လင်းလက် ပျိုးဥယျာဉ် Linn Latt Nursery

  • Home
  • Myanmar
  • Yangon
  • လင်းလက် ပျိုးဥယျာဉ် Linn Latt Nursery

လင်းလက် ပျိုးဥယျာဉ်  Linn Latt Nursery Thank You,For Your Join Us!!

10/12/2023

#ဦးသူယူနော်😘😘

ဧကပြတ်စိုက်မည့် လုပ်ငန်းရှင်များအတွက်အထူးဈေးနှုန်းလေးပါ😍

လင်းလက် ပျိုးဥယျာဉ် Linn Latt Nursery
ကန်တော်ကြီးမြေပဒေသာကျွန်း၊ဗဟန်း။

09420174510
09405617658

ယိုးဒယားအုန်းချိုမွှေး အရင်ဈေး 9000တန်အပင်များကိုယခုဝယ်ယူမည်ဆိုပါက 8000ကျပ်ဖြင့်ရရှိမှာဖြစ်ပါတယ်ရှင့်❤️30.9.2023နောက်ဆုံ...
28/09/2023

ယိုးဒယားအုန်းချိုမွှေး အရင်ဈေး 9000တန်အပင်များကိုယခုဝယ်ယူမည်ဆိုပါက 8000ကျပ်ဖြင့်ရရှိမှာဖြစ်ပါတယ်ရှင့်❤️

30.9.2023နောက်ဆုံးဝယ်ယူမည့်သူများသာလျှင်ရမှာဖြစ်ပါတယ်နော်☺️

ယိုးဒယားအုန်းချိုမွှေး အသီးများလိုသလောက်ရပါပြီရှင့်။ဆိုင်မှာလာဝယ်လို့လည်းရပါတယ်။ အိမ်တိုင်ရာရောက်deliနဲ့လည်းပို့ပေးပါတယ်...
03/07/2023

ယိုးဒယားအုန်းချိုမွှေး အသီးများလိုသလောက်ရပါပြီရှင့်။
ဆိုင်မှာလာဝယ်လို့လည်းရပါတယ်။ အိမ်တိုင်ရာရောက်deliနဲ့လည်းပို့ပေးပါတယ်ရှင့်❤️
၁လုံး၂၈၀၀ကျပ်ပါ။
09405617658
လင်းလက်ပျိူးဥယျာဉ်
ကန်တော်ကြီးမြေပဒေသာကျွန်း၊ဗဟန်း။

ယိုးဒယားအုန်းချိုမွှေးအပင်ကြီး သီးသန့်ကြိုက်သူများဈေးနှုန်းသက်သာစွာဖြင့် တပင်လျှင် 5000ကျပ်နှုန်းဖြင့် ဝယ်ယူနိုင်ပါပြီရှ...
27/06/2023

ယိုးဒယားအုန်းချိုမွှေးအပင်ကြီး သီးသန့်ကြိုက်သူများဈေးနှုန်းသက်သာစွာဖြင့် တပင်လျှင် 5000ကျပ်နှုန်းဖြင့် ဝယ်ယူနိုင်ပါပြီရှင့်။

မိုးတွင်ဘက်မြေချစိုက်ရင်တော့အသေအပျောက်စိတ်ချရပါမယ်ရှင့်☺️
တပင်လောက်စိုက်ထားရုံနဲ့တင်5000ဆိုတဲ့‌ေစျးကအသီးသီးလာတဲ့အခါ တပင် 10လုံးသီးရင်တောင် အရမ်းတန်နေပါပြီနော်😁

ဆိုင်မှာinstock အပင်2500ကျော်ရှိပါတယ်
ကားခသာသာလေးပဲယူပြီးရောင်းပေးမှာဖြစ်သည့်အတွက်အမြန်ဆုံး page messengerမှာလာမှာလိုက်တော့နော်😘

09405617658
လင်းလက်ပျိုးဥယျာဉ်
ကန်တော်ကြီးမြေပဒေသာကျွန်း၊ဗဟန်း

လင်းလက်ပျိုးဥယျာဉ် မှတာဝန်ယူစိုက်ပျိုးပေးရမည့် အုန်းချိုမွှေး(Nam Hom Dwarf Coconut)ဧက ၅၀ စိုက်ကွင်း။မိုးဦးကျတာနဲ့ မြေချ...
14/05/2023

လင်းလက်ပျိုးဥယျာဉ် မှတာဝန်ယူစိုက်ပျိုးပေးရမည့် အုန်းချိုမွှေး(Nam Hom Dwarf Coconut)ဧက ၅၀ စိုက်ကွင်း။
မိုးဦးကျတာနဲ့ မြေချစိုက်ပျိုးပါမည်။မြေချ မစိုက်ပျိုးမှီ မြေကြီးနဲ့ အမြစ်အသားကျအောင် ပျိုးအိတ်ဖြင့် ထည့်၍ နှပ်ထားသောကြောင့် အပင်များ ကျန်းမာသန်စွမ်းပြီး မြေချစိုက်ပျိုးသည့်အခါ အပင်ကြီးထွားမှုနှုန်း နှင့် ပြင်ပမှဝင်လာမည့် ရောဂါအန္တရာယ်များကို ခုခံနိုင်စွမ်းကောင်းပါတယ်။
ပျိုးအိတ်ဖြင့် ထည့်နှပ်ထားသောကာလတွင် အ‌ပင်အသေအပျောက် ရာခိုင်နှုန်း ၂.၁%ပါ။
မြေချစိုက်ပျိုးသည့်အခါ အပင်အသေ‌အပျောက် ရာခိုင်နှုန်း မှန်းခြေ ၀.၃ to ၀.၇%ပါ။

#လင်းလက်ပျိုးဥယျာဉ်မှ လူကြီးမင်းတို့၏ စိုက်ကွင်းများရှိ နှစ်ရှည်သီးပင်များ ကျန်းမာကောင်းမွန် အဆင်ပြေစေရန်အတွက် စတင်စိုက်ပျိုးသည့်နေ့မှစ၍ ရောင်းတန်းဝင်သည့် အသီးတင်သည်အထိ တာဝန်ယူမှု ဝာာဝန်ခံမှု အပြည့်အဝဖြင့် စိုက်ပျိုးရေးဝန်ဆောင်မှုများ ပေးလျက်ရှိပါသည်။

#လင်းလက်ပျိုးဥယျာဉ်
09-405617658(Viber)
09-740868687
ကန်တော်ကြီး၊မြေပဒေသာဥယျာဉ်၊ဗဟန်းမြို့နယ်၊ရန်ကုန်မြို့။

( ျားကိုလက်ဖြင့်ထောက်ပြီးဖတ်ရှုပါ)  ,    ,  #ဂျူလင်စီနှင့်အခြားအကျိုးပြု #အဏုဇီဝမြေသြဇာဖျော်ရည်များ=====================...
14/05/2023

( ျားကိုလက်ဖြင့်ထောက်ပြီးဖတ်ရှုပါ)

, , #ဂျူလင်စီနှင့်အခြားအကျိုးပြု
#အဏုဇီဝမြေသြဇာဖျော်ရည်များ
================================
၁။ EM ဖျော်ရည်အပြင်းပြုလုပ်ခြင်း။ https://m.facebook.com/story.php?story_fbid=600277900483894&id=100015050680805

၂။ EM 1 ဖျော်ရည်ပြုလုပ်နည်း။ https://m.facebook.com/story.php?story_fbid=608035926374758&id=100015050680805

၃။ EM 5 ဖျော်ရည်ပြုလုပ်နည်း။ https://m.facebook.com/story.php?story_fbid=601005327077818&id=100015050680805

၄။ နေရောင်ခြည်မှရရှိသော အဏုဇီဝပိုးများ။
https://m.facebook.com/story.php?story_fbid=610045272840490&id=100015050680805

၅။ ငါးအမိုင်နိုအက်စစ်ပြုလုပ်နည်း။ https://m.facebook.com/story.php?story_fbid=604515810060103&id=100015050680805

၆။ အမြစ်ပွားဆေးပြုလုပ်သုံးစွဲနည်း။ https://m.facebook.com/story.php?story_fbid=593822087796142&id=100015050680805

