19/12/2021
အားလုံးပဲ မင်္ဂလာပါရှင်🙏🙏🙏
အခုပို့စ်လေးကတော့ ボーナス(bonus)ဆိုတဲ့ မေတ္တာလက်ဆောင်ပို့စ်လေးပဲ ဖြစ်ပါတယ်။ဒီပို့စ်လေးကိုတော့ မြန်မာဘာသာနဲ့ပဲ ရှင်းလင်းရေးသားတင်ပြပေးမှာ ဖြစ်ပါတယ်။ဒီပို့စ်လေးကို ဖတ်ကြည့်ပြီးသွားရင်တော့ တချို့တချို့သော နားမလည်နိုင်သောစကားလုံးလေးများ၏အကြောင်းကို အကြမ်းဖျင်း သိရှိသဘောပေါက်သွားမယ်လို့ မျှော်လင့်မိပါတယ်ရှင်🙂 ဒါဆို 👉👉👉
၁) Saturated Fats ( ပြည့်ဝဆီ )
_ ပြည့်ဝဆီသည် အပူချိန်ပေါ်လိုက်ပြီး
အရည်ပုံသဏ္ဌာန်မှ အခဲပုံသဏ္ဌာန်သို့
ပြောင်းလဲသွားတတ်ပါတယ်။များသော
အားဖြင့် အခန်းအပူချိန်မှာ အစိုင်အခဲ
အနေနဲ့ တွေ့ရပါတယ်။၎င်းပြည့်ဝဆီဆို
သည်မှာ တိရစ္ဆာန်အဆီ၊ နို့ထွက်ပစ္စည်း
များ၊ အုန်းဆီ၊ ဆီအုန်းဆီစတဲ့ ဆီများပဲ
ဖြစ်ပါတယ်။
၂) Unsaturated Fats ( မပြည့်ဝဆီ )
_ မပြည့်ဝဆီသည် အခန်းအပူချိန်မှာ
အရည်အနေနဲ့ ရှိပါတယ်။အပင်တွေကရ
တဲ့အဆီ၊ ငါးကြီးဆီ၊ ပဲပိစပ်၊ အစေ့အဆံ
များမှရတဲ့အဆီစတဲ့ ဆီများမှာ
မပြည့်ဝဆီများဖြစ်ပါတယ်။
📌📌📌 ပြည့်ဝဆီသည် မပြည့်ဝဆီနှင့်ယှဉ်လျင် ကျန်းမာရေးနှင့် ညီညွတ်မှုနဲပါးပါတယ်။အကြောင်းအရင်းကတော့ ပြည့်ဝဆီကို အလွန်အကျွံစားသုံးမိလျင် သွေးထဲမှာ
LDL( bad ) cholesterol မြင့်တက်လာစေလို့
နှလုံးရောဂါနဲ့ လေဖြတ်တဲ့အန္တရာယ်တွေကို
ပိုဆိုးလာစေနိုင်ပါတယ်။ဒါကြောင့် ပြည့်ဝဆီ
စားသုံးမှုကို သတိထားဆင်ခြင်ဖို့ လိုအပ်ပါတယ်။
၃) Cholesterol ( ကိုလက်စထရော )
_ ကိုလက်စထရောဆိုသည်မှာ ခန္ဓာကိုယ်
တွင်းသွေးနဲ့ ဆဲလ်တွေထဲမှာ ပါဝင်နေတဲ့
အရာပဲဖြစ်ပါတယ်။အများစုကို
အသည်းက ထုတ်လုပ်ပေးပြီး ကျန်တာ
တွေကိုတော့ ပြင်ပအစားအသောက်တွေ
ကနေ ရရှိပါတယ်။
၄) LDL ( Low Density Lipoprotein )
_ LDLသည် သွေးကြောတွေကို ပိတ်
ဆို့စေနိုင်တဲ့ မကောင်းတဲ့
ကိုလက်စထရောပဲဖြစ်ပါတယ်။
၅) HDL ( High Density Lipoprotein )
_ HDLသည် ပိုလျှံနေတဲ့ ကိုလက်စထရော
တွေကို အသည်းကိုပို့ပြီး ချေဖျက်စေတဲ့
ကောင်းတဲ့ကိုလက်စထရောပဲ
ဖြစ်ပါတယ်။
၆) Triglyceride
_ Triglycerideဆိုတာ ခန္ဓာကိုယ်ထဲမှာ
စွမ်းအင်သိုလှောင်ဖို့ လိုအပ်တဲ့ အဆီ
