Foundation Online International School - FOIS

Share

A premium online international school which teaches UK curriculum in the local language (Burmese)

26/10/2023

Enroll Now! 🍂 Our office is at Level 6, No. 636, Hledan Centre. Come visit us.

FOIS မှ ကျောင်းအပ်လက်ခံလျှက်ရှိပါသည်။ Primary 1 မှ IGCSE ( မြန်မာအခေါ် သူငယ်တန်းမှ ဆယ်တန်း) အထိ Waiting List တွင် စာရင်းပေးသွင်းလိုပါက လင့်ခ်ကို နှိပ်၍ စာရင်းပေးသွင်းနိုင်ပါသည်။ ။ https://forms.gle/KvUVHBBeC2gZXj9m6

သိရှိလိုသည်များကို မေးမြန်းစုံစမ်းလိုပါက 09 880 916293 သို့ ဆက်သွယ်နိုင်ပါသည်။

03/10/2023

၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်အတွက် Foundation Online International School (FOIS) ၏ Direction Educational Advisory Programme (DEAP) မိတ်‌ဆက်

Direction Educational Advisory Programme ဆိုသည်မှာ လူငယ်များနှင့် မိဘတို့အား အကြံညဏ်အထောက်အပံ (Support) ပေးရန်ရည်ရွယ်၍ ဖန်တီးပေးထားသော programme တစ်ခုဖြစ်ပါသည်။ ပညာ‌ရေးနှင့် အထွေထွေအနာဂတ်အတွက် ဆွေးနွေးတိုင်ပင်နိုင်ပါသည်။

Direction Educational Advisory Programme ၏ ဝန်ဆောင်မှု့များ

1️⃣ မိဘများအနေဖြင့် မိမိတို့သား/သမီး၏ ပညာရေးနှင့် အထွေထွေအနာဂတ်အတွက် ဆွေးနွေးတိုင်ပင်နိုင်ခြင်း။

2️⃣ မိဘများ၏ ရင်ဖွင့်သံအားအပြည့်အဝ နားဆင်ပေး၍ ပြည့်ဝကောင်းမွန်သော အကြံဉာဏ်များပေးခြင်း။

3️⃣ ကလေး၊ လူငယ်တို့၏ အပြုအမူနှင့် စိတ်ပိုင်းဆိုင်ရာ ဖွံဖြိုးတိုးတက်မှု့အတွက် ဆွေးနွေးတိုင်ပင်နိုင်ခြင်း။

4️⃣ စာသင်သားတို့ စာလေ့လာရာတွင် ကြုံတွေ့ရသော အခက်အခဲ (Learning Difficulty) အား ကူညီဖြေရှင်းပေးခြင်း

5️⃣ ပညာ‌ရေးစီမံကိန်း (Educational Planning) အား ဆွေးနွေးတိုင်ပင်၍ ရေးဆွဲပေးခြင်း။

6️⃣ ပညာ‌ရေးစီမံကိန်းအထမြောက်စေရန် ငွေကြေးစီမံကိန်းကိုပါ ဆွေးနွေးတိုင်ပင်၍ ရေးဆွဲပေးခြင်း။

7️⃣ ကောလိပ်၊ တက္ကသိုလ်သို့မသွားမီ အသက်မွေးဝမ်းကျောင်းအတွက် အလုပ်အကိုင်စီမံကိန်း (Career Planning) အား‌ ဆွေးနွေးတိုင်ပင်၍ ရေးဆွဲပေးခြင်း။

8️⃣ လူငယ်များအနေဖြင့် ပြည်ပသို့ပညာတော်သင်မသွားမီ ပြည်ပတွင် ကြုံတွေ့ရမည်များနှင့် ပက်သက်၍ မေးခွန်းများမေးမြန်းနိုင်ခြင်း။

9️⃣ လူငယ်တို့ကြုံတွေ့ရလေ့ရှိသည့် အထွေထွေပြဿနာ (ဥပမာ - ဂိမ်းစွဲခြင်း၊ Social Media အား ရက်စဉ်ရက်ဆက် မအိပ်မနေ အသုံးပြုခြင်း၊ အစရှိသဖြင့်) တို့အား ရင်ဖွင့်ဆွေးနွေးတိုင်ပင်ကာ အပြည့်အဝကောင်းမွန်သော အကြံဉာဏ်များပေးခြင်း။

1️⃣0️⃣ အခြားသော ‌‌ဆွေးနွေးတိုင်ပင်မှု့များ။

Advisory Session အတွက် လူချင်းတွေ့ဆုံဆွေးနွေးလိုသည် ဖြစ်စေ၊ အွန်လိုင်း (Online) မှ တွေ့ဆုံဆွေးနွေးလိုသည် ဖြစ်စေ Appointment/Booking ရယူလိုပါက လင့်ခ်ကို နှိပ်၍ Form ဖြည့်ကာ ရယူနိုင်ပါသည်။ ။ https://forms.gle/n3aXnWjd3NZMhRyv5

မေးမြန်းစုံစမ်းလိုပါက 09 880 916293 သို့ ဆက်သွယ်နိုင်ပါသည်။

ဆွေးနွေးတိုင်ပင်ခြင်းအတွက် အခမဲ့မဟုတ်‌သော်လည်း ကျသင့်ငွေသတ်မှတ်ထားခြင်းမရှိပါ။ ကျသင့်ငွေအား မိမိစိတ်တိုင်းကျသတ်မှတ်ကာ ပေးသွင်းနိုင်ပါသည်။ ဤသို့ စီစဉ်ပေးရခြင်းမှာ မေတ္တာဖလှယ်ရန်ဖြစ်ပြီး “တစ်ဦးကမေတ္တာ၊ တစ်ဦးကစေတနာ” ဟူသော အဓိပ္ပာယ်သက်‌ရောက်စေရန်ဖြစ်ပါသည်။

Direction Educational Advisory Programme (DEAP) သည် ၂၀၂၄ ခုနှစ်၊ ဇွန်လကုန် အထိ အသက်ဝင်နေမည် ဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်ပါ၏။

22/09/2023

နိုင်ငံရပ်ခြားရှိ ကောလိပ်၊ တက္ကသိုလ်များတွင် မြန်မာလူငယ်ဟူ၍ “ပညာရဲရင့်ပွဲလယ်တင့်” နိုင်စေရန် Foundation Online International School (FOIS) မှ ပြုစု‌ပျိုးထောင်ပေးမည်ဟု အစဉ်တစိုက်ရည်သန်လျှက်ရှိပါသည်။ ယခုအခါတွင် FOIS မှ IGCSE Studies အား အောက်တိုဘာလ ၂၁ ရက် နေ့တွင် Oct Intake စတင်တော့မည်ဖြစ်ကြောင်း သတင်းစကားပါးလိုပါသည်။ စာရင်းပေးသွင်းလိုပါက လင့်ခ်ကို နှိပ်၍ စာရင်းပေးသွင်းနိုင်ပါသည်။ ။ https://forms.gle/KvUVHBBeC2gZXj9m6

Foundation Online International School (FOIS) အား အဘယ်ကြောင့်ရွေးချယ်သင့်သနည်း။

1️⃣ ၂၁ ရာစု၏ မြန်မာလူကျော်များဖြစ်လိုသော စိတ်ဆန္ဒရှိခြင်း။

2️⃣ ၂၁ ရာစု မြန်မာလူငယ်များ၏ပညာရေးအတွက် ကြိုးပမ်းအားထုတ်လိုသော ဆရာ၊ ဆရာမတို့နှင့် ပညာဆည်းပူးလိုခြင်း။

3️⃣ ပညာရေးအမှူးရှိသည့် အထွေထွေမျှော်လင့်ချက်တို့အား မြေကောင်းတွင် ပြုစုပျိုးထောင်လိုခြင်း။

4️⃣ အင်္ဂလိပ်သာသာဖြင့်ရေးသားထားသော နိုင်ငံတကာသင်ရိုးညွှန်းတမ်းဖြစ်သည့် Edexcel Curriculumn အား မြန်မာစကားဖြင့် ထိရောက်ကောင်းမွန်စွာ သင်ကြားပေးခြင်း။

5️⃣ စာသင်ခန်းတစ်ခန်းကို ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၆ ဦး ဖြင့်သာ စီစဉ်ဖွဲ့စည်းပေးခြင်း။

6️⃣ အတန်းဖော်များနှင့် ညီအစ်ကို၊ ညီအစ်မ၊ မောင်နှမ များကဲ့သို့ ရင်းနှီးလိုပြီး IGCSE Studies မှသည် နောင်နှစ်ပေါင်းများစွာတိုင်အောင် စိတ်ဓာတ်ခွန်အားများရရှိလိုခြင်း။

7️⃣ ကျောင်းသား/သူ တစ်ဦးချင်းစီနှင့် ဆွေးနွေးကာ Study-Life မျှတရေးအတွက် အချိန်စီမံခန့်ခွဲမှု့အား ပူးပေါင်းဆောင်ရွက်ပေးခြင်း။