၇။ ကြက်ဥဂျူလင်စီ ပြုလုပ်နည်း။ https://m.facebook.com/story.php?story_fbid=576415009536850&id=100015050680805

၈။ သီးစုံမြေသြဇာအရည်ပြုလုပ်နည်း။ https://m.facebook.com/story.php?story_fbid=603835016794849&id=100015050680805

၉။ သစ်သီးအချဉ်ဖေါက်ရည်ပြုလုပ်နည်း။
https://m.facebook.com/story.php?story_fbid=594126697765681&id=100015050680805

၁၀။ ဆန်ဆေးရည်ဖြင့်ဇီဝရည်ပြုလုပ်နည်။
https://m.facebook.com/story.php?story_fbid=569339256911092&id=100015050680805

၁၁။ ဘော်ဒိုမစ်ချားဖေါ်စပ်နည်း။ https://m.facebook.com/story.php?story_fbid=605636279948056&id=100015050680805

၁၂။ ငါးအမိုင်နိုအက်စစ်ပြုနည်း။ https://m.facebook.com/story.php?story_fbid=591556518022699&id=100015050680805

၁၃။ ထိုင်းလုပ်ရွက်ဖြန်းမြေသြဇာ။ https://m.facebook.com/story.php?story_fbid=565987773912907&id=100015050680805

၁၄။ နွားနို့ချဉ်ရည်ပြုလုပ်နည်း။ https://m.facebook.com/story.php?story_fbid=595305684314449&id=100015050680805

၁၅။ EM ပြုလုပ်နည်းတမျိုးနှင့်ပွားယူခြင်း။
https://m.facebook.com/story.php?story_fbid=595601957618155&id=100015050680805

၁၆။ ဆိတ်ချေးရွက်ဖြန်းအားတိုးဆေး။ https://m.facebook.com/story.php?story_fbid=595164264328591&id=100015050680805

၁၇။ အပင်အသီးအပွင့်အားတိုးဆေး။ https://m.facebook.com/story.php?story_fbid=593582511153433&id=100015050680805

၁၈။ EM ကိုယ်တိုင်မွေးမြူနည်း။ https://m.facebook.com/story.php?story_fbid=593234477854903&id=100015050680805

၁၉။ ငါးအမိုင်နိုအက်စစ်နှင့်သစ်သီးအင်ဇိုင်း။
https://m.facebook.com/story.php?story_fbid=585879521923732&id=100015050680805

၂၀။ ဗီစက်ရွက်အော်ဂင်းနစ်ရွက်ဖြန်းအားဆေး
ပြုလုပ်ပုံ။ https://m.facebook.com/story.php?story_fbid=558306901347661&id=100015050680805

၂၁။ သီးစုံ EMပြုလုပ်နည်း။ https://m.facebook.com/story.php?story_fbid=562141470964204&id=100015050680805

၂၂။ ဗီးစပ်ရွက် ရွက်ဖြန်းအားဆေး။ https://m.facebook.com/story.php?story_fbid=576289059549445&id=100015050680805

၂၃။ ကုက္ကိုလ်သီးအားဆေးဖျော်ရည်။ https://m.facebook.com/story.php?story_fbid=616019585576392&id=100015050680805

၂၄။ ကြက်ဥဟော်မုန်းဆေးရည်။ https://m.facebook.com/story.php?story_fbid=616178422227175&id=100015050680805

၂၅။ EM1/2 IMO Yeast(တဆေး)ပြုလုပ်နည်း
https://m.facebook.com/story.php?story_fbid=618213985356952&id=100015050680805

၂၆။ စိုက်ပျိုးရေးအတွက်ဖော့စ်ဖောရပ်ပြုလုပ်
နည်း။ https://m.facebook.com/story.php?story_fbid=622801491564868&id=100015050680805

၂၇။ နာနတ်သီးဂျူလင်စီပြုလုပ်နည်း။ https://m.facebook.com/story.php?story_fbid=622994008212283&id=100015050680805

၂၈။ ကြက်ဥဟော်မုန်းဆေး။ https://m.facebook.com/story.php?story_fbid=624159911429026&id=100015050680805

၂၉။ နင်္ဂါးမောက်သီးတင်ကြက်ဥအီးအမ်။ https://m.facebook.com/story.php?story_fbid=624334134744937&id=100015050680805

၃၀ ။ လယ်ခရုဂျူလင်စီပြုလုပ်နည်း။ https://m.facebook.com/story.php?story_fbid=625591601285857&id=100015050680805

၃၁။ ငှက်ပျောဂျူလင်စီအကျိုးပြုအနုဇီဝ
ဆေးရည်။https://m.facebook.com/story.php?story_fbid=626954714482879&id=100015050680805

၃၂။ NPK 16 : 16: 16 ပြုလုပ်နည်း။ https://m.facebook.com/story.php?story_fbid=627184994459851&id=100015050680805

၃၃။ NPK 15: 15: 15 ပြုလုပ်နည်း။ https://m.facebook.com/story.php?story_fbid=625784151266602&id=100015050680805

၃၄။ NPK 46 : 0 : 0 ပြုလုပ်နည်း။ https://m.facebook.com/story.php?story_fbid=627784407733243&id=100015050680805

၃၅။ ဖောစ်ဖောရပ်(P)ပြုလုပ်နည်း။ https://m.facebook.com/story.php?story_fbid=631354294042921&id=100015050680805

၃၆။ ရာသီမဟုတ်အသီးသီးနည်း(ကြက်ဥဟော်
မုန်းဆေး)။ https://m.facebook.com/story.php?story_fbid=631437194034631&id=100015050680805

၃၇။ ထမင်းအခြေခံဇီဝမြေသြဇာရည်။ https://m.facebook.com/story.php?story_fbid=632792403899110&id=100015050680805

၃၈။ ဂျူလင်စီအစားထိုး ကြက်ဥဟော်မုန်းဆေး
ုပြုလုပ်နည်း။ https://m.facebook.com/story.php?story_fbid=632850410559976&id=100015050680805

၃၉။ EMပြုလုပ်/ပြန့်ပွားနည်း။ https://m.facebook.com/story.php?story_fbid=633395133838837&id=100015050680805

၄၀။ နို့ဟော်မုန်းပြုလုပ်နည်း။ https://m.facebook.com/story.php?story_fbid=634097143768636&id=100015050680805

၄၁။ ငါးEM - Extra ပြုလုပ်နည်း။ https://m.facebook.com/story.php?story_fbid=634214583756892&id=100015050680805

၄၂။ EM ဆိုသည်မှာ။ https://m.facebook.com/story.php?story_fbid=636635193514831&id=100015050680805

၄၃။ EMအမြောက်အများမွေးမြူနည်း။ https://m.facebook.com/story.php?story_fbid=638702169974800&id=100015050680805

၄၄။ EMလုပ်နည်းတမျိုး။ https://m.facebook.com/story.php?story_fbid=639281863250164&id=100015050680805

၄၅။ EM1ပြုလုပ်နည်း။ https://m.facebook.com/story.php?story_fbid=594586701053014&id=100015050680805

https://m.facebook.com/story.php?story_fbid=644778236033860&id=100015050680805

၄၆။ သြဂင်းနစ်ရေဖျော်အပင်အားဆေး။ https://m.facebook.com/story.php?story_fbid=644778236033860&id=100015050680805

၄၇။ ပန်းများဖူးပွင့်စေသောဆေးနည်း။ https://m.facebook.com/story.php?story_fbid=646280149217002&id=100015050680805

၄၈။ #ရေးသမျှအသစ်အသစ်များကိုဤနေရာ
#တွက်ဖြည့်စွက်ဖေါ်ပြသွားပါမည်။

Copy

မျိုးမှန်ကန်၊အပင်သန်၍ ပျိုးအိတ်ထဲအမြစ်စွဲပြီးသား အုန်းချိုမွှေး ပျိုးပင်များ ရပါမည်ရှင့်🙏ဆေးပုံမှန် ဖျန်းထားသည့်အတွက် သံ...
28/10/2022

