Royal English

Royal English

Share

Like & Follow လုပ်ပြီး အင်္ဂလိပ်စာသင်ခန်းစာများကို​လေ့လာနိုင်ပါတယ်။

16/09/2022

Cleft Sentenceနှစ်မျိုး

1.
It was my brother who ate the cake.
ကိတ်မုန့်စားလိုက်တာ ငါ့အစ်ကိုပါ။

2.
What I need is your love.
ငါလိုအပ်နေတာ နင့်အချစ်ပါ။

Participleလေးမျိုး

1.
Present Participle
(e.g. walking, eating, singing)

2.
Past Participle
(e.g. walked, eaten, sang)

3.
Participle Adjective
(e.g. the candidates applying, a broken plate)

4.
Participle Clause
(e.g. Not knowing the baby slept, she phoned.)

16/09/2022

☀️Type 0 Conditional/Zero Conditional

If + Present Simple ... + Present Simple.

●If the doorbell rings, the dog barks.
လူခေါ်ခေါင်းလောင်းမြည်တဲ့အခါ
ခွေးဟောင်ပါလေရော။

☀️Type 1 Conditional/First Conditional

If + Present Simple/The Present Continuous or Perfect ... + Future Simple(will/won't+infinitive verb)/Be going to/Modal Verbs/The Imperative.

●If it rains, we'll get wet.
မိုးရွာလျှင် ငါတို့မိုးစိုလိမ့်မယ်။

●If I drink coffee tonight, I won't sleep well.
ငါဒီညကော်ဖီသောက်လျှင်
ငါကောင်းကောင်းအိပ်လို့ရမှာမဟုတ်ဘူး။

☀️Type 2 Conditional/Second Conditional

If + Past Simple/The Past Continuous or Could ... + Present Conditional(would/could/might+infinitive verb)

●If I had the money, I would buy a yacht.
ငါ့မှာသာပိုက်ဆံရှိလျှင် ငါရွက်လှေတစ်စီးဝယ်မယ်။

●If I were you, I could travel the whole world.
ငါသာမင်းဆိုလျှင် ငါတစ်ကမ္ဘာလုံးကို
ခရီးဆန့်နိုင်မယ်။

☀️Type 3 Conditional/Third Conditional

If + Past Perfect/Could+Perfect
.. + would/could/might+perfect.

●If you had studied, you would have passed the exam.
အကယ်၍မင်းသာ စာကျက်ခဲ့မယ်ဆိုလျှင်
မင်းစာမေးပွဲအောင်နေလောက်ပြီ။

●If you had got up early, you would have arrived in good time.

အကယ်၍မင်းသာ အိပ်ရာစောစောထခဲ့မယ်ဆိုလျှင်
မင်းအချိန်မီရောက်နေလောက်ပြီ။

☀️Mixed 1 Conditional

If + Past Perfect ... + Present Conditional

●If I had taken your advice, I wouldn't get into trouble.

ငါမင်းဆီကအကြံဥာဏ်ယူခဲ့မယ်ဆိုလျှင်
ငါဒုက္ခရောက်မှာမဟုတ်ဘူး။

☀️Mixed 2 Conditional

If + Past Simple ... + Perfect Conditional

●If Sai Sai really was ambitious, he would have found a decent job years ago.

စိုင်းစိုင်းသာအမှန်တကယ်
ရည်မှန်းချက်ကြီးခဲ့မယ်ဆိုလျှင်
သူလွန်ခဲ့တဲ့နှစ်တွေမှာအလုပ်
ကောင်းကောင်းလေးတစ်ခု
ရှာတွေ့ပြီးနေလောက်ပြီ။

Reference: Oxford Learner's Grammar

16/09/2022

Necessity
လိုအပ်ချက်

●You must be careful.

မင်းသတိထားရမယ်။

No necessity
အာကရံ ပါကရံ

●We needn't hurry – there's plenty of time.

ငါတို့လောဖို့မလိုအပ်ပါ
ဘူး။ အချိန်တွေအများ
ကြီးရှိပါတယ်။

Giving advice
အကြံဥာဏ်ပေးခြင်း

●You should revise / You ought to revise before the exam.

မင်းစာမေးပွဲမဖြေခင်
သင်ခန်းစာတွေပြန်နွှေး
သင့်တယ်။

Asking for permission
ခွင့်ပြုချက်တောင်းခြင်း

●Can/May I ask you a personal question?

