Thate Pan Institute

Thate Pan Institute A professional learning institution providing affordable & high-quality STEAM pathway courses

သိပ္ပံ Institute ဆိုတာကတော့ မြန်မာနိုင်ငံက ကလေးတွေနဲ့ လူငယ်တွေ အတွက် အရည်အသွေးမြင့် ဈေးနှုန်းသင့်တဲ့ STEAM ပညာရေးကို လက်တွေ့သင်ကြားပေးနေတဲ့ လူမှုအကျိုးပြု စီးပွားရေး လုပ်ငန်း တစ်ခုပဲ ဖြစ်ပါတယ်။

Coding နဲ့ ပတ်သက်ပြီး အထင်မှားနေကြတဲ့ အချက် (၃) ချက်✨ Codingက ခက်လွန်းတယ်၊ နည်းပညာသမားတွေပဲ နားလည်တာ သာမန်လူတွေနဲ့ မဆိုင...
27/05/2026

Coding နဲ့ ပတ်သက်ပြီး အထင်မှားနေကြတဲ့ အချက် (၃) ချက်✨

Codingက ခက်လွန်းတယ်၊ နည်းပညာသမားတွေပဲ နားလည်တာ သာမန်လူတွေနဲ့ မဆိုင်လောက်ပါဘူး လို့ တွေးပြီး လက်တွန့်နေတဲ့သူတွေ ရှိလား? ဒါဆိုရင်ဒီစာလေးကို ဖတ်ကြည့်နော်!

​🔸Coding က နည်းပညာသမားတွေ အတွက်ပဲ မဟုတ်ပါဘူး။

​Coding ဆိုတာ နေ့စဉ်ဘဝရဲ့ နေရာတိုင်းမှာ ရှိနေတာပါ။ သီချင်းနားထောင်တာကအစ အဝတ်အထည် ဒီဇိုင်းဆွဲတာအဆုံး Coding နဲ့ မကင်းပါဘူး။ အခုဆိုရင် အနုပညာရှင်တွေ လုပ်ငန်းရှင်တွေကပါ သူတို့အလုပ်တွေ ပိုကောင်းလာဖို့ Coding ကို သုံးနေကြပါပြီ။

​🔸Coding က လူတိုင်း သင်လို့ရပါတယ်။

​လူအများစုက Coding ကို ပါရမီရှင်တွေပဲ လုပ်နိုင်တာလို့ ထင်ကြပါတယ်။ ပါရမီဆိုထက် အလေ့အကျင့်က ပိုအရေးကြီးပါတယ်။ ဘာသာစကားတစ်ခုကို အကုန်တတ်မှ စကားပြောလို့ရတာ မဟုတ်သလို၊ Coding ကိုလည်း အခြေခံသိရုံနဲ့တင် စပြီးဖန်တီးလို့ ရပါတယ်။


​🔸 သင်္ချာမတော်ရင်လည်း Coding သင်လို့ ရပါတယ်။

​Coding ရဲ့ သဘောတရားဟာ သင်္ချာပေါ်မှာ အခြေခံထားတာ မှန်ပေမဲ့ Coding ရေးတဲ့အခါ သင်္ချာပုစ္ဆာတွေ အများကြီး တွက်နေဖို့ မလိုပါဘူး။ သင်္ချာတွက်တာထက် Logic (စဉ်းစားပုံ စဉ်းစားနည်း) ပေါ်မှာ ပိုအခြေခံလို့ ပြဿနာတစ်ခုကို စနစ်တကျ ဖြေရှင်းတတ်ဖို့ပဲ လိုတာပါ။

ဒီလောက်ဆိုရင်တော့ Coding က လူတိုင်း အတွက်ဆိုတာ သိသွားလောက်ပြီ ထင်ပါတယ်။
ကိုယ်တိုင်ကရော Coding နဲ့ ပတ်သက်ပြီး ဘယ်လို အထင်မှားခဲ့ဖူးလဲ ဆိုတာကို Comment မှာ ပြောပြပေးခဲ့ပါဦး!




