06/12/2024
N2 Somatome Kanji
一緒に日本語を勉強しましょう。
JLPT/Nat test Practise Class
JLPT/Nat test Full Time Class
လက်ခံသင်ကြားပေးနေပါသည်
06/12/2024
N2 Somatome Kanji
28/11/2024
N2 Shinkanzen Master Goiထဲက မျှဝေပေးလိုက်ပါတယ်။ စကားလုံးတွေကို ဥပမာစာကြောင်းများနှင့် မှတ်သားကြမယ်။
ယနေ့ မျှဝေပေးမှာတော့
Level မြှင့် စာမေးပွဲ မကြာခဏပါတတ်သော ဝေါဟာရများ အပိုင်း(၁)
教育、研究 ပညာရေး သုတေသန
1)概念ーがいねんーသဘောတရား (concept)
2)仮説ーかせつーတွေးဆသတ်မှတ်ချက်၊ ယူဆချက်
3)課題ーかだいーအကြောင်းအရာ၊ လုပ်ငန်း
4)参照するーさんしょうするーကိုးကားသည်
5)主張するーしゅちょうするーအခိုင်အမာဆိုသည်၊ စွဲစွဲမြဲမြဲပြောဆိုသည်
6)知性ーちせいーဉာဏ်ရည်
7)知的なーちてきなーဉာဏ်ထက်မြက်သော
8)抽象的なーちゅうしょうてきなーabstract လက်ဆုပ်လက်ကိုင်မပြနိုင်သော၊ ယေဘုယျသဘော
9)定義するーていぎするーအဓိပ္ပာယ်သတ်မှတ်သည်
10)養成するーようせいするーပြုစုပျိုးထောင်သည်၊ လေ့ကျင့်ပေးသည်
11)論理するーろんりするーယုတ္တိကျသည်
12)要約するーようやくするーအနှစ်ချုပ်သည်
文化、芸術 ယဉ်ကျေးမှု အနုပညာ
13)意図するーいとするーကြံစည်သည်၊ အကြံအစည်
14)映像ーえいぞうーရုပ်ပုံ
15)演じるーえんじるーသရုပ်ဆောင်သည်၊ တင်ဆက်သည်
16)掲載するーけいさいするーရေးသားဖော်ပြသည်
17)コンテンツーcontent အကြောင်းအရာ
18)シナリオーအခြေအနေ
19)芝居ーしばいーပြဇာတ်
20)主題ーしゅだいーအဓိကအကြောင်းအရာ
21)セリフーစကားပြောစာသား
22)ニュアンスーမသိမသာကွဲပြားချက်
23)美術ーびじゅつーအနုပညာ
24)描写するーびょうしゃするーပုံဖော်သည်
25)著書ーちょしょーစာရေးသူ၏စာအုပ်
国、地方、政治 တိုင်းပြည် ဒေသ နိုင်ငံရေး
改革(する)ーかいかくーပြန်လည်ပြုပြင်သည်
官僚ーかんりょーဗျူရိုကရေစီ
協議(する)ーきょうぎーဆွေးနွေးညှိနှိုင်းသည်
国土 ーこくどーနိုင်ငံနယ်နိမိတ်
参政権 ーさんせいけんーနိုင်ငံရေးရွေးကောက်ပွဲများတွင် မဲဆန္ဒပေးပိုင်ခွင့်
支配(する)ーしはいーလွှမ်းမိုးသည်၊ ထိန်းချုပ်သည်
首脳ーしゅのうーထိပ်သီး
情勢ー じょうせいーအခြေအနေ(တိုင်းပြည်)
条約 ーじょうやくーသဘောတူညီစာချုပ်
親善 ーしんぜんーချစ်ကြည်ရေး
衰退(する) ーすいたいーကျဆင်းသည်
政権 ーせいけんーနိုင်ငံရေးအာဏာ
政策 ーせいさくーနိုင်ငံရေးပေါ်လစီ
体制 ーたいせいーစနစ်
治安ーちあんーငြိမ်ဝပ်ပိပြားရေး
秩序 ーちつじょーအမိန့်