ကျွန်တော်ခင်ဗျားကို
ကိုယ်ရေးကိုယ်တာ
မေးခွန်းလေးတစ်ခု
မေးလို့ရမလား။

Certainty
သေချာမှု

●He must be a doctor.

သူဆရာဝန်တစ်ယောက်
ဟုတ်ကိုဟုတ်ရမယ်။

Possibility
ဖြစ်နိုင်ခြေ

●I'm not sure, but I may/might go outside later.

သေတော့မသေချာဘူး
ဒါပေမယ့်ငါနောက်တော့
အပြင်သွားဖြစ်ရင်
သွားဖြစ်လိမ့်မယ်။

Ability
စွမ်းရည်

●Sai Sai can swim like a fish.

စိုင်းစိုင်းကငါးတစ်ကောင်လို ရေကူးနိုင်တယ်။

13/09/2022

💥Communication difficulties💥

Am I pronouncing it correctly?
ကျွန်တော်မှန်မှန်ကန်ကန်အသံထွက်ရဲ့လား။

Can you do me a favour?
တဆိတ်လောက် ကျွန်တော့်ကိုကူညီပေးလို့ရမလား။

Can you help me?
ကျွန်တော့်ကိုကူညီပေးလို့ရမလား။

Can you please say that again?
နောက်ထပ်တစ်ခေါက်လောက် ပြန်ပြောပေးလို့
ရမလား။

Can you show me?
ကျွန်တော့်ကိုပြလို့ရမလား။

Can you throw that away for me?
အဲဒီဟာကိုလွှင့်ပစ်ပေးလို့ရမလား။

Do you believe that?
မင်းအဲဒီဟာကိုယုံလား။

Do you have a pencil?
မင်းမှာခဲတံတစ်ချောင်းလောက်ရှိလား။

Do you smoke?
မင်းဆေးလိပ်သောက်လား။

Do you speak English?
မင်းအင်္ဂလိပ်စကားပြောလား။

Does anyone here speak English?
ဒီမှာရှိတဲ့သူတွေ အင်္ဂလိပ်စကားပြောလား။

Don't do that.
ဒီလိုမလုပ်ပါနဲ့ကွာ။

Excuse me,what did you?
တဆိတ်လောက် ခင်ဗျားဘာပြောလိုက်တာလဲ။

Forget it.
ထားလိုက်စမ်းပါကွာ။

How do you pronounce that?
မင်း အဲဒီဟာဘယ်လိုအသံထွက်လဲ။

How do you say it in English?
ဒါကိုအင်္ဂလိပ်လိုဘယ်လိုပြောရလဲ။

How do you spell it?
ဒါကိုဘယ်လိုစာလုံးပေါင်းရလဲ။

How do you spell the word Seattle?
Seattle ဆိုတဲ့စကားလုံးကိုဘယ်လို
စာလုံးပေါင်းရလဲ။

I can swim.
ငါရေကူးတတ်တယ်။

I can't hear you clearly.
ငါရှင်းရှင်းလင်းလင်းမကြားရဘူး။

I don't mind.
ရပါတယ်ကွာ။

I don't speak English very well.
ငါအင်္ဂလိပ်စကားသိပ်မပြောဘူး။

I don't understand what you're saying.
မင်းပြောနေတာတွေကိုငါနားမလည်ဘူး။

I think you have too many clothes.
မင်းမှာအဝတ်အစားတွေအများကြီးရှိတယ်လို့
ငါထင်တယ်။

I trust you.
ငါမင်းကိုယုံပါတယ်။

I understand now.
အခုတော့နားလည်သွားပြီ။

Is there air conditioning in the room?
အခန်းထဲမှာလေအေးပေးစက်ရှိလား။

Let's meet in front of the hotel.
ဟိုတယ်ရှေ့ မှာတွေ့ကြမယ်နော်။

Please sit down.
ကျေးဇူးပြု၍ ထိုင်ပေးပါ။

Please speak English.
ကျေးဇူးပြု၍ အင်္ဂလိပ်လိုပြောပေးပါ။

Please speak more slowly.
ဒီထက်ပိုပြီးဖြည်းဖြည်း​လေး ပြောပေးပါခင်ဗျာ။

Sorry, I didn't hear clearly.
ဆောရီးပါ။ ကျွန်တော်ရှင်းရှင်းလင်းလင်း
မကြားလိုက်ဘူး။

