Grandiose Education Center

Grandiose Education Center Grandiose Education Center (GEC) is a private training center to provide English Language classes an

08/12/2020

Have you ever + V3 (past participle) ...?
ဘာပြောတာပါလိမ့် 🤔
ရိုးရိုးလေးပြောရတာ ''ဖူးသလား''ဆိုတဲ့ အဓိပ္ပါယ်ပါ

Eg.
1. Have you ever smoked?
ဆေးလိပ်သောက်ဖူးသလား
2. Have you ever dreamed of becoming a doctor?
ဆရာဝန်ဖြစ်လာဖို့ စိတ်ကူးအိပ်မက်ဖူးလား
3. Have you ever heard this song?
ဒီသီချင်းကြားဖူးလား

Have you ever been to + Places.. ?
ဆိုရင်တော့ ရောက်ဖူးသလားပေါ့

Eg.
1. Have you ever been to Mandalay?
မန္တလေးရောက်ဖူးလား
2. Have you ever been there?
အဲ့ဒီကိုရောက်ဖူးလား
3. Have you ever been to Singapore?
စင်ကာပူရောက်ဖူးလား

✌✌✌✌✌✌

Hi! 🖐️🖐️🖐️What is "Tag Questions"? 😳😳Tag Questions တွေဆိုတာ မြန်မာလို ပြောရရင်.......... တယ်မလား။ ......... ဘူး မဟုတ်လား...
23/09/2020

Hi! 🖐️🖐️🖐️

What is "Tag Questions"? 😳😳
Tag Questions တွေဆိုတာ မြန်မာလို ပြောရရင်.......... တယ်မလား။ ......... ဘူး မဟုတ်လား။ ဆိုတဲ့ပုံစံပါ။
"Is that right?", "Do you agree?" ပုံစံနဲ့ဆင်ပါတယ်။

ဥပမာ
မနေ့က မင်းဒီကိုလာသေးတယ်မလား။
You came here last day, didn't you?

ဗိုက်မဆာသေးဘူး မဟုတ်လား။
You are not hungry yet, are you?

စတဲ့ပုံစံမျိုးတွေပါ။

ဆိုတာ့ Tag Questions ကို English လိုဘယ်လိုမျိုးသုံးရတာလည်း ဆိုတာလေးနဲ့ပတ်သက်ပြီး မျှဝေပေးလိုက်ပါတယ်နော်။

Tag Questions မှာ Positive statement စပြီးရေးရင် အနောက်ကနေ Negative tag လိုက်ပေးရပါတယ်။ အလားတူပဲ
Negative statement စပြီးရေးရင် အနောက်‌ကနေ Positive tag လိုက်ပေးရပါတယ်။

For example,

- You like me, don't you?
*Positive S , Negative tag
မင်းငါ့ကို ကြိုက်နေတာ မလား

- You won't leave me, will you?
*Negative S , Positive tag
ငါ့ကို မထားခဲ့ဘူးမို့လားဟင်

1. You saw him, didn't you?
သူ့ကို တွေ့ခဲ့တယ်မလား။
2. You are not telling a lie, are you?
မင်းလိမ်နေတာ မဟုတ်ပါဘူးနော်။
3. He has proposed to you, hasn't he?
သူမင်းကို လက်ထပ်ခွင့် တောင်းပြီးပြီ မလား။
4. Sarah passed the exam, didn't she?
ဆဲလ်ရာ စာမေးပွဲအောင်တယ်မလား။
5. It's not raining, isn't it?
မိုးရွာနေတာမဟုတ်ဘူး မလား။

အောက်က ပုံထဲမှာလည်း လေ့လာလို့ရပါတယ်နော်။ ☺️☺️

03/09/2020

Hello!! 🖐️🖐️🖐️

ဒီနေ့တော့ စကားလုံးတွေနဲ့ တွဲပြီးသုံးရလေ့ရှိတဲ့ Prepositions တွေအကြောင်းကို ‌မျှဝေပေးချင်ပါတယ်။