内閣 ーないかくーဝန်ကြီးအဖွဲ့
難民 ーなんみんーဒုက္ခသည်
繁栄(する) ーはんえいーကြီးပွားတိုးတက်သည်
発展途上国 ーはってんとじょうこくーဖွံ့ဖြိုးဆဲတိုင်းပြည်
表明(する)ーひょうめいするーဖော်ပြသည်
紛争 ーふんそうーပဋိပက္ခ
弊害ー へいがいーဆိုးကျိုး
方針ー ほうしんーလမ်းစဉ်
保守的(な)ー ほしゅてきーရှေးရိုးစွဲဆန်သော
マスコミーmass communication
# # #စာမေးပွဲအတွက်လည်းမှတ်သားဖို့၊ ဗသုသုတအနေနဲ့လည်းမှတ်သားဖို့ တင်ပေးလိုက်ပါတယ်ဗျ
# # language online class
# # /n2level
25/11/2024
ယနေ့ မျှဝေပေးမှာတော့ ယာဉ်ကြောပိတ်တယ် traffic jam ဖြစ်နေတဲ့အခါ ဘယ်လိုမျိုးပြောရင် အဆင်ပြေမလဲဆိုတာကို ပြောပြပေးသွားပါမယ်။
(1)
交通渋滞に巻き込まれる
こうつうじゅうたいにまきこまれる
ーယာဉ်ကြောပိတ်ဆို့သည်(Traffic jam 🚦 )
交通渋滞に巻き込まれました。
ယာဉ်ကြောပိတ်ဆိုမှု့နဲ့ ကြုံတွေ့ရတယ်။
渋滞に巻き込まれているので、15分くらい遅れます。
ယာဉ်ကြောပိတ်ဆို့နေတာကြောင့် ၁၅မိနစ်လောက် နောက်ကျပါမယ်။ (ကား၊ရထား)
〜会話例1〜
A: (もうすぐ着きますか?)
ရောက်တော့မှာလား။
B: (すみません、ちょっと遅れています。かなり酷い渋滞に巻き込まれちゃって。)
တောင်းပန်ပါတယ်၊ အနည်းငယ်နောက်ကျမယ်။ တော်တော်လေး ယာဉ်ကြောပိတ်ဆို့မှုဖြစ်နေလို့ပါ။
〜会話例2〜
A: (遅れてすみません。渋滞に巻き込まれました。)
နောက်ကျလို့တောင်းပန်ပါတယ်။ ယာဉ်ကြောပိတ်နေလို့ပါ။
B: (ええ、この時間は渋滞がひどいですからね。)
ဟုတ်တယ်နော။ ဒီအချိန်က ယာဉ်ကြောတော်တော်ပိတ်တယ်နော။
(2)
足止め(あしどめ)ရပ်နေတာ(ကား၊ရထားကြောင့် ပိတ်မိပြီး ရပ်နေတာ)
駅で足止めされています。多分、人身事故だと思います。
ဘူတာမှာ ပိတ်မိနေတယ်။ ဖြစ်နိုင်ချေကတော့ ယာဉ်မတော်တဆဖြစ်တာလို့ ထင်တယ်။
(3)
渋滞にはまるーယာဉ်ကြောပိတ်ဆို့သည်
渋滞にはまってしまってレッスンに間に合わなそう。
ယာဉ်ကြောပိတ်နေလို့ သင်ခန်းစာ အချိန်မမှီနိုင်မယ့်ပုံပဲ။
(4)
渋滞に遭うーじゅうたいにあう
ယာဉ်ပိတ်ဆို့တာနဲ့ကြုံရတယ်
朝早く出かけるけど、ひどい渋滞に遭うので、
決まった時間より 少し遅れてしまいました。
မနက်စောစော ထွက်ပေမယ့်လည်း ယာဉ်ပိတ်ဆို့တာနဲ့ ကြုံတာကြောင့် သတ်မှတ်ထားတဲ့ အချိန်ထက် အနည်းငယ် နောက်ကျသွားမိပါတယ်။
# # #နေ့စဉ်သုံးစကားပြောမှာ အသုံးချခြင်းဖြင့် စကားပြော တိုးတက်လာကြပါစေ။
# # language online class
# #
***စကားလုံးရဲ့ အဓိပ္ပာယ်နှင့် အခြေအနေအလိုက် အသုံးပြုပုံများ
(1) 当てにならない
