10/06/2025
Ohm Law ******
လျှပ်စစ် ကို လေ့လာမယ့်သူ တိုင်း သိကိုသိထား ရမယ့် အခြေခံ Foundation Formula လေးပါ
ရှင်းရှင်း လေးပါ
လွယ်တဲ့ အတွက် တစ်ခါတစ်လေ သတိမထား မိတဲ့ အခိုက်လေးတွေ ရှိတက်ပါတယ်
ကိုယ်တိုင်တောင် Current ကို Clamp Meter မှာပါတဲ့ Hall Effect Sensor နဲ့ DC Current ကို တိုင်းနေကျဆိုတော့ Hall Effect Sensor မပါပဲ တစ်ချိူ့ Controller တွေက Current ကို ဘယ်လိုတိုင်း လဲ တွေးမိသေးတယ်😁( Clamp Meter အကြောင်းလေး နောက်မှ ထပ်တင်ပေးပါ့မယ်)
V= IR
V (Voltage) ဆိုတာ Electron တွေ ကို စီးဆင်းဖို့ ဖိအားပေးတဲ့ ကောင်ပါ
V ရဲ့ Unit က Voltage ပါပဲ
I (Current )ဆိုတာက Voltage က ဖိအားပေးလိုက်လို့ စီးဆင်းသွားတဲ့ electron တွေရဲ့ စီးဆင်း နူန်းကိုပြောတာပါ ။ Current ကို Ampere နဲ့ တိုင်းတာပါတယ်
တစ်စက္ကန့် အတွင်းမှာ Electron ဘယ်နှလုံး စီးဆင်းသွားတယ်ဆိုတာကိုပြောတာပါ။
Voltage (V) က Ampere (I) နဲ့ တိုက်ရိုက် အချိူး ကျပါတယ်
ပြောချင်တာက Circuit တစ်ခုမှာ Voltage များလာတာနဲ့ တပြိုင်နက် Ampere က တိုးလာတယ်လို့ သက်မှတ်လို့ရပါတယ်
R ( Resistance) ဆိုတာက တော့ လျှစ်စစ် စီးနေတဲ့ လမ်းကြောင်း Circuit ရဲ့ ခုခံ မူသတ္တိပါ ။
Resistance ကို Ohm ( Ω ) နဲ့ တိုင်း တာပါတယ်
Resistance လို့ တွေးလိုက်ရင် ခုခံမူ ဘာခုခံမူလဲ ဘာညာ နဲ့ ရူပ်နေတက်ပါတယ်
Electron တွေ စီးဆင်း ဖို့ လွယ်ချင်း မလွယ်ချင်း ကို သက်မှတ် တာပါ
ခုခံမူ သတ္တိနည်းရင် များများစီးနိုင် ပြီး
ခုခံမူ ကောင်းနေရင် စီးဆင်းဖို့ မလွယ်တဲ့အတွက် နည်းနည်းပဲစီးနိုင်ပါတယ်
ကြေးနီ တို့ သံတို့မှာ လျှပ်စစ် စီးဖို့ လွယ်ကူပါတယ်
Electron တွေက အလုံးရင်း နဲ့ စီးဆင်း နိုင်တဲ့ အတွက်
ခုခံမူသတ္တိ Resistance နည်း တယ်လို့ပြောလို့ရပြီး
တစ်ချိန်ထဲ မှာ electron တွေ အမြောက်အများ စီးဆင်းနိုင်တဲ့အတွက် Ampere များပါတယ်
Resistance ခုခံ မူ နည်းလေလေ များများစီးဆင်းနိုင်လေဖစ်တဲ့ အတွက် Ampere များပါတယ်
သတ္တုမဟုတ်တဲ့ အရာ၀ထ္တု တွေမှာတော့ စီးဆင်းဖို့မလွယ်တဲ့အတွက် Resistance ခုခံမူများတယ်လို့သက်မှတ်လို့ရပါတယ်
