Research Design and Methodology-RDM

Research Design and Methodology-RDM Qualitative Research
Quantitative Research

သုတေသနနည်းနာနှင့် ပတ်သက်သည့်
- မှတ်ဖွယ်
- လိုက်နာဖွယ်
- လေ့ကျင့်ဖွယ်
- ကျင့်သုံးဖွယ်
- နာယူဖွယ်များကို
နိုင်ငံတကာ သုတေသနရှုထောင့်နှင့် နှိုင်းယှဉ်သုံးသပ်မှု ပြုလုပ်ထားသည့်
Research Tips များ ဝေမျှပေးမည့် Channel ဖြစ်ပါသည်။

Research Design and Methodology
Email - [email protected]
Phone No. - +95-9-797-695-220
Phone No. - +95-9-779-728-022
Website - https://rdm-teachelmay.blogspot.com

18/07/2026

👩🏻‍🎓 ပညာဒါနပေမဲ့ အကျိုးရှိတဲ့ ပညာ ကို ရချင်ရင်
Comment မှာ ချထားတဲ့ Zoom Link ကို 24ရက်နေ့ကျရင် Join ခဲ့ပါ

🚨Zoom က လူ ၂၀၀ ခန့်ပဲ ဆံ့တာမို့ 200 ကျော်တာနဲ့ ဝင်လို့ရမှာ မဟုတ်တာလေးတော့ သတိပြုပေးစေလိုပါတယ်နော်

အခုခေတ်ကတော့ သုတေသန “ဂျင်း” ကော AI နဲ့ ဂျင်းထည့်တဲ့ ခေတ်ကော ဖြစ်နေပြီ
17/07/2026

အခုခေတ်ကတော့ သုတေသန “ဂျင်း” ကော
AI နဲ့ ဂျင်းထည့်တဲ့ ခေတ်ကော ဖြစ်နေပြီ

✍️သုတေသန “ဂျင်း” တချို့✍️

▪️ဒီအကြောင်းအရာကို ကိုယ် စာ စသင်ထဲက လုံးဝ မပြောခဲ့ပါဘူး။ ဘာလို မပြောခဲ့ မရေးခဲ့လည်း ဆိုရင် ကိုယ်သင်တဲ့ ပညာရပ်အကြောင်း မကောင်းပြောတာလို့ ထင်ကြမှာ ဆိုးလို့ပါ။

✍️အခု ပိုစ့်က မကောင်းရေးတာ မဟုတ်သလို ထောက်ပြချင်တာလေးရှိလို့ရေးလိုက်တာပါ။

✍️ဟိုနေ့က တင်တဲ့ ပိုစ့်နဲ့ ဆက်စပ်ပြီး တွေးမိလို့ ဒါလေးကို ရေးလိုက်တာလို့လည်း ပြောလို့ရပါတယ်

✍️ကိုယ်တွေ သုတေသန စလေ့လာတော့ ဟိုနေ့ကလည်းရေးသားခဲ့တဲ့ အထဲမှာလည်း ပါ ပါတယ်။ကျောင်းသူဘဝမှာ စလေ့လာခဲ့တာဆိုတော့ ငွေကြေးအပိုမသုံးနိုင်လို့ Free session တွေကို လိုက်တက်ပြီး စလေ့လာခဲ့တာပါ။

▪️သုတေသန “ဂျင်း” ဆိုတာ ဘာကို ပြောချင်တာလဲ ဆိုတာကို ကိုယ်တွေ့နဲ့ ရေးသားပြချင်ပါတယ်။
တီချယ် ခံယူထားတဲ့ ခံစားချက်ပါ။ Never enough လို ခံယူပါတယ်။ ဘာလိုလည်း ဆိုရင် သုတေသနက အမြဲတန်းတိုးတက်နေတာမို လေ့လာမှုကို ရပ်တန့်လိုက်တာနဲ့ အဲ့ဒါ ဇာတ်သိမ်းပါပြီ၊ သေချာတာ တစ်ခုက လေ့လာမှုကို ရပ်တန့်လို့ မရတာပါ။ ကိုယ်ကြိုက်တဲ့ ပုံစံနဲ့ လေ့လာလို့ ရပါတယ်။ လေ့လာတဲ့ပုံစံ မတူညီတာက ပြဿနာမဟုတ်ပါဘူး။ နေ့စဉ်နဲ့အမျှ ပြောင်းလဲတိုးတက်နေတဲ့ သုတေသနရဲ့ လှပမှုကို မလေ့လာဘဲတော့ မြင်မှာ မဟုတ်ပါဘူး။