(အားကိုးလို့မရပါ၊ ယုံကြည်လို့မရပါ)
意味:
信頼できない、期待した結果が得られない可能性が高いこと。
ယုံကြည်လို့မရနိုင်ဘူး။ မျှော်လင့်ခဲ့တဲ့ ရလဒ်က မရနိုင်ချေများတယ်။
例文:
その天気予報は当てにならないから、傘を持って行った方がいいよ。
ဒီမိုးလေဝသကြိုတင်ခန့်မှန်းချက်က အားကိုးလို့မရတာကြောင့် ထီးကို ယူသွားတာကောင်းမယ်လေ။
あの人の約束はいつも当てにならない。
ဟိုလူရဲ့ ကတိက အမြဲတမ်း ယုံကြည်လို့မရဘူး။
(2) 見込み အလားအလာ၊ ဖြစ်နိုင်ချေ
意味:
将来に対する期待や可能性、物事がどう進むかの予想。
အနာဂတ်နဲ့ပတ်သက်ပြီး မျှော်လင့်ချက်ရယ်ဖြစ်နိုင်ချေ၊ အကြောင်းအရာကို ဘယ်လိုမျိုးရှေ့ဆက်သွားမလဲဆိုတဲ့ ခန့်မှန်းချက်။
例文:
今回のプロジェクトが成功する見込みは十分にある。
ဒီတခေါက် ပရော့ဂျက်က အောင်မြင်ဖို့ အလားအလာ အလုံအလောက်ရှိတယ်။ (အောင်မြင်နိုင်ချေများတယ်)
雨が降る見込みがないので、洗濯物を外に干しておこう。
မိုးရွာမယ့်အလားအလာမရှိတာမို့ (ရွာနိုင်ချေမရှိတာကြောင့်) လျှော်ထားတဲ့အဝတ်တွေကို အပြင်မှာ လှမ်းထားကြရအောင်။
(3) 途方に暮れる ဘာလုပ်ရမှန်းမသိ၊ ခြေမကိုင်မိလက်မကိုင်မိဖြစ်
意味:
何をすればいいのか、どのように対処すればいいのかが全く分からなくなること。困り果てる状態を表す。
ဘယ်လိုလုပ်ရင်ကောင်းမလဲ ဘယ်ပုံဘယ်နည်း ဖြေရှင်းရင် ကောင်းမလဲဆိုတာ လုံးဝနားမလည်တာ။ အရမ်းဒုက္ခရောက်တဲ့အခြေအနေကို ဖော်ပြ။
例文:
財布をなくしてしまい、どうすればいいのか途方に暮れた。
ပိုက်ဆံအိတ်ပျောက်သွားလို့ ဘယ်လိုလုပ်ရင်ကောင်းမလဲဆိုတာ ခြေမကိုင်မိ လက်မကိုင်မိဖြစ်ခဲ့တယ်။
将来の計画が思い通りに進まず、途方に暮れる日々が続いている。
အနာဂတ်ရဲ့အစီအစဉ်က တွေးထားတဲ့အတိုင်း ရှေ့ဆက်မသွားဘဲ ဘာလုပ်ရမှန်းမသိတဲ့ နေ့ရက်တွေက ဆက်တိုက်ဖြစ်နေတယ်။
(4) 時間を潰す အချိန်ဖြုန်းသည်
意味:
空いている時間を有効活用せずに、何かをして過ごすこと。または、暇をしのぐために適当なことをすること。
အားနေတဲ့အချိန်ကို အကျိုးရှိရှိ အသုံးမပြုဘဲ တစ်ခုခုကို လုပ်ပြီး အချိန်ကုန်ဆုံးစေတာ။ သို့မဟုတ် အားလပ်တာကို တောင့်ခံဖို့အတွက် သင့်တော်တဲ့အရာကို လုပ်တာ။
例文:
電車が来るまでの間、本を読んで時間を潰した。
ရထားလာတဲ့အချိန်အထိအတောအတွင်း စာအုပ်ဖတ်ပြီး အချိန်ဖြုန်းခဲ့တယ်။