Current ( Amp) များတာ နည်းတာ ကို Voltage (V) နဲ့ Resistance (Ω) ကဆုံးဖြတ်ပေးပါတယ်
အောက်မှာ ပြထားတဲ့ ပုံလေးကို ကြည့်ရင် အခုပြောပြထားတဲ့ ဟာကို ပိုရှင်းရှင်းလင်းလင်း မြင်ရပါတယ်
Post by Void
#လျှစ်စစ် #နည်းပညာ
# crd
10/06/2025
RCBO( ELCB ) အကြောင်း (၁)
=======================
ကျွန်တော်ဓါတ်လိုက်ခံရခြင်း
==================
ပထမဆုံး RCBO အကြောင်း မပြောခင် ကျွန့်တော့ အတွေ့ အကြုံ ကို ပြောပါမယ်။
အဲ ဒါ က ဓါတ်လိုက်ခံ ရတဲ့ အတွေ့ အကြုံပါ။ တခါ က Emergency Diesel Generator ကို ဝင်စစ်ရင်းနဲ့ Pressure switch ရဲ့ Contact ကို လက်နဲ့ သွားထိလိုက်တယ် ။ အဲဒီ switch က 2 phase ၄၀၀ ဗို့ ဆိုတော့ တဖက်ကို 230 VAC ရှိတယ်။ နောက်လက်တဖက်ကလဲ သံဘော်ဒီ ထိနေတော့ တော်တော်လေး ကို ကျင် ခနဲ ခံစားသွားရပါတယ် ။
ဘယ်လိုခံစားမှုလဲ ဆိုတောတော့ မပြောတတ်အောင်ပါပဲ ။နောက်သွားကြည့်တော့ အဲဒီ တပ်ထားတဲ့ Main RCBO ( Schneider-Merlin Gerin ) ( အဲတုန်း ကတော့ ELCB ပေါ့ ) ကပြုတ် သွားတာတွေ့တယ် ။ အကယ်လို့ မ ပြုတ်ဖူး ဆိုရင် တခုခု ဖြစ်သွားမှာပေါ့။ ဒါနဲ့ RCBO ( ELCB ) အကြောင်းတွေ ကို သေသေ ချာချာ လေ့လာခဲ့ ပါတယ် ။ သူရဲ့ အလုပ်လုပ် ပုံတွေ ပေါ့ ။ Oil and Gas Electrical Engineering Training တုန်းက သင်ခဲ့ ရပေမဲ့ အဲလောက် သတိမထားခဲ့ မိပါဖူး။နောက်ပိုင်း လျပ်စစ် ကို ပေါ့ပေါ့ ဆဆ သုံးကျတယ် ။ Protection တွေ မတပ် ကျဖူး။ လူတွေ သေ ကျတယ် ။ အဆိုးဝါးဆုံးက ပျဉ်း မနားမှာ ဖြစ်သွားတဲ့ လူ ၅ ယောက် တပြိုင်နက် ထဲ လျပ်စစ်ကြောင့် သေသွားခဲ့တာပါပဲ ။
တော်တောလဲ တုန်လှုတ်စရာကောင်းပါတယ်။ အထူး သဖြင့် ယာယီလုပ် ကျတဲ့ ပွဲ လမ်း သဘင်တွေ မှာ မြေကြီးပေါ် ဆွဲ ပြီး အဲ ဒီ ယာယီ တပ်ဆင်ထားတဲ့ ဝါ ယာတွေ ကနေ တဆင့် ကြိုးတွေ ပေါက် လူကကိုင်မိ ဓါတ်လိုက်သေ ကျပါတယ်။အများဆုံး ကြားနေရတဲ့ သတင်းပါ။ မိတ်ဆွေတို့လဲ သတိပြုမိမယ်ထင်ပါတယ်။
ကျွန်တော်တို့ငယ်ငယ်တုန်း က ရန်ကင်းမှာ “မေ “ နဲ့စတဲ့ မော်ဒယ်သရုပ်ဆောင် မိန်းကလေး တယောက် ရေချိုးခန်းမှာ ဆံပင် အခြောက် ခံစက်သုံးရင်း ဓါတ်လိုက်သေသွားလို့ နာမည် ဟိုးလေး တကျော်ကျော် ဖြစ်သွားသေးတယ်။
