Hayan Education Myanmar

Hayan Education Myanmar

Share

Study in Korea for Myanmar Students

29/04/2026

ကိုရီးယားပညာရေးကို စိတ်ဝင်စားသူကျောင်းသားတွေအတွက် နေ့စဉ်နဲ့အမျှ ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေကို ဖြည့်ဆည်းပေးဖို့ဆိုတာ Hayan ရဲ့ အိပ်မက်ပါပဲ။

ဒါကြောင့် ဝန်ဆောင်မှုအရည်အသွေးကို အရင်ထက် ပိုမိုကောင်းမွန်အောင် ပြင်ဆင်ဖို့နဲ့ Team Hayan ရဲ့ အရည်အချင်းကို မြှင့်တင်နိုင်ဖို့ အပတ်စဉ် ကြာသပတေးနေ့တိုင်းကို Hayan Education ရဲ့ ရုံးပိတ်ရက်အဖြစ် သတ်မှတ်လိုက်ပါတယ်ရှင့်။

ထိုနေ့များတွင်လည်း ဖုန်းလက်ခံဖြေဆိုခြင်းနဲ့ Pre Consultation စတဲ့ ဝန်ဆောင်မှုတွေကို တစ်ရက်တာရပ်နားသွားမှာဖြစ်ကြောင်း လေးစားစွာ အသိပေးအပ်လိုက်ရပါတယ်နော် 🙇‍♀️

📩 page မှ ဝန်ဆောင်မှုများကိုတော့ ပုံမှန်အတိုင်းဆောင်ရွက်ပေးနေမှာမို့ စုံစမ်းမေးမြန်းလိုသမျှကို မနက် 8 နာရီမှ ည 11 နာရီအထိ Page Messenger မှတစ်ဆင့် အားမနာစတမ်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင့်။

ပိုမိုကောင်းမွန်တဲ့ အရည်အသွေးတွေ၊ စိတ်ကျေနပ်စရာ ဝန်ဆောင်မှုတွေနဲ့အတူ သောကြာနေ့တိုင်းမှာ ပြန်လည်ဆုံတွေ့ကြပါမယ် 🤗

-----------------------------------------------

ကျောင်းအကြောင်း၊ တက်ရောက်နိုင်မဲ့ မေဂျာတွေအကြောင်း၊ ကုန်ကျစရိတ်အကြောင်းတို့ကို ပိုမိုပြီးတော့ ခရေစေ့တွင်းကျ သိရှိလိုတယ်ဆိုရင်တော့ အခုပဲ Hayan Education Myanmar ကို ဖုန်းနဲ့ဖြစ်စေ၊ Messenger ကနေဖြစ်စေ ဆက်သွယ်ပြီး Free Consultation ရယူနိုင်ပါပြီရှင့်။

𝐇𝐀𝐘𝐀𝐍 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 𝐌𝐲𝐚𝐧𝐦𝐚𝐫 | 𝐀 𝐌𝐨𝐧𝐭𝐚𝐠𝐞 𝐨𝐟 𝐅𝐮𝐭𝐮𝐫𝐞

အသေးစိတ်စုံစမ်းမေးမြန်းရန်

📲 Phone ; 09 955 192 756, 09 768 903 337, 09 957 901 286

📍 Office ; အခန်း ၁၅ (E)၊ ၁၅ ထပ်၊ Dagon Centre 2၊ ပြည်လမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။

28/04/2026

⏰ Quiz Time ⏰

ကိုရီးယားတက္ကသိုလ်တွေဟာ D-4 Language Program လျှောက်ထားဖို့အတွက် တစ်နှစ်ကို Intake 4 ခုဖွင့်လှစ်ပေးလေ့ရှိပါတယ်။

ဒီထဲက 2026 အတွင်း D-4 Language Program ကို နောက်ဆုံးလျှောက်ထားနိုင်တဲ့ Intake က ဘယ်လမှာဖြစ်မလဲ❓

ယောရောဘွန်းတို့ရဲ့ ကိုရီးယားပညာရေး ဗဟုသုတလေးကို React လေးနဲ့တကွ မျှဝေးပေးသွားကြပါဦး 💞

28/04/2026

June လအတွက် Seal Booking အချိန်စာရင်း ထွက်ပေါ်လာပြီ! 🚨

ကိုရီးယားမှာ ကျောင်းလျှောက်ဖို့ အရေးကြီးတဲ့ ပြင်ဆင်မှုတစ်ခုဖြစ်တဲ့ သံရုံး Seal ရယူခြင်းအတွက် June လ မှာ ရရှိနိုင်မယ့် Booking အချိန်ဇယားများ ထွက်ပေါ်လာပါပြီ။ 📣

အချိန်မီ ကြိုတင်ပြင်ဆင်မှု မပြုလုပ်နိုင်ပါက Intake ပြောင်းလဲလျှောက်ထားရသည်အထိ အခက်အခဲများ ကြုံတွေ့နိုင်တာမို့