What does this say?
ဒီဟာကဘာပြောတာလဲ။

What does this word mean?
ဒီစကားလုံးကဘာကိုဆိုလိုတာလဲ။

Whose book is that?
အဲဒီဟာကဘယ်သူ့စာအုပ်လဲ။

Why are you laughing?
မင်းဘာကြောင့်ရယ်နေတာလဲ။

Why aren't you going?
မင်းဘာကြောင့်မသွားတာလဲ။

Why did you do that?
မင်းဘာကြောင့်ဒီလိုလုပ်ရတာလဲ။

01/09/2022

English Speaking နှင့် English Grammar ကို တိုက်ကြီးမြို့နယ်အတွင်း အိမ်တိုင်ရာ​ရောက်သင်ကြား​ပေးပါသည်။
ဆက်သွယ်ရန် - 0943081349 /09408290733

30/07/2022

မိမိကို​တစ်ဖက်လူကကျေးဇူးတင်စကား​
ပြောလာတဲ့အခါ ပြန်​ပြောနည်း (12) မျိုး

1. You're welcome.

2. I'm happy to help.

3. No worries.

4. Don't mention it.

5. It was nothing.

6. My pleasure.

7. Not at all.

8. Anytime.

9. Sure.

10. You got it.

11. Not a problem.

12. No problem.

ကိုယ်ကမသိဘူးလို့ ပြန်​ပြောချင်တဲ့အခါ​
ပြောနည်း (7) မျိုး

1.I don't know.

2.I have no idea.

3.I have no clue.

4.I am not really sure.

5.I can't help you there.

6.I have been wondering that, too.

7.Beats me.

28/07/2022

English Speaking
နှင့်
English Grammar ကို တိုက်ကြီးမြို့နယ်အတွင်း အိမ်တိုင်ရာ​ရောက်သင်ကြား​ပေးပါသည်။
ဆက်သွယ်ရန် -
0943081349 / 09408290733

15/07/2022

Hello and Welcome to Royal English!
--------------------------------------------------------------

📌 Royal English မှာ တက်လို့ရနိုင်မယ့်
အတန်းများကို တိုက်ကြီးမြို့မှအင်္ဂလိပ်စာ​လေ့လာ​နေသူများအတွက် သတင်းကောင်းလေးပါးချင်ပါတယ်။ August လမှစတင်၍ ဖွင့်လှစ်ပေးသွားမယ့် အတန်း​တွေက​တော့

✔ English Grammar for Beginners အတန်းနဲ့

✔ English Speaking for Beginners အတန်းများ ဖြစ်ပါတယ်။
--------------------------------------------------------------

📌 အတန်းများကိုအသက် (၁၂) နှစ်အရွယ်မှစ၍ အသက်အရွယ်အကန့်အသတ်မရှိ မည်သူမဆို တက်ရောက်သင်ကြားနိုင်မှာဖြစ်ပါတယ်။

📌 သင်တန်းသူ/သားတစ်ဦးချင်းစီရဲ့ အင်္ဂလိပ်စာ သင်ယူမှုနဲ့ပတ်သက်ပြီး အကောင်းဆုံးလေ့ကျင့်သင်ကြားမှု၊ ကူညီပံ့ပိုး​မှုများနဲ့အတူ အ​တွေ့အကြုံရှိဆရာများမှ သင်ကြားပေးမှာဖြစ်ပါတယ်။

📌 Royal English မှ သင်ကြားပို့ချမယ့်အတန်းတွေမှာဆိုရင် Oxford Universityနှင့် Cambridge University များမှသင်ရိုးညွှန်းတမ်းများအပြင် အခြားသောသင်ရိုးညွှန်းတမ်းများဖြင့် ဆရာဦးတင်လှိုင်နှင့် ဆရာဦးတင့်နိုင်ကျော်တို့မှ ဦးစီးပြီးသင်ကြားပေးမှာဖြစ်ပါတယ်။
--------------------------------------------------------------

📢 (၆) လအတွင်း သင်တန်းသူ/သားများရဲ့
အင်္ဂလိပ်စာစွမ်းရည် ​ပြောင်းလဲတိုးတက်​လာစေဖို့ကို Royal English မှ တာဝန်ယူပါတယ်ခင်ဗျာ။

