစ်သွားဖို့ ရှိပါတယ်။ သင်တန်း (၃) ခုလုံးကို တပြိုင်တည်း တက်ရောက်လိုသူများ အတွက်လည်း တက်ရောက်နိုင်ရန် အချိန်ကိုအဆင်ပြေအောင် စီစဉ်ထားပါတယ်။ ကြိုက်နှစ်သက်ရာ သင်တန်း တစ်ခုခြင်းစီကိုလည်း ရွေးချယ်တက်ရောက်နိုင်ပါတယ်။

1. Certificate in Warehouse Management သင်တန်း
Warehouse Management ဆိုသည်မှာ သိုလှောင်ရုံ သို့မဟုတ် ဖြန့်ဖြူးရေးစင်တာအတွင်း လုပ်ငန်းဆောင်ရွက်မှုအားလုံးကို ထိထိရောက်ရောက် ဖြစ်အောင်ဖွဲ့စည်းခြင်း၊ ထိန်းချုပ်ခြင်းနှင့် ကြီးကြပ်ခြင်းတို့ကို စနစ်တကျ ပြုလုပ်သော လုပ်ငန်းစဉ်ကို ရည်ညွှန်းပါသည်။ Warehouse စီမံခန့်ခွဲမှု၏ အဓိကပန်းတိုင်မှာ ကုန်ပစ္စည်းများကို လက်ခံခြင်းနှင့် သိမ်းဆည်းခြင်း၊ ကုန်ပစ္စည်းများ ကောက်ယူခြင်း၊ ထုပ်ပိုးခြင်းနှင့် Customer များထံ ပို့ဆောင်ခြင်းအထိ ကုန်ပစ္စည်းများ ချောမွေ့စွာစီးဆင်းမှုကို သေချာစေရန်ဖြစ်ပါသည်။ Warehouse Management သင်တန်းလေးကို တက်ရောက်ရန် စိတ်ဝင်စားသူများအတွက် တက်ရောက်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ သင်တန်းတွင် Warehouse Management နှင့်ပတ်သတ်၍ သင်သိလိုသမျှကို မေးမြန်းနိုင်သည့် အပြင် သင့်ကုမ္ပဏီ၏ ပြသနာများအတွက်လည်း မေးမြန်းနိုင်ပြီး ဆရာမှ အကြံပေးဆွေးနွေးပေးမည့် အခွင့်အရေးကိုလည်း ရရှိနိုင်မှာ ဖြစ်ပါတယ်။

2. Certificate in Inventory Management သင်တန်း
Inventory Management ဆိုသည်မှာ ကုမ္ပဏီတစ်ခု၏ ကုန်ပစ္စည်း မှာယူမှု၊ သိုလှောင်မှုနှင့် အသုံးပြုမှုကို ကြီးကြပ်ကွပ်ကဲသည့် လုပ်ငန်းစဉ်ဖြစ်ပါသည်။ ၎င်းတွင် ကုန်ကြမ်းများ၊ အစိတ်အပိုင်းများနှင့် ကုန်ချောပစ္စည်းများကို စီမံခန့်ခွဲခြင်းအပြင် အဆိုပါပစ္စည်းများကို သိုလှောင်ခြင်းနှင့် စီမံဆောင်ရွက်ခြင်းတို့ ပါဝင်ပါသည်။ အဓိက ရည်ရွယ်ချက်မှာ မှန်ကန်သော ကုန်ပစ္စည်း အရေအတွက်ကို အချိန်မှန်၊ နေရာမှန်နှင့် အနိမ့်ဆုံးကုန်ကျစရိတ်ဖြင့် ရရှိနိုင်စေရန်ဖြစ်ပြီး Customer များ၏စိတ်ကျေနပ်မှုနှင့် လုပ်ငန်းလည်ပတ်မှု စွမ်းဆောင်ရည် မြင့်မားမှုကို ထိန်းသိမ်းထားရန်ဖြစ်ပါသည်။
Inventory Management ကို အဆင့်မြင့်မြင့် သင်ကြားရပြီး ကျွမ်းကျင်စွာ တက်မြောက်လိုလျှင် ဒီသင်တန်းလေးကို တက်ရောက်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ သင်တန်းတွင် Inventory Management နှင့်ပတ်သတ်၍ သင်သိလိုသမျှကို မေးမြန်းနိုင်သည့် အပြင် သင့်ကုမ္ပဏီ၏ ပြသနာများအတွက်လည်း မေးမြန်းနိုင်ပြီး ဆရာမှ အကြံပေးဆွေးနွေးပေးမည့် အခွင့်အရေးကိုလည်း ရရှိနိုင်မှာ ဖြစ်ပါတယ်။