%

Coding တတ်ဖို့ သင်္ချာ အရမ်းတော်ရမယ်လို့ အခုထိ ယုံကြည်နေတုန်းပဲလား? ​"သင်္ချာမှာ အားနည်းတယ်၊ အမှတ်တွေလည်း မကောင်းဘူး။ Co...
25/05/2026

Coding တတ်ဖို့ သင်္ချာ အရမ်းတော်ရမယ်လို့ အခုထိ ယုံကြည်နေတုန်းပဲလား?

​"သင်္ချာမှာ အားနည်းတယ်၊ အမှတ်တွေလည်း မကောင်းဘူး။ Coding သင်ရင်ရော စာလိုက်နိုင်ပါ့မလား?" ဆိုပြီး စိုးရိမ်နေတဲ့ သူတွေရှိရင် ဒီစာလေးကို ဆုံးအောင်ဖတ်ကြည့်ပေးပါနော်။

​တကယ်တော့ သင်္ချာမတော်လည်း Coding ကို သင်လို့ရပါတယ်။

​အကြောင်းရင်းကတော့...

​🔷 Coding ဆိုတာ ဘာသာစကားတစ်ခု ဖြစ်နေလို့ပါ။

သင်္ချာပုစ္ဆာတွေ ထိုင်တွက်နေရတာထက် ကိုယ်ပိုင် Idea တွေကို ဘာသာစကားအသစ်တစ်ခုနဲ့ လက်တွေ့ဖန်တီးရတာဖြစ်လို့ ကလေးတွေအတွက် ပိုပြီး စိတ်ဝင်စားဖို့ ကောင်းစေမှာ ဖြစ်ပါတယ်။


​🔷 သင်္ချာထက် စဉ်းစားပုံ စဉ်းစားနည်း က ပိုအရေးကြီးပါတယ်။

ကိန်းဂဏန်းတွေ အလွတ်ကျက်တွက်တာထက် ပြဿနာတစ်ခုကို ဘယ်လိုအဆင့်ဆင့် စဉ်းစားဖြေရှင်းမလဲ ဆိုတဲ့ Logical Thinking ပေါ်မှာပဲ အခြေခံထားလို့ ဖြစ်ပါတယ်။

​🔷 လက်တွေ့ ဖန်တီးကြည့်လို့ ရပါတယ်။

ကိုယ်ရေးလိုက်တဲ့အတိုင်း ရုပ်ပုံလေးတွေ ရွေ့သွားတာ၊ ဂိမ်းလေးတွေ ဖြစ်လာတာကို မျက်မြင်တွေ့ရတဲ့အတွက် ကလေးတွေကိုလည်း ပျော်ပျော်ပါးပါးနဲ့ သင်္ချာသဘောတရားတွေကိုပါ လက်တွေ့ နားလည်သွားစေပါတယ်။


Coding သင်ရင်းနဲ့မှ သင်္ချာကို စိတ်ဝင်စားလာတဲ့ ကသူတွေ အများကြီး ရှိပါတယ်။ သင်္ချာအမှတ် မကောင်းရုံနဲ့ တီထွင်နိုင်စွမ်းကိုအကန့်အသတ် မလုပ်လိုက်ပါနဲ့ဦးနော်။

Thate Pan Institute မှာတော့ Coding အတန်းတွေကို စနစ်တကျနဲ့ လေလာနိုင်ဖို့ one on one အတန်းလေးတွေ လာရောက်စုံစမ်းနိုင်ပါတယ်နော်။


“ တိတ်ဆိတ်တဲ့ စာသင်ခန်းထဲမှာ... အကျယ်လောင်ဆုံး ထွက်ပေါ်လာမယ့် ကလေးရဲ့ 'Idea' များ 💡 ”တစ်ခါတလေမှာ ကမ္ဘာကြီးကို ပြောင်းလဲစ...
23/05/2026

“ တိတ်ဆိတ်တဲ့ စာသင်ခန်းထဲမှာ... အကျယ်လောင်ဆုံး ထွက်ပေါ်လာမယ့် ကလေးရဲ့ 'Idea' များ 💡 ”