📢 အတန်းနှစ်တန်းလုံးကို တက်​ရောက်​ပြီးသွားတဲ့ သင်တန်းသူ/သားများအနေဖြင့် အင်္ဂလိပ်စာကို သဒ္ဒါနည်းကျ မှန်မှန်ကန်ကန်၊ ပိုင်ပိုင်နိုင်နိုင်နဲ့
ရေးနိုင်၊ ဖတ်နိုင်၊ နားလည်နိုင်ပြီး Listening Skill အတွက် Native Speaker များ​ပြောထား​သော Audio File များကိုနား​ထောင်​စေပြီး နားလည်မှုစစ်​ဆေးအကဲဖြတ်​သော သင်ခန်းစာများကို ထည့်သွင်း​လေ့ကျင့်​​ပေးမယ့်အတွက်​ကြောင့် အ​ခြေခံအင်္ဂလိပ်စကား​ပြောကိုယုံကြည်မှုရှိရှိနဲ့ Native Speaker တစ်​ယောက်လို နားလည်နိုင်၊ ပြောနိုင်ဖို့အတွက်ကိုလည်း Royal English မှ 100 % အာမခံပါတယ်ခင်ဗျာ။

📢 သင်တန်းသူ/သားများဘက်မှ အောက်ပါအချက် (၅) ချက် ကိုတော့ မဖြစ်မနေ လိုက်နာပေးရန်လိုအပ်ပါတယ်။

(၁) အချိန်လေးစားမှုရှိရန်၊

(၂) သင်တန်းပြီးဆုံးသည်အထိ မပျက်မကွက်တက်ရောက်ရန်၊

(၃) သင်ကြားချိန်အတွင်း စိတ်အားထက်သန်စွာပါဝင်ဆွေးနွေးရန်၊

(၄) အိမ်စာများ/ Assignment များကို ပုံမှန်လုပ်ဆောင်ပေးပါရန်၊

(၅) မိမိလိုအပ်ချက်များကို ဆရာများနှင့် ဆွေးနွေးတိုင်ပင်ရန်၊

--------------------------------------------------------------
📋Training Schedule - သင်တန်းအချိန်ဇယား📋

📌 English Grammar for Beginners
__________________________________
Start Date - 4th August 2022
End Date - 3rd September 2023
Time - 6:30 AM to 8:30 AM
Day - 2 days per week

📌 English Speaking for Beginners
__________________________________
Start Date - 4th August 2022
End Date - 3rd September 2023
Time - 12:30 PM to 2:30 PM
Day - 2 days per week
--------------------------------------------------------------
💰Course Fee - သင်တန်းကြေး💰

📌 English Grammar for Beginners အတန်းကိုလစဉ်သင်တန်းကြေး 20,000 ကျပ်နဲ့ တက်ရောက်နိုင်ပြီ ဖြစ်လို့ Register - အမည်စာရင်း​ ပေးသွင်းနိုင်ပါပြီ။

📌 English Speaking for Beginners အတန်းကိုလစဉ်သင်တန်းကြေး 20,000 ကျပ်နဲ့ တက်ရောက်နိုင်ပြီ ဖြစ်လို့ Register - အမည်စာရင်း​ ပေးသွင်းနိုင်ပါပြီ။
--------------------------------------------------------------

📢 ကျောင်းသူ/သားများအတွက်လည်း အဆင်​ပြေ​စေရန်​ တစ်ပတ်နှစ်ရက်အတန်းများအတွက်ကျောင်းပိတ်ရက်နှစ်ရက်ကို စီစဥ်​ပေးထားပါတယ်။

📢 အချိန်အဆင်မပြေတဲ့သူ​တွေအတွက်လည်း အချိန်ညှိနှိုင်းပြီး နောက်ထပ်အတန်းများလည်း
ဖွင့်လှစ်ပေးဦးမှာဖြစ်ပါတယ်။

📢 ကျောင်းသားဦးရေကိုလည်း ကန့်သတ်ထားခြင်းနှင့် ဆရာများက အသေးစိတ် Correction တွေ၊ Guideline တွေပေးပြီး သင်ကြားပေးသွားမှာဖြစ်တာကြောင့် အမြန်ဆုံး Register - အမည်စာရင်း​ ပေးသွင်းကြဖို့ တိုက်တွန်းချင်ပါတယ်ခင်ဗျာ။

