FLashlight Education Hub

FLashlight Education Hub Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from FLashlight Education Hub, Education, Yangon.

Free Class for Grade 10(စနစ်ဟောင်း)🧑‍🏫Free Classလေးအဖြစ်ပထမဆုံးကြေငြာချင်တာကတော့ သင်ရိုးဟောင်း မြန်မာဘာသာရပ်ပဲဖြစ်ပါတယ်ရ...
09/10/2021

Free Class for Grade 10(စနစ်ဟောင်း)🧑‍🏫

Free Classလေးအဖြစ်ပထမဆုံးကြေငြာချင်တာကတော့ သင်ရိုးဟောင်း မြန်မာဘာသာရပ်ပဲဖြစ်ပါတယ်ရှင့်။မြန်မာဘာသာရပ်ကို နှစ်လစာသင်ရိုးဆွဲပြီး မိတ်ဆက်သင်ကြားသွားမှာဖြစ်ပါတယ်ရှင့်။🙋

က‌လေးတွေကို ဖိအားမဖြစ်စေပဲ ‌မြန်မာစာမေးခွန်းပုံစံနဲ့ရင်းနှီးအောင်၊ သဒ္ဒါ၊ ကဗျာ၊ စကားပြေ၊ ရေသည်၊ စာစီစာကုံးနှင့် အဆိုအချေ ကဏ္ဍတို့ကို စိတ်၀င်တစားသင်ယူလိုစိတ်ဖြစ်လာအောင် နှစ်လအတွင်း မိတ်ဆက်သဘောသင်ကြားပေးသွားမှာဖြစ်ပါတယ်။🙆
နှစ်လအတွင်း မြန်မာသဒ္ဒါ၊ ကဗျာ၊ စကားပြေနှင့်
ရေသည်တို့ကို ဖတ်စာအုပ်ပါ သင်ခန်းစာတစ်ခု
ကျစီနဲ့ ချဉ်းကပ်သင်ကြားပေးမှာဖြစ်ပြီး ၊
စာစီစာကုံးနဲ့ အဆိုအချေကို တွေးတတ်ရေးတတ်လာအောင် သင်ကြားပေးသွားမှာဖြစ်ပါတယ်။
နှစ်လစာ ပညာဒါနသင်တန်းကို တတ်‌ရောက်
ပြီးနောက် မြန်မာစာနှင့်ပတ်သက်ပြီး ဆက်လက်လေ့လာလိုစိတ်၊ ဆက်လက်သင်ယူလိုစိတ်ဖြစ်လာအောင်၊ တန်ဖိုးထားဂုဏ်ယူစိတ်များဖြစ်လာအောင် ရည်‌ရွယ်သင်ကြာ‌းပေးမှာပါနော်။🤩

စာသာမက စိတ်ကိုရောသင်ကြားပေးမယ့် မြန်မာစာပညာဒါနသင်တန်းလေးဖြစ်တာမို့ အမြန်ဆုံးလာရောက်အပ်နှံနိုင်ပါပြီရှင့်။🤗
သင်ကြားရေးmethodအဖြစ် zoom appကိုအသုံးပြုသွားပါမယ်။FEHရဲ့ message boxမှာ အမည်၊ဖုန်းနံပါတ်၊Gmail accountတို့ပေးအပ်ပြီးfree classလေးjoinလို့ရပါတယ်နော်။✌️
လူဦးရေကိုလည်းအများဆုံး၁၅ယောက်သာလက်ခံပေးသွားမှာမို့FEHဆီသို့ အမြန်ဆုံးလာရောက်အပ်နှံနိုင်ပါပြီနော်။💃💃

အားလုံးပဲမဂ်လာပါရှင့်။Flashlight Education Hubကနေကြိုဆိုပါတယ်ရှင့်🙆ကျွန်မတို့FEHကနေကြေငြာစရာလေးနှစ်ခုရှိပါတယ်ရှင့်။🙋ပထမတ...
03/10/2021