🔎 June လ အတွက် Seal Booking ရယူနိုင်မယ့် ရက်အလိုက် အသေးစိတ် ကြေညာချက်တွေကို ပုံမှာ ဖတ်ရှုရင်း လိုအပ်သည်များကို ကြိုတင်ပြင်ဆင်ထားကြဖို့ အသိပေးအပ်လိုက်ရပါတယ်နော်။

----------------------------------------------------------
ကျောင်းအကြောင်း၊ တက်ရောက်နိုင်မဲ့ မေဂျာတွေအကြောင်း၊ ကုန်ကျစရိတ်အကြောင်းတို့ကို ပိုမိုပြီးတော့ ခရေစေ့တွင်းကျ သိရှိလိုတယ်ဆိုရင်တော့ အခုပဲ Hayan Education Myanmar ကို ဖုန်းနဲ့ဖြစ်စေ၊ Messenger ကနေဖြစ်စေ ဆက်သွယ်ပြီး Free Consultation ရယူနိုင်ပါပြီရှင့်။

𝐇𝐀𝐘𝐀𝐍 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 𝐌𝐲𝐚𝐧𝐦𝐚𝐫 | 𝐀 𝐌𝐨𝐧𝐭𝐚𝐠𝐞 𝐨𝐟 𝐅𝐮𝐭𝐮𝐫𝐞

အသေးစိတ်စုံစမ်းမေးမြန်းရန်
📲 Phone ; 09 955 192 756, 09 768 903 337, 09 957 901 286
📍 Office ; အခန်း ၁၅ (E)၊ ၁၅ ထပ်၊ Dagon Centre 2၊ ပြည်လမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။

26/04/2026

2026 December Intake အတွက် D-4 Language Program ကျောင်းသားများ Hayan က ခေါ်ယူနေပါပြီ 📢

သတင်းကောင်းတစ်ခုနဲ့အတူပေါ့!

“ဘာသတင်းကောင်းလဲ” ဆိုရင် သင်္ကြန်ပိတ်ရက်အပြီးမှ Agency အပြေးလေးလာအပ်မယ်ဆိုသူတွေအတွက် Hayan ရဲ့ မြန်မာ့နှစ်ကူးတန်ခူးလက်ဆောင်ကို May လအထိ တိုးမြှင့်ပေးထားတဲ့ သတင်းလေးပဲဖြစ်ပါတယ် 🤩

Up to 70% off Special Discount အထိ Hayan မှာ Agency အပ်နှံသူ တစ်ဦးတစ်ယောက်ချင်းစီတိုင်း ရရှိခံစားနိုင်မဲ့ Agency Fees သက်သာခွင့်နဲ့အတူ 2026 December Intake အမီ ကိုရီးယားအရောက်သွားနိုင်မှာဆိုတော့ လုံးဝ လက်လွှတ်မခံသင့်ဘူးနော်။

ဒီ Special Discount ကိုအရယူပြီး ဘယ်သူတွေ Agency အပ်နှံသင့်လဲ❓

✅ 2026 December Intake အမီ ကိုရီးယားအရောက်သွားဖို့ စိတ်ပိုင်းဖြတ်ထားသူတွေ၊

✅ အထက်တန်းအမှတ်စာရင်းများပြီး ကိုရီးယားပညာတော်သင်ခရီးကို စတင်ချင်သူတွေ၊

✅ $400 ကျော် သက်သာခွင့်ရယူပြီး 10 သိန်းဝန်းကျင်နဲ့ Agency အပ်နှံလိုသူတွေ၊

✅ ကိုရီးယားထိပ်တန်းတက္ကသိုလ်များစွာထဲက မိမိနဲ့ ကိုက်ညီတဲ့တက္ကသိုလ်ကို မှန်မှန်ကန်ကန်ရွေးချယ်ချင်သူတွေအနေနဲ့ Hayan နဲ့ လက်တွဲသင့်တာပဲဖြစ်ပါတယ်

----------------------------------------------------------
ကျောင်းအကြောင်း၊ တက်ရောက်နိုင်မဲ့ မေဂျာတွေအကြောင်း၊ ကုန်ကျစရိတ်အကြောင်းတို့ကို ပိုမိုပြီးတော့ ခရေစေ့တွင်းကျ သိရှိလိုတယ်ဆိုရင်တော့ အခုပဲ Hayan Education Myanmar ကို ဖုန်းနဲ့ဖြစ်စေ၊ Messenger ကနေဖြစ်စေ ဆက်သွယ်ပြီး Free Consultation ရယူနိုင်ပါပြီရှင့်။

𝐇𝐀𝐘𝐀𝐍 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 𝐌𝐲𝐚𝐧𝐦𝐚𝐫 | 𝐀 𝐌𝐨𝐧𝐭𝐚𝐠𝐞 𝐨𝐟 𝐅𝐮𝐭𝐮𝐫𝐞

