19/12/2021
အားလုံးပဲ မင်္ဂလာပါရှင်🙏🙏🙏
အခုပို့စ်လေးကတော့ ボーナス(bonus)ဆိုတဲ့ မေတ္တာလက်ဆောင်ပို့စ်လေးပဲ ဖြစ်ပါတယ်။ဒီပို့စ်လေးကိုတော့ မြန်မာဘာသာနဲ့ပဲ ရှင်းလင်းရေးသားတင်ပြပေးမှာ ဖြစ်ပါတယ်။ဒီပို့စ်လေးကို ဖတ်ကြည့်ပြီးသွားရင်တော့ တချို့တချို့သော နားမလည်နိုင်သောစကားလုံးလေးများ၏အကြောင်းကို အကြမ်းဖျင်း သိရှိသဘောပေါက်သွားမယ်လို့ မျှော်လင့်မိပါတယ်ရှင်🙂 ဒါဆို 👉👉👉
၁) Saturated Fats ( ပြည့်ဝဆီ )
_ ပြည့်ဝဆီသည် အပူချိန်ပေါ်လိုက်ပြီး
အရည်ပုံသဏ္ဌာန်မှ အခဲပုံသဏ္ဌာန်သို့
ပြောင်းလဲသွားတတ်ပါတယ်။များသော
အားဖြင့် အခန်းအပူချိန်မှာ အစိုင်အခဲ
အနေနဲ့ တွေ့ရပါတယ်။၎င်းပြည့်ဝဆီဆို
သည်မှာ တိရစ္ဆာန်အဆီ၊ နို့ထွက်ပစ္စည်း
များ၊ အုန်းဆီ၊ ဆီအုန်းဆီစတဲ့ ဆီများပဲ
ဖြစ်ပါတယ်။
၂) Unsaturated Fats ( မပြည့်ဝဆီ )
_ မပြည့်ဝဆီသည် အခန်းအပူချိန်မှာ
အရည်အနေနဲ့ ရှိပါတယ်။အပင်တွေကရ
တဲ့အဆီ၊ ငါးကြီးဆီ၊ ပဲပိစပ်၊ အစေ့အဆံ
များမှရတဲ့အဆီစတဲ့ ဆီများမှာ
မပြည့်ဝဆီများဖြစ်ပါတယ်။
📌📌📌 ပြည့်ဝဆီသည် မပြည့်ဝဆီနှင့်ယှဉ်လျင် ကျန်းမာရေးနှင့် ညီညွတ်မှုနဲပါးပါတယ်။အကြောင်းအရင်းကတော့ ပြည့်ဝဆီကို အလွန်အကျွံစားသုံးမိလျင် သွေးထဲမှာ
LDL( bad ) cholesterol မြင့်တက်လာစေလို့
နှလုံးရောဂါနဲ့ လေဖြတ်တဲ့အန္တရာယ်တွေကို
ပိုဆိုးလာစေနိုင်ပါတယ်။ဒါကြောင့် ပြည့်ဝဆီ
စားသုံးမှုကို သတိထားဆင်ခြင်ဖို့ လိုအပ်ပါတယ်။
၃) Cholesterol ( ကိုလက်စထရော )
_ ကိုလက်စထရောဆိုသည်မှာ ခန္ဓာကိုယ်
တွင်းသွေးနဲ့ ဆဲလ်တွေထဲမှာ ပါဝင်နေတဲ့
အရာပဲဖြစ်ပါတယ်။အများစုကို
အသည်းက ထုတ်လုပ်ပေးပြီး ကျန်တာ
တွေကိုတော့ ပြင်ပအစားအသောက်တွေ
ကနေ ရရှိပါတယ်။
၄) LDL ( Low Density Lipoprotein )
_ LDLသည် သွေးကြောတွေကို ပိတ်
ဆို့စေနိုင်တဲ့ မကောင်းတဲ့
ကိုလက်စထရောပဲဖြစ်ပါတယ်။
၅) HDL ( High Density Lipoprotein )
_ HDLသည် ပိုလျှံနေတဲ့ ကိုလက်စထရော
တွေကို အသည်းကိုပို့ပြီး ချေဖျက်စေတဲ့
ကောင်းတဲ့ကိုလက်စထရောပဲ
ဖြစ်ပါတယ်။
၆) Triglyceride
_ Triglycerideဆိုတာ ခန္ဓာကိုယ်ထဲမှာ
စွမ်းအင်သိုလှောင်ဖို့ လိုအပ်တဲ့ အဆီ
တစ်မျိုးဖြစ်ပါတယ်။အသား၊ နို့ထွက်
ပစ္စည်းများ၊ ဟင်းရွက်ဆီနှင့် တိရစ္ဆာန်
ဆီတွေထဲမှာ ပါဝင်ပါတယ်။အသည်းမှ
လည်း triglycerideအဆီကို ထုတ်ပေးပါ
သေးတယ်။ဒီအဆီတွေ အရမ်းများလာ
လျင် အမျိုးသမီးတွေမှာ မုန့်ချိုအိတ်
ရောင်ခြင်းနှင့် တခြားနှလုံးသွေးကြော
ရောဂါများ ဖြစ်လာနိုင်ပါတယ်။
၇) Dyslipidemia ( သွေးတွင်းအဆီဓာတ်မ
မျှတခြင်း )
_ Dyslipidemiaဆိုတာ သွေးတွင်းအဆီ
ဓာတ်များ များလွန်းခြင်း ( သို့မဟုတ် )
နဲပါးလွန်းခြင်းအခြေအနေမျိုးပဲ ဖြစ်ပါ
တယ်။ ( ဥပမာ - HDLပမာဏနဲပါးလွန်း
ခြင်း၊ LDL & Triglyceride ပမာဏများ
လွန်းခြင်း )
၈) Amino acid ( အမိုင်နိုအက်စစ် )
_ ခန္ဓာကိုယ်ရဲ့ ၇၅%ခန့်ကို ပရိုတင်းလို့ခေါ်
တဲ့ အသားဓာတ်များဖြင့် တည်ဆောက်
ထားပါတယ်။ထိုအသားဓာတ်များဖြစ်
ပေါ်ဖို့အတွက် Amino acids က အခြေခံ
အုတ်မြစ်များအဖြစ် လိုအပ်ပါတယ်။
Amino acids တွင် ခန္ဓာကိုယ်ကအလိုအ
လျောက်ထုတ်ပေးနိုင်သည့်
Non-essential Amino acids ရှိသလို
မထုတ်ပေးနိုင်သည့် Essential Amino
acids လည်းရှိပါတယ်။Essential Amino
acids ကို အစားအစာများမှ ရရှိပါတယ်။
၉) Free radical ( ဖရီးရယ်ဒီကယ် )
_ ကိုယ်ခန္ဓာထဲမှာ အလိုအလျောက်ဖြစ်ပေါ်
နေတတ်တဲ့ ဖရီးရယ်ဒီကယ်များသည်
ကိုယ်ခန္ဓာထဲကို ရောဂါပိုးတွေမဝင်အောင်
ကာကွယ်ပေးရာမှာ ပါဝင်ပါတယ်။
ဖရီးရယ်ဒီကယ်များသည် အောက်စီဂျင်
ပါဝင်တဲ့မော်လီကျူးများဖြစ်ပြီး သူတို့မှာ
အီလက်ထရွန်ပါဝင်မှု ပုံစံမမှန်ပါဘူး။
တခြားမော်လီကျူးတွေနဲ့တွေ့တိုင်း ဓာတ်
ပြုဖို့ကြိုးစားတာကြောင့် ကိုယ်ခန္ဓာအ
တွင်း ဓာတ်တိုးခြင်းတွေဖြစ်ပေါ်ပါတယ်။
ဓာတ်တိုးခြင်းဆိုတာ ကိုယ်ခန္ဓာထဲမှာ
ပုံမှန်ဖြစ်နေကြ ဖြစ်စဉ်တစ်ခုဆိုပေမယ့်
လည်း ကောင်းကျိုးပေးတာရှိသလို၊
ဆိုးကျိုးဖြစ်စေတာတွေလည်းရှိပါတယ်။
_ ဓာတ်တိုးဆန့်ကျင်ပစ္စည်း( Antioxidants )
များကတော့ ဖရီးရယ်ဒီကယ်ကို တည်ငြိမ်
သွားအောင် ထိန်းသိမ်းပေးနိုင်တဲ့ မော်လီ
ကျူးများဖြစ်ပါတယ်။ဒါပေမယ့်
ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ၏
ထိန်းသိမ်းနိုင်စွမ်းကို ကျော်လွန်လာတဲ့အ
ချိန်မှာတော့ ဖရီးရယ်ဒီကယ်များသည်
ခန္ဓာကိုယ်ဆဲလ်များကို စတင်တိုက်ခိုက်
လာပါတယ်။နောက်ဆက်တွဲအနေနဲ့
ဆီးချို၊ သွေးကြောများမာကြောခြင်း၊
ရောင်ရမ်းခြင်းများ၊ သွေးတိုးခြင်း၊ နှလုံး
ရောဂါ၊ ပါကင်ဆန်ရောဂါ၊
အယ်လ်ဇိုင်းမားစသည့် အာရုံကြောပိုင်း
ဆိုင်ရာချို့ယွင်းခြင်းများ၊ ကင်ဆာစတဲ့