8️⃣ မိတ်ဆွေ၏စိတ်ဓာတ်နှင့်တကွ အသင်းအဖွဲ့စိတ်ဓာတ်ဖွံဖြိုးလိုခြင်း။

9️⃣ ခေါင်းဆောင်၏စိတ်ဓာတ်ဖွံဖြိုးလိုခြင်း (ခေါင်းဆောင်ဖြစ်လိုသူများအတွက်)။

1️⃣0️⃣ ကျောင်းသား/သူ တို့၏ ပညာရေး၊ အထွေထွေအနာဂတ်နှင့်စပ်လျှဉ်း၍ မိဘများ၊ ကျောင်းသား၊ ကျောင်းသူများ၊ နှင့် ဆရာ၊ ‌‌‌ဆရာမတို့အား မိတ်ဆွေအဖြစ် အစဉ်တစိုက်ရှေးရှု့သူ School Director နှင့် လိုအပ်သည့်အခါတိုင်းတွင် ဆွေးနွေးတိုင်ပင်နိုင်ခြင်း။

ကျောင်းသား/သူတို့၏ ပညာရေးနှင့် အထွေထွေအနာဂတ်တို့အတွက် စိ‌တ်အေးလိုပါက FOIS နှင့်အတူ ပညာရေးခရီးစဉ်အား လျှောက်လှမ်းနိုင်ရန် ဖိတ်ခေါ်ပါ၏။ စာရင်းပေးသွင်းလိုပါက လင့်ခ်ကို နှိပ်၍ စာရင်းပေးသွင်းနိုင်ပါသည်။ ။ https://forms.gle/KvUVHBBeC2gZXj9m6

သိရှိလိုသည်များကို မေးမြန်းစုံစမ်းလိုပါက 09 880 916293 သို့ ဆက်သွယ်နိုင်ပါသည်။

03/09/2023

Foundation Online International School (FOIS) အကြောင်းသိကောင်းစရာ

1️⃣ FOIS သည် ၂၁ ရာစု၏ မြန်မာလူကျော်များ မွေးထုတ်ပေးရာအရပ် ဖြစ်အံ။

2️⃣ FOIS သည် ၂၁ ရာစု မြန်မာလူငယ်များ၏ပညာရေးအတွက် ကြိုးပမ်းအားထုတ်လိုသော ဆရာ၊ ဆရာမတို့၏ ဌာနေဖြစ်အံ။

3️⃣ FOIS သည် မိဘတို့၏ ရင်သွေးငယ်တို့အတွက် ပညာရေးမျှော်လင့်ချက်အား ပြုစုပျိုးထောင်ပေးသော မြေကောင်းဖြစ်၏။

4️⃣ FOIS သည် ကျောင်းသား၊ ကျောင်းသူတို့အား ရှေးရှု့သော ကျောင်းအဖွဲ့အစည်းဖြစ်၏။

5️⃣ FOIS သည် စာသင်ခန်းတစ်ခန်းကို ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၆ ဦး ဖြင့်သာ စီစဉ်ဖွဲ့စည်းပြီး သင်ကြားရေးအား ပို၍ ထိရောက်စေ၏။

6️⃣ FOIS သည် ကျောင်းသား၊ ကျောင်းသူများကို ညီအစ်ကို၊ ညီအစ်မ၊ မောင်နှမ များကဲ့သို့ ရင်းနှီးစေပြီး အသင်းအဖွဲ့စိတ်ဓာတ်ဖွံဖြိုးရန် ထောက်ပံပေး၏။

7️⃣ FOIS သည် အင်္ဂလိပ်သာသာဖြင့်ရေးသားထားသော နိုင်ငံတကာသင်ရိုးညွှန်းတမ်း (UK Curriculum) အားမြန်မာစကားဖြင့် ထိရောက်ကောင်းမွန်စွာ သင်ကြားပေး၏။

8️⃣ FOIS သည် ဘာသာရပ်တစ်ခုစီအား တစ်ပတ်လျှင် (၆) ချိန် ‌သင်ကြားပေး၏။

9️⃣ FOIS သည် သုံးချိန်ကျောင်းဖြစ်၏။ စာသင်ရက်မှာ တနင်္လာနေ့ မှ စနေနေ့ အထိ ဖြစ်သည်။ မနက်ခင်းကျောင်း (မနက် ၇ နာရီ မှ မနက် ၁၁ နာရီ ၁၁ မီနစ် အထိ)၊ နေ့လည်ခင်းကျောင်း (နေ့ခင်း ၁ နာရီ မှ ညနေခင်း ၅ နာရီ ၁၁ မီနစ်အထိ)၊ ညကျောင်း (ညနေခင်း ၆ နာရီ မှ ည ၁၀ နာရီ ၁၁ မီနစ် အထိ) ဟူ၍ အချိန်ပိုင်းသုံပိုင်းရှိသည်။

1️⃣0️⃣ FOIS ၏ ပညာရေးအယူအဆမှာ စာမေးပွဲတွင် အမှတ်ကောင်း၍ ထူးချွန်ယုံမျှသာမက သုတကြွယ်၍ ပညာရွှင်ရေးကိုလည်း အလေးထားခြင်းဖြစ်၏။ ထို့ပြင် ပညာသင်ကြားခြင်းသည် ဦးနှောက်ကြံခိုင်ရေးအတွက်ချည်းသာမက နှလုံးသားဖွံဖြိုးရေးအတွက်လည်းဖြစ်ရမည်ဟုလည်း လက်ကိုင်ထားလျှက်ရှိ၏။

1️⃣1️⃣ FOIS သည် ၁၉၅၀ နှစ် ဝန်းကျင်တွင် ရရှိခဲ့သော အဆီအနှစ်ပြည့်ဝသည့် ပညာရေးအငွေ့အသက်ဝန်းရံလျှက် ၂၁ ရာစု၏ နိုင်ငံတကာပညာရေးကို ပေးစွမ်းလျှက်ရှိ၏။

1️⃣2️⃣ ကျောင်းသား/ကျောင်းသူတို့အား မောင်ရင်/မယ် ဟူ၍ ရှေးဆန်စွာခေါ်ဝေါသော ကျောင်းလည်းဖြစ်သည်။

===================
FOIS မှ ကျောင်းအပ်လက်ခံလျှက်ရှိသည်။ Primary 1 မှ IGCSE အထိ Waiting List တွင် စာရင်းပေးသွင်းလိုပါက လင့်ခ်ကို နှိပ်၍ စာရင်းပေးသွင်းနိုင်ပါသည်။ ။ https://forms.gle/KvUVHBBeC2gZXj9m6

သိရှိလိုသည်များကို မေးမြန်းစုံစမ်းလိုပါက 09 880 916293 သို့ ဆက်သွယ်နိုင်ပါသည်။

20/08/2023

သင်ခန်းစာ (၉၂) ။ ။ အာမေဋိတ် အကြောင်းသိကောင်းစရာ နှင့် ၎င်းအား အသုံပြုပုံ

အာမေဋိတ် (Interjection) ဆိုသည်မှာ အံ့သြမှု၊ သို့မဟုတ် ထိတ်လန့်တုန်လှုပ်မှုကို ပြသော စကားလုံးဖြစ်သည်။ ၎င်း စကားလုံးတို့၏ အနောက်၌ အံ့သြမှုပြ၊ သို့မဟုတ် ထိတ်လန့်တုန်လှုပ်မှုပြ သင်္ကေတ Exclamation mark (!) ကို မဖြစ်မနေထည့်ပေးရမည်။ ထိုမှသာလျှင် အာမေဋိတ်၏အဓိပ္ပာယ် ပြည့်စုံပေလိမ့်မည်။ အာမေဋိတ်(၅)မျိုးရှိသည်။ ၎င်းတို့မှာ

(၁) ပျော်ရွှင်မှုပြ အာမေဋိတ် (ဥပမာ ။ ။ “Hizza!”, “Hurrah!”)

(၂) ဝမ်းနည်းအံ့သြမှုပြ အာမေဋိတ် (ဥပမာ ။ ။ “Alas!”)

(၃) အံ့သြမှုပြ အာမေဋိတ် (ဥပမာ ။ ။ “Ha!”)

(၄) ဝမ်းမြောက်မှုပြ အာမေဋိတ် (ဥပမာ ။ ။ “Aha!”)

(၅) နာကျင်မှုပြ အာမေဋိတ် (ဥပမာ ။ ။ “Ow!”) တို့ဖြစ်ကြသည်။

ဖော်ပြခဲ့ပြီးသော “Hurrah!”, “Huzza!”, “Alas!”, “Ha!”, “Aha!”, “What!”, “Bravo!”, “Owl” အစရှိသည့် စကားလုံးတို့သည် အာမေဋိတ်သီးသန့်စကားလုံးများ ဖြစ်ကြသည်။ သို့သော် အာမေဋိတ်သီးခြားမဟုတ်သော စကားလုံးတို့အား Exclamation mark ကို အသုံးပြု၍ အာမေဋိတ်အ‌ငွေ့အသက်ရအောင် ပြုလုပ်နိုင်သေးတယ်။

ဥပမာ။ ။ For shame! Well done! Good gracious! Oh my goodness! Moron!