အဲဒီ အချိန်တုန်းက ကျွန်တော် ELCB တပ်ဖို့ အကြောင်းတွေ Social Media မှာစရေးပါတယ်။ တကယ် ကျတော့ မသိတဲ့ သူတွေ အဖို့ ELCB ( RCBO ) ဆိုတာ တော်တော် အလှန်းဝေး ပါတယ်။ ရောင်းနေတဲ့ ဆိုင် ကသူတွေ တောင် သွားမေးရင် ဘာမှန်း မသိပါဖူး။
စာတွေ ရေးတော့ ကျွန်တော့် ကို RCBO တွေ မေးကျတယ်။ကျွန်တော် ဖြန့်နိုင်ရင် ကောင်းမှာပဲလို့ တွေးမိတယ်။လူတိုင်း ကတော့ ဓါတ်လိုက်ခံ ရတိုင်း မသေပါဖူး။ ဒါပေမဲ့ အိမ်များမှာ တပ်ဆင်သော လျပ်စစ်ကာကွယ်ရေး ပစ္စည်း တွေ ကို တပ် ကိုတပ်သင့်ပါတယ်။
အိမ်တွေ မှာ တပ်သင့်တဲ့ RCBO ဆိုတာ ဘာလဲ
*******************************************
RCBO သည် Residual-current Circuit Breaker with Over current ကိုဆိုလိုပါသည်။
RCBO တစ်ခုသည်လုပ်ဆောင်ချက်နှစ်ခုပါသော circuit breaker အမျိုးအစားဖြစ်သည်။ဓါတ်လိုက်ခြင်းကြောင့် သေဆုံးရသော လူ့ များရဲ့ ဘဝ အသက်ကိုကာကွယ်ရန်ဆားကစ်တစ်ခုပေါ်ရှိ overload နှင့် short circuit ကာကွယ်ရန် တို့ ဖြစ်ပါတယ်။
RCBO သည်Circuit Breaker (MCB) နှင့် Residual Current Device (RCD) တို့ ပေါင်းစပ်ထား ခြင်း ဖြစ်သည်။ဒါ ကြောင့် RCBO ကိုတပ်ဆင်ထားပါက မည်သူကို မဆိုသေစေနိုင်သောဖြစ်နိုင်ချေရှိသော လျပ်စစ်ဓါတ်လိုက်မှု ကို တားဆီးနိုင် သကဲ့သို့တစ်ချိန်တည်းတွင် မီးလောင်နိုင်သော overload ကိုတားဆီးရန် ဖြစ်ပါတယ်။
ဆက်ရန်
ဖတ်ရှု တဲ့ အတွက် ကျေးဇူးတင်ပါတယ်
EI Engineering 🙏
25/05/2025
ELCB နှင့် RCD တို့ကို အသုံးပြုခြင်း
ELCB
ELCB ကေတာ့ Earth Leakage Current ဖြစ်တဲ့အခါ power ကို ဖြတ်ချပေးမယ့် အမျိုးအစားပါ။ ELCB (2) မျိုး ရှိပါတယ်။
1. Voltage-ELCB နဲ့
2. Current-ELCB တို့ပါပဲ။
Voltage-ELCB ကို လွန်ခဲ့တဲ့ နှစ်ပေါင်း (၆၀) လောက်ကစပြီး အသုံးပြုခဲ့ကြပါတယ်။ Current-ELCB ကိုတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း (၄၀) လောက်က စတင်အသုံးပြုခဲ့ကြပါတယ်။ နှစ်မျိုးလုံးကို ELCB လို့ပဲ ခေါ်ေဝါ်သုံးစွဲခဲ့ကြတာကြောင့် လျှပ်စစ်နယ်ပယ်မှာ ရောထွေးမှု ဖြစ်တတ်ပါတယ်။