ရောဂါများဖြစ်နိုင်ချေ မြင့်တက်လာပါ
တယ်။ဒါ့အပြင် အိုမင်းရင့်ရော်မှုလည်း
မြန်လာနိုင်ပါတယ်။
_ ဒါကြောင့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ
၏ပမာဏကို မြှင့်တင်ပြီး ဖရီးရယ်ဒီကယ်
များဖြစ်ပေါ်ခြင်းကို လျော့ချဖို့ လိုအပ်ပါ
တယ်။ဓာတ်တိုးဆန့်ကျင်ပစ္စည်းများကို
Antioxidant ကြွယ်ဝစွာပါဝင်တဲ့ အစားအ
စာများ၊ ဖြည့်စွက်စာများမှရယူပြီး
မြှင့်တင်နိုင်ပါတယ်။
_ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများအပြင်
ဖရီးရယ်ဒီကယ်ကို ပိုမိုဖြစ်ပေါ်စေတဲ့
အခြေအနေတွေကိုလည်း တတ်နိုင်သ
လောက်ရှောင်ရှားသင့်တယ်လို့ အကြုံပြု
ချင်ပါတယ်။၎င်းအခြေအနေများက
အိုဇုန်း၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊
စီးကရက်မီးခိုးငွေ့များ၊ ဓာတ်ရောင်ခြည်
ကြွခြင်း၊ ပတ်ဝန်းကျင်ညစ်ညမ်းခြင်း
( လေထု၊ ရေထု )စတာတွေပဲဖြစ်ပါတယ်။
၁၀) Peristalsis
_ Peristalsis ဆိုသည်မှာ လှိုင်းကဲ့သို့
ကြွက်သားများကျုံ့သွားလိုက်၊ ဖြေ
လျော့သွားလိုက်နဲ့ စည်းချက်အတိုင်း
ရွေ့လျားကာ လမ်းကြောင်းတလျောက်
ရှိ ပစ္စည်းများကို ရှေ့သို့ရောက်အောင်
ပို့ဆောင်ပေးနေသော ဖြစ်စဉ်ပဲဖြစ်ပါ
တယ်။ဒီဖြစ်စဉ်ဟာဆိုရင် ခန္ဓာကိုယ်၏
ပုံမှန်လုပ်ငန်းဆောင်တာပဲဖြစ်ပါတယ်။
Peristalsis သည် အစာလမ်းကြောင်း
တလျောက်အစာများကို၊ ကျောက်ကပ်
မှဆီးအိမ်သို့ ဆီးကို၊ သည်းခြေအိတ်မှ
အူသိမ်သို့ သည်းခြေရည်ကို ရွေ့လျား
စေပါတယ်။
အားလုံးလည်း ဒီလောက်ဆိုရင် တော်တော်လေး သိသွားလောက်ပြီလို့ ထင်ပါတယ်နော်။ဒီလိုမေတ္တာလက်ဆောင်အနေနဲ့ပေးတဲ့
ပို့စ်လေးတွေကို ကျွန်မအချိန်ရရင် ရသလို
တင်ပေးသွားမှာဖြစ်လို့ စောင့်မျှော်ပေးကြပါဦးလို့ ပြောကြားရင်း နားပါပြီရှင်။🙂
အားလုံးပဲ မင်္ဂလာညချမ်းလေးပါရှင် 😴
16/12/2021
အားလုံးပဲ မင်္ဂလာပါရှင်🙏🙏🙏
ဒီနေ့မှာတော့ ဆောင်းတွင်းရာသီစာအသီးအနှံလေးဖြစ်တဲ့ ထောပတ်သီးအကြောင်းကို ကျွန်မနဲ့အတူတူ လေ့လာကြည့်ကြမယ်နော်👉👉👉
アボカド(鰐梨)🥑🥑🥑
avocado (ထောပတ်သီး)
🥑 アボカドは、クスノキ科 . ワニナシ属
のフルーツです。和名は「ワニナシ」
です。「森のバター」「天然のサプリ
メント」「若返りの美容液」などと呼
ばれるアボカドは、栄養価が高く
ヘルシーな果実として人気です。その
栄養価の高さはギネスブックにも
記載(きさい)されているほど。
アボカドは栄養価No.1のフルーツと
ても認められているのです。
ထောပတ်သီးသည် လော်ရယ်အပင်မျိုး
ရင်းတွင်ပါဝင်သော ထောပတ်ပင်(အမြဲ
စိမ်းသစ်ပင်)အနွယ်ဝင်အသီးဖြစ်ပါ
တယ်။ဂျပန်နာမည်မှာ ဝါနိနရှိ ဖြစ်ပါ
တယ်။ " တောထောပတ် " " သဘာဝ
ဖြည့်စွက်စာ " " နုပျိုခြင်း၏အလှဆီ "
အစရှိသဖြင့် ခေါ်ဆိုခြင်းခံရသော
ထောပတ်သီးသည် အာဟာရတန်ဖိုးမြင့်
မားသော ကျန်းမာရေးနှင့်ညီညွတ်သော
အသီးအဖြစ် လူကြိုက်များပါတယ်။၎င်း
အာဟာရတန်ဖိုးမြင့်မားမှုသည် ဂင်းနစ်
မှတ်တမ်းတင်ထားခံရလောက်အောင်ပါ
ပဲ။ထောပတ်သီးသည် အာဟာရတန်ဖိုး
နံပါတ်(၁) အသီးလို့တောင် အသိအမှတ်
ပြုခံထားရပါတယ်။
🥑アボカドの栄養素
1) エネルギー
2) 炭水化物(たんすいかぶつ)
糖類(とうるい)
食物繊維(しょくもつせんい)
3) 脂肪
飽和脂肪酸(ほうわしぼうさん)
(パルミチン酸)
不飽和脂肪酸(ふほうわしぼうさん)
(パルミトレイン酸、オレイン酸、
リノール酸、リノレン酸)
4)タンパク質
必須アミノ酸(ひっすアミノさん)
非必須アミノ酸(ひひっすアミノ
さん)
5) ビタミン
ビタミンA、C、D、E、K
ビタミンB1、B2、B3(ナイアシン)、
B5 (パントテン酸)、B6、B9 (葉酸)、
B12
コリン
6) ミネラル
ナトリウム、カリウム、カルシウム、
マグネシウム、リン、鉄分、亜鉛
(あえん)、マンガン、セレン
ထောပတ်သီး၏ အာဟာရဓာတ်များ
၁) စွမ်းအင်
၂) ကာဗိုဟိုက်ဒရိတ်
သကြားဓာတ်
အမျှင်ဓာတ်
၃) အဆီ
Saturated fatty acids ( palmitic acid )
Unsaturated fatty acids ( palmitoleic
acid, oleic acid, linoleic acid, linolenic
acid )
၄) ပရိုတင်း
Essential amino acids
Non-essential amino acids
၅) ဗီတာမင်
ဗီတာမင် အေ ၊ စီ ၊ ဒီ ၊ အီး ၊ ကေ
ဗီတာမင် B1 , B2 , B3 ( niacin ) , B5
( pantothenic acid ) , B6 , B9 ( folic
acid ) , B12
Choline
၆) သတ္တုဓာတ်
ဆိုဒီယမ် ၊ ပိုတက်စီယမ် ၊ ကယ်လ်စီယမ်၊
မဂ္ဂနီစီယမ် ၊ ဖော့စဖရတ် ၊ သံဓာတ် ၊ ဇင့်၊
မန်ဂနိ ၊ ဆီလီနီယမ်
🥑アボカドの健康効果
ထောပတ်သီး၏ ကျန်းမာရေးအကျိုး
သက်ရောက်မှု
➡️ アボカドにはオレイン酸が豊富に含まれているため、コレステロールを下げる効果があるといえます。オレイン酸は他の脂肪酸と比較すると酸化されにくい
性質があり、体内の悪玉(あくだま)(LDL)
コレステロールを下げる働きがあります。コレステロールは酸化することで血管内部に付着して血管(けっかん)を詰まらせ、動脈硬化(どうみゃくこうか)や心筋梗塞(しんきんこうそく)、脳梗塞(のうこうそく)などの原因となります。
➡️ထောပတ်သီးမှာ oleic acid ကြွယ်ဝစွာပါဝင်တဲ့အတွက် ကိုလက်စထရော ကျစေတဲ့အာနိသင်ရှိတယ်လို့ ပြောနိုင်ပါတယ်။oleic acidသည် တခြားဖက်တီးအက်စစ်များနှင့် ယှဉ်လျင် ဓာတ်တိုးခြင်းဖြစ်ဖို့ ခဲယဉ်းတဲ့ဂုဏ်သတ္တိရှိပြီး၊ ကိုယ်တွင်းက မကောင်းတဲ့ကိုလက်စထရော (LDL) ကို ကျစေတဲ့လုပ်ဆောင်ချက်ရှိပါတယ်။ကိုလက်စထရောများသည် ဓာတ်တိုးခြင်းကြောင့် သွေးကြောထဲမှာစုပုံသွားပြီး သွေးကြောတွေကို ပိတ်ဆို့စေကာ သွေးကြောကျဉ်းခြင်း၊ နှလုံးသွေးကြောပိတ်ခြင်း၊ လေဖြတ်ခြင်းစတဲ့ အကြောင်းရင်းများဖြစ်လာပါတယ်။