အားလုံးပဲမဂ်လာပါရှင့်။
Flashlight Education Hubကနေကြိုဆိုပါတယ်ရှင့်🙆
ကျွန်မတို့FEHကနေကြေငြာစရာလေးနှစ်ခုရှိပါတယ်ရှင့်။🙋
ပထမတစ်ခုကတော့ ကျွန်မတို့FEHကနေ Systemလေးအပြောင်းအလဲရှိခဲ့တာမို့ပထမကြော်ငြာထားတဲ့နေ့ရက်လေးမှာအတန်းလေးမဖွင့်ဖြစ်ခဲ့ပါဘူးရှင့်။(လာရောက်အပ်နှံထားတဲ့သူတွေနဲ့လည်း နေ့ရက်အပြောင်းအလဲလေးပြောပြတိုင်ပင်
ထားပါတယ်ရှင့်။လာရောက်မေးမြန်းကြသူတွေကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ရှင့်)🙇

ဒုတိယကတော့ ကျွန်မတို့ရဲ့FEH ကနေ ပညာဒါနအတန်းလေးဖွင့်လှစ်ပေးမယ့်အစီအစဉ်လေးပဲဖြစ်ပါတယ်ရှင့်။🎉👏
ပညာရေးနဲ့အဆက်မပြတ်စေဖို့အတွက် စနစ်ဟောင်းဆယ်တန်းမှာပါဝင်တဲ့ သင်ခန်းစာများကို အခန်းကဏ္ဍများခွဲပြီး အခမဲ့သင်ကြားပို့ချပေးသွားမှာဖြစ်ပါတယ်ရှင့်။

အခမဲ့သင်ကြားပေးမယ့်ကာလကတော့
2လတာအဖြစ်သတ်မှတ်ထားပါတယ်ရှင့်။

ဆယ်တန်းစာမေးပွဲတွေဆိုတာ ဘယ်ချိန်ကာလမှာ ဖြေရမှန်းမသိနိုင်သေးတဲ့ ကာလဖြစ်တာမို့ ဒီ 2လတာ ကာလအတွင်းမှာ ကျွန်မတို့က သင်ရိုးညွှန်းတမ်းမှာပါဝင်တဲ့ သင်ခန်းစာတွေရဲ့ သဘောတရားအနည်းငယ်ကို မြန်မြန်ဆန်ဆန်နဲ့ ထိရောက်အောင် သင်ကြားပေးသွားမှာဖြစ်ပါတယ်။
ပညာဒါနအတန်းလေးမှာပါဝင်တဲ့ သင်ရိုးညွှန်းတမ်း
အသေးစိတ်ကို ထပ်မံကြေငြာပေးသွားပါ့မယ်နော်။

ဆရာဘက်ကနေပြီးပဲ သင်ကြားပေးမည့်ပုံစံမျိုးမဟုတ်ဘဲ ကျောင်းသားဗဟိုပြုသင်ကြားရေးကို အသုံးပြုပြီး သင်ကြားပေးသွားမှာ​ဖြစ်ပါတယ်

ဆယ်တန်းသင်ရိုးတစ်ခုလုံးကို သင်ရမှာလဲ အဆင်မပြေဘူး သင်ကြားရေးတွေနဲ့လည်း အဆက်မပြတ်စေချင်ဘူးဆိုရင်တော့ ကျွန်မတို့ရဲ့ FEH ကနေ ဖွင့်လှစ်သင်ကြားပေးမဲ့ ၂လတာ ပညာဒါနအတန်းကို ဝင်တက်ဖို့ ဖိတ်ခေါ်ပါတယ်ရှင့်။
ပညာဒါနအတန်းလေးဖြစ်တာကြောင့် မထိရောက်မှာတွေကိုလည်းစိတ်မပူပါနဲ့နော်။ပညာသင်သက်အတွေ့အကြုံရင့်တဲ့ဆရာမတွေကတာဝန်ယူပြီးသင်ကြားပေးမှာမို့ စာတွေလည်းရ၊ဗဟုသုတတွေလည်းဝဖြစ်စေမှာအသေအချာပါဘဲရှင့်။
သင်ကြားရေးမှာလည်း သင်ရိုးညွှန်းတမ်းမှာပါဝင်တဲ့ သင်ခန်းစာတွေအပြင် ဗဟုသုတရစရာ အကြောင်းအရာများကိုလည်း အလျဥ်းသင့်သလို ထည့်သွင်းသင်ကြားပေးသွားမှာဖြစ်ပါတယ်