အသေးစိတ်စုံစမ်းမေးမြန်းရန်
📲 Phone ; 09 955 192 756, 09 768 903 337, 09 957 901 286
📍 Office ; အခန်း ၁၅ (E)၊ ၁၅ ထပ်၊ Dagon Centre 2၊ ပြည်လမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။

25/04/2026

2026 December Intake အမီ D-4 Language Program ကို VCL ချပေးတဲ့ ECU ကျောင်းတွေမှာ တက်ရောက်ကြမယ် ✨

တောင်ကိုရီးယားနိုင်ငံမှာ D-4 Program တက်ရောက်မယ်ဆိုရင် ရွေးချယ်စရာကျောင်းတွေက တကယ့်ကိုအများကြီးပါပဲ ❗

ဒီထဲကမှ VCL ထုတ်ပေးတဲ့အပြင် International Student Support ပေးပြီး အစိုးရရဲ့ ယုံကြည်မှုကိုရရှိထားသလို သံရုံးဘက်ကလည်း ယုံကြည်စိတ်ချတာကြောင့် Visa Denied ထိနိုင်ခြေနည်းတဲ့ ECU ကျောင်းတွေကို ရွေးချယ်တက်ရောက်နိုင်မယ်ဆိုရင်တော့ အကောင်းဆုံးပေါ့။

ဒါကြောင့် D-4 Language Program တက်ရောက်မဲ့ ကျောင်းသားတွေအတွက် ကိုရီးယားနိုင်ငံအတွင်း VCL ထုတ်ပေးတဲ့ ECU ကျောင်းတွေကိုဖော်ပြပေးလိုက်ပါတယ်။

🏢 Ajou University
ပညာရေးဆုံးခန်းတိုင်တာနဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ ပေါများလာမဲ့ Ajou University ရဲ့ အားသာချက်များ

• သာမန်ထက် Visa Pass Rate မြင့်မားခြင်း၊
• Tourism အရောက်များပြီး လူသူစည်ကားတဲ့ မြို့ပြ Suwon မှာတည်ရှိတာကြောင့် Part-Time Job ပေါများခြင်း၊
• QS World University Rankings နဲ့ အခြား Ranking တွေမှာ ထိပ်တန်းကျောင်းအဖြစ် သတ်မှတ်ခံထားရတာမို့ ပေးရတဲ့ ကျောင်းလခထက် ပိုမိုထိုက်တန်ပြီး အရည်အချင်းပြည့်ဝတဲ့ ပညာရေးကိုရရှိနိုင်ခြင်း၊
• Ranking မြင့်ကျောင်းဖြစ်လို့ စနစ်ကျတဲ့ ဘာသာစကားသင်ကြားမှုကြောင့် ကိုရီးယားစကားကို အချိန်တိုအတွင်း ကျွမ်းကျင်နိုင်ခြင်း၊

🏷️ Tuition Fees - Won သိန်း 60 ဝန်းကျင် (1 Year)

🏢 Sungkyunkwan University
Samsung Group ကနေ နည်းပညာရော ငွေကြေးအင်အားပါ ထောက်ပံ့မှုရရှိထားတဲ့ Sungkyunkwan University ရဲ့ အားသာချက်များ

• Samsung က ဖန်တီးပေးထားတဲ့ Scholarship, Internship အစီအစဉ်တွေမှာ ပါဝင်နိုင်ခြင်း၊
• အလုပ်အကိုင်ရရှိမှုနှုန်း အမြင့်ဆုံးကျောင်းတစ်ကျောင်းဖြစ်တာကြောင့် ဘာသာစကားသင်ယူရုံတင်မက ခိုင်မာတဲ့ အလုပ်အကိုင်အနာဂတ်ကိုပါ ပိုင်ဆိုင်နိုင်ခြင်း၊
• Seoul မြို့၊ Hyehwa ဘူတာအနီးမှာ တည်ရှိတာကြောင့် ကော်ဖီဆိုင်များ၊ စားသောက်ဆိုင်များပေါများပြီး Part-Time Job ရှာရလွယ်ကူခြင်း၊
• Ranking မြင့်ကျောင်းဖြစ်လို့ စနစ်ကျတဲ့ ဘာသာစကားသင်ကြားမှုကြောင့် ကိုရီးယားစကားကို အချိန်တိုအတွင်း ကျွမ်းကျင်နိုင်ခြင်း၊

🏷️ Tuition Fees - Won သိန်း 80 ဝန်းကျင် (1 Year)

🏢 Sungkyul University
Budget Save ဖြစ်ပြီး Seoul မြို့အနီးအနားမှာ တက်ရောက်နိုင်မဲ့ Sungkyul University

• သာမန်ထက် Visa Pass Rate မြင့်မားခြင်း၊
• ကျောင်းစရိတ်သက်သာခြင်း၊
• Anyang မြို့ပေါ်မှာ တည်ရှိတာကြောင့် နေစရိတ်၊ စားစရိတ်သက်သာသလို Part-Time Job လည်းရှာဖွေရလွယ်ကူခြင်း၊
• ကျောင်းသားဦးရေ အရမ်းမများတဲ့အတွက် ဆရာ/မ များက သင်ကြားမှုနဲ့ နေထိုင်မှုအပိုင်းမှာ ပိုမိုနီးကပ်စွာ လမ်းညွှန်သင်ပြပေးနိုင်ခြင်း၊