➡️アボカドには豊富な不飽和脂肪酸やビタミン、ミネラル類が含まれているので、生活習慣病(脂質異常症、高血圧や肥満など)を予防する効果を持ちます。
➡️ထောပတ်သီးမှာ unsaturated fatty acidsများ ၊ ဗီတာမင်များ ၊ သတ္တုဓာတ်များ ကြွယ်ဝစွာပါဝင်လို့ နေထိုင်မှုဘဝကြောင့်ဖြစ်တဲ့ရောဂါများ(dyslipidemia - သွေးတွင်းအဆီဓာတ်မမျှတခြင်း ၊ သွေးတိုးခြင်း ၊ အဝလွန်ခြင်းစတဲ့) ကို ကြိုတင်ကာကွယ်ပေးတဲ့
အကျိုးသက်ရောက်မှုမျိုးရှိပါတယ်။
➡️食物繊維は水分を吸収して膨張(ぼうちょう)し、腸内の不要なものを吸着して外に排出する働きがあります。また、腸の蠕動運動(ぜんどううんどう)を促進するため排泄(はいせつ)を促します。便秘は腸内の老廃物(ろうはいぶつ)が腐敗(ふはい)することで肌荒れや体調不良などを招いてしまいます。アボカドには腸内の掃除役である食物繊維が豊富に含まれているため、便秘(べんぴ)を予防し、さらには腸内環境を整える効果があります。
➡️အမျှင်ဓာတ်များသည် ရေကိုစုပ်ယူပြီး ပွလာကာ အူအတွင်းရှိမလိုအပ်သောအရာများကို စုပ်ယူပြီးအပြင်ကိုစွန့်ထုတ်ပေးတဲ့ လုပ်ဆောင်ချက်မျိုးရှိပါတယ်။တဖန် လှိုင်းကဲ့သို့အူလှုပ်ရှားမှု( peristalsis )ကို လှုံ့ဆော်ပေးတဲ့အတွက် အညစ်အကြေးစွန့်ထုတ်ခြင်းကို အားပေးပါတယ်။ဝမ်းချုပ်ခြင်းသည် အူအတွင်းရှိ စွန့်ပစ်ပစ္စည်းများ ယိုယွင်းပျက်စီးပုပ်ပွလာလို့ အသားအရေကြမ်းတမ်းခြင်းနင့် နေမကောင်းဖြစ်ခြင်းစသည်တို့ကို ဖိတ်ခေါ်နေပါတယ်။ထောပတ်သီးမှာ အူအတွင်းပိုင်း၏ ရှင်းလင်းရေးတာဝန်ကိုလုပ်ဆောင်ပေးတဲ့ အမျှင်ဓာတ်များ ကြွယ်ဝစွာပါဝင်နေတဲ့အတွက် ဝမ်းချုပ်ခြင်းကိုကာကွယ်ပေးပြီး၊ နောက်ထပ် အူလမ်းကြောင်းတလျောက်ကို ကောင်းမွန်စေတဲ့အကျိုးအာနိသင် ရှိပါတယ်။
➡️アボカドオイルは便秘の解消にも効果的です。アボカドオイルの主成分であるオレイン酸は、腸の働きを活性化させるうえ、便の排泄を助ける潤滑油(じゅんかつゆ)のような働きをしてくれるのです。
➡️ထောပတ်သီးအဆီသည် ဝမ်းချုပ်ခြင်းကိုသက်သာစေဖို့အတွက်လည်း အကျိုးသက်ရောက်ပါတယ်။ထောပတ်သီးအဆီ၏ အဓိကအစိတ်အပိုင်းဖြစ်တဲ့ oleic acidသည် အူ၏လုပ်ငန်းဆောင်တာများကို လှုံ့ဆော်ပေးတဲ့အပြင်၊ အညစ်အကြေးစွန့်ထုတ်ခြင်းကို ကူညီပေးတဲ့ချောဆီသဖွယ် လုပ်ဆောင်ပေးပါတယ်။
➡️アボカドには、特に肝臓(かんぞう)で働く抗酸化物質(こうさんかぶっしつ)、グルタチオンが豊富に含まれ、飲酒、喫煙などによるアルコールやニコチンなど有害物質の解毒作用(げどくさよう)を促進します。さらには、肝臓を傷つける活性酸素を除去(じょきょ)し、肝機能の低下を防止します。
➡️ထောပတ်သီးမှာ အထူးသဖြင့် အသည်းမှာအလုပ်လုပ်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း glutathione ကြွယ်ဝစွာပါဝင်ပြီး၊ အရက်သောက်ခြင်း၊ ဆေးလိပ်သောက်ခြင်းစတာတွေကြောင့် အယ်လ်ကိုဟောနှင့် နီကိုတင်းစတဲ့ အဆိပ်အတောက်တွေ ချေဖျက်ပေးခြင်းကိုအားပေးပါတယ်။နောက်ထပ် အသည်းကိုပျက်စီးစေတဲ့ ဓာတ်ပြုအောက်စီဂျင်(ဖရီးရယ်ဒီကယ်)များကို ဖယ်ရှားပေးကာ အသည်း၏လုပ်ဆောင်ချက်ကျဆင်းမှုတွေကို ကာကွယ်ပေးပါတယ်။
➡️抗酸化作用のあるビタミンEが豊富に含まれ、がん予防の働きをします。さらに、アボカドには抗がん作用の強いファイト.ケミカルと呼ばれるルテインやカロテノイドが非常に多く含まれています。
➡️ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိရှိတဲ့ ဗီတာမင်အီး ကြွယ်ဝစွာပါဝင်ပြီး၊ ကင်ဆာရောဂါကိုကာကွယ်ပေးတဲ့ အလုပ်ကိုလုပ်ပါတယ်။ထပ်ပြီး ထောပတ်သီးမှာ ကင်ဆာရောဂါကာကွယ်ဖို့ လုပ်ဆောင်ချက်ပြင်းထန်တဲ့ တိုက်ခိုက်ရေးဓာတ်ပစ္စည်းလို့ခေါ်တဲ့ lutein နှင့် carotenoid အများအပြားပါဝင်ပါတယ်။
➡️葉酸は細胞を作るためにかかせない上、細胞増殖(さいぼうぞうしょく)を促すDNA合成にも必要です。特に妊娠初期の女性には大変重要とされ、女性のビタミンと呼ばれています。葉酸の成人1日必要摂取量200mcg(ただし、妊婦は400mcg)をアボカド1個で凡そカバーできます。
➡️ဖောလစ်အက်စစ်သည် ဆဲလ်များတည်ဆောက်ဖို့အတွက် မရှိမဖြစ်လိုအပ်သည့်အပြင် ဆဲလ်ပွားခြင်းကို အားပေးသည့် DNAဖွဲ့စည်းတည်ဆောက်ရာတွင်လည်း လိုအပ်ပါတယ်။အထူးသဖြင့် ကိုယ်ဝန်အစောပိုင်းအဆင့်တွင် အမျိုးသမီးများအတွက် အလွန်အရေးပါပြီး၊ အမျိုးသမီးဗီတာမင်လို့ခေါ်ဆိုကြပါတယ်။လူကြီးအတွက် ဖောလစ်အက်စစ်နေ့စဉ်လိုအပ်တဲ့ပမာဏမှာ ၂၀၀မိုက်ခရိုဂရမ်(ခြွင်းချက် - ကိုယ်ဝန်ဆောင်အတွက် ၄၀၀မိုက်ခရိုဂရမ်) ကို ခန့်မှန်းခြေအားဖြင့် ထောပတ်သီး၁လုံးဖြင့် လုံလောက်ပါတယ်။
🥑アボカドの美容効果
ထောပတ်သီး၏ အလှအပရေးရာအကျိုး သက်ရောက်မှု
➡️アボカドにはリノール酸、リノレン酸(必須脂肪酸)が含まれ、お肌を乾燥から守ってくれるセラミドを作り、お肌をツルツルにします。また、皮膚の健康を維持するビタミンB2、B3も豊富に含まれています。
➡️ထောပတ်သီးမှာ linoleic acid နဲ့ linolenic acid ( essential fatty acids) ကြွယ်ဝစွာပါဝင်ပြီး၊ အသားအရေမွဲခြောက်ခြင်းမှကာကွယ်ပေးတဲ့ အသားအရေစိုပြေနူးညံ့ပျော့ပြောင်းမှုကိုထိန်းသိမ်းပေးကာ အသားအရေကိုနူးညံ့ချောမွေ့စေပါတယ်။တဖန် အရေပြားကျန်းမာရေးကို ထိန်းသိမ်းပေးသည့် ဗီတာမင်B2,B3 လည်း ကြွယ်ဝစွာပါဝင်ပါတယ်။