စာချပ် ။ ။ အံသြမှုပြ သင်္ကေတ (Exclamation mark - !) သည် Full stop ကဲ့သို့ “စာကြောင်း၏အဆုံးကိုရောက်ပြီဟေ့” ဟု ကြောငြာသော သဘောရှိသည်။

=========================

FOIS မှ ကျောင်းအပ်လက်ခံလျှက်ရှိသည်။ Primary 1 မှ IGCSE အထိ Waiting List တွင် စာရင်းပေးသွင်းလိုပါက လင့်ခ်ကို နှိပ်၍ စာရင်းပေးသွင်းနိုင်ပါသည်။ ။ https://forms.gle/KvUVHBBeC2gZXj9m6

သိရှိလိုသည်များကို မေးမြန်းစုံစမ်းလိုပါက 09 880 916293 သို့ ဆက်သွယ်နိုင်ပါသည်။

=========================

Foundation Online International School (FOIS) အကြောင်းသိကောင်းစရာ

1️⃣ FOIS သည် ၂၁ ရာစု၏ မြန်မာလူကျော်များ မွေးထုတ်ပေးရာအရပ် ဖြစ်အံ။

2️⃣ FOIS သည် ၂၁ ရာစု မြန်မာလူငယ်များ၏ပညာရေးအတွက် ကြိုးပမ်းအားထုတ်လိုသော ဆရာ၊ ဆရာမတို့၏ ဌာနေဖြစ်အံ။

3️⃣ FOIS သည် မိဘတို့၏ ရင်သွေးငယ်တို့အတွက် ပညာရေးမျှော်လင့်ချက်အား ပြုစုပျိုးထောင်ပေးသော မြေကောင်းဖြစ်၏။

4️⃣ FOIS သည် ကျောင်းသား၊ ကျောင်းသူတို့အား ရှေးရှု့သော ကျောင်းအဖွဲ့အစည်းဖြစ်၏။

5️⃣ FOIS သည် စာသင်ခန်းတစ်ခန်းကို ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၆ ဦး ဖြင့်သာ စီစဉ်ဖွဲ့စည်းပြီး သင်ကြားရေးအား ပို၍ ထိရောက်စေ၏။

6️⃣ FOIS သည် ကျောင်းသား၊ ကျောင်းသူများကို ညီအစ်ကို၊ ညီအစ်မ၊ မောင်နှမ များကဲ့သို့ ရင်းနှီးစေပြီး အသင်းအဖွဲ့စိတ်ဓာတ်ဖွံဖြိုးရန် ထောက်ပံပေး၏။

7️⃣ FOIS သည် အင်္ဂလိပ်သာသာဖြင့်ရေးသားထားသော နိုင်ငံတကာသင်ရိုးညွှန်းတမ်း (UK Curriculum) အားမြန်မာစကားဖြင့် ထိရောက်ကောင်းမွန်စွာ သင်ကြားပေး၏။

8️⃣ FOIS သည် ဘာသာရပ်တစ်ခုစီအား တစ်ပတ်လျှင် (၆) ချိန် ‌သင်ကြားပေး၏။

9️⃣ FOIS သည် သုံးချိန်ကျောင်းဖြစ်၏။ စာသင်ရက်မှာ တနင်္လာနေ့ မှ စနေနေ့ အထိ ဖြစ်သည်။ မနက်ခင်းကျောင်း (မနက် ၇ နာရီ မှ မနက် ၁၁ နာရီ ၁၁ မီနစ် အထိ)၊ နေ့လည်ခင်းကျောင်း (နေ့ခင်း ၁ နာရီ မှ ညနေခင်း ၅ နာရီ ၁၁ မီနစ်အထိ)၊ ညကျောင်း (ညနေခင်း ၆ နာရီ မှ ည ၁၀ နာရီ ၁၁ မီနစ် အထိ) ဟူ၍ အချိန်ပိုင်းသုံပိုင်းရှိသည်။

1️⃣0️⃣ FOIS ၏ ပညာရေးအယူအဆမှာ စာမေးပွဲတွင် အမှတ်ကောင်း၍ ထူးချွန်ယုံမျှသာမက သုတကြွယ်၍ ပညာရွှင်ရေးကိုလည်း အလေးထားခြင်းဖြစ်၏။ ထို့ပြင် ပညာသင်ကြားခြင်းသည် ဦးနှောက်ကြံခိုင်ရေးအတွက်ချည်းသာမက နှလုံးသားဖွံဖြိုးရေးအတွက်လည်းဖြစ်ရမည်ဟုလည်း လက်ကိုင်ထားလျှက်ရှိ၏။

1️⃣1️⃣ FOIS သည် ၁၉၅၀ နှစ် ဝန်းကျင်တွင် ရရှိခဲ့သော အဆီအနှစ်ပြည့်ဝသည့် ပညာရေးအငွေ့အသက်ဝန်းရံလျှက် ၂၁ ရာစု၏ နိုင်ငံတကာပညာရေးကို ပေးစွမ်းလျှက်ရှိ၏။

1️⃣2️⃣ ကျောင်းသား/ကျောင်းသူတို့အား မောင်ရင်/မယ် ဟူ၍ ရှေးဆန်စွာခေါ်ဝေါသော ကျောင်းလည်းဖြစ်သည်။

20/08/2023

သင်ခန်းစာ (၉၁) ။ ။ စကားဆက်အား အဘယ်ကြောင့် အသုံးပြုရသနည်း။

ယခုလောက်ဆိုလျှင် စကားဆက်တို့၏ လုပ်ဆောင်ချက်ကို ရှင်းလင်းစွာသိရှိပြီးသည့် တစ်ကာလ စကားဆက်ကို အဘယ်ကြောင့်အသုံးပြုရသည်ကို ရိပ်မိကြလိမ့်မည်ဟု ယူဆပါသည်။ စကားဆက်ကိုအသုံးပြုရခြင်းအကြောင်းနှစ်ခုရှိပါသည်။

ပ-အကြောင်းအရင်း ။ ။ မဖြစ်မနေလိုအပ်၍ အသုံးပြုရခြင်း

ဒု-အကြောင်းအရင်း ။ ။ စာကြောင်းများအား ကျစ်လစ်သိပ်သည်းစေရန် အဟုငှာ ပေါင်းစု၍ ရေးသားလိုခြင်း

=========================

FOIS မှ ကျောင်းအပ်လက်ခံလျှက်ရှိသည်။ Primary 1 မှ IGCSE အထိ Waiting List တွင် စာရင်းပေးသွင်းလိုပါက လင့်ခ်ကို နှိပ်၍ စာရင်းပေးသွင်းနိုင်ပါသည်။ ။ https://forms.gle/KvUVHBBeC2gZXj9m6

သိရှိလိုသည်များကို မေးမြန်းစုံစမ်းလိုပါက 09 880 916293 သို့ ဆက်သွယ်နိုင်ပါသည်။

=========================

Foundation Online International School (FOIS) အကြောင်းသိကောင်းစရာ

1️⃣ FOIS သည် ၂၁ ရာစု၏ မြန်မာလူကျော်များ မွေးထုတ်ပေးရာအရပ် ဖြစ်အံ။

2️⃣ FOIS သည် ၂၁ ရာစု မြန်မာလူငယ်များ၏ပညာရေးအတွက် ကြိုးပမ်းအားထုတ်လိုသော ဆရာ၊ ဆရာမတို့၏ ဌာနေဖြစ်အံ။

3️⃣ FOIS သည် မိဘတို့၏ ရင်သွေးငယ်တို့အတွက် ပညာရေးမျှော်လင့်ချက်အား ပြုစုပျိုးထောင်ပေးသော မြေကောင်းဖြစ်၏။

4️⃣ FOIS သည် ကျောင်းသား၊ ကျောင်းသူတို့အား ရှေးရှု့သော ကျောင်းအဖွဲ့အစည်းဖြစ်၏။

5️⃣ FOIS သည် စာသင်ခန်းတစ်ခန်းကို ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၆ ဦး ဖြင့်သာ စီစဉ်ဖွဲ့စည်းပြီး သင်ကြားရေးအား ပို၍ ထိရောက်စေ၏။

6️⃣ FOIS သည် ကျောင်းသား၊ ကျောင်းသူများကို ညီအစ်ကို၊ ညီအစ်မ၊ မောင်နှမ များကဲ့သို့ ရင်းနှီးစေပြီး အသင်းအဖွဲ့စိတ်ဓာတ်ဖွံဖြိုးရန် ထောက်ပံပေး၏။

7️⃣ FOIS သည် အင်္ဂလိပ်သာသာဖြင့်ရေးသားထားသော နိုင်ငံတကာသင်ရိုးညွှန်းတမ်း (UK Curriculum) အားမြန်မာစကားဖြင့် ထိရောက်ကောင်းမွန်စွာ သင်ကြားပေး၏။

8️⃣ FOIS သည် ဘာသာရပ်တစ်ခုစီအား တစ်ပတ်လျှင် (၆) ချိန် ‌သင်ကြားပေး၏။

9️⃣ FOIS သည် သုံးချိန်ကျောင်းဖြစ်၏။ စာသင်ရက်မှာ တနင်္လာနေ့ မှ စနေနေ့ အထိ ဖြစ်သည်။ မနက်ခင်းကျောင်း (မနက် ၇ နာရီ မှ မနက် ၁၁ နာရီ ၁၁ မီနစ် အထိ)၊ နေ့လည်ခင်းကျောင်း (နေ့ခင်း ၁ နာရီ မှ ညနေခင်း ၅ နာရီ ၁၁ မီနစ်အထိ)၊ ညကျောင်း (ညနေခင်း ၆ နာရီ မှ ည ၁၀ နာရီ ၁၁ မီနစ် အထိ) ဟူ၍ အချိန်ပိုင်းသုံပိုင်းရှိသည်။