📤 တီချယ် သုတေသနကို စသင်ယူတော့ ဘာလို့ ဒီဘာသာရပ်က ဒီလောက်ခက်တာလဲ လိုတွေးခဲ့ပါတယ်။
📤တကယ်က သုတေသနက ခက်တာမဟုတ်ပါဘူး။
📤နားလည်ရလွယ်အောင် မသင်တဲ့ ပြဿနာက ခက်စေခဲ့တာပါ။
📤 အတွေးအခေါ် အယူအဆ အများကြီး ပါတဲ့ ပညာရပ်ကို Facts လိုကြီး သင်ရင်တော့ လွဲတာ
မဆန်းပါဘူး။

📃အဲ့တုန်းက သင်တန်းတွေ လိုက်တက်တယ် Seminar တွေ နဲ့ Training တွေ ရှင်းရှင်းပြောရရင် အခမဲ့သင်ယူလို့ရတာ အကုန်တက်ပါတယ်။

📑ယှဉ်ပြိုင်ပြီးလဲ Form တွေ တင်ပြီးတက်ပါတယ်။ လျှောက်ထားသူ ၁၀၀၀ မှာ ၅၀ ပဲရွေးမယ်ဆိုရင်တောင် ပါအောင်ကြိုးစားလျှောက်ခဲ့ပါတယ်။ အဲ့ခေတ်က အကြီးကြီးကျယ်ကျယ်ထုတ်ပြလို့ရတဲ့ Certificate ပေါင်းများစွာကိုလည်း ယူခဲ့ပါတယ်။

အဲ့လောက်လုပ်ပေမဲ့ ရောင်ဝါးဝါးပဲ သိခဲ့တာပါ။ ခေါင်းထဲ ရှင်းရှင်းလင်းလင်းသိလားဆိုမသိပါဘူး။ အဲ့ဒီတော့ ကိုယ်လိုပဲ လေ့လာသူအများစုက concept ကို မချိတ်မိကြပါဘူး။ ကိုယ်လည်းမချိတ်မိခဲ့ပါဘူး။ အဲ့ဒါ နားလည်အောင် မသင်တဲ့ ပြဿနာပါ။ အဲ့ဒီခေတ်က သုတေသန နဲ့ ငွေရှာလို ကောင်းတဲ့ ခေတ်ဆိုတော့ ငွေရှာဖိုပဲ သင်ကြတယ်ထင်ပါတယ်။ ဟင် …….. ပြောတော့ အခမဲ့သင်ယူခဲ့တာဆို ဘယ်က ငွေရှာတာလဲ လို မေးစရာရှိပါတယ်။ ဒါတွေက အဲ့ခေတ်က ဘာညာ ဘာညာ ခေါင်းစဉ်တပ်ပြီး လုပ်ကွက်တွေရှိပါတယ်။ အဲ့ဒါက ထားပါအုံး။
အဲ့ဒီမှာ ဂျင်းတွေက စတော့တာပါ။

🙏🏻🙏🏻🙏🏻နောက်ပိုင်းမှာ တီချယ် ကံကောင်းတာ တစ်ခုက ဆရာ/ဆရာမတွေ ရဲ့ ထောက်ပြ လမ်းညွှန်မှုနဲ့ သုတေသနရဲ့ လေ့လာနည်း အမှန်တွေကို သင်ယူခွင့်ရခဲ့ပါတယ်။🙏🏻🙏🏻🙏🏻

📜 ဒီလို ဖတ်ချိန် မိနစ်ပိုင်းခန့်ပဲ ကြာနိုင်တဲ့ စာပုဒ်လေးကနေ အဲ့ဒီ ဂျင်း အကြောင်းအစုံတော့ ဘယ်ပြည့်စုံ ပြောလိုရမလဲ။ သဘောတရားလောက်ပဲ ပြောနိုင်မှာပေါ့။ အဲ့ဒီ ဂျင်းရဲ့ အကျိုးဆက်က အခုထိ ခံနေရတုန်းပါ။