🏷️ Tuition Fees - Won သိန်း 50 ဝန်းကျင် (1 Year)

🏢 Kyungsung University
ကိုရီးယားနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့တော် ဘူဆန်မှာတည်ရှိတဲ့ Kyungsung University

• ကျောင်းစရိတ်သက်သာခြင်း၊
• 6 လစာကျောင်းစရိတ်သွင်းနိုင်ခြင်း၊
• နိုင်ငံတကာကျောင်းသားများအတွက် နေထိုင်မှုနဲ့ ဗီဇာကိစ္စရပ်များကို Global College မှ ဂရုစိုက်ကူညီပေးခြင်း၊
• ကိုရီးယားဘာသာစကားအပြင် ကိုရီးယားယဉ်ကျေးမှုသင်တန်းများကိုပါ စနစ်တကျ သင်ကြားပေးခြင်း၊

🏷️ Tuition Fees - Won သိန်း 20 ဝန်းကျင် (6 Month)

Hayan က ကိုရီးယားနိုင်ငံကို D-4 Language Program နဲ့ ပညာတော်သင်သွားချင်တဲ့ မြန်မာကျောင်းသားတွေအတွက် 2022 ခုနှစ်တည်းက ကိုရီးယားထိပ်တန်းတက္ကသိုလ်များစွာနဲ့ အောင်မြင်စွာချိတ်ဆက်ပို့ဆောင်ပေးနိုင်ခဲ့ပြီး 2026 December Intake အတွက်ကိုလည်း ကျောင်းသားများစတင်လက်ခံကာ အကောင်းဆုံးရလဒ်တွေကိုရရှိနိုင်ဖို့ အစွမ်းကုန်ကြိုးစားပေးနေပါပြီ။

----------------------------------------------------------

ကျောင်းအကြောင်း၊ တက်ရောက်နိုင်မဲ့ မေဂျာတွေအကြောင်း၊ ကုန်ကျစရိတ်အကြောင်းတို့ကို ပိုမိုပြီးတော့ ခရေစေ့တွင်းကျ သိရှိလိုတယ်ဆိုရင်တော့ အခုပဲ Hayan Education Myanmar ကို ဖုန်းနဲ့ဖြစ်စေ၊ Messenger ကနေဖြစ်စေ ဆက်သွယ်ပြီး Free Consultation ရယူနိုင်ပါပြီရှင့်။

𝐇𝐀𝐘𝐀𝐍 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 𝐌𝐲𝐚𝐧𝐦𝐚𝐫 | 𝐀 𝐌𝐨𝐧𝐭𝐚𝐠𝐞 𝐨𝐟 𝐅𝐮𝐭𝐮𝐫𝐞
အသေးစိတ်စုံစမ်းမေးမြန်းရန်
📲 Phone ; 09 955 192 756, 09 768 903 337, 09 957 901 286
📍 Office ; အခန်း ၁၅ (E)၊ ၁၅ ထပ်၊ Dagon Centre 2၊ ပြည်လမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။

Photos from Hayan Education Myanmar's post 24/04/2026

Lotte Hotel Yangon မှာကျင်းပခဲ့တဲ့ Kyungsung University ရဲ့ Networking Meeting ကို Hayan Education မှတက်ရောက်ခဲ့တဲ့ ပုံရိပ်လေးပဲဖြစ်ပါတယ်ရှင့် 🤝

ကိုရီးယားနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့တော် Busan မှာတည်ရှိပြီး Tourism & Hospitality Major နဲ့ ကျော်ကြားတဲ့ Kyungsung University ရဲ့ International Affairs မှတာဝန်ရှိသူများက ဒီပွဲလေးမှာဆိုရင်

✅ ကျောင်းဘက်က မြန်မာကျောင်းသူ၊ ကျောင်းသားတွေအတွက် လမ်းဖွင့်ပေးနိုင်တဲ့ အခွင့်အလမ်းသစ်တွေ
✅ ကျောင်းနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေ
✅ ကျောင်းဘက်က ဖြေရှင်းပေးနိုင်မဲ့ မြန်မာကျောင်းသူ၊ ကျောင်းသားတွေရဲ့ အခက်အခဲတွေကို

Hayan Education နဲ့တကွ အခြားသော Education Agency များစွာနဲ့ ဆွေးနွေးတိုင်ပင်ခဲ့ကြတာပဲဖြစ်ပါတယ်။