➡️アボカドは満腹感が高いだけでなく、脂肪を燃焼してくれるというダイエット中の方には嬉しい栄養効果も期待できます。というのも、アボカドに含まれている消化酸素やオレイン酸には、脂肪を分解や燃焼させる効果が期待できるからです。
➡️ထောပတ်သီးသည် ဗိုက်ပြည့်တဲ့ခံစားချက် မြင့်မားရုံသာမက၊ အဆီများကို လောင်ကျွမ်းစေတယ်လို့ဆိုတဲ့ ဝိတ်ချနေတဲ့ပုဂ္ဂိုလ်တွေအတွက် အင်မတန်မှကောင်းမွန်သော အာဟာရအကျိုးသက်ရောက်မှုလည်းရှိပါတယ်။ အဘယ့်ကြောင့်ဆိုသော် ထောပတ်သီးမှာပါဝင်တဲ့ အစာခြေအင်ဇိုင်းနှင့် oleic acidတို့သည် အဆီကိုချေဖျက်ပြီး လောင်ကျွမ်းစေနိုင်တဲ့ အကျိုးသက်ရောက်မှုမျိုး ရှိတဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်။
➡️アボカドオイルに豊富に含まれているビタミンEには、細胞の酸化を防ぐ作用があります。体をサビつかせる活性酸素の働きを抑制(よくせい)することで、シワ、たるみ、シミなどの老化を防ぐエイジングケア効果が期待できるのです。
➡️ထောပတ်သီးအဆီမှာ ဗီတာမင်အီးကြွယ်ဝစွာပါဝင်လို့ ဆဲလ်များဓာတ်တိုးခြင်းကို ကာကွယ်ပေးတဲ့ဂုဏ်သတ္တိရှိပါတယ်။ခန္ဓာကိုယ်ကို သံချေးတက်စေတဲ့ ဓာတ်ပြုအောက်စီဂျင်(ဖရီးရယ်ဒီကယ်)များ၏ လုပ်ငန်းဆောင်တာများကိုဟန့်တားပေးခြင်းကြောင့် ပါးရေတွန့်ခြင်း၊ အရေပြားလျော့တွဲကျခြင်း၊ အစက်အပြောက်စတဲ့ အိုမင်းရင့်ရော်ခြင်းကိုကာကွယ်ပေးတဲ့ အသားအရေထိန်းသိမ်းခြင်းအကျိုးသက်ရောက်မှုမျိုးကို မျှော်လင့်နိုင်ပါတယ်။
📌📌📌アボカドには脂肪が豊富に含まれているので、1個で262kcalとカロリーが高いです。お茶碗1杯分のご飯と同じくらいのカロリーがあるので食べ過ぎには注意が必要です。1日に1/2個を目安に食べるのがおすすめです。
📌📌📌ထောပတ်သီးမှာ အဆီကြွယ်ဝစွာပါဝင်လို့ ၊ ၁လုံးမှာ၂၆၂ကီလိုကယ်လိုရီနဲ့ ကယ်လိုရီမြင့်မားပါတယ်။ထမင်း၁ပန်းကန်စာနဲ့ ညီမျှတဲ့ကယ်လိုရီရှိလို့ အလွန်အကျွံမစားမိအောင်သတိပြုဖို့ လိုအပ်ပါတယ်။နေ့စဉ် ခန့်မှန်းခြေ တစ်ခြမ်းစားပေးဖို့ကို အကြံပြုပါတယ်။
今日はここまで( ဒီနေ့တော့ ဒီလောက်ပါပဲ)
おやすみ😴
バイバイ(bye bye)
01/11/2021
အားလုံးပဲ မင်္ဂလာပါရှင်🙏🙏🙏
ဒီနေ့မှာတော့ အသီးအနှံ ကြိုက်နှစ်သက်သူများ ကျွန်မနဲ့အတူတူ သရက်သီးအကြောင်းကို လေ့လာကြည့်ကြမယ်နော်👉👉👉
📍 マンゴーは、ムクロジ目ウルシ科マン ゴー属の常緑樹です。美味しいだけでなく、美容や健康に良い効果を期待できる栄養豊富なフルーツです。
📍 သရက်ဆိုသည်မှာ ပန်းပွင့်သောအပင် သီဟိုဠ်သရက်မျိုးရင်း သရက်အနွယ်ဝင်၏ အမြဲစိမ်းသစ်ပင်မျိုးဖြစ်ပါတယ်။အရသာရှိရုံသာမက အလှအပနှင့် ကျန်းမာရေးအတွက် ကောင်းမွန်သောအကျိုးသက်ရောက်မှုမျိုးကို မျှော်လင့်နိုင်သော အာဟာရဓာတ်ကြွယ်ဝတဲ့ အသီးဖြစ်ပါတယ်။
📍マンゴーに含まれる成分.栄養素
カロリー、糖質、たんぱく質、食物繊維、カリウム、ベータカロテン、ビタミンE、ビタミンB1、ビタミンB2、ビタミンA、葉酸、ビタミンC、鉄、リン
📍 သရက်သီးမှာပါဝင်တဲ့ ပါဝင်ပစ္စည်းများ၊ အာဟာရဓာတ်များ
ကယ်လိုရီ၊သကြားဓာတ်၊ပရိုတင်း၊အမျှင်ဓာတ်၊ပိုတက်စီယမ်၊ဘီတာကာရိုတင်း၊ဗီတာမင်အီး၊ဗီတာမင်ဘီဝမ်း၊ဗီတာမင်ဘီတူး၊ဗီတာမင်အေ၊ဖောလစ်အက်စစ်၊ဗီတာမင်စီ၊သံဓာတ်၊ဖော့စဖရတ်
📍 美容効果 ( အလှအပရေးရာအကျိုးသက်ရောက်မှု)
➡️マンゴーに豊富で含まれる葉酸は、たんぱく質の新陳代謝を良好にし、血液を作ります。コラーゲン繊維や周辺細胞を活性化し、弾力やツヤのある美肌を保つ効果があります。
သရက်သီးမှာ ကြွယ်ဝစွာပါဝင်တဲ့ ဖောလစ်အက်စစ်သည် ပရိုတင်း၏ဇီဝဖြစ်ပျက်မှုကို ကောင်းမွန်စေပြီး သွေးကိုထုတ်လုပ်ပေးတယ်။ကိုလာဂျင်အမျှင်ဓာတ်နှင့် အနီးတဝိုက်ရှိဆဲလ်များကို နိုးကြားတက်ကြွစေပြီး နူးညံ့ပျော့ပျောင်း ချောမွတ်တောက်ပသော လှပတဲ့အသားအရေမျိုးကို ထိန်းသိမ်းပေးသော အကျိုးသက်ရောက်မှုမျိုးရှိပါတယ်။
➡️ベータカロテンは、ビタミンCと組み合わせることで美肌やアンチェイジングに効果的です。
ဘီတာကာရိုတင်းသည် ဗီတာမင်စီနှင့်ပေါင်းစပ်ကာ လှပသောအသားအရေနှင့် အိုမင်းခြင်းကိုတားဆီးပေးသော အကျိုးသက်ရောက်မှုမျိုးဖြစ်စေပါတယ်။
➡️ビタミンCとビタミンEは、肌の美白効果が期待できます。
ビタミンC : シミやくすみの原因とな
るメラニン色素を薄くした
り、生成を遅らせます。
ビタミンE : 血流を促すことで肌のター
ンオーバーのサイクルを整
え、日焼けした肌を元通り
にしてくれます。
ဗီတာမင်စီနှင့် ဗီတာမင်အီးသည် အသားအရေ ဖြူစင်ဝင်းလက်တောက်ပစေသော အကျိုးသက်ရောက်မှုမျိုးကို မျှော်လင့်နိုင်ပါတယ်။
ဗီတာမင်စီ ― အမည်းစက်နှင့် အသားအ
အရေမွဲခြောက်မှု၏
အကြောင်းအရင်းဖြစ်သော
မယ်လနင်ရောင်ခြယ်ကို ပါး
အောင်လုပ်တာတို့၊ ထုတ်လု
ပ်မှုကို နှောင့်နှေးအောင်ပြု
လုပ်ပေးတယ်။
ဗီတာမင်အီး ― သွေးလည်ပတ်မှုကို လှုံ့
ဆော်ပေးခြင်းဖြင့် အသား
အရေ၏စက်ဝန်းကို ထိန်း
ညှိပေးပြီး၊နေလောင်ထား
တဲ့အသားအရေကို ပြန်လ
လည်ပြုပြင်ပေးပါတယ်။
➡️ビタミンAには抗酸化作用があり、シミやくすみ、たるみなどを防ぎます。また粘膜の再生効果もあるため、皮膚や粘膜の健康を保ち、肌荒れなどのトラブルを防止します。
ဗီတာမင်အေမှာတော့ ဓာတ်တိုးဆန့်ကျင်(antioxidant)ဂုဏ်သတ္တိရှိပြီး၊ အမည်းစက်နှင့် အသားအရေမွဲခြောက်၊ အရေးအကြောင်းဖြစ်ခြင်း စသည်တို့ကို ကာကွယ်ပေးပါတယ်။နောက်ထပ် အကျိအချွဲအမြှေးပါးကို ပြုပြင်ပေးတဲ့ အကျိုးသက်ရောက်မှုမျိုးရှိတဲ့အတွက် အရေပြားနှင့် အကျိအချွဲအမြှေးပါး၏ကောင်းမွန်မှုကို ထိန်းသိမ်းပေးပြီး အသားအရေကြမ်းတမ်းခြင်းစတဲ့ ပြဿနာတွေကို ကာကွယ်ပေးပါတယ်။