1. Accuse of = စွပ်စွဲသည်
They accused the man of stealing.

2. Afraid of = ကြောက်လန့်သော
Hla Hla is afraid of snakes.

3. Boast of / about = ကြွားသည်
Mg Mg bosted of/about his new shirt.

4. Aim at = ချိန်ရွယ်သည်
The hunter aimed at the target.

5. Anxious about = စိုးရိမ်ပူပန်သည်
They are anxious about his health.

6. Arrive at = ရောက်ရှိသည်
We arrived at Yangon yesterday.

7. Depend on/upon = ‌မူတည်သည်
It depends on the condition.

8. Divide into = ခွဲခြားသည်
Hla Hla divided her students into three groups.

9. Die of = သေဆုံးသည်
My mother died of cancer.

10. Different from = ကွဲပြားသော
Your car is different from mine.

😉😉😉

Hi! ဒီနေ့ကတော့ တစ်စုံတစ်ယောက်ကို ကျေးဇူးတင်ပါတယ် ဆိုတဲ့ပြောဆိုနည်းနဲ့ပတ်သက်ပြီး ပုံစံတွေအမျိုးမျိုးလေ့လာလို့ ရအောင် မျှဝ...
24/08/2020

Hi!

ဒီနေ့ကတော့ တစ်စုံတစ်ယောက်ကို ကျေးဇူးတင်ပါတယ် ဆိုတဲ့ပြောဆိုနည်းနဲ့ပတ်သက်ပြီး ပုံစံတွေအမျိုးမျိုးလေ့လာလို့ ရအောင် မျှဝေပေးလိုက်ပါတယ်နော်။

Hello! 🖐️🖐️🖐️ဒီနေ့တော့ asking permission ဆိုတဲ့ တစ်စုံတစ်ယောက်ဆီက ခွင့်ပြုချက်လေးတောင်းခံတဲ့ အချိန်မှာ ဘယ်လိုပုံစံသုံးပြ...
17/08/2020

Hello! 🖐️🖐️🖐️

ဒီနေ့တော့ asking permission ဆိုတဲ့ တစ်စုံတစ်ယောက်ဆီက ခွင့်ပြုချက်လေးတောင်းခံတဲ့ အချိန်မှာ ဘယ်လိုပုံစံသုံးပြီး ပြောမလဲဆိုတဲ့ အကြောင်းလေး မျှဝေပေးပါ့မယ်နော်။

‌Asking permission ကတော့ ပုံစံအများကြီးရှိပါတယ်။

ဥပမာ-
May I + ..?
Can I + ..?
Could I + ..?
Would I be able to + ... ?
Do you mind if + ..?
Do you think I should + ..?
What do you think if I +..?
I think I am going to + ... .Is that ok?
အစသဖြင့်အမျိုးမျိုးရှိပါတယ်။

Can I take this?
ဒါလေးယူလို့ရလား?

May I go home please?
အိမ်ပြန်ပါရ‌စေ?

Would I be able to check this bag?
ဒီအိတ်ကိုစစ်ဆေးလို့ရမလား?

Do you mind if I smoke?
ဆေးလိပ်သောက်လို့ရနိုင်မလား?

သုံးပုံသုံးနည်းလေးတွေနားလည်မယ်လို့မျှော်လင့်ပါတယ်။ 😉😉

Hi! 🖐️🖐️🖐️ဒီနေ့တော့ used to နဲ့ be used to ကြားက ကွာခြားချက်ကို မျှဝေပေးပါ့မယ်နော်။used to  ကတော့ အတိတ်မှာ ဖြစ်ခဲ့တဲ့အကြ...
10/08/2020

Hi! 🖐️🖐️🖐️

ဒီနေ့တော့ used to နဲ့ be used to ကြားက ကွာခြားချက်ကို မျှဝေပေးပါ့မယ်နော်။

used to ကတော့ အတိတ်မှာ ဖြစ်ခဲ့တဲ့အကြာင်းအရာကို ရည်ညွှန်းပြီး လက်ရှိမှာတော့ မလုပ်တော့တဲ့အခါ သုံးပါတယ်။
used to + infinitive (V1) လိုက်ပါတယ်။

ဥပမာ -
I used to smoke. ကျွန်တော်ဆေးလိပ်သောက်နေကျပါ။ (လက်ရှိမှာ မသောက်တော့)

I used to cry when I was beaten.
အရင်တုန်းက အရိုက်ခံရရင်ငိုနေကျပါ။

I used to hang out with my friends when I was young.
ငယ်ငယ်တုန်းကသူငယ်ချင်းနဲ့လျှောက်လည်နေကြပါ။