2026 မှာ VCL ချပေးပြီး ECU List ထဲကိုဝင်လာတဲ့ Kyungsung University ထံကို Hayan ကနေ 2022 ခုနှစ်တည်းကစပြီး D-4, D-2 ‌ကျောင်းသားများစွာ ပို့ဆောင်ပေးခဲ့ပြီးဖြစ်လို့ 2026 December Intake အမီ Kyungsung University ကို လျှောက်ထားချင်တယ်ဆိုရင် Hayan Education ကို လှမ်းလာခဲ့ဖို့ ဖိတ်ခေါ်လိုက်ရပါတယ်ရှင့် 🤗

----------------------------------------------------------

ကျောင်းအကြောင်း၊ တက်ရောက်နိုင်မဲ့ မေဂျာတွေအကြောင်း၊ ကုန်ကျစရိတ်အကြောင်းတို့ကို ပိုမိုပြီးတော့ ခရေစေ့တွင်းကျ သိရှိလိုတယ်ဆိုရင်တော့ အခုပဲ Hayan Education Myanmar ကို ဖုန်းနဲ့ဖြစ်စေ၊ Messenger ကနေဖြစ်စေ ဆက်သွယ်ပြီး Free Consultation ရယူနိုင်ပါပြီရှင့်။

𝐇𝐀𝐘𝐀𝐍 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 𝐌𝐲𝐚𝐧𝐦𝐚𝐫 | 𝐀 𝐌𝐨𝐧𝐭𝐚𝐠𝐞 𝐨𝐟 𝐅𝐮𝐭𝐮𝐫𝐞
အသေးစိတ်စုံစမ်းမေးမြန်းရန်
📲 Phone ; 09 955 192 756, 09 768 903 337, 09 957 901 286
📍 Office ; အခန်း ၁၅ (E)၊ ၁၅ ထပ်၊ Dagon Centre 2၊ ပြည်လမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။

Hayan Education Myanmar 21/04/2026

"သစ်တစ်ပင်ကောင်းရင် ငှက်တစ်သောင်းနားလို့ရတယ်" တဲ့

ရှေးလူကြီးတွေရဲ့ စကားပုံလိုပဲ ကိုရီးယားပညာရေးအိပ်မက်တွေကို ပုံဖော်နေကြတဲ့ အနာဂတ်ငှက်ငယ်များစွာအတွက် Hayan က ဒီအိပ်မက်တွေကိုအကောင်အထည်ဖော်ပေးနေတဲ့ သစ်ပင်တစ်ပင်အနေနဲ့ တည်ရှိခဲ့တာ 2022 ခုနှစ်တည်းကပါပဲ။

Hayan ဆိုတဲ့ သစ်ပင်ကြီးမှာ ခိုနားပြီး ကိုရီးယားပညာရေးအိပ်မက်တွေ အကောင်အထည်ဖော်ရင်း အောင်မြင်သွားကြတဲ့ အတောင်စုံ၊ အရောင်စုံငှက်များသဖွယ် ကျောင်းသူ/သားတွေကလည်း မနည်းမနှောပါပဲနော်။

ဒီလိုမျိုး ကျောင်းသူ/သားတွေရဲ့ ခိုနားရာ အရိပ်ကောင်းတစ်ခုအဖြစ် ရပ်တည်နေတဲ့ Hayan Education မှာ အကိုင်းအခက်တွေ စုံလင်ဖို့ လစ်လပ်နေရာတစ်ခုအတွက် Korean Language Teacher Position ဖြင့် Team Member အသစ်များကို ဖိတ်ခေါ်နေပါပြီရှင့်။

ကိုရီးယားဘာသာစကားကိုချစ်ပြီး သင်ကြားရေး Career ဖြင့်အနာဂတ်ကိုရှေ့ဆက်လိုသူတွေများအနေနဲ့ Hayan Education နဲ့ အတူလက်တွဲပြီး ကိုရီးယားပညာရေးလမ်းကြောင်းမှာ အထောက်အပံ့ကောင်းတွေကို ဖော်ဆောင်နိုင်သူများအဖြစ် ရပ်တည်နိုင်ပါပြီ။

Open Position
—----------------
Korean Language Teacher - Full-Time
✔️ ကိုရီးယားဘာသာစကား ကျွမ်းကျင်မှု (TOPIK Level 5, 6 လက်မှတ်ရှိသူ)
✔️ ကိုရီးယားဘာသာစကား သင်ကြားမှု အတွေ့အကြုံ အနည်းဆုံး ၁ နှစ်နှင့်အထက် ရှိသူ
✔️ သင်ကြားရေးကို ချစ်မြတ်နိုးပြီး ကျောင်းသူ/သားများ တိုးတက်မှုအတွက် တာဝန်ယူနိုင်သူ
✔️ သင်ထောက်ကူပစ္စည်းများ၊ သင်ရိုးညွှန်းတမ်းများကို ဖန်တီးပြင်ဆင်နိုင်စွမ်းရှိသူ
✔️ အဖွဲ့အစည်းနှင့် ပူးပေါင်းလုပ်ကိုင်နိုင်သူ
✔️တာဝန်ယူမှု အပြည့်အဝရှိပြီး၊ သင်ကြားနေသော တန်းခွဲများကို ပြီးဆုံးသည်အထိ တာဝန်ယူသင်ကြားနိုင်သူများ ပါဝင်လျှောက်ထားနိုင်ပါတယ်။