📍 健康効果 ( ကျန်းမာရေးအတွက်အကျိုးသက်ရောက်မှု )
➡️カリウムには、血中の余分な塩分を尿中に排泄させ、血圧を下げる効果があります。血液をサラサラにして流れを良くすることで、血栓ができるのを防ぎ、動脈硬化や高血圧などの生活習慣病の予防が期待できます。
ပိုတက်စီယမ်သည် သွေးတွင်းရှိ ပိုလျှံနေသောဆားဓာတ်ကို ဆီးမှတဆင့်စွန့်ပစ်စေပြီး၊ သွေးဖိအားကိုလျော့ကျစေသော အကျိုးသက်ရောက်မှုမျိုးရှိပါတယ်။သွေးစီးဆင်းမှုကို လွယ်ကူချောမွေ့အောင်လုပ်ပေးလို့ သွေးခဲခြင်းကိုကြိုတင်ကာကွယ်ပေးကာ သွေးကြောကျဉ်းခြင်းနှင့် သွေးတိုးခြင်းစတဲ့ လူနေမှုပုံစံများကြောင့်ဖြစ်သောရောဂါများကို ကာကွယ်ဖို့မျှော်လင့်နိုင်ပါတယ်။
➡️ビタミンCには抗酸化作用があり、過剰な活性酸素を除去します。ベータカロテン(プロビタミンA)は、体内で必要に応じてビタミンAに変わります。そして残りは過剰な活性酸素を抑止します。ビタミンCとベータカロテンなどの栄養素を摂取することで、活性酸素が増えすぎるのを防ぎ、免疫力を上げるサポートをします。
ဗီတာမင်စီမှာ ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိရှိပြီး၊ ပိုလျှံနေသော ဓာတ်ပြုတဲ့အောက်စီဂျင်( ဖရီးရယ်ဒီကယ် ) များကို ဖယ်ရှားပေးပါတယ်။ဘီတာကာရိုတင်း( ပရိုဗီတာမင်အေ )သည် ခန္ဓာကိုယ်ထဲမှာ လိုအပ်တာနဲ့ ဗီတာမင်အေအဖြစ် ပြောင်းလဲသွားတယ်။ပြီးတော့ ကျန်တဲ့ဘီတာကာရိုတင်းတွေသည် ပိုလျှံနေသော ဓာတ်ပြုအောက်စီဂျင်များကို ထိန်းချုပ်ပေးတယ်။ဗီတာမင်စီနှင့် ဘီတာကာရိုတင်းစတဲ့ အာဟာရဓာတ်များကို စားသုံးမှုကြောင့် ဓာတ်ပြုအောက်စီဂျင်ပမာဏတိုးလာတာကို ကာကွယ်ပေးပြီး ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးပါတယ်။
📌📌📌 ဓာတ်ပြုအောက်စီဂျင်ပမာဏအနည်းငယ်သည် ခန္ဓာကိုယ်အတွက်လိုအပ်ပေမယ့်၊ ပမာဏများလွန်းလျင်တော့ ခန္ဓာကိုယ်အတွက် အဆိပ်အတောက်ဖြစ်စေသောအရာများကို ထုတ်ပေးပါတယ်။အဲ့ဒီလိုဖြစ်ရင် ကိုယ်ခံအားကျဆင်းလာရုံသာမက၊ သွေးကြောကျဉ်းရောဂါနှင့် ကင်ဆာရောဂါစတဲ့ ရောဂါများကိုဖြစ်လာစေနိုင်ပါတယ်။
➡️葉酸は、赤血球を作る効果があります。また、マンゴーには貧血予防に欠かせない鉄分も含まれています。
ဖောလစ်အက်စစ်သည် သွေးနီဥဆဲလ်ကိုထုတ်ပေးတဲ့ အကျိုးသက်ရောက်မှုမျိုးရှိတယ်။နောက်ထပ် သရက်သီးမှာ သွေးအားနည်းခြင်းကို ကာကွယ်ပေးဖို့အဓိကကျတဲ့သံဓာတ်လည်း ပါဝင်တယ်။
➡️カリウムには、体内のナトリウム量のバランスを保つ効果があります。過剰なナトリウムや水分の排泄を促してくれるため、むくみの解消も期待できます。
ပိုတက်စီယမ်သည် ခန္ဓာကိုယ်တွင်းရှိ ဆိုဒီယမ်ပမာဏကို ထိန်းညှိပေးပါတယ်။ပိုလျှံနေသော ဆိုဒီယမ်နှင့် ရေစွန့်ထုတ်မှုကို အားပေးတဲ့အတွက် ဖောရောင်တာတွေကို လျော့ကျစေနိုင်ပါတယ်။
➡️マンゴーにはカルシウムと結合して骨の主成分となるリンも豊富に含まれます。
သရက်သီးမှာ ကယ်လ်စီယမ်နှင့် ပေါင်းစပ်ရမည့် အရိုး၏အဓိကအစိတ်အပိုင်းဖြစ်တဲ့ ဖော့စဖရတ်လည်း ကြွယ်ဝစွာပါဝင်ပါတယ်။
➡️ビタミンAを十分に摂取することで、ドライアイや疲れ目、視力低下などのトラブル予防に役立ちます。
ဗီတာမင်အေကို လုံလုံလောက်လောက် စားသုံးပေးခြင်းဖြင့် မျက်လုံးခြောက်ခြင်းနှင့် မျက်စိညောင်းခြင်း၊ အမြင်အာရုံကျဆင်းလာခြင်းစတဲ့ ပြဿနာတွေကို ကြိုတင်ကာကွယ်ရာရောက်ပါတယ်။
➡️パパイヤと同じような、消化を助ける酵素も含まれています。
သင်္ဘောသီးလိုမျိုး အစာချေအင်ဇိုင်းလည်း ပါဝင်ပါတယ်။
📍 マンゴーの1日摂取目安量 ( သရက်သီး၏ တစ်ရက်စားသုံးမှုခန့်မှန်းခြေပမာဏ )
➡️1日の摂取量は1個が目安です。マンゴー1個あたりの可食部は約150~180gです。
တစ်ရက်စားသုံးမှုပမာဏသည် ခန့်မှန်းခြေတစ်လုံးဖြစ်တယ်။သရက်သီးတစ်လုံးမှာ ၁၅၀-၁၈၀ဂရမ်လောက် စားသုံးလို့ရပါတယ်။
📌📌📌 「マンゴール」という接触性皮膚炎の原因物質が含まれていることから、唇や口の周りが赤くなる. かゆみを感じなどのアレルギー症状が出る場合があります。この症状は、食べた直後ではなく数日後に発症する場合もあります。
“Mangol” လို့ဆိုတဲ့ ဓာတ်မတည့်မှုကြောင့် အရေပြားရောင်ရမ်းမှုကို ဖြစ်စေသောဓာတ်ပစ္စည်းပါဝင်လို့ နှုတ်ခမ်းနှင့် ပါးစပ်နားတဝိုက် နီမြန်းလာပြီး၊ ယားယံမှုကို ခံစားရတဲ့ ဓာတ်မတည့်မှုရောဂါလက္ခဏာတွေ ဖြစ်ပေါ်လာတယ်။ဒီရောဂါလက္ခဏာသည် စားပြီးပြီးချင်းမဟုတ်ဘဲ ရက်အနည်းငယ်အကြာမှ ဖြစ်တာမျိုးလည်းရှိပါတယ်။
📌📌📌 カロリーや糖質も他のフルーツと比較すると高めなため食べ過ぎには注意が必要です。
ကယ်လိုရီနှင့် အချိုဓာတ်က တခြားအသီးတွေနဲ့ယှဉ်လျင် မြင့်မားတဲ့အတွက် အလွန်အကျွံမစားမိအောင် သတိထားဖို့လိုပါတယ်။
အားလုံးပဲ ဒီနေ့တော့ ဒီလောက်ပါပဲရှင်
မင်္ဂလာညချမ်းလေးပါ
バイバイ(bye-bye )
01/10/2021
အားလုံးပဲ မင်္ဂလာပါရှင်🙏🙏🙏
ကျွန်မတို့ ခြင်မှတဆင့် ကူးစက်သောရောဂါအမည်နာမများကို လေ့လာခဲ့ကြပြီးပြီဆိုတော့ ဒီနေ့ သွေးလွန်တုပ်ကွေးရောဂါအကြောင်းကို အနည်းအကျဉ်းလေး အတူတူလေ့လာကြည့်ကြမယ်နော် 👌👉👉👉
デング熱
သွေးလွန်တုပ်ကွေးရောဂါ
➡️デング熱とはデングウイルスを持つ蚊
(ネッタイシマカ)に刺されることに
よって感染する感染症です。
သွေးလွန်တုပ်ကွေးရောဂါဆိုတာ သွေး
လွန်တုပ်ကွေးဗိုင်းရပ်စ်ကို သယ်ဆောင်
ထားတဲ့ခြင်(Aedes aegypti) ကိုက်ခံရ
ခြင်းကြောင့် ကူးစက်တဲ့ ကူးစက်ရောဂါပဲ
ဖြစ်ပါတယ်။
