17/10/2024
❝...မွန်မြတ်တဲ့ သီတင်းကျွတ် အချိန်ခါသမယမှာ ချစ်ခင်လေးစားရတဲ့ မိတ်ဖက်များအားလုံး ကိုယ်၏ ကျန်းမာခြင်း စိတ်၏ ချမ်းသာခြင်းတို့နှင့် ပြည့်စုံပြီး ကပ်ဘေးအပေါင်း မှလည်း ကင်းဝေးကြပါစေလို့ K.T.E Language Academy မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်...❞
🙏🏻💛🎇🎆
22/05/2024
🙏ကဆုန်လပြည့် အခါသမယမှာ မြန်မာပြည်သူ ပြည်သား အပေါင်း ကိုယ်၊စိတ် နှစ်ဖြာ ရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်🙏
K.T.E Language Academy
18/09/2023
မိမိအနေနဲ့ ပညာရေး 𝐝𝐞𝐠𝐫𝐞𝐞 တစ်ခုမှ မရှိလည်း ကိုရီးယားမှာ စနစ်တစ်ခုနဲ့သွားရောက်အလုပ်လုပ်ကိုင်ခွင့်ရှိပါတယ်။
အဲ့တာကတော့ 𝐄𝐏𝐒 စနစ်ပါ။
👉🏻 𝐄𝐏𝐒 ဆိုတာ 𝐄𝐦𝐩𝐥𝐨𝐲𝐦𝐞𝐧𝐭 𝐏𝐞𝐫𝐦𝐢𝐭 𝐒𝐲𝐬𝐭𝐞𝐦 လို့ခေါ်ပါတယ်။
👉🏻ဆောက်လုပ်ရေးလုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်း၊စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေအတွက်
အလုပ်သမားခေါ်ယူဖို့ မြန်မာ-ကိုရီးယားနှစ်နိုင်ငံသဘောတူညီမှုဖြင့် ခေါ်ယူတဲ့စနစ်ဖြစ်ပါတယ်။
👉🏻 အထက်ဖော်ပြပါ အလုပ်အကိုင်များအတွက် ဝန်ဆောင်မှု ပေးနိုင်ရန် မည်သည့် 𝐀𝐠𝐞𝐧𝐭 ကိုမျှ လုပ်ပိုင်ခွင့် ပေးထားခြင်းမရှိဘဲ အစိုးရကသတ်မှတ်ထားသော 𝐄𝐏𝐒-𝐓𝐨𝐩𝐢𝐤 𝐄𝐱𝐚𝐦 ကို ဝင်ရောက်ဖြေဆို အောင်မြင်ပြီးမှသာ တရားဝင်အလုပ်လုပ်ကိုင် ခွင့်ရမှာ ဖြစ်ပါတယ်။
ဘယ်လိုလူတွေ 𝐄𝐏𝐒 စနစ်နဲ့ အလုပ် လုပ်ကိုင်နိုင်သလဲ ❓
🔰 𝐄𝐱𝐚𝐦 ဖြေဆိုပြီး အောင်မြင်ပါက ဖောင်တင်ပြီး 𝟑လခန့်မှစ၍ အလုပ်ခေါ်စာများ ခွင့်ပြုပေးပါသည်။
🔰အလုပ်လျှောက်သူသည် အသက် 𝟏𝟖 နှစ်မှ 𝟑𝟗 နှစ်အတွင်းရှိပြီး ကျန်းမာသန်စွမ်းသူ အမျိုးသားများသာ ဖြစ်ရမည်။
မိမိအနေနဲ့ 𝐄𝐏𝐒 𝐄𝐱𝐚𝐦 အောင်မြင်သော်လည်း အောက်ဖော်ပြပါ အချက်အလက်များနဲ့ ငြိစွန်းပါက သွားရောက်အလုပ်လုပ်ကိုင်ခြင်း မပြုနိုင်ပါ။
📌𝐇𝐈𝐕/𝐀𝐈𝐃𝐒/𝐁ပိုး/𝐂ပိုး/𝐓𝐕/အဆုပ်မကောင်းခြင်းနှင့်တခြားသော ကူးစက်ဝေဒနာ ခံစားရသူ။
📌ကိုရီးယားနိုင်ငံအတွင်း ယခင်က ဝင်ရောက်ဖူးပြီး ပြစ်မှုမှတ်တမ်းရှိ သောသူ။
📌အရောင်ကာလာများကို မခွဲ ခြားနိုင်သော 𝐂𝐨𝐥𝐨𝐫 𝐁𝐥𝐢𝐧𝐝များ။
📌နိုင်ငံအတွင်းမှ ပြည်ပသို့ ထွက်ခွာခွင့် ပိတ်ပင်ခံထားရသူ။
ဘယ်လောက်ကြာအောင် လုပ်ကိုင်နိုင်သလဲ ❓
🔰𝟒 နှစ်နဲ့ 𝟏𝟎 လအထိ လုပ်ကိုင်နိုင်ပါတယ်။
ပထမအကြိမ် စာချုပ်သက်တမ်းပြည့်ပြီးသော်လည်း ဥပဒေချိုးဖောက်သည့် ကိစ္စမျိုးမရှိပါက မိမိအလုပ်ရှင်နှင့် အလုပ်ရှင်၊ အလုပ်သမား သဘောတူစာချုပ် ဒုတိယအကြိမ်ထပ်မံချုပ်ဆိုကာ လုပ်ကိုင်နိုင်ကြောင်းလည်း သိရပါတယ်။
💁🏻 ကိုရီးယားနိုင်ငံဟာ 𝐀𝐬𝐢𝐚𝐧 𝐂𝐨𝐮𝐧𝐭𝐫𝐢𝐞𝐬 တွေထဲမှာ တတိယမြောက် လုပ်ခလစာ အများဆုံးနိုင်ငံဖြစ်ပါတယ်။
မိမိအနေနဲ့ ကိုရီးယားမှာ သွားရောက်အလုပ်လုပ်ချင်တယ်ဆိုရင်တော့ 𝐄𝐏𝐒 𝐓𝐨𝐩𝐢𝐤 𝐄𝐱𝐚𝐦 မဖြစ်မနေ ဝင်ရောက်ဖြေဆိုရပါမည်ခင်ဗျာ။
𝐄𝐏𝐒 စနစ်နဲ့ 𝐄𝐱𝐚𝐦 အကြောင်း ကိုသိချင်ရင်တော့ 𝐏𝐚𝐠𝐞 𝐜𝐛 မှာ အချိန်မရွေး မေးမြန်းနိုင်ပါတယ်။
#𝐊.𝐓.𝐄 𝐀𝐜𝐚𝐝𝐞𝐦𝐲
11/09/2023
ကိုရီးယား မှာ သွားရောက် အလုပ်လုပ်ချင်တဲ့သူတွေအတွက် 𝐊.𝐓.𝐄 𝐀𝐜𝐚𝐝𝐞𝐦𝐲 ကနေ
မကြာခင်မှာ 𝐄𝐏𝐒 𝐓𝐨𝐩𝐢𝐤 𝐂𝐥𝐚𝐬𝐬 တွေ
ဖွင့်ပေးတော့မှာ ဖြစ်ပါတယ်🤗🤗🤗
💁🏻 𝐄𝐏𝐒 𝐓𝐨𝐩𝐢𝐤 𝐂𝐥𝐚𝐬𝐬 ဆိုတာ ဘယ်လိုလူတွေတက်သင့်လဲ ❓
🔰 ကိုရီးယားသမ္မတနိုင်ငံကို သွားရောက်အလုပ်လုပ်ကိုင်ချင်တဲ့သူတွေ အထူးတက်ရောက်သင့်ပါတယ်။
💁🏻 𝐄𝐏𝐒 𝐓𝐎𝐏𝐈𝐊 𝐂𝐋𝐀𝐒𝐒 ဟာ ဘယ်အရာတွေ အားသာမှုရှိလဲ ❓
🔰 𝐄𝐏𝐒 𝐓𝐎𝐏𝐈𝐊 𝐄𝐗𝐀𝐌 ကို တိုက်ရိုက်
ဖြေဆိုနိုင်၍ ကိုရီးယားအစိုးရမှ တရားဝင် ခေါ်ယူသော အလုပ်ကိုင်အခွင့်အလမ်းများကို ဖမ်းဆုပ်နိုင်ခြင်း။
🔰ပုံမှန် ဘာသာစကား လေ့လာသလို အချိန်အများကြီး ပေးစရာမလိုပဲ အချိန်ကုန်သက်သာခြင်း။
🔰မြန်မာနိုင်ငံ အလုပ်သမားဝန်ကြီးဌာန နှင့် ကိုရီးယားနိုင်ငံ အလုပ်သမားရေးရာဝန်ကြီးဌာန တို့က အစိုးရ အချင်းချင်း ချိတ်ဆက်ကာ တရားဝင်ခေါ်ယူသော နိုင်ငံခြားအလုပ်အကိုင်တခုဖြစ်သောကြောင့် တစ်ဆင့်ခံ 𝐀𝐠𝐞𝐧𝐜𝐲 မရှိခြင်း ။
😃ကဲ....ကိုရီးယားမှာ သွားရောက်အလုပ်လုပ်ချင်တယ် ဆိုရင်တော့ မကြာမိီဖွင့်လှစ်မည့်
𝐄𝐏𝐒 𝐓𝐎𝐏𝐈𝐊 𝐂𝐋𝐀𝐒𝐒 ကို အခုပဲ စုံစမ်းလိုက်တော့နော်🤗🤗
☎☎☎
အသေးစိတ်သိရှိလိုပါက......