အမျိုးအစားမှားယွင်း အသုံးပြုမိရင် ရည်ရွယ်ထားတဲ့ Protection ကို အပြည့်အ၀ ရရွိမွာ မဟုတ်ပါဘူး။ ဒါကြောင့်လည်း ဒီလိုရောထွေးမှု မဖြစ်အောင် Current-ELCB ကို RCD (Residual Current Device ) လို့ခေါ်ဖို့ IEC က ဆုံးဖြတ်လိုက်ပါတယ်။ Residual Current ဆိုတာကေတာ့ Load Current ထက္ပိုတဲ့ Current ကို ခေါ်တာပါ။
Voltage-ELCB
Voltage-ELCB ဆိုတဲ့အတိုင်း Voltage ပေါ်မူတည်ပြီး အလုပ်လုပ်တဲ့ အမျိုးအစား ဖြစ်ပါတယ်။ Voltage-ELCB လို့ဆိုပေမယ့်လည်း သူ့ကို Current ဖြတ်စီးမှ အလုပ်လုပ်မှာပါ။ Voltage-ELCB မွာ Relay Coil တစ်ခုပါ၀င်ပြီး၊ Relay Coil ရဲ့ အစွန်းတစ်ဖက်ကို Load တွေရဲ့ သတ္တုကိုယ်ထည်နဲ့ ဆက်ထားပြီး နောက်အစွန်းတစ်ဖက်ကိုတော့ Ground Wire နဲ့ ဆက်သွယ်ထားပါတယ်။
Insulation ချို့ယွင်းမှုကြောင့် Phase(Line) ကြိုးဟာ သတ္တုကိုယ်ထည်တွေကို ထိမိမယ်ဆိုရင် Load body နဲ့ Earth အကြားမှာ Voltage တစ်ခုဖြစ်လာမှာပါ။ ဒီ Voltage က အန္တရာယ် ဖြစ်လောက်တဲ့အထိ များလာခဲ့မယ်ဆိုရင်တော့ ဒီ voltage ကြောင့်ဖြစ်ပေါ်လာတဲ့ current ဟာ Load body ကတဆင့် magnetic relay ရဲ့ coil ကိုဖြတ်ပြီး earth ဆီကို စီးသွားမှာမို့ Magnetic realy က Power ကို ဖြတ်တောက်ပေးပြီး Electric Shock ဖြစ်ခြင်းကို ဟန့်တားပေးပါလိမ့်မယ်။
ELCB ဟာ သူ protect လုပ္ထားတဲ့ Load body နဲ့ Earth အကြားက Fault ကိုပဲ Detect လုပ်မှာမို့ တခြားအကြောင်းကြောင့် ဖြစ်ပေါ်တဲ့ Earth Fault တွေကိုတော့ တားဆီးပေးမှာ မဟုတ်ပါဘူး။ ဥပမာအားဖြင့် Phase ကြိုးကို လူကထိမိတာမျိုး၊ သတ္တုနဲ့လုပ်ထားတဲ့ ရေပိုက်၊ ဓါတ်ငွေ့ပိုက်တွေ ထိနေတာမျိုးတွေမှာပေါ့။
Current-ELCB (RCB)
Current-ELCB ကို RCD (Residual Current Device) လို့ အသိများကြပါတယ်။ သူသည်လည်း Earth Leakage ကို protect လုပ္တာပါပဲ။ သူကေတာ့ Power အ၀င်ကြိုး Line(Phase) ကြိုးရော၊ အပြန်ကြိုး Neutral ပါ (၂) ခုလုံးက Sensing Coil ကို ဖြတ်ပါတယ်။ Fault တစ်ခုခုကြောင့် အ၀င် Current နဲ့ အထွက် Current ဟာ မတူညီတော့ပဲ ကွာဟမှုရှိလာရင် Power ကို ဖြတ်ချပေးပါတယ်။ Voltage-ELCB က မလုပ်တဲ့အပိုင်းကို Current-ELCB က လုပ်ပေးတာပါပဲ။