ကဲ ဒီတော့ Hayan ဆိုတဲ့ သစ်ပင်ကြီးရဲ့ လိုအပ်နေတဲ့ အကိုင်းအခက်နေရာမှာ ပါဝင်အားဖြည့်ရင်း ကိုရီးယားသွားချင်တဲ့ ငှက်ငယ်ပေါင်းများစွာရဲ့ အနာဂတ်ကို ပုံဖော်ထုဆစ်ပေးချင်တယ်ဆိုရင်တော့ အခုပဲ [email protected] ကို CV ပေးပို့ဆက်သွယ်နိုင်ပါပြီနော်။

How to Apply
📧 Email: [email protected]
📅 Application Deadline: 10 May, 2026 အတွင်း ပေးပို့လျှောက်ထားနိုင်ပါတယ်။
လူတွေ့အင်တာဗျူးများ ရှိသွားမှာဖြစ်ပြီး Shortlist ထဲပါဝင်သူများကိုတော့ Email ကနေတစ်ဆင့် ပြန်လည်ဆက်သွယ်ပေးသွားမှာဖြစ်ပါတယ်ရှင့်။

JDs အသေးစိတ်များကိုဖတ်ရှုရန်
🔗Link : https://shorturl.at/moun9

Hayan Education Myanmar

Photos from Hayan Education Myanmar's post 20/04/2026

ကုန်ကျစရိတ်သက်သာတဲ့ ဘူဆန်မြို့က Kyungsung University မှာ ကျောင်းဝင်ခွင့်ရရှိခဲ့ကြတဲ့ ကျောင်းသူ၊ ကျောင်းသားများ 🎉

ကဲ.. ဒီနေ့မှာတော့ 2026 June Intake အတွက် D-4 Language Program ကို Hayan Eduက‌နေတစ်ဆင့်လျှောက်ထားရင်း Kyungsung University မှာ ကျောင်းဝင်ခွင့်ရရှိသွားတဲ့ ကျောင်းသူ၊ ကျောင်းသားတွေရဲ့ Invoice တွေ ထွက်ရှိလို့လာခဲ့ပြီ 👏

Hayan ကို ယုံကြည်စွာ Agency အပ်နှံခဲ့တဲ့ ကျောင်းသား၊ ကျောင်းသူ တစ်ယောက်ချင်းစီတိုင်းကို အထူးကျေးဇူးတင်ရှိသလို အခုလိုမျိုး 2026 မှာ VCL ချပေးပြီး ECU List ထဲကိုဝင်လာတဲ့ Ranking မြင့် တက္ကသိုလ်တစ်ခုမှာ ကျောင်းဝင်ခွင့်ရရှိခဲ့သူတွေအတွက်လည်း Hayan ကနေ ဝမ်းသာပီတိဖြစ်ရပါတယ်ရှင့် 🥰

ကျန်ရှိနေသေးတဲ့ Process အချို့ကိုလည်း ကျောင်းသူ၊ ကျောင်းသားတွေရဲ့ ပညာရေးရည်မှန်းချက်တွေကို ဆုံးခန်းတိုင်အောင် ပုံဖော်ထုဆစ်ပေးနေတဲ့ Hayan ကနေ အမှားအယွင်းမရှိ အကောင်းဆုံး အကောင်အထည်ဖော်နိုင်အောင် အစွမ်းကုန် ကြိုးစားပေးသွားပါဦးမယ်နော်။

----------------------------------------------------------
ကျောင်းအကြောင်း၊ တက်ရောက်နိုင်မဲ့ မေဂျာတွေအကြောင်း၊ ကုန်ကျစရိတ်အကြောင်းတို့ကို ပိုမိုပြီးတော့ ခရေစေ့တွင်းကျ သိရှိလိုတယ်ဆိုရင်တော့ အခုပဲ Hayan Education Myanmar ကို ဖုန်းနဲ့ဖြစ်စေ၊ Messenger ကနေဖြစ်စေ ဆက်သွယ်ပြီး Free Consultation ရယူနိုင်ပါပြီရှင့်။

𝐇𝐀𝐘𝐀𝐍 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 𝐌𝐲𝐚𝐧𝐦𝐚𝐫 | 𝐀 𝐌𝐨𝐧𝐭𝐚𝐠𝐞 𝐨𝐟 𝐅𝐮𝐭𝐮𝐫𝐞

အသေးစိတ်စုံစမ်းမေးမြန်းရန်
📲 Phone ; 09 955 192 756, 09 768 903 337, 09 957 901 286
📍 Office ; အခန်း ၁၅ (E)၊ ၁၅ ထပ်၊ Dagon Centre 2၊ ပြည်လမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။