တစ်ခါတလေမှာ ကမ္ဘာကြီးကို ပြောင်းလဲစေခဲ့တဲ့ အကျယ်လောင်ဆုံးသော တီထွင်မှုတွေနဲ့ ထူးခြားဆန်းသစ်တဲ့ Logic တွေဟာ အငြိမ်သက်ဆုံးသော နေရာတွေကနေ စတင်ခဲ့တာပါ။ 🤫✨

ကလေးလေးတွေတစ်ယောက်နဲ့ တစ်ယောက်က စိတ်ဝင်စားပုံချင်း၊ သင်ယူနိုင်စွမ်း (Learning Pace) ချင်း မတူညီကြပါဘူး။

ဒါကြောင့် သားသားမီးမီးတို့ရဲ့ အာရုံစူးစိုက်မှုနဲ့ အတွေးအခေါ်တွေကို အနှောင့်အယှက်မရှိ လွတ်လပ်စွာ အကောင်းဆုံး ပျိုးထောင်ပေးနိုင်ဖို့အတွက် Thate Pan Institute မှ "One-on-One Innovator Class" ကို
မိတ်ဆက်ပေးလိုက်ရပါတယ် ခင်ဗျာ။ 🙌

🌟 Why Innovator Class?

Personal Consultation: သင်တန်းမစတင်မီ ကလေးရဲ့ ဝါသနာနဲ့ အခြေခံအဆင့်ကို ဆရာ/ဆရာမနဲ့ သီးသန့်တိုင်ပင်ဆွေးနွေးပြီးမှ အတန်းဒီဇိုင်း ဆွဲနိုင်ခြင်း။

Customized Lessons: ကလေးရဲ့ လိုအပ်ချက်နဲ့ သင်ယူမှုနှုန်းအပေါ် မူတည်ပြီး သင်ခန်းစာတွေကိုစိတ်ကြိုက် ညှိနှိုင်းသင်ကြားပေးခြင်း။

Close & Detailed Attention: One-on-One (သို့မဟုတ်) မိမိစိတ်ကြိုက် Custom Group အနေနဲ့ တက်ရောက်ရမှာဖြစ်လို့ ဆရာ/ဆရာမရဲ့ အနီးကပ် လမ်းညွှန်မှုကို ရရှိစေခြင်း။

Tracked Progress: Topic တစ်ခုပြီးတိုင်း Exams & Tests များ ပြုလုပ်ပေးသွားမှာဖြစ်လို့ ကလေးရဲ့ တိုးတက်မှုကို အမြဲ စောင့်ကြည့်နိုင်ခြင်း။

ဒီလိုမျိုး ထူးခြားချက်တွေအပြင်

🗺️ သင်ယူမှုပုံစံကိုလည်း (၂) မျိုး ရွေးချယ်လို့ရပါသေးတယ်။

🎯 ၁။ Course by Course Program:
မိမိတို့ စိတ်ဝင်စားတဲ့ Course အလိုက် တစ်ခုချင်းစီ ရွေးချယ်သင်ယူနိုင်ပြီး Curriculum ဖွဲ့စည်းပုံအရ သင်တန်းကာလ (၃) လမှ (၄) လခန့် ကြာမြင့်မှာ ဖြစ်ပါတယ်။

🚀 ၂။ Long-Term Learning Path:
Course တစ်ခုပြီးရင် နောက်ထပ် Level အမြင့်တွေကို ကလေးရဲ့ စိတ်ဝင်စားမှုနဲ့ ဆရာ့ရဲ့ အကြံပြုချက်အတိုင်း ဆက်တိုက် လေ့လာသွားမယ့် ရေရှည်လမ်းကြောင်းဖြစ်ပါတယ်။

(Eg . Python ➡️ Web Development ➡️ App Development ➡️ Computer Science)

သင်တန်းလေးကိုတော့

👶 အသက်အရွယ်: ၇ နှစ်မှ ၁၅ နှစ်
အတွင်း

💻 Class Type: One on One (သို့မဟုတ်) Custom Group

💸 သင်တန်းကြေး: ၄၀,၀၀၀ MMK (တစ်နာရီလျှင်)

ကလေးရဲ့ အတွေးအခေါ်တွေကို အတားအဆီးမရှိ၊ အမိအရ ပုံဖော်ပေးဖို့ အတွက် "Innovator Class" 👩‍💻🧑‍💻