ဒါကြောင့် ပညာရေးနဲ့အဆက်မပြတ်ချင်တဲ့ ကလေးငယ်တို့အတွက် ကျွန်မတို့ FEH ရဲ့ 2months Free Classလေးကိုjoinဖို့ဖိတ်ခေါ်ပါရစေရှင့်။👌

သင်တန်းစတင်မည့်ရက်နဲ့ အတန်းချိန်တွေကိုတော့ Flashlight Education Hub Page မှာ မကြာခင်ကြေငြာပေးသွားပါ့မယ်နော်။
တက်ရောက်ချင်တဲ့သူတွေက လာရောက်စာရင်းပေးသွင်းလို့လည်းရပါပြီရှင့်။
အသေးစိတ်သိချင်တာတွေကိုလည်းFEH ရဲ့ chat boxမှာလာရောက်စုံစမ်းလို့ရပါတယ်နော်👌

ပညာရေးယန္တရားတွေ ရပ်နားထားရတာကြာပြီမို့ကလေးတွေကို စာနဲ့မဝေးသွားစေဖို့ ရည်ရွယ်ပြီး FLashlight Education Hub Pageလေးကိုစတင...
14/09/2021

ပညာရေးယန္တရားတွေ ရပ်နားထားရတာကြာပြီမို့
ကလေးတွေကို စာနဲ့မဝေးသွားစေဖို့ ရည်ရွယ်ပြီး
FLashlight Education Hub Page
လေးကိုစတင်တည်ထောင်ဖြစ်ခဲ့ပါတယ်ရှင့်

“ အချိန် နဲ့ ဒီရေ သည် လူကိုမစောင့် ” ဆိုတဲ့ စကားအတိုင်း
ရွေ့လျားနေတဲ့အချိန်နဲ့လျော်ညီစွာ ကလေးတို့ရဲ့သင်ယူမှုအရွေ့လေးတစ်ခု ဖြစ်စေဖို့ မင်မင်တို့ နဲ့အတူ လက်တွဲပူးပေါင်းသင်ယူစေချင်ပါတယ်နော်

ကလေးများအတွက် သင်ခန်းစာများကို စိတ်ဝင်စားဖွယ်ကောင်းအောင် မှတ်မိအောင် တတ်မြောက်အောင် မင်မင်တို့က နည်းလမ်းအမျိုးမျိုးနဲ့ ချဉ်းကပ်သင်ကြားပေးသွားမှာပါနော်

သင်ကြားပေးမည့်ပုံစံကတော့ ကလေးများကို
Zoom မှတစ်ဆင့် ဆရာ ဆရာမနဲ့ Face to Face သင်ကြားပေးမည့် ပုံစံဖြစ်ပါတယ်
သင်ခန်းစာတွေအတွက် ဆရာ ဆရာမများမှ ကိုယ်ပိုင် Notes များဖြင့် ကျောင်းသားများနားလည်လွယ်မည့် နည်းလမ်းများကို အသုံးပြုပြီး သင်ကြားပေးသွားမှာဖြစ်ပါတယ်

သင်ကြားပေးထားသည့် Notesများကိုလည်း
PDF file များဖြင့်
ကျောင်းသားများထံ ပို့ပေးသွားမှာဖြစ်ပါတယ်

ကလေးတစ်ဦးချင်းစီရဲ့ အားသာချက် အားနည်းချက်အလိုက်
၁ ဘာသာချင်းစီ လေ့လာနိုင်အောင်လည်း စီစဥ်ပေးထားပြီး ဘာသာစုံ(၆ ဘာသာ)သင်ကြားပေးမည့် အစီအစဉ်များလည်း ပါဝင်ပါတယ်ရှင့်
ဒါဆိုရင်တော့ဘယ်လိုပုံစံ‌‌ေလးနဲ့သင်ကြားမယ်ဆိုတာအောက်ပါအတိုင်းလေ့လာနိုင်ပါတယ်ရှင့်။