➡️人から人に直接感染することはありま
せん。
လူမှတဆင့်လူကို တိုက်ရိုက်ကူးစက်ခြင်း
မျိုး မဟုတ်ပါ။
➡️インフルエンザのような高熱を起こし
ます。
တုပ်ကွေးရောဂါလိုမျိုး အဖျားကြီးခြင်းကို
ဖြစ်စေတယ်။
➡️さらに、死に至る可能性のあるデング
出血熱という状態になることも
あります。
နောက်ထပ် သေစေနိုင်လောက်တဲ့ သွေး
ယိုစီးတဲ့အဖျားရောဂါလို့ခေါ်တဲ့ အခြေအ
နေမျိုးလည်း ရှိပါတယ်။
➡️軽症のデング熱と、重症型のデング
出血熱に分けられます。
အပျော့စားသွေးလွန်တုပ်ကွေးရောဂါ
(Break Bone Fever)နဲ့ အပြင်းစားသွေး
လွန်တုပ်ကွေးရောဂါ (Dengue
Hemorrhagic Fever)ဆိုပြီး ခွဲခြားထားပါ
တယ်။
➡️デング熱は、熱帯 . 亜熱帯の地域で
世界的に見られます。
သွေးလွန်တုပ်ကွေးရောဂါကို ကမ္ဘာအနှံ့
အပူပိုင်းဒေသ အပူလျော့ပိုင်းဒေသတွေ
မှာ တွေ့ရတတ်ပါတယ်။
➡️熱帯 . 亜熱帯で見られる(ネッタイシ
マカ)が主として媒介しますが、温帯で
見られる(ヒトスジシマカ)も媒介する
可能性があります。
အပူပိုင်းဒေသ အပူလျော့ပိုင်းဒေသတွေ
မှာ တွေ့ရတဲ့ (Aedes aegypti)ခြင်က အဓိ
က ကူးစက်ပြန့်ပွားစေပေမယ့် သမပိုင်းဇုန်
မှာတွေ့ရတဲ့ (Aedes albopictus)ခြင်က
လည်း ကူးစက်ပြန့်ပွားနိုင်ချေရှိပါတယ်။
➡️ネッタイシマカ(熱帯縞蚊、学名 :
Aedes aegypti)は、一般にヤブカとも
呼ばれヤブカ属の吸血性の蚊の1種で
す。
အပူပိုင်းဒေသအစင်းကျားခြင် ( သိပ္ပံနာ
မည် - Aedes aegypti)က ယေဘုယျအား
ဖြင့် အေးဒိစ်ခြင်(ခြင်ကျား) လို့ခေါ်တဲ့
အေးဒိစ်ခြင်(ခြင်ကျား)မျိုးစု၏ သွေးစုပ်
တဲ့ခြင်အမျိုးအစားတစ်ခု ဖြစ်ပါတယ်။
➡️昼行性ですが、早朝と夕方に特に活発
に活動します。
နေ့ခင်းဘက်တွင် ကျက်စား(ကိုက်) ပေ
မယ့် အထူးသဖြင့် မနက်အစောပိုင်းနဲ့
ညနေပိုင်းတွေမှာ အတွေ့ရများပါတယ်။
➡️吸血する際の唾液で 黄熱 . デング熱 .
ジカ熱などの感染症を媒介します。
သွေးစုပ်တဲ့အချိန် တံတွေးကနေ
အဝါရောင်အဖျားရောဂါ၊ သွေးလွန်တုပ်
ကွေးရောဂါ၊ ဇီကာအဖျားရောဂါစတဲ့ ကူး
စက်ရောဂါတွေကို ကူးစက်ပြန့်ပွားစေပါ
တယ်။
➡️東南アジア、南アジア、中南米で患者
の報告が多く、その他、アフリカ、オー
ストラリア、太平洋の島(中国、台湾)
でも発生があります。
အရှေ့တောင်အာရှ၊ တောင်အာရှ၊ လက်
တင်အမေရိကတွေမှာ လူနာမှတ်တမ်း
တွေများတယ်၊ တခြားသော
အာဖရိက၊ ဩစတြေးလျ၊ ပစိဖိတ်ကျွန်း
(တရုတ်၊ထိုင်ဝမ်)တွေမှာလည်း ဖြစ်ပွားပါ
တယ်။
➡️推定感染地として多い上位5か国は、
インド、フィリピン、ベトナム、タイ、
ミャンマーです。
အများဆုံးကူးစက်ခံရတဲ့ နေရာများအဖြစ်
ခန့်မှန်းသတ်မှတ်ထားတဲ့ ထိပ်ဆုံး၅နိုင်ငံ
က အိန္ဒိယ၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ထိုင်း၊
မြန်မာ ဖြစ်ပါတယ်။
➡️典型的には、蚊に刺されてから3~14
日(多くは4~7日)の潜伏期間の後、高
熱 (38~40度) . 頭痛 . 関節痛 . 筋肉痛 .
発疹などが主な特徴です。
ပုံမှန်အားဖြင့် ခြင်ကိုက်ခံရပြီးနောက်
၃ရက်မှ၁၄ရက် (အများဆုံးက ၄ရက်မှ၇
ရက်) ရောဂါအစပျိုးချိန်ကာလပြီးနောက်
အဖျားတက်(၃၈မှ၄၀ဒီဂရီစင်တီဂရိတ်)၊
ခေါင်းကိုက်၊ အရိုးအဆစ်များနာကျင်၊
ကြွက်သားနာကျင်၊ အဖုအပိန့် အနီစက်
များထွက်ခြင်း အစရှိသည်တို့သည်
အဓိက ထူးခြားချက်များဖြစ်ပါတယ်။
➡️1週間ほどで解熱し、予後は良好な
疾患ですが、まれに症状が重く、
デング熱の症状である熱が下がり始め
たころ ( 2~7日後) 、循環障害と出血
傾向により、消化管出血、呼吸困難
などを呈しショック状態に陥るデング
出血熱になることがあり、適切な治療
を受けない場合は死亡する可能性もあ
ります。
တစ်ပတ်ကြာလောက်မှာ အဖျားကျသွား
မယ်၊ ရောဂါအခြေအနေကောင်းမွန်ပေ
မယ့်၊ ရှားရှားပါးပါး ရောဂါအခြေအနေ
ဆိုးဝါးလာမယ်၊ သွေးလွန်တုပ်ကွေးရောဂါ
လက္ခဏာဖြစ်တဲ့ အဖျားစကျပြီးချိန်
( ၂ရက်မှ၇ရက်နောက်ပိုင်း ) သွေးလှည့်
ပတ်မှုမမှန်ခြင်းနဲ့ သွေးထွက်နိုင်တဲ့အလား
အလာကြောင့်၊ အစာလမ်းကြောင်းသွေး
ယိုခြင်း၊ အသက်ရှူရခက်ခဲခြင်းအစရှိ
သည်တို့ ဖြစ်လာကာ သွေးလန့်သောအ
ခြေအနေသို့ရောက်ရှိသွားသည့် သွေးယို
စီးတဲ့အဖျားရောဂါ ဖြစ်လာပါတယ်၊ သင့်
လျော်သော ကုသမှုမျိုးကို မခံယူတဲ့အခါ
အသက်သေဆုံးနိုင်ချေ ရှိပါတယ်။
➡️デング熱に対する予防接種は
ありません。
သွေးလွန်တုပ်ကွေးရောဂါနှင့်စပ်လျဉ်း၍
ကာကွယ်ဆေးထိုးခြင်းမျိုး မရှိပါ။
📌📌📌蚊に刺されないよう注意が必要
です。
📌📌📌ခြင်မကိုက်ခံရအောင် သတိထားဖို့
လိုအပ်ပါတယ်။
အခုလောက်ဆိုရင် သွေးလွန်တုပ်ကွေးရောဂါအကြောင်း နည်းနည်းလောက်တော့ သိသွားပြီ ထင်ပါတယ်နော်။ အားလုံးကို ထပ်မံပြီး သတိပေးချင်ပါတယ်။
" သွေးလွန်တုပ်ကွေးမဖြစ်ဖို့ ခြင်ကိုက်မခံရအောင် ဂရုစိုက်စို့ " 👌👌👌
おやすみ( good night )🙂
バイバイ( bye-bye ) 🙂
07/07/2021
မင်္ဂလာပါရှင်🙏
ဗဟုသုတတွေ မမျှဝေဖြစ်တာ နဲနဲကြာသွားပြီဖြစ်လို့ ပြန်လည်မျှဝေပေးပါတော့မယ်။မိုးတွင်းကာလရောက်ပြီဖြစ်လို့ ယခုတလော ကျွန်မတို့ပတ်ဝန်းကျင်မှာ ခြင်တွေပေါများလာတာကို အားလုံးလည်း သတိပြုမိကြမှာပါ။ထို့ပြင် မိုးရာသီက သွေးလွန်တုပ်ကွေးရာသီဖြစ်တယ်ဆိုတာ လူတိုင်းသိပြီးဖြစ်မှာပါ။သွေးလွန်တုပ်ကွေးရောဂါဆိုတာ ကလေးတွေမှာ အဖြစ်များပြီး အသက်သေဆုံးသည်အထိ ဖြစ်နိုင်သော ခြင်မှတဆင့်ကူးစက်သောရောဂါပဲ ဖြစ်ပါတယ်။ထို့ကြောင့် ခြင်မှတဆင့်ကူးစက်သောရောဂါတွေဟာ အလွန်ကြောက်ဖို့ကောင်းပါတယ်။လုံးဝ ပေါ့ပေါ့ဆဆ မနေသင့်ပါဘူး။အဖြစ်များပြီးခြင်မှတဆင့်ကူးစက်သောရောဂါ ဘာရောဂါတွေရှိလည်းဆိုတာ ဒီနေ့ ကျွန်မနှင့်အတူတူ လေ့လာကြည့်ကြမယ်နော်👉👉👉