📬 သင်တန်းအပ်နှံရန်နှင့် အသေးစိတ် စုံစမ်းလိုပါက Thate Pan Institute ရဲ့ Page Messenger ကနေ အခုပဲ တိုက်ရိုက် ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်၊ နှစ်သစ်အခါသမယမှာ Thate Pan Institute မိသားစုမှ နှုတ်ခွန်းဆက်သအပ်ပါတယ်။✨နှစ်ဟောင်းက အညစ်အကြေး...
17/04/2026

မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်၊ နှစ်သစ်အခါသမယမှာ Thate Pan Institute မိသားစုမှ နှုတ်ခွန်းဆက်သအပ်ပါတယ်။✨

နှစ်ဟောင်းက အညစ်အကြေးများကို အတာရေဖြင့် ဆေးကြောသန့်စင်ပြီး နှစ်သစ်မှာ စိတ်သစ်၊ လူသစ်၊ အင်အားသစ်များဖြင့် ပိုမိုတောက်ပသော အနာဂတ်ကို ထုဆစ်နိုင်ကြပါစေ။✨

✨ မင်္ဂလာရှိသော မြန်မာ့နှစ်သစ်ကူး အတာသင်္ကြန်အခါသမယဖြစ်ပါစေ ✨"တူတူရေလောင်းစို့" ဆိုတဲ့ အသံလေးတွေ ကြားရတော့မယ့် သင်္ကြန်က...
11/04/2026

✨ မင်္ဂလာရှိသော မြန်မာ့နှစ်သစ်ကူး အတာသင်္ကြန်အခါသမယဖြစ်ပါစေ ✨
"တူတူရေလောင်းစို့" ဆိုတဲ့ အသံလေးတွေ ကြားရတော့မယ့် သင်္ကြန်ကာလကို ရောက်ရှိလို့လာပါပြီ။ Thate Pan Institute မှအားလုံး နှစ်သစ်မှာ စိတ်သစ်၊ လူသစ်နဲ့ ပျော်ရွှင်ချမ်းမြေ့ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါတယ် 🌸💦

Thate Pan Institute ရဲ့ Innovator Class ဆိုတာ..? 🤔Thate Pan Institute ကနေပြီးတော့ သားသား၊မီးမီးတို့ တစ်ယောက်ချင်းစီ အတွက...
09/04/2026

Thate Pan Institute ရဲ့ Innovator Class ဆိုတာ..? 🤔

Thate Pan Institute ကနေပြီးတော့ သားသား၊မီးမီးတို့ တစ်ယောက်ချင်းစီ အတွက် ရည်ရွယ်ပြီး Innovator Class တွေစတင်ဖွင့်လှစ်နေပြီဖြစ်ပါတယ်။ Innovator Class ဆိုတာကတော့ Computer Science ပိုင်းမှာ အခြေခံမရှိသေးတဲ့အဆင့်ကနေ ကိုယ်ပိုင် Application တွေ၊ Software တွေကို ဖန်တီးတီထွင်နိုင်စွမ်းရှိနိုင်တဲ့အထိ သားသား၊မီးမီးတို့ကို ပံ့ပိုးကူညီပေးသွားမယ့်အတန်းတွေပဲဖြစ်ပါတယ်။ ✨

Innovator Class တွေမှာတော့ အခြားအတန်းတွေလို တစ်ခါထဲတက်ရောက်ရမှာမဟုတ်ဘဲ သားသား၊မီးမီးတို့ စိတ်ဝင်စားတဲ့ နယ်ပယ်အလိုက် Thate Pan Institute မှာရှိတဲ့ Academic Coordinator တွေနဲ့ Consultation လုပ်ပြီး အခြေခံကနေ Advance Level ရောက်တဲ့အထိ အတန်းတွေကို အကြံပြုပေးသွားမှာဖြစ်ပါတယ်။