မျိုးမှန်ကန်၊အပင်သန်၍ ပျိုးအိတ်ထဲအမြစ်စွဲပြီးသား အုန်းချိုမွှေး ပျိုးပင်များ ရပါမည်ရှင့်🙏
ဆေးပုံမှန် ဖျန်းထားသည့်အတွက် သံချေးရောဂါ နှင့် မှိုရောဂါ ကင်းရှင်းပြီး သေချာ စနစ်တကျ ပြုစုထားသည့် အပင်တွေဖြစ်လို့ ဝယ်ယူသူတွေအတွက် စိတ်ချမ်းသာစေမှာပါ။
Organic Fertilizer ကျွေးပြီးသား အပင်တွေဖြစ်ပြီး အမြစ်ကောင်းကောင်းအလုပ် လုပ်နေပြီဖြစ်သည့်အတွက် စိုက်ခင်းထဲ ချစိုက်သည့် အချိန်တွင် မြေကြီးနှင့်အမြစ်အသားကျအောင် စောင့်စရာမလိုအပ်ဘဲ ချက်ခြင်း တန်းတက်မည့် အပင်တွေဖြစ်လို့ အချိန် ၂လဝန်းကျင်လောက် သက်သာစေပါတယ်။
အရည်အသွေးမြင့်ပြီး စိတ်ချရသည့် အပင်များသာ ရောင်းတာဖြစ်လို့ လူကြီးမင်းတို့ ကိုယ်တိုင် စိုက်ပျိုးသည့် အခါတွင် အခက်အခဲနည်းပါးတာပေါ့။

မျိုးအတွက်ကတော့ ၁၀၀%အာမခံပါတယ်ရှင့်။
အခက်အခဲ တစ်စုံတစ်ရာရှိပါက အချိန်မရွေး လာရောက်မေးမြန်းနိုင်ပါတယ်။

အပင်စျေးနှုန်းတစ်ပင် -၇၀၀၀ကျပ်ပါ။
အသုံးပြုထားသည့် အဟာရတန်ဖိုးနှင့် ပြုစုထိန်းသိမ်းခ တစ်ပင် ၁၀၀၀ကျပ်သာ ပိုယူထားပါတယ်။
၁၀၀၀ ပိုပေးလိုက်ရသည့် ပမာဏနှင့် ညီမျှသည့် တန်ဖိုး ပြန်ရစေဖို့ အထူးအာမခံပါတယ်နော်။🙏🙏

#လင်းလက်ပျိုးဥယျာဉ်
09-405617658(Viber)
09-740868687
-ကန်တော်ကြီး၊မြေပဒေသါကျွန်း၊ဗဟန်းမြို့နယ်၊
ရန်ကုန်မြို့။

အရောင်းPostမတင်တာကြာလို့တင်ပါအုန်းမယ်။အုန်းချိုမွှေးအိတ်ထုတ်အမြစ်ဆွဲအပင်သန့်သံချေးရောဂါမှိုရောဂါမပါ ၁ပင်7500 ချက်ချင်းချ...
17/10/2022

အရောင်းPostမတင်တာကြာလို့တင်ပါအုန်းမယ်။

အုန်းချိုမွှေးအိတ်ထုတ်အမြစ်ဆွဲအပင်သန့်သံချေးရောဂါမှိုရောဂါမပါ ၁ပင်7500 ချက်ချင်းချစိုက်ရုံပဲနော်☺️☺️☺️

09-405617658

#လင်းလက်ပျိုးဥယျာဉ်
ဂျပန်သံရုံးမျက်စောင်းထိုးမြေပဒေသာကားမှတ်တိုင်၊ကန်တော်ကြီးမြေပဒေသာကျွန်းဗဟန်းတွင်လာရောက်ဝယ်ယူနိုင်ပါသည်။

ဆူးပုတ် စိုက်ပျိုးနည်းတောရောမြို့ပါကြိုက်နှစ်သက်တာကြောင့်မို့ နေရာတိုင်းလိုမှာ ဈေးကွက်ရှိတဲ့ ဟင်းရွက်တမျိုးဖြစ်ပါတယ်။ ပဲ...
10/10/2022

ဆူးပုတ် စိုက်ပျိုးနည်း

တောရောမြို့ပါကြိုက်နှစ်သက်တာကြောင့်မို့ နေရာတိုင်းလိုမှာ ဈေးကွက်ရှိတဲ့ ဟင်းရွက်တမျိုးဖြစ်ပါတယ်။ ပဲဟင်းထဲ ခတ်သောက်တာ၊ သီးသန့်ကြော်စားတာ ကြက်ဥနဲ့ ရောကြော်စားသောက်တတ်ကြတာကြောင့် ဈေးကွက်ကကျယ်ပြန့်လာပြီး စီးပွားဖြစ်စိုက်ပျိုးလာသူတွေလည်း များလာပါတယ်။

ဆူးပုတ်ကြီး မျိုးစေ့ တစ်ထုတ် =25000ကျပ်
09777444956

ဆူးပုပ်မှာလည်း ဆူးပုတ်ကလေးမျိုးနှင့် ဆူးပုပ်ကြီးမျိုးဆိုပြီး နှစ်မျိုးခွဲခြားထားပါတယ်။

(၁) ဆူးပုပ်ကလေးမျိုး
အရွက်အရွယ်အစားရော အပင်အရွယ်အစားပါ သေးငယ်ပြီး အရွက်အနံ့မှာလည်း ဆူးပုပ်ကြီးလောက် မပြင်းပါ။ မြန်မာနိုင်ငံမှာတော့ ဆူးပုပ်ကလေးကို မြေလတ်ဒေသ(မကွေး၊ ကျောက်ပန်းတောင်း)တို့တွင် အစိုက်များသည်။ ထိုဒေသများတွင် ဆူးပုပ်ကြီးထက် ဆူးပုပ်ကလေးကို ပို၍အသုံးများပါတယ်။

(၂) ဆူးပုပ်ကြီးမျိုး
အပင်နှင့်အရွက် အရွယ်အစားက ဆူးပုပ်ကလေးမျိုးထက် ပိုကြီးသည်။ အရွက်အနံ့မှာလည်း ဆူးပုပ်ကလေးထက် ပို၍ပြင်းပြီး ပဲကြီးဟင်းချိုချက်ရာတွင် ဆူးပုပ်ကြီးကို အများဆုံးထည့်ချက်တတ်ကြပါတယ်။ အခုပြောနေတဲ့ ဆူးပုပ်ကြီးမျိုးကိုမှ(၁) ဆူးကျဲမျိုး၊ (၂) ဆူးလတ်မျိုး ၊ (၃) ဆူးစိပ်မျိုး ဆိုပြီး (၃)ခုထပ်ရှိပါသေးတယ်။

၁။ ရေမြေ ရာသီဥတု
-----------------
ဆူးပုပ်သည် တောင်ပေါ်မြေပြန့်မရွေး ဖြစ်ထွန်းသဖြင့် ရာသီဥတုမရွေးသော အပင်ဖြစ်သည်။ ဆူးပုပ်သည် ရေဝပ်သည့် စိမ့်စွဲမြေမျိုးကို အနှစ်သက်ပါပြီး မြေစေး၊ စနယ်မြေစေးကိုလည်း အနှစ်သက်ပါတယ်။ ဂဝံမြေ၊ သဲမြေ၊ ကျောက်စရစ် အနည်းငယ်ခံသောမြေတို့တွင် အပေါ်ယံမြေသား ထူကကောင်းပါသည်။ ရေနှုတ်အားကောင်းသော မြေမျိုးဖြစ်ရပါမည်။

စိုက်ခင်းသည် မြေရိုင်းဖြစ်ပါက မိုးမကျမှီ သစ်ငတ်တူးခြင်း ပြုလုပ်ရပါသည်။ မိုးကျလျှင် ထယ်တစ်လွှာဝင်ပြီး ထွန်မွှေ၁၍ မြေညှိပြီး စိုက်မြောင်းများကို ပေ(၄၀)အရှည် မြောင်းများအဖြစ် ဆွဲပေးထားရပါမည်။