* 📲 𝟎𝟗𝟒𝟎𝟒𝟎𝟑𝟑𝟎𝟗𝟎
* 📲 𝟎𝟗𝟕𝟔𝟕𝟑𝟎𝟑𝟎𝟗𝟎
* 📲 𝟎𝟗𝟗𝟓𝟖𝟑𝟎𝟑𝟎𝟗𝟎 သို့ ဆက်သွယ် မေးမြန်းစုံစမ်း နိုင်ပါသည် ။
#𝐊.𝐓.𝐄-𝐀𝐜𝐚𝐝𝐞𝐦𝐲
#𝐄𝐏𝐒-𝐓𝐎𝐏𝐈𝐊-𝐄𝐗𝐀𝐌
10/08/2023
🇰🇷🇰🇷🇰🇷 Korea နိုင်ငံတွင် ဝင်ငွေကောင်းကောင်း နှင့် အလုပ်အကိုင် သွားရောက်လုပ်ကိုင်လိုပါသလား ??? 🇰🇷🇰🇷🇰🇷
✅ Korea နိုင်ငံမှ EPS စနစ်ဖြင့် ဖော်ပြပါ လုပ်ငန်းများအတွက် နှစ်စဉ် 🇲🇲🇲🇲🇲🇲 မြန်မာလုပ်သားများစွာ ကို ခေါ်ယူလျှက်ရှိပါသည် ။
✔️ ကိုးရီယားမှ ခေါ်ယူလိုသည့်လုပ်ငန်း(၃)မျိုး
🔰*ကုန်ထုတ်လုပ်ငန်း
🔰*ဆောက်လုပ်ရေးလုပ်ငန်း
🔰 *စိုက်ပျိုး/မွေးမြူရေး လုပ်ငန်း
စသည့်(၃)မျိုးရှိပြီး ဖောင်ထုတ်ရာတွင် မိမိ ကြိုက်နှစ်သက်ရာ(၁)ခု ကို ဖောင်ဖြည့်ရာတွင်ရွေးချယ်ခွင့်ရှိ
ကိုရီးယားမှ ခေါ်ယူသော လုပ်ငန်းစိတ်များ
ကုန်ထုတ်လုပ်ငန်း (Manufacturing ) မှ မိမိတို့ ကြိုက်နှစ်သက်ရာ ဦးစားပေးလျှောက်ထားနိုင်သောလုပ်ငန်းစိတ်များ
🔰 ကုန်ထုတ်လုပ်ငန်းများ
(၁) စားသောက်ကုန်နှင့် အဖျော်ယမကာ ထုတ်လုပ်ရေး
(၂) ဆေးရွက်ကြီးထုတ်လုပ်ရေး
(၃) အထည်လိပ်ထုတ်လုပ်ရေး
(၄) ချုပ်ပြီးအထည်နှင့် သားမွှေးထည်ထုတ်လုပ်ရေး
(၅) သားရေလုပ်ငန်းနှင့် သားရေပစ္စည်းများ ထုတ်လုပ်ရေး
(၆) သစ်ပစ္စည်းနှင့် သစ်ထွက်ပစ္စည်းထုတ်လုပ်ရေး (ပရိဘောဂမပါ)
(၇) စက္ကူ ပျော့ဖတ် နှင့် စက္ကူပစ္စည်းထုတ်လုပ်ရေး
(၈) ပုံနှိပ်လုပ်ငန်းနှင့် ပုံနှိပ်ပစ္စည်းထုတ်လုပ်ရေး
(၉) ဖော့ ၊ရေနံထွက်ပစ္စည်းနှင့် အနုမြူလောင်စာထုတ်လုပ်ရေး
(၁၀) ဓာတုဗေဒပစ္စည်းများထုတ်လုပ်ရေး
(၁၁) ရာဘာနှင့် ပလတ်စတစ်ပစ္စည်းများ ထုတ်လုပ်ရေး
(၁၂) သတ္ထုမဟုတ်သည့်ပစ္စည်းများထုတ်လုပ်ရေး
(၁၃) သတ္ထုထုတ်လုပ်ရေး
(၁၄) သတ္ထုပုံစံခွက်မိုလ်ဖြင့် ပစ္စည်းထုတ်လုပ်ခြင်း
(၁၅) အခြားစက်များနှင့် စက်အကြီးများထုတ်လုပ်ရေး
(၁၆) ကွန်ပျူတာနှင့် ရုံးသုံးပစ္စည်းများထုတ်လုပ်ရေး
(၁၇) လျှပ်စစ်ပစ္စည်းနှင့်ထရန်စဖော်များထုတ်လုပ်ရေး
(၁၈) အီလက်ထရောနစ်ပစ္စည်း ၊ ဗီဒီယို အော်ဒီယိုနှင့် ဆက်သွယ်ရေး တိုင်းထွာရေးပစ္စည်းများထုတ်လုပ်ခြင်း အရံပစ္စည်း နှင့် ပြင်ဆင်ရေးပစ္စည်းများထုတ်လုပ်ရေး
(၁၉) ဆေးပစ္စည်းနှင့် အနုစိတ်တိုင်းထွာရေး နာရီကြီးငယ်ထုတ်လုပ်ရေး
(၂၀)မော်တော်ယဉ်နှင့် နောက်ဆက်တွဲ ထုတ်လုပ်ရေး အရံပစ္စည်းနှင့် ပြင်ဆင်ရေးစက်များထုတ်လုပ်ခြင်း
(၂၁)အခြားသယ်ပို့ယဉ်များ အရံပစ္စည်းများ နှင့့် စက်ပြင်ကိရိယာများထုတ်လုပ်ရေး
(၂၂) ပရိဘောဂနှင့် အခြားဆက်စပ်ပစ္စည်းများထုတ်လုပ်ရေး
(၂၃)စွန့်ပစ်ပစ္စည်းများပြန်လည်အသုံးပြုနိင်ရေးတို့ ဖြစ်ပါတယ်။
ကုန်ထုတ်လုပ်ငန်းမှာ ထို လုပ်ငန်းစိတ် ၂၃မျိုးထဲမှ ကြိုက်နှစ်သက်သည့် ၃မျိုးကို ရွေးချယ် ဦးစားပေးခွင့် ရှိသည်။
🔰 စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ
★ သစ်ပင်များ စိုက်ပျိုးခြင်း၊ တူးဆွခြင်း၊သစ်သီးများ ခူးဆွတ်ခြင်း၊
★ အသီးအနှံများ ရိတ်သိမ်းခြင်း
- မွေးမြူရေး ကဏ္ဍတွင်
★ တိရစ္ဆာန်များ မွေးမြူစောင့်ရှောက်ခြင်း၊
★ တိရစ္ဆာန်အစားစာများကို ရောစပ်ပေးခြင်း
★ မွေးမြူရေးနှင့်သက်ဆိုင်သောလုပ်ငန်းများ အစရှိသဖြင့်ရှိပါတယ်။
🔰ဆောက်လုပ်ရေးလုပ်ငန်းတွင် ပါဝင်သောလုပ်ငန်း အမျိုးအစားများ
🛠️ ရထားလမ်းဖောက်ခြင်း၊ ဥမင်လိုဏ်ခေါင်း တူးဖော်ခြင်း
🛠️ တံတားများ ဆောက်လုပ်ခြင်းနှင့်သက်ဆိုင်သော လုပ်ငန်းများ