ဒါ့အပြင် သားသား၊မီးမီးတို့ တစ်ယောက်ချင်းစီရဲ့ တိုးတက်မှုကို စောင့်ကြည့်နိုင်စေဖို့နဲ့ အရည်အသွေးပြည့်မှီတဲ့ အတန်းတွေဖြစ်စေဖို့ One-on-One သင်ကြားပေးသွားမှာဖြစ်ပါတယ်။ 👩‍💻🧑‍💻

Computer Science ကို စိတ်ဝင်စားတဲ့ သားသား၊မီးမီးတို့အတွက် ဘယ်လိုအတန်းတွေထားပေးရမလဲမသိတဲ့ ဖေဖေ၊မေမေတို့အနေနဲ့ Thate Pan Institute ရဲ့ Chat Box မှာ “Innovator Class” အကြောင်း စုံစမ်းလိုက်တော့နော်။ 🎉

၂၁ ရာစုမှာ ခေတ်စားလာတဲ့ AI တွေရဲ့ အလုပ်လုပ်ပုံကို သင်ကြားပေးမယ့် Aritificial Intelligence Foundation Camp 🤖နည်းပညာတွေတို...
14/03/2026

၂၁ ရာစုမှာ ခေတ်စားလာတဲ့ AI တွေရဲ့ အလုပ်လုပ်ပုံကို သင်ကြားပေးမယ့် Aritificial Intelligence Foundation Camp 🤖

နည်းပညာတွေတိုးတက်ပြောင်းလဲလာတာနဲ့အမျှ AI တွေဟာ တိုးတက်လာပြီး နေ့တဒူဝအလုပ်တွေမှာ မပါမဖြစ်ကို ပါဝင်လုပ်ဆောင်နေတာ အားလုံးသိကြမှာပါ။ သားသား၊မီးမီးတို့ရော AI နဲ့တည်ဆောက်ထားတဲ့ ChatBot တွေ၊ ပုံတွေနဲ့ ဗီဒီယိုထုတ်ပေးတဲ့ GenerativeAI တွေကို သုံးဖူးကြတယ် ဟုတ်..?

ဒါဆိုရင် AI တွေကို အသုံးပြုရုံတင် မကဘဲ AI တွေရဲ့ အလုပ်လုပ်ပုံတွေကို သေချာသင်ယူပြီး နောက်ပိုင်းမှာ AI Engineer ကြီးတွေအထိမဖြစ်ချင်ကြဘူးလား။

Thate Pan Institute ရဲ့ နွေရာသီ AI Foundation Camp မှာတော့ သားသား၊မီးမီးတွေအတွက် AI ကိုအသုံးပြုသူကနေ AI ရဲ့ အလုပ်လုပ်ပုံတွေကို နားလည်သဘောပေါက်ပြီး AI တွေကိုဖန်တီး တီထွင်နိုင်တဲ့ Engineering တွေအဖြစ် ခြေလှမ်းစနိုင်ဖို့ ကူညီပေးသွားမှာပဲဖြစ်ပါတယ်။

AI Foundation Camp မှာတော့

✅AI ရဲ့ အခြေခံ သဘောတရားတွေအကြောင်း
✅AI ရဲ့ အဓိက ထောက်တိုင်ဖြစ်တဲ့ Machine Learning နဲ့ Deep Learning အကြောင်း
✅AI ကိုအသုံးပြုတဲ့အခါ လိုက်နာသင့်တဲ့ ethics တွေအပြင်
✅AI Sample Models တွေကိုပါ တည်ဆောက်ရမှာဖြစ်လို့ ကလေးတွေအနေနဲ့ စာတွေ့ရော လက်တွေ့ပါကျွမ်းကျွင်သွားမှာဖြစ်ပါတယ်။

သင်တန်းကြေးအနေနဲ့ Camp တစ်ခုလုံးစာ (၃) လလုံးအတွက် 450000 ကျပ်ကျသင့်မှာဖြစ်ပြီး (၃) လ ခွဲသွင်းနိုင်မှာဖြစ်ပါတယ်။

ဒါပေမယ့်… သင်တန်းကြေးကို တစ်ခါထဲ ပေးသွင်းမယ်ဆိုရင်တော့ 400000 ကျပ်သာ ကျသင့်မှာဖြစ်ပါတယ်။