1️⃣0️⃣ FOIS ၏ ပညာရေးအယူအဆမှာ စာမေးပွဲတွင် အမှတ်ကောင်း၍ ထူးချွန်ယုံမျှသာမက သုတကြွယ်၍ ပညာရွှင်ရေးကိုလည်း အလေးထားခြင်းဖြစ်၏။ ထို့ပြင် ပညာသင်ကြားခြင်းသည် ဦးနှောက်ကြံခိုင်ရေးအတွက်ချည်းသာမက နှလုံးသားဖွံဖြိုးရေးအတွက်လည်းဖြစ်ရမည်ဟုလည်း လက်ကိုင်ထားလျှက်ရှိ၏။

1️⃣1️⃣ FOIS သည် ၁၉၅၀ နှစ် ဝန်းကျင်တွင် ရရှိခဲ့သော အဆီအနှစ်ပြည့်ဝသည့် ပညာရေးအငွေ့အသက်ဝန်းရံလျှက် ၂၁ ရာစု၏ နိုင်ငံတကာပညာရေးကို ပေးစွမ်းလျှက်ရှိ၏။

1️⃣2️⃣ ကျောင်းသား/ကျောင်းသူတို့အား မောင်ရင်/မယ် ဟူ၍ ရှေးဆန်စွာခေါ်ဝေါသော ကျောင်းလည်းဖြစ်သည်။

20/08/2023

သင်ခန်းစာ (၉၀) ။ ။ စကားဆက် အကြောင်းသိကောင်းစရာ နှင့် ၎င်းအား အသုံပြုပုံ

စကားဆက် (Conjunction) ဆိုသည်၌ စကားလုံးနှစ်လုံးကိုသော်လည်းကောင်း၊ သို့မဟုတ် စကားစုနှစ်စုကို သော်လည်းကောင်း၊ သို့မဟုတ် စာကြောင်းနှစ်ကြောင်းကိုသော်လည်းကောင်း ဆက်သွယ်ပေးထားသော စကားလုံးဖြစ်သည်။

Coordinating conjunctions များဖြစ်ကြသည့် “For”, “And”, “Nor”, “But”, “Or”, “Yet”, “So” အစရှိသည့် စကားဆက်(၇)လုံးနှင့် မိတ်ဆက်ပေးထားပြီး ထို(၇)လုံးအနက် အဓိကစကားဆက်ဖြစ်သည့် “And” နှင့် “But” အကြောင်းကို အသားပေးလေ့လာသွားကြမည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့၏ လုပ်ဆောင်ချက်များကို ထဲထဲဝင်ဝင် သိထားပါက ကျန် (၅) လုံး အကြောင်းပါ တစ်ပါတည်းသိသွားမည်ဖြစ်သည်။ ဖော်ပြခဲ့သော “Coordinating conjunctions” ကို “FANBOYS” ဟု အောက်ပါအတိုင်း အလွယ်တူ အတိုကောက် မှတ်ထားနိုင်ပါသည်။ F – For, A – And, N – Nor, B – But, O – Or, Y – Yet, S – So.

ရှေးဦးစွာ စာကြောင်းနှစ်ကြောင်းကို စကားဆက်ဖြင့် ဆက်သွယ်ပေးပုံကို ဥပမာပြပါမည်။ စကားဆက် “And” သည် စာကြောင်း၏ မည်သည့်နေရာတွင်ဖြစ်စေ “နှင့်” ဟု အဓိပ္ပာယ်ရသည်။ ထိုနည်းတူစွာ စကားဆက် “But” သည် မည်သည့်နေရာတွင်ဖြစ်စေ “ဒါပေမဲ့/ သို့သော်လည်း” ဟု အဓိပ္ပာယ်ရပါသည်။ အောက်ဖော်ပြပါ ဥပမာစာကြောင်းများကို လေ့လာကြည့်ကြပါစို့။

ဥပမာစာကြောင်း (၁) ။ ။ My youngest son is 18 years old this year.

ဥပမာစာကြောင်း (၂) ။ ။ He is a university student.

ဥပမာစာကြောင်း (၁) နှင့် (၂) ကို စကားဆက် “And” ဖြင့် ဆက်လိုက်သောအခါ ဥပမာစာကြောင်း (၃) ဖြစ်လာသည်။

ဥပမာစာကြောင်း (၃) ။ ။ My youngest son is 18 years old this year, and he is a university student.

ဥပမာစာကြောင်း (၄) ။ ။ He is little.

ဥပမာစာကြောင်း (၅) ။ ။ He is strong.

ဥပမာစာကြောင်း (၄) နှင့် (၅) ကို စကားဆက် “But” ဖြင့် ဆက်လိုက်သောအခါ ဥပမာစာကြောင်း (၆) ဖြစ်လာသည်။

ဥပမာစာကြောင်း (၆) ။ ။ He is little, but he is strong.

ဥပမာစာကြောင်း (၇) ။ ။ You must not shout.

ဥပမာစာကြောင်း (၈) ။ ။ They will hurt you.

ဥပမာစာကြောင်း (၇) နှင့် (၈) ကို စကားဆက် “Or” ဖြင့် ဆက်လိုက်သောအခါ ဥပမာစာကြောင်း (၉) ဖြစ်လာသည်။

ဥပမာစာကြောင်း (၉) ။ ။ You must not shout, or they will hurt you.

ဒုတိယအနေဖြင့် စကားလုံးနှစ်လုံးကိုဆက်ရာ၌ စကားဆက် “And” ကို အောက်ပါအတိုင်း အသုံးပြုနိုင်သည်။

ဥပမာစာကြောင်း (၁၀) ။ ။ Coffee and love are best when they are hot.

တတိယအနေဖြင့် စကားစုနှစ်စုကိုဆက်ရာ၌ စကားဆက် “And” ကို အောက်ပါအတိုင်း အသုံးပြုနိုင်သည်။

ဥပမာစာကြောင်း (၁၁) ။ ။ I enjoy reading a book and having a coffee.

=========================

FOIS မှ ကျောင်းအပ်လက်ခံလျှက်ရှိသည်။ Primary 1 မှ IGCSE အထိ Waiting List တွင် စာရင်းပေးသွင်းလိုပါက လင့်ခ်ကို နှိပ်၍ စာရင်းပေးသွင်းနိုင်ပါသည်။ ။ https://forms.gle/KvUVHBBeC2gZXj9m6

သိရှိလိုသည်များကို မေးမြန်းစုံစမ်းလိုပါက 09 880 916293 သို့ ဆက်သွယ်နိုင်ပါသည်။

=========================

Foundation Online International School (FOIS) အကြောင်းသိကောင်းစရာ

1️⃣ FOIS သည် ၂၁ ရာစု၏ မြန်မာလူကျော်များ မွေးထုတ်ပေးရာအရပ် ဖြစ်အံ။

2️⃣ FOIS သည် ၂၁ ရာစု မြန်မာလူငယ်များ၏ပညာရေးအတွက် ကြိုးပမ်းအားထုတ်လိုသော ဆရာ၊ ဆရာမတို့၏ ဌာနေဖြစ်အံ။

3️⃣ FOIS သည် မိဘတို့၏ ရင်သွေးငယ်တို့အတွက် ပညာရေးမျှော်လင့်ချက်အား ပြုစုပျိုးထောင်ပေးသော မြေကောင်းဖြစ်၏။

4️⃣ FOIS သည် ကျောင်းသား၊ ကျောင်းသူတို့အား ရှေးရှု့သော ကျောင်းအဖွဲ့အစည်းဖြစ်၏။

5️⃣ FOIS သည် စာသင်ခန်းတစ်ခန်းကို ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၆ ဦး ဖြင့်သာ စီစဉ်ဖွဲ့စည်းပြီး သင်ကြားရေးအား ပို၍ ထိရောက်စေ၏။

6️⃣ FOIS သည် ကျောင်းသား၊ ကျောင်းသူများကို ညီအစ်ကို၊ ညီအစ်မ၊ မောင်နှမ များကဲ့သို့ ရင်းနှီးစေပြီး အသင်းအဖွဲ့စိတ်ဓာတ်ဖွံဖြိုးရန် ထောက်ပံပေး၏။

7️⃣ FOIS သည် အင်္ဂလိပ်သာသာဖြင့်ရေးသားထားသော နိုင်ငံတကာသင်ရိုးညွှန်းတမ်း (UK Curriculum) အားမြန်မာစကားဖြင့် ထိရောက်ကောင်းမွန်စွာ သင်ကြားပေး၏။

8️⃣ FOIS သည် ဘာသာရပ်တစ်ခုစီအား တစ်ပတ်လျှင် (၆) ချိန် ‌သင်ကြားပေး၏။

9️⃣ FOIS သည် သုံးချိန်ကျောင်းဖြစ်၏။ စာသင်ရက်မှာ တနင်္လာနေ့ မှ စနေနေ့ အထိ ဖြစ်သည်။ မနက်ခင်းကျောင်း (မနက် ၇ နာရီ မှ မနက် ၁၁ နာရီ ၁၁ မီနစ် အထိ)၊ နေ့လည်ခင်းကျောင်း (နေ့ခင်း ၁ နာရီ မှ ညနေခင်း ၅ နာရီ ၁၁ မီနစ်အထိ)၊ ညကျောင်း (ညနေခင်း ၆ နာရီ မှ ည ၁၀ နာရီ ၁၁ မီနစ် အထိ) ဟူ၍ အချိန်ပိုင်းသုံပိုင်းရှိသည်။