🛠️ သံချည်သံကွေးလုပ်ငန်း
🛠️ ဂဟေဆက်လုပ်ငန်း အစရှိသဖြင့် ရှိပါတယ်။
✅ ဒီလိုအခွင့်အလမ်းတွေအတွက် 🇰🇷 EPS (Employment Permit System) စာမေးပွဲ ကို အောင်မြင်စွာ ဖြေဆို နိုင်ရမည်ဖြစ်ပြီး
ကျွန်တော်တို့ 🔰 KTE Language Academy 🔰 ကနေ EPS စာမေးပွဲအတွက် ဝါရင့်အတွေ့အကြုံရှိ ဆရာ ဆရာမများမှ ကိုရီးယားဘာသာစကားကို အခြေခံမှစ၍ ကျွမ်းကျွမ်းကျင်ကျင် ဖြစ်ပြီး အောင်မြင်စွာဖြေဆိုနိုင်အောင် သေချာသင်ကြားပေးမည်ဖြစ်ပါသည်။
✅ သင်တန်းသားဦးရေကို တတန်းတွင် ၁၅ ယောက်သာ သတ်မှတ်ထားသည့်အတွက် လက်မနှေးဘဲ မြန်မြန်ကျောင်းအပ်နိုင်ပါပြီ
✅ စောစောအပ်နှံသည့် ကျောင်းသားများကိုလည်း 5% discount ပေးသွားမှာဖြစ်ပါသည်
✅✅✅ နယ်ဝေးရပ်ဝေးမှ လာရောက်သင်ကြားမည့် အတန်းသားများအတွက် အဆောင်နေရာများကို K.T.E language academy မှချိတ်ဆက်ဆောင်ရွက်ပေးပါမည်။
🇰🇷🇲🇲 မျှော်မှန်းချီတက်၊
ရှေ့သို့လှမ်းချီ K.T.E Academy 🇰🇷🇲🇲
* အသေးစိတ်သိရှိလိုပါက......
* 📲 09404033090
* 📲 09767303090
* 📲 09958303090 သို့ ဆက်သွယ် မေးမြန်းစုံစမ်း နိုင်ပါသည် ။
03/07/2023
EPS စနစ်အကြောင်း သိကောင်းစရာ
🇰🇷🇰🇷🇰🇷🇰🇷🇲🇲🇲🇲🇲🇲🇲🇲
EPS(Employment Permit System) ဆိုတာဘာလဲ?
အလုပ်သမားစေလွှတ်ရေးနှင့် အလုပ်သမား လက်ခံရေးနဲ့ပတ်သက်ပြီး 🇲🇲Myanmar & 🇰🇷Korea နှစ်နိုင်ငံ အစိုးရများအကြား MoU (Memorandum Of Understanding) သဘောတူညီချက် လက်မှတ်ရေးထိုးကာ စေလွှတ်တဲ့စနစ်ပဲဖြစ်ပါတယ်
EPS Topic Exam ကို သတ်မှတ်ထားတဲ့ ပုံစံများဖြင့် ဖြေဆိုကာ အရည်အချင်းနဲ့ ကိုက်ညီသူများကိုသာ အလုပ်လျှောက်လွှာတင်ရတာဖြစ်ပြီး အဆိုပါ လျှောက်ထားသူများအနက်မှ အလုပ်ရှင်က ရွေးချယ်ခြင်းခံရသူများသာ သွားရောက်နိုင်တဲ့ စနစ်ဖြစ်ပါတယ်။
🔲ကိုးရီးယားကို ဘယ်လိုနည်းလမ်းနဲ့ အလုပ်သွားလုပ်နိုင်လဲ ?
🔹ကိုးရီးယားကို အလုပ်သွားလုပ်ချင်ရင် EPS စနစ် ဖြင့်သာ ခွင့်ပြုထားပါတယ်။
🔹တခြား အောက်လမ်းနည်းများဖြင့်သွားရောက် နိုင်ခြင်း မရှိပါဘူးခင်ဗျာ။
🔹ကိုးရီးယားဘာသာစကား သင်ယူကာ မဖြစ်မနေ EPS exam ကို ဝင်ရောက်ဖြေဆိုအောင်မြင်မှ ရမှာ ဖြစ်ပါတယ်။ ဖြေမယ့်ရက်အတိအကျကိုတော့ HRD KOREA ဘက်က Random System ဖြင့်သာ အသိပေးကြေငြာ တတ်တာမို့ ဘာသာစကား သင်တန်းကို ကြိုတင်လာတက်ထားမှသာ ရမှာဖြစ်ပါတယ်။
🔲EPS စနစ်နဲ့ ဘယ်လိုလူတွေက ကိုးရီးယားနိုင်ငံကို သွားရောက် အလုပ်လုပ်ကိုင်နိုင်မလဲ ?
🤵♂️အမျိုးသားဖြစ်ရပါမည်။
👩🍼အသက် ၁၈ နှစ် မှ ၃၉ နှစ်အတွင်းဖြစ်ရပါမည်။
👨🎓အတန်းပညာ အရည်အချင်း ကန့်သက်မထားပါ။
🏃ကျန်းမာရေး ကောင်းမွန်သူ ဖြစ်ရမည်။
🙍♂️အောက်ပါပုဂ္ဂိုလ်များ သွားရောက်ခြင်း မပြုနိုင်ပါ_
🔘ထောင်ကျဖူးသူ
🔘KOREA နိုင်ငံတွင် ယခင်ကတရားမဝင်နေထိုင်ဖူးသူ
🔘ဆေးစစ်ချက် မအောင်မြင်သူ
🔲သင်တန်းမတက်ရောက်မီ ကြိုတင်ပြင်ဆင်ရန်
🔶သတ်မှတ်ဆေးရုံ ဆေးခန်းများတွင် ကြိုတင် ဆေးစစ်ထားရန်၊
🔲သင်တန်းတက်ရောက်နေစဉ် ကာလအတွင်း လုပ်ဆောင်ရန်-
🔶PJ အမျိုးအစား Passport လျှောက်ထားရန်၊
🔲Passport (PJ) လုပ်ဖို့ ဘာတွေလိုအပ်ပါသလဲ?
🔸အိမ်ထောင်စုစာရင်း မူရင်း+မိတ္တူ ၂ စုံ
🔸မှတ်ပုံတင် မူရင်း+မိတ္တူ ၂ စုံ (၁၈ နှစ်ပြည့် လဲလှ ယ် ရန်လို)
🔸အလုပ်သမားကတ် (မိတ္တူ ၂ စုံ) (မိမိနေထိုင်ရာ မြို့နယ် အလုပ်သမားရုံးတွင် လျှောက်ထားနိုင်သည်)
💰💰အခြေခံလစာဘယ်လောက်ရပါသလဲ?
