04/11/2022
🔥လက်ရွေးစင်အသင်းက အနားယူထားတဲ့ တိုနီခရူးစ်ကို လာမယ့်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဂျာမနီအတွက် ပြန်ကစားပေးဖို တောင်းဆိုမှုတွေရှိနေတယ်လို သတင်းတွေထွက်လာပါတယ်။ ခရူးစ်က လက်ရွေးစင်ကစားသမားဘ၀ကနေ အနားယူခဲ့တာ ၁ နှစ်ကျော်ခဲ့ပြီဖြစ်ပါတယ်။ 😪
⚽️ရးရဲလ်မက်ဒရစ်မှာ ခြေစွမ်းပြကစားနေတဲ့ သူ့ရဲ့ပုံစံကောင်းကြောင့် ဂျာမနီအတွက် နောက်ဆုံးအကြိမ် ဝင်ကစားပေးဖိုကို တောင်းဆိုခံနေရတာပါ။ ခရူးစ်ဘက်ကတော့ ကစားပေးဖို ဆန္ဒမရှိလောက်ဘူးလို သိရပြီး အနားယူထားတဲ့ ဆုံးဖြတ်ချက်ကို ပြင်ဆင်မှာလည်းမဟုတ်ဘူးလို ယူဆရပါတယ်။ 🔥
🔥ဂျာမနီကွင်းလယ်ပိုင်းမှာလည်း ကစားသမားကောင်းတွေရှိနေပေမယ့် အရေးအကြောင်းဆိုရင် ခရူးစ်လို ဝါရင့်ကစားသမားရဲ့ ခြေစွမ်းက ပွဲအဖြေကို ပြောင်းလဲပေးနိုင်စွမ်းရှိပါတယ်။ ဒါကို ရီးရဲလ်မှာ မြင်တွေ့နေရတာဖြစ်ပြီး အဲဒီအချက်ကိုပဲ ဂျာမနီက အားကိုးချင်နေပုံရပါတယ်။⚽️