1️⃣0️⃣ FOIS ၏ ပညာရေးအယူအဆမှာ စာမေးပွဲတွင် အမှတ်ကောင်း၍ ထူးချွန်ယုံမျှသာမက သုတကြွယ်၍ ပညာရွှင်ရေးကိုလည်း အလေးထားခြင်းဖြစ်၏။ ထို့ပြင် ပညာသင်ကြားခြင်းသည် ဦးနှောက်ကြံခိုင်ရေးအတွက်ချည်းသာမက နှလုံးသားဖွံဖြိုးရေးအတွက်လည်းဖြစ်ရမည်ဟုလည်း လက်ကိုင်ထားလျှက်ရှိ၏။

1️⃣1️⃣ FOIS သည် ၁၉၅၀ နှစ် ဝန်းကျင်တွင် ရရှိခဲ့သော အဆီအနှစ်ပြည့်ဝသည့် ပညာရေးအငွေ့အသက်ဝန်းရံလျှက် ၂၁ ရာစု၏ နိုင်ငံတကာပညာရေးကို ပေးစွမ်းလျှက်ရှိ၏။

1️⃣2️⃣ ကျောင်းသား/ကျောင်းသူတို့အား မောင်ရင်/မယ် ဟူ၍ ရှေးဆန်စွာခေါ်ဝေါသော ကျောင်းလည်းဖြစ်သည်။

20/08/2023

သင်ခန်းစာ (၈၉)။ ။ Preposition အကြောင်းသိကောင်းစရာ

Preposition ဆိုသည်မှာ စကားလုံးနှစ်လုံးကြား၌ရှိသော ဆက်နွယ်မှုကိုပြသည့် စကားလုံးဖြစ်သည်။ Preposition ဆိုသည်မှာ “pre” နဲ့ “position” ကို ပေါင်းထားသည့် စကားလုံးဖြစ်သည်။ “Pre” ဆိုသည်မှာ “မတိုင်ခင်” ဟုအဓိပ္ပာယ်ရပြီး “Position” ဆိုသည်မှာ “နေရာချထားခြင်း” ဟု အဓိပ္ပာယ်ယူနိုင်သည်။ ထို့ကြောင့် Preposition ဆိုသည်မှာ “မတိုင်ခင်နေရာချထားခြင်း” ဟူ၍ ဖြစ်ပြီး ၄င်းကို Noun ၏ မတိုင်မီတွင် နေရာချထားရသည်။

အချို့သောစကားလုံးများ၏ အနောက်တွင်လိုက်ရန် ပုံသေသတ်မှတ်ထားသော preposition များလည်းရှိသေးသည်။ ၄င်းတို့ကို Words followed by fixed preposition ဟုခေါ်သည်။

ဥပမာအားဖြင့် နာမဝိသေသနဖြစ်သည့် “different” သည် ၎င်း၏အနောက်တွင် Noun(နာမ်) ကိုအသုံးပြုဖို့လိုအပ်ပါက ပုံသေသတ်မှတ်ထားသော preposition ကို ခံ၍ အသုံးပြုနိုင်သည်။ နာမဝိသေသနဖြစ်သည့် “different” အတွက် ပုံသေသတ်မှတ်ထားသော preposition မှာ “from” ဖြစ်သည်။

ဥပမာစာကြောင်း (၁) ။ ။ He is entirely different from his classmates.

ဥပမာအားဖြင့် ကြိယာဖြစ်သည့် “result” သည် ၎င်း၏အနောက်တွင် Noun(နာမ်) ကိုအသုံးပြုဖို့လိုအပ်ပါက ပုံသေသတ်မှတ်ထားသော preposition ကို ခံ၍ အသုံးပြုနိုင်သည်။ ကြိယာဖြစ်သည့် “result” အတွက် ပုံသေသတ်မှတ်ထားသော preposition မှာ “from” ဖြစ်သည်။

ဥပမာစာကြောင်း (၂) ။ ။ The marketing campaign resulted in an increase of sales.

=========================

FOIS မှ ကျောင်းအပ်လက်ခံလျှက်ရှိသည်။ Primary 1 မှ IGCSE အထိ Waiting List တွင် စာရင်းပေးသွင်းလိုပါက လင့်ခ်ကို နှိပ်၍ စာရင်းပေးသွင်းနိုင်ပါသည်။ ။ https://forms.gle/KvUVHBBeC2gZXj9m6

သိရှိလိုသည်များကို မေးမြန်းစုံစမ်းလိုပါက 09 880 916293 သို့ ဆက်သွယ်နိုင်ပါသည်။

=========================

Foundation Online International School (FOIS) အကြောင်းသိကောင်းစရာ

1️⃣ FOIS သည် ၂၁ ရာစု၏ မြန်မာလူကျော်များ မွေးထုတ်ပေးရာအရပ် ဖြစ်အံ။

2️⃣ FOIS သည် ၂၁ ရာစု မြန်မာလူငယ်များ၏ပညာရေးအတွက် ကြိုးပမ်းအားထုတ်လိုသော ဆရာ၊ ဆရာမတို့၏ ဌာနေဖြစ်အံ။

3️⃣ FOIS သည် မိဘတို့၏ ရင်သွေးငယ်တို့အတွက် ပညာရေးမျှော်လင့်ချက်အား ပြုစုပျိုးထောင်ပေးသော မြေကောင်းဖြစ်၏။

4️⃣ FOIS သည် ကျောင်းသား၊ ကျောင်းသူတို့အား ရှေးရှု့သော ကျောင်းအဖွဲ့အစည်းဖြစ်၏။

5️⃣ FOIS သည် စာသင်ခန်းတစ်ခန်းကို ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၆ ဦး ဖြင့်သာ စီစဉ်ဖွဲ့စည်းပြီး သင်ကြားရေးအား ပို၍ ထိရောက်စေ၏။

6️⃣ FOIS သည် ကျောင်းသား၊ ကျောင်းသူများကို ညီအစ်ကို၊ ညီအစ်မ၊ မောင်နှမ များကဲ့သို့ ရင်းနှီးစေပြီး အသင်းအဖွဲ့စိတ်ဓာတ်ဖွံဖြိုးရန် ထောက်ပံပေး၏။

7️⃣ FOIS သည် အင်္ဂလိပ်သာသာဖြင့်ရေးသားထားသော နိုင်ငံတကာသင်ရိုးညွှန်းတမ်း (UK Curriculum) အားမြန်မာစကားဖြင့် ထိရောက်ကောင်းမွန်စွာ သင်ကြားပေး၏။

8️⃣ FOIS သည် ဘာသာရပ်တစ်ခုစီအား တစ်ပတ်လျှင် (၆) ချိန် ‌သင်ကြားပေး၏။

9️⃣ FOIS သည် သုံးချိန်ကျောင်းဖြစ်၏။ စာသင်ရက်မှာ တနင်္လာနေ့ မှ စနေနေ့ အထိ ဖြစ်သည်။ မနက်ခင်းကျောင်း (မနက် ၇ နာရီ မှ မနက် ၁၁ နာရီ ၁၁ မီနစ် အထိ)၊ နေ့လည်ခင်းကျောင်း (နေ့ခင်း ၁ နာရီ မှ ညနေခင်း ၅ နာရီ ၁၁ မီနစ်အထိ)၊ ညကျောင်း (ညနေခင်း ၆ နာရီ မှ ည ၁၀ နာရီ ၁၁ မီနစ် အထိ) ဟူ၍ အချိန်ပိုင်းသုံပိုင်းရှိသည်။

1️⃣0️⃣ FOIS ၏ ပညာရေးအယူအဆမှာ စာမေးပွဲတွင် အမှတ်ကောင်း၍ ထူးချွန်ယုံမျှသာမက သုတကြွယ်၍ ပညာရွှင်ရေးကိုလည်း အလေးထားခြင်းဖြစ်၏။ ထို့ပြင် ပညာသင်ကြားခြင်းသည် ဦးနှောက်ကြံခိုင်ရေးအတွက်ချည်းသာမက နှလုံးသားဖွံဖြိုးရေးအတွက်လည်းဖြစ်ရမည်ဟုလည်း လက်ကိုင်ထားလျှက်ရှိ၏။

1️⃣1️⃣ FOIS သည် ၁၉၅၀ နှစ် ဝန်းကျင်တွင် ရရှိခဲ့သော အဆီအနှစ်ပြည့်ဝသည့် ပညာရေးအငွေ့အသက်ဝန်းရံလျှက် ၂၁ ရာစု၏ နိုင်ငံတကာပညာရေးကို ပေးစွမ်းလျှက်ရှိ၏။

1️⃣2️⃣ ကျောင်းသား/ကျောင်းသူတို့အား မောင်ရင်/မယ် ဟူ၍ ရှေးဆန်စွာခေါ်ဝေါသော ကျောင်းလည်းဖြစ်သည်။