Date - Monday & Tuesday
Time - 2:00 PM - 3:30 PM
Start Date - 23.3.2026

Programming ကို အခြေခံကနေ စတင်လေ့လာချင်တဲ့ ကလေးတို့အတွက် Python Programming Camp 🧑‍💻ကဲ.. နွေရာသီမှာ ကျောင်းတွေလည်းပိတ်ပြ...
11/03/2026

Programming ကို အခြေခံကနေ စတင်လေ့လာချင်တဲ့ ကလေးတို့အတွက် Python Programming Camp 🧑‍💻

ကဲ.. နွေရာသီမှာ ကျောင်းတွေလည်းပိတ်ပြီဆိုတော့ အားတဲ့အချိန်လေးမှာ Python Programming ကို လေ့လာထားလိုတဲ့ ကလေးတို့အတွက် Thate Pan Institute ကနေ Python Programming Summer Camp လေးကို စတင်ဖွင့်လှစ်လိုက်ပါပြီ။

Python Programming ဟာ အခုဆိုရင် Programming Language တွေကြားမှာ သင်ယူရအလွယ်ကူဆုံးနဲ့ အသုံးအဝင်ဆုံး Programming Language တစ်ခုအဖြစ် ခေတ်စားလာနေပြီဖြစ်ပါတယ်။ ဒါကြောင့် Coding ကို စတင်သင်ကြားမယ့် ကလေးတို့အနေနဲ့ Python Programming ကို ရွေးချယ်လေ့လာတာဟာ အနာဂတ် အလုပ်အကိုင်အခွင့်အလမ်းတွေအတွက်လည်း များစွာကောင်းကျိုးဖြစ်စေမှာဖြစ်ပါတယ်။ 🧑‍💻

Thate Pan Institute ရဲ့ Summer Python Programming Camp မှာတော့

✅အခြေခံ Syntax တွေ
✅Methods တွေအကြောင်း
✅Database နဲ့ SQL တွေအကြောင်း အပြင်
✅သင်ခန်းစာတွေကိုအသုံးချပြီး ပရောဂျက်တွေနဲ့ ဂိမ်းအသေးစားတွေကိုပါ ရေးဆွဲရမှာဖြစ်လို့ ကလေးတွေအနေနဲ့ စာတွေ့အပြင် လက်တွေ့မှာပါ အသုံးချနိုင်သွားမှာဖြစ်ပါတယ်။

သင်တန်းကြေးအနေနဲ့ Camp တစ်ခုလုံးစာ (၃) လလုံးအတွက် 450000 ကျပ်ကျသင့်မှာဖြစ်ပြီး (၃) လ ခွဲသွင်းနိုင်မှာဖြစ်ပါတယ်။

ဒါပေမယ့်… သင်တန်းကြေးကို တစ်ခါထဲ ပေးသွင်းမယ်ဆိုရင်တော့ 400000 ကျပ်သာ ကျသင့်မှာဖြစ်ပါတယ်။

Date - Monday & Tuesday
Time - 7:30 PM - 9:00 PM
Start Date - 23.3.2026

🌟Summer Web Development Camp 🌟သားသား၊မီးမီးတို့ အတွက် နွေရာသီ ကျောင်းပိတ်ရက်ကို အကျိုးရှိရှိ အသုံးချနိုင်ဖို့အတွက် Thate...
08/03/2026

🌟Summer Web Development Camp 🌟

သားသား၊မီးမီးတို့ အတွက် နွေရာသီ ကျောင်းပိတ်ရက်ကို အကျိုးရှိရှိ အသုံးချနိုင်ဖို့အတွက် Thate Pan Institute မှ Web Development Camp ကိုစတင်ဖွင့်လှစ်ထားပါတယ်။ 🧑‍💻

STEM ဘာသာရပ်တွေကို စိတ်ဝင်စားပြီး Coding ကိုစတင်သင်ယူလေ့လာချင်တဲ့ သားသား၊မီးမီး တို့အတွက် Web Development ဟာ လွယ်ကူပြီး စတင်သင်ယူသင့်တဲ့ ဘာသာရပ်ဆိုရင်လည်း မမှားပါဘူး။ Website အသုံးပြုသူတွေရဲ့ လိုအပ်ချက်အလိုက် UI/UX လို Design Thinking တွေပါ စဉ်းစားရတာဖြစ်လို့ ကလေးတွေရဲ့ Creative Skills ကိုလည်း တိုးတက်စေမှာ အမှန်ပါပဲ။