🇰🇷2023 ခုနှစ် အခြေခံလစာ သတ်မှတ်ချက်
🔸နာရီ 👉ဝမ် 9620
🔸1ရက်👉ဝမ် 76960 (1ရက် 8 နာရီနှုန်း)
🔸1လ 👉ဝမ် 2,010,580
💸💸အခြေခံလစာ မြန်မာငွေ (၄၀) သိန်း ခန့် ဖြစ်သည်။
(အချိန်ပို လုပ်ကိုင်ရရှိမှုနှင့် ငွေကြေးတန်ဖိုး တက်ကျမှုပေါ် မူတည်ပြီး လစာရရှိမှု ကွဲပြားနိုင်ပါတယ်)
🔸စာမေးပွဲအောင်မြင်သူများကို ကိုရီးယားလုပ်ငန်းရှင်နဲ့ ချိတ်ဆက်ပေးပြီး စာချုပ်ချုပ်ဆိုရပါတယ်။
🔸ကိုးရီးယား အလုပ်ရှင်ရဲ့ ခေါ်စာ နှင့် ဗီဇာကျမှ သွားရောက်နိုင်မှာ ဖြစ်ပြီး စာရွက်စာတမ်း ကိစ္စအဝဝကို မြောက်ဒဂုံ (၄၃) ရပ်ကွက်ရှိ ပင်လုံသင်တန်း ကျောင်းဝန်းအတွင်း ပြောင်းရွှေ့ဖွင့်လှစ်ထားတဲ့ POEA (အစိုးရ ပြည်ပအလုပ်အကိုင်အေဂျင်စီ) ရုံးက စီစဉ် ဆောင်ရွက်ပေးပါတယ်။
🔲 စာမေးပွဲ အောင်မြင်ပြီးရင်ရော အောင်စာရင်း ရလဒ်က ဘယ်လောက်အထိ အကြုံးဝင်မလဲ?
🔶မိမိတို့၏ စာမေးပွဲ အောင်စာရင်း ရလဒ်သည်
(၂ )နှစ်အထိ သက်တမ်းရှိမှာ ဖြစ်ပါတယ်။
🔶အဆိုပါ သက်တမ်း(၂) အတွင်း အလုပ်ခေါ်စာ လက်ခံရရှိခြင်း မရှိပါက စာမေးပွဲ ဖြေဆိုအောင်မြင် မှု ရလဒ်သည် ပျက်ပြယ်သွားမှာဖြစ်ပြီး တခါတရံ လုပ်ငန်းလိုအပ်ချက်အရ သက်တမ်းတိုးပေးတာမျိုးလည်း ရှိတတ်ပါတယ် ခင်ဗျာ။
🔲စာမေးပွဲအောင်မြင်ပြီးနောက် အလုပ်ခေါ်စာ ရရှိရန်ဘယ်လောက်အထ်ိ စောင့်ရပါသလဲ ?
----–-----------------------------------------
🔸အလုပ်ခေါ်စာ (Calling) အနှေးအမြန်သည်
ကိုးရီးယားနိုင်ငံအလုပ်ရှင် ပေါ်မူတည်တာမို့ ဘယ်ကာလမှာ ခေါ်ပါမယ်ဆိုတာတော့ မည်သည့်သင်တန်းမှ ခန့်မှန်းမရနိူင်ပါဘူး ခင်ဗျာ။
(ဒီနေရာ တစ်ခုဖြည့်စွက်လိုတာက မိမိရဲ့ ဉာဏ်နဲ့ ဝိရိယ ထားမှုကြောင့် စာမေးပွဲ အောင်မြင်ပြီးဖြစ်သော် လည်း ကိုးရီးယားမှ calling ကျရန်မှာ ကံတရားက များစွာ အထောက်အပံ့ ပေးတဲ့သူများက မထင်မှတ်ထားဘဲ မြန်မြန်ဆန်ဆန် သွားရတတ်တာ တွေ့ရလို့ မိမိတို့ ကိုးကွယ်ရာ ဘာသာတရားများအလိုက် ကုသိုလ်ကောင်းမှု လုပ်ကြဖို့လည်း အကြံပြုပါရစေ ခင်ဗျာ)
--–-----------------------------------
🔲ဘယ်လို လုပ်ငန်းအမျိုးအစားတွေ လုပ်ရမလဲ?
လုပ်ငန်းအမျိုးအစား ( ၃ မျိုး)ခွဲခြားထားပါတယ်
🔸ကုန်ထုတ်လုပ်ငန်း
🔸ဆောက်လုပ်ရေး လုပ်ငန်း
🔸စိုက်ပျိုးရေးလုပ်ငန်း ၊ မွေးမြူရေးလုပ်ငန်း တို့ ဖြစ်ပါတယ်။
🏁မိမိနှစ်သက်ရာလုပ်ငန်း အမျိုးအစားကို စာမေးပွဲဖောင်တင်တဲ့အခါ မှန်ကန်စွာရွေးချယ်တင်ခွင့်ရှိပါတယ်။
🔲စာမေးပွဲဖြေဆိုချိန်ကာလ အတိအကျရှိပါသလား?
🔸EPS(Employment Permit System) စနစ်သည်
HRD KOREA မှ အဓိက စီစဉ်ဆောင်ရွက်တာကြောင့်
စာမေးပွဲကာလကို အတိကျပြောမရသလို လုပ်သားဦးရေ ခေါ်ဆိုမှုသည်လည်း နှစ်စဉ်အပြောင်းအလဲရှိပါတယ်။
🔸ယခင်နှစ်များက စာမေးပွဲသည် များသော အားဖြင့် ၅လပိုင်း၊ ၈လပိုင်း၊ ၁၂လပိုင်းအတွင်း ဖြေဆို ရပါတယ်။
🔲ကိုးရီးယားသွားရင် ကုန်ကျငွေဘယ်လောက်ရှိပါသလဲ ?
♦️ခန့်မှန်း တွက်ချက်မယ်ဆိုရင်
🔸သင်တန်းမတက်ခင် ဆေးစစ်ခ -
🔸EPS သင်တန်းကြေး-
- 5လပြတ် သင်တန်းကြေး 350,000ks
🔸ပုံနှိပ် စာအုပ်ကြေး Total -43000 ksခန့်
🔸Passport - 40,000 ks ခန့်
(ဆောင်ရွက်ရတဲ့ အခြေအနေပေါ်မူတည်ပြီး ဈေးနှုန်း ကွာဟမှုတော့ ရှိနိုင်ပါတယ်ခင်ဗျာ)
⛳စာမေးပွဲ ဖောင်ကြေး - ( 24$)
⛳ဗီဇာကြေး - ဒေါ်လာ 60
⛳၀တ်စုံကြေး ၊ စာရွက်စာတမ်းကြေး -85000 ks
⛳လေယာဉ်လက်မှတ်- ဒေါ်လာ 625
⛳အစိုးရ စဘော်ငွေ -1,500,000 ks
(ယင်းစဘော်ငွေ ၁၅သိန်းသည် သတ်မှတ်စည်းကမ်းများအတိုင်း အလုပ်လုပ်ကိုင်ပြီး မြန်မာပြည် ပြန်လာသည့် အချိန်တွင် ပြန်လည်ထုတ်ယူနိုင်သည်)
♦️မသွားရောက်မီ ကြိုတင်ပြင်ဆင်ချိန် ကာလအတွင်းကုန်ကျမည့် ခန့်မှန်းစရိတ်
🀄သင်တန်းကြေး
🀄စာအုပ်ဖိုးငွေ
🀄သင်တန်းမအပ်ခင် ဆေးစစ်ခ
🀄passport စာအုပ်ခ အပါအဝင် စုစုပေါင်း ၁၀သိန်းခန့် ကုန်နိုင်ပါတယ် ခင်ဗျာ
♦️အမှန်တကယ် သွားရောက်ချိန်တွင် လေယာဉ်ထွက်ခွာ ခါနီးအချိန်မှသာ
🀄Visaကြေး
🀄လေယာဉ်လက်မှတ်ခ
🀄စဘော်ငွေ 15 သိန်းအပါအ၀င် စုစုပေါင်းကျပ် သိန်း ၅၀ခန့်သာ ကုန်ကျနိုင်ပါတယ် ခင်ဗျာ
🇰🇷🇰🇷🇰🇷🇰🇷🇰🇷🇰🇷🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲
K.T.E Language Academy မှ ကိုရီးယား EPS လအလိုက် တန်းခွဲများတွင် ဆက်သွယ်စာရင်းသွင်း အပ်နှံနိုင်ပါပြီ ခင်ဗျာ 👍
* အသေးစိတ်သိရှိလိုပါက......