ဒါပေမဲ့ be used to က ကျတော့ အဓိပ္ပါယ်က ကွဲပါတယ်။
be used to ရဲ့နောက်မှာ Ving/Noun လိုက်ပြီးတော့ အဓိပ္ပါယ်က ကျင့်သားရနေပြီ/ အကျင့်ဖြစ်နေပါပြီ ဆိုတာမျိုးကို ဖော်ပြချင်တဲ့အခါ သုံးပါတယ်။

ဥပမာ-
I am used to taking bus to work.
အလုပ်ကို bus ကားနဲ့သွားတာ ကျင့်သားဖြစ်နေပါပြီ။

She is used to this problem.
သူမကတော့ ဒီလိုပြသာနာမျိုးနဲ့ ရိုးအီနေပါပြီ။

We are used to getting up early.
စောစောထတာ အကျင့်ဖြစ်နေပါပြီ။

စသဖြင့်သုံးလို့ပါတယ်။ အသုံးဝင်လိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်နော်။ 😉😉😉

Hello! 🖐️🖐️🖐️ဒီနေ့တော့ LIKE ဆိုတဲ့စကားလုံးနဲ့ပတ်သက်ပြီး မျှဝေပေးလိုက်ပါတယ်နော်။like ကို‌တော့ ပုံစံနှစ်မျိုးနဲ့သုံးလေ့ရှိ...
03/08/2020

Hello! 🖐️🖐️🖐️

ဒီနေ့တော့ LIKE ဆိုတဲ့စကားလုံးနဲ့ပတ်သက်ပြီး မျှဝေပေးလိုက်ပါတယ်နော်။

like ကို‌တော့ ပုံစံနှစ်မျိုးနဲ့သုံးလေ့ရှိပါတယ်။

တစ်ခုက like + V1 (infinitive)
နောက်တစ်ခုက like + Ving

ဥပမာ-
I like to hike.
Do you like to sing?
She likes to dance.
Does Mg Mg like to swim? (like + infinitive)

I like hiking.
Do you like playing football?
They like talking alot.
Does she like cooking? (like + Ving)

🙂🙂🙂🙂

27/07/2020

Hi! 🖐🖐🖐

ဒီနေ့တော့ Classroom Language ဖြစ်တဲ့ စာသင်ခန်းအတွင်းသုံးတဲ့ စကားပြောလေးတွေကို မျှဝေပေးပါ့မယ်နော်။

Look at the board = သင်ပုန်းကိုကြည့်ပါ။
Write on the board = သင်ပုန်းပေါ်ကိုရေးပါ။
Copy the word = စာလုံးလိုက်ကူးပါ။
Take notes = မှတ်စုရေးပါ။
Correct the mistake = အမှားကိုပြင်ပါ။
Say your name = နာမည်ပြောပါ။
Spell your name = နာမည်ကိုစာလုံးပေါင်းပြပါ။
Take out a piece of paper =စာရွက်တစ်ရွက်ထုတ်ပါ။
How do you spell "Friend"? = "Friend" ကို အင်္ဂလိပ်လို ဘယ်လိုပေါင်းသလဲ။
Raise your hand = လက်မြှောက်ပါ/ လက်ထောင်ပါ။
Participate in class = အခန်းတွင်း ပါဝင်ဆောင်ရွက်ပါ။
Ask for help = အကူအညီတောင်းပါ။
Stand up, please = မတ်တပ်ရပ်ပါ။
Sit down, please = ထိုင်ပါ။
Ask a question = မေးခွန်းမေးပါ။
Answer the question = မေးခွန်းကို ဖြေဆိုပါ။
Look at the picture = ပုံကိုကြည့်ပါ။
Draw a picture = ပုံဆွဲပါ။
Read the dialogue = စကားပြောကို ဖတ်ပါ။
Listen and repeat = နားထောင်ပြီး ပြန်ပြောပါ။
Listen to the CD = စီဒီခွေကို နားထောင်ပါ။
Fill in the blank = ကွက်လပ်ဖြည့်ပါ။
Choose the correct answer = မှန်ကန်တဲ့အဖြေကိုရွေးချယ်ပါ။
Circle the answer = အဖြေကို ဝိုင်းပါ။
What's this in English? = အင်္ဂလိပ်လို ဒါက ဘာလဲ။
Underline the word = စာလုံးကို မျဉ်းသားပါ။
Circle the word = စာလုံးကို ဝိုင်းပါ။
Pick up the pen = ဘောလ်ပင်ကောက်ယူပါ။
Put down the pen = ဘောလ်ပင်အောက်ချပါ။
Put the sentences in order = စာကြောင်းကို အစီလိုက်ထားပါ။
Put away your books = စာအုပ်ကို ခပ်ဝေးဝေးထားပါ။
Clear off your desk = သင့်စားပွဲကို ရှင်းလိုက်ပါ။
Leave the room = အခန်းထဲကထွက်သွားပါ။
Erase the board, please = သင်ပုန်းဖျက်ပါ။
Work in pairs = နှစ်ယောက်တွဲပြီး လုပ်ပါ။
Ask your partner = သင့်သူငယ်ချင်းကိုမေးပါ။
Repeat after me = နောက်ကလိုက်ဖတ်ပါ။
Be quiet, please = တိတ်တိတ်နေပါ။
Work on your own = ကိုယ့်ဘာသာလုပ်ပါ။
Open your books to page 10 = စာမျက်၁၀ကိုလှန်ပါ။
Share a book = စာအုပ်ကို တူတူကြည့်ပါ။
Introduce yourself = သင့်ကိုယ်သင် မိတ်ဆက်ပါ။
Come here, please = ဒီကိုလာပါ။