【蚊媒介感染症】《かばいかいかんせんしょう》(ခြင်မှတဆင့်ကူးစက်သောရောဂါ)
ခြင်မှတဆင့်ကူးစက်သောရောဂါဆိုတာ?🤔👉👉👉
病原体(びょうげんたい)を保有(ほゆう)する蚊に刺されることによって起こる感染症のことです。
ရောဂါပိုးကို သယ်ဆောင်ထားသော ခြင်ကိုက်ခံရခြင်းကြောင့် ကူးစက်သောရောဂါဖြစ်ပါတယ်။
【主な蚊媒介感染症】
・ デング熱 (Dengue Fever) သွေးလွန်တုပ်
ကွေးရောဂါ
・ ジカウイルス感染症 / ジカ熱 (Zika
Virus Disease / Zika Fever) ဇီကာဗိုင်း
ရပ်စ်ရောဂါ / ဇီကာအဖျားရောဂါ
・ 日本脳炎 (Japanese Encephalitis)
ဂျပန်ဦးနှောက်ရောင်ရောဂါ
・ ウエストナイル熱 (West Nile Fever)
အနောက်နိုင်းလ်ရောဂါ
・ チクングニア熱 (Chikungunya)
ဆင်တုပ်ကွေးရောဂါ
・ マラリア (Malaria) ငှက်ဖျားရောဂါ
・ 黄熱 (Yellow Fever) အဝါရောင်အဖျား
ရောဂါ / ငန်းဝါအဖျားရောဂါ
・ 象皮病 (Elephantiasis) ဆင်ခြေထောက်
ရောဂါ
အထက်တွင်ဖော်ပြခဲ့သော ခြင်မှတဆင့်ကူးစက်သောရောဂါ အများစုသည် အသက်အန္တရာယ်ပေးနိုင်သော ကြောက်ဖို့ကောင်းသည့် ရောဂါများဖြစ်ပါတယ်။၂၀၁၉တွင်မြန်မာနိုင်ငံ၌ ဖြစ်ပွားခဲ့သော
ဆင်တုပ်ကွေးရောဂါပင်လျင် ဘယ်လောက် ဆိုးဆိုးဝါးဝါးခံခဲ့ရသည်ကို အားလုံးအသိဆုံး ဖြစ်ပါလိမ့်မယ်။ထို့ကြောင့်
အားလုံး တတ်နိုင်သလောက် ခြင်ကိုက်မခံရအောင် နေထိုင်ကြဖို့ ထပ်မံသတိပေးချင်ပါတယ်နော်။အားလုံး ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးပြီး ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာ ကြပါစေ 🙏
07/06/2021
အားလုံးပဲ မင်္ဂလာပါ🙏
အရင်ရက်က လက်ဆေးနည်းကိုပြောပြထားပြီးပြီဆိုတော့ ဒီနေ့မှာ ရောဂါပိုးကူးစက်မှုကာကွယ်နည်းတွေထဲက တစ်ခုဖြစ်တဲ့ Mask(နှာခေါင်းစည်း)တပ်တဲ့အကြောင်းလေးကို မျှဝေပေးသွားမှာဖြစ်ပါတယ်။ကျမတို့မြန်မာလူမျိုးတွေမှာ နှာခေါင်းစည်းတပ်တဲ့ အလေ့အထမျိုး သိပ်မတွေ့ရတတ်ပါဘူး။ယခုအချိန်မှာတော့ ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် တပ်ဆင်နေရသော်လည်း လွဲမှားနေသောအချက်များ ရှိကောင်းရှိနိုင်ပါတယ်။ဒါ့ကြောင့် ကျမနဲ့အတူတူ လေ့လာရင်း မှားနေတာလေးတွေ ပြန်ပြင်ကြမယ်နော်👌👉👉👉
【マスクの正しい使い方 ~ マスクのただしいつかいかた】《နှာခေါင်းစည်းကိုမှန်ကန်စွာ အသုံးပြုနည်း》
🔹装着する時(そうちゃくするとき)
တပ်ဆင်သည့်အခါ
1. ゴムひもで固定(こてい)し、鼻、口、顎
を覆う(おおう)。特に鼻と口の両方
(りょうほう)を確実に覆うことがポイ
ント。
သားရေကြိုးဖြင့် ခိုင်မြဲအောင်တပ်ထားပြီး၊
နှာခေါင်း၊ပါးစပ်၊မေးကို ဖုံးအုပ်ထားပါ။အ
ထူးသဖြင့် နှာခေါင်းနှင့်ပါးစပ်၏ နှစ်ဖက်
လုံးကို သေချာစွာ ဖုံးအုပ်ထားဖို့က အဓိက
အချက်ပါပဲ။
2. 鼻の部分(ぶぶん)を押さえ(おさえ)て
フィットするよう調節する。
နှာခေါင်းပိုင်းကို ဖိပြီး အံဝင်ခွင်ကျဖြစ်
အောင် ညှိပေးပါ။
3. 隙間(すきま)がないように調整する。
ဟနေသောအပိုင်းများ မရှိအောင်ညှိပေး
ပါ။
🔹🔹使用中(しようちゅう)
အသုံးပြုနေစဉ်
1. 使用中はマスクになるべく触ら(さわ
ら)ないようにする。特に、口周りを覆
うフィルター部分には触らないよう注
意し、触った時はすぐに手を洗う。
အသုံးပြုနေစဉ် နှာခေါင်းစည်းကို တတ်
နိုင်သမျှ မထိမိအောင်နေပါ။အထူးသဖြင့်
ပါးစပ်နားတစ်ဝိုက်ကို ဖုံးအုပ်ထားသော
လေစစ်ထုတ်သည့်အပိုင်းကို မထိမိဖို့ သ
တိထားပါ၊ထိမိခဲ့သည့်အခါ ချက်ချင်း
လက်ကို ဆေးပါ။
🔹🔹🔹外す時(はずすとき)
ဖယ်ရှားသည့်အခါ
1. ゴムの部分を持ち、上の方に移動させ
る。
သားရေကြိုးကိုကိုင်ပြီး အပေါ်ဘက်ကို
ရွှေ့လိုက်ပါ။
2. フィルター部の表面(ひょうめん)に
触らないよう注意して、顔から外し、
廃棄(はいき)する。〔ビニール袋や
チャック付き袋に入れて捨てる〕
လေစစ်ပေးတဲ့အပိုင်းရဲ့ မျက်နှာပြင်ကို မ
ထိမိအောင် ဂရုစိုက်ပြီး၊မျက်နှာမှ ဖယ်ရှား
ပြီး၊စွန့်ပစ်ပါ။〔ပလတ်စတစ်အိတ်နှင့်
စည်းပိတ်အိတ်များတွင် ထည့်၍ပစ်ပါ〕
3. すぐに手を洗う。
ချက်ချင်း လက်ကို ဆေးပါ။
ကဲ အခုဆိုရင်တော့ နှာခေါင်းစည်းနဲ့ပတ်သက်ပြီး လွဲမှားနေတာလေးတွေကို သိသွားပြီလို့ ထင်ပါတယ်။ကိုဗစ်ကာလမှာ အပြင်ထွက်တိုင်း နှာခေါင်းစည်းတပ်သွားဖို့ကို မမေ့ဖို့ ထပ်သတိပေးချင်ပါတယ်။🙂
バイバイ(bye-bye)
05/06/2021
အားလုံးပဲ မင်္ဂလာပါ 🙏
ဒီနေ့မှာတော့ ရောဂါပိုးကူးစက်မှုကို ကာကွယ်ပေးတဲ့ အလွယ်ကူဆုံး နည်းလမ်းတစ်ခုဖြစ်တဲ့ လက်ဆေးနည်းအကြောင်းကို မျှဝေပေးသွားမှာဖြစ်ပါတယ်။လက်ဆေးနည်းဆိုပေမယ့်လည်း မှန်ကန်တဲ့လက်ဆေးနည်းပဲဖြစ်ပါတယ်။မှန်ကန်တဲ့လက်ဆေးနည်းအကြောင်းကို အားလုံး ကျမနဲ့အတူတူ လေ့လာကြည့်ကြမယ်နော် 👉👉👉
【正しい手洗いの方法 ~ ただしいてあらいのほうほう】《မှန်ကန်သောလက်ဆေးနည်း》
1️⃣ まず手を流水(りゅうすい)でぬらす
ဦးစွာ လက်ကို ရေ(ရေပိုက်ခေါင်းမှစီးကျ
နေတဲ့ရေ)ဖြင့် စွတ်ဆိုအောင်လုပ်ပါ။
2️⃣ 石鹸液(せっけんえき)を適量(てき
りょう)手の平に受け取る(うけとる)