3. Certificate in Procurement Management သင်တန်း
ဝယ်ယူရေး စီမံခန့်ခွဲမှုဆိုသည်မှာ ကုမ္ပဏီတစ်ခု သို့မဟုတ် အဖွဲ့အစည်းတစ်ခုအား ထိထိရောက်ရောက် လည်ပတ်ရန် လိုအပ်သည့် ကုန်ပစ္စည်းများ၊ ဝန်ဆောင်မှုများ ဝယ်ယူရေးအတွက် စီမံခန့်ခွဲခြင်း လုပ်ငန်းစဉ်ဖြစ်ပါသည်။ ၎င်းတွင် အရင်းအမြစ်များအတွက် လိုအပ်ချက်များကို ခွဲခြားသတ်မှတ်ခြင်းမှ ပေးသွင်းသူများကို ရွေးချယ်ခြင်း၊ စာချုပ်များ ညှိနှိုင်းခြင်းနှင့် ထုတ်ကုန် သို့မဟုတ် ဝန်ဆောင်မှုများ အချိန်မီပေးပို့ခြင်းတို့ကို သေချာစေခြင်းအထိ အမျိုးမျိုးသော လုပ်ဆောင်မှုများ ပါဝင်ပါသည်။ ဝယ်ယူရေးစီမံခန့်ခွဲမှု၏ အဓိကပန်းတိုင်မှာ မှန်ကန်သောစျေးနှုန်း၊ မှန်ကန်သောပမာဏနှင့် အဖွဲ့အစည်းတစ်ခု၏လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်အတွက် မှန်ကန်သောအရင်းအမြစ်များကို ရရှိရန်ဖြစ်သည်။
Procurement ကို စိတ်ဝင်စားပြီး လေ့လာသင်ယူချင်သူများအတွက် ကျွမ်းကျင်သော ဆရာကိုယ်တိုင် update lectures များဖြင့် သင်ကြားပေးမည် ဖြစ်ပါသည်။ Procurement အကြောင်း Professional ကျကျသိရှိပြီး ကျွမ်းကျင်စွာ တက်မြောက်မည် ဖြစ်သည့်အတွက် ဒီသင်တန်းလေးကို တက်ရောက်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Procurement (Purchasing) နှင့်ပတ်သတ်သော လုပ်ငန်းများကို လုပ်ကိုင်နေသူများ၊ Procurement အလုပ်များကို လုပ်ကိုင်ရန် စိတ်ဝင်စားသူများအတွက် အထူးသင့်လျှော်သော သင်တန်းဖြစ်ပါတယ်။ သင်တန်းသားဉီးရေ အကန့်အသတ်နှင့် သင်ကြားရမည် ဖြစ်သည့်အတွက် မိမိသိလိုသည်များကို ဆရာနှင့် အေးဆေးစွာ မေးမြန်းဆွေးနွေးနိုင်မည့် အခွင့်အရေးလည်း ရရှိမှာ ဖြစ်ပါတယ်။

သင်တန်း (၃) မျိုး လုံးအတွက်
=> သင်ကြားပေးမည့်သူ - Dr. Aung Myo Lwin, M.Eng, Ph.D, (Supply Chain Expert)
=> သင်တန်းကာလ - 3 Weeks (October 13 – October 29)
=> သင်ကြားမည့်နည်းစနစ် - Zoom Online Class
=> အချိန်ဇယား - အပတ်စဉ် (7:30 PM - 9:30 PM)
=> သင်တန်းကြေး - 60000 Kyats for Each Course
*** သင်တန်းပြီးဆုံးပါက Certificate ပေးအပ်သွားမည် ဖြစ်ပါသည်။
*** Lecture pdf format နှင့် Video Record ပါပေးမည် ဖြစ်ပါသည်။
****သင်တန်းတစ်ခုစီအတွက် သင်တန်းသား အရေအတွက် (၁၀) ဉီးသာလက်ခံ သင်ကြားမည်ဖြစ်ပါသည်။ သင်တန်းသား ဉီးရေ ကျော်လွန်သွားလျှင် နောက်အပတ်စဉ်တွင်မှ တက်ရောက်နိုင်မည် ဖြစ်ပါသည်။