အသုံးဝင်မယ်လို့မျှော်လင့်ပါတယ်နော် 😉😉😉

Hello everyone!! 🖐️🖐️🖐️ဒီနေ့တော့ I think ဆိုတဲ့ စာကြောင်းလေးနဲ့ပတ်သက်ပြီး တခြားသောနည်းနဲ့ ဘယ်လိုဘယ်ပုံပြောလို့ရသေးတယ်ဆို...
20/07/2020

Hello everyone!! 🖐️🖐️🖐️

ဒီနေ့တော့ I think ဆိုတဲ့ စာကြောင်းလေးနဲ့ပတ်သက်ပြီး တခြားသောနည်းနဲ့ ဘယ်လိုဘယ်ပုံပြောလို့ရသေးတယ်ဆိုတာလေးကို မျှဝေပေးလိုက်ပါတယ်နော်။

I think ဆိုတာက ကျွန်တော်တို့တွေသိပြီးသားပါ။ "ငါထင်တာက .. "

↩️↩️↩️↩️↩️↩️↩️↩️
ငါခန့်မှန်းရသလောက်ဆိုရင် .....
ငါနားလည်သလောက်ပြောရရင် .....
ငါလက်လှမ်းမီသလောက်ဆိုရင် ......
ငါမြင်သလိုပြောရရင် ......
ငါစိတ်ကူးအမြင်အရဆိုရင် .....

အစရှိသဖြင့် မြန်မာစကားတွေမှာပြောသလိုပဲ အင်္ဂလိပ်စာမှာလည်း အလားတူပြောတဲ့ပုံစံမျိုးတွေအများကြီးရှိပါတယ်။

အလားတူစာ‌ကြောင်းတွေကို လေ့လာနိုင်ဖို့ ပုံနှင့်အတူမျှဝေပေးလိုက်ပါတယ်နော်။ 😉😉

Hello! 🙏🙏🙏ဒီနေ့မှာတော့ collective nouns တွေဖြစ်တဲ့ အုပ်စုတွေအကြောင်း ရွေးချယ်ပေးထားပါတယ်။မြန်မာစကားမှာဆိုရင် လူတစ်အုပ်/ ...
17/07/2020

Hello! 🙏🙏🙏

ဒီနေ့မှာတော့ collective nouns တွေဖြစ်တဲ့ အုပ်စုတွေအကြောင်း ရွေးချယ်ပေးထားပါတယ်။

မြန်မာစကားမှာဆိုရင် လူတစ်အုပ်/ ထင်းတစ်စည်း/ ငှက်ပျောတစ်ခိုင်/ ဟင်းတစ်ခွက် အစသဖြင့် group အလိုက် အခေါ်အဝေါ်ပြောင်း‌ပြောလေ့ရှိပါတယ်။