MCB, MCCB, ELCB နဲ့ RCCB ဘာတွေ ကွာခြားကြသလဲ
MCB ( Miniature Circuit Breaker )
Rated Current ဟာ 100 A ထကျ မကျော်ပါဘူး
ပုံမှန်အားဖြင့်တော့ Trip Current အတွက် ချိန်ညှိလို့ မရပါဘူး။
Thermal ဒါမှမဟုတ် Thermal magnetic နဲ့ လုပ်ဆောင်ပါတယ်။
MCCB ( Moulded Case Circuit Breaker )
Rated Current ဟာ 1000 A အထိ ရှိပါတယ်။
Trip Current ကို ချိန်ညှိနှိုင်ပါတယ်။
Thermal ဒါမှမဟုတ် Thermal magnetic နဲ့ လုပ်ဆောင်ပါတယ်။
ACB ( Air Circuit Breaker )
Rated Current ဟာ 10 000 A ထိ ရှိပါတယ်။
Trip threshold နဲ့ delay အပါအ၀င် trip current ကို အပြည့်အ၀ ချိန်ညှိနိုင်တဲ့ အမျိုးအစားပါ။
များသောအားဖြင့် Electronic control အမျိုးအစားတွေ ဖြစ်ပြီး အချို့ကတော့ Microprocessor control အမျိုးအစားတွေ ဖြစ်ပါတယ်။
စက်မှုလုပ်ငန်းကြီးတွေမှာ Main Power distribution အတွက် အသုံးပြုလေ့ရှိပါတယ်။
VCB ( Vacuum Circuit Breaker )
Rated current ဟာ 3000 A အထိ ရှိတတ်ပါတယ်။
လေဟာနယ်အိုးထဲမှာ Breaker ရဲ့ ဖြတ်တောက်မှုကို ဆောင်ရွက်ပါတယ်။
ACB တွေထက် သက်တမ်းကြာကြာ ပိုပြီး အသုံးပြုနိုင်ပါတယ်။
RCD/RCCB ( Residual Current Device / Residual Current Circuit Breaker )
RCD မွာ Line (Phase) ကြိုးရော၊ Neutral ကြိုးရော ဆက်သွယ်ရပါတယ်။
Earth Fault Current ဖြစ်တဲ့အခါ ဖြတ်တောက်ခြင်းကို ဆောင်ရွက်မှာပါ။
Phase မွာ ဖြတ်စီးတဲ့ Current ပမာဏအတိုင်း Neutral မှာလည်း ဖြတ်စီးရပါမယ်။
ဒီ Current (2) ခု မကိုက္ညီတာကို RCD က သိလိုက်တာနဲ့ တပြိုင်နက် (30 ms) အတွင်း လွ်ပ္စစ္ကို ဖြတ်တောက်ပါမယ်။
အဆောက်အဦးတစ်ခုလုံးရဲ့ Main မွာ RCD ကို တပ်ဆင်အသုံးပြုသင့်ပါတယ်။
များသောအားဖြင့် 30 mA နဲ့ 100 mA ဟာ အသုံးများပြီး 300/500 mA RCCB ကေတာ့ Fire Protection မီးဘေးကာကွယ်ရေးစနစ်အတွက် လိုအပ်တဲ့နေရာတွေမှာ အသုံးပြုကြပါတယ်။
ELCB ( Earth Leakage Circuit Breaker )