တစ်မျိုးဖြစ်ပါတယ်။အသား၊ နို့ထွက်
ပစ္စည်းများ၊ ဟင်းရွက်ဆီနှင့် တိရစ္ဆာန်
ဆီတွေထဲမှာ ပါဝင်ပါတယ်။အသည်းမှ
လည်း triglycerideအဆီကို ထုတ်ပေးပါ
သေးတယ်။ဒီအဆီတွေ အရမ်းများလာ
လျင် အမျိုးသမီးတွေမှာ မုန့်ချိုအိတ်
ရောင်ခြင်းနှင့် တခြားနှလုံးသွေးကြော
ရောဂါများ ဖြစ်လာနိုင်ပါတယ်။
၇) Dyslipidemia ( သွေးတွင်းအဆီဓာတ်မ
မျှတခြင်း )
_ Dyslipidemiaဆိုတာ သွေးတွင်းအဆီ
ဓာတ်များ များလွန်းခြင်း ( သို့မဟုတ် )
နဲပါးလွန်းခြင်းအခြေအနေမျိုးပဲ ဖြစ်ပါ
တယ်။ ( ဥပမာ - HDLပမာဏနဲပါးလွန်း
ခြင်း၊ LDL & Triglyceride ပမာဏများ
လွန်းခြင်း )
၈) Amino acid ( အမိုင်နိုအက်စစ် )
_ ခန္ဓာကိုယ်ရဲ့ ၇၅%ခန့်ကို ပရိုတင်းလို့ခေါ်
တဲ့ အသားဓာတ်များဖြင့် တည်ဆောက်
ထားပါတယ်။ထိုအသားဓာတ်များဖြစ်
ပေါ်ဖို့အတွက် Amino acids က အခြေခံ
အုတ်မြစ်များအဖြစ် လိုအပ်ပါတယ်။
Amino acids တွင် ခန္ဓာကိုယ်ကအလိုအ
လျောက်ထုတ်ပေးနိုင်သည့်
Non-essential Amino acids ရှိသလို
မထုတ်ပေးနိုင်သည့် Essential Amino
acids လည်းရှိပါတယ်။Essential Amino
acids ကို အစားအစာများမှ ရရှိပါတယ်။
၉) Free radical ( ဖရီးရယ်ဒီကယ် )
_ ကိုယ်ခန္ဓာထဲမှာ အလိုအလျောက်ဖြစ်ပေါ်
နေတတ်တဲ့ ဖရီးရယ်ဒီကယ်များသည်
ကိုယ်ခန္ဓာထဲကို ရောဂါပိုးတွေမဝင်အောင်
ကာကွယ်ပေးရာမှာ ပါဝင်ပါတယ်။
ဖရီးရယ်ဒီကယ်များသည် အောက်စီဂျင်
ပါဝင်တဲ့မော်လီကျူးများဖြစ်ပြီး သူတို့မှာ
အီလက်ထရွန်ပါဝင်မှု ပုံစံမမှန်ပါဘူး။
တခြားမော်လီကျူးတွေနဲ့တွေ့တိုင်း ဓာတ်
ပြုဖို့ကြိုးစားတာကြောင့် ကိုယ်ခန္ဓာအ
တွင်း ဓာတ်တိုးခြင်းတွေဖြစ်ပေါ်ပါတယ်။
ဓာတ်တိုးခြင်းဆိုတာ ကိုယ်ခန္ဓာထဲမှာ
ပုံမှန်ဖြစ်နေကြ ဖြစ်စဉ်တစ်ခုဆိုပေမယ့်
လည်း ကောင်းကျိုးပေးတာရှိသလို၊
ဆိုးကျိုးဖြစ်စေတာတွေလည်းရှိပါတယ်။
_ ဓာတ်တိုးဆန့်ကျင်ပစ္စည်း( Antioxidants )
များကတော့ ဖရီးရယ်ဒီကယ်ကို တည်ငြိမ်
သွားအောင် ထိန်းသိမ်းပေးနိုင်တဲ့ မော်လီ
ကျူးများဖြစ်ပါတယ်။ဒါပေမယ့်
ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ၏
ထိန်းသိမ်းနိုင်စွမ်းကို ကျော်လွန်လာတဲ့အ