၂။ စိုက်ခင်းမြေပြုပြင်ခြင်း
--------------------------
ဆူးပုပ်စိုက်ခင်း ပြုလုပ်မည့်နေရာသည် မြေရိုင်းဖြစ်ပါက မိုးမကျမီ သစ်ငုတ်တူးခြင်း၊ သစ်ငုတ်များပြောင်အောင် ကောက်ခြင်းများ ပြုလုပ်ရပါမည်။ မိုးကျပြီးနောက် ထယ်ဝင်၍ရသည်နှင့် ထယ်တစ်လွှာထိုး၊ ထွန်မွှေပြီး မြေကိုပြန်ညှိထားရပါသည်။
စိုက်မြောင်းများဆွဲရာတွင် ၁၀ လံ( ၄၀ ပေ)မြောင်းများ ဆွဲလေ့ရှိသည်။ စိုက်မြောင်းများကို တောင်နှင့်မြောက် ဆွဲလေ့ရှိသည်။

၃။ စိုက်ပျိုးခြင်း
--------------
စိုက်မြောင်းများတွင် အနက်(၈)လက္မခန့်နှင့် အကျယ်(၄-၆)လက္မခန့် ကျင်းကလေးများ တူးရသည်။ ကျင်းတစ်ခုနှင့်တစ်ခုကို အနည်းဆုံး (၆)ပေစီခြား၍ တူးရသည်။ မြေထုပ်စည်းပင်ကို ကျင်းထဲတွင် (၄)လက္မမြှုပ်၍ စိုက်ရသည်။
စိုက်ရာတွင် အပင်ကိုထောင်မတ်နေအောင် စိုက်ပြီး မြေပြန်ဖုံးရသည်။ထို့နောက် အပင်ခြေရင်း ရေမဝပ်စေရန်အတွက် (၆)လက်မ အမြင့် ဦးချွန်မြေပုံကလေးကို အပင်ခြေရင်းတွင် ပြုလုပ်ပြီး မြေမဟာစေရန် ဖိသိပ်ပေးရသည်။

၄။ မြေသြဇာကျွေးခြင်း
----------------------
စိုက်ပြီး(၁၁)ရက်ခန့်တွင် (၁၀)လံမြောင်းတစ်မြောင်းကို နွားချေး( ၁ - ၆ )တောင်းအထိထည့်သည်။ နွားချေး မြေသြဇာထည့်ပြီး ရေဝအောင်လောင်းပေးရသည်။ မြေထုပ်စီးပင် စိုက်ပြီး (၆)လလောက်အကြာတွင် အပင်မှ အတက်ကြီးများထွက်ပေါ်လာပါလိမ့်မည်။ ထိုအတက်ကြီးများကို(၁)ပေခန့်မြင့်လာလျှင် ဖြတ်ပေးရသည်။ယင်းအတက်များမှ အညွန့်အသစ်များလိုက်လာလျှင် အောက်ဆုံးအတက်ကို ချန်၍ ခူးယူစားသုံးနိုင်သည်။

ဆူးပုတ်ပင်သည် ကိုင်းချိုင်ခြင်းကို မနှစ်သက်သဖြင့် ကိုင်းခြောက်များကိုသာ ဖယ်ရှားပေးသင့်ပါသည်။ကိုင်းဖြတ်များပါက အပင်သေသည်အထိ ဖြစ်နိုင်သည်။ မြေသြဇာအတွက် (၁၀)လံမြောင်းတစ်မြောင်းကို တင်းတောင်းဖြင့် နွားချေး(၆)တောင်းခန့် ကျွေးရသည်။ အညွန့်များများထွက်စေချင်ရင် မြေသြဇာနဲ့ ရေကို ပုံမှန်ပေးဖို့တော့ အရေးကြီးပါတယ်။

၅။ ဆွတ်ခူးခြင်းနှင့် အထွက်
---------------------------
စိုက်ပျိုးပြီး ၆လခန့် အကြာမှာ ကိုင်းမကြီးများမှ ထွက်လာသော အညွန့်များကို အောက်ဆုံးအခက်တခု ချန်၍ခူးနိုင်ပါသည်။ အညွန့်ခူးခြင်းကို (၁)ရက်ခူး (၃)ရက်အနားပေး စနစ်ဖြင့် ဆောင်ရွက်နိုင်ပါသည်။ စိုက်ဧကနည်းရင် သုံးလေးရက်ြခြား တခါဖြတ်လို့ရပါတယ်။ အပင်သက်တမ်း (၂၅)နှစ်ကျော်လာရင်တော့ အပင်အိုပြီး အထွက်နှုန်းနည်းတတ်လို့ တခြားအပင်သစ်နဲ့ လဲလှယ်စိုက်ပျိုးပေးသင့်ပါသည်။

တစ်ဧက တစ်ကြိမ်ခူးလျှင် တစ်စည်း(၂-၃)ညွန့်ပါအစည်းပေါင်း (၄၀၀-၅၀၀)ခန့် ရသည်။ ဖေဖေါ်ဝါရီလမှ ဇွန်လအတွင်းခူးရာတွင် တစ်ဧက တစ်ကြိမ်ခူးလျှင် အစည်း(၁၀၀၀-၁၅၀၀)အထိ ထွက်သည်။ နောက်ပိုင်းတွင် တစ်ဧကတစ်ကြိမ်ခူးလျှင် အစည်း(၅၀၀၀)ခန့် အထိထွက်နိုင်သည်။

ကိုးကား- ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်း (OpenDoor Technology)
#ဆူးပုတ်စိုက်ပျိုးနည်း

ဆူးပုတ် စိုက်ပျိုးနည်း

တောရောမြို့ပါကြိုက်နှစ်သက်တာကြောင့်မို့ နေရာတိုင်းလိုမှာ ဈေးကွက်ရှိတဲ့ ဟင်းရွက်တမျိုးဖြစ်ပါတယ်။ ပဲဟင်းထဲ ခတ်သောက်တာ၊ သီးသန်းကြော်စားတာ ကြက်ဥနဲ့ ရောကြော်စားသောက်တတ်ကြတာကြောင့် ဈေးကွက်ကကျယ်ပြန့်လာပြီး စီးပွားဖြစ်စိုက်ပျိုးလာသူတွေလည်း များလာပါတယ်။
ဆူးပုပ်မှာလည်း ဆူးပုတ်ကလေးမျိုးနှင့် ဆူးပုပ်ကြီးမျိုးဆိုပြီး နှစ်မျိုးခွဲခြားထားပါတယ်။

(၁) ဆူးပုပ်ကလေးမျိုး
အရွက်အရွယ်အစားရော အပင်အရွယ်အစားပါ သေးငယ်ပြီး အရွက်အနံ့မှာလည်း ဆူးပုပ်ကြီးလောက် မပြင်းပါ။ မြန်မာနိုင်ငံမှာတော့ ဆူးပုပ်ကလေးကို မြေလတ်ဒေသ(မကွေး၊ ကျောက်ပန်းတောင်း)တို့တွင် အစိုက်များသည်။ ထိုဒေသများတွင် ဆူးပုပ်ကြီးထက် ဆူးပုပ်ကလေးကို ပို၍အသုံးများပါတယ်။

(၂) ဆူးပုပ်ကြီးမျိုး
အပင်နှင့်အရွက် အရွယ်အစားက ဆူးပုပ်ကလေးမျိုးထက် ပိုကြီးသည်။ အရွက်အနံ့မှာလည်း ဆူးပုပ်ကလေးထက် ပို၍ပြင်းပြီး ပဲကြီးဟင်းချိုချက်ရာတွင် ဆူးပုပ်ကြီးကို အများဆုံးထည့်ချက်တတ်ကြပါတယ်။ အခုပြောနေတဲ့ ဆူးပုပ်ကြီးမျိုးကိုမှ(၁) ဆူးကျဲမျိုး၊ (၂) ဆူးလတ်မျိုး ၊ (၃) ဆူးစိပ်မျိုး ဆိုပြီး (၃)ခုထပ်ရှိပါသေးတယ်။

၁။ ရေမြေ ရာသီဥတုနှင့် မြေပြုပြင်ခြင်း
----------------------------------------
ဆူးပုပ်သည် တောင်ပေါ်မြေပြန့်မရွေး ဖြစ်ထွန်းသဖြင့် ရာသီဥတုမရွေးသော အပင်ဖြစ်သည်။ ဆူးပုပ်သည် ရေဝပ်သည့် စိမ့်စွဲမြေမျိုးကို အနှစ်သက်ပါပြီး မြေစေး၊ စနယ်မြေစေးကိုလည်း အနှစ်သက်ပါတယ်။ ဂဝံမြေ၊ သဲမြေ၊ ကျောက်စရစ် အနည်းငယ်ခံသောမြေတို့တွင် အပေါ်ယံမြေသား ထူကကောင်းပါသည်။ ရေနှုတ်အားကောင်းသော မြေမျိုးဖြစ်ရပါမည်။