📚သုတေသနကို သင်ရင် အပေါ်ယံ General လောက်လေးသင်လို့ မရပါဘူး။ အဲ့ထက် ကျယ်ပြန့်တဲ့အရာဆိုတာ တကယ်နားလည်တဲ့ သူတွေက သိပြီးသားဖြစ်မှာပါ။ နောက်ပြီး သုတေသနကို သင်ရင်ဘောင်ကွပ်ပြီးသင်လို့ မရပါဘူး။

📚သုတေသနလေ့လာမှု တစ်ခုမှာ ပါဝင်ရုံနဲ့ ရပြီလားဆို ဘယ်ရမလဲ။
တစ်ခုရှိတာက သုတေသနက ကြီးကြီးကျယ်ကျယ် ပြောလို့ကောင်းတဲ့ အရာဆိုပေမဲ့ တကယ် ဆက်တိုက်လေ့လာဖို့က ခက်ပါတယ်။

📚ဒါကြောင့် အထက်မှာ ပြောခဲ့သလိုပဲ “Never Enough” လို ခံယူထားတာပါ။ တီချယ့်ရှုထောင့်က တော့ ဘယ်တော့မှ သုတေသနကို ဘောင်ခတ်ပြီး
မကြည့်သလို ဘယ်တော့မှလည်း လုံလောက်တယ် လိုမတွေးမိပါဘူး။ လေ့လာတဲ့ ပုံစံလည်း မကြာခဏ ပြောင်းနေတာပါ။

📔 ဒီလိုပြောလို့ ကိုယ့်ကိုကိုယ် proud ဖြစ်တာလားဆို လုံးဝ မဟုတ်ပါဘူး။ တီချယ့်လေ့လာနည်းကို မျှဝေတာပါ။

🪄ဉပမာ ပေးရရင် ဒါရိုက်တာ တစ်ယောက် မင်းသားလည်းလုပ်ဖူးတယ်၊ ဇာတ်ညွှန်းလည်းရေးဖူးတယ်၊ သီချင်းလည်း တီးခတ်ဖူးတယ်ဆိုရင် ကင်မရာ Setting ကိုလည်း နားလည်တယ်၊ ဝတ္ထုလည်းရေးဖူးတယ် ဆိုရင် အဲ့ဒီ ဒါရိုက်တာက အနုပညာသမား လို ခံယူလိုရမယ်ထင်ပါတယ်။
🪄ဒီသဘောပါပဲ သုတေသနမှာလည်း နယ်ပယ်အစုံကို လေ့လာမှု ပုံစံမျိုးစုံနဲ့ ကျင်လည်ဖြစ်ရင်တော့ သုတေသနကို ပိုသိလာမှာပါ။
🪄လောဆယ် စာတန်းရေးဖို့၊ proposal ရေးဖို့ဆိုရင်တော့ သိရမဲ့ concept နဲ့ framework တွေကို သင်ရတာမှန်ပေမဲ့ ဒါတွေက သုတေသနကို အလုံးစုံ သိပြီလို့ ဆိုလိုတာမဟုတ်ပါဘူး။

🎁တီချယ်တိုလည်း ကိုယ်သိတာ တတ်တာနဲ့ အသေသပ်ဆုံး ကြိုးစားတာဖြစ်လို ကိုယ့်ထက်သိသူ တတ်သူ အတွေ့ကြုံရှိသူတွေ ရှိမယ် ဆိုတာကိုလည်း လက်ခံထားပါတယ်။

✍️✍️ဒါကြောင့် သင်ဖူးရုံ လေ့လာဖူးရုံ နဲ့ အကျယ်တဝင့်ကြီး ချဲ့ကားပြောလို့ရတဲ့ အရာမဟုတ်တဲ့အတွက် သုတေသနရဲ့ ဂျင်းတွေ ကို ရှောင်တတ်ဖို့ ရေးသားမျှဝေလိုက်ရပါတယ်။

🌿🌿🌿အားလုံးပဲ မင်္ဂလာရှိသော နေ့လေးဖြစ်ကြပါစေ။

ပြည်တွင်းနေနေ/ ပြည်ပနေနေ📌ထိရောက် မြန်ဆန်တဲ့ Thesis Consultation 📌 အမှားစစ်ပေးခြင်း📌 Data Collection အတွက် အနီးကပ် အကြံပြ...
17/07/2026