ELCB မှာတော့ Line (Phase) ကြိုးရော၊ Neutral ကြိုးရော၊ Earth ကြိုးရော ဆက်သွယ် ဆောင်ရွက်ပါတယ်။
ELCB ဟာ Earth Leakage Current ပေါ်မှာ အခြေခံပြီး လုပ်ဆောင်ပါတယ်။
လူ့ခန္ဓာကိုယ်အတွက် စိတ္ခ်ရတဲ့ Current ပမာဏဟာ 30 mA အတွင်းမှာရှိပါတယ်။
လူ့ခန္ဓာကိုယ်ရဲ့ Resistance ဟာ 500 Ohm ရှိပြီး Voltage က 230 V အေနအထား ဆိုပါစို့၊ Body Current ဟာ I = V/R အရ 460 mA ရှိပါလိမ့်မယ်။ ဒီလိုဆိုရင် 30 mA sec/460 mA ဆိုတော့ ELCB က 0.65 ms အတွင်း လွ်ပ္စစ္ကို ဖြတ်ချနိုင်ဖို့လိုပါတယ်။
RCBO ( Residual Circuit Breaker with Overload )
RCBO ဆိုတာကေတာ့ MCB နဲ့ RCCB ကို Package တစ်ခုတည်း ပုံစံနဲ့ တည်ဆောက် ထားတာပါ။
# Crd Original Content Writer 🙏
14/03/2025
Breaker အကြောင်း သိကောင်းစရာများ
=============================
MCB ( Miniature Circuit Breaker ) တစ်လုံးကဘာတွေ အရေးပါလဲဆိုရင်တော့ သင့်အိမ်ကို ရှော့(Short Circuit) ဖြစ်ပြီးမီးမလောင် အောင်၊ Wire or Cable အပူလွန်ကဲမှု ကြောင့် မီးမလောင်အောင် ကာကွယ်ပေးနိုင်ပါတယ်။
မိမိအသက်၊မိမိစည်းစိမ် ကိုကာကွယ်ပေးတဲ့
ပစ္စည်းဖြစ်တာကြောင့် သေချာ ရွေးချယ် ဝယ်ယူသင့်ပါတယ်။ Breaker အကုန်လုံးမှာ Mechnical Life နဲ့ Electrical Life ဆိုတာရှိပါတယ်။ Mechnical Life ဆိုတာကတော့ Breaker မောင်းတံလေးကိုအတင်အချလုပ်တဲ့ အကြိမ်အရေအတွက်များရင် Mechnical Life အရ ခုခံနိုင်တဲ့ အကြိမ်အရေအတွက်နည်းလာပြီး ပျက်စီးဖို့များလာခြင်းပါ။ Electrical Life ဆိုတာကတော့ Overload or Short Circuit ကြောင့်ဖြစ်တဲ့ အကြိမ်အရေအတွက်များလေ ပျက်စီးဖို့များလေပါ။ MCB တစ်လုံးကိုသင်ဝယ်တော့မယ် သုံးတော့မယ် ဆိုရင် အချက် ( ၅ ) ချက်ကိုတော့သင်သိထားဖို့လိုပါတယ်။
(၁) ဘာအမျိုးစားအစားသုံးမှာလဲ၊ ဘယ်နိုင်ငံ Brand ကိုသုံးမှာလဲ
(၂) ဘယ်လောက် Pole သုံးမှာလဲ
(၃) ဘယ်လောက် Amp သုံးမှာလဲ
(၄) ဘယ် Curve အမျိုးအစားသုံးမှာလဲ
(၅) KA ( Breaking Capacity ) ဘယ်လောက်သုံးမှာလဲ
နံပါတ် (၁) အတွက်ကတော့ ဘယ်နိုင်ငံ Brand ကိုသဘောကျလဲ။ သဘောကျတဲ့ brand ကိုရွေးလိုက်ရုံပါပဲ။