映画館に早く着きすぎたので、近くのカフェで時間を潰した。
ရုပ်ရှင်ရုံရောက်တာ စောလွန်းသွားတာကြောင့် အနီးနားမှာရှိတဲ့ ကဖေးဆိုင်မှာ အချိန်းဖြုန်းခဲ့တယ်။
友達とおしゃべりして時間を潰していたら、約束の時間に遅れそうになった。
သူငယ်ချင်းနဲ့ စကားပြောပြီး အချိန်ဖြုန်းနေခဲ့တော့ ချိန်းထားတဲ့အချိန်တောင် နောက်ကျတော့မလိုဖြစ်ခဲ့တယ်။
# # language online class
# #
# # /n3
ယနေ့ မျှဝေပေးချင်တာကတော့ *その他ー後ろに付いて名詞になるもの* အခြား .....နောက်တွင် တပ်ဆင်ပြီး နာမ်ဖြစ်လာသော စကားလုံး အကြောင်းပဲ ဖြစ်ပါတယ်။
(1)
~明け(あけ) အစ၊ အချိန်
週明け(しゅうあけ) တစ်ပတ်ရဲ့အစ
夜明け(よあけ) ဝေလီဝေလင်းအချိန်
休み明け(やすみあけ) ပိတ်ရက်ပြီး နောက်တစ်ရက်အစ
明日は日曜日なので 週明けに伺います。
မနက်ဖြန် တနင်္ဂနွေနေ့ ဖြစ်သောကြောင့် နောက်အပတ်အစမှ လာပါမယ်။
(2)
~済、ပြီးစီးခြင်း၊ ပြီးခြင်း
使用済み・しようずみ အသုံးပြုပြီးစီးခြင်း၊ သုံးထားခြင်း
登録済み・とうろくずみ မှတ်ပုံတင်ထားပြီး
解決済み・かいけつずみ ဖြေရှင်းထားပြီး
使用済みの電池を捨てた。
သုံးထားတဲ့ ဓာတ်ခဲကို လွှင့်ပစ်ခဲ့တယ်။
(3)
~連れ、အဖော်၊အတူတကွ၊ အတူ
家族連れ・かぞくづれ မိသားစုနှင့်အတူ၊ မိသားစုမဖော်
子供連れ・こどもづれ ကလေးနဲ့အတူ
三人連れ・さんにんづれ သုံးယောက်နဲ့အတူ
デパートは家族連れでいっぱいだ。
ကုန်တိုက်က မိသားစုနဲ့အတူလာသူ အပြည့်ဖြစ်နေတယ်။
(4)
~違い、မတူခြင်း၊ ကွာခြားခြင်း
色違い・いろちがい အရောင်မတူခြင်း
人違い・ひとちがい လူမတူခြင်း၊လူမှားခြင်း
計算違い・けいさんちがい တွက်ချက်တာမှားခြင်း
知り合いだと思っていたら人違いだった。
အသိမိတ်ဆွေလို့ ထင်ခဲ့ပေမယ့်၊ တခြားလူဖြစ်ခဲ့ပတယ်။
(5)
~たて、ခါစ၊ ပြီးခါစ
焼きたて・やきたて ကင်ပြီးခါစ
出来たて・できたてအသစ်စက်စက်၊ ပူပူနွေးနွေး
とれたての新鮮な野菜を食べる。
ခူးယူပြီးခါစ လတ်ဆတ်တဲ့ အသီးအရွက်ကို စားတယ်။
(6)
~おき、ခြား
ニメールおき အီးမေးလ်နှစ်ခုခြား
一日おき・いちにちおき တစ်ရက်ခြား
一つおき・ひとつおき တခုခြား
ニメトールおきに木が植えられている。
နှစ်မီတာခြားပြီး သစ်ပင်ကို စိုက်ပျိုးထားပါတယ်။
(7)
~ぶり、ဟန်ပန်အမူအရာ၊ 。。。ပုံ
仕事ぶり・しごとぶり အလုပ်လုပ်ပုံ
話しぶり・はなしぶり စကားပြောပုံ
暮らしぶり・くらしぶりနေထိုင်ပုံ
彼の仕事ぶりは部長にも評価されている。
သူရဲ့ အလုပ်လုပ်ပုံဟာ ဌာနမှူးထံမှလည်း ချီးမွမ်းခံရတယ်။