📢 အသေးစိတ်သိရှိလိုပါက Page Messenger / Comment မှတစ်ဆင့်​သော်လည်းကောင်း၊
ဖုန်းနံပါတ် 0943081349 / 09408290733 သို့သော်လည်းကောင်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

သင်တန်းလိပ်စာ - ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်၊
ဥပ္ပုံစုရပ်ကွက်၊ မြဝတီလမ်း၊ အိမ်အမှတ် (၆၁)။

09/06/2022

မှားတတ်ကြသည်။

💥1💥I've never been to New York. (Correct)

💥1💥I've never been New York. (Wrong)

💥2💥I've never been to there. (Wrong)

💥2💥I've never been there. (Correct)

💥3💥Do you know who I am? (Correct)

💥3💥Do you know who am I? (Wrong)

💥4💥I don't know what you mean. (Correct)

💥4💥I don't know what do you mean. (Wrong)

💥5💥I know what you said. (Correct)

💥6💥I know what did you say. (Wrong)

07/06/2022

💥Are you into + Noun / Gerund💥

1.Are you into boxing?
မင်းလက်ဝှေ့အားကစားကို စိတ်ဝင်စားလား။

2.Are you into doing this work?
မင်းဒီအလုပ်လုပ်ရတာကို နှစ်သက်လား။

3.Are you into playing games?
မင်းအားကစားလုပ်ရတာကို နှစ်သက်လား။

4.Are you into learning English?
မင်းအင်္ဂလိပ်စာလေ့လာရတာကို နှစ်သက်လား။

5.Are you into soccer?
မင်းဘောလုံးအားကစားကို စိတ်ဝင်စားလား။

07/06/2022

Wish for a present or past that isn't real.

💥Present💥

1.I wish I were her husband.
ငါသာသူမရဲ့ခင်ပွန်းဖြစ်ရင် သိပ်ကောင်းမှာပဲ။

2.I wish I were taller.
ငါ့အရပ်ပိုရှည်လာရင် သိပ်ကောင်းမှာပဲ။

3.I wish I knew how to speak Japanese.
ငါသာဂျပန်စကားဘယ်လိုပြောရမလဲဆိုတာသိရင် သိပ်ကောင်းမှာပဲ။

💥Past💥

1.I wish I had eaten ice-cream for brakefast.
မနက်စာအတွက်ရေခဲမုန့်စားခဲ့မိရင်အကောင်းသား။

2.I wish I had gone to Thailand last year.
မနှစ်ကငါထိုင်းကိုသွားခဲ့မိရင်အကောင်းသား။

3.I wish I had loved Catherine.
ငါကတ်သရင်းကိုချစ်ခဲ့မိရင်အကောင်းသား။

06/06/2022

💥Trying on + Someone💥

1.Learning new things can be trying on you.
အသစ်တွေလေ့လာခြင်းက မင်းအတွက်အခက်အခဲဖြစ်စေနိုင်တယ်။

2.That marathon was very trying on me.
အဲဒီမာရသွန်ပြေးပွဲက ငါ့အတွက်အရမ်းကို
ခက်ခဲစေခဲ့တယ်။

3.Doing this work may be trying on him.
ဒီအလုပ်လုပ်ရတာ သူ့အတွက်အခက်အခဲ
တွေ့နိုင်တယ်။

💥Trying to + Infinitive verb💥

1.I'm trying to pass the examination with flying colours.
စာမေးပွဲကိုအမှတ်ကောင်းကောင်းနဲ့အောင်ဖို့
ငါကြိုးစားနေတယ်။

2.My brother is trying to get marry Catherine.
ငါ့ညီက ကတ်သရင်းကိုလက်ထပ်ယူဖို့ ကြိုးပမ်းနေတယ်။

3.He is trying to get a job.
သူအလုပ်ရဖို့ ကြိုးပမ်းနေတယ်။

💥Promise not to + Infinitive verb💥

1.I promise not to leave without you.
မင်းမပါဘဲထွက်မသွားဘူးလို့ ငါကတိပေးတယ်။

2.I promise not to tell anyone about this.
ဒါနဲ့ပတ်သတ်ပြီး ဘယ်သူကိုမှမပြောဘူးလို့
ငါကတိပေးတယ်။

3.I promise not to do this work.
ဒီအလုပ်ကိုမလုပ်ပါဘူးလို့ ငါကတိပေးတယ်။

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


Yangon