အသိပေးအကြောင်းကြားခြင်း
မောင်းမကန် ကိုယ်ပိုင်မူလတန်းကျောင်းတွင် ၂၀၂၆-၂၀၂၇ပညာသင်နှစ်အတွက် KG တန်းနှင့် Grade-2 အတန်း တက်ရောက်လိုသော မိဘများအနေဖြင့် ၁.၁၁.၂၀၂၅(စနေနေ့)တွင် ကျောင်းသို့လာရောက် စာရင်းပေးသွင်းနိုင်ပါသည်။ မွေးစာရင်း (မူရင်း၊မိတ္တူ) ယူဆောင်လာရပါမည်။ စာရင်းသွင်းခြင်းဖြစ်သည့် အတွက် မည်သည့် ငွေကြေးမှကြိုတင်ပေးသွင်းရန်မလိုအပ်ပါ။
**လူဦးရေကန့်သတ်ထားပါသည်**
Maung Ma Kan Private Primary School
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Maung Ma Kan Private Primary School, Elementary School, Yangon.
05/06/2025
မိဘအုပ်ထိန်းသူများအား အသိပေးခြင်း
၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် မိဘ ဆရာ ဆက်သွယ်ရာတွင် အဆင်ပြေလွယ်ကူစေရန် App အသုံးပြုမည်ဖြစ်ကြောင်း အသိပေးထားပြီးဖြစ်ပါသည်။ App တွင် ထည့်သွင်းအသုံးပြုရမည့် user name များအားလည်း ပေးထားပြီးဖြစ်ပါသည်။ ယခုတစ်ပတ်အား စမ်းသပ်ကာလအဖြစ်သတ်မှတ်၍ App များအား ၉.၅.၂၀၂၅ ရက်နေ့တွင် စတင်အသုံးပြုရန် ရည်ရွယ်ထားပါသည်။ သို့ဖြစ်ပါ၍ App နှင့်ပတ်သတ်သော အခက်အခဲ တစ်စုံတစ်ရာရှိပါက 09400427293 (သို့) 09429093610 Viber သို့ ဆက်သွယ်၍ မေးမြန်းနိုင်ပါသည်။ App အသုံးပြုနည်း လမ်းညွှန်ကိုလည်းဖော်ပြပေးထားပါသည်။
အသိပေးအကြောင်းကြားခြင်း
၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် Grade-5 အောင်မြင်ပြီးသော ကျောင်းသားကျောင်းသူများ၏ ကျောင်းထွက်လက်မှတ်များကို ၁.၆.၂၀၂၅ တနင်္ဂနွေနေ့မှစတင်၍ လာရောက်ထုတ်ယူနိုင်ပါသည်။ ကျောင်းထွက်လက်မှတ်လာရောက်ထုတ်ယူရာတွင် မိဘအုပ်ထိန်းသူများ ကိုယ်တိုင် မှတ်ပုံတင်ပြ၍ လာရောက်ထုတ်ယူရမည်ဖြစ်ပါသည်။
၁.၆.၂၀၂၅ တွင် ၈:၀၀ မှ ၂:၀၀ အတွင်းလာရောက်ထုတ်ယူနိုင်ပြီး ကျန်သောရက်များတွင် နံနက် ၁၀:၀၀ မှ ၁၂:၀၀ အတွင်း လာရောက်ထုတ်ယူနိုင်ပါသည်။
ကျောင်းအုပ်ချုပ်ရေးအဖွဲ့
ကျောင်းလုပ်ငန်းများ တစ်ရက် ရပ်နားကြောင်း အသိပေးအကြောင်းကြားခြင်း
ကျောင်းတည်ထောင်သူ ဆရာကြီး ဦးတင်လတ်၏ ဇနီး ဆရာမကြီး ဒေါ်အေးသက်မော် သည် ယနေ့ ၂၀.၄.၂၀၂၅ ရက်နေ့ နေ့လည် ၁၂နာရီ ၂၅ မိနစ်အချိန်တွင် ဘဝတစ်ပါးသို့ ကူးပြောင်းသွားပါသဖြင့် ကြွင်းကျန်ရစ်သော ရုပ်ကလာပ်ကို ၂၂.၄.၂၀၂၅ တွင် မီးသဂြိုလ်မည်ဖြစ်ပါသဖြင့် ၂၂.၄.၂၀၂၅ တွင် ကျောင်းလုပ်ငန်းဆောင်တာများ တစ်ရက် ရပ်နားမည် ဖြစ်ကြောင်း ညိုးငယ်စွာဖြင့် အသိပေးအပ်ပါသည်။