နံပါတ် (၂) ဘယ်လောက် Pole သုံးမှာလဲ ဆိုတာကတော့ Single Phase ဆိုရင် 1Pole or 2Pole ၊ Three Phase ဆိုရင် 3Pole or 4Pole ပေါ့၊ 1Pole နဲ့ 2Pole ကွာခြားချက်လေးကိုပြောရမယ်ဆိုရင်တော့- 1 Pole သုံးတဲ့အခါ Phase တစ်ခုထဲကို Breaker ကပိတ်ပါတယ်။ 1Pole သုံးတဲ့အခါမှာ တပ်ဆင်တဲ့သူက Phase Neutral သေချာမစစ်ဘဲ Breaker တပ်ခဲ့တဲ့အခါမှာ အကြောင်းအမျိုးမျိုးကြောင့် ပျက်လို့ပြင်တဲ့အခါမှာ ဓါတ်လိုက်တာမျိုးဖြစ်နိုင်ပါတယ်။ Phase ကို Breaker ခံထားရင်လဲ အခြား circuit မှလျှပ်စစ်သုံးစွဲမှုကြောင့် Neutral ကနေ ဓါတ်လိုက်သလို မျိုးခံစားရနိုင်ပါတယ်။ 2Pole သုံးမယ်ဆိုရင်တော့ 1 Pole တွင်ဖြစ်သောပြသနာများကင်းဝေးစေ နိုင်ပါသည်။
နံပါတ် (၃) ဘယ်လောက် Amp သုံးမှာလဲ ဆိုတာကတော့ အသုံးပြုမည့် Watt နဲ့ Voltage အပေါ်မှာမူတည်ပြီးတွက်ယူရတာဖြစ်ပါတယ်။ အကြမ်းဖျင်းအနေနဲ့ကတော့ 200 Watt = 1A ပါ။ ဥပမာ အနေနဲ့ 1000W ဆိုရင် 5A ပါ Breaker ရွေးတဲ့အခါမှာ တကယ်အသုံးပြုတဲ့ Amp ထက် 20% ပိုဆောင်းရွေးချယ်ရပါတယ် 5 x 1.2 = 6A ပါ။
နံပါတ် (၄) ဘယ် Curve အမျိုးအစားသုံးမှာလဲဆိုတာကတော့ Breaker တွေမှာ BCDKZ ဆိုပြီး Curve ( ၅ ) မျိုးထွက်ပါတယ်။
မြန်မာနိုင်ငံမှာတော့ BCD ကိုရှာဝယ်မယ်ဆိုရင်တော့ရနိုင်ပါ တယ်။ ဈေးကွက်မှာ အပေါဆုံးက C-curve ပါ။ B-curve ကိုတော့ Legrand အမျိုးအစားထဲက ရနိုင်တယ်။ B-curve ကို Lighting and Socket တွေမှာသုံးတယ်။ C-curve ကို Machine တွေမှာ သုံးတယ်။ D-curve ကို Motor တွေမှာသုံးပါတယ်။
နံပါတ် (၅) KA ( Breaking Capacity ) ဘယ်လောက်သုံးမှာလဲ ဆိုတာကတော့ အသုံးပြု မည့် Load အပေါ်မှာမူတည်ပြီးတွက်ထုတ်ရတာဖြစ်ပါတယ်။ အိမ်သုံးအနေနဲ့ကတော့ 4.5KA , 6KA လောက်ဆိုအဆင်ပြေပါတယ်။
14/03/2025
🎉 Facebook recognized me as a consistent reels creator this week!
14/03/2025
စျေး ကွက် ရှိ PVC Pipe Size နှင့် အခေါ်ဝေါ်များ
လုပ်ငန်းခွင်တွင် အသုံးဝင်၍ အဆင်ပြေချောမွေ့ ကြပါ စေ 😊 ။
Photo
04/03/2025
🎉 Facebook recognized me as a top rising creator this week!