19/08/2023

သင်ခန်းစာ (၈၈)။ ။ ကြိယာဝိသေသန တို့၏ အထားအသိုများ အနှစ်ချုပ်

ကြိယာဝိသေသနနှင့် ပတ်သက်၍ အနှစ်ချုပ်ကိုပြောပါဆိုလျှင် သုံးချက်ကို ပြောနိုင်ပါသည်။

ပ-အချက် ။ ။ ယေဘုယျအားဖြင့် ပင်မကြိယာသည် ကံမလိုသည့်ကြိယာဖြစ်လျှင် ကြိယာဝိသေသနကို ၎င်း၏အနောက်တွင်သော်လည်းကောင်း၊ အရှေ့တွင်သော်လည်းကောင်း သင့်လျှော်သလို ထားနိုင်ပါသည်။ ကံလိုကြိယာ (transitive verb) ဖြစ်မည်ဆိုလျှင် ၎င်းကြိယာ၏ object အနောက်မှာ ကြိယာဝိသေသနကို ထားနိုင်ပါသည်။

ဒု-အချက် ။ ။ အကယ်၍ နှစ်ခုထက်ပိုသော ကြိယာဝိသေသနများတို အသုံးပြုဖို့လိုလာသောအခါ အပြုအမူပြကြိယာဝိသေသနသည် ပထမဦးဆုံးနေရာတွင်ရှိရမည်၊ ပြီးလျှင် နေရာပြကြိယာဝိသေသနသည် ဒုတိယနေရာတွင်ရှိရမည်။ နောက်ဆုံးတွင် အချိန်ပြကြိယာဝိသေသန ရှိရမည်။

တ-အချက် ။ ။ Adverbs of frequency နှင့် သီးခြားသတ်မှတ်ထားသည့် ကြိယာဝိသေသနများဖြစ်ကြသည့် “almost”, “already”, “hardly”, “nearly”, “just” နှင့် “quite” တို့သည် သာမန်အားဖြင့် ပြုလုပ်သူ (subject) နှင့် ပင်မကြိယာကြားတွင် (ညှပ်၍) ထားလေ့ရှိသည်။

=========================

FOIS မှ ကျောင်းအပ်လက်ခံလျှက်ရှိသည်။ Primary 1 မှ IGCSE အထိ Waiting List တွင် စာရင်းပေးသွင်းလိုပါက လင့်ခ်ကို နှိပ်၍ စာရင်းပေးသွင်းနိုင်ပါသည်။ ။ https://forms.gle/KvUVHBBeC2gZXj9m6

သိရှိလိုသည်များကို မေးမြန်းစုံစမ်းလိုပါက 09 880 916293 သို့ ဆက်သွယ်နိုင်ပါသည်။

=========================

Foundation Online International School (FOIS) အကြောင်းသိကောင်းစရာ

1️⃣ FOIS သည် ၂၁ ရာစု၏ မြန်မာလူကျော်များ မွေးထုတ်ပေးရာအရပ် ဖြစ်အံ။

2️⃣ FOIS သည် ၂၁ ရာစု မြန်မာလူငယ်များ၏ပညာရေးအတွက် ကြိုးပမ်းအားထုတ်လိုသော ဆရာ၊ ဆရာမတို့၏ ဌာနေဖြစ်အံ။

3️⃣ FOIS သည် မိဘတို့၏ ရင်သွေးငယ်တို့အတွက် ပညာရေးမျှော်လင့်ချက်အား ပြုစုပျိုးထောင်ပေးသော မြေကောင်းဖြစ်၏။

4️⃣ FOIS သည် ကျောင်းသား၊ ကျောင်းသူတို့အား ရှေးရှု့သော ကျောင်းအဖွဲ့အစည်းဖြစ်၏။

5️⃣ FOIS သည် စာသင်ခန်းတစ်ခန်းကို ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၆ ဦး ဖြင့်သာ စီစဉ်ဖွဲ့စည်းပြီး သင်ကြားရေးအား ပို၍ ထိရောက်စေ၏။

6️⃣ FOIS သည် ကျောင်းသား၊ ကျောင်းသူများကို ညီအစ်ကို၊ ညီအစ်မ၊ မောင်နှမ များကဲ့သို့ ရင်းနှီးစေပြီး အသင်းအဖွဲ့စိတ်ဓာတ်ဖွံဖြိုးရန် ထောက်ပံပေး၏။

7️⃣ FOIS သည် အင်္ဂလိပ်သာသာဖြင့်ရေးသားထားသော နိုင်ငံတကာသင်ရိုးညွှန်းတမ်း (UK Curriculum) အားမြန်မာစကားဖြင့် ထိရောက်ကောင်းမွန်စွာ သင်ကြားပေး၏။

8️⃣ FOIS သည် ဘာသာရပ်တစ်ခုစီအား တစ်ပတ်လျှင် (၆) ချိန် ‌သင်ကြားပေး၏။

9️⃣ FOIS သည် သုံးချိန်ကျောင်းဖြစ်၏။ စာသင်ရက်မှာ တနင်္လာနေ့ မှ စနေနေ့ အထိ ဖြစ်သည်။ မနက်ခင်းကျောင်း (မနက် ၇ နာရီ မှ မနက် ၁၁ နာရီ ၁၁ မီနစ် အထိ)၊ နေ့လည်ခင်းကျောင်း (နေ့ခင်း ၁ နာရီ မှ ညနေခင်း ၅ နာရီ ၁၁ မီနစ်အထိ)၊ ညကျောင်း (ညနေခင်း ၆ နာရီ မှ ည ၁၀ နာရီ ၁၁ မီနစ် အထိ) ဟူ၍ အချိန်ပိုင်းသုံပိုင်းရှိသည်။

1️⃣0️⃣ FOIS ၏ ပညာရေးအယူအဆမှာ စာမေးပွဲတွင် အမှတ်ကောင်း၍ ထူးချွန်ယုံမျှသာမက သုတကြွယ်၍ ပညာရွှင်ရေးကိုလည်း အလေးထားခြင်းဖြစ်၏။ ထို့ပြင် ပညာသင်ကြားခြင်းသည် ဦးနှောက်ကြံခိုင်ရေးအတွက်ချည်းသာမက နှလုံးသားဖွံဖြိုးရေးအတွက်လည်းဖြစ်ရမည်ဟုလည်း လက်ကိုင်ထားလျှက်ရှိ၏။

1️⃣1️⃣ FOIS သည် ၁၉၅၀ နှစ် ဝန်းကျင်တွင် ရရှိခဲ့သော အဆီအနှစ်ပြည့်ဝသည့် ပညာရေးအငွေ့အသက်ဝန်းရံလျှက် ၂၁ ရာစု၏ နိုင်ငံတကာပညာရေးကို ပေးစွမ်းလျှက်ရှိ၏။

1️⃣2️⃣ ကျောင်းသား/ကျောင်းသူတို့အား မောင်ရင်/မယ် ဟူ၍ ရှေးဆန်စွာခေါ်ဝေါသော ကျောင်းလည်းဖြစ်သည်။

19/08/2023

သင်ခန်းစာ (၈၇)။ ။ ကြိယာဝိသေသန တို့၏ အထားအသိုများ အကြောင်းသိကောင်းစရာ (၂)

နှစ်ခုထက်ပိုသောကြိယာဝိသေသနများ၏ ယေဘုယျ အထားအတို ။ ။

နှစ်ခုထက်ပိုသောကြိယာဝိသေသနများကို စာကြောင်းတစ်ကြောင်းတည်းတွင် အသုံးပြုလိုပါက ၎င်းတို့ကို ကြိယာ၏ အနောက်တွင်သာထားသုံးလေ့ရှိပြီး ကြိယာ၏အရှေ့တွင် ထားသုံးရိုးထုံးစံမရှိပါ။ ပုံမှန်အစဉ်အရဆိုလျှင် ကြိယာ၏အနောက်တွင် အမူအရာပြကြိယာဝိသေသန ပထမဦးဆုံးလိုက်သည်၊ ဒုတိယအနေဖြင့် နေရာပြကြိယာဝိသေသန လိုက်သည်၊ ထို့နောက် အချိန်ပြကြိယာဝိသေသန လိုက်သည်။

ဥပမာစာကြောင်း (၄) ။ ။ Amy sings delightfully.
အထက်ဖော်ပြပါ ဥပမာစာကြောင်း၌ အေမီသည် မည်ကဲ့သို့သီချင်းဆိုပုံကို အထူးပြုသောကြောင့် “Delightfully” သည် အမူအရာပြကြိယာဝိသေသနဖြစ်သည်။ ထို့ကြောင့် ကြိယာ၏အနောက် ပထမဦးဆုံးနေရာတွင် နေရာချထားသည်။

ဥပမာစာကြောင်း (၅) ။ ။ Amy sings delightfully in front of the audience.
အထက်ဖော်ပြပါ ဥပမာစာကြောင်း၌ “in front of” သည် အေမီ မည်သည့်နေရာ၌ သီချင်းဆိုသည်ကို အထူးပြုသောကြောင့် နေရာပြကြိယာဝိသေသန ဖြစ်သည်။ ၎င်းသည် နေရာပြကြိယာဝိသေသန ဖြစ်သောကြောင့် အမူအရာပြကြိယာဝိသေသန “delightfully” ၏အနောက်တွင် ရှိသည်။