ပြည်တွင်းနေနေ/ ပြည်ပနေနေ

📌ထိရောက် မြန်ဆန်တဲ့ Thesis Consultation
📌 အမှားစစ်ပေးခြင်း
📌 Data Collection အတွက် အနီးကပ် အကြံပြုခြင်း
📌 Survey Design
📌Data Analysis
📌 Market Research Data Collection Services
တို့က်ို

📞RDM မှာ ရယူလိုက်ပါ။

👩‍💻 Professional ဆန်တဲ့ Thesis/ Dissertation တို့ကို နိုင်ငံတကာ စံချိန် နှင့်အညီ
Consultationပေးနေပါတယ်။

စုံစမ်းရန်
- Page Messenger

မနက်ဖြန် အတန်းအားလုံး ပြန်စမည်
16/07/2026

မနက်ဖြန် အတန်းအားလုံး ပြန်စမည်

📣RDM’s မှ လုပ်ဆောင်ပေးနေသည့် Research Service များအကြောင်း သတင်းကောင်းပါအပ်ပါသည်📣▪️Market/ Social Research▪️Thesis Consu...
14/07/2026

📣RDM’s မှ လုပ်ဆောင်ပေးနေသည့် Research Service များအကြောင်း သတင်းကောင်းပါအပ်ပါသည်📣

▪️Market/ Social Research
▪️Thesis Consultation
▪️သုတေသနဆိုင်ရာ သင်တန်းများဖွင့်လစ်ထားခြင်း
▪️SPSS နှင့် STATA Software များဖြင့် ဒေတာစစ်ပေးခြင်း
စသည်ဖြင့် လုပ်ဆောင်ပေးလျက်ရှိပါသည်။

🔰 ရည်ရွယ်ချက် 🔰
▪️ပြည်တွင်း/ပြည်ပ လုပ်ငန်းရှင်များ၊ လုပ်ငန်းလည်ပတ်နေသူများအတွက် စေ◌ျးကွက် သုတေသနပြုလုပ်ခြင်းဖြင့် ထိရောက်သော ဆုံးဖြတ်ချက်များ ချမှတ်နိုင်ရန် ဖြစ်သည်။
▪️ ပြည်တွင်း/ပြည်ပ ကျောင်းသား/သူ များ အတွက် စာတမ်းရေးရာမှာ လွယ်ကူ/မြန်ဆန် သက်သာ စေရန် အထူးရည်ရွယ်ပါသည်။
▪️ ပညာရပ်ဆိုင်ရာ စာတမ်းရေးသာရာမှာ နည်းစနစ် တကျ ချဉ်းကပ်ကြနိုင်စေရန်
▪️ မလိုအပ်ဘဲ အချိန်ကုန်/ လူပင်ပန်း မှုကို လျှော့ချစေနိုင်ပြီး ထိရောက်မှု/ မြန်ဆန်မှုရှိရန်

🔰 အနှစ်ချုပ်🔰
▪️ စီးပွားရေးဆိုင်ရာ/ပညာရပ်ဆိုင်ရာ စာတမ်းအတွက် Services ပေးရန် ရည်ရွယ်ထားခြင်းဖြစ်တာမို့ Package များအလိုက် သင့်တော်သည့် Fee များသတ်မှတ်ထားပါသည်။
▪️ စေ◌ျးကွက်သုတေသန အတွက် Service ကို RDM's Team ဖြင့်​ ဆောင်ရွက်လျက်ရှိပါသည်။
▪️Team Member များလည်း လိုအပ်လျက်ရှိပါသည်။ Projects နဲ့ သွားနေတာမို့ မိမိမှာ ရှိတဲ့ အရည်အချင်းတွေ ကို ပြန်အသုံးပြုဖို့ စိတ်ဝင်စားသူများ အနေဖြင့် သော်လည်းကောင်း/ အားလပ်ချိန်မှာ ဝင်ငွေ တစ်ဖက်တစ်လမ်းက ရှာချင်သူများလည်း

CV (မိမိ ကြိုက် နှစ်သက်ရာ Format)
Referee Name ရေး၍
rdmoffice.mm@gmail သို့ ပေးပို့ထားလို့ရပါတယ်