Thate Pan Institute ရဲ့ Summer Web Development Camp မှာတော့

✅Web Development ရဲ့ အခြေခံဖြစ်တဲ့ HTML
✅CSS ရဲ့ သဘောတရားတွေနဲ့
✅Website တစ်ခု ကောင်းမွန်စွာ အလုပ်လုပ်နိုင်အောင်ကူညီပေးမယ့် Java Script တို့ကိုပါ သင်ကြားပေးမှာဖြစ်ပါတယ်။

သင်တန်းကာလအားဖြင့် (၃) လတာကြာမြှင့်မှာဖြစ်ပြီး သင်ခန်းစာတွေပြီးသွားတဲ့အခါ Final Project ပါလုပ်ရမှာဖြစ်လို့ စာတွေ့ရော၊ လက်တွေ့ပါ တတ်မြောက်စေမယ့် Summer Camp တစ်ခုပဲဖြစ်ပါတယ်နော်။

သင်တန်းကြေးအနေနဲ့ ၄၅၀၀၀၀ ကျပ်ကျသင့်မှာဖြစ်ပြီး (၃) လ ခွဲသွင်းနိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့် သင်တန်းကြေးကို တစ်ခါထဲပေးသွင်းမယ်ဆိုရင်တော့ “၄၀၀၀၀၀” ကျပ်သာ ကျသင့်မှာဖြစ်ပါတယ်။

ကဲ… ဒါဆိုရင် နွေရာသီမှာ အချိန်ကိုအကျိုးရှိရှိအသုံးချရင်း Website Development ကို သင်ယူဖို့ အခုပဲ register လုပ်ထားလိုက်တော့နော်။

Registration Link - https://forms.gle/Z4hVKGMWixwkKwcZA

☀️Thate Pan Institute ရဲ့ Summer Camps တွေ စတင်ဖွင့်လှစ်လိုက်ပါပြီ။ ☀️သားသား၊မီးမီးတို့ရဲ့ ကျောင်းပိတ်ရက်မှာ အချိန်တွေကိ...
07/03/2026

☀️Thate Pan Institute ရဲ့ Summer Camps တွေ စတင်ဖွင့်လှစ်လိုက်ပါပြီ။ ☀️

သားသား၊မီးမီးတို့ရဲ့ ကျောင်းပိတ်ရက်မှာ အချိန်တွေကို အလဟဿမကုန်ဆုံးစေချင်ဘဲ ၂၁ ရာစုရဲ့ နည်းပညာတွေတိုးတက်နေတဲ့ခေတ်ကြီးမှာ သားသား၊မီးမီးတို့လည်း နောက်ကျမကျန်ရအောင် Coding နဲ့ နည်းပညာဆိုင်ရာ ဘာသာရပ်တွေ လေ့လာထားနိုင်ဖို့ဆိုရင်တော့ Thate Pan Institute ရဲ့ နွေရာသီ Camps လေးတွေက အသင်တော်ဆုံးပဲပေါ့နော်။ ⛱️

Thate Pan Institute ရဲ့ Summer Camps တွေဟာ သားသား၊မီးမီးတို့ရဲ့ အသက်အရွယ်အလိုက် Curriculum တွေကို Thate Pan Institute ရဲ့ Instructors တွေကိုယ်တိုင် အချိန်များစွာပေးပြီး ရေးဆွဲထားတာဖြစ်လို့ Thate Pan Institute ရဲ့ Special Camps တွေလို့ပြောရင်လည်း မမှားပါဘူး။

ဒီ Camps တွေမှာတော့ အခြေခံကနေစပြီး သေချာသင်ကြားပေးမယ့်အပြင် လက်တွေ့ လေ့ကျင့်ခန်းတွေနဲ့ သင်ခန်းစာတစ်ခုချင်းစီတိုင်းအတွက် Project တွေကိုယ်တိုင်ရေးဆွဲရမှာဖြစ်လို့ သားသား၊ မီးမီး တို့က လက်တွေ့ Project တွေရေးနိုင်တဲ့အထိ Coding တွေမှာ ပိုင်နိုင်သွားမှာဖြစ်ပါတယ်။