Fees
၁ ဘာသာချင်းစီအတွက် - ၅၀၀၀(per 1month)
ဘာသာစုံအတွက် -၃၀၀၀၀ (per month)
(အယောက်၂၀ဝိုင်း)
ဘာသာစုံအတွက် - ၅၀၀၀၀ (per month)
(၅ယောက်ဝိုင်း)

Duration - 6လ
Teaching method -Zoom (face to face)
Instructor - စာသင်နှစ်5နှစ်နဲ့အထက်ဆရာမများ
စတင်ဖွင့်လှစ်မယ့်ရက် - 5.10.2021

ဘာသာရပ်များကို ကျွမ်းကျွမ်းကျင်ကျင်သင်ကြားပေးမည့် အတွေ့အကြုံရှိဘာသာရပ်သင်ဆရာမများအပြင် စာများကိုဝိုင်းဝန်းကျက်မှတ်၍ပြန်နွှေးပေးမည့် Guide အချိန်များပါ ပါဝင်မှာဖြစ်တဲ့အတွက် Online Class ဖြစ်သော်ငြားလဲ ကျောင်းသားများအတွက် အပြင်လက်တွေ့မှာ သင်ကြားနေရသလို ခံစားစေရမှာဖြစ်ပါတယ်ရှင်

ဒါကြောင့်မို့လို့ အချိန်ကို တစ်နည်းနည်းနဲ့အကျိုးရှိစွာ အသုံးချလိုသော ကလေးများအတွက် မင်မင်တို့ နဲ့အတူ
စာလေ့လာသင်ယူဖို့ ဖိတ်ခေါ်ချင်ပါတယ်နော်

ယခုကစပြီး ကျောင်းအပ်လက်ခံနေပါပြီနော်💓
အသေးစိတ်သိရှိလိုပါက
FLashlight Education Hub(FEH) Page messenger (or)
09798136403 သို့ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်❤

ကလေးတွေရဲ့ ပညာရေးခြေလှမ်းတွေကို အထောက်အပံ့ကောင်းဖြစ်စေဖို့ မင်မင်တို့ရဲ့
FLashlight Education
Hub( FEH) Page
လေးကိုလည်း like and follow လေးလုပ်ထားပေးပါဦးနော်❤

အားလုံးပဲမဂ်လာပါရှင့်ယခုလိုကာလမျိုးမှာ လုပ်ငန်းတွေရပ်နားထားရသလို ပညာရေးယန္တရားကလဲ ရပ်နားထားရတာ ကြာပါပြီ😓ပညာရေးဆိုတာက အစဥ...
11/09/2021

အားလုံးပဲမဂ်လာပါရှင့်
ယခုလိုကာလမျိုးမှာ လုပ်ငန်းတွေရပ်နားထားရသလို ပညာရေးယန္တရားကလဲ ရပ်နားထားရတာ ကြာပါပြီ😓

ပညာရေးဆိုတာက အစဥ်မပြတ်လေ့လာသင်ယူသင့်တဲ အရာတစ်ခု ဖြစ်ပါတယ်
အကြောင်းအမျိုးမျိုးကြောင့်ပညာရေးရပ်နားထားရတဲ့ကလေးတွေရဲ့အနာဂတ်တွေဟာအရာရာမှေးမှိန်လာခဲ့ပါတယ်😥
တစ်သက်တာရပ်နားသွားရတဲ့ကလေးတွေ၊ကလေး
ငယ်လေးတွေကလည်းအများကြီးပါ(ဒီအတွက်
မင်မင်တို့အပါအဝင်အားလုံးကတစ်သက်တာမေ့မရဖြစ်နေမှာပါ)💔
မင်မင်တို့ရဲ့Education Hubလေးကနေ အကြောင်းအမျိုးမျိုးကြောင့်ရပ်တန့်နေရတဲ့ပညာရေးယန္တရား
ကိုတစ်စိတ်တစ်နေရာ‌ကနေထောက်ပံ့ပေးပါရစေရှင့်🙆