* 📲 09404033090
* 📲 09767303090
* 📲 09958303090 သို့ ဆက်သွယ် မေးမြန်းစုံစမ်း နိုင်ပါသည် ။
🇲🇲🇲🇲🇰🇷🇰🇷K.T.E Language Academy
13/06/2023
မြန်မာနိုင်ငံမှထူးဆန်းသော မြို့အမည်များ
************************************
ဆန့်ကျင်ဘက်မြို့များ
•••••••••••••••••••
၁။ ကျောက်ဖြူ X ကျောက်မဲ
၂။ မိုးကောင်း X မိုးနဲ
၃။ တောင်ကြီး X တောင်ကုတ်
၄။ အလုံ X ပေါက်
၅။ အမြင့် X မြေထဲ
၆။ မေမြို့ X မောင်တော
အက္ခရာပူးမြို့များ
===========
၁။ ကိုကိုးကျွန်း ၂။ ကျောက်ကြီး ၃။ ကျောင်းကုန်း ၄။ ဂန့့်ဂေါ ၅။ ဆီဆိုင် ၆။ တံတား ၇။ တွံတေး ၈။ မြောင်းမြ ၉။ မြင်းမူ ၁၀။ မိုးမိတ် ၁၁။ မိုးမောက် ၁၂။ မောက်မယ် ၁၃။ တီးတိန် ၁၄။ လောင်းလုံ ၁၅။ လွိုင်လင် ၁၆။ ဟဲဟိုး ၁၇။ မေမြို့
နာမည်တစ်လုံးရှိမြို့များ
==============
၁။ ချောက် ၂။ ဂွ ၃။ ဆော ၄။ ဆွာ ၅။ ပေါက် ၆။ ပေါင် ၇။ ပြည် ၈။ ဖြူး ၉။ မြိတ် ၁၀။ မြိုင် ၁၁။ မြောင် ၁၂။ ရေး ၁၃။ လှိုင် ၁၄။ ဝေါ ၁၅။ အမ်း
ဂဏန်းသင်္ချာ ပါတဲ့မြို့များ
================
၁။ ထန်းတစ်ပင် ၂။ ဘုရားသုံးဆူ ၃။ သုံးခွ ၄။ ညောင်လေးပင် ၅။ လေးမျက်နှာ ၅။ ငါးသိုင်းချောင်း ၆။ ကိုကိုးကျွန်း ၇။ မူဆယ် ၈။ သုံးဆယ် ၉။ အထောင် ၁၀။ ဗိုလ်တထောင် ၁၁။ ကော့သောင်း
ဖားမြို့များ
======
၁။ ဖားကန့် ၂။ ဖားဆောင်း
စစ်မြို့များ
======
၁။ စစ်ကိုင်း ၂။ စစ်တွေ ၃။ စစ်တောင်း
ဆင်မြို့များ
=======
၁။ ဆင်ဘို ၂။ ဆင်ပေါင်ဝဲ ၃။ ဆင်ဖြူကျွန်း
မြင်းမြို့များ
=======
၁။ မြင်းခြံ ၂။ မြင်းမူ ၃။ မြင်းလွှတ်
ဆိပ်မြို့များ
=======
၁။ ဆိပ်ကမ်း ၂။ ဆိပ်ကြီးခနောင်တို ၃။ ဆိပ်ဖြူ
ခန္ဓာကိုယ်အစိပ်အပိုင်းပါတဲ့မြို့
===================
၁။ ပေါက်ခေါင်း ၂။ ပျဉ်းမနား ၃။ ဝက်လက် ၄။ ဝမ်းတွင်း ၅။ ဟားခါး ၆။ ပေါင် ၇။ ကျော (ဂန့်ဂေါခရိုင်) ၈။ မြေဒူး ၉။ မအူပင် ၁၀။ ဆင်ပေါင်ဝဲ ၁၁။ ပေါင်းတလည်
တပ်မြို့များ
=======
၁။ ဗထူးတပ် (ရှမ်း) ၂။ ရဲမွန်တပ် (ရန်ကုန်) ၃။ ဘုရင့်နောင်တပ် (ကရင်)
၄။ တပ်ကုန်း
အကျဉ်းအကြပ်ဆုံးမြို့
=============
၁။ ဝမ်းတွင်း
ရွာအမည်ရှိမြို့များ
============
၁။ ရွာငံ ၂။ မုံရွာ ၃။ ရွာသစ် (မိုးညင်း
ခရိုင်) ၄။ ရှမ်းရွာသစ် (ကရင်)
တောအမည်ရှိ မြို့များ
==============
၁။ ရှားတော ၂။ အင်တော ၃။ ငပုတော ၅။ ပေါက်တော ၆။ မောင်တော
ရေးအမှန် ဖတ်အသံမြို့များ
=================
၁။ ကျောက်ပန်းတောင်း ၂။ ငါန်းဇွန် ၃။ တန့်ဆည် ၄။ တံတား ၅။ တံတားဦး ၆။ ထားဝယ် ၇။ နွားထိုးကြီး ၈။ ပုဂံ ၉။ ပုဇွန်တောင် ၁၀။ ပုလဲ ၁၁။ ပုသိမ် ၁၂။ ပုလော ၁၃။ ပဲခူး ၁၄။ ပြည် ၁၅။ ဗန်းမောက် ၁၆။ ဗန်းမော် ၁၇။ ဘားအံ ၁၈။ မြိတ် ၁၈။ သံလျင်
ပါဠိမြို့
====
၁။ ကရသူရိ ၂။ ကေတုမတီ ၃။ ကောလိယမြို့ဟောင်း ၄။ စေတုတ္တရာ ၅။ ဇေယျဝတီ ၆။ တောင်ဥက္ကလာ ၇။ ဒက္ခိဏသီရိ ၈။ ပုဗ္ဗသီရိ ၉။ မတ္တရာ ၁၀။ မိတ္ထိလာ ၁၁။ မေတ္တာ ၁၂။ မေရဉ္စရာမြို့ဟောင်း ၁၃။ မြောက်ဥက္ကလာ ၁၄။ လပွတ္တာ ၁၅။ ဝေသာလီ ၁၆။ သက္ကလ ၁၇။ သာကေတ ၁၈။ သာဝတ္ထိ ၁၉။ သုဝဏ္ဏဝတီ ၂၀။ ဟင်္သာတ ၂၁။ ဟံသာဝတီ ၂၂။ အင်္ဂပူ ၂၃။ အမရပူရ ၂၄။ ဥတ္တရသီရိ
လောကနဲ့ ပြောင်းပြန်ဖြစ်တဲ့မြို့ (ကလော)
လူကြီးမဟုတ်တဲ့မြို့ (ကလေး)
ငယ်တုံးက မပိန်တဲ့မြို့ (ကလေးဝ)
မပူပင်ရတဲ့မြို့ (ကံမ)
ပူရှိန်းပူရှိန်းမြို့ (ငရုပ်ကောင်း)
ထွက်ပေါက်မရှိသောမြို့ (အလုံ)
ကြောက်စရာ ကောင်းသောမြို့ (ဘီလူး)
မင်းမရှိတဲ့မြို့ (မင်းကင်း၊)
အချမ်းသာဆုံးမြို့ (ရွှေတောင်)
မျက်နှာများတဲ့မြို့ (လေးမျက်နှာ)
ကြည့်ပေါင်းရသောမြို့ (သာပေါင်း)
မသေသောမြို့ (အမရပူရ)
ဒဏ်ရာရှိတဲ့မြို့ (အရာတော်)
အိမ်တွေ တရောင်တည်း ရှိတဲ့မြို့ (အိမ်မဲ)
ခေတ်စကားအရ သွက်လက်သောမြို့ (ဖလမ်း)
ဗိုလ်များတဲ့မြို့ (ဗိုလ်တထောင်)
လက်ရွံစရာကောင်းတဲ့မြို့ (လောက်ကိုင်)
အခိုင်မာဆုံးမြို့ (သံတောင်၊ သံတောင်ကြီး)