19/04/2026

⏰ Quiz Time ⏰

ဘယ်တက္ကသိုလ်က တောင်ကိုရီးနိုင်ငံရဲ့ “ SKY ” လို့လူသိများတဲ့ TOP 3 University ထဲမှာပါဝင်တာလဲ ❓

ယောရောဘွန်းတို့ရဲ့ ကိုရီးယားပညာရေး ဗဟုသုတလေးကို React လေးနဲ့တကွ မျှဝေးပေးသွားကြပါဦး 💞

18/04/2026

D-4 Language Program ကနေ D-2 Program Transfer လုပ်ဖို့အတွက် Ranking ကောင်းပြီး စရိတ်သက်သက်သာသာနဲ့ ပြောင်းရွေ့နိုင်မဲ့ကျောင်းကို ရှာဖွေနေတယ်ဆိုရင် Dong-A University က အကောင်းဆုံးရွေးချယ်မှုပဲနော်။

နေထိုင်စရိတ်သက်သာပြီး ကိုရီးယားနိုင်ငံရဲ့ ဒုတိယမြို့တော် ဘူဆန်မြို့ပေါ်မှာတည်ရှိတဲ့ Dong-A University က 1946 ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာဖြစ်ပြီး ဘူဆန်မြို့ရဲ့ နံပါတ် 1 ပုဂ္ဂလိကတက္ကသိုလ်တစ်ခုဆိုလည်း မမှားပါဘူး။

ခိုင်မာတဲ့ သမိုင်းကြောင်းတင်မက ဘူဆန်မြို့ရဲ့ အလှဆုံး Location တစ်ခုကိုပါ ပိုင်ဆိုင်ထားတဲ့ Dong-A University ဟာဆိုရင်

🎖️ နိုင်ငံတကာကျောင်းသားတွေကို လက်ခံသင်ကြားပေးနေတဲ့ တက္ကသိုလ်တွေရဲ့ အရည်အသွေးကို စစ်ဆေးတဲ့ စနစ် International Education Quality Assurance System (IEQAS) မှာ ကိုရီးယား ပညာရေးဝန်ကြီးဌာနရဲ့ အသိအမှတ်ပြုမှုကို ရရှိထားတာကြောင့် မြန်မာကျောင်းသားတွေအတွက်

✅ ဗီဇာလျှောက်ထားရာမှာ ပိုမိုလွယ်ကူမြန်ဆန်စေခြင်း
✅ နိုင်ငံတကာကျောင်းသားတွေအတွက် အကောင်းဆုံး ဝန်ဆောင်မှုပေးနိုင်ခြင်း
✅ ပညာရေးအရည်အသွေး စံချိန်စံညွှန်း ပြည့်မီခြင်း အစရှိတဲ့ အာမခံချက်တွေကို ခံစားရရှိနိုင်စေမှာပါ။

ကိုရီးယားမှာ တွေ့ရခဲတဲ့ Tourism Management အပါအဝင် Media Communication, Fashion Design, Architecture ဘာသာရပ်တွေနဲ့ နာမည်ကြီးတဲ့ Dong-A University ရဲ့ နောက်ထပ် သဘောကျစရာကောင်းတဲ့အချက်ကတော့ TOPIK မရှိလည်း ကျောင်းဝင်ခွင့်လျှောက်ထားနိုင်သလို Scholarship ပါ ရရှိနိုင်ဦးမှာပဲဖြစ်ပါတယ်။

ကျောင်းဝင်ခွင့်အတွက် TOPIK Level 2 သတ်မှတ်ထားပေမဲ့ TOPIK မရှိလည်း Language Test နဲ့ လျှောက်ထားနိုင်သလို Scholarship တွေအနေနဲ့
◾ No TOPIK, TOPIK Level 2 : 30% to 40%
◾ TOPIK Level 3 : 50%
◾ TOPIK Level 4 : 60%
◾ TOPIK Level 5,6 : 100% အထိ ခံစားခွင့်ရရှိမှာပဲဖြစ်ပါတယ်။

ဒါတင်ပဲလားဆိုတော့ မဟုတ်ပါဘူး၊ ဒုတိယ Semester ကနေ စတင်ပြီး GPA အလိုက် 100% အထိ Scholar ရရှိနိုင်ဦးမှာဆိုတော့ အတော်လေး ကုန်ကျစရိတ်သက်သာနိုင်ဦးမဲ့ အခွင့်အရေးကို Dong-A University မှာ ရရှိနိုင်မှာပါ။

Hayan ကနေ တဆင့် Dong-A University ကို လျှောက်ထားမယ်ဆိုရင်လည်း Agency Fee လုံးဝပေးစရာမလိုတာမို့ ဒီလို သက်သာခွင့်တွေက ဘယ်မှာမှမရနိုင်ဘူးနော် 😉

ကျောင်းလျှောက်ထားနိုင်မှုအတွက်
1️⃣ First Round ကို April
2️⃣ Second Round ကို June
3️⃣ Third Round ကို July မှာ စတင်ဖွင့်လှစ်ပေးသွားမှာဖြစ်ပြီး