(8)
~つき ပုံစံ၊ အနေအထား
目つき・めつき မျက်လုံးအနေအထား
顔つき・かおつき မျက်နှာပုံစံ
体つき・からだつき ကိုယ်လုံးကိုယ်ပေါက်
娘を顔つきが最近妻に似てきた。
သမီးရဲ့မျက်နှာပေါက်ဟာ ခုတလော ဇနီးသည်နဲ့ တူလာခဲ့တယ်။
# # # #စာမေးပွဲအတွက်ရော၊ ဗဟုသုတအနေနဲ့ပါ မှတ်သားလို့ရပါတယ်။ အဆင်ပြေကြပါစေ။
読み物(3)
毎日、漢字を書く練習をするように心がけています。時々忘れてしまうことがあるので、忘れないように手帳に書いておくことにしました。こうすることで、少しずつ漢字を身につけられると思います。最近、友人に漢字の書き方を修正してもらったおかげで、正しく書けるようになりました。以前は誤って書いてしまうことが多かったのですが、今では自信を持って書けるようになりました。これからも続けて、もっと多くの漢字を覚えていきたいです。毎日の積み重ねが大切だと感じています。
語彙
心がけるーここりがけるーဂရုပြုသည်၊နှလုံးသွင်းသည်
手帳ーてちょうーမှတ်စုစာအုပ်
身につけるー身につけるーလေ့လာဆည်းပူးသည်၊သင်ယူသည်
修正ーしゅうせいーပြင်ပေးသည်(အမှား)
誤るーあやまるーမှားယွင်းသည်
自信を持つーじしんをもつーယုံကြည်မှုရှိသည်
積み重ねーつみかさねーထပ်ကာထပ်ကာပြုလုပ်ခြင်း၊ စုဆောင်းသည်၊ပုံထပ်သည်
以前ーいぜんーယခင်က
思い立つーおもいたつー(တစ်ခုခုလုပ်ဖို့)အကြံရသည်၊စိတ်ကူးမိသည်
Grammar Notes
(1)Vる、Vない+ ようにしています
ဖြစ်အောင်လုပ်နေပါတယ်
အလေ့အထ၊စိတ်နှစ်မှု၊အားထုတ်မှုကိုဖော်ပြခြင်း
毎食後、歯(は)をみがくようにしています。
အစားစားပြီးတိုင်း သွားတိုက်ဖြစ်အောင်လုပ်နေပါတယ်။ ကြိုးစားနေပါတယ်။
(2) Vる、Vない、Vれる+ように(အောင်လို့)
အခြေအနေကိုရည်ရွယ်ပြီး လုပ်ဆောင်ခြင်း
(မလုပ်ရင် ဒုက္ခရောက်မှာကြောင့်)
みんなに聞こえるようにもっと大きな声で話してください。
အားလုံးကြားနိုင်အောင်လို့ အသံကျယ်ကျယ်ဖြင့် ပြောပေးပါ
(3)Vるようになる Vနိုင်လာတယ်
ပြောင်းလဲမှုကိုဖော်ပြတယ်
田中さんに漢字の間違いを修正してもらったおかけで、正しく書けるようになりました。
တနကစံထံမှ ခန်းဂျိအမှားကို ပြင်ပေးတဲ့ကျေးဇူးကြောင့် မှန်မှန်ကန်ကန် ရေးနိုင်သလိုဖြစ်လာပါတယ်။
N3 Grammar လေးတွေ လေ့လာရင်း စာပိုဒ်ဖတ်ကြမယ်။ စကားပြောဖို့အတွက်လည်း အသုံးဝင်ပါမယ်။
読み物👋👋
昨日は、久しぶりに公園へ行きました。しかし、天気予報を確認していなかったので、突然の雨に降られてしまいました。せっかく友達と一緒に遊んでいたのに、雨が強くなって、急いで帰ることにしました。帰ってから、母に「手を洗わせてからご飯を食べなさい」と言われました。夕食の後、本を読んでいたら、書かれている内容がとても面白くて、時間を忘れてしまいました。
語彙