မိန်းမမြို့ (မေမြို့)
ယောက်ျား ဘသားမြို့ (တောင်ကြီး၊ ပြွန်တန်ဆာ)
မစိုပြေတဲ့မြို့ (ချောက်၊ မိုးနဲ)
ရွာမလို လာမလိုလိုမြို့ (မိုးညို)
လှသလားလို့ မေးစရာမလိုတဲ့မြို့ (မြို့လှ)
တမြို့လုံး ချိုတဲ့မြို့ (ကြံခင်း)
လုံခြုံသောမြို့ (ကျောက်တံခါး)
ဘုန်းဘုန်းတွေဆွမ်းမဝတဲ့မြို့ (သပိတ်ကျဉ်း)
တရုတ်ကြီး သူ့မိန်းမရဲ့ ညီမကိုခေါ်တဲ့မြို့ (ဝါးခယ်မ)
နှာခေါင်းပိတ်ရမည့်မြို့ (ပေါက်တော)
ဆီပေါတဲ့မြို့ (ဆီဆိုင်)
ရန်မရှိတဲ့မြို့ (ရန်ကုန် ၊ ရန်ကင်း)
အလုပ်ကြမ်းမြို့ (ကျောက်ထု)
ဖြောင့်မတ်သောမြို့ (မကွေး)
အရင်ဆုံးပေါ်တဲ့မြို့ (မြို့ဟောင်း)
နောက်ဆုံးပေါ်တဲ့မြို့ (မြို့သစ်)
အသားမဲတဲ့ ဓနုမရှိတဲ့မြို့ (ဓနုဖြူ)
နာမည်ပြောင်းပြန်ဖြစ်တဲ့ မြို့
၁။ ညောင်ရွှေ >< ရွှေညောင်
နာမည်တူမြို့
* မင်းလှ (မကွေးတိုင်း သရက်ခရိုင်၊ အထက်မင်းလှ)
* မင်းလှ(ပဲခူးတိုင်း သာယာဝတီခရိုင်၊ အောက်မင်းလှ)
* ထန်းတပင် (ရန်ကုန်တိုင်း)
* ထန်းတပင် (အင်းစိန်ခရိုင် လှိုင်မြစ်အရှေ့)
* ထန်းတပင် (ပဲခူးတိုင်း တောင်ငူခရိုင်)
ကာမြို့များ
၁။ ကာလိ ၂။ ကာမိုင်း ၃။ မိုင်းကာ
ကျိုက်အမည်ရှိမြို့များ
၁။ ကျိုက္ခမီ ၂။ ကျိုက်ဒုံ ၃။ ကျိုက်ထို ၄။ ကျိုက်မရော ၅။ ကျိုက်လတ် ၆။ ဇင်းကျိုက်
ကျိုင်းမြို့များ
၁။ ကျုင်းတုံ ၂။ ကျိုင်းတောင်း ၃။ ကျိုင်းလပ်
ကျောက်အမည်ရှိမြို့များ
၁။ ကျောက်ကြီး ၂။ ကျောက်စရစ်မြို့ဟောင်း ၃။ ကျောက်ဆည် ၄။ ကျောက်တလုံး ၅။ ကျောက်တန်း ၆။ ကျောက်တော် ၇။ ကျောက်တံတား ၈။ ကျောက်တံခါး ၉။ ကျောက်ထု ၁၀။ ကျောက်ပန်းတောင်း ၁၁။ ကျောက်ဖြူ ၁၂။ ကျောက်မဲ ၁၃။ ကျောက်မြောင်း
တောင်အမည်ရှိမြို့များ
၁။ တောင်ကုတ် ၂။ တောင်ကြီး ၃။ တောင်ငူ ၄။ တောင်တွင်းကြီး ၅။တောင်ပြိုလက်ဝဲ ၆။ တောင်သာ ၇။ တောင်ဥက္ကလာပ ၈။ ရွှေတောင် ၉။ သံတောင် ၁၀။ သံတောင်ကြီး ၁၁။ ဗူးသီးတောင် ၁၂။ ရသေ့တောင်
စမြို့များ
၁။ စကု ၂။ စလင်း
စဉ့်မြို့များ
၁။ စဉ့်ကူး ၂။ စဉ့်ကိုင်
တာမြို့များ
၁။ တာချီလိတ် ၂။တာမိုးညဲ ၃။ တာလေ ၄။ တုံတာ ၅။ ပူတာအို ၆။ လပွတ္တာ
တန့်မြို့
၁။ တန့်ယန်း ၂။ တန့်ဆည်
နမ့်မြို့များ
၁။ နမ့်ခမ်း ၂။ နမ့်စန် ၃။ နမ့်ဆန် ၄။ နမ့်တစ်
နောင်မြို့များ
၁။။ နောင်ခစ် ၂။ နောင်ချို ၃။ နောင်တရား ၄။ မိုင်းနောင် ၅။ နောင်မွန်း
ပင်မြို့များ
၁။ ပင်လောင်း ၂။ ပင်လုံ ၃။ ပင်လယ်ဘူး ၄။ ဟိုပင် ၅။ ယင်းမာပင် ၆။ညောင်လေးပင် ၇။ ထန်းတပင် ၈။ ဥသျစ်ပင် ၉။ အောင်ပင်လယ် ၁၀။ သနပ်ပင်
ပေါင်းမြို့များ
၁။ ပေါင်းတလည် ၂။ ပေါင်းတည် ၃။ သာပေါင်း
ပန်မြို့
၁။ ပန်ဝါ ၂။ ပန်နန်းဒင် ၃။ ပန်ခမ့် ၄။ ပန်ယန်း ၅။ ပန်လုံ ၆။ ပန်ဝိုင် ၇။ မိုင်းပန် ၈။ ပန်ဆန်း
ပန်းမြို့
၁။ ပန်းတနော် ၂။ အောင်ပန်း ၃။ ကျောက်ပန်းတောင်း ၄။ ပန်းပဲတန်း
မိုးအမည်ရှိသောမြို့များ
၁။ မိုးကုတ် ၂။ မိုးကောင်း ၃။ မိုးညို ၄။ မိုးညှင်း ၅။ မိုးနဲ ၆။ မိုးဗြဲ ၇။ မိုးမောက် ၈။ မိုးမိတ်
မော်မြို့
၁။ မော်လမြိုင် ၂။ မော်လမြိုင်ကျွန်း ၃။ ဗန်းမော် ၄။ ဝိုင်းမော် ၅။ မော်ထိုက် ၆။။ မော်လိုက်
မောက်မြို့များ
၁။ မောက်မယ် ၂။ မိုးမောက် ၃။ ဗန်းမောက် ၄။ နတ်မောက်
မင်းမြို့များ
၁။ မင်းကင်း ၂။ မင်းကွန်း ၃။ မင်းတပ် ၄။ မင်းတုန်း ၅။ မင်းပြား ၆။ မင်းဘူး ၇။ မင်းရဲလှမြို့ဟောင်း ၈။ မင်းလှ
မိုင်းအမည်ရှိမြို့များ
၁။ မိုင်းကာ ၂။ မိုင်းကိုင် ၃။ မိုင်းခတ် ၄။ မိုင်းခုတ် ၅။ မိုင်းငေါ့ ၆။ မိုင်းစံ ၇။ မိုင်းဆတ် ၈။ မိုင်တုံ ၉။ မိုင်းနောင် ၁၀။ မိုင်းပန် ၁၁။ မိုင်းပွန် ၁၆။ မိုင်းပေါက် ၁၇။ မိုင်းပျဉ်း ၁၈။ မိုင်းဖျန် ၁၉။ မိုင်းဖြတ် ၂၀။ မိုင်းမော ၂၁။ မိုင်းယန်း ၂၂။ မိုင်းယု ၂၃။ မိုင်းယောင်း ၂၄။ မိုင်းရယ် ၂၅။ မိုင်းရှူ း ၂၆။ မိုင်းလား ၂၆။ မိုင်းလုံ ၂၇။ ကာမိုင်း ၂၈။ လမိုင်း
မြိုင်မြို့များ
၁။ မြိုင် ၂။ မော်လမြိုင် ၃။ မော်လမြိုင်ကျွန်း ၄။ မြိုင်ကြီးငူ ၅။ ဝေါလေမြိုင်