🏷️ ကျောင်းစရိတ်အနေနဲ့ကတော့ ရွေးချယ်တဲ့ မေဂျာအပေါ်မူတည်ပြီး 35 သိန်းကနေ 45 သိန်းကြား ကျသင့်မှာပဲဖြစ်ပါတယ်။

ဒီလိုမျိုး အချိန်ရော ကျောင်းစရိတ်ပါ သက်သက်သာသာနဲ့ တက်ရောက်နိုင်မဲ့ Dong-A University ကို စိတ်ပါဝင်စားလို့ တက်ရောက်ချင်တယ်ဆိုရင်တော့ Hayan နဲ့အတူ အစောဆုံးဖြစ်တဲ့ 1st Round မှာတင် အမိအရ လျှောက်ထားဖို့ တိုက်တွန်းချင်ပါတယ်နော်။

ဘာလို့ဆို အစကောင်းမှ အနှောင်းသေချာမှာလေ 😉

----------------------------------------------------------
ကျောင်းအကြောင်း၊ တက်ရောက်နိုင်မဲ့ မေဂျာတွေအကြောင်း၊ ကုန်ကျစရိတ်အကြောင်းတို့ကို ပိုမိုပြီးတော့ ခရေစေ့တွင်းကျ သိရှိလိုတယ်ဆိုရင်တော့ အခုပဲ Hayan Education Myanmar ကို ဖုန်းနဲ့ဖြစ်စေ၊ Messenger ကနေဖြစ်စေ ဆက်သွယ်ပြီး Free Consultation ရယူနိုင်ပါပြီရှင့်။

𝐇𝐀𝐘𝐀𝐍 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 𝐌𝐲𝐚𝐧𝐦𝐚𝐫 | 𝐀 𝐌𝐨𝐧𝐭𝐚𝐠𝐞 𝐨𝐟 𝐅𝐮𝐭𝐮𝐫𝐞

အသေးစိတ်စုံစမ်းမေးမြန်းရန်
📲 Phone ; 09 955 192 756, 09 768 903 337, 09 957 901 286
📍 Office ; အခန်း ၁၅ (E)၊ ၁၅ ထပ်၊ Dagon Centre 2၊ ပြည်လမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။

17/04/2026

ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုး အထွတ်အမြတ်ထားရာ ၁၃၈၈ ခုနှစ်၊ နှစ်ဆန်းတစ်ရက်နေ့ နှစ်သစ်အခါသမယမှာ မြန်မာနိုင်ငံသူ၊ နိုင်ငံသားများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး ကျောင်းသူ၊ ကျောင်းသားအားလုံးလည်း ရည်မှန်းထားတဲ့ ပညာရေးပန်းတိုင်ကို အခက်အခဲမရှိ ပုံဖော်နိုင်ပါစေကြောင်း Team Hayan မှ ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ရှင့်။

Photos from Hayan Education Myanmar's post 13/04/2026

Team Hayan နှစ်သစ်ကူး ပျော်ပွဲရွှင်ပွဲ 🎉🌸

ကိုရီးယားပညာတော်သင် ခရီးစဥ်ဆီသွားဖို့ Hayan Education နဲ့အတူ ကြိုးစားပြင်ဆင်နေကြတဲ့ ကျောင်းသူ/သားများရဲ့ နောက်ကွယ်မှာ အမြဲတမ်း ဆောင်ရွက်ပေးနေသူများရှိပါတယ်။ ကျောင်းသူ/သားတွေ လိုအပ်တိုင်း ဖြေရှင်းပေးနေသူတွေ၊ ပညာရေး ခရီးစဥ်တစ်လျှောက်လုံး ကူညီပံ့ပိုးပေးနေသူတွေ .. စသည်ဖြင့် အခန်းကဏ္ဍအသီးသီးမှာ အတူရှိပေးနေကြတဲ့ Team Hayan ပါပဲ။ 💙

ဒီနှစ်သစ်ကူးအခါသမယမှာ ကျောင်းသားများအတွက် မနားမနေကြိုးစားပေးကြတဲ့ Team ကို ကျေးဇူးတင်တဲ့အနေနဲ့
✅ စားသောက်ဖွယ်ရာများနှင့် တည်ခင်းဂုဏ်ပြုခဲ့ပြီး
✅ အမှတ်တရ Bonus မုန့်ဖိုးများနှင့်အတူ
ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းခဲ့ပါပြီနော် ..

သင်္ကြန်အကြိုနေ့ ကျရောက်လာပြီဆိုတော့ — မြန်မာနိုင်ငံသူ/သားအားလုံး သင်္ကြန်ရေနှင့်အတူ အေးချမ်းပျော်ရွှင်ကြပါစေကြောင်း Team Hayan မှ ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ရှင်🙏✨

#2026

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address

Room 15(E), 15th Floor, Dagon Centre 2, Pyay Road, Sanchaung Township
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00