ဂစ်တာ covers နှင့်သင်တန်း Wai Lwin Aung

  • Home
  • Myanmar
  • Yangon
  • ဂစ်တာ covers နှင့်သင်တန်း Wai Lwin Aung

ဂစ်တာ covers နှင့်သင်တန်း Wai Lwin Aung ဂစ်တာတီးနည်းနှင့် သီချင်းများ

31/08/2025

သီချင်း​အေး​အေး Creed _ One Last Breath တီးနည်း cover ဒီ သီချင်းက Creed ရဲ့ အ​ကောင်းဆုံးထဲကအ​ကောင်းဆုံးတပုဒ်ဖြစ်ပါတယ် Youtubeမှာ 424M Views ရှိပါတယ် တစ်ကမ္ဘာလုံးက ​လူတော်​တော်များများကြိုက်ကြတယ် မြန်မာပြည်မှာ သိပ်မကြိုက်ကြပါ guitar introက နား​ထောင်လို့​ကောင်းမယ်ထင်ပါတယ် အ​နှေးတီးပြထားပါတယ် ​ကော့ဒ်​တွေက D A Bm G ကို တီးထားပါတယ်..
Wai Linn Aung

#မြန်မာသီချင်း

17/08/2025

ဒဂုံတက္ကသိုလ်တက်တုန်းက ​တစ်ချို့ ကျောင်းသူ​လေး​တွေ​​တွေ့ရင် ​တော်​တော်​ချောတယ် လှတယ် ဒါမိန်းမလှ​လေး​တွေပဲလို့ စိတ်ထဲကထင်ခဲ့တယ် 'နတ်မိမယ်မိန်းမလှ​လေး​ပေါ့ ' ဒီသီချင်းက Modern rock အဖွဲ့ System Of A Down ရဲ့ Aerials သီချင်းပါ LMN စီးရီးမှာ ကိုအငဲဆိုတာ အရမ်း​ကောင်းပါတယ် စာသား​တွေ​ကောင်းတယ် System OF A Down လိုသီချင်းမျိုး​တွေသင်ချင်ရင်လာခဲ့ပါ 🙂

Wai Linn Aung

#သီချင်းချစ်သူများ #အငဲ ြိုက်သူများ #မြန်မာသီချင်း

09/08/2025

Metal ဂီတအဖွဲ့ Godsmack _I Stand Alone cover.. တီးနည်း LMN စီးရီးမှာ` ကိုအငဲက အ​မှောင်ထဲကသူစိမ်းများအ​ကြောင်း 'နာမည်နဲ့ ပြန်ဆိုထားပါတယ် LMN စီးရီးတခုလုံးနား​ထောင်လို့​ကောင်းပါတယ်

Wai Linn Aung

#သီချင်းချစ်သူများ #မြန်မာသီချင်း #အငဲ ြိုက်သူများ #သီချင်းချစ်သူ #ဂစ်တာcover #ဂစ်တာသင်တန်း

23/07/2025

Ozzy ကို ဒီသီချင်းနဲ့ ဂုဏ်ပြုနှုတ်ဆက်လိုက်ပါတယ်... Close My Eyes Forever လို့တကယ်ပြောသွားပြီ Ozzy မရှိတော့ပေမယ့် သူ့သီချင်းတွေကျန်နေခဲ့ပါတယ် ဒီ Close My Eyes Forever သီချင်းက မိန်းကလေးအဆိုတော် Lita Ford နဲ့ Ozzy တို့ Studio မှာ အရက်တွေသောက်ရင်း အတူတူသီချင်းရေးခဲ့တာ.. Wikipedia မှာရှာဖတ်ကြည့်ပါ.. ဒီalbum က 1988 မှာထွက်ခဲ့တယ် ဂစ်တာက ဟော်လိုကို delay များများသုံးတီးတာဖြစ်နိုင်တယ် ဟော်လိုသံပိုဆန်တယ် သီချင်းရဲ့ ကော့ဒ်က Amadd9 Amကော့ဒ်ကို နံပတ်၂ကြိုးလွှတ်တီးတဲ့ B အသံပါတဲ့ ကော့ဒ်ပါ Am ကိုအခြေခံရေးထားတဲ့သီချင်းပါ F နဲ့ G ​ကော့ဒ်ကိုလဲ ၂ကြိုး ၁ကြိုး​တွေလွှတ်တီးပါတယ် နောက်တနှစ် 1989 မှာ Brazil က Thrash metal Sepultura အဖွဲ့ရဲ့ Beneath The Remainsသီချင်း Intro ကလဲ ဒီ Close My eyes Forever သီချင်းနဲ့ဆင်တယ် Ozzy သီချင်းက တနှစ်ပိုစောထွက်တယ် Sepultura ရဲ့ Beneath the remains ကို youtube မှာရှာကြည့်ပါ.. Ozzy က​တော့ တခြားဂီတသမား​တွေနဲ့မတူပဲ ထူးခြားတဲ့လူပါပဲ ဒီသီချင်းကို ကိုအငဲက လ​ရောင်​နေ့များနာမည်နဲ့ပြန်ဆိုထားပါတယ်...