စိုက်ခင်းသည် မြေရိုင်းဖြစ်ပါက မိုးမကျမှီ သစ်ငတ်တူးခြင်း ပြုလုပ်ရပါသည်။ မိုးကျလျှင် ထယ်တစ်လွှာဝင်ပြီး ထွန်မွှေ၁၍ မြေညှိပြီး စိုက်မြောင်းများကို ပေ(၄၀)အရှည် မြောင်းများအဖြစ် ဆွဲပေးထားရပါမည်။

၂။ စိုက်ခင်းမြေပြုပြင်ခြင်း
--------------------------
ဆူးပုပ်စိုက်ခင်း ပြုလုပ်မည့်နေရာသည် မြေရိုင်းဖြစ်ပါက မိုးမကျမီ သစ်ငုတ်တူးခြင်း၊ သစ်ငုတ်များပြောင်အောင် ကောက်ခြင်းများ ပြုလုပ်ရပါမည်။ မိုးကျပြီးနောက် ထယ်ဝင်၍ရသည်နှင့် ထယ်တစ်လွှာထိုး၊ ထွန်မွှေပြီး မြေကိုပြန်ညှိထားရပါသည်။
စိုက်မြောင်းများဆွဲရာတွင် ၁၀ လံ( ၄၀ ပေ)မြောင်းများ ဆွဲလေ့ရှိသည်။ စိုက်မြောင်းများကို တောင်နှင့်မြောက် ဆွဲလေ့ရှိသည်။

၃။ စိုက်ပျိုးခြင်း
--------------
စိုက်မြောင်းများတွင် အနက်(၈)လက္မခန့်နှင့် အကျယ်(၄-၆)လက္မခန့် ကျင်းကလေးများ တူးရသည်။ ကျင်းတစ်ခုနှင့်တစ်ခုကို အနည်းဆုံး (၆)ပေစီခြား၍ တူးရသည်။ မြေထုပ်စည်းပင်ကို ကျင်းထဲတွင် (၄)လက္မမြှုပ်၍ စိုက်ရသည်။
စိုက်ရာတွင် အပင်ကိုထောင်မတ်နေအောင် စိုက်ပြီး မြေပြန်ဖုံးရသည်။ထို့နောက် အပင်ခြေရင်း ရေမဝပ်စေရန်အတွက် (၆)လက်မ အမြင့် ဦးချွန်မြေပုံကလေးကို အပင်ခြေရင်းတွင် ပြုလုပ်ပြီး မြေမဟာစေရန် ဖိသိပ်ပေးရသည်။

၄။ မြေသြဇာကျွေးခြင်း
----------------------
စိုက်ပြီး(၁၁)ရက်ခန့်တွင် (၁၀)လံမြောင်းတစ်မြောင်းကို နွားချေး( ၁ - ၆ )တောင်းအထိထည့်သည်။ နွားချေး မြေသြဇာထည့်ပြီး ရေဝအောင်လောင်းပေးရသည်။ မြေထုပ်စီးပင် စိုက်ပြီး (၆)လလောက်အကြာတွင် အပင်မှ အတက်ကြီးများထွက်ပေါ်လာပါလိမ့်မည်။ ထိုအတက်ကြီးများကို(၁)ပေခန့်မြင့်လာလျှင် ဖြတ်ပေးရသည်။ယင်းအတက်များမှ အညွန့်အသစ်များလိုက်လာလျှင် အောက်ဆုံးအတက်ကို ချန်၍ ခူးယူစားသုံးနိုင်သည်။

ဆူးပုတ်ပင်သည် ကိုင်းချိုင်ခြင်းကို မနှစ်သက်သဖြင့် ကိုင်းခြောက်များကိုသာ ဖယ်ရှားပေးသင့်ပါသည်။ကိုင်းဖြတ်များပါက အပင်သေသည်အထိ ဖြစ်နိုင်သည်။ မြေသြဇာအတွက် (၁၀)လံမြောင်းတစ်မြောင်းကို တင်းတောင်းဖြင့် နွားချေး(၆)တောင်းခန့် ကျွေးရသည်။ အညွန့်များများထွက်စေချင်ရင် မြေသြဇာနဲ့ ရေကို ပုံမှန်ပေးဖို့တော့ အရေးကြီးပါတယ်။

၅။ ဆွတ်ခူးခြင်းနှင့် အထွက်
---------------------------
စိုက်ပျိုးပြီး ၆လခန့် အကြာမှာ ကိုင်းမကြီးများမှ ထွက်လာသော အညွန့်များကို အောက်ဆုံးအခက်တခု ချန်၍ခူးနိုင်ပါသည်။ အညွန့်ခူးခြင်းကို (၁)ရက်ခူး (၃)ရက်အနားပေး စနစ်ဖြင့် ဆောင်ရွက်နိုင်ပါသည်။ စိုက်ဧကနည်းရင် သုံးလေးရက်ြခြား တခါဖြတ်လို့ရပါတယ်။ အပင်သက်တမ်း (၂၅)နှစ်ကျော်လာရင်တော့ အပင်အိုပြီး အထွက်နှုန်းနည်းတတ်လို့ တခြားအပင်သစ်နဲ့ လဲလှယ်စိုက်ပျိုးပေးသင့်ပါသည်။

တစ်ဧက တစ်ကြိမ်ခူးလျှင် တစ်စည်း(၂-၃)ညွန့်ပါအစည်းပေါင်း (၄၀၀-၅၀၀)ခန့် ရသည်။ ဖေဖေါ်ဝါရီလမှ ဇွန်လအတွင်းခူးရာတွင် တစ်ဧက တစ်ကြိမ်ခူးလျှင် အစည်း(၁၀၀၀-၁၅၀၀)အထိ ထွက်သည်။ နောက်ပိုင်းတွင် တစ်ဧကတစ်ကြိမ်ခူးလျှင် အစည်း(၅၀၀၀)ခန့် အထိထွက်နိုင်သည်။

ကိုးကား- ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်း

. (OpenDoor Technology)
#ဆူးပုတ်စိုက်ပျိုးနည်း

Musa 'ဆုတောင်းလက်' ငှက်ပျောသီးငှက်ပျောလက်ခုတ်photo credit
10/10/2022

Musa 'ဆုတောင်းလက်' ငှက်ပျောသီး
ငှက်ပျောလက်ခုတ်

photo credit

ဆလပ် စနစ်တကျစိုက်ပျိုးနည်းရေမြေရာသီဥတုဆလပ်ကို မြေအမျိုးမျိုးတွင် စိုက်ပျိုးနိုင်သည်။ အကောင်းဆုံးမှာ သဲနုန်း၊ သို့မဟုတ် န...
29/09/2022

ဆလပ် စနစ်တကျစိုက်ပျိုးနည်း

ရေမြေရာသီဥတု

ဆလပ်ကို မြေအမျိုးမျိုးတွင် စိုက်ပျိုးနိုင်သည်။ အကောင်းဆုံးမှာ သဲနုန်း၊ သို့မဟုတ် နုန်းမြေတွင် နွားချေးမြေဆွေး နိုင်နိုင်ချပေးခြင်းဖြစ်သည်။ ရေမ၀ပ်သော ခဲမြေတွင်လည်း စိုက်ပျိုးရန်သင့်တော်သည်။ စောစောထွက်လိုက သဲနှုန်းမြေတွင်စိုက်ရမည်။ အချဉ်ဓါတ်များသော မြေတွင်ကောင်းစွာမဖြစ်ထွန်းချေ။ pH (၅-၆.၅) အတွင်းရှိ မြေများတွင် စိုက်ပျိုးသောအခါ မြေအချဉ်အငံဓါတ်လျော့လာသည်နှင့်အထွက် တိုးလာသည်ကို တွေ့ရသည်။ ဆလပ်စိုက်ပျိုးမည့် မြေသည် အစိုဓာတ်ကောင်းစွာ ထိန်းနိုင်ရန် အရေးကြီးသော်လည်း ရေမ၀ပ်စေရပါ။