ရေမြို့များ
၁။ ရေကြည် ၂။ ရေစကြို ၃။ ရေဇွာ ၄။ ရေတာရှည် ၅။ ရေနံချောင်း ၆။ ရေဖြူ ၇။ ရေဦး
ရန်မြို့များ
၁။ ရန်ကင်း ၂။ ရန်ကုန်
ရွှေအမည်ရှိမြို့များ
၁။ ရွှေကူ ၂။ ရွှေကျင် ၃။ ရွှေညောင် ၄။ ရွှေပေါ်ကွန်း ၅။ ရွှေပြည်သာ ၆။ ရွှေဘို ၇။ ရွှေသောင်ယံ ၈။ ညောင်ရွှေ ၉။ ချင်းရွှေဟော်
လားမြို့များ
၁။ လားရှိူး ၂။ မိုင်းလား
လင်မြို့များ
၁။ လွိုင်လင် ၂။ လင်ဟော် ၃။ ဘုတလင်
လွိုင်မြို့များ
၁။ လွိုင်ကော် ၂။ လွိုင်လင်
ဟိုမြို့များ
၁။ ဟိုတောင်း ၂။ ဟိုပင် ၃။ ဟိုပန် ၄။ ဟိုပုံး ၅။ ဟိုမိန်း
ဦးတို့ရဲ့မြို့များ
၁။ ခင်ဦး ၂။ ချောင်းဦး ၃။ ညောင်ဦး ၄။ တံတားဦး ၅။ ဒိုက်ဦး ၆။ ပြင်ဦးလွင် ၇။ မြောက်ဦး ၈။ ရေဦး
အောင်မြို့များ
၁။ အောင်ပန်း ၂။ အောင်လံ ၃။ မြန်အောင် ၄။ မာန်အောင်
အကောင်နာမည်ပါသောမြို့များ
၁။ ဆင်ဘို ၂။ ဖားကန့် ၃။ ဖားဆောင်း ၄။ လိပ်သို ၅။ ဆင်ပေါင်ဝဲ ၆။ ဆင်ဖြူကျွန်း ၇။ ဆိပ်ဖြူ ၈။ ငါန်းဇွန် ၉။ မြင်းခြံ ၁၀။ မြင်းလွတ် ၁၁။ ပုဇွန်တောင် ၁၂။ မိုင်းလား ၁၃။ လောက်ကိုင် ၁၄။ ငသိုင်းချောင်း ၁၅။ ဟင်္သာတ ၁၆။ ကျိုင်းတုံ ၁၇။ ကျိုင်းတောင်း ၁၈။ ကျိုင်းလပ် ၁၉။ နွားထိုးကြီး ၂၀။ ဝက်လက်
ဆရာညို(မကွေး)
မေတ္တာဖြင့်...
ဝင်းသီဟ ကျော်
31/05/2023
ကိုရီးယားရဲ့ နွေဦးရာသီ အလှ 🌸🌸🌸
နွေဦးရာသီကတော့ မတ်လမှ မေလ အထိ ဖြစ်ပါပြီး
ကိုရီးယားရဲ့ နွေဦးအလှ ကို ကြည့်ရှုခံစား ရအောင် …..
30/05/2023
E-9 Visa မဟုတ်ဘဲ ၊ အခြားဗီဇာဖြင့် ကိုရီးယား လာပြီး အလုပ်လုပ်လို့ မရဘူးလား
-----------------
မကြာခဏ မေးနေကြလို့ ၊ ရှာဖွေတင်ပြလိုက်ပါတယ် ။
E-1 Professor
E-2 Foreign Language instructors
E-3 Researchers
E-4 Technical instructors
E-5 Lawyers, Accountants, Doctors
E-6 Artists, Actors, Performers, Athletes
E-7 Experts (including interpreters), Designers, Chefs
E-8 Seasoning Workers
E-10 Sailors
C-4 Short-term visa for E-types workers (up to 90 days)
H-2 Ethnic Korean (from former Soviet Union and China)
---------------
E-1 ပါမောက္ခ/တွဲဖက်ပါမောက္ခ/ကထိက/လက်ထောက်ကတိက/နည်းပြ
E-2 (နိုင်ငံခြား) ဘာသာစကား နည်းပြ
E-3 သုသေတန/သရုပ်ပြ
E-4 နည်းပညာနည်းပြ
E-5 ရှေ့နေ/ပြည်သူ့စာရင်းကိုင်/ဆရာဝန်
E-6 အနုပညာ/သရုပ်ဆောင်/အားကစားနည်းပြ/ဖျော်ဖြေရေး
E-7 စားဖိုမှူး/ဒီဇိုင်းနာ/ကျွမ်းကျင်လုပ်သား(စကားပြန်အပါ)/ပရိုသမားများ
E-8 ရာသီချိန်လုပ်သား
E-10 သင်္ဘောသား
C-4 ရက်တိုအလုပ်ဗီဇာ ။ (ရက်၉၀အောက် အီး-ဗီဇာ အမျိုးအစားပညာရှင်များ)
H-2 ကိုရီးယားနွယ်ဖွားများ (ယခင်ဆိုဗီယက် နှင့် တရုတ်ပြည်)
-----------------
ကဲ
မိတ်ဆွေတို့ ၊ အီး-၉ ဗီဇာ မဟုတ်လည်း ကိုရီးယားလာပြီး အလုပ်လုပ်လို့ရတယ်ဆိုတာ သိကြပါပြီလား ။
အားလုံး အလုပ်အကိုင်ကောင်းများ ရကြပါစေဗျား ။
-------------------
မေတ္တာဖြင့်-
ဦးဦးဝိုင်း
20220131
မူရင်း post ပိုင်ရှင်အား Crd ပေးပါသည်။
24/05/2023
🇰🇷 ကင်ချီမြေမှာ အလုပ်သွားရောက် လုပ်ကိုင်လိုသည့် အိပ်မက်များ အကောင်အထည်ဖော်လိုပါသလား ⁉️
🇰🇷 ယနေ့အချိန်တွင် ပညာအရည်အချင်းမလိုအပ်ဘဲ ကိုရီယားစာ ကိုရီယားစကား တစ်မျိုးတည်းကိုသာ ကျွမ်းကျင်စွာတတ်မြောက်ခြင်းဖြင့် ကိုရီးယားနိုင်ငံတွင် တရားဝင်သွားရောက်လုပ်ကိုင် နိုင်ပါပြီ။
🇰🇷 K.T.E Language Academy မှ ဝါရင့်အတွေ့အကြုံရှိ ဆရာ၊ ဆရာမများမှ ကိုရီးယားဘာသာစကားကို ကျွမ်းကျွမ်းကျင်ကျင် ဖြစ်သည်အထိ သေချာသင်ကြားပေးမည်ဖြစ်ပါသည်။
🇰🇷 သင်တန်းတက်ရောက်သည့်အချိန်မှ ကိုရီးယားနိုင်ငံသို့ ယုံကြည်မှုအပြည့်အဝဖြင့်သွားရောက် လုပ်ကိုင်နိုင်ရန် K.T.E language academy မှ သင်တန်းသားများကို အပြည့်အဝ တာဝန်ယူဆောင်ရွက်ပေးနေပါသည်။
✅ သင်တန်းတက်မည်ဆိုပါက...