**** အသေးစိတ်စုံစမ်းရန်
=> Supply Chain Management Mentor Training Center, Parami Road, Hlaing Township, Yangon
=> ဖုန်းနံပါတ် - 09-262605225 / 09-756971515
=> Viber - 09-262605225 သို့ ကြိုတင်နာမည်စာရင်းပေးသွင်းနိုင်ပါသည်။
=> KPay (09-262605225) or AYA Pay (09-262605225) သို့ သင်တန်းကြေး ပေးသွင်းနိုင်ပါသည်။
=> Chat Box မှ နာမည် ၊ ဖုန်းနံပါတ် များပေး၍လည်း စာရင်းပေးသွင်းအပ်နှံနိုင်ပါသည်။

Photos from Supply Chain Management Mentor's post 19/09/2025

စက်တင်ဘာလ 22 ရက်, စတနင်္လါနေ့ ည 7:30 PM တွင် စတင်ဖွင့်လှစ်မည့် Batch 24 Applied Logistics and Supply Chain Management သင်တန်းကို စာရင်းသွင်း အပ်နှံထားသူများအား Zoom meeting ID နှင့် Passcode များကို Viber (or) Facebook Messenger မှတဆင့် ပေးပို့ထားပါတယ်ခင်ဗျာ။ Batch (24) Applied Logistics and Supply Chain Management သင်တန်းကို လက်တွေ့ အသုံးချ Case Study များ အသုံးပြုပြီး ပိုမိုထိရောက်မှုရှိသော သင်ကြားမှု ပုံစံဖြင့် သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။

13/09/2025

Supply Chain Management မှာ Forecasting (ခန့်မှန်းခြင်း) ဆိုတာဘာလဲ?

Forecast (ခန့်မှန်းချက်) ဆိုတာဟာ အနာဂတ်မှာ ဖြစ်ပျက်လာမယ့် အခြေအနေကို ကြိုတင် ခန့်မှန်းတာပါပဲ။ မိုးလေဝသပညာရှင်တွေက မိုးလေဝသကို ခန့်မှန်းသလို၊ Supply Chain မှာလည်း နောက်လာမယ့် ကာလအတွင်း ကုန်ပစ္စည်း ဘယ်လောက် ရောင်းအားရှိမယ်ဆိုတာကို ခန့်မှန်းကြပါတယ်။

ခန့်မှန်းချက် အမျိုးအစားများ (Types of Forecasts)

၁။ Economic Forecasts (စီးပွားရေး ခန့်မှန်းချက်များ)
စီးပွားရေးတိုးတက်မှုနှုန်း၊ ငွေကြေးဖောင်းပွမှုနှုန်း၊ စတာတွေကို စီးပွားရေးဒေတာ တွေနဲ့ မူဝါဒတွေ အပေါ် အခြေခံပြီး ခန့်မှန်းတာဖြစ်ပါတယ်။

၂။ Demographic Forecasts (လူဦးရေဆိုင်ရာ ခန့်မှန်းချက်များ)
လူဦးရေရဲ့ စုပေါင်းအခြေအနေ (ဥပမာ- နိုင်ငံလူဦးရေ) နဲ့ ခွဲခြမ်းစိတ်ဖြာထားတဲ့ အခြေအနေ (ဥပမာ- အသက်အပိုင်းအခြား၊ ကျား၊ မ) တွေကို ခန့်မှန်းတာဖြစ်ပါတယ်။

၃။ Technological Forecasts (နည်းပညာဆိုင်ရာ ခန့်မှန်းချက်များ)
နည်းပညာပြောင်းလဲမှုတွေကို ကြိုတင်ခန့်မှန်းတာဖြစ်ပါတယ် (ဥပမာ- Cloud Computing၊ အီလက်ထရောနစ် နည်းပညာ)။

၄။ အခြားခန့်မှန်းချက်များ
ရာသီဥတု၊ ငလျင်၊ ဆူနာမီ စတာတွေကို ခန့်မှန်းတာပါ။

၅။ Business Forecasts (စီးပွားရေး ခန့်မှန်းချက်များ)
ကုမ္ပဏီတွေအတွက် အရေးကြီးဆုံးဖြစ်တဲ့ ဝယ်လိုအား (Demand) နဲ့ ရောင်းအား (Sales) ကို ခန့်မှန်းတာဖြစ်ပါတယ်။ Supply Chain Management မှာ ဒီခန့်မှန်းချက်ကို အဓိက အသုံးပြု ပါတယ်။

ခန့်မှန်းခြင်း၏ အရေးပါမှု (Importance of Forecasting)