တစ်လတွင်ပျှမ်းမျှအပူချိန်(၁၂-၁၅) ဒီဂရီစင်တီဂရိတ်အတွင်းရှိသော ရာသီတွင် စိုက်ပျိုးရန် အကောင်းဆုံးဖြစ်သည်။ ပူအိုက်သောရာသီတွင် စိုက်ပျိုးက ပွင့်တံအထွက်စောပြီး ပင်ပိုင်းကြီးထွားမှုအချိန်တိုတောင်း၍ အပင်ကိုငယ်စေလေသည်။ အရွက်၏ အရသာကိုလည်း ခါးသက်သက်ဖြစ်စေ၍ ရွက်ဖျားခြောက်ပြီး ပုပ်ခြင်းတို့ကို ဖြစ်စေတတ်သည်။ မြေအပူချိန် (၃၀)ဒီဂရီစင်တီဂရိတ် အထက်ရှိပါက ဆလပ်စေ့သည် ကောင်းစွာ မပေါက်တော့ချေ။

ပျိုးထောင်ခြင်း

ဆလပ်ကိုအချို့က ပျိုးထောင်စိုက်ပျိုးကြ၍အချို့က တိုက်ရိုက်စိုက်ပျိုးကြသည်။ အထူးသဖြင့် ရွက်ပြန့်မျိုးကို တိုက်ရိုက် စိုက်ပျိုးကြသည်။ ရာသီပေါ်မူတည်၍ကွာခြားသည်။ သြဂုတ်၊စက်တင်ဘာလများတွင် တိုက်ရိုက်စိုက်နိုင်ပြီး အောက်တိုဘာ၊ နို၀င်ဘာလသို့ရောက်သောအခါပျိုးထောင်၍ စိုက်ပျိုးနိုင်သည်။
ဆလပ်ကို ပျိုးထောင်ကအများအားဖြင့် ပျိုးဘောင်တွင် မျိုးစေ့ကို ညီညာအောင်ကြဲ၍ အပေါ်ယံ မြေဖြူးပေးပြီး ကောက်ရိုးပါးပါးနှင့် အုပ်ပေးပါ။ အပင်လေးများ ပေါက်လာပါက ကောက်ရိုးကို ဖယ်ရှားပေးရမည်။ အစိုဓာတ်မပြေတ်စေရန် နေ့စဉ်ရေမှန်မှန်လောင်းပေးပါ။ ပျိုးပင်လေးမှာ (၆-၈) ပတ်သားအရွယ်တွင် စိုက်ခင်းသို့ ရွှေ့ပြောင်းစိုက်နိုင်သည်။ စိုက်ခင်းတွင်ပြောင်း၍ စိုက်ချိန်၌ ရာသီဒဏ်ခံနိုင်၍ ပျိုးပင်ကလေးများကို တစ်ပတ်အလိုတွင် မကြာခဏ ရေဖြတ်ပေးရမည်။

မျိုးစေ့နှုန်းထား

တစ်ဧကမျိုးစေ့ (၁၀၀-၁၅၀) ဂရမ်လိုအပ်သည်။

မြေသြဇာနှုန်းထားတစ်ဧကအတွက်
နွားချေး - ၁၀-၁၅ တန်
ယူရီးယား - ၂၂၄ ပေါင်
တီစူပါ - ၁၁၂ ပေါင်
ပိုတက်ရှ် - ၅၆ ပေါင်
စိုက်ချိန်တွင် ယူရီးယား (၂၂၄) ပေါင်ကို ချပေးပါ။

မြေပြုပြင်ခြင်း

ဆလပ်မျိုးစေ့သည် သေးငယ်သောကြောင့် သာမန်မညက်တညက် ကတိုက်ကရိုက် စိုက်ပျိုးသောအခါ မြေစာခဲများအကြားတွင် အစေ့များကျ၍ ပိနေလျှင် အပင်မပေါက်နိုင်ပါ။ တန်းဆွဲမျိုးစေ့ ချရာ၌လည်းခက်ခဲသည်။ ထို့ကြောင့် မြေကိုထွန်ရေးညက်အောင်ထွန်ရမည်။ သို့မှသာ အစိုဓါတ်လည်းကောင်းမွန်စွာ ထိန်းထားနိုင်မည်ဖြစ်သည်။ ရေသွင်းစိုက်ပျိုးလျှင် ဘောင်နိမ့်များ အရှည်လိုက်ပြုလုပ်ပြီးဘောင်တစ်ခုနှင့်တစ်ခုကြားတွင် ရေသွင်းမြောင်းအဖြစ် ပြုလုပ်ရမည်။ ဘောင်တစ်ခုလျှင် (၂) တန်းစိုက်ပျိုးပါသည်။ မိုးတွင်းစိုက်က ရေမ၀ပ်စေရန် ၄င်းထက်မြင့်သော ဘောင်ပြုလုပ်ပေးရမည်။

စိုက်ပျိုးခြင်း

ညီညာသော ဘောင်များပြုလုပ်ပြီးသောအခါ ဘောင်တစ်ခုတွင် (၁၆-၁၈) လက်မခြားပြီး စိုက်တန်းကို လက်ချောင်းဖြင့် အလျားလိုက် ခပ်တိမ်တိမ်ဆွဲပေးပါ။ ၄င်းစိုက်ကြောင်းထဲသို့ မျိုးစေ့ကို ပါးပါးချပြီး မြေဖို့၍ လက်ဖြင့် အသာအယာဖိပေးပါ။
အပင်ကလေးများပေါက်လာသောအခါ တစ်ပင်နှင့်တစ်ပင် (၁)လက်မ ခန့်ခွာ၍ ညှပ်နေသော အပင်ကလေးများကို နှုတ်ပစ်ရမည်။ ထို့နောက် (၁၀)ရက်ခန့် ကြာသောအခါ တစ်ပင်ခြား၊ တစ်ပင်ခြား နှုတ်ပစ်ပါ။ ထိုအချိန်တွင် အရွက်များကို စားသုံးနိုင်သည်။ ဆက်လက်၍ အပင်များ ကြပ်လာသောအခါ တိုင်း တစ်ပင်ခြားစီ နှုတ်ပေးခြင်းဖြင့် ရရှိလာသော အပင်များကို ရောင်းချနိုင်သည်။

ပျိုးထောင်၍ စိုက်ပျိုးပါက် ပျိုးသက် (၆-၈) ပတ်သားကို စိုက်သောဘောင်ပေါ်သို့ တင်၍ စိုက်သည်တစ်ပင်တစ်ပင် (၁)ပေနှင့် (၁.၅) ပေခြား၍ ညနေပိုင်းနေအေးချိန်တွင် စိုက်ပျိုးသည်။

အပင်ပြုစုခြင်း

ဆလပ်စိုက်ပျိုးရာ၌ ပေါင်းနိုင်ရန် အရေးကြီးသည်။ ဆလပ်ပင်သည် အထနှေးသောကြောင့် ပေါင်းမြက်တို့နှင့် မယှဉ်ပြိုင်နိုင်ချေ။ အမြစ်သည် မြေအပေါ်ယံ၌သာ ရှိသောကြောင့် ပေါင်းလိုက်ရာ၌ အမြစ်များမထိခိုက်စေရန် အရေးကြီးသည်။ စိုက်ပြီး (၁)လအကြာတွင် ဒုတိယအကြိမ် နိုက်ထရိုဂျင် ဓါတ်မြေသြဇာ ထည့်ပေးရမည်။

ရေသွင်းခြင်း

ဆလပ်ပင်သည် အစိုဓါတ်ကို နှစ်သက်သဖြင့် ရေကို ဖောဖာသီသီလောင်းပေးရန်လိုသည်။ ရေသွင်းစိုက်ပျိုးရာ၌ ရေ၀ပ်နေအောင် များစွာမသွင်းရပါ။ အစိုဓါတ်များနေလျှင် အမြစ်ပုပ်တတ်သည်။