ြိုက်သူများ #ဂစ်တာတီးသူများ #ဂစ်တာတီးသူများ #ဂစ်တာသင်တန်း #ဂစ်တာcovers #သီချင်းချစ်သူများ ြိုက်သူများ

ပုံထဲက  ဂစ်တာလက်ကွက်ပေါ်မှာပြထားတဲ့ EADGBE...ဆိုတဲ့ ကြိုးတွေကို နာမည်နဲ့ နေရာတွေကို အလွတ်ကျက်ထားသင့်တယ်အဲ့ဒါဆိုရင် ကော့ဒ...
18/07/2025

ပုံထဲက ဂစ်တာလက်ကွက်ပေါ်မှာပြထားတဲ့ EADGBE...ဆိုတဲ့ ကြိုးတွေကို နာမည်နဲ့ နေရာတွေကို အလွတ်ကျက်ထားသင့်တယ်
အဲ့ဒါဆိုရင် ကော့ဒ်ကိုင်ရမယ့်နေရာတွေကို ပိုသိလာမယ် ရစ်သမ် ဂစ်တာကော့ဒ်အများစုက ဒီလက်ကွက် ၃ကွက်ထဲမှာပဲရှိတယ် အ​ခြေခံဂစ်တာ လိဒ်ဂစ်တာတီးမယ့်လူတွေ ဒီကြိုးတွေ အသံတွေ နေရာတွေကို အလွတ်မှတ်မိနေရင် ဂစ်တာတီးရတာပို အတတ်မြန်လာမယ် ပုံထဲမှာ ၆ကြိုးလွှတ်တီးသံဆို E သံ ၆ကြိုး ၃ကွက်မှာ G သံ ၊ ငါးကြိုး၂ကွက်ဆိုရင် B သံ ၄ကြိုးလွှတ်တီးသံဆို Dသံ ဆိုပြီးမှတ်ထားပါ အဲ့ဒါ လိဒ်ဂစ်တာရော ရစ်သမ်တီးတာရောအတွက်အကျိုးရှိပါတယ်၊ကိုယ်တီးမယ့် ဂစ်တာ ဘယ်နေရာ ဘယ်အသံရှိတယ်ဆိုတာသိနေရင် တီးရတာ ပိုအဓိပ္ပါယ်ရှိပါတယ် Beginner ဖြစ်ဖြစ် Intermediate ဖြစ်ဖြစ် ကိုယ်ကြိုက်နှစ်သက်တာကို ဂရုတစိုက် နားလည်လာအောင်လေ့လာမယ်ဆိုရင် ကျွမ်းကျင်လာမှာပါပဲ၊ အဓိကက ကိုယ့်က ဝါသနာပါရင် ဂရုတစိုက်လေ့လာဖို့ပဲလိုပါတယ်🙂 ဒီပုံကို save ထားပြီး အလွတ်ရ​အောင်လုပ်ပါ အ​ကောင်းဆုံးက အခန်းနံရံမှာ ကပ် ခဏခဏ ကြည့်ပြီး ပြုံး​နေလိုက်ပါ... 😄 လက်ကွက်တစ်ခုချင်း အလွတ်ရ​အောင်မှတ်သွားရင်ရပါတယ် အဆင်​ပြေပါ​စေ...

Wai Linn Aung

#ဂစ်တာသင်တန်း #သီချင်းချစ်သူများ #ဂစ်တာတီးသူများ ီချင်းများ ီချင်းများ
#ဂစ်တာစတီးမယ့်သူ​

A add9 ဆိုတဲ့ Guitar Chord က Major chord အုပ်စုထဲကဖြစ်ပြီး အဆိုတော်မျိုးကြီးရဲ့ သူစိမ်းတ​ယောက်သာ  နှင့်    မှားယွင်းခဲ့ပ...
13/07/2025