၁။ ဝယ်ယူသူ စိတ်ကျေနပ်မှု မြှင့်တင်ခြင်း (Increasing Customer Satisfaction)
ဝယ်ယူသူ တွေကို သူတို့လိုချင်တဲ့ ကုန်ပစ္စည်းကို သူတို့လိုချင်တဲ့ အချိန်မှာ ပေးနိုင်ဖို့ပါ။ ဝယ်လိုအား ကို မှန်မှန်ကန်ကန် ခန့်မှန်းနိုင်မှသာ ကုန်ပစ္စည်းတွေ လုံလောက်စွာ ဖြည့်တင်းနိုင်ပြီး ဝယ်ယူသူများ အား မြန်မြန်ဆန်ဆန် ပို့ဆောင်နိုင်မှာဖြစ်ပါတယ်။

၂။ ကုန်ပစ္စည်း ပြတ်လပ်မှု လျှော့ချခြင်း (Reducing Inventory Stock-Outs)
JIT (Just-In-Time) စနစ်ကို အသုံးပြုတဲ့အခါ ဒါမှမဟုတ် ပို့ဆောင်ရေး ကြာတတ်တဲ့ နိုင်ငံတွေကနေ ဝယ်ယူတဲ့အခါ ဝယ်လိုအား ခန့်မှန်းချက်ကို Supplier တွေဆီ ကြိုပို့ပေးဖို့ လိုအပ်ပါတယ်။ ဒါမှသာ Supplier တွေက ကုန်ကြမ်းတွေကို ကြိုတင်ပြင်ဆင် နိုင်မှာဖြစ်ပါတယ်။ ခန့်မှန်းချက်ရှိမှသာ ကုန်ပစ္စည်းကို ဘယ်အချိန်မှာ ဝယ်ရမယ်၊ ဘယ်အချိန်မှာ ရောင်းရမယ်ဆိုတာ သိမှာဖြစ်လို့ ကုန်ပစ္စည်းကို သိုလှောင်ခန်းမှာ အချိန်ကြာကြာ သိမ်းထားစရာ မလိုတော့ဘဲ ကုန်ကျစရိတ် သက်သာမှာဖြစ်ပါတယ်။

၃။ ထုတ်လုပ်မှု ဇယားချခြင်းကို ပိုမိုထိရောက်စေခြင်း (Scheduling Production more Effectively)
ခန့်မှန်းခြင်းကို ကားမောင်းရင်း နောက်ကြည့်မှန်ကြည့်နေတာနဲ့ နှိုင်းယှဉ်ကြပါတယ်။ အတိတ်က အချက်အလက်တွေက အနာဂတ်အတွက် သဲလွန်စဖြစ်စေပေမယ့် အကုန်လုံးကို မပြောနိုင်ပါဘူး။ ဒါပေမယ့် ဒီသဲလွန်စတွေကပဲ ကျွန်တော်တို့မှာရှိသမျှ အကောင်းဆုံး အချက်အလက်တွေပါပဲ။ ထုတ်လုပ်မှုကို ထိရောက်စွာ စီမံခန့်ခွဲနိုင်ဖို့ SIOP (Sales, Inventory, and Operations Planning) နဲ့ Master Scheduling လိုမျိုး စီမံကိန်းရေးဆွဲမှုတွေ လိုအပ်ပါတယ်။

၄။ ခေတ်မရှိတော့တဲ့ ကုန်ပစ္စည်း (Obsolete Stock) အတွက် ကုန်ကျစရိတ် လျှော့ချခြင်း (Reducing Product Obsolescence Costs)
ဝယ်လိုအားကို စနစ်တကျ ခန့်မှန်းနိုင်မယ်ဆိုရင် လိုတာထက် ပိုဝယ်မိတာမျိုး မဖြစ်တော့ဘဲ ခေတ်ကုန်တော့မယ့် ကုန်ပစ္စည်းပမာဏကို လျှော့ချနိုင်မှာဖြစ်ပါတယ်။ ခေတ်ကုန်သွားတဲ့ ကုန်ပစ္စည်းတွေကို စီမံဖို့ (ပြန်လည်အသုံးချဖို့ ဒါမှမဟုတ် ဖယ်ရှားဖို့) ကုန်ကျမယ့် စရိတ်တွေလည်း လျော့နည်းသွားမှာဖြစ်ပါတယ်။

ခန့်မှန်းခြင်း၏ အခန်းကဏ္ဍ (ROLE OF FORECASTING)