ရိတ်သိမ်းခြင်း

ဆလပ်အထုပ်မျိုးကို ရောင်းချရန်အတွက် စိုက်ပျိုးပါက အထုပ်အရွယ်ရောက်ပြီး တင်းလာသောအချိန်တွင် ဆွတ်ခူးနိုင်သည်။ အကယ်၍ အိမ်သုံးအတွက် စိုက်ပျိုးပါက စတင်ထုပ်သည့် အချိန်မှစ၍ ဆွတ်ခူးနိုင်သည်။ (သို့မဟုတ်) မထုပ်မီ အရွက်များကို ခူးစားနိုင်သည်။ ရွက်ပြန့်မျိုးကို ရိတ်သိမ်းရာ၌ အပင်မှုန်းချိန်တွင် စတင်ဆွတ်ခူးသည်။

အပင်သက်တမ်းတစ်၀က် ရောက်ကစတင်ရောင်းချနိုင်ပြီဖြစ်၍ အပင်မှုန်းရာ၌ အကြီးဆုံးအပင်များကိုသာ ရွေးချယ်၍ ရောင်းချရမည်။ ဆလပ်များလှိုင်လှိုင်မပေါ်မီ စျေးကောင်းရစေနိုင်ပါသည်။

ဆလပ်ပေါ်တွင် မိုးရေများနှင်းများ ရှိနေလျှင် ဆွတ်ခူးရန် မသင့်သေပေ။ ဆလပ်ရွက်များ ရေစိုနေပါက ကြွတ်ကြွတ်ဆတ်ဆတ်ဖြစ်ခြင်းကြောင့် ကိုင်တွယ်ရာ၌ ကျိုးပဲ့လွယ်သည်။ ဆလပ်ပင်၏ ဆောက်ပိုင်းအရွက်များ ရောဂါကျနေပါက ဖယ်ရှားပစ်ရန်လိုသည်။ (သို့မဟုတ်) ပါက အခြားအပင်များသို့ ရောဂါ ပြန့်ပွားသွားတတ်သည်။

သိုလှောင်ခြင်း

ဆလပ်သည် သိုလှောင်သောသီးနှံမဟုတ်ချေ။ သို့ရာတွင် အချို့နိုင်ငံများမှာ ဆလပ်လှိုင်လှိုင်ပေါပြီးနောက် ရုတ်တရက်ရှားသွားတတ်သဖြင့် စျေးကောင်းကိုချိန်၍ သိုလှောင်တတ်ကြပေသည်။ ဆလပ်ကို ရေခဲအမှတ်အပူချိန် (၃၂) ဒီဂရီဖာရင်ဟိုက်တွင် (၃-၄) ပတ်ကြာ သိုလှောင်နိုင်ပါသည်။

Crd.

ဆလပ် စနစ်တကျစိုက်ပျိုးနည်း

ရေမြေရာသီဥတု

ဆလပ်ကို မြေအမျိုးမျိုးတွင် စိုက်ပျိုးနိုင်သည်။ အကောင်းဆုံးမှာ သဲနုန်း၊ သို့မဟုတ် နုန်းမြေတွင် နွားချေးမြေဆွေး နိုင်နိုင်ချပေးခြင်းဖြစ်သည်။ ရေမ၀ပ်သော ခဲမြေတွင်လည်း စိုက်ပျိုးရန်သင့်တော်သည်။ စောစောထွက်လိုက သဲနှုန်းမြေတွင်စိုက်ရမည်။ အချဉ်ဓါတ်များသော မြေတွင်ကောင်းစွာမဖြစ်ထွန်းချေ။ pH (၅-၆.၅) အတွင်းရှိ မြေများတွင် စိုက်ပျိုးသောအခါ မြေအချဉ်အငံဓါတ်လျော့လာသည်နှင့်အထွက် တိုးလာသည်ကို တွေ့ရသည်။ ဆလပ်စိုက်ပျိုးမည့် မြေသည် အစိုဓာတ်ကောင်းစွာ ထိန်းနိုင်ရန် အရေးကြီးသော်လည်း ရေမ၀ပ်စေရပါ။

တစ်လတွင်ပျှမ်းမျှအပူချိန်(၁၂-၁၅) ဒီဂရီစင်တီဂရိတ်အတွင်းရှိသော ရာသီတွင် စိုက်ပျိုးရန် အကောင်းဆုံးဖြစ်သည်။ ပူအိုက်သောရာသီတွင် စိုက်ပျိုးက ပွင့်တံအထွက်စောပြီး ပင်ပိုင်းကြီးထွားမှုအချိန်တိုတောင်း၍ အပင်ကိုငယ်စေလေသည်။ အရွက်၏ အရသာကိုလည်း ခါးသက်သက်ဖြစ်စေ၍ ရွက်ဖျားခြောက်ပြီး ပုပ်ခြင်းတို့ကို ဖြစ်စေတတ်သည်။ မြေအပူချိန် (၃၀)ဒီဂရီစင်တီဂရိတ် အထက်ရှိပါက ဆလပ်စေ့သည် ကောင်းစွာ မပေါက်တော့ချေ။

ပျိုးထောင်ခြင်း

ဆလပ်ကိုအချို့က ပျိုးထောင်စိုက်ပျိုးကြ၍အချို့က တိုက်ရိုက်စိုက်ပျိုးကြသည်။ အထူးသဖြင့် ရွက်ပြန့်မျိုးကို တိုက်ရိုက် စိုက်ပျိုးကြသည်။ ရာသီပေါ်မူတည်၍ကွာခြားသည်။ သြဂုတ်၊စက်တင်ဘာလများတွင် တိုက်ရိုက်စိုက်နိုင်ပြီး အောက်တိုဘာ၊ နို၀င်ဘာလသို့ရောက်သောအခါပျိုးထောင်၍ စိုက်ပျိုးနိုင်သည်။
ဆလပ်ကို ပျိုးထောင်ကအများအားဖြင့် ပျိုးဘောင်တွင် မျိုးစေ့ကို ညီညာအောင်ကြဲ၍ အပေါ်ယံ မြေဖြူးပေးပြီး ကောက်ရိုးပါးပါးနှင့် အုပ်ပေးပါ။ အပင်လေးများ ပေါက်လာပါက ကောက်ရိုးကို ဖယ်ရှားပေးရမည်။ အစိုဓာတ်မပြေတ်စေရန် နေ့စဉ်ရေမှန်မှန်လောင်းပေးပါ။ ပျိုးပင်လေးမှာ (၆-၈) ပတ်သားအရွယ်တွင် စိုက်ခင်းသို့ ရွှေ့ပြောင်းစိုက်နိုင်သည်။ စိုက်ခင်းတွင်ပြောင်း၍ စိုက်ချိန်၌ ရာသီဒဏ်ခံနိုင်၍ ပျိုးပင်ကလေးများကို တစ်ပတ်အလိုတွင် မကြာခဏ ရေဖြတ်ပေးရမည်။

မျိုးစေ့နှုန်းထား

တစ်ဧကမျိုးစေ့ (၁၀၀-၁၅၀) ဂရမ်လိုအပ်သည်။

မြေသြဇာနှုန်းထားတစ်ဧကအတွက်
နွားချေး - ၁၀-၁၅ တန်
ယူရီးယား - ၂၂၄ ပေါင်
တီစူပါ - ၁၁၂ ပေါင်
ပိုတက်ရှ် - ၅၆ ပေါင်
စိုက်ချိန်တွင် ယူရီးယား (၂၂၄) ပေါင်ကို ချပေးပါ။

မြေပြုပြင်ခြင်း

ဆလပ်မျိုးစေ့သည် သေးငယ်သောကြောင့် သာမန်မညက်တညက် ကတိုက်ကရိုက် စိုက်ပျိုးသောအခါ မြေစာခဲများအကြားတွင် အစေ့များကျ၍ ပိနေလျှင် အပင်မပေါက်နိုင်ပါ။ တန်းဆွဲမျိုးစေ့ ချရာ၌လည်းခက်ခဲသည်။ ထို့ကြောင့် မြေကိုထွန်ရေးညက်အောင်ထွန်ရမည်။ သို့မှသာ အစိုဓါတ်လည်းကောင်းမွန်စွာ ထိန်းထားနိုင်မည်ဖြစ်သည်။ ရေသွင်းစိုက်ပျိုးလျှင် ဘောင်နိမ့်များ အရှည်လိုက်ပြုလုပ်ပြီးဘောင်တစ်ခုနှင့်တစ်ခုကြားတွင် ရေသွင်းမြောင်းအဖြစ် ပြုလုပ်ရမည်။ ဘောင်တစ်ခုလျှင် (၂) တန်းစိုက်ပျိုးပါသည်။ မိုးတွင်းစိုက်က ရေမ၀ပ်စေရန် ၄င်းထက်မြင့်သော ဘောင်ပြုလုပ်ပေးရမည်။