ချိန်မှာတော့ ဖရီးရယ်ဒီကယ်များသည်
ခန္ဓာကိုယ်ဆဲလ်များကို စတင်တိုက်ခိုက်
လာပါတယ်။နောက်ဆက်တွဲအနေနဲ့
ဆီးချို၊ သွေးကြောများမာကြောခြင်း၊
ရောင်ရမ်းခြင်းများ၊ သွေးတိုးခြင်း၊ နှလုံး
ရောဂါ၊ ပါကင်ဆန်ရောဂါ၊
အယ်လ်ဇိုင်းမားစသည့် အာရုံကြောပိုင်း
ဆိုင်ရာချို့ယွင်းခြင်းများ၊ ကင်ဆာစတဲ့
ရောဂါများဖြစ်နိုင်ချေ မြင့်တက်လာပါ
တယ်။ဒါ့အပြင် အိုမင်းရင့်ရော်မှုလည်း
မြန်လာနိုင်ပါတယ်။
_ ဒါကြောင့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ
၏ပမာဏကို မြှင့်တင်ပြီး ဖရီးရယ်ဒီကယ်
များဖြစ်ပေါ်ခြင်းကို လျော့ချဖို့ လိုအပ်ပါ
တယ်။ဓာတ်တိုးဆန့်ကျင်ပစ္စည်းများကို
Antioxidant ကြွယ်ဝစွာပါဝင်တဲ့ အစားအ
စာများ၊ ဖြည့်စွက်စာများမှရယူပြီး
မြှင့်တင်နိုင်ပါတယ်။
_ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများအပြင်
ဖရီးရယ်ဒီကယ်ကို ပိုမိုဖြစ်ပေါ်စေတဲ့
အခြေအနေတွေကိုလည်း တတ်နိုင်သ
လောက်ရှောင်ရှားသင့်တယ်လို့ အကြုံပြု
ချင်ပါတယ်။၎င်းအခြေအနေများက
အိုဇုန်း၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊
စီးကရက်မီးခိုးငွေ့များ၊ ဓာတ်ရောင်ခြည်
ကြွခြင်း၊ ပတ်ဝန်းကျင်ညစ်ညမ်းခြင်း
( လေထု၊ ရေထု )စတာတွေပဲဖြစ်ပါတယ်။
၁၀) Peristalsis
_ Peristalsis ဆိုသည်မှာ လှိုင်းကဲ့သို့
ကြွက်သားများကျုံ့သွားလိုက်၊ ဖြေ
လျော့သွားလိုက်နဲ့ စည်းချက်အတိုင်း
ရွေ့လျားကာ လမ်းကြောင်းတလျောက်
ရှိ ပစ္စည်းများကို ရှေ့သို့ရောက်အောင်
ပို့ဆောင်ပေးနေသော ဖြစ်စဉ်ပဲဖြစ်ပါ
တယ်။ဒီဖြစ်စဉ်ဟာဆိုရင် ခန္ဓာကိုယ်၏
ပုံမှန်လုပ်ငန်းဆောင်တာပဲဖြစ်ပါတယ်။
Peristalsis သည် အစာလမ်းကြောင်း
တလျောက်အစာများကို၊ ကျောက်ကပ်
မှဆီးအိမ်သို့ ဆီးကို၊ သည်းခြေအိတ်မှ
အူသိမ်သို့ သည်းခြေရည်ကို ရွေ့လျား
စေပါတယ်။
အားလုံးလည်း ဒီလောက်ဆိုရင် တော်တော်လေး သိသွားလောက်ပြီလို့ ထင်ပါတယ်နော်။ဒီလိုမေတ္တာလက်ဆောင်အနေနဲ့ပေးတဲ့
ပို့စ်လေးတွေကို ကျွန်မအချိန်ရရင် ရသလို
တင်ပေးသွားမှာဖြစ်လို့ စောင့်မျှော်ပေးကြပါဦးလို့ ပြောကြားရင်း နားပါပြီရှင်။🙂
အားလုံးပဲ မင်္ဂလာညချမ်းလေးပါရှင် 😴