၃.၁.၂၀၂၅ ရက်နေ့ အမျိုးသားဇာတ်ရုံတွင် ကျင်းပသော ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် နှင့် ဆုချီးမြှင့်ခြင်း အခမ်းအနား မှတ်တမ်းအချို့ကို You Tube channel တွင် တင်ပေးထားပါသည်။ လိုင်းအခက်အခဲကြောင့် video တင်ပေးခြင်း နောက်ကျရသည့်အတွက်လည်း တောင်းပန်အပ်ပါသည်။ ကျန်ရှိသော video များကို လည်း ဆက်လက်တင်ပေးမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။
အားကစားပြိုင်ပွဲရက် ပြောင်းလဲခြင်းအား အသိပေးခြင်း
၂၆.၁၁.၂၀၂၄ ရက်နေ့တွင် KG နှင့် G-1 ကျောင်းသား၊ကျောင်းသူများ ဆုံဆို့ကြက်ညှာ ကာကွယ်ဆေး ထိုးနှံမည် ဖြစ်ပါသဖြင့် KG to G-3 ၏ အားကစားပြိုင်ပွဲရက်ကို ၂၉.၁၁.၂၀၂၄ (သောကြာနေ့)သို့ ပြောင်းလဲလိုက်ပါသည်။
သို့ဖြစ်ပါ၍ G-4,G-5 ဘောလုံးအားကစားပြိုင်ပွဲအား ၂၇.၁၁.၂၀၂၄ (ဗုဒ္ဓဟူး)နေ့ သို့ လည်းကောင်း၊ G-4 ဘောလုံးနှင့် အခြားအားကစားပြိုင်ပွဲများအား ၂၈.၁၁.၂၀၂၄ (ကြာသပတေး)နေ့ သို့ လည်းကောင်း ပြောင်းလဲလိုက်ပါသည်။
အားကစားပြိုင်ပွဲနေ့တွင် အားကစားဝတ်စုံများ ယူဆောင်လာပေးပါရန် အသိပေးအပ်ပါသည်။
၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် KG တန်း ကြိုတင်စာရင်းသွင်းလက်ခံခြင်းကို (၁.၁၁.၂၀၂၄)သောကြာနေ့ နံနက် ၇:၃၀ မှ နေ့လည် ၂ နာရီအထိ လက်ခံမည် ဖြစ်ပါသည်။ အမည်စာရင်းပေးသွင်းခြင်းသာဖြစ်၍ မွေးစာရင်းမူရင်းသာလိုအပ်ပါသည်။
၂၀၂၅ -၂၀၂၆ ပညာသင်နှစ်အတွက် Grade-1 မှ Grade -5 အထိ ကျောင်းသားသစ် လက်မခံကြောင်း အသိပေးအပ်ပါသည်။
မောင်းမကန် ကိုယ်ပိုင်မူလတန်းကျောင်း (တောင်ဒဂုံ) တွင် တာဝန်ထမ်းဆောင်ရန် သင်ကြားရေးအကူ (assistant teacher) ၂ဦး အမြန်အလိုရှိသည်။
Assistant Teacher
- ဆယ်တန်းအောင်မြင်ပြီးသူ သို့မဟုတ် တက္ကသိုလ်တက်ဆဲ သို့မဟုတ် သင်ကြားရေးအတွေ့အကြုံမရှိသေးသော ဘွဲ့ရ ဖြစ်ရမည်။
- ကလေးများအပေါ် စိတ်ရှည်သည်းခံနိုင်သူ ဖြစ်ရမည်။
- အများနှင့် လိုက်လျောညီထွေစွာ ဆက်ဆံနိုင်သူ ဖြစ်ပြီး ကျောင်း၏စည်းကမ်းများကို လိုက်နာနိုင်သူဖြစ်ရမည်။
- ကျောင်းချိန် ၈နာရီ မှ ၃:၃၀ အထိ ဖြစ်သည်။
- ဆယ်တန်းအောင် ၁၇၀၀၀၀ ~ ၂၀၀၀၀၀
ဘွဲ့ရ ၂၀၀၀၀၀ ~ ၂၃၀၀၀၀
လျောက်ထားသူများသည် CV form (လျောက်ထားသူ၏ဓာတ်ပုံနှင့်တကွ)၊ ဆယ်တန်းအောင်လက်မှတ် မိတ္တူ (သို့) ဘွဲ့လက်မှတ် မိတ္တူ (သို့) Green card မိတ္တူ ၊ သင်တန်းတတ်ထားသော certificate မိတ္တူ စုံလင်စွာဖြင့် ကျောင်းသို့ မနက် ၉ နာရီ မှ ၂နာရီအတွင်း လာရောက်လျှောက်ထားနိုင်ပါသည်။
ကျောင်းလိပ်စာ - အမှတ် ၆၃/၆၅ ၊ မောင်းမကန်ကမ်းသာလမ်း၊ ၁၈(က)ရပ်ကွက် ၊ဒဂုံမြို့သစ်တောင်ပိုင်း။
ဆက်သွယ်ရန် - 09429093610
မိဘအုပ်ထိန်းသူများ သိစေရန်....