Supply Chain အတွင်း စီမံကိန်းရေးဆွဲမှု ဆုံးဖြတ်ချက်အားလုံးရဲ့ အခြေခံဟာ ဝယ်လိုအား ခန့်မှန်းချက်တွေ (Demand Forecasts) ပဲဖြစ်ပါတယ်။ Push Strategy: ခန့်မှန်းထားတဲ့ ဝယ်လိုအားပမာဏအတိုင်း ကုန်ပစ္စည်းတွေကို ကြိုတင်ထုတ်လုပ်ပြီး Market ဆီ တွန်းပို့တဲ့ နည်းဗျူဟာ။ Pull ဆွဲငင်နည်း (Pull Strategy): ဝယ်လိုအားအလိုက် ထုတ်လုပ်မှုစွမ်းရည်နဲ့ ကုန်ကြမ်းပစ္စည်း ရရှိနိုင်မှုကို သတ်မှတ်တဲ့ နည်းဗျူဟာ။

ခန့်မှန်းချက် ကာလအပိုင်းအခြားများ (Forecast Time Horizons)

ရေတိုခန့်မှန်းချက် (Short term - ရက်သတ္တပတ်/လပိုင်း): အလှည့်ကျ အလုပ်ချိန်ဇယား (Shift Scheduling) ဆွဲဖို့ အသုံးပြုတယ်။

အလတ်စား ခန့်မှန်းချက် (Medium-term - လ/လအနည်းငယ်): လုပ်သားအင်အား စီမံခန့်ခွဲမှု (Workforce Planning), ကုန်ကြမ်းဝယ်ယူမှု (Materials Purchasing), ဈေးကွက်တင်မှု (Promotions) တွေအတွက် အသုံးပြုတယ်။

ရေရှည်ခန့်မှန်းချက် (Long term - လ/နှစ်): စက်ရုံချဲ့ထွင်မှု (Capacity Expansion), ရင်းနှီးမြှုပ်နှံမှု နှင့် ဘဏ္ဍာရေး စီမံကိန်း (Capital/Financial Budgeting) တွေအတွက် အသုံးပြုတယ်။

ခန့်မှန်းခြင်း အဆင့်များ (Levels of Forecasting)

၁။ Macro Forecasting (စုစုပေါင်း ခန့်မှန်းခြင်း)
ကုန်ပစ္စည်း (သို့မဟုတ်) ကုန်ပစ္စည်းအမျိုးအစား တစ်ခုလုံးရဲ့ စုစုပေါင်းဈေးကွက်ကို ကြည့်ရှု့ခန့်မှန်းခြင်းဖြစ်ပါတယ်။ ကုမ္ပဏီရဲ့ အတိတ်က performance တွေကို နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ဥပဒေရေးရာ ပတ်ဝန်းကျင်အခြေအနေတွေ၊ လုပ်ငန်းကဏ္ဍ performance တွေ၊ လူဦးရေဆိုင်ရာအချက်တွေနဲ့ တွဲဖက်လေ့လာပါတယ်။ လုပ်ငန်းကဏ္ဍတစ်ခုလုံးရဲ့ ဝယ်လိုအားကို နိုင်ငံအဆင့် ထုတ်လုပ်မှု၊ ဝင်ငွေအဆင့်အတန်း၊ အတိုးနှုန်း၊ အလုပ်အကိုင်အခွင့်အလမ်း၊ သွင်းကုန်၊ လူဦးရေဆိုင်ရာအချက်တွေနဲ့ ဆက်စပ်လေ့လာပါတယ်။

၂။ Micro Forecasting (တစ်ဦးချင်း/အသေးစိတ် ခန့်မှန်းခြင်း)
လက်ရှိနဲ့ ဖြစ်နိုင်ခြေရှိတဲ့ ဝယ်ယူသူ တစ်ဦးချင်းစီရဲ့ အတိတ်က performance ကို ကုန်ပစ္စည်းအလိုက် လေ့လာပြီး နောက်ထပ် ကာလအတွက် ရောင်းအား ခန့်မှန်းချက်တွေ ပြုလုပ်ခြင်းဖြစ်ပါတယ်။ ဒီလိုနည်းဖြင့် နယ်မြေ (Territory)၊ ဒေသ (Area)၊ နိုင်ငံအဆင့် (National) ရောင်းအား ခန့်မှန်းချက်တွေကို တည်ဆောက်ယူပြီး Macro Forecasting ကနေ ရရှိလာတဲ့ ခန့်မှန်းချက်တွေနဲ့ နှိုင်းယှဉ်လေ့လာပါတယ်။

Send a message to learn more

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address

Parami Road, Hlaing Township
Yangon
11011