▪️ပညာရပ်ဆိုင်ရာ သုတေသနအတွက်မူ တီချယ် တစ်ယောက်ထဲပဲ သင်ကြားပေးလျက်ရှိပါသည်။

📣ကိုယ်ရေး အကျဉ်း📣
Tr May
👩‍💻 Founder of RDM (Since 2020)
👩‍💻Research Executive
- Social Research Project တွေမှာ
Project Manager အဖြစ် အတွေ့အကြုံရှိပြီး လက်ရှိထိလည်း လုပ်ကိုင်လျက်ရှိပါတယ်။

👩🏻‍🎓 Education
- Master of Public Policy and Policy Analysis
(Japan) / ADB-JSP Scholarship
- B.A (Honous) Political Science
- Pauk Phaw Scholarship
စာရှည်မှာမို့ သိပ်အရှည်ကြီး မရေးတော့ပါဘူးနော်။
👨‍💻 Join With RDM👨‍💻
By Tr May
#သုတေသနရေးသားနည်း #သုတေသန
Tr See less

July 17 ရက်နေ့ ပြန်စပါမယ်နော်။ Registration တွေ လုပ်ပြီး သင်တန်းအပ်လို့ရပါတယ်
10/07/2026

July 17 ရက်နေ့ ပြန်စပါမယ်နော်။
Registration တွေ လုပ်ပြီး သင်တန်းအပ်လို့ရပါတယ်

09/07/2026

🚨တီချယ် SPSS Software ကို ပညာဒါန စစ်စစ် အနေနဲ့ သင်ပေးပါမယ်။🚨

📌 တကယ် လက်တွေ့ လိုက်လုပ်ရမှာမို့ အချိန်ပေးနိုင်မှ Join ကြဖို့ တောင်းဆိုပါတယ်။
📌အခမဲ့ သင်ပေးတာမို့ Join ချင်ရုံ သက်သက်နဲ့ဆို မလာပါနဲ့နော်။
📌တခြားလိုအပ်တဲ့သူ Join ပါစေ။

သင်ယူတတ်မြောက်မှုကိုလည်း စစ်ဆေးချင်လို့ Exam သဘော Problem set ကို ဖြေရှင်းခိူင်းပါမယ်။

ဒီလကုန်လောက်သင်ဖြစ်ပါမယ်။
Date and Time အတိအကျ ပြန်ကြေညာပေးပါမယ်။

စိတ်ဝင်စားသူများ Comment မန့်ခဲ့ပေးပါ။
မန့်တဲ့သူ အားလုံးကို Page ကနေ Date နဲ့ Time လာမဲ့ အပတ်ထဲ ပို့ပေးပါမယ်။

လိုအပ်သည့် ပစ္စည်းများ
- Laptop လိုပါမယ်
- သင်ယူချင်စိတ်နဲ့ အချိန်ပေးနိုင်သူဖြစ်ရပါမယ်

👩‍💻 zoom ဖြင့်သင်ပါမည်။

By Tr May

Research Proposalရေးနည်းကို လေ့လာချင်သူများ July 17 မှာ Google Classroomပြန်စပါမည်
09/07/2026

Research Proposalရေးနည်းကို လေ့လာချင်သူများ July 17 မှာ Google Classroomပြန်စပါမည်

STATA Softwareကို သီးသန့်လေ့လာချငိသူများအတွက် July 17မှာ Google Classroomပြန်စပါမည်
09/07/2026

STATA Softwareကို သီးသန့်လေ့လာချငိသူများ
အတွက် July 17မှာ Google Classroomပြန်စပါမည်

အတက်အများဆုံး အတန်းဖြစ်ပါတယ်သုတေသနကို အခုမှ စလေ့လာမဲ့သူတွေ Join သင့်ပါတယ်July 17 Google Classroomပြန်စပါမည်
09/07/2026

အတက်အများဆုံး အတန်းဖြစ်ပါတယ်
သုတေသနကို အခုမှ စလေ့လာမဲ့သူတွေ Join သင့်ပါတယ်

July 17 Google Classroomပြန်စပါမည်

Address

Yadanar Hninsi Condo, Dagon Seikkan Township
Yangon
11441

Opening Hours

Monday 09:00 - 15:00
Tuesday 09:00 - 15:00
Wednesday 09:00 - 15:00
Thursday 09:00 - 15:00
Friday 09:00 - 15:00

Telephone

+959882082882

Alerts

Be the first to know and let us send you an email when Research Design and Methodology-RDM posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Research Design and Methodology-RDM:

Shortcuts

Share