ဥပမာစာကြောင်း (၆) ။ ။ She sings delightfully in front of the audience last night.
အထက်ဖော်ပြပါ ဥပမာစာကြောင်း၌ “last night” သည် အေမီ မည်သည့်အချိန်၌ သီချင်းဆိုသည်ကို အထူးပြုသောကြောင့် အချိန်ပြကြိယာဝိသေသန ဖြစ်သည်။ ၎င်းသည် အချိန်ပြကြိယာဝိသေသန ဖြစ်သောကြောင့် အမူအရာပြကြိယာဝိသေသန “delightfully” ၏အနောက်၊ အချိန်ပြကြိယာဝိသေသန ၏အနောက်တွင် ရှိသည်။

ကြိယာဝိသေသနအထားအသို၏ ယေဘုယျစည်းမျဉ်း ။ ။ ကြိယာဝိသေသနကို မိမိ့ အထူးပြုလိုသော စကားလုံး၏အရှေ့တွင်ထား၍ သုံးသည်။ ကြိယာဝိသေသနအား အထားမှားလျှင် မိမိ့ဆိုလိုချင်သည့် အဓိပ္ပာယ်ပြောင်းလဲ သွားနိုင်သည်ကို ဥပမာနဲ့တကွ လေ့လာကြည့်ကြပါစို့။ ရှေးဦးစွာ “only” သည် ကြိယာဝိသေသန ဖြစ်သည်ကို သိရှိရမည်။

ဥပမာစာကြောင်း (၅) ။ ။ Michael studied only two hours. (မောင်မိုက်ကယ် နှစ်နာရီသာ စာလုပ်ခဲ့သည်။)

အထက်ဖော်ပြပါ ဥပမာစာကြောင်း၌ ကြိယာဝိသေသနဖြစ်သည့် “only” သည် ပင်မကြိယာဖြစ်သည့် “study” ကိုအထူးမပြုဘဲ ၎င်း၏အနောက်တွင် ရှိသော “two hours” ကို အထူးပြုလျှက်ရှိသည်။ “two hours” ကို အထူးပြုသည်ဖြစ်သောကြောင့် မောင်မိုက်ကယ် စာလုပ်ခဲ့သော နာရီအရေအတွက်ကို လေးနက်စေသည်။

ဥပမာစာကြောင်း (၆) ။ ။ Michael only studied two hours. (မောင်မိုက်ကယ် စာကိုသာ နှစ်နာရီ လုပ်ခဲ့သည်။)

အထက်ဖော်ပြပါ ဥပမာစာကြောင်း၌ ကြိယာဝိသေသနဖြစ်သည့် “only” သည် ၎င်း၏အနောက်တွင် ရှိသော ပင်မကြိယာဖြစ်သည့် “study” ကိုအထူးပြုလျှက်ရှိသည်။ “two hours” ကို အထူးပြုသည်ဖြစ်သောကြောင့် “မောင်မိုက်ကယ်သည် ၂နာရီအတွင်း ဘာမျှမလုပ်ဘဲ စာချည်းသာ လုပ်နေသည်” ဟု အဓိပ္ပာယ် သက်ရေ ပြီး လေးနက်စေသည်။

=========================

FOIS မှ ကျောင်းအပ်လက်ခံလျှက်ရှိသည်။ Primary 1 မှ IGCSE အထိ Waiting List တွင် စာရင်းပေးသွင်းလိုပါက လင့်ခ်ကို နှိပ်၍ စာရင်းပေးသွင်းနိုင်ပါသည်။ ။ https://forms.gle/KvUVHBBeC2gZXj9m6

သိရှိလိုသည်များကို မေးမြန်းစုံစမ်းလိုပါက 09 880 916293 သို့ ဆက်သွယ်နိုင်ပါသည်။

=========================

Foundation Online International School (FOIS) အကြောင်းသိကောင်းစရာ

1️⃣ FOIS သည် ၂၁ ရာစု၏ မြန်မာလူကျော်များ မွေးထုတ်ပေးရာအရပ် ဖြစ်အံ။

2️⃣ FOIS သည် ၂၁ ရာစု မြန်မာလူငယ်များ၏ပညာရေးအတွက် ကြိုးပမ်းအားထုတ်လိုသော ဆရာ၊ ဆရာမတို့၏ ဌာနေဖြစ်အံ။

3️⃣ FOIS သည် မိဘတို့၏ ရင်သွေးငယ်တို့အတွက် ပညာရေးမျှော်လင့်ချက်အား ပြုစုပျိုးထောင်ပေးသော မြေကောင်းဖြစ်၏။

4️⃣ FOIS သည် ကျောင်းသား၊ ကျောင်းသူတို့အား ရှေးရှု့သော ကျောင်းအဖွဲ့အစည်းဖြစ်၏။

5️⃣ FOIS သည် စာသင်ခန်းတစ်ခန်းကို ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၆ ဦး ဖြင့်သာ စီစဉ်ဖွဲ့စည်းပြီး သင်ကြားရေးအား ပို၍ ထိရောက်စေ၏။

6️⃣ FOIS သည် ကျောင်းသား၊ ကျောင်းသူများကို ညီအစ်ကို၊ ညီအစ်မ၊ မောင်နှမ များကဲ့သို့ ရင်းနှီးစေပြီး အသင်းအဖွဲ့စိတ်ဓာတ်ဖွံဖြိုးရန် ထောက်ပံပေး၏။

7️⃣ FOIS သည် အင်္ဂလိပ်သာသာဖြင့်ရေးသားထားသော နိုင်ငံတကာသင်ရိုးညွှန်းတမ်း (UK Curriculum) အားမြန်မာစကားဖြင့် ထိရောက်ကောင်းမွန်စွာ သင်ကြားပေး၏။

8️⃣ FOIS သည် ဘာသာရပ်တစ်ခုစီအား တစ်ပတ်လျှင် (၆) ချိန် ‌သင်ကြားပေး၏။

9️⃣ FOIS သည် သုံးချိန်ကျောင်းဖြစ်၏။ စာသင်ရက်မှာ တနင်္လာနေ့ မှ စနေနေ့ အထိ ဖြစ်သည်။ မနက်ခင်းကျောင်း (မနက် ၇ နာရီ မှ မနက် ၁၁ နာရီ ၁၁ မီနစ် အထိ)၊ နေ့လည်ခင်းကျောင်း (နေ့ခင်း ၁ နာရီ မှ ညနေခင်း ၅ နာရီ ၁၁ မီနစ်အထိ)၊ ညကျောင်း (ညနေခင်း ၆ နာရီ မှ ည ၁၀ နာရီ ၁၁ မီနစ် အထိ) ဟူ၍ အချိန်ပိုင်းသုံပိုင်းရှိသည်။

1️⃣0️⃣ FOIS ၏ ပညာရေးအယူအဆမှာ စာမေးပွဲတွင် အမှတ်ကောင်း၍ ထူးချွန်ယုံမျှသာမက သုတကြွယ်၍ ပညာရွှင်ရေးကိုလည်း အလေးထားခြင်းဖြစ်၏။ ထို့ပြင် ပညာသင်ကြားခြင်းသည် ဦးနှောက်ကြံခိုင်ရေးအတွက်ချည်းသာမက နှလုံးသားဖွံဖြိုးရေးအတွက်လည်းဖြစ်ရမည်ဟုလည်း လက်ကိုင်ထားလျှက်ရှိ၏။

1️⃣1️⃣ FOIS သည် ၁၉၅၀ နှစ် ဝန်းကျင်တွင် ရရှိခဲ့သော အဆီအနှစ်ပြည့်ဝသည့် ပညာရေးအငွေ့အသက်ဝန်းရံလျှက် ၂၁ ရာစု၏ နိုင်ငံတကာပညာရေးကို ပေးစွမ်းလျှက်ရှိ၏။

1️⃣2️⃣ ကျောင်းသား/ကျောင်းသူတို့အား မောင်ရင်/မယ် ဟူ၍ ရှေးဆန်စွာခေါ်ဝေါသော ကျောင်းလည်းဖြစ်သည်။

19/08/2023

သင်ခန်းစာ (၈၆)။ ။ ကြိယာဝိသေသန တို့၏ အထားအသိုများ အကြောင်းသိကောင်းစရာ (၁)

ကြိယာဝိသေသန၏ ယေဘုယျ အထားအတို ။ ။ ကြိယာဝိသေသနများကို ကြိယာနှင့် အတူကပ်လျက်သုံးလေ့ရှိသည်။ ကြိယာသည် Intransitive verb ဖြစ်မည်ဆိုလျှင် ကြိယာ၏ အရှေ့ (သို့မဟုတ်) ကြိယာ၏ အနောက်တွင် တိုက်ရိုက်ကပ်လျက်ထားပြီး သုံးနိုင်တယ်။ ကြိယာသည် transitive verb ဖြစ်မည်ဆိုလျှင် ၎င်း၏ အရှေ့တွင်ကပ်လျှက်လည်းကောင်း၊ ၎င်းကြိယာ၏ object အနောက်တွင်လည်းကောင်း ကပ်လျက်ထား၍ သုံးနိုင်သည်၊ သို့သော် ၎င်း နှင့် ၎င်း၏ object ကြားတွင် ကြိယာဝိသေသနကို ထား၍ သုံးခဲပါသည်။ အောက်ဖော်ပြပါ ဥပမာစာကြောင်းများအား‌ လေ့လာကြည့်ကြပါစို့။

ဥပမာစာကြောင်း (၁) ။ ။ Michael fell heavily to the ground.

ဥပမာစာကြောင်း (၂) ။ ။ The ship slowly moves.

ဥပမာစာကြောင်း (၃) ။ ။ She speaks English well.