23/02/2025
ဆောက်လုပ်ရေးလောကကို ပြောင်းလဲပစ်လိုက်တဲ့ သေးငယ်တဲ့တီထွင်မှုလေး
၁၉၅၈ ခုနှစ်မှာ ဂျာမန်တီထွင်သူ Artur Fischer က ဆောက်လုပ်ရေးလုပ်ငန်းကို အပြီးတိုင် ပြောင်းလဲသွားစေခဲ့တဲ့ သေးငယ်ပေမယ့် တော်လှန်ရေးဆန်တဲ့ Fischer plug ကို မိတ်ဆက်ခဲ့ပါတယ်။
ဒီရိုးရှင်းတဲ့ ပလတ်စတစ်အတုံးလေးက ကွန်ကရစ်၊ အုတ်၊ သို့မဟုတ် ထုံးဂေါ်နဲ့ ပြုလုပ်ထားတဲ့ နံရံတွေမှာ ဝက်အူတွေကို လုံခြုံစွာ တပ်ဆင်နိုင်စေခဲ့ပြီး ဆောက်လုပ်ရေးနဲ့ အိမ်ပြုပြင်မွမ်းမံရေးမှာ ကြာရှည်စွာ ဖြစ်နေတဲ့ ပြဿနာကို ဖြေရှင်းပေးခဲ့ပါတယ်။
ဒီပလပ်က ဝက်အူထည့်လိုက်တဲ့အခါ ပွလာပြီး နံရံထဲမှာ ခိုင်မာတဲ့ ဖိအားကို ဖန်တီးပေးပါတယ်။
ဒီပလပ်ကို မတီထွင်ခင်က စင်တွေ၊ တပ်ဆင်ပစ္စည်းတွေလို ပစ္စည်းတွေကို နံရံမှာ တပ်ဆင်တာဟာ ခက်ခဲပြီး စိတ်မချရတဲ့ လုပ်ငန်းစဉ်တစ်ခုဖြစ်ခဲ့ပြီး အထူးကျွမ်းကျင်မှု သို့မဟုတ် နည်းပညာတွေ လိုအပ်လေ့ရှိပါတယ်။
Fischer plug ရဲ့ ရိုးရှင်းပြီး ထိရောက်မှုက ချက်ချင်းအောင်မြင်မှုရရှိစေခဲ့ပြီး ပညာရှင်တွေရော၊ DIY ဝါသနာရှင်တွေပါ စီမံကိန်းတွေကို လွယ်ကူစွာ အပြီးသတ်နိုင်စေခဲ့ပါတယ်။
ဈေးသက်သာပြီး အသုံးဝင်လွန်းတာကြောင့် ကမ္ဘာတဝှမ်းမှာ ဘီလီယံချီပြီး ရောင်းချခဲ့ရပြီး နေရာတိုင်းက ကိရိယာဘူးတွေမှာ မရှိမဖြစ် ပစ္စည်းတစ်ခု ဖြစ်လာခဲ့ပါတယ်။
Artur Fischer ရဲ့ တီထွင်မှုဟာ တပ်ဆင်ရေးနည်းပညာကိုသာ တော်လှန်ပြောင်းလဲစေခဲ့တာ မဟုတ်ဘဲ အဆင့်မြင့် ကျွမ်းကျင်မှုတွေ မလိုအပ်ဘဲ ဘယ်သူမဆို ပစ္စည်းတွေကို လုံခြုံစွာ တပ်ဆင်နိုင်အောင် ဆောက်လုပ်ရေးလုပ်ငန်းကို လူထုလက်ထဲ ရောက်ရှိစေခဲ့ပါတယ်။
ဆယ်စုနှစ်တွေ ကြာလာတဲ့အထိ Fischer plug ဟာ အရေးပါတဲ့ တီထွင်မှုတစ်ခုအဖြစ် ရှိနေဆဲဖြစ်ပြီး တီထွင်မှုသေးသေးလေးတွေဟာ စက်မှုလုပ်ငန်းတွေနဲ့ နေ့စဉ်ဘဝအပေါ် ကြီးမားတဲ့ သက်ရောက်မှု ရှိနိုင်တယ်ဆိုတာကို သက်သေပြနေပါတယ်။
thuta_city