1.久しぶり ひさしぶり မတွေ့ရတာကြာပြီဖြစ်သော၊ မသွားရတာကြာပြီဖြစ်သော
2.公園 (こうえん)ပန်းခြံ
3.天気予報(てんきよほう)မိုးလေဝသကြိုတင်ခန့်မှန်းချက်
4.突然(とつぜん)ရုတ်တရက်
5.せっかくーのに တကူးတက----ပေမယ့်
6.確認(かくにん)အတည်ပြုခြင်း
7.友達(ともだち)သူငယ်ချင်း
8.遊ぶ(あそぶ)ကစားသည်၊လည်ပတ်သည်
9.内容(ないよう)အကြောင်းအရာ
読み物 2 ဖတ်စရာ 2
合格を目指して毎日勉強しなくちゃと思っているのに、今日は急な用事が入ってしまいました。そのせいで、道路が混んじゃって帰るのに時間がかかり、もう寝ないといけない時間になってしまいました。とはいえ、今日は特に疲れたので、リラックスするために少し飲んじゃおうかと思います。最近は甘いものばかり食べちゃったので、虫歯が心配です。明日は必要なものを忘れないように、前もって買っとく予定です。
語彙
1.合格ーごうかくーစာမေးပွဲအောင်မြင်ခြင်း
2.目指すーめざすーရည်ရွယ်သည်
3.用事ーようじーကိစ္စ
4.そのせいでーအဲဒီအကြောင်းကြောင့်
5.道路ーどうろーလမ်းမ
6.時間がかかるーအချိန်ကြာသည်
7.特にーとくにーအထူးသဖြင့်
8.虫歯ーむしばーသွားပိုးစားခြင်း
9.必要なーひつようなーလိုအပ်သော
10.前もってーまえもってーကြိုတင်ပြီး
11.とはいえーလို့ဆိုပေမယ့်လည်း
12.リラックスーrelax
13.心配ーしんぱいーစိုးရိမ်ခြင်း
文法
勉強ししなくちゃー勉強しなければならない
စာမလေ့လာလို့မရဘူး
混んじゃってー混んでしまって
(ကားလမ်း)လမ်းကျပ်သွားသည်
買っとくー買っておく
ဝယ်ထားသည်
20/07/2024
N2 Reading
19/07/2024
N1 Reading လေး ဖတ်ကြမယ် မှတ်ကြမယ်
ဝေါဟာရတွေ ခက်လာသလို ဖတ်ရတာလည်း အချိန်ယူရပါတယ်။ အချိန်တစ်ခုပေးပြီး ဖတ်စေချင်ပါတယ်ခင်ဗျ
19/07/2024
Readingလေးတွေ ဖတ်ကြပါမယ်။ အားလုံးသိပြီးဖြစ်တဲ့ N2 Shinkanzen Master Readingကို အသုံးပြုပြီး ဝေါဟာရကိုမှတ်ကြပါမယ်။ စာပိုဒ်ဖတ်တဲ့အခါမှာလည်း သတိချပ်သင့်တဲ့ key pointတွေကို သိရှိနားလည်ထားမယ်ဆိုရင် စာမေးပွဲမှာ အေးအေးဆေးဆေးဖြေနိုင်ပါလိမ့်မယ်။
25/04/2024
ယခင်က ကုမ္ပဏီတစ်ခုမှာ N5ကနေ N2ထိ သင်ဖူးခဲ့ပြီး ဂျပန်စာ အောင်မြင်ခဲ့ကြတဲ့ ကလေးတွေ အများကြီးရှိခဲ့ပါတယ်။ လက်ရှိ ကိုယ်ပိုင် pageလေးမှာ သူတို့ရဲ့ အောင်မြင်မှု မှတ်တမ်းတွေကို တင်ခဲ့ဖူးတာ မရှိပါဘူး။
ဒါပေမယ့် ဒီနေ့ တပည့်ကျော်လေး Ma Lin Lin Htet
လက်ရှိဂျပန်မှာ Language Schoolတက်နေရင်း Nat test N2အောင်သွားတော့ ဝမ်းသာပိတီဖြစ်ရပါတယ်။ ဆက်လက်ကြိုးစားပေးပါ မီးလေးရေ။