အလားတူပုံစံတွေ အင်္ဂလိပ်စာမှာဘယ်လိုပြောတာလဲဆိုတာကို လေ့လာလို့ရအောင် မျှဝေပေးလိုက်ပါတယ်နော်။😉😉😉

Hello! 🖐️🖐️🖐️ဒီနေ့လေးမှာတော့ စကားပြောတဲ့နေရာမှာအသုံးများလွန်းတဲ့ စကားလုံးတွေနဲ့ ပတ်သက်ပြီးမျှဝေပေးပါ့မယ်နော်။🙂🙂အဲ့ဒါတွေက...
13/07/2020

Hello! 🖐️🖐️🖐️

ဒီနေ့လေးမှာတော့ စကားပြောတဲ့နေရာမှာအသုံးများလွန်းတဲ့ စကားလုံးတွေနဲ့ ပတ်သက်ပြီးမျှဝေပေးပါ့မယ်နော်။🙂🙂

အဲ့ဒါတွေကတော့
Hafta = Have to
I'mma = I'm going to
Gimme = Give me
Kinda = Kind of
Gonna = Going to
Outta = Out of
Wanna = Want to
Dunno = Don't/doesn't know
Lemme = Let me
အစရှိတဲ့ စကားလုံးတွေပဲဖြစ်ပါတယ်။

စကားလုံးအရှည်လိုက်ကို အတိုချုပ်ပြီးပြောလိုက်တဲ့သဘောပါ။ 🙂
ဥပမာ-
I hafta call her. = I have to call her.
I'mma stay up. = I am going to stay up.
Gimme the book = Give me the book.
I kinda know him. I kind of know him.
I am gonna do it now. = I am going to do it now.
Get outta here. = Get out of here.
I wanna sleep. = I want to sleep.
I dunno what she's talking about. = I don't know what she's talking about.
Lemme check this out. = Let me check this out.

အသုံးပြုပုံလေးတွေနားလည်မယ်လို့မျှော်လင့်ပါတယ်။ 🙏🙏🙏

Hi everyone! မင်္ဂလာပါဗျာ။🖐️🖐️ ဒီနေ့တော့ ကျွန်တော်တို့ရဲ့ GEC ကနေ ကိုယ်ကသဘောကျ နှစ်ခြိုက်တဲ့အခါ ပြန်ပြောလေ့ ရှိတဲ့ စာကြေ...
06/07/2020

Hi everyone!

မင်္ဂလာပါဗျာ။🖐️🖐️ ဒီနေ့တော့ ကျွန်တော်တို့ရဲ့ GEC ကနေ ကိုယ်ကသဘောကျ နှစ်ခြိုက်တဲ့အခါ ပြန်ပြောလေ့ ရှိတဲ့ စာကြောင်းလေးတွေနဲ့ပတ်သက်ပြီး မျှဝေပေးထားပါတယ်နော်။

I like it 😎 ဆိုတဲ့စကားလုံးကိုတော့ သိပြီးသားဖြစ်မှာပါ။ သို့ပေမဲ့ ပြောဆိုပုံနည်းလေးတွေကတော့ အများကြီးရှိပါတယ်။

ဥပမာ That's great.
That's fantastic.
That's amazing.
That's fabulous.
That's incredible.

စတာတွဟာ ကိုယ်နှစ်ကြိုက်အံ့ဩမိတဲ့အခါ ပြောထွက်လာလေ့ရှိတဲ့ စကားလုံးတွေပါ။ တခြားမတူတဲ့ စာကြောင်းလေးတွေကို ဖော်ပြထားတဲ့ ပုံထဲကနေ လေ့လာကြည့်ပါဦးနော်။ 😉😉

Address

No 83/4 , Ground Floor, Nawaday Zay Street, 6 Quarter, HlaingTharYar Township
Yangon

Opening Hours

Monday 09:00 - 20:00
Tuesday 09:00 - 20:00
Wednesday 09:00 - 20:00
Thursday 09:00 - 20:00
Friday 09:00 - 20:00
Saturday 09:00 - 20:00
Sunday 09:00 - 20:00

Telephone

+9595063345

Website

Alerts

Be the first to know and let us send you an email when Grandiose Education Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Grandiose Education Center:

Shortcuts

Share

Category