🟢 အတန်းချိန်မှန်မှန်တက်ရောက်ရန်
🟢 ကိုယ်ပိုင်စာကြည့်ချိန် မှန်မှန်ထားရန် လိုအပ်ပါသည်။
သို့မဟုတ်လျှင်... အချိန်ကုန် လူပင်ပန်းပြီး အကျိုးမရှိဖြစ်နိုင်ပါသည်။
✅ သင်တန်းမှ သင်ကြားပေးသော စာများကို နေ့စဉ်မှန်မှန်ကြိုးစားသင်ယူပြီးနောက် ကိုရီးယားအစိုးရမှ စစ်ဆေးသော စာမေးပွဲများတွင် ဝင်ရောက်ဖြေဆိုနိုင်ပါသည်။
K.T.E Language Academy မှ မိမိတို့၏ သင်တန်းသားများ စာမေးပွဲဖြေဆိုခြင်းနှင့် ပတ်သက်သည့် လိုအပ်ချက်များကိုလည်း တာဝန်ယူဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။
✅✅✅ ကိုရီးယားနိုင်ငံတွင် သွားရောက်လုပ်ကိုင်နိုင်သည့် အဓိကအချက်မှာ စာမေးပွဲအောင်မြင်မှသာ သွားရောက်နိုင်မည် ဖြစ်ပါသည်။
✅ သင်တန်းကာလ - ၅ လ
စဖွင့်မည့်ရက် - ၃-၇-၂၀၂၃
သင်တန်းရက် - တနင်္လာ, ဗုဒ္ဓဟူး, သောကြာ, စနေ
အချိန် - မနက် (၁၀) နာရီ မှ နေ့လည် (၁၂)နာရီ
(🟢 ရုံးချိန်လွတ် သင်တန်းများအတွက် ဆက်သွယ်စုံစမ်းနိုင်ပါသည်။)
✅ သင်တန်းကြေး - ၃.၅ သိန်း (ကိုရီးယားဘာသာ အခြေခံ သဒ္ဒါအရေးအဖတ်ပါသည့် သင်ရိုးစာအုပ်လည်း အခမဲ့ပေးသွားမည် ဖြစ်ပါသည်။)
✅ ဇွန်လတန်းခွဲအတွက် သင်တန်းသား အားလုံးကို သင်တန်းကြေး၏ ၅% Discount နှင့် sport shirt (1)ထည်၊ ပြဌါန်းစာအုပ် များပေးအပ်သွားမည်။
✅ ထို့အပြင် သင်တန်းအပ်နှံသူများအနက် ကနဦး အပ်နှံသူ(၅)ဦး အား သင်တန်းကြေး၏ ၁၀% Discount ခံစားခွင့်ပေးသွားဦးမှာပါ။
✅ သင်တန်းသားသစ် တစ်ကြိမ်းတည်း (၁) ဦးမှ (၄) ဦးအထိ ခေါ်ယူပေးသူများအတွက် သင်တန်းကြေး၏ ၃% Discount ခံစားခွင့်၊ သင်တန်းသားသစ် (၅) ဦးနှင့်အထက် ခေါ်ယူပေးသူများအတွက် သင်တန်းကြေး၏ (၅)% Discount ခံစားခွင့်များ ရရှိအုံးမှာမို့ အမြန်ဆုံး ဆက်သွယ် စုံစမ်းစာရင်း ပေးသွင်းနိုင်ပါပြီ ။
✅ သင်တန်းသားဦးရေကို တစ်တန်းတွင် ၁၅ ယောက်သာ သတ်မှတ်ထားသည့်အတွက် လက်မနှေးဘဲ မြန်မြန်ကျောင်းအပ်နိုင်ပါပြီ။
✅✅✅ နယ်ဝေးရပ်ဝေးမှ လာရောက်သင်ကြားမည့် အတန်းသားများအတွက် အဆောင်နေရာများကို K.T.E centre မှချိတ်ဆက်ဆောင်ရွက်ပေးပါမည်။
✔️ ကိုရီးယားနိုင်ငံသို့သွားရောက်လုပ်ကိုင်ရန် လိုအပ်ချက်များမှာ
* အသက် ၁၈ နှစ်မှ ၃၈ နှစ်အတွင်းရှိ ယောကျ်ားလေးဖြစ်ရပါမည်။
* ရာဇဝတ်မှုကျူးလွန်ဖူးခြင်း မရှိသူဖြစ်ရပါမည်
* Color blind ရှိသူ မဖြစ်ရပါ
* သတ်မှတ်ထားသော အစိုးရဆေးစစ်ဌာနများတွင် ကျန်းမာရေး ဆေးစစ်ချက်အောင်မြင်သူ ဖြစ်ရပါမည်။
*** မျက်မှန်တပ်ထားသူများ , တက်တူးရှိသူများလည်း သွားရောက်နိုင်ပါသည်။
*** ပညာအရည်အချင်း အကန့်အသတ်မရှိပါ
*** E.P.S Topik စာမေးပွဲ ဖြေဆိုအောင်မြင်ရပါမည်။
🇰🇷 EPS စနစ် (Employment Permit System) သည် ကိုရီးယားနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်လိုသော နိုင်ငံခြားသားများအတွက် ကိုရီးယား လူ့စွမ်းအား ဖွံ့ဖြိုးမှု အဖွဲ့အစည်းမှ စီစဉ်ကျင်းပပေးသော စာမေးပွဲဖြစ်ပါသည်။
🇲🇲🇰🇷 မြန်မာနိုင်ငံ အလုပ်သမားဝန်ကြီးဌာန နှင့် ကိုရီးယားနိုင်ငံ အလုပ်သမားရေးရာဝန်ကြီးဌာန တို့က အစိုးရ အချင်းချင်း ချိတ်ဆက်ကာ တရားဝင်ခေါ်ယူသော နိုင်ငံခြား အလုပ်အကိုင်တခုဖြစ်ပါသည်။
❗️ ကိုရီးယားအစိုးရမှ တရားဝင်ခေါ်ယူသော အလုပ်အကိုင်များဖြစ်သည့်အတွက် စာမေးပွဲ ဖြေဆိုအောင်မြင်မှသာ အလုပ်အကိုင်အခွင့်အလမ်းရရှိမှာဖြစ်ပါသည်... မည်သည့် ပုဂ္ဂလိက Agency နှင့်မျှချိတ်ဆက်၍လည်း သွားရောက်နိုင်ခြင်း မရပါ။
💯 မိမိရည်မှန်းချက်များ ပြည့်ဝဖို့ K.T.E language academy မှာ သင်တန်းများတက်ရောက်ပြီး အိပ်မက်များကို အကောင်ထည်ဖော်ကြပါစို့
🇰🇷🇲🇲 မျှော်မှန်းချီတက်၊
ရှေ့သို့လှမ်းချီ K.T.E Academy 🇰🇷🇲🇲
* အသေးစိတ်သိရှိလိုပါက......
* 📲 09404033090
* 📲 09767303090
* 📲 09958303090 သို့ ဆက်သွယ် မေးမြန်းစုံစမ်း နိုင်ပါသည် ။