၂၆.၅.၂၀၂၄ (တနင်္ဂနွေ)နေ့တွင် ကျောင်းတွင်းပြင်ဆင်မှု ပြုလုပ်မည်ဖြစ်ပါသဖြင့် ရုံးတစ်ရက်ပိတ်မည်ဖြစ်ကြောင်း အကြောင်းကြားအပ်ပါသည်။
ကျောင်းထွက်လက်မှတ် ထုတ်ယူမည့်သူများနှင့် ကျောင်းသားကဒ် ထုတ်ယူမည့် ကျောင်းသားသစ်များ (၂၆.၅.၂၄) ရက်နေ့မှ အပ ကျန်ရက်များတွင် မနက် ၈ နာရီမှ ၃ နာရီအတွင်း လာရောက်ထုတ်ယူနိုင်ပါသည်။
Edited..
မိဘအုပ်ထိန်းသူများ သိစေရန်....
Edit - 21.5.2024 နေ့အထိ ကျောင်းထွက်ဖောင်တင်ထားသောသူများ လာရောက် ထုတ်ယူနိုင်ပါပြီ။
Grade-5 ဖြေဆိုထားပြီးသော ကျောင်းသားကျောင်းသူများအတွက် ကျောင်းထွက်လက်မှတ် လာရောက်ထုတ်ယူနိုင်ပါပြီ။ ကျောင်းထွက်လက်မှတ် လာရောက်ထုတ်ယူရာတွင် မိဘအုပ်ထိန်းသူကိုယ်တိုင်လာရောက်ထုတ်ယူရမည်ဖြစ်ပြီး မိဘမှတ်ပုံတင်ယူဆောင်လာရမည်ဖြစ်ပါသည်။ မနက် ၈နာရီမှ ၃နာရီအတွင်း ပိတ်ရက်မရှိလာရောက်ထုတ်ယူနိုင်ပါသည်။
ကျန်သောအတန်းများအတွက် ကျောင်းသို့ ဖုန်းဆက်၍ ရ/မရ မေးမြန်းနိုင်ပါသည်။
ဆက်သွယ်ရန် - 09429093610 ၊ 09400427293
မိဘအုပ်ထိန်းသူများနှင့် ကျောင်းသားကျောင်းသူများသိစေရန်
၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် အောင်စာရင်းများကို ၂၇.၄.၂၀၂၄ ရက်နေ့တွင် ကျောင်းတွင် လာရောက်ကြည့်ရှူနိုင်ပါသည်။
မိဘအုပ်ထိန်းသူများ သိစေရန်...
၂၀.၄.၂၀၂၄ ရက်နေ့မှစ၍ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းသားဟောင်းများ ကျောင်းအပ်နှံနိုင်ပြီ ဖြစ်ကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။
ကျောင်းပြောင်းရွေ့လိုသည့် မိဘများအနေဖြင့် ကျောင်းသားဓာတ်ပုံ (၄)ပုံ နှင့်တကွ ကျောင်းတွင် ကျောင်းထွက်ပုံစံဖြည့်သွင်း နိုင်ပါသည်။
နေ့စဉ် နံနက် (၈) နာရီမှ နေ့လည် (၃)နာရီ အတွင်း လာရောက်အပ်နှံနိုင်ပါသည်။
မှတ်ချက်။ ။ Grade - 5 များ ကျောင်းထွက်လက်မှတ် form တင်ရန်မလိုပါ။
Click here to claim your Sponsored Listing.
Location
Category
Telephone
Website
Address
Yangon
Opening Hours
| Monday | 08:00 - 17:00 |
| Tuesday | 08:00 - 17:00 |
| Wednesday | 08:00 - 17:00 |
| Thursday | 08:00 - 17:00 |
| Friday | 08:00 - 17:00 |