ဥပမာစာကြောင်း (၄) ။ ။ He carefully performs his duty.

ဥပမာစာကြောင်း (၁) ရှိ ကြိယာ “fell” သည် Intransitive Verb ဖြစ်သောကြောင့် ကြိယာဝိသေသနဖြစ်သည့် “heavily” ကို ကြိယာ၏ အရှေ့တွင်ကပ်လျှက်သော်လည်းကောင်း၊ ကြိယာ၏ အနောက်တွင်ကပ်လျှက်သော်လည်းကောင်း ထား၍ သုံးနိုင်သည်။

ဥပမာစာကြောင်း (၃) ရှိ ကြိယာ “speak” သည် transitive verb ဖြစ်သောကြောင့် ကြိယာဝိသေသနဖြစ်သည့် “well” ကို ကြိယာ၏ အရှေ့တွင်ကပ်လျှက်သော်လည်းကောင်း၊ ၎င်း ကြိယာ၏ အနောက်တွင်လည်းကောင်း ထား၍ သုံးနိုင်သည်။

စာချပ် ။ ။ “Here”, “there”, “everywhere”, “somewhere”, “nowhere” , “anywhere” နှင့် အချိန်ကိုပြသော ကြိယာဝိသေသနတို့ကို ယေဘုယျအားဖြင့် ကြိယာရဲ့အနောက်၊ သို့မဟုတ် ကြိယာသည် transitive verb ဖြစ်ခဲ့လျှင် ၄င်းကြိယာ၏ object အနောက်တွင် ကြိယာဝိသေသနကို ထားလေ့ရှိတယ်။ အောက်ဖော်ပြပါ ဥပမာစာကြောင်းများအား‌ လေ့လာကြည့်ကြပါစို့။

ဥပမာစာကြောင်း (၁) ။ ။ I looked everywhere for my book.

ဥပမာစာကြောင်း (၂) ။ ။ I would like to travel somewhere with you.

ဥပမာစာကြောင်း (၃) ။ ။ You are going nowhere.

ဥပမာစာကြောင်း (၄) ။ ။ Is there anywhere to sit down?

ဥပမာစာကြောင်း (၅) ။ ။ He will come here.

ဥပမာစာကြောင်း (၆) ။ ။ Go there and see yourself.

ဥပမာစာကြောင်း (၇) ။ ။ I met him yesterday.

ဥပမာစာကြောင်း (၈) ။ ။ They are to be married next week.

ဥပမာစာကြောင်း (၉) ။ ။ I will see you tomorrow evening.

ဥပမာစာကြောင်း (၁၀) ။ ။ I have heard this before.

ဥပမာစာကြောင်း (၁၁) ။ ။ I usually take a nap in the afternoon.

အကြိမ်ပြကြိယာဝိသေသန (Adverbs of frequency) ၏ အထားအသို ။ ။

အကြိမ်ပြကြိယာဝိသေသနကို ပုံမှန်အားဖြင့် ပြုလုပ်သူ (Subject) နှင့် ကြိယာ၏ကြားတွင်ထားလေ့ရှိ
ပါသည်။ သို့သော် သတိချပ်စရာ နှစ်ခုရှိပါသည်။

သတိချပ်စရာ ပထမတစ်ခုမှာ အကြိမ်ပြကြိယာဝိသေသနကို Model verb များဖြစ်ကြသည့် “will”, “would”, “shall”, “should”, “can”, “could”, “may”, “might”, “must” နှင့် ပင်မကြိယာကြားတွင်ညှပ်၍ သုံးလေ့ရှိသည်။

ဥပမာစာကြောင်း (၁) ။ ။ I would sometimes go out with friends if my parents permit.

သတိချပ်စရာ ဒုတိယတစ်ခုမှာ အကြိမ်ပြကြိယာဝိသေသနကို “have to” နှင့် “used to” ၏အရှေ့တွင်ထားသုံးရသည်။

ဥပမာစာကြောင်း (၂) ။ ။ I ‌always have to take a nap after lunch.

ထို့အပြင် အကြိမ်ပြကြိယာဝိသေသနကို Verb-to-be များဖြစ်ကြသည့် “am”, “is”, “are”, “was”, “were” ၏အနောက်တွင် ကပ်လျက်ထားသုံးရမည်။

ဥပမာစာကြောင်း (၃) ။ ။ I am always happy when I am with you.

=========================

FOIS မှ ကျောင်းအပ်လက်ခံလျှက်ရှိသည်။ Primary 1 မှ IGCSE အထိ Waiting List တွင် စာရင်းပေးသွင်းလိုပါက လင့်ခ်ကို နှိပ်၍ စာရင်းပေးသွင်းနိုင်ပါသည်။ ။ https://forms.gle/KvUVHBBeC2gZXj9m6

သိရှိလိုသည်များကို မေးမြန်းစုံစမ်းလိုပါက 09 880 916293 သို့ ဆက်သွယ်နိုင်ပါသည်။

=========================

Foundation Online International School (FOIS) အကြောင်းသိကောင်းစရာ

1️⃣ FOIS သည် ၂၁ ရာစု၏ မြန်မာလူကျော်များ မွေးထုတ်ပေးရာအရပ် ဖြစ်အံ။

2️⃣ FOIS သည် ၂၁ ရာစု မြန်မာလူငယ်များ၏ပညာရေးအတွက် ကြိုးပမ်းအားထုတ်လိုသော ဆရာ၊ ဆရာမတို့၏ ဌာနေဖြစ်အံ။

3️⃣ FOIS သည် မိဘတို့၏ ရင်သွေးငယ်တို့အတွက် ပညာရေးမျှော်လင့်ချက်အား ပြုစုပျိုးထောင်ပေးသော မြေကောင်းဖြစ်၏။

4️⃣ FOIS သည် ကျောင်းသား၊ ကျောင်းသူတို့အား ရှေးရှု့သော ကျောင်းအဖွဲ့အစည်းဖြစ်၏။

5️⃣ FOIS သည် စာသင်ခန်းတစ်ခန်းကို ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၆ ဦး ဖြင့်သာ စီစဉ်ဖွဲ့စည်းပြီး သင်ကြားရေးအား ပို၍ ထိရောက်စေ၏။

6️⃣ FOIS သည် ကျောင်းသား၊ ကျောင်းသူများကို ညီအစ်ကို၊ ညီအစ်မ၊ မောင်နှမ များကဲ့သို့ ရင်းနှီးစေပြီး အသင်းအဖွဲ့စိတ်ဓာတ်ဖွံဖြိုးရန် ထောက်ပံပေး၏။

7️⃣ FOIS သည် အင်္ဂလိပ်သာသာဖြင့်ရေးသားထားသော နိုင်ငံတကာသင်ရိုးညွှန်းတမ်း (UK Curriculum) အားမြန်မာစကားဖြင့် ထိရောက်ကောင်းမွန်စွာ သင်ကြားပေး၏။

8️⃣ FOIS သည် ဘာသာရပ်တစ်ခုစီအား တစ်ပတ်လျှင် (၆) ချိန် ‌သင်ကြားပေး၏။

9️⃣ FOIS သည် သုံးချိန်ကျောင်းဖြစ်၏။ စာသင်ရက်မှာ တနင်္လာနေ့ မှ စနေနေ့ အထိ ဖြစ်သည်။ မနက်ခင်းကျောင်း (မနက် ၇ နာရီ မှ မနက် ၁၁ နာရီ ၁၁ မီနစ် အထိ)၊ နေ့လည်ခင်းကျောင်း (နေ့ခင်း ၁ နာရီ မှ ညနေခင်း ၅ နာရီ ၁၁ မီနစ်အထိ)၊ ညကျောင်း (ညနေခင်း ၆ နာရီ မှ ည ၁၀ နာရီ ၁၁ မီနစ် အထိ) ဟူ၍ အချိန်ပိုင်းသုံပိုင်းရှိသည်။

1️⃣0️⃣ FOIS ၏ ပညာရေးအယူအဆမှာ စာမေးပွဲတွင် အမှတ်ကောင်း၍ ထူးချွန်ယုံမျှသာမက သုတကြွယ်၍ ပညာရွှင်ရေးကိုလည်း အလေးထားခြင်းဖြစ်၏။ ထို့ပြင် ပညာသင်ကြားခြင်းသည် ဦးနှောက်ကြံခိုင်ရေးအတွက်ချည်းသာမက နှလုံးသားဖွံဖြိုးရေးအတွက်လည်းဖြစ်ရမည်ဟုလည်း လက်ကိုင်ထားလျှက်ရှိ၏။

1️⃣1️⃣ FOIS သည် ၁၉၅၀ နှစ် ဝန်းကျင်တွင် ရရှိခဲ့သော အဆီအနှစ်ပြည့်ဝသည့် ပညာရေးအငွေ့အသက်ဝန်းရံလျှက် ၂၁ ရာစု၏ နိုင်ငံတကာပညာရေးကို ပေးစွမ်းလျှက်ရှိ၏။

1️⃣2️⃣ ကျောင်းသား/ကျောင်းသူတို့အား မောင်ရင်/မယ် ဟူ၍ ရှေးဆန်စွာခေါ်ဝေါသော ကျောင်းလည်းဖြစ်သည်။

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Website

Address

No. 636, 6th Floor, Hledan Centre, Kamuyut
Yangon