ဒါကြောင့်မင်မင်တို့ရဲ့Flashlight pageလေးကနေ
အတွေ့အကြုံရှိတဲ့ဆရာ၊ဆရာမတွေနဲ့ပူးပေါင်းပြီး
ကလေးတွေရဲ့အနာဂတ်ခြေလှမ်းတွေကို‌ထောက်ပံ့ပေးပါရစေရှင့်🧑‍🏫

FLashlight Educationရဲ့ပထမဆုံးအတန်းလေးကတော့ "ဆယ်တန်းစနစ်ဟောင်းအတန်းလေး"ဖြစ်ပါတယ်။မင်မင်တို့flashlightကနေအသက်သာဆုံး
‌သင်တန်းကြေး၊ထိရောက်မှုအရှိဆုံးသင်ကြားရေးစနစ်တွေနဲ့ကလေးငယ်တွေရဲ့ပညာရေးကို
တာဝန်ယူပေးပါရစေ။🙆

ဒီနေရာမှာ FLashlight Educationရဲ့ရည်ရွယ်ချက်လေးတွေကိုလည်းပြောပြချင်ပါတယ်။
- ကလေးငယ်တွေရဲ့ပညာရေးခြေလှမ်းတွေကို
မရပ်တန့်သွားစေလိုတဲ့စေတနာကိုအခြေခံပြီး
FLashlight Educationရယ်လို့ပေါ်ပေါက်လာတာဖြစ်ပါတယ်။
- နောက်တစ်ခုကတော့မင်မင်တို့ရဲ့Education
ကနေသင်တန်းကြေးfeesကိုတော့အသက်သာဆုံးနှုန်းထားဖြစ်အောင်စီစဉ်ပေးထားပါတယ်ရှင့်။🙋
-မင်တို့ကရတဲ့သင်တန်းကြေးကနေ percentageရယ်လို့သတ်မှတ်ပြီးလိုအပ်တဲ့နေရာတွေမှာလည်း
ပြန်လည်လှူဒါန်းပေးသွားမှာပါရှင့်။(ဒါကြောင့်
ပညာရည်လည်းဝ၊ကုသိုလ်လည်းရ ဖြစ်မှာပါနော်)
👏👏🎉

သက်သာတဲ့ဈေးနှုန်းနဲ့စီစဉ်ထားလို့သင်ကြားရေး
မှာအဆင်ပြေမှုရှိ၊မရှိလည်းစိတ်ပူစရာမလိုပါဘူးနော်။🙅🙅🧏🧏
မင်တို့flashlightကနေ စာသင်အတွေ့အကြုံ
အနည်းဆုံး5နှစ်နဲ့အထက်ဆရာ၊ဆရာမများဖြင့်
ဖွဲ့စည်းထားခြင်း၊ စာအတူတူကျက်ပေးမယ့်
guideဆရာ၊ဆရာမများပါဝင်ခြင်း၊စနစ်တကျ
လေ့လာသင်ကြားပေးခြင်း၊ နည်းစနစ်ကောင်း
များဖြင့်ထိရောက်စွာသင်ကြားပေးခြင်းတို့ပါဝင်မှာဖြစ်ပါတယ်ရှင့်💁

ကဲ.....မင်တို့flashlightကနေ ကလေးငယ်တို့ရဲ့
ပညာရေးကိုတာဝန်ယူပေးပါရစေနော်
မင်တို့သင်ကြားရေးနဲ့ပတ်သက်တဲ့ အချက်အလက်တွေကိုနောက်ထပ်လာမယ့်ပို့စ်မှာပြောပြပေးပါ့မယ်
နော်။🙆

ကလေးတွေရဲ့ပညာရေးခြေလှမ်းတွေကိုအထောက်အပံ့ဖြစ်စေဖို့ မင်တို့ FLashlight Education Hub(FEH)
Pageလေးကို like and followလုပ်ထားပေးပါဦးနော်💡💡🤍

Address

Yangon

Website

Alerts

Be the first to know and let us send you an email when FLashlight Education Hub posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category