A add9 ဆိုတဲ့ Guitar Chord က Major chord အုပ်စုထဲကဖြစ်ပြီး အဆိုတော်မျိုးကြီးရဲ့ သူစိမ်းတ​ယောက်သာ နှင့် မှားယွင်းခဲ့ပြီသီချင်း ၊ ထူးအိမ်သင်ရဲ့ တတယ်လို့များသီချင်းမှာ add9 ပုံစံမျိုး ​တွေ့ရတယ် သာဒီးလူ လိုသလိုသုံး သီချင်းမှာလဲတီးထားတယ် Rock သီချင်း​တော်​တော်များများမှာတီးကြတယ် ကို​လေးဖြူ ရဲ့ တစ်ကိုယ်ရည်လွမ်းဆွတ်မှု နဲ့လွင်တီး​ခေါင်သီချင်းမှာလဲ​တွေ့ရတယ် A add 9ဆိုတာက A major chord မှာ ၉ခုမြောက်အသံကိုထည့်ပေါင်းထားတာပါ add ဆိုတာ ပေါင်းစပ်ထားတယ်လို့ပြောတာပါ ၉ခုမြောက်အသံကို ဘယ်လိုရှာပေါင်းမလဲ ဆိုတော့ Aကနေ ဒို ရေ မီ ဖာ ဆို လာ တီ ဆိုရင် A B C D E F G ဆိုပြီး ၇သံရှိပါတယ် High ဒိုပါရင် အသံ ၈ခုဖြစ်ပါပြီ စာရွက်ပေါ်မှာ အစဉ်လိုက်ရေးကြည့်ရင်
A B C D E F G A B C D E F G A
1 2 3 4 5 6 7 8 9 10 11 12 13 14 15
ဒို ရေ မီ ဖာ ဆို လာ တီ ဒို ရေ မီ ဖာ ဆို လာ တီ ဒို..
အဲ့ဒီအထဲက ၉ခုမြောက်အသံ ရေ ဆိုတဲ့ B အသံကိုထည့်ပေါင်း ထားတာပါ Octave တခုမြင့်တဲ့ ရေဆိုတဲ့အသံကိုပေါင်းထားတာပါ
Major chord မှာ 13 chordအထိရှိတယ် ကြားဖူးပါတယ်
ဂဏန်းအစဉ်အလိုက် interval အရ 9နဲ့ 13 chord လို့ခေါ်တာပါ chord နာမည်ဖြစ်လာတာကို ဂဏန်းအစဉ်လိုက်ရေးပြတာပါ add9 chord မှာ၉ခု မြောက် 9သံံ က 2 ရေနဲ့ အသံတူပါတယ် 9က အမြင့်သံပါ Asus2 ​ကောဒ့်နဲ့ပုံစံဆင်တယ် အလွယ်ဆုံးက A major chord ကို အပေါ်နှစ်ကြိုးပဲ နှိပ်တီးတာပါ ပြောချင်တာက ဒို​ရေမီဖာအသံ​တွေက​နေ Major chord တွေမှာပဲ အသံတွေ ပေါင်းစပ်ပြီး ဆန်းပြားအောင် တီးလို့ရတယ်ဆိုတာပါပဲ ဂစ်တာမှာတီး ကြည့်ကြဗျာ :)

#ဂစ်တာသင်တန်း #ဂစ်တာတီးနည်း #သီချင်းချစ်သူများ ီချင်းများ #ဂစ်တာcovers #ဂစ်တာတီးသူများ

ဂစ်တာတီးရင် အ​ရေးကြီးတဲ့အချက်..Family Chordsများအ​ကြောင်း...သီချင်းတပုဒ်မှာ ဘာ​ကော့ဒ်​တွေအသုံးများလဲဆိုတာပါ Key C နဲ့သီခ...
09/07/2025