စိုက်ပျိုးခြင်း

ညီညာသော ဘောင်များပြုလုပ်ပြီးသောအခါ ဘောင်တစ်ခုတွင် (၁၆-၁၈) လက်မခြားပြီး စိုက်တန်းကို လက်ချောင်းဖြင့် အလျားလိုက် ခပ်တိမ်တိမ်ဆွဲပေးပါ။ ၄င်းစိုက်ကြောင်းထဲသို့ မျိုးစေ့ကို ပါးပါးချပြီး မြေဖို့၍ လက်ဖြင့် အသာအယာဖိပေးပါ။
အပင်ကလေးများပေါက်လာသောအခါ တစ်ပင်နှင့်တစ်ပင် (၁)လက်မ ခန့်ခွာ၍ ညှပ်နေသော အပင်ကလေးများကို နှုတ်ပစ်ရမည်။ ထို့နောက် (၁၀)ရက်ခန့် ကြာသောအခါ တစ်ပင်ခြား၊ တစ်ပင်ခြား နှုတ်ပစ်ပါ။ ထိုအချိန်တွင် အရွက်များကို စားသုံးနိုင်သည်။ ဆက်လက်၍ အပင်များ ကြပ်လာသောအခါ တိုင်း တစ်ပင်ခြားစီ နှုတ်ပေးခြင်းဖြင့် ရရှိလာသော အပင်များကို ရောင်းချနိုင်သည်။

ပျိုးထောင်၍ စိုက်ပျိုးပါက် ပျိုးသက် (၆-၈) ပတ်သားကို စိုက်သောဘောင်ပေါ်သို့ တင်၍ စိုက်သည်တစ်ပင်တစ်ပင် (၁)ပေနှင့် (၁.၅) ပေခြား၍ ညနေပိုင်းနေအေးချိန်တွင် စိုက်ပျိုးသည်။

အပင်ပြုစုခြင်း

ဆလပ်စိုက်ပျိုးရာ၌ ပေါင်းနိုင်ရန် အရေးကြီးသည်။ ဆလပ်ပင်သည် အထနှေးသောကြောင့် ပေါင်းမြက်တို့နှင့် မယှဉ်ပြိုင်နိုင်ချေ။ အမြစ်သည် မြေအပေါ်ယံ၌သာ ရှိသောကြောင့် ပေါင်းလိုက်ရာ၌ အမြစ်များမထိခိုက်စေရန် အရေးကြီးသည်။ စိုက်ပြီး (၁)လအကြာတွင် ဒုတိယအကြိမ် နိုက်ထရိုဂျင် ဓါတ်မြေသြဇာ ထည့်ပေးရမည်။

ရေသွင်းခြင်း

ဆလပ်ပင်သည် အစိုဓါတ်ကို နှစ်သက်သဖြင့် ရေကို ဖောဖာသီသီလောင်းပေးရန်လိုသည်။ ရေသွင်းစိုက်ပျိုးရာ၌ ရေ၀ပ်နေအောင် များစွာမသွင်းရပါ။ အစိုဓါတ်များနေလျှင် အမြစ်ပုပ်တတ်သည်။

ရိတ်သိမ်းခြင်း

ဆလပ်အထုပ်မျိုးကို ရောင်းချရန်အတွက် စိုက်ပျိုးပါက အထုပ်အရွယ်ရောက်ပြီး တင်းလာသောအချိန်တွင် ဆွတ်ခူးနိုင်သည်။ အကယ်၍ အိမ်သုံးအတွက် စိုက်ပျိုးပါက စတင်ထုပ်သည့် အချိန်မှစ၍ ဆွတ်ခူးနိုင်သည်။ (သို့မဟုတ်) မထုပ်မီ အရွက်များကို ခူးစားနိုင်သည်။ ရွက်ပြန့်မျိုးကို ရိတ်သိမ်းရာ၌ အပင်မှုန်းချိန်တွင် စတင်ဆွတ်ခူးသည်။ အပင်သက်တမ်းတစ်၀က် ရောက်ကစတင်ရောင်းချနိုင်ပြီဖြစ်၍ အပင်မှုန်းရာ၌ အကြီးဆုံးအပင်များကိုသာ ရွေးချယ်၍ ရောင်းချရမည်။ ဆလပ်များလှိုင်လှိုင်မပေါ်မီ စျေးကောင်းရစေနိုင်ပါသည်။

ဆလပ်ပေါ်တွင် မိုးရေများနှင်းများ ရှိနေလျှင် ဆွတ်ခူးရန် မသင့်သေပေ။ ဆလပ်ရွက်များ ရေစိုနေပါက ကြွတ်ကြွတ်ဆတ်ဆတ်ဖြစ်ခြင်းကြောင့် ကိုင်တွယ်ရာ၌ ကျိုးပဲ့လွယ်သည်။ ဆလပ်ပင်၏ ဆောက်ပိုင်းအရွက်များ ရောဂါကျနေပါက ဖယ်ရှားပစ်ရန်လိုသည်။ (သို့မဟုတ်) ပါက အခြားအပင်များသို့ ရောဂါ ပြန့်ပွားသွားတတ်သည်။

သိုလှောင်ခြင်း

ဆလပ်သည် သိုလှောင်သောသီးနှံမဟုတ်ချေ။ သို့ရာတွင် အချို့နိုင်ငံများမှာ ဆလပ်လှိုင်လှိုင်ပေါပြီးနောက် ရုတ်တရက်ရှားသွားတတ်သဖြင့် စျေးကောင်းကိုချိန်၍ သိုလှောင်တတ်ကြပေသည်။ ဆလပ်ကို ရေခဲအမှတ်အပူချိန် (၃၂) ဒီဂရီဖာရင်ဟိုက်တွင် (၃-၄) ပတ်ကြာ သိုလှောင်နိုင်ပါသည်။

Credit :စိုက်ပျိုးရေး ဦးစီးဌာန

အုန်းချိုမွှေး အပင်သစ်မှာထားသူများ လာယူလို့ရပါပြီရှင့်....​အမြဲဝယ်ယူအားပေးနေတဲ့ မိတ်ဆွေဟောင်းများကို ကျေးဇူးအထူးတင်ရှိပါ...
22/09/2022

အုန်းချိုမွှေး အပင်သစ်မှာထားသူများ လာယူလို့ရပါပြီရှင့်....
​အမြဲဝယ်ယူအားပေးနေတဲ့ မိတ်ဆွေဟောင်းများကို ကျေးဇူးအထူးတင်ရှိပါတယ်။
နောင်ဝယ်ယူအားပေးမည့် မိတ်ဆွေသစ်များကိုလည်း လှိုက်လှဲစွာ ဖိတ်ခေါ်ကြိုဆိုပါတယ်ရှင့်🥰

ထိုင်းနိုင်ငံမှ တိုက်ရိုက်တင်သွင်းထားသော သီးပင်စားပင် အမျိုးအစား ပေါင်း(၇၀)ကျော်ကို ဝန်ဆောင်မှု
အပြည့်အဝဖြင့် လင်းလက် ပျိုးဥယျာဉ် Linn Latt Nursery တွင် ဝယ်ယူရရှိနိုင်ပါသည်။❤️

#လင်းလက်ပျိုးဥယျာဉ်
09-405617658(Viber)
09-740868687

Address

Yangon

Opening Hours

Monday 07:00 - 17:00
Tuesday 07:00 - 17:00
Wednesday 07:00 - 17:00
Thursday 07:00 - 17:00
Friday 07:00 - 17:00
Saturday 07:00 - 17:00
Sunday 07:00 - 17:00

Telephone

+959405617658

Alerts

Be the first to know and let us send you an email when လင်းလက် ပျိုးဥယျာဉ် Linn Latt Nursery posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to လင်းလက် ပျိုးဥယျာဉ် Linn Latt Nursery:

Shortcuts

Share