ဆပ်ပြာရည်ကို သင့်တော်တဲ့ပမာဏ
လက်ဖဝါးတွင် ထည့်ပါ။
3️⃣ 手の平と手の平を擦り合わせ(すりあ
わせ)よく泡立てる(あわだてる)
လက်ဖဝါးအချင်းချင်း ပွတ်တိုက်ပြီး
ကောင်းစွာ အမြှုပ်များထနေအောင်ပြု
လုပ်ပါ။
4️⃣ 手の甲をもう片方(かたほう)の手の平
でもみ洗う〔両手〕
လက်ဖမိုးကို အခြားတစ်ဖက်၏ လက်ဖ
ဝါးဖြင့် ပွတ်တိုက်ဆေးကြောပါ။〔လက်နှ
စ်ဖက်စလုံးကို ဤအတိုင်း ပြုလုပ်ပါ〕
5️⃣ 指を組んで(くんで)両手(りょうて)の
指の間(あいだ)をもみ洗う
လက်ချောင်းများကို စုစည်းပြီး လက်နှစ်
ဖက်၏ လက်ချောင်းများကြားကို ပွတ်
တိုက်ဆေးကြောပါ။
6️⃣ 親指をもう片方の手で包み(つつみ)も
み洗う〔両手〕
လက်မကို အခြားတစ်ဖက်၏ လက်ဖြင့်
ရစ်ပတ်ထားပြီး ပွတ်တိုက်ဆေးကြောပါ
။〔လက်နှစ်ဖက်စလုံးကို ဤအတိုင်း ပြု
လုပ်ပါ〕
7️⃣ 指先(ゆびさき)をもう片方の手の平で
もみ洗う〔両手〕
လက်ချောင်းထိပ်လေးများကို အခြားတ
စ်ဖက်၏ လက်ဖဝါးတွင်ပွတ်တိုက်ဆေး
ကြောပါ။〔လက်နှစ်ဖက်စလုံးကို ဤအ
တိုင်း ပြုလုပ်ပါ〕
8️⃣ 両手首までていねいにもみ洗う
လက်ကောက်ဝတ် နှစ်ဖက်စလုံးအထိ အ
ကုန်အစင် သေသေချာချာ ပွတ်တိုက်
ဆေးကြောပါ။
9️⃣ 流水でよく濯ぐ(すすぐ)
ရေ(စီးရေ)ဖြင့် စင်အောင်ဆေးပါ။
みなさん、
အားလုံးပဲ
外出(がいしゅつ)から帰った(かえった)後(あと)
အပြင်သွားပြီး အိမ်ပြန်လာပြီးတဲ့နောက်
調理(ちょうり)の前後(ぜんご)、調理中(ちょうりちゅう)
မချက်ပြုတ်ခင်နှင့် ချက်ပြုတ်ပြီးနောက်၊ ချက်ပြုတ်နေစဉ်
食事(しょくじ)やおやつの前(まえ)
ထမင်းနှင့် သားရေစာမုန့်များ မစားခင်
動物(ペットなど)にさわった後
တိရစ္ဆာန်(အိမ်မွေးတိရစ္ဆာန်များစသည့်)တို့ကို ထိတွေ့ကိုင်တွယ်ပြီးသည့်နောက်
手洗いを忘れないでね🙂
လက်ဆေးခြင်းကို မမေ့နဲ့နော်
အားလုံးပဲ ကပ်ရောဂါဆိုးကြီး၏ အန္တရာယ်မှ ကင်းဝေးနိုင်ကြပါစေ 🙏
01/06/2021
အားလုံးပဲ မင်္ဂလာပါ🙏
ဒီနေ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေအကြောင်းကို ဆက်လေ့လာကြမယ်နော်👉👉👉
【からだのぶい】《ခန္ဓာကိုယ်အစိတ်အပိုင်းများ》
26) かみのけ(髪の毛) = ဆံပင်မွေး
27) かた(肩) = ပခုံး
28) むね(胸) = ရင်ဘတ်
29) て(手) = လက်
30) ゆび(指) = လက်ချောင်း
31) つめ(爪) = လက်သည်း
32) おやゆび(親指) = လက်မ
33) ひとさしゆび(人差し指) = လက်ညှိုး
34) なかゆび(中指) = လက်ခလယ်
35) くすりゆび(薬指) = လက်သန်းကြွယ်
36) こゆび(小指) = လက်သန်း
37) てのひら(手の平) = လက်ဖဝါး
38) てのこう(手の甲) = လက်ဖမိုး
39) てくび(手首) = လက်ကောက်ဝတ်
40) わき(脇) = ချိုင်း
41) にのうで(二の腕) = လက်မောင်း
42) ひじ(肘) = တံတောင်ဆစ်
43) とうひ(頭皮) = ဦးရေပြား
44) びこう(鼻孔) = နှာခေါင်းပေါက်
45) のどぼとけ / アダムのりんご / こう とうりゅうき = လည်စေ့
46) うなじ(項) = ဇက်ပိုး၊ကုပ်ပိုး
47) わきげ(脇毛) = ချိုင်းမွေး
48) せなか(背中) = ကျော
49) さこつ = ညှပ်ရိုး
50) せっし / もんし(切歯 / 門歯) = ရှေ့သွား
51) けんし / いときりば(犬歯 / 糸切り歯) = စွယ်သွား
52) ぜんきゅうし / しょうきゅうし(前臼歯 / 小臼歯) = ရှေ့အံသွား
53) こうきゅうし / だいきゅうし(後臼歯 / 大臼歯) = နောက်အံသွား
54) ちえば / おやしらずは(知恵歯 / 親知らず歯) = အံဆုံးအံသွားများ
55) にゅうし(乳歯) = ငယ်သွား
56) えいきゅうし(永久歯) = ကြီးသွား
57) はぐき(歯茎) = သွားဖုံး
58) いれば / さしば(入れ歯 / 差し歯) = သွားတု၊စိုက်သွား
59) ぐらつくは / ゆるんだは(ぐらつく歯 / 緩んだ歯) = မညီမညာ လျော့ရိလျော့ရဲဖြစ်နေသောသွား
60) ぎんば(銀歯) = ငွေသွား
61) きんば(金歯) = ရွှေသွား
62) そういれば(総入れ歯) = အံကပ်
63) むしば(虫歯) = ပိုးစားထားသောသွား၊သွားပိုးစားခြင်း၊အခေါင်းပေါက်
64) やえば(八重歯) = သွားထပ်၊သွားစွယ်
65) しれつきょうせいき(歯列矯正器) = သွားထိန်း
66) おなか(お腹) = ဝမ်းဗိုက်
67) へそ = ချက်
68) こし(腰) = ခါး
69) おしり(お尻) = တင်ပါး
70) あし(足) = ခြေထောက်
71) もも / ふともも(股 /太股) = ပေါင်
72) ひざ(膝) = ဒူးဆစ်
73) ふくらはぎ = ခြေသလုံး
74) すね = ညို့သကျည်း
75) あしくび(足首) = ခြေကျင်းဝတ်
76) つまさき(爪先) = ခြေဖျား
77) かかと = ခြေဖနောင့်
78) あしのうら(足の裏) = ခြေဖဝါး
ပြင်ပအစိတ်အပိုင်းများ အကြောင်းကတော့ ဒီလောက်ပါပဲရှင် 🙂
おわり
30/05/2021
ပထမဦးဆုံး ခန္ဓာကိုယ်အစိတ်အပိုင်းတွေအကြောင်းကို အားလုံးအတူတူလေ့လာကြည့်ကြမယ် 👉👉👉
【からだのぶい】《ခန္ဓာကိုယ်အစိတ်အပိုင်းများ》
1) からだ(体) = ခန္ဓာကိုယ်
2) あたま(頭) = ဦးခေါင်း
3) つむじ = ဗွေ(ဦးခေါင်း)
4) ひたい/おでこ = နဖူး
5) め(目) = မျက်လုံး
6) まつげ =မျက်တောင်မွေး
7) みみ(耳) = နား
8) ずがいこつ(頭蓋骨) = ဦးခေါင်းခွံ
9) かお(顔) = မျက်နှာ
10) くち(口) = ပါးစပ်
11) ひとみ(瞳) = သူငယ်အိမ်(မျက်လုံး)
12) まぶた = မျက်ခွံ
13) うわまぶた = အပေါ်မျက်ခွံ
14) したまぶた = အောက်မျက်ခွံ
15) こめかみ = နားထင်
16) こまく = နားစည်
17) まゆげ(眉毛) = မျက်ခုံးမွေး
18) みけん(眉間) = မျက်ခုံးနှစ်ခုကြား
19) はな(鼻) = နှာခေါင်း
20) ほお/ほほ(頬) = ပါး
21) えくぼ = ပါးချိုင့်
22) した(舌) = လျှာ
23) は(歯) = သွား
24) くちびる(唇) = နှုတ်ခမ်း
25) あご(顎) = မေး
きょうはこれまで🙂
ဒီနေ့တော့ ဒီလောက်ပါပဲ