07/12/2023
❗❗UNREAL CONDITIONS❗❗
👏👏Hello Welcome Back
ကဲဒီနေ့မှာ တီချယ်တို့ page ကနေ နေ့စဉ်ဘဝမှာ အသုံးပြုနိုင်တဲ့ grammer ခေါင်းစဉ်တစ်ခု နဲ့ မိတ်ဆက်ပေးပါမယ်နော်
✍️✍️Unreal condition ဆိုတာ
အတိတ်မှာ တကယ်မဖြစ်ခဲ့ တဲ့ အရာတွေကိုပြန်ပြောတဲ့အခါမှာ
အတိတ်မှာ တစ်ခုခု လုပ်ဆောင်ခဲ့လို့ နောင်တရတာ သို့မဟုတ် မလုပ်ခဲ့လိုက်ရလို့ နောင်တရတာကို ပြောချင်တဲ့အခါ ဒီ grammer လေးသုံးပါတယ်
👉If Clause+past perfect(မဖြစ်ခဲ့တဲ့ မလုပ်ခဲ့တဲ့ အကြောင်းအရာ)စာကြောင်းကို
Main Clause+would have/would not have +Verb 3(အကျိုးရလဒ်)စာကြောင်းနဲ့ တွဲသုံးပါမယ်
✅✅ဥပမာ-မင်းဒီမနက်က စောစောထခဲ့မယ်ဆိုရင် မင်းအတန်းနောက်ကျမှာမဟုတ်ဘူး
ဒီအခြေနေမှာဆို မနက်က သူစောစောမထဖြစ်လိုက်ပါဘူးတကယ်လို့ သူစောစောထဖြစ်ခဲ့မယ်ဆ်ိုတဲ့ စာကြောင်းကို If နဲ့ တွဲသုံးပါမယ်
အကျိုးရလဒ်အနေနဲ့ အတန်း မနောက်ကျတော့ပါဘူးဆိုတဲ့ စာကြောင်းကို Main clause အနေနဲ့ သုံးပါမယ်
❌Eg.If you had got up earlier,you would not have missed the class.
တကယ်လို့ နင့်ဖုန်းနံပါတ်ကိုသာငါသိခဲ့မယ်ဆိုရင် ငါနင့်ကို ဆက်သွယ်ခဲ့မှာပေါ့
❌Eg.If I had known your mobile number,I would have contacted you
တကယ်လို့ သူမသာ လေ့ကျင့်ခန်းပဲုမှန်လုပ်ခဲ့မယ်ဆို သူမ ကိုယ်အလေးချိန်ကျသွားခဲ့မှာ
❌Eg.If she had regularly done physical exercises ,she would have lost some weight
တကယ်လို့မြမြသာမနှောင့်ယှက်ခဲ့ဘူးဆိုရင် သူအိမ်စာ အားလုံးပြီးခဲ့မှာ
❌Eg.If Mya Mya had not disturbed him,he would have finished all homework
အကယ်ရျ်သူမသာအပင်တွေရေလောင်းခဲ့မယ်ဆို သူတို့သေမှာမဟုတ်ဘူး
❌Eg.If she had watered the plants,they wouldn't have died.
အကယ်ရျ်သူမစာပိုကျက်ခဲ့မယ်ဆိုရင် သူမစာမေးပွဲအောင်လိမ့်မယ်
❌Eg.If she had studied more,she would have passed the exam.
အကယ်ရျ် မင်းဂရုတစိုက်မောင်းခဲ့မယ်ဆိုရင် မင်း မတော်တဆမှု ဖြစ်ခဲ့မှာ မဟုတ်ဘူး
❌Eg.If you had driven carefully,you wouldn't have had an accident.
အကယ်ရျ် သူမထီးယူသွားခဲ့မယ်ဆိုရင် သူမ အအေးမိမှာ မဟုတ်တော့ဘူး
❌Eg.If she had taken an umbrella,she wouldn't have caught a cold.
‼️Examples လေးတွေ comment မှာ ချန်ထားခဲ့ပေးပါနော်
⁉️မေးချင်တဲ့စာကြောင်းလေးတွေလည်းမေးနိုင်ပါတယ်ရှင့်
Have a great day