TPI ရဲ့ Summer Camps မှာတော့

✅Website Development Camp
✅Python Programming Camp
✅Artificial Intelligence Foundation Camp

တို့ပါဝင်သွားမှာဖြစ်ပြီး သားသား၊မီးမီးတို့ စိတ်ဝင်စားတဲ့ ဘာသာအလိုက် Camp တွေကိုတက်ရောက်နိုင်မှာပဲဖြစ်ပါတယ်။

Camp တစ်ခုချင်းစီဟာ အချိန် (၃) လကြာတက်ရောက်ရမှာဖြစ်ပြီး Online ကနေတက်ရောက်ရမှာဖြစ်ပါတယ်။

သင်တန်းကြေးအနေဖြင့် “၄၅၀၀၀၀ ကျပ်” ကျသင့်မှာဖြစ်ပြီး သင်တန်းကာလ (၃) လအတွင်း ခွဲသွင်းနိုင်မှာဖြစ်ပါတယ်။
ဒါ့အပြင်သင်တန်းကြေးကို တစ်ခါတည်းပေးသွင်းမယ်ဆိုရင်တော့ “ ၄၀၀၀၀၀” ကျပ်သာကျသင့်မှာဖြစ်ပါတယ်။

အတန်းတွေရဲ့ အသေးစိတ်အချက်အလက်တွေကို ပုံလေးတွေမှာကြည့်နိုင်ပါတယ်နော်။ ✨

သားသား၊မီးမီးတို့ ၂၀၂၆ ရဲ့ နွေရာသီမှာ အချိန်တွေကိုအကျိုးရှိရှိအသုံးချရင်း Camps လေးတွေမှာပါဝင်ဖို့ စိတ်ဝင်စားတယ်ဆိုရင်တော့ အောက်က Registration Form မှာဖြည့်ထားနိုင်ပါတယ်။ အသေးစိတ်အချက်အလက်များသိရှိလိုပါက Thate Pan Institute ရဲ့ Chat Box မှလည်းလာရောက်မေးမြန်းနိုင်ပါတယ်ရှင်။🧑‍💻

Registration Form Link - https://forms.gle/Z4hVKGMWixwkKwcZA

🎮Thate Pan Word Quest 🎮Computer Science ဆိုင်ရာ စကားလုံးတွေကို တူတူရှာဖွေကြည့်ကြမယ်။ 👀သားသား၊ မီးမီးတို့သိတဲ့ ကွန်ပျုတာသ...
01/03/2026

🎮Thate Pan Word Quest 🎮

Computer Science ဆိုင်ရာ စကားလုံးတွေကို တူတူရှာဖွေကြည့်ကြမယ်။ 👀

သားသား၊ မီးမီးတို့သိတဲ့ ကွန်ပျုတာသိပ္ပံဆိုင်ရာ စာလုံး ဘယ်နလုံးလောက်တွေ့သလဲနော်။ ရှာကြည့်ပြီးရင် Comment မှာ အဖြေလေးတွေ ရေးခဲ့ပါဦး။ 🧑‍💻

🎮Thate Pan Word Quest လေးတွေကို အပတ်စဉ်တင်ပေးဦးမှာဖြစ်လို့ ကွန်ပျူသိပ္ပံဆိုင်ရာ စကားလုံးတွေနဲ့ ပိုနီးစပ်ပြီး သင်ယူချင်တဲ့ သားသား၊မီးမီးတို့ အနေနဲ့ Thate Pan Institute ကို စောင့်ကြည့်ဖို့ မမေ့ပါနဲ့နော်။ ✨

Address

အခန်း(601)၊ တိုက်အမှတ်(35)၊ ဖျာပုံလမ်း၊ စမ်းချောင်းမြို့နယ်
Yangon

Website

Alerts

Be the first to know and let us send you an email when Thate Pan Institute posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Thate Pan Institute:

Shortcuts

Share

Category