ဂစ်တာတီးရင် အ​ရေးကြီးတဲ့အချက်..
Family Chordsများအ​ကြောင်း...
သီချင်းတပုဒ်မှာ ဘာ​ကော့ဒ်​တွေအသုံးများလဲဆိုတာပါ Key C နဲ့သီချင်းတပုဒ်ကိုတီးမယ်ဆိုရင်
Key C ရဲ့ Family ကော့ဒ်​​တွေသိဖို့လိုပါတယ်
Family Chords ကိုဘယ်လိုတွက်ယူလဲဆို​တော့
ဒိုရေမီဖာဆိုလာတီ သံစဥ် ၇ မျိုးနဲ့တွက်ယူပါတယ် ဒို​ရေမီဖာဆိုလာတီဆိုပြီး ​အောက်မှာ CDEFGAB ဆိုပြီး​ရေးပါ မှတ်ထားပါ
ဒို ​ရေ မီ ဖာ ဆို လာ တီ
C D E F G A B
C Dm Em F G Am Bdim
​Key C မှာ C , Dm, Em, F, G ,Am ,Bdim ​
ကော့ဒ်​တွေတီးလို့ရပါတယ် Key Cမှာ C က ​မေဂျာ​ကော့ဒ်ပါ C က​နေစ​ရေတွက်ရင် ဒုတိယ​မြောက်​ကောဒ့်က ​ minor ကော့ဒ် Dm တီးလို့ရပါတယ် တတိယ​မြောက်မှာလဲ minor ​ကော့ဒ် Em တီးလို့ရပါတယ် ၄ခု​မြောက် F က ​မေဂျာ​ကော့ဒ်ပါ ၅ခု​မြောက်G က ​​မေဂျာ​​ကော့ဒ်ပါ C က​နေစ​ပြီး ရေတွက်ရင် ၆ခု​မြောက် A က Am ကော့ဒ် တီးရပါတယ် ၆ ခု​မြောက် Am ​ကော့ဒ်ကို relative minor လို့​ခေါ်ပါတယ် Am ​ကော့ဒ်က Key C ရဲ့ Relative Minor ဆိုတာမှတ်ထားဖို့လိုပါတယ် ၇ ​မြောက် B က Diminished ​ကောဒ့်ဖြစ်ပါတယ်မှတ်ထားရမှာက ဒို​ရေမီဖာဆိုလာတီ CDEFGABမှာ ဒုတိယ​မြောက် minor ​ကော့ဒ်ဖြစ်တယ် တတိယ​​ကော့ဒ်ကလဲ minor ​ကော့ဒ်ဖြစ်ပါတယ် ၆ခု​မြောက်က relative minor ​ကော့ဒ်ပါ Key C မှာ Dm Em Am ဆိုတဲ့ မိုင်နာ​ကော့ဒ်၃ခုတီးလို့ရတယ်ဆိုတာမှတ်ထားပါ တခြား Key ​တွေလဲဒီနည်းအတိုင်းတွက်ယူပါတယ်
#ဂစ်တာတီးနည်း #ဂစ်တာသင်တန်း #ဂစ်တာတီးသူများ
#ဂစ်တာcovers #သီချင်းချစ်သူများ

03/07/2025

လေလွင့်လူ...
​တေး​ရေး ကိုအယ်ဖြူ

#ဂစ်တာcovers #ဂစ်တာတီးနည်းများ #ဂစ်တာသင်တန်း #သီချင်းချစ်သူများ

01/06/2025

ကိုလေးဖြူ _ ညနေကြယ်ရစ်သမ် တီးနည်း အ​နှေးတီးပြထားပါတယ်

#ဂစ်တာသင်တန်း #ဂစ်တာတီးနည်း #သီချင်းချစ်သူများ #ဂစ်တာတီးသူများ
#ဂစ်တာcovers

16/09/2024

ကိုထူးအိမ်သင်- စိမ်းရက်​လေအား intro plucking တီးနည်း
အ​နှေးတီးပြထားပါတယ် video setting မှာလဲ အ​နှေးကြည့်လို့ရပါတယ် တီးသွားတဲ့​ကော့ဒ်​တွေက Em, Am, D,B7,Em, Cmaj7, Gbm6, Em, B7​ကော့ဒ်​တွေဖြစ်ပါတယ် ဖုန်းနဲ့ပဲ video record ထားပါတယ်🙂..

#ဂစ်တာသင်တန်း #ဂစ်တာတီးနည်း #သီချင်းချစ်သူများ #ဂစ်တာတီးသူများ
#ဂစ်တာcovers

18/06/2024

ရန်ကုန်ကမ်းနားမှာ မိုးရွာ​နေတာနဲ့ ဂစ်တာတီးလို့မရခဲ့ဘူး....

သီချင်း​တွေကိုချစ်တဲ့သူ​တွေနဲ့ ဂစ်တာဝါသနာပါတဲ့သူ​တွေအတွက် Youtube နဲ့TikTok မှာလဲ သင်တန်းဆက်ရှိ​နေပါမယ် သင်တဲ့Video ဆက်တ...
17/06/2024

သီချင်း​တွေကိုချစ်တဲ့သူ​တွေနဲ့ ဂစ်တာဝါသနာပါတဲ့သူ​တွေအတွက် Youtube နဲ့TikTok မှာလဲ သင်တန်းဆက်ရှိ​နေပါမယ် သင်တဲ့Video ဆက်တင်​နေပါမယ် 👍👍👍
Youtube Link
https://youtu.be/IMKk-GxGFaI?si=5Wn9DwwrcQTmDB5t
Youtube မှာ Subscribe လုပ်ထားလို့ရပါတယ်

TikTok Link
https://www.tiktok.com/?_t=8nI7ziR10sM&_r=1

Address

Pyay Road, Insein
Yangon

Alerts

Be the first to know and let us send you an email when ဂစ်တာ covers နှင့်သင်တန်း Wai Lwin Aung posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share